← Chapters

ညီအစ်ကို၏ တောင့်တင်းလှသည့် ရင်ဘတ်

Vol. 2 Ch. 15

ညီအစ်ကို၏ တောင့်တင်းလှသည့် ရင်ဘတ်

Vol. 2 Ch. 15

ခဏကြာပြီးချိန်၌ တန်ဝေက မူးဝေစွာဖြင့် ခေါင်းထောင်လာသည်။

"ညီအစ်ကိုထန် အဆင်ပြေရဲ့လား…"

ပိုင်ချူးရန်၏ အသံကြောင့် တန်ဝေက ခေါင်းရမ်းကာ သတိဝင်သွားသည်။

"အဆင်ပြေတယ် မင်းကော…"

ထိုခဏ၌ ရင်ဘတ်မှ နွေးထွေးမှုကို ခံစားမိသည့်အတွက်ခေါင်းငုံ့ကြည့်မိသည်။ သို့ဖြစ်ရာ ချူးရန်၏ လက်က ရင်ဘတ်သို့ ရောက်နေသည်ကို မြင်လိုက်ရသည်။

ထိုအချိန် တန်ဝေ၏ ခေါင်း၌ ပူထူသွားကာ မျက်နှာနီရဲသွားတော့သည်။

"အာ အား အား အား…"

တန်ဝေက သံကုန်ဟစ်ကာ ထရပ်လိုက်၏ ။ ထို့နောက်တွင် ပိုင်ချူးရန်၏ အဝေးသို့သွားကာ ရင်ဘတ်ကာ ကာထားလိုက်သည်။

သူ၏ စိတ်၌ ဇဝေဇဝါ ဖြစ်နေပြီ ဖြစ်၏ ။ အတိအကျဆိုရလျှင် သူမက လျှို့ဝှက်ချက် သိသွားပြီလောဟု ပူပန်နေမိသည်။

သို့သော်လည်း ပိုင်ချူးရန်၏ တည်ငြိမ်သည့် အသံကိုသာ ကြားရသည်။

"ညီအစ်ကိုတန် ကြည့်ရတာ အဆင်ပြေပုံပါပဲ… အထင်မလွဲနဲ့ဦး ငါက ယောက်ျားလေး စိတ်မဝင်စားဘူး…"

…အယ်… အာ… သူမသိတာလား…

တန်ဝေက မင်သေနေမိသည်။

"အရင်ကတော့ ညီအစ်ကိုတန်ကို ယောက်ျားလေးပုံ ဝတ်ထားတဲ့ မိန်းကလေးလို့ မြင်နေတာ… အပြုအမူတွေက နူးညံ့နေတော့… ဒါပေမယ့် အခုအဲ့လို မဟုတ်တာ သေချာသွားပြီ…"

ချူးရန်က မျက်နှာထက်၌ အပြုံးပန်းတခာ ပန်ဆင်ထားကာ…

"မိန်းကလေးက ရင်ဘတ်စည်းထားရင်တောင် ကြွက်သားတွေ မာကျောနေတာ ဖြစ်နိုင်ပါ့မလား… ညီအစ်ကိုရဲ့ ရင်ဘတ်ကြွက်သားနဲ့ နံရိုးတွေကို ငါချီသန့်စင်ခြင်း အဆင့်ရောက်ကာစနဲ့ ယှဉ်ရင် ရှက်မိပါတယ်ဗျာ…"

တန်ဝေ့က အံကြိတ်ကာ လက်သီးကျစ်ကျစ် ဆုပ်ကာ ကိုယ်ကို လှုပ်ရမ်းလိုက်သည်။

ယခု မတော်တဆမှု၌ ပိုင်ချူးရန်မှာ သူမ၏ လျှို့ဝှက်ချက်အား သိမသွားသော်လည်း မည်သည့်အတွက် ဒေါသဖြစ်နေရသနည်း။

ပိုင်ချူးရန်မှာ သူမ၏ ခံစားချက်အား သတိမမူမိပေ။ သို့ဖြစ်ရာ ဖြေးညှင်းစွာ ထရပ်၍ ဖုန်ခါကာ လက်ချောင်းများ ဆန့်ထာတ်လိုက်သည်။

လက်ချောင်းထိပ်၌ အလင်းရောင် ပေါ်လာကာ ပတ်ဝန်းကျင်အား ရှင်းလင်းစွာ မြင်ရသည်။ ထိုခဏ၌ တန်ဝေမှာ မြေပြင်မှ အရိုးပုံကို မြင်မိသွား၏ ။

"မူလကိုယ်က မြေအောက်ထဲမှာဆိုတာ သေချာတယ်…"

ပိုင်ချူးရန်က အမှောင်ထုအား စိတ်ဝိညာဉ်ဖြင့် စစ်ဆေးကာ ပြောနေသည်။

" ညီအစ်ကိုတန် သွားကြစို့…"

တန်ဝေ အနေဖြင့် လက်ရှိအခြေအနေအရ ဒေါသဖွင့်ထုတ်ရန် မသင့်လျော်သည့်အတွက် သက်ပြင်းမှုတ်ထုတ်ကာ ပြောလာသည်။

"ဘယ်သွားမလဲ…"

"နတ်ဆိုးရဲ့ မူလကိုယ်ကို ရှင်းပစ်တာပေါ့…"

ပိုင်ချူးရန်က ပြောပြောဆိုဆိုဖြင့် မီးလုံးဖန်တီးကာ ဂူအတွင်းပိုင်းသို့ လျှောက်သွား၏ ။

တန်ဝေက နောက်မှ အမီလိုက်လာကာ မေးပြန်သည်။

"ဘာပြောချင်တာလဲ… ဒီဇွန်ဘီတွေက နတ်ဆိုး မဟုတ်သေးဘူးလား…"

"သူ့ရဲ့ မူလကိုယ် မဟုတ်သေးဘူး အစိတ်အပိုင်းလေးပဲ…'

ပိုင်ချူးရန်က လမ်းလျှောက်နေရင်းမှ ရှင်းပြသည်။

မြေပြင်မှ အရိုးများအား နင်းလျှောက်နေရင်းမှ ပိုင်ချူးရန်က တန်ဝေအား တချက်ကြည့်ကာ နေရာတခုသို့ ဦးတည်သွားသည်။ ယခင် ဇွန်ဘီများမှာ နတ်ဆိုး၏ တိုက်ခိုက်စွမ်းအား အကုန်ဖြစ်ပုံရသည်။ မြေအောက်၌ တိတ်ဆိတ်ကာ ကြောက်မက်ဖွယ်ဖြစ်နေပြီး စိုထိုင်းထိုင်းဖြစ်နေသည်မှလွဲ၍ ဇွန်ဘီများ၏ တိုက်ခိုက်မှု မရှိတော့ပေ။

နှစ်မိနစ်ကြာ လမ်းလျှောက်ပြီးချိန်၌ ပိုင်ချူးရန်က ရပ်တန့်သွားသည်။

"ဒါကို တွေ့လား…"

ချူးရန်က လက်မြောက်ကာ အလင်းလုံးအား အပေါ်တက်သွားစေသည်။ ထိုအလင်းလုံးမှာ လေထဲသို့ ရောက်သွားချိန်၌ နေတစင်းပမာ အလင်းများ ဖြာထွက်လာ၏ ။ ထိုအချိန်တွင် အမှောင်ထုများ ကင်းစင်သွားကာ ဂူ၏ အောက်ခြေကို မြင်လာရသည်။

အလင်းရောင် အောက်၌ ဂူတခုလုံးအား မြင်လိုက်ရသည့်အတွက် တန်ဝေမှာ ပင့်သက်ရှိုက်မိသွားသည်။

ဂူ၏ အတွင်းပိုင်းမှာ ပြိုကျသွားသည့် နေရာထက်ပင် အဆများစွာ ကြီးမားနေသည်။ တန်ဝေ၏ မှန်းဆချက်အရ ဂူ၏ အကျယ်အဝန်းမှာ စတုရန်းမီတာ သောင်းချီ ကျယ်ဝန်း၏ ။ ဂူ၏ မြေပြင်၌ အရိုးဖြူများ အပုံလိုက် ရှိသည်။ သို့ဖြစ်ရာ ယခုနေရာ၌ သေဆုံးသူ အရေအတွက်မှာ မရေမတွက်နိုင်သည်အထိ များပြားပေလိမ့်မည်။

နှစ်ဦးသား၏ မျက်စိရှေ့၌ ဇွန်ဘီ တောင်ကုန်းတခု ရှိနေသည်။ ထိုတောင်ကုန်းထက်၌ ကိုယ်လုံးတီး အမျိုးသမီး ဇွန်ဘီတဦး ထိုင်လျက်ရှိသည်။ ထိုသူ၏ ခန္ဓာကိုယ် အောက်ပိုင်းမှာ ဇွန်ဘီများဖြင့် ချိတ်ဆက်‌နေသည်ကို မြင်ရ၏ ။ ဇွန်ဘီများထံမှ အငြိုးချီနှင့် သေဆုံးခြင်းချီအား စုပ်ယူနေခြင်းဖြစ်သည်။ ချူးရန်တို့ နှစ်ဦးသားကို မြင်ရချိန်၌ ဇွန်ဘီ၏ ပါးစပ်များ ဟကာ ဖောင်းကားလာတော့သည်။

"ဘာကြီးတုန်းဟ…"

တန်ဝေက ရေရွတ်မိနေသည်။

"ဒီဇွန်ဘီမက အငြိုးချီကနေ မွေးလာတဲ့ မွန်းစတား… ဇွန်ဘီမိခင်လို့ ခေါ်တာပေါ့ အဆင့်မြင့် နတ်ဆိုးပဲ…"

ပိုင်ချူးရန်က စကားဆိုလိုက်သည်။

"ဒါပေမယ့် တကယ် ထူးဆန်းတယ်… ပုံမှန်ဆို ဇွန်ဘီ မိခင်က အစုလိုက်သတ်ဖြတ်တာမျိုး မရှိရင် မပေါ်လာနိုင်ဘူး… ဒီလို လူသူမဲ့ တောင်ပေါ်မှာ ဘာလို့ ပေါ်လာတာပါလိမ့်…"

"နောက်မှ စဉ်းစားတာပေါ့…"

တန်ဝေက ရင်ထိတ်စွာဖြင့် ပြောလာသည်။

"ငါတို့ကို တိုက်ခိုက်တော့မယ်…"

All Chapters