ရင်သားမရှိသော်လည်း မိနိးကလေးမည်သည်လော
Vol. 2 Ch. 17
တန်ဝေက သိလိုစိတ် ပြင်းပျသည့်အတွက် သစ်ပင်များနောက်ကွယ်မီ တိတ်တဆိတ် ချောင်းကြည့်သည်။
ကိုယ်ကာယ တောင့်တင်းကြံ့ခိုင်သည့် ချောမောသော လူငယ်လေးက ဇွန်ဘီနတ်ဆိုး နှစ်ကောင်ဖြင့် တိုက်ခိုက်နေသည်။ ထိုလူငယ်က အနီနှင့် အနက် အလံနှစ်ခုအား အသုံးပြုနေသည့်အပြင် မန္တန်များလည်း ရွတ်ဖတ်နေသေးသည်။ ရွေ့လျားမှု မရှိနေသော်လည်း နတ်ဆိုးများမှ ဖမ်းဆီးမှု မပြုနိုင်နေချေ။ သို့ဖြစ်ရာ ဒေါသတကြီး ဟိန်းဟောက်၍ သစ်ပင်များကိုသာ ဖျက်ဆီးနေတော့၏ ။
တိုက်ခိုက်မှုများ၌ လူငယ်လေး၏ မန္တန်က အဆင်သင့်ဖြစ်လာသည်။ အလံနှစ်ခုမှ အနီရောင် သင်္ကေတများ ပေါ်လာကာ ဇွန်ဘီနတ်ဆိုးများအား ဝန်းရံသွားတော့သည်။ ထို့နောက်တွင် အလံများက မြေသို့ခသွားကာ လှောင်ချိုင့်အဖြစ် ပြောင်းသွား၏ ။ ချုပ်နှောင် ခံနေရသည့် ဇွန်ဘီနှစ်ကောင်သည်လည်း မီးလျှံများကြား၌ လောင်ကျွမ်းသွားရတော့သည်။
ဇွန်ဘီများက ရုန်းကန်ကာ ဟစ်ကြွေးနေကြသေးသည်။ ခဏကြာပြီးချိန်၌ ရုန်းကန်မှု မရှိတော့ဘဲ ပြာဖြစ်သွားရတော့သည်။
လူငယ်လေးက အလံများအား ခဏကြာ ထိန်းချုပ်နေသေးသည်။ ဇွန်ဘီများ ပြာဖြစ်ပြီးချိန်မှသာ စိတ်အေးစွာဖြင့် အလံများကို သိမ်းဆည်းလိုက်သည်။
ဇွန်ဘီ နှစ်ကောင်အား ပြာအဖြစ် လောင်မြိုက်ပြီးချိန်၌ အလံများပေါ်တွင် အလင်းတန်းတခု ပေါ်လာသည်ဟု ထင်မှတ်ရသည်။
"သူက စီမာဘိုပဲ…"
တန်ဝေက အလံနှစ်ခုအား မြင်ရချိန်၌ မျက်နှာပျက်သွားသည်။
"သူ့ကို သိတာလား…"
ပိုင်ချူးရန်က တန်ဝေအနီးသို့သွား၍ ထိုင်ချကာ မေးလိုက်သည်။
"သူက ရှန်ရွှမ်နိုင်ငံ စိတ်ဝိညာဉ် အကြံပေး ဖုချန်မ်ချူရဲ့ အငယ်ဆုံးတပည့်…"
တန်ဝေက စကားပြန်လာသည်။
"သေလိုက်ပါတော့…"
ပိုင်ချူးရန်က အူကြောင်ကြောင်ဖြစ်နေသည်။
လူငယ်လေးသည်လည်း တခုခုအား သတိပြုမိပုံရကာ လှည့်ကြည့်လာ၏ ။ တန်ဝေကာ မင်သေသွားပြီး ကိုယ်ကိုကျုံ့ကာ သစ်ပင်နောက်သို့ ပြေးပုန်းသည်။ သို့ရာတွင် ဒူးတုပ်ထိုင်နေသည့် ပိုင်ချူးရန်က အကြောက်အလန့်မရှိစွာဖြင့် ပြုံးကာ ပြန်စိုက်ကြည့်သည်။
နှစ်ဦးသားက ခဏကြာ အကြည့်ချင်းဆုံနေကြ၏ ။ စီမာဘို အမည်ရသော လူငယ်လေးက သစ်ပင်နောက်မှ တန်ဝေအား စိုက်ကြည့်ကာ ပြောလာသည်။
"အရှင့်သမီး ထွက်လာပါတော့… ကျွန်တော် မြင်ပါတယ်…"
"မင်းသမီးတဲ့လား…"
ပိုင်ချူးရန်က အံ့အားသင့်သွား၏ ။
"ညီအစ်ကိုက ဘယ်သူ့ကို ခေါ်နေတာများလဲ…"
စီမာဘိုက စကားမပြန်ဘဲ တန်ဝေ့ကိုသာ စိုက်ကြည့်နေသည်။ ခဏကြာပြီးချိန်၌ တန်ဝေ ထွက်လာကာ ရန်လိုစွာဖြင့် စိုက်ကြည့်သည်။
"ဘယ်လိုတောင်လဲ…"
ပိုင်ချူးရန်က ထိတ်လန့်မိသွားတော့သည်။
"ညီအစ်ကိုတန် မင်းက မင်းသမီးတဲ့လား… ဘယ်လို ဖြစ်နိုင်မှာလဲ… မင့်ရင်ဘတ်က ငါ့ထက်တောင် ပြားနေသေးတာ…"
"…"
တန်ဝေက ထိုစကားအား မကြားသယောင် ပြုထား၏ ။ သူမက စီမာဘိုအား စကားဆိုလိုက်သည်။
"စီမာဘို နင်ဒီမှာ ဘာလာလုပ်တာလဲ…"
"မန်တောင်တန်းမှာ မကောင်းဆိုးဝါး သောင်းကျန်းနေတာ… ရှန်ရွှမ်နိုင်ငံရဲ့ စောင့်ရှောက်သူမို့ ပြည်သူတွေ ဘေးကင်းအောင် လုပ်ဖို့ လာတာပါ…"
စီမာဘို၏ မျက်နှာထက်၌ အကူအညီမဲ့နေပုံ ပေါ်သည်။
"အရှင့်သမီးကကော… နန်းတော်ကနေ ထွက်ပြီးတော့ ယောက်ျားလေးလို ဝတ်စားတယ်… ဒုက္ခရောက်ရင် ဘယ်လိုလုပ်မလဲ… မြန်မြန်ပြန်တာ ကောင်းမယ်… အရှင်မင်းကြီးနဲ့ အရှင့်သားကော စိုးရိမ်နေကြတယ်… ဒီလို နတ်ဆိုးတွေကို ရင်ဆိုင်ဖို့ ဖြစ်မှာ မဟုတ်ဘူး… ဒီမှာသာ ထပ်ရှိနေရင် ကျွန်တော်တောင် သေမှာ စိုးရတယ်…"
"ငါသွားချင်မှ သွားမယ် နင်ဝင်စွက်ဖက်ဖို့ မလိုဘူး…"
တန်ဝေက မျက်ခုံးပင့်လိုက်သည်။
"ဒါပေမယ့် လဝက်ကြာရင် ရှန်ရွှန်နိုင်ငံရဲ့ ကောင်းကင်အခမ်းအနား ရှိမယ်… အရှင်မင်းကြီးက အရှင့်သမီးကို လိုက်ရှာခိုင်းတာပါ… နန်းတော်ကို ပြန်ခေါ်သွားရမှာပါပဲ…"
စီမာဘိုက ပင့်သက်ရှိုက်မိသွား၏ ။
"အရှင့်သမီး အရှင်မင်းကြီးနဲ့ ကျွန်တော်တို့လို အမှုထမ်းတွေအတွက် စဉ်းစားပါဦး… အရှင့်သမီး ဘေးကင်းဖို့က အကုန်လုံးနဲ့ ဆိုင်ပါတယ်…"
တန်ဝေက ချက်ချင်း စကားမပြန်ချေ။
"သိတယ်…"
"အရှင့်သမီး…"
"ငါပြန်မယ် ဒါပေမယ့် နင်နဲ့တော့ မဟုတ်ဘူး…"
တန်ဝေက လက်ရမ်းလိုက်ကာ…
"အဖေ့ကို ငါဘေးကင်းပြီးတော့ ပြန်လာမယ်ဆိုတာ သတင်းပေးလိုက်…"
စီမာဘိုက တန်ဝေအား ခဏကြာ စိုက်ကြည့်ကာ ထွက်ခွာသွားတော့သည်။
"ကောင်းပါပြီ အရှင့်သမီး ဆန္ဒအတိုင်းပါပဲ… နတ်ဆိုးကို ရှင်းပစ်ပြီးပြီမို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာပါ…"
ထိုသူက ပိုင်ချူရန်အား တချက်ကြည့်လိုက်ကာ…
"အရှင်က ဓားသမား သူရဲကောင်းနဲ့ ပြောစရာ ရှိနေပုံပဲ… ကျွန်တော် မနှောင့်ယှက်တော့ပါဘူး… ဒါပေမယ့် အရှင် ဘယ်သူဆိုတာ သတိထားသင့်တယ်…"
'နင်သတိပေးဖို့ မလိုဘူး…"
တန်ဝေက အေးစက်စွာ တုံ့ပြန်သည်။
စီမာဘိုက ကူရာမဲ့စွာဖြင့် ခေါင်းရမ်းကာ ပိုင်ချူးရန်ထံသို့ သွားလိုက်၏ ။
"တောင်းပန်ပါတယ် အရှင်က စိတ်ဆက်တယ် သည်းခံပေးပါဦး…"
စကားအဆုံး၌ နောက်လှည့်ထွက်ကာ ပျံသန်းခြင်းနည်းလမ်း အသုံးပြု၍ ထွက်ခွာသွားသည်။
စီမာဘို ထွက်သွားပြီးချိန်၌ တန်ဝေက ကြောင်အမ်းအမ်းဖြင့် စကားစလိုက်သည်။
"မေးစရာရှိရင် ပြော…"
"မေးစရာတော့ မရှိပါဘူး… စကားတွေ ကြားရသလောက် ခန့်မှန်းမိပါတယ်လေ…"
ပိူင်ချူးရန်က မေးထောက်ကာ မေးပြန်သည်။
"ဒါပေမယ့် ညီအစ်ကိုတန် တကယ်ကြီး မင်းသမီးလား…"
"ဟုတ်တယ် အမှန်ပဲ…"
တန်ဝေချန်က ရင်တွင်းမှ ဒေါသအား ဖိနှိပ်ထားရသည်။