← Chapters

ရင်သား မရှိသည့်တိုင် မိန်းကလေး မည်သည်လော(၁)

Vol. 2 Ch. 18

ရင်သား မရှိသည့်တိုင် မိန်းကလေး မည်သည်လော(၁)

Vol. 2 Ch. 18

ဝတ္ထုများ၌ အမျိုးသား ဟန်ဆောင်သည့် မိန်းကလေးအား ေယာက်ျားလေးအဖော်မှ သိသွားလျှင် အံ့အားသင့်ကာ ရှက်သွားသည့်အပြင် ဝမ်းမြောက်သွားကြသေးသည်။ သို့သော်လည်း ချူးရန်မှာ သံသယဝင်နေသည် မဟုတ်လော။

"ဒါဆို စီမာဘိုရဲ့ ဆရာဆိုတာ မင်းပြောတဲ့ ချီမင်ဓားဂိုဏ်းက ကျင့်ကြံသူလား…'

ပိုင်ချူးရန်က တွေးတောနေသည်။

"ဒါပေမယ့် ငါမြင်ရသလောက် ချီမင်နည်းလမ်း မဟုတ်နေဘူး နည်းနည်းကြမ်းတမ်းတယ်…"

"ငါဘယ်သိမလဲ… ချီမင်ဓားဂိုဏ်းကို သိထားတာ စာအုပ်ထဲမှာပဲ… ကျင့်ကြံသူတွေက တောင်အောက်ဆင်းပြီးတော့ အဆက်အသွယ် လုပ်ကြတာ မဟုတ်ဘူးလေ…"

တန်ဝေက ဒေါသဖြင့် ပြောလေသည်။

"ရပါတယ်လေ ငါ့ဘာသာပဲ အဖြေရှာတော့မယ်…"

ပိုင်ချူးရန်က ပြုံးကာ ရေရွတ်နေသည်။

"နောက်ဆုံးမေးဦးမယ်… ညီအစ်ကိုတန်ရဲ့ နာမည်အရင်းက ဘာများလဲ…"

ပိုင်ချူးရန်၏ မေးခွန်းကြောင့် တန်ဝေက မသိလိုက်ဘဲ နှုတ်ခမ်းအား ဖိကိုက်မိသွားသည်။

"ငါ့နာမည်က တန်ရော်ဝေ ရှန်ရွှမ်နိုင်ငံရဲ့ မင်းသမီး…"

တန်ဝေတဖြစ်လဲ တန်ရော်ဝေက ဖြေပေးလာသည်။

"ရော်ဝေဆိုတော့… နာမည်ကောင်းပဲ…"

ပိုင်ချူးရန်က ပြုံးကာ လက်ပိုက်လိုက်၏ ။

"ဟုတ်ပြီလေ တခုတော့ ပြောဦးမယ် ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ပိုင်ချူးရန်ဆိုတဲ့ ငါ့အတွက်တော့ မိတ်ဆွေပါပဲ… လိင်ကြောင့် အဆင့်အတန်းကြောင့် စွမ်းဆောင်ရန်ကြောင့် မိတ်ဆွေဖြစ်ချင်တာ မဟုတ်ဘူးလေ မင်းရဲ့ သတ္တိကြောင့်… အခက်အခဲရှိရင် ငါ့ကို ပြောလို့ရတယ် အကောင်းဆုံး ကူညီပေးမှာ…"

ပိုင်ချူးရန်က စကားခဏရပ်ကာ ဆက်ပြောပြန်သည်။

"အခုလို အခြေအနေကောပဲ…"

"ရတယ် ငါအဆင်ပြေနေတာပဲလေ…"

တန်ရော်ဝေက ခဏတာ တုံ့ဆိုင်းကာ ပြောလာသည်။

"နင်က ငါအသက်သခင်ဆိုတော့ ငါဆက်မမေးတော့ပါဘူး… နောက်ပြီး အခမ်းအနားတက်ဖို့ ပြန်ရတော့မှာ… ငါအဆင့်အတန်းက မင်းသမီးဆိုတော့ အန္တရာယ်တော့ မရှိနိုင်ဘူး… အခုထိပေါ့…"

"တကယ်ကြီးလား… ကောင်းတာပေါ့…"

တန်ရော်ဝေမှ မေးမြန်းမှု မပြုလာတော့သည့်အတွက် ပိုင်ချူးရန်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"ညီအစ်ကိုတန် … မဟုတ်ဘူး မိန်းကလေးတန် မြို့တော်ပြန်မှာလား…"

"ဟုတ်တယ် မန်တောင်တန်းနားက ပြည်သူတွေဆီ အခြေအနေပြောပြပြီးရင် ပြန်တော့မယ်…"

တန်ရော်ဝေက ပိုင်ချူးရန်အား တချက်ကြည့်ကာ ပြောလိုက်သည်။

"နင်ကကော… ဆေးပင်အကုန် ရှာတွေ့ပြီလား… ပြန်တော့မှာပဲလား…"

"မဟုတ်ဘူး… အရေးအပါဆုံးဆေးပင်ပဲ ရသေးတာ… ငါ့အတွက် အချိန်ကုန်ဖို့က နီးလာပြီ… သက်တမ်းဆွဲဆန့်ဖို့ ဆေးဖော်ရဦးမယ်…"

ပိုင်ချူးရန်က ပြုံးကာ ခေါင်းရမ်းလိုက်၏ ။

"နောက်ပြီးတော့ မြို့တော်ကို သွားဦးမှာ… အဲ့မှာ ဝယ်စရာတွေ ရှိတာပေါ့… ပြီးတော့ ချီမင်ဂိုဏ်းက စိတ်ဝိညာဉ် အကြံပေးဆိုတဲ့သူကိုလည်း ကြည့်ရသေးတာပေါ့…"

"ဒါဆို နင့်ကို ငါကပဲ ဖိတ်ခေါ်ပါရစေ…"

တန်ရော်ဝေက ပြုံးကာ ပြောလာသည်။

"အတူတူ သွားကြမလား…"

"ကျိန်းသေပေါက်ပဲပေါ့…"

ပိုင်ချူးရန်က ရွှင်ပျစွာ ဖြေပေးသည်။

"ငါက တယောက်တည်း သွားရတာ ပျင်းလာပြီ…"

လိုအပ်သည့် ဆေးဝါးတချို့အား ရှာဖွေပြီးနောက်တွင် ပိုင်ချူးရန်က ယောက်ျားလေးပုံစံရှိနေဆဲ ဖြစ်သည့် တန်ဝေနှင့်အတူ မန်တောင်တန်း၏ နတ်ဆိုးသေဆုံးပြီ ဖြစ်ကြောင်း သတင်းလွှင့်လိုက်သည်။

ထိုသို့ပြုလုပ်နေစဉ်၌ မေးမြန်းမှုများဖြင့်ပင် ကြုံလာရသေးသည်။ သူ့အနေဖြင့် နတ်ဆိုးအား စောင့်ကြည့်နေစဉ်၌ မန်တောင်တန်းအနီး၌ လူသတ်ခံရမှုများ ရှိနေခဲ့၏ ။ အလောင်းများသည်လည်း သွေးကုန်ဆုံးကာ ခြောက်ကပ်နေကြသည်။

သို့သော်လည်း နတ်ဆိုးအား ရှင်းပစ်ပြီးချိန်၌ ထိုသို့သော ဖြစ်ရပ်မျိုး မရှိတော့ပေ။

ပိုင်ချူးရန်က ထိုအကြောင်းအရာများအား တန်ရော်ဝေသို့ မပြောဘဲ တိတ်တဆိတ်သာ စုံစမ်းနေခဲ့သည်။ သူ၏ သုံးသပ်ချက်များအရ ထိုဖြစ်ရပ်များမှာ ရှန်ရွှမ်တော်ဝင် မိသားစုဖြင့် ဆက်စပ်နေသည်။

သို့ဖြစ်ရာ ပြဿနာများအား ရှင်းလင်းပြီးချိန်၌ ပိုင်ချူးရန်နှင့် တန်ရော်ဝေတို့က ရှန်ရွှန်မြိုတော်သို့ ဦးတည်လိုက်ကြသည်။

တန်ရော်ဝေမှာ မိန်းကလေးဖြစ်သော်လည်း ပိုင်ချူးရန်က ဂရုမထားနေပေ။ အကြောင်းမှာ သူ့အနေဖြင့် သဘောထား မတိုက်ဆိုင်သည့် အကြောင်းအရင်း မရှိနေခြင်းကြောင့် ဖြစ်သည်။

ချူးရန်မှာ အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ရန် နှစ်သုံးထောင်ကြာ ကျင့်ကြံနေရသော်လည်း ချစ်ခြင်းမေတ္တာအား တောင့်တမိနေဆဲ ဖြစ်သည်။ သို့ရာတွင် သတ်မှတ်ချက်ဖြင့် ပြည့်စုံသော မိန်းကလေးများကိုသာ စိတ်ဝင်စားသည်။ တနည်းအားဖြင့် စ့သတ်မှတ်ချက်များ ရှိထားသည်။

ယေဘုယျ ပြောရပါက ရင်သားနှင့် တင်ဆိုင် ဖွံ့ထွားသည့် အမျိုးသမီးများအား နှစ်သက်မြတ်နိုးသည်။ သို့ဖြစ်ရာ ပိုင်ချူးရန် အနေဖြင့် သူ၏ ရင်ဘတ်ထက်ပင် ပြားကပ်သည့် အမျိုးသမီးတဦးအား စိတ်ဝင်စားမိမည် မဟုတ်ပေ။

သို့သော်လည်း တဖက်သူ သံသယမဖြစ်စေရန် ခရီးတလျှောက်တွင် သတိဖြင့်သာ ပြုမူသည်။ လူကြီးလူကောင်း ပီသစွာဖြင့် တန်ရေည်ဝေအား ထိတွေ့မှုပင် မပြုတော့ချေ။

ခုရက်ကြာ ခရီးနှင်ပြီးနောက်တွင် နှစ်ဦးသား ရှန်ရွှမ်မြိုတော်သို့ ရောက်သွားသည်။ မြို့တော်မှာ ရှန်ရွှမ်နိုင်ငံ၏ အကြီးဆုံးသော မြို့များမှာ တခုဖြစ်၏ ။

မြို့တံခါး၌ ပိုင်ချူးရန်နှင့် တန်ရော်ဝေတို့ လမ်းခွဲလိုက်ကြသည်။

"နှုတ်ဆက်ပါတယ် ပိုင်ချူးရန်ရေ…"

တန်ရော်ဝေက ပြုံးကာ ပြောလာ၏ ။

"နင်ငါ့ကို ဝိုင်သောက်ဖို့ ဖိတ်တုန်းက စိတ်မရှည် ဖြစ်ခဲ့ပေမယ့် မိတ်ဆွေဖြစ်ရတာ ကောင်းတာပါပဲ… ဒီခရီးမှာ နင့်လို မိတ်ဆွေတယောက် ရလို့ ဝမ်းသာမိတယ်…"

"နှုတ်ဆက်ပါတယ် မိန်းကလေးတန်…"

ပိုင်ချူးရန်ကလည်း နှုတ်ဆက်စကားဆိုလိုက်သည်။

"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ နောက်ကျ ထပ်တွေ့ကြတာပေါ့…"

"နှုတ်ဆက်ပါတယ်…"

နှစ်ဦးသား လမ်းခွဲကာ ထွက်ခွာသွားကြသည်။ ထို့နောက်တွင် တန်ရော်ဝေက စစ်သားတဦးထံသို့ သွားကာ တံဆိပ်ပြားတခု ပြသလိုက်ပြီး အစောင့်အကြပ်များဖြင့် ထွက်ခွာသွားသည်ကို မြင်လိုက်ရသည်။

လူကြီးလူကောင်း ပီသသူ၏ မိတ်ဆွေ စာရင်းက နည်းပါးလှသည်။ ထို့အပြင် ကျင့်ကြံသူများ၏ မိတ်ဆွေဟူသည့် သတ်မှတ်ချက်က အလွှာပါးလှသည့် သတ်မှတ်ချက် တခုသာဖြစ်၏ ။ သက်တမ်း၊ ကျင့်ကြံမှုအဆင့်၊ အမျိုးမျိုးသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများကြောင့် ကျင့်ကြံသူများ၏ ဘဝခရီးက အခြေအနေ ကွဲပြားကြသည်။ ဘဝတလျှောက်၌ မျိုးစုံသော အကြောင်းတရားများကြောင့် ခွဲခွာမှုများအား ကြုံတွေ့ကြရမည် ဖြစ်သည်။

ကျင့်ကြံသူများ အနေဖြင့် မိတ်ဆွေကောင်း ရွေးချယ်တတ်ရမည် ဖြစ်ပြီး နှုတ်ဆက် ထွက်ခွာရန်လည်း ပြင်ဆင်ထားရမည် ဖြစ်၏ ။

နှစ်သုံးထောင် ကာလ၌ ပိုင်ချူးရန်အနေဖြင့် ခရီးများစွာမှ ခွဲခွာမှု မျိုးစုံဖြင့် အသားကျနေပြီးဖြစ်သည်။ သူ့အနေဖြင့် အင်အား၊ အဆင့်အတန်းနှင့် သက်တမ်းတို့ကို ဂရုမထားဘဲ တန်ရော်ဝေအား မိတ်ဆွေတဦးအဖြစ် သဘောထားသည်။

တွေ့ဆုံခဲ့ရသည့် တိုတောင်းသော အချိန်ကာလ တခု၌ တန်ရော်ဝေကလည်း ပိုင်ချူးရန်အား မိတ်ဆွေတဦးအဖြစ် သဘောထားခဲ့သည်။ နှစ်ရာချီ ကုန်ဆုံးကာ ခံစားချက် ကောင်းမွန်ချိန်တွင် ပိုင်ချူးရန် အနေဖြင့် မိတ်ဆွေဟောင်း၏ အုတ်ဂူသို့ သွားရောက်ကာ အရိုအသေပြုရန် ဖြစ်နိုင်ချေ ရှိသည်။

ချူးရန်၏ ဘဝခရီးက ယခုကဲ့သို့ အခြေအနေများသာ ဖြစ်၏ ။

တန်ရော်ဝေအား နှုတ်ဆက်ပြီးချိန်၌ ကိုယ်ပိုင် အရေးကိစ္စများတွင်သာ အာရုံစိုက်ထားလိုက်သည်။ သူ့အနေဖြင့် အခြေတည်ဆေးလုံး ဖန်တီးရန် လိုအပ်သကဲ့သို့ သက်ရှည်ဆေးလည်း ဖော်စပ်ရဦးမည် ဖြစ်သည်။

တချိန်တည်းတွင် သက်ရှည်ဆေး ဖော်စပ်ရန် လိုအပ်သည့် အမယ်အနည်းငယ်အား မြို့တော်၌ ဝယ်ယူရပေလိမ့်မည်။

All Chapters