← Chapters

ပစ္စည်းပြတ်သည်လော

Vol. 2 Ch. 19

ပစ္စည်းပြတ်သည်လော

Vol. 2 Ch. 19

မြို့တော်၌ ကျင့်ကြံသူများ အရောင်းအဝယ် ပြုလုပ်ကြသည့် ဈေးတခု ရှိသည်။ အဆင့်မြင့် ကျင့်ကြံသူများ မရှိသည့်အပြင် ရောင်းချသည့် အရာများမှာလည်း တန်ဖိုး ကြီးမြင့်သည့်အရာများ မဟုတ်ကြချေ။ ပိုင်ချူးရန် အနေဖြင့် ထိုသို့ ရိုးရှင်းသည့် အမယ်များကိုသာ လိုအပ်နေသည်။

တခါတရံ၌ အဆင့်မြင့် ကျင့်ကြံသူများ ပေါ်လာကာ ထူးခြားသည့် အရာများအား တန်ဖိုးကြီးပေးဝယ်ကြသည်။ ဉပမာအားဖြင့် ကျူယွမ်ကျီနှင့် တခြားသော အကြီးအကဲများက ခရီးမှ ရလာသည့် ရတနာများအား ယခုဈေးရှိ အလိုရှိသည့် အရာများဖြင့် လဲလှယ်မှုပြုခြင်းတည်း။

ပိုင်ချူးရန် အနေဖြင့် တန်ရော်ဝေ၏ စကားတချို့မှာ အဓိပ္ပာယ်ရှိသည်ကို ဝန်ခံရပေမည်။ အဆင့်မြင့် ကျင့်ကြံသူများ၌ မျက်မှန်းတန်းမိခြင်းထက် ပိုသူ များစွာ ရှိသည်က အမှန်ပင်တည်း။

နှစ်ရာချီ မှတ်ဉာဏ်များအရ ချူရန်က ေစျးဝင်ပေါက်သို့ အောင်မြင်စွာ ရှာဖွေနိုင်ခဲ့သသည်။ သို့ဖြစ်ရာ အခြေခံ ဂါထာတခုဖြင့် လမ်းကြားတခု၏ နံရံသို့ ဖြတ်သန်းလိုက်ပြီး လျှို့ဝှက်နေရာတခုသို့ ဝင်ရောက်သွားသည်။

နံရံများက တိမ်များပမာ လွင့်ပြယ်သွားကြပြီး လမ်းတခု ပေါ်လာနေသည်။ လမ်းဘေး ဝဲယာ၌ ကျင့်ကြံသူများ ဖွင့်ထားသည့် ဆိုင်များကို မြင်နေရသည်။ ထိုဆိုင်များ၌ ကမ္ဘာတဝန်းမှ ရတနာများ၊ ဆေးလုံးများနှင့် ဓားပျံများပင် ရှိနေသေးသည်။ လမ်းဘေး အဆောက်အဦးများတွင်လည်း အသေးစားနှင့် အလတ်စားဂိုဏ်းများ ဖွင့်ထားသည့် ဆိုင်များ ရှိသေးသည်။

ချူးရန်က ဆိုင်များစွာကို လျစ်လျူရှုကာ ဆေးဖော်စပ်ရေးဂိုဏ်း တခု၏ ဆိုင်သို့ ဦးတည်နေသည်။

ထို့နောက်တွင် ဆိုင်မန်နေဂျာအား ပြင်ဆင်ထားသည့် စာရင်းပေးလိုက်ရာ တဖက်မှ ခေါင်းခါပြလာသည်။

"ဘယ်လို… ပစ္စည်းပြတ်နေတယ်လား…"

ချူးရန်က ရုတ်တရက် ရေရွတ်မိ၏ ။

"ငါလိုတာတွေက သိပ်အသုံးမတည့်တာတွေလေ…"

"တောင်းပန်ပါတယ် ဈေးဝယ်တယောက် အကုန်ဝယ်သွားလို့ဘပစ္စည်းပြတ်နေတာပါ…"

ဆိုင်ရှင်က တောင်းပန်စကားပြောလာသည်။

ပိုင်ချူးရန်က စာရင်းအား တချက်ကြည့်ကာ အမယ်တချို့အား အမှတ်အသားပြုလိုက်သည်။

"ဆိုင်ရှင်ဒါတွေ မရှိတော့တာလား…"

ဆိုင်ရှင်က တချက်ကြည့်၍ ခေါင်းညိမ့်ပြသည်။

"ဟုတ်တယ်… ဒါတွေ မရှိတော့တာပါပဲ… ဒါတွေ မရှိတော့တာဘယ်လိုသိတာများလဲ…"

"အို ဒါကို ဝယ်တဲ့သူတွေက ငါ့မိတ်ဆွေတွေများတယ်…"

ချူးရန်က စာရင်းအား ပြန်ယူကာ ဆိုင်အပြင်သို့ ထွက်သွားသည်။

ဆိုင်အပြင်သို့ရောက်ချိန်၌ ချူးရန်က ကောင်းကင်အား တချက်ကြည့်ကာ ရေရွတ်လိုက်တော့သည်။

"စိတ်ဝင်စားစရာပဲ… တကယ့်ကို သိချင်စရာပါလား…"

ပစ္စည်းပြတ်လပ်နေသည့် အမယ်များမှာ နတ်ဆိုး ကျင့်ကြံသူများ အသုံးများသည့် အရာများဖြစ်သည်။

ချူးရန် အနေဖြင့် လက်တလော အခြေအနေအား ရိပ်စားမိလိုက်၏ ။ နှစ်သုံးထောင်ကြာ ကျင့်ကြံထားသည့်အတွက် အဆင့်တက်ရန် နည်းလမ်းမျိုးစုံကိုလည်း စမ်းသပ်ဖူးထားသည်။ အင်မော်တယ်များ ချန်ထားသည့် မပြည့်စုံသည့် ကျင့်စဉ်များ၊ ရှေးခေတ် ယုံကြည်မှုများနှင့် ပျက်စီးသွားသည့် ဂိုဏ်းများမှ ကျင့်စဉ်အပိုင်းအစများပင် မကျန်ချေ။ ထို့အပြင် အမှန်တရားဘက်တော်သား ဂိုဏ်းများ၏ ရန်ဘက်ဖြစ်သော နတ်ဆိုးကျင့်စဉ်များပါ လေ့လာဖူးထားသည်။

နတ်ဆိုးဂိုဏ်းများမှာ အဆင့်တက်ရန် တဆင့်ပြီးတဆင့် ကျင့်ကြံမှု မပြုကြပေ။ ထို့အစား လောကရှိသမျှအား အသုံးချကြသည်။ သို့ဖြစ်ရာ ထိုသူများက ဘက်ပေါင်းစုံ၌ ကျွမ်းကျင်ကြပြီး ဆေးဖော်စပ်ခြင်းလည်း တခုအပါအဝင် ဖြစ်သည်။

နတ်ဆိုး ကျင့်ကြ၌သူများ အသုံးပြုသည့် အရာများမှာ သန့်စင်ပြီးချိန်၌ အလွန်ပင် အားကောင်းကြသည်။ သို့သော်လည်း ထိုသူများအနေဖြင့် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးများအား ခံစားကြရသည်။ ကျင့်ကြံသူများ အနေဖြင့် မခံစားနိုင်လောက်သည့် နှိပ်စက်မှုမျိုးဖြစ်၏ ။ ထို့ကြောင့် ရှေးအချိန်များ၌ ဆေး၏ အာနိသင်အား ရရှိရန် အထူးနည်းလမ်းများကို အသုံးပြုခဲ့သည်။

ပင်မ နတ်ဆိုးဂိုဏ်းလေးခုအား သာဓကပြပါက သိသာပေလိမ့်မည်။ ဆေး၏ အာနိသင်အား တောင့်မခံနိုင်ချိန်၌ ကာမသုတြာဂိုဏ်းအနေဖြင့် လိင်ဆက်ဆံမှုပြုသည်။ ဝိညာဉ်ဂိုဏ်းမှာ ဂူသင်္ချိုင်းနှင့် စစ်မြေပြင်များသို့ သွားကာ အငြိုးဝိညာဉ်များကို စုပ်ယူကြသည်။ ကောင်းကင် နတ်ဆိုးဂိုဏ်း၏ နည်းလမ်းမှာကား စိတ်ဝိညာဉ်‌နယ်မြေ၏ ဝိညာဉ်စွမ်းအားကို စုပ်ယူခြင်းတည်း။ အစွန်းရောက်ဆုံးဂိုဏ်းမှာ သွေးနတ်ဘုရားဂိုဏ်းပင်။ သွေးစတေးမှုဟု အမည်ရသည့် စတေးပွဲကျင်းပသည်။

စတေးပွဲကျင်းပရန်မှာ အနည်းဆုံးအနေဖြင့် ရွာတစ်ရွာရှိ လူအကုန်လုံးအား ရှင်းပစ်ရန်လိုအပ်သည်။ သို့ဖြစ်ရာ နတ်ဆိုးဂိုဏ်းများ၌ သွေးနတ်ဘုရားဂိုဏ်းမှာ အရက်စက်ဆုံးဖြစ်၏ ။ အမှန်တရား ဘက်တော်ဂိုဏ်းသားများ နတ်ဆိုးဂိုဏ်းသားများအား လုပ်ရပ်အပေါ်မူတည်၍ တိုက်ခိုက်ကြသည်။ သွေးနတ်ဘုရား ဂိုဏ်းသား တယောက်ချင်းစီ၌ အပြစ်မဲ့သူ ထောင်ချီ၏ သွေးများစွန်းထင်းနေပြီး ဖြစ်သည်။ ထို့ကြောင့် အမှန်တရား ဘက်တော်သား အဖွဲ့မှ သွေးနတ်ဘုရား ဂိုဏ်းသားဖြင့် ကြုံရချိန်၌ မေးမြန်းခြင်း မရှိဘဲ ရှင်းပစ်ရန် အမိန့်ချမှတ်ထားသည်။

သို့သော်လည်း သာမန်ကျင့်ကြံသူများအနေဖြင့် ထိုဆေးပင်များအား အသုံးပြုနိုင်ချေ ရှိသေးသည်။ ထို့ကြောင့် ပိုင်ချူးရန်က ဒုတိယအကြိမ် စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။ ချူးရန်က မှော်ဆရာများ အသုံးများသည့် ဆေးလုံး ဖော်စပ်ရသည့် အမယ်များ စာရင်းကိုလည်း ချရေးထားသေးသည်။ ထိုအမယ်များသည်လည်း ပစ္စည်းပြတ်လပ်နေကြသည်။

All Chapters