← Chapters

အခန်း (၄၂၂-၄၂၄)

Vol. 29 Ch. 422-424

အခန်း (၄၂၂-၄၂၄)

Vol. 29 Ch. 422-424

အပိုင်း ( ၄၂၂ )

ကူပြီး ကုသပေးမယ်

ခုနစ်သွယ်နတ်ဆိုးယင်ဆေးပြားသည် အမှန်တကယ်၌ အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းမဟုတ်ချေ။

ထိုဆေးထဲတွင် ဖိနှိပ်နိုင်သော အလွန်အေးစက်သည့် ယင်စွမ်းအင်ပါဝင်သည်။

လေ့ကျင့်စဉ် အခြေခံမရှိသောသူတစ်ဦးသည် ထိုဆေးပြားကို မြိုချမိပါက သွေးကြောများ ပျက်စီးပြီး လေ့ကျင့်မှုအခြေခံများလည်း ထိခိုက်စေနိုင်သည်။

ယီယွင် ခုနစ်သွယ်နတ်ဆိုးယင်ဆေးပြားအား ကိုင်ထားသည်ကို မြင်သောအခါ လက်တစ်ထောင်အဖွားနှင့် ရှန်းထူနန်ထျန်း၏ ပါးစပ်များ တွန့်လိမ်သွားကြသည်။

သို့သော် ယီယွင်သည် ထိုဆေးပြားကို မှတ်မိလိမ့်မည်ဟု မယုံကြပေ။

ဤဆေးပြားသည် အလွန်တန်ဖိုးရှိသောကြောင့်ဖြစ်သည်။

ခုနစ်သွယ်နတ်ဆိုးယင်ဆေးပြားသည် ရှန်းထူမိသားစုမှ ဖော်စပ်ထားသော လျှို့ဝှက်ဆေးပြားဖြစ်သည်။

ယီယွင်ကဲ့သို့ အဆင့်မရှိသည့် ဂျူနီယာမျိုးသည် ဤသို့ဆေးပြားမျိုးကို ထိတွေ့ဖူးလိမ့်မည်မဟုတ်ချေ။

ယီယွင်သည် ဆေးပြားကို ကိုင်၍ကစားနေခဲ့သည်။

ဆေးပြားကို ကိုင်ထားရုံဖြင့် သူ့ခန္ဓာကိုယ်ထဲသို့ အအေးဓာတ်မှ စိမ့်ဝင်လာကာ ကိုက်ခဲသွားသည်ကို ယီယွင် ခံစားရသည်။

ယီယွင်သည် လွန်ခဲ့သောနှစ်လက သူ၏ရိုးတွင်းခြင်ဆီထဲထိ အေးစက်နေခဲ့သော ရေခဲချီခံစားချက်ကို ရှင်းလင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။

ထိုအချိန်က ယီယွင်၏ သွေးကြောမကြီးထဲသို့ ရေခဲချီဓာတ် စီးဝင်လာသည့်အခါ သူ့ဝိဉာဉ်၏ နက်ရှိုင်းသောနေရာအထိ အလွန်အမင်းအေးစက်မှုကို ခံစားရသည်။

ထို့နောက် ယီယွင် ပြုစုပျိုးထောင်ကျင့်ကြံခဲ့သော သန့်စင် ယန်ယွမ်ချီသည် ရေခဲချီကြောင့် အလျင်အမြန် ပျက်စီးသွားသည်။

ရလဒ်အနေနှင့် သူ့မျက်နှာမှာ ဖြူဖျော့သွားခဲ့ပြီး ခန္ဓာကိုယ်မှာလည်း တုန်ရီသွားသည်။

ထို့အပြင် မျက်ခုံးနှင့် ဆံပင်မှာလည်း ရေခဲများ ဖြစ်လာခဲ့သည်။

ထို့နောက် သူ၏ အနက်ရောင်ဆံပင်များပင် အဖြူရောင်ပြောင်းသွားသည်။

ယီယွင်သည် ရှန်းထူနန်ထျန်းကို မျက်နှာမူထားပြီး ဆေးပြားကို လက်ညှိုးနှင့် လက်မကြား ကိုင်ထားသည်။

ထောင်ထဲရှိ ဖယောင်းတိုင်မီးရောင်ရှေ့၌ ကြည်လင်နေသော ဆေးကို ဖောက်မြင်နိုင်သည်။

တဖျပ်ဖျပ်တောက်နေသော ဖယောင်းတိုင်မီးအောက်၌ ဆေးမှာ မယုံနိုင်လောက်အောင် လှပနေသည်။

ယီယွင် မျက်လုံးများကို မှိတ်လိုက်သည်။

ထိုဆေးပြားကို ရှန်းထူနန်ထျန်းမှ သူ့ကို ကျွေးခဲ့ပြီး အဆုံးမဲ့နာကျင်မှုကို ခံစားရစေကာ သေလုမတတ်ဖြစ်စေခဲ့သည်။

ယီယွင်သည် ထိုဆေးပြားကို အတော်ကြာ ကြည့်နေသည်။

ယီယွင်၏ အနောက်တွင် လက်တစ်ထောင်အဖွားနှင့် ရှန်းထူနန်ထျန်းတို့သည် အချင်းချင်း မျက်လုံးချင်းဆုံ ကြည့်ကြသည်။

သူတို့ထဲသည် ယီယွင် ဘာလုပ်ချင်နေသည်ကို မည်သူမျှ မသိကြပေ။

" ဒီကောင်လေးက ဘာလို့ ခုနစ်သွယ်နတ်ဆိုးယင်ဆေးပြားကို ဒီလောက်တောင်စိတ်ဝင်စားနေတာလဲ။ မဖြစ်နိုင်တာ ....... "

ရှန်းထူနန်ထျန်းသည် သတိကပ်လာမိသည်။

ဤကဲ့သို့ အန္တရာယ်ရှိသောဆေး ယီယွင်လက်ထဲသို့ ကျရောက်သွားခြင်းမှာ သူ့အသက်ကို အခြားသူတစ်ဦး၏ လက်ထဲသို့ အပြည့်အဝပေးထားလိုက်သည်နှင့် ညီမျှ လက်ရှိအခြေအနေတွင် သူသည် လုံးဝ ခုခံနိုင်စွမ်းမရှိသောကြောင့် ကောင်းမွန်သောခံစားချက်မရှိပေ။

" မဖြစ်နိုင်ဘူး။ ဒီကောင်လေးက နာမည်ကြီးမိသားစုက မဟုတ်တာကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မြင်နိုင်တယ်။ သူ့ကို စုကျဲက ဝေးလံခေါင်ပါးတဲ့နေရာကနေ တွေ့လာခဲ့တဲ့ တောသားငနုံတစ်ယောက်ပဲ ဖြစ်မှာ။ သူ့အတွေ့အကြုံနဲ့ဆိုရင် ခုနစ်သွယ်နတ်ဆိုးယင်ဆေးပြားကို ဘယ်လိုလုပ် မှတ်မိနိုင်မှာလဲ။ သူက ဒါကို ရတနာတစ်ခုလို့တောင် ထင်ကောင်းထင်နေလိမ့်မယ် "

လက်တစ်ထောင်အဖွားသည် ယီယွင်၏ မူလအစကို ခန့်မှန်းလိုက်သည်။

ထျန်းယွမ်ကမ္ဘာ၌ မိသားစုကြီးများမှ ဆင်းသက်လာသူများသာ သာလွန်သော ရှုပ်ထွေးမှုပုံစံများ ရှိတတ်ကြသည်။

မိသားစုကြီးများရှိ အမွေအနှစ်များသည် အများကြီးရှိသောကြောင့် နားလည်ရခက်တတ်သည်။

ဒါဆို နိမ့်ကျတဲ့ဇစ်မြစ်ကလာတဲ့ စစ်သည်တော်တစ်ယောက်က သူတို့နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။

ထို့ကြောင့် လက်တစ်ထောင်အဖွားသည် ယီယွင်ကို လုံးဝ မုန်းတီးရွံရှာနေသည်။

သူမ၏မျက်လုံးထဲ၌ ယီယွင်သည် ပုရွက်ဆိတ်တစ်ကောင်လောက်ပင် အရေးမပါချေ။

ထို့ကြောင့် သူမအနေဖြင့် လက်ရှိ သူ့လက်ထဲ ရောက်နေသည်ကို အလွန်ဒေါသထွက်နေသည်။

ယီယွင်သည် ခုနစ်သွယ်နတ်ဆိုးယင်ဆေးပြားကို ကြည့်လျက် ရုတ်တရက် ပါးစပ်ဟလိုက်သည်။

" ခင်ဗျားတို့ရဲ့ နယ်မြေလက်စွပ်နှစ်ကွင်းလုံးထဲမှာ မဟာဧကရီလျှို့ဝှက်နယ်မြေရဲ့ အချက်အလက်တွေကို မတွေ့ဘူး "

ထိုစကားကို ကြားပြီးနောက် ရှန်းထူနန်ထျန်း လှောင်ပြောင်လိုက်သည်။

သူက အဲ့တာ တွေးနေတာလား။

ဒီကိစ္စက အရှင်းကြီးပဲ မဟုတ်ဘူးလား။

သို့သော် ရှန်းထူနန်ထျန်းသည် ဤအတွေးကို ထုတ်ပြောမည် မဟုတ်ပေ။

ဒါက ယီယွင်ကို နှိုးဆွဖို့ အချိန်ကောင်းမဟုတ်ဘူး။

" ခင်ဗျားတို့နှစ်ယောက်လုံး မဟာဧကရီလျှို့ဝှက်နယ်မြေရဲ့ အချက်အလက်တွေကို ထုတ်ပြောဖို့ ရည်ရွယ်ချက်မရှိဘူးထင်တယ် "

ယီယွမ်မှ ပြောလိုက်သည်။

နောက်ထပ် သိသာတဲ့ မဟုတ်တမ်းစကားတွေဘဲ။

ရှန်းထူနန်ထျန်းသည် သူ့ကို အသက်ရှင်စေမည့် တစ်ခုတည်းသော အချက်မှာ မဟာဧကရီလျှို့ဝှက်နယ်မြေအချက်အလက်ဖြစ်ကြောင်း သိသည်။

သူ လုံးဝထုတ်ဖော်မည် မဟုတ်ပေ။

ဤယီယွင်ဆိုသော ကောင်လေးသည် ဤမျှမိုက်မဲသော စကားကိုပြောသည်အရ ဉာဏ်ရည်ချို့ယွင်းနေပုံရသည်။

ရှန်းထူနန်ထျန်းသည် မကောင်းသော အတွေးများဖြင့် ယီယွင်ကို တွေးကာပြောဆိုနေချိန် ယီယွင်သည် ရုတ်တရက် လှည့်လာပြီး ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင်အဖွားကို ပျော်ရွှင်စွာ ကြည့်လိုက်သည်။

ရှန်းထူနန်ထျန်း၏ စိတ်နှလုံးသား ပြုတ်ကျသွားသလို ခံစားရသည်။

ယီယွင်ထံမှအကြည့်၏ အဓိပ္ပာယ်ကို သူ အဓိပ္ပာယ်မဖော်တတ်ပေ။

ထိုအချိန်မှာ လက်တစ်ထောင်အဖွား၏မျက်နှာမှာ ညှိုးငယ်သွားပြီး သူမသည် တုန်ရီနေသောအသံနှင့် ပြောလိုက်သည်။

" ဂျူနီယာယီယွင်၊ ထာဝရနှင်းခဲဓားကို ထျန်းအာဆီ ပြန်ပေးလိုက်ပြီး ဝိဉာဉ်အေးခဲပိုးကောင်ဆေးကို ငါ့ဆီ ပြန်ပေးလိုက်။ ဒီပစ္စည်းနှစ်ခုကို မင်း ညစ်ပတ်အောင် မလုပ်သင့်ဘူး။ မင်း မပေးရင် ငါတို့ ရှန်းထူမိသားစုက ညှိနှိုင်းဖို့ လာတဲ့အခါ ဒါကို လွယ်လွယ်နဲ့ လွှတ်ပေးမယ့်အရာ မဟုတ်ဘူး "

ထာဝရနှင်းခဲဓားသည် ရှန်းထူနန်ထျန်း၏ အဖော်ဓားဖြစ်ပြီး ယီယွင် သိမ်းထားသော အပြာရောင်ဓားလည်း ဖြစ်သည်။

ဤသည်မှာ ရှန်းထူနန်ထျန်း ပိုင်ဆိုင်သော အဖိုးအတန်ဆုံးအရာဖြစ်သည်။

ရှန်းထူမိသားစုဘက်မှ ညှိနှိုင်းမှုများ လုပ်သည့်အခါ ထိုဓားကို ပြန်လိုချင်မည်မှာ သာမန်ဖြစ်သည်။

ဝိဉာဉ်အေးခဲပိုးကောင်ဆေးကရော။

ယီယွင် ခဏတာ တွန့်ဆုတ်သွားသည်။

သူက ဝိဉာဉ်အေးခဲပိုးကောင်ဆေးကို ကိုင်ထားမိတာလား။

လက်တစ်ထောင်အဖွားသည် မှုန်ဝါးနေသော မျက်လုံးများနှင့် သူ့လက်ထဲမှ ခုနစ်သွယ်နတ်ဆိုးယင်ဆေးအား ကြည့်နေသည်ကို မြင်ပြီး အဖွားအို၏ရည်ရွယ်ချက်ကို ယီယွင် ရုတ်တရက် နားလည်သွားသည်။

" ကျုပ်က ဝိဉာဉ်အေးခဲပိုးကောင်ဆေးကို ကိုင်ထားတယ်လို့ ပြောနေတာလား "

ယီယွင်သည် သူ့လက်ထဲမှ ဆေးပြားကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားပုံရသည်။

" ဘယ်လိုထင်လို့လဲ "

လက်တစ်ထောင်အဖွားသည် အထင်သေးစွာ ပြုံးလိုက်သည်။

" မိသားစုကောင်းက မလာလို့ ဘယ်လောက်တောင် တုံးအလိုက်လဲ။ မင်းမှာ အရည်အချင်းရှိတော့ရော ဘာလုပ်ရမှာလဲ။ မင်းက တန်ဖိုးရှိပစ္စည်းတွေကိုတောင် ခွဲခြားနိုင်တာ မဟုတ်ဘူး။ ဝိဉာဉ်အေးခဲပိုးကောင်ဆေးကိုတောင် မသိဘူး "

လက်တစ်ထောင်အဖွားသည် ယီယွင်ကို မောက်မာသောလေသံဖြင့် လှောင်ပြောင်လေသည်။

သူမပြောသော ဝိဉာဉ်အေးခဲပိုးကောင်ဆေးလုံးသည် ပို၍ပင် နာမည်ကြီးလေသည်။

ထို့အပြင် လက်တစ်ထောင်အဖွား၏ နယ်မြေလက်စွပ်ထဲတွင် ဝိဉာဉ်အေးခဲပိုးကောင်ဆေးအကြောင်း မိတ်ဆက်ထားသော ကျောက်စိမ်းစာလိပ်ရှိသည်။

ဤဝိဉာဉ်အေးခဲပိုးကောင်ဆေးသည် ခုနစ်သွယ်နတ်ဆိုးယင်ဆေးနှင့် အလွန်ဆင်တူသည်။

အတွေ့အကြုံရှိသော ဆေးသမားတော်တစ်ယောက်ပင် ဆေးနှစ်ခုကို တစ်ချက်ကြည့်လိုက်ရုံနှင့် ခွဲခြားသိနိုင်မည် မဟုတ်ချေ။

သို့သော် ဆေးနှစ်ခု၏ အာနိသင်မှာ အလွန်ကွာခြားလှသည်။

ဝိဉာဉ်အေးခဲပိုးကောင်ဆေးသည် အလွန်ကောင်းသော ဆေးဖြစ်သည်။

သန့်စင်ရာ၌ ခက်ခဲသည်ကို လျစ်လျူရှုလိုက်ပါက သန့်စင်ရန်လိုအပ်သော ပါဝင်ပစ္စည်းများသည် မဟာဧကရီရုပ်ကြွင်း သန့်စင်ရန် လိုအပ်သည့် ပစ္စည်းများထက် အနည်းငယ်သာ နိမ့်ကျသည်။

" ဝိဉာဉ်အေးခဲပိုးကောင်ဆေးက မင်းလို ကျင့်စဉ်အဆင့်ရှိတဲ့သူတစ်ယောက် အသုံးပြုနိုင်တဲ့ဆေး မဟုတ်ဘူး။ မင်းက ပျက်စီးခြင်းကောင်းကင်ဘုံဆရာသခင်တစ်ယောက်ရဲ့ သင်တန်းသားတစ်ယောက်ဖြစ်တဲအပြင် တိုက်ခိုက်ရေးစွမ်းအားက တစ်ချက် လှည့်ကြည့်ရလောက်အောင်တောင် မထိုက်တန်ဘူး။ မင်းမှာ ဒီဆေးပြားရှိနေတာက အသုံးမဝင်ဘူး။ ငါ့ကို ပြန်ပေးလိုက်။ ဒါမှမဟုတ် နောက်ရက်အနည်းငယ်အတွင်း ညှိနှိုင်းကြရင် ငါ ဒီအကြောင်း သေချာပေါက် ပြောကြမှာပဲ။ မင်းလုပ်ရပ်က လင်မိသားစုကို အပျက်သဘောဆောင်တဲ့ အနေအထား ရောက်စေလိမ့်မယ်။ မင်း လင်မိသားစုမှာ ဆက်နေချင်သေးတယ်ဆိုရင် ဒီလိုလုပ်ရပ်ကို လင်မိသားစုအဖွားတော်က မင်းရဲ့ ပေါ့တန်တဲ့ လုပ်ရပ်ကို ခွင့်လွှတ်မယ်လို့ ထင်နေတာလား "

လက်တစ်ထောင်အဖွား၏ စကားများသည် အလွန်ကျိုးကြောင်းဆီလျော်သောကြောင့် ယီယွင် သူတို့ကို ယုံကြည်လုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော် ..........

ယီယွင်က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

ဝိဉာဉ်အေးခဲပိုးကောင်ဆေးလား။

ခုနစ်သွယ်နတ်ဆိုးယင်ဆေးပြားလား။

အသိပညာ အကန့်အသတ်ရှိသော ဂျူနီယာများဖြစ်ပါက ဤအလွန်ဆင်တူသော ဆေးပြားနှစ်ပြားကို ခွဲခြားသိမြင်နိုင်မည် မဟုတ်ပေ။

သို့သော် ယီယွင်သည် ယခင်က ခုနစ်သွယ်နတ်ဆိုးယင်ဆေးကို ကိုယ်တိုင်စားဖူးသည်။

အရိုးထဲရောက်အောင် ကိုက်ခဲစေခဲ့သော အအေးဒဏ်ကြောင့် ဤဆေးပြားကို သူ မှတ်မိနေသည်။

ဒါဆို ခုနစ်သွယ်နတ်ဆိုးယင်ဆေးကို သူ ဘယ်လိုလုပ် အမှတ်မှားနိုင်မှာလဲ။

" ဒါက ဝိဉာဉ်အေးခဲပိုးကောင်ဆေးလို့ ပြောနေတာလား "

ယီယွင် ပြုံးလိုက်သည်။

ဝိဉာဉ်အေးခဲပိုးကောင်ဆေးသည် အဖိုးတန်ဆေးတစ်ခုဖြစ်သည်။

လက်တစ်ထောင်အဖွားသည် ရည်ရွယ်ချက်ရှိစွာဖြင့် သူ့ကို မှားအောင်လုပ်နေခြင်း ဖြစ်သည်။

ယီယွင်၏ အေးစက်သောမျက်နှာဖုံးနှင့် စနောက်သောလေသံကို ကြားပြီး လက်တစ်ထောင်အဖွား နှလုံးတုန်သွားသည်။

ဒီကလေး တစ်ခုခုများ သိနေတာလား။

သူမသည် ယီယွင်အား ခုနစ်သွယ်နတ်ဆိုးယင်ဆေးကို ဝိဉာဉ်အေးခဲပိုးကောင်ဆေးအဖြစ်ထင်ကာ သူ့အတွက်သူ သုံးစေချင်သည်။

ယီယွင်သည် သူမ၏လက်စွပ်ကို ဆက်လက်ရှာဖွေပါက ကျောက်စိမ်းစာလိပ်ထဲတွင် ဝိဉာဉ်အေးခဲပိုးကောင်ဆေးအကြောင်းကို မိတ်ဆက်ပေးထားသည်ကို မြင်ပြီး ဝိဉာဉ်အေးခဲပိုးကောင်ဆေးဟု ထင်သွားနိုင်သည်။

ထို့ကြောင့် ယီယွင်သည် သူမ၏စကားများကို သေချာပေါက် ယုံကြည်လိမ့်မည်။

ထို့အပြင် ကျောက်စိမ်းစာလိပ်ထဲတွင် ကျင့်ကြံမှုအဆင့်နိမ့်သော ဂျူနီယာများအနေဖြင့် ကို မည်သို့အသုံးပြုနိုင်သည်အား မိတ်ဆက်ပေးထားသည်။

ရေနှင့် ဝိဉာဉ်အေးခဲပိုးကောင်ဆေးကို အရည်ကျိုချက်ကာ ဟင်းချိုကို သောက်နိုင်သည်။

ဝိဉာဉ်အေးခဲပိုးကောင်ဆေးကို ‌ဆေးဟင်းချိုအဖြစ် ပြုလုပ်ပြီးသည်နှင့် ဆေးဖက်ဝင်ဂုဏ်သတ္တိများ ဖြည်းဖြည်းချင်း ပျံ့နှံ့သွားမည်ဖြစ်ကာ ယွမ်အခြေခံအဆင့်ရှိ ဂျူနီယာတစ်ဦးပင် ဝိဉာဉ်အေးခဲပိုးကောင်ဆေးကို စားသုံးနိုင်မည်ဖြစ်သည်။

လက်တစ်ထောင်အဖွားသည် ယီယွင်၏ လောဘကြီးသော စရိုက်ကိုသိသည်။

ထို့ကြောင့် ဆေး၏ အဖိုးတန်မှုကို ဟန်ဆောင်ပြီး ရှန်းထူမိသားစုဘက်မှ အလိုရှိကြောင်း ပိုပြောပါက ယီယွင်သည် ထိုဆေးပြားကို လက်လွှဲပေးမည် မဟုတ်တော့ကြောင်း သူမယုံကြည်သည်။

ယီယွင်သည် လင်မိသားစုကို လှည့်စားပြီး ရေနှင့်ရောစပ်ကြိုချက်ကာ ဆေးကို တိတ်တဆိတ် သောက်ပေလိမ့်မည်။

ထိုအခါ ယီယွင်သည် ခုနစ်သွယ်နတ်ဆိုးယင်ဆေးကို သောက်မိမှာဖြစ်သည်။

နောက်ဆုံး၌ ရေခဲချီဓာတ် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ပြီး သူ၏ သွေးကြောများ ပျက်စီးသွားကာ ကျင့်ကြံမှုကို ထိခိုက်စေမည်ဖြစ်သည်။

ထိုရလဒ်မှာ လက်တစ်ထောင်အဖွား မြင်ချင်သောပုံစံဖြစ်သည်။

' မဖြစ်နိုင်ဘူး။ သူ့ရဲ့အသိပညာလောက်နဲ့ ဝိဉာဉ်အေးခဲပိုးကောင်ဆေးကို ခုနစ်သွယ်နတ်ဆိုးယင်ဆေးနဲ့ ခွဲခြားသိမြင်ဖို့ မဖြစ်နိုင်ဘူး '

လက်တစ်ထောင်အဖွား စဉ်းစားနေစဉ် ယီယွင်မှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

" နားလည်ပြီ၊ ဒါက ဝိဉာဉ်အေးခဲပိုးကောင်ဆေးပဲ။ ဒီလောက်တန်ဖိုးရှိတဲ့ ဆေးကို ကျုပ် လုံးဝသောက်ရဲမှာ မဟုတ်ဘူး။ ကျုပ်သာ သောက်လိုက်မယ်ဆိုရင် ရှန်းထူမိသားစုက ညှိနှိုင်းမှုလုပ်နေတုန်း ဒီအချက်ကို အတင်းအကျပ်ပြောလိမ့်မယ်။ ဒါဆိုရင် လင်မိသားစုကို မျက်နှာမပြနိုင်တော့ဘူး။ ဒါက ညှိနှိုင်းတာတွေကို ထိခိုက်စေလိမ့်မယ်။ မဟာဧကရီလျှို့ဝှက်နယ်မြေရဲ့ အချက်အလက်တွေကို မရရင် အပြစ်အကြီးကြီးလုပ်မိမှာပဲ "

ယီယွင်၏ အမှားကို ဝန်ခံချင်စိတ်က လက်တစ်ထောင်အဖွားနှင့် ရှန်းထူနန်ထျန်းကို အံ့အားသင့်စေခဲ့သည်။

လက်တစ်ထောင်အဖွားသည် ယီယွင်၏ သံသယများကို ကြောက်သောကြောင့် ထိုကဲ့သို့ ပြုမူခဲ့သည်။

သို့သော် ဤအချက်မှ ပြောင်းပြန်အကျိုးသက်ရောက်မှု ရှိနေလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ဒီကလေးရဲ့ သဘောထားက အရမ်းကို ပြောင်းလဲလွယ်လွန်းနေတယ်။

သူ့ရဲ့သဘောထားကို ဘယ်လိုလုပ် ဒီလောက်လွယ်လွယ်နဲ့ ပြောင်းလဲနိုင်တာလဲ။

ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင်အဖွားသည် ယီယွင် သံသယမဝင်ဘဲ ခုနစ်သွယ်နတ်ဆိုးဆေးအား သောက်မိစေရန် မျှော်လင့်ချက်နှင့် တစ်စုံတစ်ခုကို စဉ်းစားနေကြသည်။

သို့သော် ထိုအချိန် ယီယွင်သည် ရှန်းထူနန်ထျန်းရှေ့ကို လျှောက်သွားပြီး ပြုံးလိုက်သည်။

" တကယ်တော့ အခုလက်ရှိ ခင်ဗျားတို့နှစ်ယောက်ရဲ့ ဒဏ်ရာတွေက အရမ်းဆိုးနေတယ်။ ခင်ဗျားတို့နှစ်ယောက်လုံးက လင်မိသားစုရဲ့ ဧည့်သည်တွေဆိုပေမယ့် အများကြီးဒဏ်ရာရနေကြတယ် မဟုတ်လား။ ကျွန်တော် စိတ်မကောင်းပါဘူး။ ဒီဝိဉာဉ်အေးခဲပိုးကောင်ဆေးက အရမ်းတန်ဖိုးရှိတယ်ဆိုတော့ ကျွန်တော် ခင်ဗျားတို့ကို ကျွေးမယ်။ ဒီနည်းနဲ့ ခင်ဗျားတို့ရဲ့ ဒဏ်ရာတွေကို ကုသနိုင်တယ်။ လင်မိသားစုဘက်က ဧည့်ဝတ်ကျေပွန်မှု ညံ့ဖျင်းတဲ့အတွက် ဝေဖန်ခံရရင် မကောင်းဘူး မဟုတ်လား "

ယီယွင်သည် ထိုစကားပြောလျက် ရှန်းထူနန်ထျန်း၏ ပါးစပ်ကို ညှစ်ဖွင့်လိုက်သည်။

ရှန်းထူနန်ထျန်း၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။

" မင်း ...... မင်း ဘာလုပ်နေတာလဲ "

ရှန်းထူနန်ထျန်းသည် ပြောမပြတတ်အောင် ထိတ်လန့်သွားသော်လည်း ယီယွင်မှာတော့ ဇဝေဇဝါဖြစ်ချင် ဟန်ဆောင်ပြီး " ခင်ဗျားကို ကုသပေးနေတာ "ဟု ဆိုလိုက်သည်။

ယီယွင်သည် ထိုသို့ပြောပြီး ရှန်းထူနန်ထျန်း၏ ပါးစပ်ထဲသို့ ခုနစ်သွယ်နတ်ဆိုးဆေးကို ထိုးထည့်လိုက်သည်။

ဆေးသည် ရှန်းထူနန်ထျန်း၏ လျှာကို ထိလိုက်သည်နှင့် ကိုက်ခဲသော အအေးဓာတ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်မှာ ရှန်းထူနန်ထျန်းကို သေမတတ် ကြောက်လန့်စေသည်။

သူ့နှုတ်ခမ်းများ ဖြူဖျော့သွားပြီး မျက်နှာအမူအရာမှာလည်း ပြာနှမ်းသွားသည်။

သူ ကြောက်လန့်နေတော့သည်။

ရှန်းထူနန်ထျန်းကဲ့သို့ လူတစ်ယောက်အတွက် သူ၏ သွေးကြောများအားလုံး ပျက်စီးပြီး ကျင့်စဉ်များ ဆုံးရှုံးသွားသည်က သေသွားရသည်ထက် ပိုကြောက်စရာကောင်းသည်။

မဟုတ်ပေ၊ ထိုသည်က သေခြင်းတရားထက် အဆ ၁၀၀၀၀ ပိုကြောက်စရာကောင်းသည်။

" မလုပ်နဲ့၊ ရပ်လိုက် "

ရှန်းထူနန်ထျန်းသည် အသက်အတွက် ရုန်းကန်လျက် မျက်လုံးများမှာ ပေါက်ကွဲမတတ် ရဲတက်လာသည်။

သို့သော် ကျင့်စဉ်များ ချုပ်နှောင်ခံထားရသူတစ်ယောက်အနေဖြင့် သူသည် ယီယွင်ကို မခုခံနိုင်ပေ။

ခုနစ်သွယ်နတ်ဆိုးဆေးသည် သူ့ပါးစပ်ထဲ၌ အရည်ပျော်စပြုလာသည်။

ဆေးဖက်ဝင်အနှစ်များသည် ရှန်းထူနန်ထျန်း၏ သွေးကြောများထဲသို့ ဝင်ရောက်လာခဲ့သည်။

" ကောင်လေး၊ ရပ်လိုက်စမ်း "

လက်တစ်ထောင်အဖွားသည်လည်း ထိတ်လန့်စိုးရိမ်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သို့သော် ယီယွင်သည် ဂရုမစိုက်ဘဲ မကြားချင်ယောင်ဆောင်နေသည်။

" ခွေးကောင်စုတ်၊ ငါ မင်းကို သတ်ပစ်မယ် "

လက်တစ်ထောင်အဖွားသည် အရှေ့သို့ ပြေးဝင်သွားသော်လည်း ယီယွင်သည် သူမကို ဘေးတိုက်ကန်လိုက်ရာ သူမ အနောက်သို့ လွင့်ပျံသွားသည်။

အုန်း

လက်တစ်ထောင်အဖွားသည် သနားစရာကောင်းစွာဖြင့် နံရံကို ဆောင့်တိုက်မိသွားသည်။

သူမ အချစ်ရဆုံး မြေးလေးသည် သူ၏ကျင့်ကြံမှုများ ဆုံးရှုံးတော့မည်ကို မြင်ပြီး မျက်နှာက ဖြူဖျော့သွားသည်။

" မင်း ..... ဒါဘာဆေးပြားလဲဆိုတာ သိတာလား "

လက်တစ်ထောင်အဖွား တုန်ရီနေသောအသံနှင့် ပြောလိုက်သည်။

ထိုအချိန်မှ ဖြစ်နိုင်ခြေတစ်ခုကို နောက်ဆုံး၌ သူမ သဘောပေါက်သွားသည်။

" အရည်ဖြစ်သွားရင်တောင် ခုနစ်သွယ်နတ်ဆိုးဆေးကို မှတ်မိတယ် "

ယီယွင်မှ ဂရုမစိုက်သလို ပြောလိုက်သောအခါ လက်တစ်ထောင်အဖွား အံ့ဩသွားရသည်။

သူ ဘယ်လိုလုပ် မှတ်မိတာလဲ။

ဆေးနာမည်ကိုတောင် သူက တိတိကျကျ ပြောသွားသေးတယ်။

ထိုအချိန် ခုနစ်သွယ်နတ်ဆိုးဆေးသည် ရှန်းထူနန်ထျန်း၏ ပါးစပ်ထဲ၌ ရှိနေသေးသည်။

သူသည် မြိုမချမိအောင် ကြိုးစားရုန်းကန်လျက် မျှော်လင့်ချက်ပျက်ကာ စိတ်အားငယ်လာသည်။

အပိုင်း ( ၄၂၃ )

အဲ့တော့ မင်းဖြစ်နေတာလား

ရှန်းထူနန်ထျန်း ယခင်က ဤမျှလောက် ကူကယ်ရာမမဲ့ဖူးပေ။

ယခင်အချိန်များ၌ သူသည်ကသာလျှင် အခြားသူများ၏ ဘဝကို ကြိုးကိုင်သူဖြစ်ခဲ့သည်။ လူတစ်ယောက်၏ သေခြင်းရှင်ခြင်းကို လက်တစ်လုံးကြား ကစားရသောခံစားချက်ကို အလွန်ပင်နှစ်ခြိုက်ခဲ့ဖူးသည်။

သူ့လက်ခုပ်ထဲမှလူဖြစ်နေပါက မည်မျှပင် တောင်းပန်နေသည်ဖြစ်စေကာမူ သူ သဘောတွေ့သလို လုပ်တတ်သည်။

သို့သော် ယခုအခါ သူ၏ဘဝမှာ တစ်ဖက်သူ၏လက်ခုပ်ထဲသို့ ရောက်နေသည်။ သူ မည်ကဲ့သို့ တောင်းပန်ညှိနှိုင်းနေသည်ဖြစ်စေ သူ၏ကံကြမ္မာကို တစ်ဖက်သူမှဆန္ဒရှိသလို ဆော့ကစားခံရနိုင်သည်။

ဤခံစားချက်မှာ ရှန်းထူနန်ထျန်းအား လဲကျစေမည့်ဖြစ်အင်သို့ တွန်းပို့နေလေသည်။

" မလုပ် ..... မလုပ်နဲ့ ...... "

ရှန်းထူနန်ထျန်း ခက်ခဲစွာ တားလိုက်သည်။

သူသည် ပင်ကိုသဘာဝအရ မောက်မာတတ်ပြီး ကြီးပြင်းလာစဉ်တစ်လျှောက် အလွန်အရေးပေးအလေးထားခံရသည်ဖြစ်ရာ ဤသို့ အရှက်ကွဲမှုမျိုး မကြုံရဖူးပေ။

သို့သော် သူ ယခုအခါ အရှုံးပေးရလေသည်။

သူ၏ လက်ရှိဒဏ်ရာများဖြင့် ခုနစ်သွယ်နတ်ဘေးယင်ဆေးကို သောက်လိုက်ပါက ကျင့်ကြံမှုများအားလုံး အပိုင်းပိုင်း ပျက်စီးစွားပေလိမ့်မည်။

သံသယပင် မရှိပေ။

ယီယွင်သည် အမူအရာကင်းမဲ့နေသည်။

" ရပ်၊ မြန်မြန် ရပ်လိုက် "

လက်တစ်ထောင်အဖွားသည် အလွန်ပင် စိုးရိမ်သောကဝေနေသည်။

သူမ၏ ပါရမီအရှိဆုံးမြေးအား ယီယွင်မှ နှိပ်စက်နေသည်ကို သူမ မမြင်ချင်ပေ။

" ဒီဆေးက ထျန်းအာရဲ့ ကျင့်ကြံစဉ်တွေကို အပိုင်းပိုင်းချိုးဖျက်လိမ့်မယ်။ ထျန်းအာ ကျင့်ကြံစဉ်ပျက်သွားရင် သူက ဘာတန်ဖိုးရှိတော့မှာလဲ။ အဲ့အခါက ရှန်းထူမိသားစုက မဟာဧကရီလျှို့ဝှက်ဆန်းကြယ်နယ်မြေမှာ ဖြစ်လာတာတွေကို ပြောပြမှာ မဟုတ်ဘူး။ ပြီးရင် ငါလည်း မပြောဘဲ အသေခံလိုက်မယ်။ မင်း ဒီလိုလုပ်လို့ ဘာမှရလာမှာ မဟုတ်ဘူး "

လက်တစ်ထောင်အဖွား အလျင်အမြန် ပြောလိုက်သည်။

လင်မိသားစု အဖွားတော်၏ ရည်ရွယ်ချက်အရ သူမသည် ရှန်းထူနန်ထျန်းကို မသတ်ချင်ပေ။ သို့မဟုတ် မသန်မစွမ်း မဖြစ်စေလိုပေ။

သူတို့သည် ဧကရီမဟာလျှို့ဝှက်ဆန်းကြယ်နယ်မြေအကြောင်း သတင်းအချက်အလက်နှင့် လဲလှယ်ရန် ရှန်းထူနန်ထျန်းကို လိုအပ်နေဆဲဖြစ်သည်။

ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင်အဖွားသည် ဤကိစ္စကို သိရှိထားသောကြောင့် ယီယွင်သည် အများဆုံးအနေဖြင့် သူတို့ကိုယ်ခန္ဓာကိုသာ ဒုက္ခပေးနိုင်ပြီး အခြားမည်သည့်အရာကိုမျှ မလုပ်ဟု ယုံကြည်ကြသည်။

သို့သော် ယခုအခါ ရှန်းထူနန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ခုနစ်သွယ်နတ်ဆိုးဆေးဖက်ဝင်အနှစ်များ ပိုမိုဝင်ရောက်လာသည်နှင့်အမျှ လက်တစ်ထောင်အဖွားသည် ကြောက်ရွံ့ထိတ်လန့်လာခဲ့သည်။

ယီယွင် ဆေးလုံးကို ထိန်းချုပ်နေလျက် သူ့နှုတ်ခမ်းထောင့်မှာ ကွေးညွတ်သွားသည်။

" စိတ်မပူပါနဲ့။ ကျွန်တော်က သခင်လေးနန်ထျန်းကို ဘယ်လိုလုပ် တကယ်ကြီး ဒုက္ခပေးနိုင်မှာလဲ။ သခင်လေးနန်ထျန်းကို မဟာဧကရီလျှို့ဝှက်ဆန်းကြယ်နယ်ပယ်နဲ့ လဲလှယ်နိုင်ဖို့ မျှော်လင့်နေတုန်းပါ "

ယီယွင် ထိုသို့ပြောပြီးနောက် လက်တစ်ထောင်အဖွား စိတ်သက်သာရာရသွားသည်။

ဘာပဲဖြစ်ဖြစ် ဒီကောင်လေးက ဆင်ခြင်တုံတရား ရှိသေးတာပဲ။

သို့သော် ယီယွင်မှ လက်မလွှတ်ဘဲနေသေးသည်ကို မြင်ပြီး လက်တစ်ထောင်အဖွားဒေါသတကြီး ပြောလိုက်သည်။

" ဒါဆို မြန်မြန်ရပ်လိုက်။ ဒီလိုဆက်သွားနေရင် ထျန်းအာရဲ့ ကျင့်စဉ်ကို တကယ်ဒုက္ခဖြစ်စေလိမ့်မယ်။ အဲ့ဒီလိုဖြစ်လာရင် အဲ့ဒီမှော်ဆရာမလေးနဲ့ သွေးကြောတွေကို ပေါင်းစပ်လို့မရဘူးဆိုရင် လင်မိသားစုက မင်းကို တာဝန်ယူခိုင်းလိမ့်မယ်။ မင်းလုပ်ပေးခဲ့တာတွေလောက်နဲ့ မင်းကို ဒီလို မဟုတ်တာတွေ လုပ်ခွင့်ပေးလိမ့်မယ်လို့ တကယ် ထင်နေတာလား။ အဲ့ဒီမှော်ဆရာမလေးက လင်မိသားစု အဂရုစိုက်ဆုံးလူပဲ။ လင်မိသားစုရဲ့ အစီအစဉ်တွေကို မင်းဖျက်ဆီးရင် ဘယ်သူမှ မင်းကို မကယ်တင်နိုင်ဘူး "

" ဟုတ်တယ်၊ ခင်ဗျားပြောတာက ကျိုးကြောင်းဆီလျော်တယ် "

ယီယွင် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

သို့သော် သူ ပြောနေစဉ်မှာပင် အဆိပ်ခုနစ်သွယ်နတ်ဆိုးဆေး၏ ဆေးအနှစ်သည် ရှန်းထူနန်ထျန်း၏ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာခဲ့သည်။

ရှန်းထူနန်ထျန်း၏မျက်နှာသည် ဖြူဖျော့လာနေသည်။

သူ စကားတစ်လုံးမှ မပြောနိုင်တော့ပေ။

သူ့၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီစပြုနေပြီ ဖြစ်သည်။

ဖြည်းဖြည်းချင်းဖြင့် ရေခဲချီဓာတ်သည် ရှန်းထူနန်ထျန်း၏ခန္ဓာကိုယ်အတွင်းပိုင်းသို့ တိုးဝင်လာခဲ့သည်။

သူ့မျက်ခုံးများသည် ရေခဲစများ တွဲခိုလာသည်။

ယီယွင်မှ ဆက်ပြောသည်။

" ရှန်းထူနန်ထျန်းက ရှန်းထူမိသားစုအတွက် တန်ဖိုးရှိနေဦးမှာပါ။ ကျွန်တော်က အနည်းဆုံးတော့ သူ့ရဲ့ကျင့်ကြံမှုကို နည်းနည်း ထိခိုက်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီးပြီ။ ဒီအတောအတွင်း သူ့ရဲသွေးကြောတွေထဲမှာ အတွင်းပိုင်းဒဏ်ရာနည်းနည်းဖြစ်အောင် လုပ်လိုက်မယ်။ ဒါဆို ပြဿနာမရှိလောက်ဘူး "

ယီယွင် ထိုသို့ပြောလိုက်သောအခါ လက်တစ်ထောင်အဖွား၏နှလုံးသည် တုန်လှုပ်သွားသည်။

ဤစကားကို ကြားလိုက်ရသော ရှန်းထူနန်ထျန်းမှာ တောင်ထိပ်မှ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

ရှန်းထူနန်ထျန်းကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်သည် ငယ်ရွယ်စဉ်အချိန် သွေးကြောကြီးများထဲ အတွင်းဒဏ်ရာ ကျန်ခဲ့ပါက မည်မျှထက်မြက်သော ပါရမီရှင်ဖြစ်စေကာမူ ထိပ်တန်းပါရမီရှင် မဖြစ်နိုင်တော့ပေ။

ထိုသို့ဖြစ်ပါက မိသားစုအတွင်း သူ၏အဆင့်အတန်းမှာ သိသာစွာ လျော့ကျသွားပေလိမ့်မည်။

" လူယုတ်မာ၊ မင်းက ရူးနေပြီပဲ "

လက်တစ်ထောင်အဖွား ဒေါသကြောင့် တုန်ရီနေသည်။

" ထျန်းအာရဲ့ အရည်အချင်းကို ထိခိုက်အောင် လုပ်ထားရင် မိသားစုအကြီးအကဲတွေက မဟာဧကရီမလျှို့ဝှက်ဆန်းကြယ်နယ်မြေအကြောင်း ပြောပြီး သူ့ကို ကယ်ဦးမယ် ထင်နေလား "

ရှန်းထူမိသားစုသည် အမွေဆက်ခံသူ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ကိုသာ တန်ဖိုးထားပေလိမ့်မည်။

သို့သော် ရှန်းထူနန်ထျန်းသည် ချို့ယွင်းသွားပါက သူ့ကို အစားထိုးခံရပြီး ရှန်းထူမိသားစုအတွက် သူ၏တန်ဖိုးမှာ လျော့ကျသွားမည်။

ရှန်းထူမိသားစုအကြီးအကဲများသည် အသုံးမဝင်သူတစ်ယောက်အတွက်ဖြင့် မဟာဧကရီလျှို့ဝှက်ဆန်းကြယ်နယ်မြေမှ အဖိုးတန်အချက်အလက်များဖြင့် လဲလှယ်လိမ့်မည် မဟုတ်ပေ။

" ဒါပေါ့၊ ကျွန်တော်က သေချာပေါက် အရမ်းလွန်အောင် မလုပ်ပါဘူး။ သူ့ရဲ့ အရည်အချင်းကို နည်းနည်း ထိခိုက်စေမယ့် အတွင်းဒဏ်ရာလေးတစ်ခုပဲ ချန်ထားခဲ့မှာပါ။ မြင်ရမှာတောင် မဟုတ်ဘူး။ ပြီးတော့ ခင်ဗျားတို့နှစ်ယောက်လုံးက ကျွန်တော့်နဲ့အတူတူ ဒီအချက်ကို ဖုံးကွယ်ပေးထားကြမယ် မဟုတ်လား "

ယီယွင် ထိုသို့ပြောနေသည်ကို ကြားရသည်မှာ လက်တစ်ထောင်အဖွားနှင့် ရှန်းထူနန်ထျန်းအတွက် နားထဲသို့ နတ်ဆိုးတစ်ကောင်ရယ်သံနှင့် တူလှသည်။

သူတို့က ယီယွင်ကို ကူညီဖုံးကွယ်ပေးရမှာတဲ့လား။

ယီယွင်သည် သူတို့ကို ဓားနှင့် ထိုးခဲ့ပါသော်လည်း ဘယ်သူ့ကိုမှ မပြောစေပေ။

သို့သော် လက်ရှိအခြေအနေအရ .....

သူတို့သည် အမှန်တကယ်ပင် ယီယွမ်ကို ကူညီကာ ဒီအချက်ကို ဖုံးကွယ်ထားရမည်။

မဟုတ်ပါက ရှန်းထူမိသားစုသည် သူတို့ကို လက်လျှော့သွားကြပေမည်။

ရှန်းထူနန်ထျန်းပင်ဖြစ်စေ၊ လက်တစ်ထောင်အဖွားပင်ဖြစ်စေ သူတို့ မသေချင်ကြပေ။

သူတို့ လင်မိသားစုမှ ထွက်ပြေးချင်ကြသည်။

သူတို့သည် တင်းမာပုံပေါက်နေသော်လည်း ရှန်းထူမိသားစုမှ သူတို့အသက်အစား မဟာဧကရီလျှို့ဝှက်ဆန်းကြယ်နယ်မြေအချက်အလက်များကို ဖုံးကွယ်ရန် ရွေးချယ်သွားမည်အား သူတို့ ကြောက်နေကြသည်။

ထို့ကြောင့် လက်ရှိအခြေအနေ၌ လက်တစ်ထောင်အဖွားနှင့် ရှန်းထူနန်ထျန်းတို့သည် သူတို့အတွင်းဒဏ်ရာရနေကြောင်း မိသားစုကို အသိမပေးနိုင်ကြပေ။

ထို့အပြင် ခြေတစ်လှမ်းနောက်ဆုတ် စဉ်းစားလိုက်သည့်အခါ ခုနစ်သွယ်နတ်ဆိုးယင်ဆေးကို ရှန်းထူနန်ထျန်း အပြည့်အဝမျိုချမရသေးဘဲ အနည်းငယ်သာ စုပ်ယူမိသောကြောင့် ဖုံးကွယ်ထားသော ဒဏ်ရာများမှာ သိပ်မပြင်းထန်နိုင်ပေ။

သူတို့အနေဖြင့် အရင်းအမြစ်အချို့ကို အသုံးပြုပြီး လုံးဝပျောက်ကင်းအောင် ကုသနိုင်သည်။

သို့သော် ဤသည်က ရှန်းထူနန်ထျန်း၏ ကျင့်ကြံမှုအမြန်နှုန်းကို သေချာပေါက် ထိခိုက်စေဦးမှာ ဖြစ်သည်။

ထို့ကြောင့် သူ၏အနာဂတ်အောင်မြင်မှုများမှာ ပြင်းထန်စွာထိခိုက်စေနိုင်သည်။

ဤသည်ကို တွေးရုံနှင့် ရှန်းထူနန်ထျန်း နှလုံးသွေးယိုသလို ဖြစ်သွားသည်။

သူသည် ဤကလေးလက်အောက်၌ အလွန်အမင်း ဒုက္ခရောက်ခဲ့သည်ဆိုသောအချက်ကို ဖုံးကွယ်ထားရမည်။

ဤသည်မှာ သွားချိုးခံရပါသော်လည်း မျိုချလိုက်ရသော ခံစားချက်ဖြစ်သည်။

အဆုံးမဲ့နာကျင်မှုနှင့် အမုန်းတရားများက ရှန်းထူနန်ထျန်းကို ဝါးမျိုနေသည်။

သူ သောက်လိုက်မိသော အဆိပ်ခုနစ်သွယ်နတ်ဆိုးယင်ဆေး ဆေးအနှစ်ပမာဏသည် သူ၏သွေးကြောကို မပြောင်းလဲဘဲ ထိခိုက်မှုသာ ဖြစ်စေနိုင်ကြောင်း သူ သိသည်။

ထိုအချိန် ယီယွင်သည် ရုတ်တရက် လွှတ်ချပေးလိုက်သည်။

အဆိပ်ခုနစ်သွယ်နတ်ဆိုးယင်ဆေးကို ယီယွမ် စိတ်စွမ်းအင်ဖြင့် မထိန်းချုပ်တော့ပေ။

ရှန်းထူနန်ထျန်းသည် သူ့မေးရိုး ပြေလျော့သွားသည်ကို ခံစားလိုက်ရသည်။

သူ ချက်ချင်းပင် မြေပြင်ပေါ်သို့ လှိမ့်ပြီး ဆေးကို ထွေးထုတ်လိုက်သည်။

" ဝေါ့ "

ရှန်းထူနန်ထျန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် လည်ပင်းကို ဆုပ်ကိုင်ကာ အန်ထုတ်နေသည်။

သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသော ဆေးအနှစ်ကို အန်ထုတ်ရန် ကြိုးစားနေသည်။

သို့သော် အဆိပ်ခုနစ်သွယ်နတ်ဆိုးယင်ဆေး၏ ဆေးအနှစ်သည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ရေခဲချီဓာတ်သည် သွေးကြောနှင့် သွေးကြောမကြီးထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားလိမ့်မည်။

ထို့ကြောင့် သူ အန်ထုတ်နိုင်မည် မဟုတ်ပေ။

အချိန်အတော်ကြာ အန်ပြီးသော်လည်း ရှန်းထူနန်ထျန်းသည် ဘာကိုမှ အန်မထုတ်နိုင်သေးပေ။

သူသည် သေနေသောခွေးတစ်ကောင်ကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်။

" မင်း ........ "

ရှန်းထူနန်ထျန်း ရုတ်တရက် မော့ကြည့်လိုက်သည်။

သူ့မျက်လုံးများသည် ယီယွင်ကို စိုက်ကြည့်လျက် အဆုံးမရှိ အမုန်းတရားများ ထွက်ပေါ်လာသည်။

သူ လူတစ်ယောက်ကို တစ်ခါမှ ဤမျှလောက် မမုန်းဘူးပေ။

လမ်းပြလူငယ်အပေါ် မုန်းတီးမှုကပင် ဤလူငယ်လေးအပေါ် သူခံစားရသော အမုန်းတရား၏ ၁ရာခိုင်နှုန်းသာ ရှိလောက်သည်။

လမ်းပြလူငယ်အကြောင်း စဉ်းစားမိသောအခါ ရှန်းထူနန်ထျန်း၏ နှလုံးသားက ရုတ်တရက် နစ်မြုပ်သွားသည်။

အိုး

လွန်ခဲ့သော လအနည်းငယ်က ရှန်းထူနန်ထျန်းသည် လမ်းပြလူငယ်ကို ကိုင်တွယ်ဖြေရှင်းရန် ထောင်ချောက်ဆင်ခဲ့သည်။

နောက်ဆုံး၌ လမ်းပြလူငယ်သည် မဟာဧကရာဇ်ကို သတ်ပစ်လိုက်ရသည်။

ထို့ကြောင့် ရှန်းထူမိသားစုထဲမှ လူများသည် ရှန်းထူနန်ထျန်းကို ဝေဖန်ပြီး ဆန့်ကျင်ခဲ့ကြသည်။

ရလဒ်အနေနှင့် ရှန်းထူနန်ထျန်းသည် ဖိအားများစွာ ခံခဲ့ရသည်။

သို့သော် ရှန်းထူမိသားစုအဘိုးတော်မှ ဤကိစ္စကို ဖြေရှင်းရန် ရှေ့ထွက်လာခဲ့သည်။

ရှန်းထူနန်ထျန်းသည် လမ်းပြလူငယ်ကို အရိုးထိစွဲအောင် မုန်းတီးခဲ့သည်။

ဤကိစ္စများ အားလုံးမှာလည်း နောက်ထပ်လူငယ်လေးတစ်ယောက်ကြောင့် ဖြစ်သည်။

သူသည် ကျန်းရှောင်ယုကို အကြိမ်ကြိမ် ကာကွယ်ပေးခဲ့သည်။

သူသည် ရှန်းထူနန်ထျန်းကို အာရုံလွဲစေခဲ့ပြီး ပျက်စီးခြင်းလူမျိုး သူလျှိုကို အခွင့်အရေးပေးခဲ့သည်။

မဟုတ်ပါက ရှန်းထူနန်ထျန်းသည် လမ်းပြလူငယ်ကို ကိုင်တွယ်ဖြေရှင်းရန် ထောင်ချောက်ဆင်ဖို့ မလိုအပ်ပေ။

အခုအခါ ရှန်းထူနန်ထျန်းသည် ထိုလူငယ်အား ကိုင်တွယ်ဖြေရှင်းခဲ့သော လုပ်ရပ်များကို ပြန်အမှတ်ရမိသည်။

သူသည် ထိုကောင်လေးကို ထောင်ထဲ အရင်ပစ်ချပြီး ဆယ်ရက်ကြာ ကာလ သတ်မှတ်ခဲ့သည်။

ထို့နောက် သူသည် ဆယ်ရက်အကြာတွင် "နှလုံးသား ဖြတ်တောက်"အပြစ်ဒဏ်ကို အသုံးပြု၍ ပျက်စီးခြင်းလူမျိုးသူလျှိုမှ သူ့ကို လာကယ်တင်ရန် ဆွဲဆောင်မည်ဟု သတင်းဖြန့်ခဲ့သည်။

ထောင်ထဲ၌ ထိုလူငယ်ကို သံကြိုးများဖြင့် ချည်နှောင်ထားပြီး အဆိပ်ခုနစ်သွယ်နတ်ဆိုးယင်ဆေးကို အတင်းအကျပ် ကျွေးခဲ့သည်။

ရှန်းထူနန်ထျန်းသည် ထိုလူငယ်၏ ကျင့်ကြံစဉ်ကို ထိခိုက်ပြီး သူ့အား ကယ်တင်ခံရပြီးသော်လည်း အနာဂတ်၌ ခြိမ်းခြောက်မှုတစ်ခု မဖြစ်စေရန် ကာကွယ်လိုခဲ့သည်။

အဆိပ်ခုနစ်သွယ်နတ်ယင်ဆေးသည် ထိုကဲ့သို့ ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်ခဲ့သည်။

ဤကိစ္စသည် မည်သူ့ကိုမျှ ပြောပြနိုင်သောအရာမဟုတ်သောကြောင့် ထိုဆေးကျွေးခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

ကိစ္စအားလုံးကို သေချာစွာ ဆက်စပ်စဉ်းစားလိုက်သောအခါ သူ၏ လက်ရှိအတွေ့အကြုံသည် အလွန်ဆင်တူနေသည်။

မဟုတ်ပေ ..… တစ်ထပ်တည်းကျသကဲ့သို့ပင် ဖြစ်နေသည်။

သမိုင်းတကျော့ပြန်လည်နေသကဲ့သို့ မယုံနိုင်စရာကောင်းသော တိုက်ဆိုင်မှုသည် သူ့ကိုယ် ပြန်လည်ဖန်တီးနေခဲ့သည်။

ဖြစ်နိုင်တာက .......

ရှန်းထူနန်ထျန်းသည် ရုတ်တရက် သွေးဆာနေသော မျက်လုံးများဖြင့် ယီယွင်ကို ကြည့်လိုက်သည်။

သူသည် သတ်ဖြတ်လိုသော ရည်ရွယ်ချက်ဖြင့် ပြည့်နှက်နေသည်။

သူ့ရှေ့မှ မျက်လုံးနှစ်လုံးသည် လွန်ခဲ့သော လအနည်းငယ်က လူငယ်၏ အမုန်းတရားတွေနှင့် ပြည့်နှက်နေသော မျက်လုံးများနှင့် ဆင်တူသည်။

သူတို့နှစ်ယောက်လုံးသည် အသက် ၁၅ နှစ်သာ ရှိသေးပြီး ..... ဤလူငယ်သည်လည်း အဆိပ်ခုနစ်သွယ်နယ်ဆိုးယင်ဆေးလုံးကို မှတ်မိနေသည်။

ဟုတ်တယ်၊ သူ့ရဲ့ နိမ့်ကျတဲ့ဇစ်မြစ်နဲ့ဆိုရင် အဆိပ်ခုနစ်သွယ်နတ်ယင်ဆေးလုံးကို ဘယ်လိုလုပ် သိနိုင်မှာလဲ။

သူက ဒီဆေးကို ဝိဉာဉ်ရေခဲပိုးကောင်ဆေးနဲ့ ဘယ်လိုလုပ် ခွဲခြားသိနိုင်မှာလဲ။

ဘာလို့လဲဆိုတော့ ...... သူ အရင်က စားဖူးလို့ပဲ။

သူ အရင်က ရခဲ့သော အမုန်းတရားများ အားလုံးကို မှတ်မိလာသည်။

ယခုအခါ ယီယွင်၏ ပြီးပြည့်စုံအောင် ပြန်လည်တည်ဆောက်ထားသော အကြံအစည်များကို ရှန်းထူနန်ထျန်း တစ်ဆင့်ပြီးတစ်ဆင့် သဘောပေါက်လာသည်။

ထိုစဉ်က ရှန်းထူနန်ထျန်း ထိုလူငယ်လေးကို လုပ်ခဲ့သည်များက လုံးဝ ပြန်လည်ရုပ်လုံးပေါ်နေသည်။

" မင်းပဲ၊ မင်းက အဲ့ဒီကောင်ပဲ။ အား အား အား "

ရှန်းထူနန်ထျန်း ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

သူသည် ယီယွင်ကို ရူးသွပ်စွာ ပြေးဝင်တိုက်ခိုက်ခဲ့သည်။

သို့သော် သူ့ကို စီးကြိုနေသည်မှာ ယီယွင်၏ လက်သီးတစ်ချက်ဖြစ်သည်။

ဘန်း......

ယီယွင်၏ လက်သီးချက်သည် ရှန်းထူနန်ထျန်း၏ မျက်နှာကို ထိမှန်သွားသည်။

သူ့မျက်နှာသည် ဆိုးဆေးများပေနေသော အိမ်ကဲ့သို့ ဖြစ်နေသည်။

သူ့မျက်နှာမှာ အပြာရောင်နှင့် အနက်ရောင်ဖြစ်နေပြီး နှာခေါင်းမှာလည်း သွေးများပန်းထွက်နေသည်။

ရှန်းထူနန်ထျန်း ပက်လက်လန်ကျသွားပြီး မြေပြင်ပေါ် ပြန်လဲကျသွားသည်။

သူ ခါးသီးစွာ ရယ်မောလိုက်သည်။

" မင်းက ဟိုကောင်လေးပဲ။ မင်းပဲ။ ငါ ဒါကိုသာ စောစောစီးစီးသိခဲ့ရင် မင်းကို လည်ပင်းညှစ်သတ်မိပဲ။ မဟုတ်ဘူး၊ ဒီလိုဖြစ်လာမယ်ဆိုတာ ငါသိရင် မင်းကို ပျက်စီးခြင်းသူလျှိုကို ဆွဲဆောင်ဖို့ မသုံးခဲ့ဘူး။ မင်းရဲ့နှလုံးသားကို ချက်ချင်းအပိုင်းပိုင်း ထုတ်ဖြတ်ပစ်လိုက်မှာ။ မင်းကိုချက်ချင်းသေခွင့်မပေးဘူး။ မင်းကို အကြိမ်တစ်ထောင်၊ တစ်သောင်းအထိ ထပ်ခါတလဲလဲ နှိပ်စက်မယ်။ မင်းပါးစပ်က သေချင်တယ်ပြောလောက်အောင် ငါ လုပ်ပစ်မှာ။ အား အား အား၊ ငါ မင်းကိုမုန်းတယ်၊ မုန်းတယ် "

ရှန်းထူနန်ထျန်းသည် ရူးနေသောသူတစ်ယောက်ကဲ့သို့ မြေပြင်ကို ရူးသွပ်စွာကုတ်ခြစ်နေသည်။

သူ့လက်ချောင်းမှ အသားများ စုတ်ပြဲလာပြီး သူ့လက်ချောင်းဆစ်များမှာ ဖြူဖျော့လာသည်။

ဝေါ့ ဖူး

ကြိုတင်သတိပေးခြင်းမရှိဘဲ ရှန်းထူနန်ထျန်း သွေးတစ်ပွက်ကို ထွေးထုတ်လိုက်သည်။

သူ့ခန္ဓာကိုယ်သည် ပြင်းထန်စွာတုန်ခါနေသည်။

သူ စိတ်လွတ်တော့မယောင် ဖြစ်နေသည်။

သူသည် တစ်ကိုယ်လုံး၌ ပြင်းထန်သောဒဏ်ရာများနှင့် ပြည့်နေပြီဖြစ်သည်။

ယီယွင်မှ သူ့ကို ခုနစ်သွယ်နတ်ဆိုးယင်ဆေးပြား ကျွေးလိုက်သောအခါ ရေခဲချီဓာတ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ဒေါသတရားသည် သူ့နှလုံးသားကို လောင်ကျွမ်းစေကာ ထိုပေါင်းစပ်မှုက သူ့ကို သွေးအန်စေခဲ့သည်။

သူသည် တကယ်ပင် ဒေါသကြောင့် သွေးအန်ထွက်ရသည်။

သေမျိုးများသည် သူတို့ကို ဒေါသထွက်စေသော အရာတစ်ခုခုနှင့် ကြုံတွေ့သောအခါ ဒေါသကြောင့် သေဆုံးနိုင်သည်။

ပုံမှန်အားဖြင့် စစ်သည်တော်တစ်ယောက်သည် ဤအဆင့်ကို ရောက်ရှိလေ့ရှိသည်။

ထိုအခါ သူတို့သည် စိတ်ဝိဉာဉ်နတ်ဆိုးများအဖြစ် အဆုံးသတ်သွားပေမည်။

ဒေါသမှ သူတို့၏ ကျင့်ကြံမှုကို လွှမ်းမိုးနိုင်သော စွဲလမ်းမှုတစ်ခု ဖြစ်လာသည်။

ထို့ကြောင့် ယီယွင်သည် ရှန်းထူနန်ထျန်း၏ စိတ်ဝိဉာဉ်နတ်ဆိုး ဖြစ်လာခဲ့သည်။

ယီယွင် မသေသရွေ့ ထိုဒေါသတရားသည် ရှန်းထူနန်ထျန်းကို တစ်သက်လုံး ဒဏ်ရာရစေလိမ့်မည်။

" ယီယွင်၊ ငါ ရှန်းထူနန်ထျန်းက မင်းကို အသက်ရှင်လျက် သေစေရမယ်လို့ ကျိန်ဆိုတယ် "

ယီယွင် ရှန်းထူနန်ထျန်းကို ကြည့်လိုက်သည်။

နောက်ဆုံး၌ ရှန်းထူနန်ထျန်းသည် သူ့ကို မှတ်မိသွားပြီဖြစ်သည်

သူ မအံ့သြသလို ဂရုမစိုက်လည်းပါချေ။

အကြောင်းမှာ ယွင်ရန်ထျန်း ယခင်က ဖော်ထုတ်ခဲ့တဲ့ အမုန်းတရားများသည် ယီယွင်အဖြစ် ဖော်ထုတ်ခဲ့သော အမုန်းတရားထက် အများကြီးကျော်လွန်နေသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ရှန်းထူနန်ထျန်း သူ့ကို ဖော်ထုတ်လိုက်သည်မှာ ကြီးမားသောကိစ္စ မဟုတ်ပေ။

ယီယွင် မေးစေ့ကို လက်တစ်ဖက်နှင့် ဖိထားလျက် မျက်နှာဖုံးကို ဖြည်းဖြည်းချင်း ချွတ်လိုက်သည်။

အပိုင်း ( ၄၂၄ )

မကောင်းဆိုးဝါး စွမ်းအင် ထည့်ခြင်း

မျက်နှာဖုံးကို ချွတ်လိုက်သောအခါ အလွန်ရင်းနှီးပြီး မုန်းတီးသော မျက်နှာကို ရှန်းထူနန်ထျန်း မြင်လိုက်ရသည်။

" ယီယွင်၊ တကယ် မင်းပဲ "

ရှန်းထူနန်ထျန်း လက်သီးကို တင်းကြပ်စွာ ဆုပ်လိုက်သည်။

သူ၏လက်သည်းများသည် လက်ဖဝါးသွေးထွက်သည်အထိ စိုက်ဝင်သွားသည်။

" မင်း .... သေချာပေါက် ခုနစ်သွယ်နတ်ဆိုးဆေးကို မြိုချလိုက်တယ်။ ဘာ ...... ဘာလို့ မင်းရဲ့ ကျင့်ကြံစဉ်က မပျက်စီးသေးတာလဲ "

ယီယွင်ကို ကယ်တင်သွားသည်မှာ လပိုင်းမျှသာ ရှိသေးသောကြောင့် ရှန်းထူနန်ထျန်း၏ စိတ်ထဲ၌ ယီယွင်သည် ကျင့်ကြံစဉ်ပျက်စီးနေသူဖြစ်သည်။

ထိုသို့နေရသည်က သေရသည်ထက် ပိုဆိုးသည်။

သို့သော် ယီယွင်ကဲ့သို့ မကြာခင်သေရမည့်သူသည် သူ့အရှေ့၌ရပ်ကာ သူ၏ကံကြမ္မာကို ထိန်းချုပ်နေမည်ဟု ရှန်းထူနန်ထျန်း ထင်မထားပေ။

ထိုစဉ်က သူလုပ်ခဲ့သော လုပ်ရပ်များမှာ တစ်ပုံစံတည်း ပြန်လာနေသည်။

လွန်ခဲ့သောလအနည်းငယ်က သူ ဂရုမစိုက်ဘဲ သေလုမျောပါးခြေချလိုက်သော ပုရွက်ဆိတ်တစ်ကောင်သည် လအနည်းငယ်ကြာပြီးနောက် သူ့ကို ပြန်နင်းသလိုဖြစ်နေသည်။

ပုရွက်ဆိတ်တစ်ကောင်မှ လူတစ်ယောက်အား သေလုမြောပါး ပြန်ခြေနင်းနေပုံမှ လုံးဝ မယုံနိုင်စရာကိစ္စ ဖြစ်စည်။

ထိုစဉ်က ချူးတော်ဝင်အိမ်တော်၌ ရှန်းထူနန်ထျန်း ယီယွမ်ကို ဖယ်ရှားနေချိန် ဤမျှထိတ်လန့်စရာကောင်းသော ပြောင်းပြန်လှန်မှုကြီးတစ်ခု ဖြစ်လာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

" မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

ရှန်းထူနန်ထျန်းသည် ရူးနေသကဲ့သို့ စကားတစ်ခွန်းတည်းကိုသာ ထပ်ခါထပ်ခါ ပြောနေခဲ့သည်။

ယီယွင်သည် သူ့လက်ကောက်ဝတ်ကို ညင်သာစွာ ညှစ်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

" စီနီယာ လမ်းပြလူငယ်မှာ ထူးခြားတဲ့ ကုသနည်းရှိတယ်။ ပြီးတော့ ငါ့ရဲ့ မျိုးရိုးဗီဇပြောင်းလဲထားတဲ့ မျက်လုံးတွေကို အသုံးပြုပြီး စီနီယာ လမ်းပြလူငယ်ကို လမ်းညွှန်ပေးခဲ့တာ။ အဲ့တော့ သူက ကျွန်တော့်ရဲ့ပျက်စီးသွားတဲ့သွေးကြောတွေကို ကုသပေးနိုင်ခဲ့တယ်။ ကြားထဲမှာ လှည့်ကွက်တွေ ရှိသေးပေမယ့် ဘေးထွက်ဆိုးကျိုးတွေ မကျန်ခဲ့ဘူး။ ခင်ဗျားအတွက်ကတော့ အဲ့ဒီလို မဖြစ်နိုင်လောက်ဘူး ...... "

ယီယွင်သည် ရှန်းထူနန်ထျန်းကို ကုသပေးရမည့်ကိစ္စကို လမ်းပြလူငယ်စီနီယာဆီ အလွယ်တကူ တွန်းပို့လိုက်သည်။

လမ်းပြလူငယ်သည် ထူးကဲသောနည်းလမ်းများ ရှိသည်။

သူသည် မရဏကောင်းကင်သိုင်းကွက်ကြောင့် ဒုက္ခရောက်နေသည့်ကြားမှ ရှန်းထူမိသားစုအကြီးအကဲများ တည်ဆောက်ထားသော တိုက်ပွဲပုံစံကိုပင် ဝင်ထွက်နိုင်လေရာ ယီယွင်ကို ကုသပေးနိုင်သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။

ထို့အပြင် ယီယွင်၏ စွမ်းအင်အမြင်သည် အခြားသူများအတွက် အလွန်လျှို့ဝှက်ဆန်းကြယ်သောအရာတစ်ခု ဖြစ်သည်။

သူ အလိုရှိသလို ပြောနိုင်သည်။

ယီယွင်၏ သရုပ်မှန်အစစ်ကို သိပြီးနောက် ရှန်းထူနန်ထျန်း လုံးဝ လက်မြှောက်ရတော့သည်။

သူသည် ပါးစပ်ပွင့်ဟနေပြီး မျက်နှာလည်း ဖြူဖျော့သွားသည်။

သူသည် အသက်မဲ့သောအခြေအနေအဖြစ် ကျရောက်နေသည်။

မူလက ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ရန်လိုမှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများကြောင့် ရှန်းထူနန်ထျန်း အလွန်ဒေါသထွက်သည့် အခြေအနေမှာ ရှိနေခဲ့သည်။

သို့သော် ယခုအခါ အသက်အန္တရာယ်ပင် ရှိနိုင်သည့် ထိုးနှက်ချက်ဖြင့် သူ့ကို ရိုက်ခတ်ခံရသောကြောင့် ရှန်းထူနန်ထျန်း အဖြစ်မှန်ကို လက်မခံနိုင်ဖြစ်နေသည်။

ကံကြမ္မာပြောင်းပြန်လှန်မှုကို သူ လက်မခံနိုင်နေပေ။

ဧကရာဇ်တစ်ပါးသည် သူတောင်းစားတစ်ယောက်ကို ခေါင်းဖြတ်ရန် ပြစ်ဒဏ်ချမှတ်သည်မှာ ရိုးရှင်းသောကိစ္စဖြစ်သည်။

စဉ်းစားစရာ ဘာမှမရှိသော်လည်း လအနည်းငယ်ကြာပြီးနောက် သူတောင်းစားမှ ပုန်ကန်ပြီး ဧကရာဇ်ကို နန်းချနှိပ်စက်ညှဉ်းပန်းနိုင်မည်ကို မည်သူမှ မထင်ထားလောက်ပေ။

ဧကရာဇ်ကရော ဘယ်လိုဖြစ်နေမလဲ။

စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဟုပင် ဖော်ပြရန် မလုံလောက်တော့ပေ။

" ဒီအဆိပ်ခုနစ်သွယ်နတ်ဆိုးယင်ဆေးက မပြီးသေးဘူး "

ယီယွင်သည် ရှန်းထူနန်ထျန်းကို ကြည့်ပြီး လျစ်လျူရှုလိုက်သည်။

လက်တစ်ထောင်အဖွားသည် လွန်စွာ စိုးရိမ်ပူပန်နေသည်။

သူမ၏ခေါင်းပေါ်ရှိ အဖြူရောင်ဆံပင်များ ထောင်လာသည်။

" ကောင်လေး၊ မင်း ...... _

လက်တစ်ထောင်အဖွား၏ စကားမဆုံးခင်မှာပင် ယီယွင်သည် သူ့လက်ချောင်းများကို လှုပ်ယမ်းလိုက်ပြီး စိတ်စွမ်းအင်နှင့် အဆိပ်ခုနစ်သွယ်နတ်ဆိုးယင်ဆေးကို လက်တစ်ထောင်အဖွား၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

" အား "

လက်တစ်ထောင်အဖွားသည် မြေပြင်ပေါ် ဝပ်သွားပြီး အော်ဟစ်လိုက်သည်။

သူမ အော့အန်ရန် ကြိုးစားပါသော်လည်း အဆိပ်ခုနစ်သွယ်နတ်ဆိုးယင်ဆေးသည် သူမ၏ဗိုက်ထဲသို့ ရောက်နေပြီဖြစ်သည်။

ကြောက်စရာကောင်းသော ရေခဲချီဓာတ်သည် လက်တစ်ထောင်အဖွား၏ သွေးကြောများထဲ ဖြည်းဖြည်းချင်း စိမ့်ဝင်လာသည်။

ဆေးအနှစ်များ သူမ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့် လက်တစ်ထောင်အဖွားမှာ တုန်ရီလာတော့သည်။

သူမ၏ခြောက်သွေ့နေသော နှုတ်ခမ်းမှာ ဖြူဖျော့သွားပြီး သူမ မျက်ခုံးနှင့်မျက်နှာပေါ်၌ ရေခဲအလွှာပါးတစ်ခု ဖြစ်ပေါ်နေသည်။

လက်တစ်ထောင်အဖွားသည် ရှန်းထူနန်ထျန်းထက်ပင် အဆိပ်ခုနစ်သွယ်နတ်ဆိုးယင်ဆေးကို ပိုစားခဲ့ရသည်။

သို့သော် လက်တစ်ထောင်အဖွား၏ ကျင့်ကြံစဉ်အခြေခံမှာ ရှန်းထူနန်ထျန်းထက် အများကြီးပိုကောင်းသည်။

ယီယွင်သည် အဆိပ်ခုနစ်သွယ်နတ်ဆိုးယင်ဆေး၏ ဆေးအနှစ်များ လက်တစ်ထောင်အဖွား ခန္ဓာကိုယ်ထဲ လည်ပတ်နေသည်ကို စောင့်ကြည့်ရန် သူ၏စွမ်းအင်မြင်ကွင်းကို ဖွင့်ထားခဲ့သည်။

မကြာမီမှာပင် ဆေးအနှစ်များ ပျံ့နှံ့သွားသည်ကို မြင်လိုက်သည်။

ထိုဆေးသည် သူမ၏သက်တမ်းတစ်ဝက်ကို နှုတ်ယူသွားသော်လည်း သူမ၏ကျင့်ကြံစဉ်ကို လုံးဝ ချိုးဖျက်မသွားပေ။

သို့သော် သူမ၏သွေးကြောများထဲသို့ ရေခဲချီများဝင်ရောက်လာသည်နှင့်အမျှ အာနိသင်တစ်ခု ကျန်ရှိနေခဲ့မှာဖြစ်ပြီး သူမ၏ခွန်အားကို ပြင်းထန်စွာ ထိခိုက်စေပေမည်။

" မင်း .… မင်း … အသေဆိုးနဲ့သေရမယ် "

လက်တစ်ထောင်အဖွားအိုသည် အသက်ရှူမဝတော့ပေ။

သူမ အသက်ရှူလိုက်တိုင်း ရေခဲအမှုန်အမွှားများ ထွက်လာသည်။

သို့သော် ထိုကျိန်ဆဲချက်သည် ယီယွင်အတွက် ခြင်ကိုက်ခြင်းနှင့် မကွာခြားပေ။

တိုက်ပွဲ၌ တစ်ဖက်ကို အနိုင်မယူနိုင်သည့်အခါ အရှုံးရင်ဆိုင်ရသူသည် တစ်ဖက်လူကို ရှုတ်ချရန် ရိုင်းစိုင်းသောစကားလုံးများ အသုံးပြုပေလိမ့်မည်။

ဆေးအနှစ်သည် လက်တစ်ထောင်အဖွား လေ့ကျင့်ထားသော ယွမ်ချီအား ဖျက်ဆီးနေသည်ကို မြင်သောအခါ ယီယွင်သည် သူ၏ လက်စွပ်ကို ထိပြီး သားရဲအရိုးများကို ထုတ်ယူလိုက်သည်။

နောက်ဆုံးကိစ္စတစ်ခု ကျန်သေးသည်။

ယီယွင်သည် အနက်ရောင်မကောင်းဆိုးဝါးစွမ်းအင်ပါရှိသော မီးမျက်လုံးနီဝံပုလွေ၏အရိုးများကို သူ့လက်ထဲတွင် ကိုင်ထားသည်။

အတွေးတစ်ခုဖြင့် ခရမ်းရောင်သလင်းကျောက်တုံးထဲမှ မကောင်းဆိုးဝါးစွမ်းအင်ကို ထုတ်ယူလိုက်သည်။

လက်တစ်ထောင်အဖွားနှင့် ရှန်းထူနန်ထျန်းတို့ ရုန်းကန်နေစဉ် ယီယွင်သည် အနက်ရောင်စွမ်းအင်ကို ထိန်းချုပ်ပြီး ရှန်းထူနန်ထျန်း၏နှလုံးသားထဲသို့ နောက်ကျောမှ တစ္ဆေတစ်ကောင်ကဲ့သို့ ဝင်လိုက်စေသည်

ဝှီး

အနက်ရောင်အငွေ့သည် ရှန်းထူနန်ထျန်း၏ အသားထဲသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်သွားသော တစ္ဆေတစ်ကောင်ကဲ့သို့ ဝင်သွားသည်။

ထိုခဏတွင် ရှန်းထူနန်ထျန်း၏ ခန္ဓာကိုယ်သည် ရုတ်တရက်တုန်ခါသွားသည်ကို ခံစားလိုက်ရသော်လည်း ဘာမှပြောင်းလဲမှုမရှိပေ။

ယီယွင်သည် ရှန်းထူနန်ထျန်း၏ခန္ဓာကိုယ်ထဲ ဝင်သွားသော အနက်ရောင်အငွေ့အား ရှန်းထူနန်ထျန်းသာမက လက်တစ်ထောင်အဖွားကိုလည်း မြင်စေလိုခြင်းမရှိပေ။

သူသည် အနက်ရောင်စွမ်းအင်ကို လိုချင်သလို ထိန်းချုပ်နိုင်ကြောင်း သူတို့သိပါက အကျိုးဆက်မှာ အလွန်ဆိုးရွားပေလိမ့်မည်။

အရာအားလုံးပြီးသွားပြီးနောက် ယီယွင် သက်ပြင်းချလိုက်သည်။

သူ အလွန်ကောင်းမွန်သွားသည်ဟု ခံစားရသည်။

သူသည် ခံနိုင်ရည်ရှိပြီး သူ၏ရည်ရွယ်ချက်များကို ဖုံးကွယ်ထားနိုင်သော်လည်း ထိုသည်ကို နှစ်သက်သည်ဟု မဆိုလိုပေ။

သူသည် အငြိုးအတေးများကို လျင်မြန်စွာအဆုံးသတ်ပြီး ပေါ့ပေါ့ပါးပါး နေထိုင်ခြင်းကို ပို၍နှစ်သက်သည်။

ယီယွင်သည် သူ့ကိုယ်သူ လူကြီးလူကောင်းတစ်ယောက်ဟု ဘယ်သောအခါမှ မထင်ဖူးပေ။

သူသည် အငြိုးအတေးရှိပါက လက်စားချေမည်မှာ သေချာသည်။

သူသည် တစ်ဖက်လူကို မုန်းတီးနေပါက ရက်ရောဟန်ဆောင်မည် မဟုတ်ပေ။

"လူကြီးလူကြီးတစ်ယောက် လက်စားချေရန် ဆယ်နှစ်ဆိုသောအချိန်မှာ မကြာချေ" ဆိုသော စကားပုံနှင့် ပတ်သက်ပြီး ယီယွင် အတော်သနားစရာကောင်းသည်ဟု ခံစားရသည်။

လက်စားချေမှုကို အချိန်တိုအတွင်း ပြီးမြောက်နိုင်မယ်ဆိုရင် ဘယ်သူက ဆယ်နှစ်ထိ စောင့်ချင်မှာလဲ။

ယီယွင် စိတ်အေးချမ်းသာစွာနှင့် ထောင်ထဲမှ ထွက်လာခဲ့သည်။

ထောင်ဝင်ပေါက်၌ လင်ရှင်းထုံကို သူ တွေ့လိုက်သည်။

လင်ရှင်းထုံသည် ပုံမှန်အတိုင်း အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

မှောင်မိုက်သော ထောင်ဝင်ပေါက်ဝ၌ သူမသည် နေရာနှင့်လူ မလိုက်ဖက်သလို ဖြစ်နေသည်။

ငရဲကို လမ်းလွဲလာသော နတ်သမီးတစ်ပါးလို ထင်ရသည်။

ယီယွင်၏အမူအရာကို မြင်ပြီး လင်ရှင်းထုံ၏နှုတ်ခမ်း အနည်းငယ်ကွေးတက်သွားသည်။

" ရှန်းထူနန်ထျန်းကို သွားတွေ့တာလား "

" ဟုတ်တယ် "

ယီယွင် ခေါင်းညိတ်သည်။

မူလက မဟာဧကရီလျှို့ဝှက်ဆန်းကြယ်နယ်မြေ အချက်အလက်များနှင့် လဲလှယ်ရန် ရှန်းထူနန်ထျန်းကို ချမ်းသာပေးဖို့ ရည်ရွယ်ခဲ့သည်။

သို့သော် ယီယွင်သည် ရက်စက်သော အကြံအစည်နှင့် ရှန်းထူနန်ထျန်းကို လွှတ်မပေးခင် အရင်ဆုံး ညှဉ်းပန်းနှိပ်စက်ခဲ့သည်။

လင်ရှင်းထုံသည်လည်း ဤအကြောင်းကို သတိပြုမိခဲ့သည်။

လင်ရှင်းထုံသည် ယီယွင် မျက်နှာဖုံး ချွတ်လိုက်ကြောင်း သတိထားမိလိုက်သည့်အခါ ရှန်းထူနန်ထျန်းသည် ယီယွင်၏သရုပ်မှန်ကို သိသွားပြီဖြစ်ကြောင်း သိလိုက်သည်။

ရှန်းထူနန်ထျန်း မည်သို့အတွေးမျိုး ရှိနေသည်လဲဆိုတာ သူမ မသိပေ။

ထိုအကြောင်း စဉ်းစားမိသည့်အခါ လင်ရှင်းထုံ ရှားပါးစွာဖြင့် ပျော်ရွှင်သော အပြုံးတစ်ခုကို ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

" မင်းကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တဲ့သူတွေက သူတို့အပေါ် ကံဆိုးမှုတွေ ကျရောက်လိမ့်မယ်။ သူတို့ အဆုံးသတ်ကောင်းတွေ ရှိမှာ မဟုတ်ဘူး "

" အာ ..... "

ယီယွင် မလုံမလဲဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

သူ မရှက်ခဲ့သောအရာများကို လုပ်ခဲ့သော်လည်း လင်ရှင်းထုံမှ နားလည်သဘောပေါက်သွားသည်ကို မြင်သည့်အခါ မကောင်းသောအရာတစ်ခုခု လုပ်ခဲ့သလို ခံစားရသည်။

" ကျွန်တော်က အဲ့ဒီလောက်တောင် မကောင်းဆိုးဝါးဆန်နေလို့လား ..... "

လင်ရှင်းထုံက ရယ်လိုက်ပြီး

" ရန်သူကိုတော့ သေချာပေါက် ကရုဏာပြဖို့က မလိုအပ်ပါဘူး။ မင်း လုပ်ခဲ့တာတွေက မှန်ပါတယ်။ တကယ်တော့ မင်းလို သူငယ်ချင်းတစ်ယောက်နဲ့ဆို ငါစိတ်အေးလက်အေးရှိတယ်။ ငါ မလုပ်နိုင်တဲ့ အရာတွေအများကြီးကို မင်းကလုပ်နိုင်တယ်။ တချို့ကိစ္စကတော့ ငါတောင် မစဉ်းစားမိတဲ့ အရာတွေလည်း ဖြစ်နိုင်တယ်။ ငါ့ရဲ့ခွန်အားက မင်းထက် သိသိသာသာ မြင့်ပေမယ့် မင်းကြောင့် ငါက အကာကွယ်ခံထားရသလို ခံစားရတယ် "

လင်ရှင်းထုံ ပြောလျက် ရယ်လိုက်သည်။

ဒါက ထူးဆန်းတဲ့ ခံစားချက်ပဲ။

သူမသည် ငယ်စဉ်က အပယ်ခံရပြီး ကံဆိုးသောဘဝတစ်ခု ကြုံခဲ့ရသည်။

အဖွားတော်သည် သူမအပေါ် ကောင်းပေးသော်လည်း အဖွားတော်၏ ရာထူးမှာ မြင့်မားလှသည်။

လင်မိသားစု၏ အတွင်းရေးကိစ္စများကို လင်မိသားစုအဖွားတော်မှ ဆုံးဖြတ်ပေးနေသူဖြစ်၍ လင်ရှင်းထုံနှင့် ဝေးကွာနေသလို ခံစားခဲ့ရသည်။

လင်အဖွားတော်၌ မြေးများစွာ ရှိသည်။

လင်ရှင်းထုံသည် မြေးများထဲမှ တစ်ယောက်သာ ဖြစ်သည်။

ထို့ကြောင့် လင်ရှင်းထုံသည် လင်အဖွားတော်၏ အရှေ့မှာပင် အလွန်သတိထား ပြုမူရသည်။

စုကျဲ ပေါ်လာမှသာ လင်ရှင်းထုံသည် တစ်စုံတစ်ယောက်ကို အားကိုးနိုင်သည်ဆိုသောခံစားချက်ကို ပထမဆုံး ခံစားမိခဲ့သည်။

သို့သော် ….. စုကျဲသည် အသက်ကြီးသူတစ်ယောက်ဖြစ်၍ သူ့ဆီက ကာကွယ်ခံရသည်မှာ သူမအတွက် ပုံမှန်ဖြစ်သည်။

ယခုအခါ ဤသို့ ကာကွယ်ခံရသော ခံစားချက်ကို သူမနှင့် မျိုးဆက်တူ လူငယ်တစ်ယောက်ဆီမှ ခံစားရသည်။

ဤသည်မှာ သူမ၏ ပထမဆုံးအကြိမ်ဖြစ်ပြီး အလွန်အံ့ဩစရာကောင်းသည်ဟု ထင်မိသည်။

လင်မိသားစု ယီယွင်နှင့် ပထမဆုံးအကြိမ် သိစဉ်က လင်ရှင်းထုံ အလွန်အံ့သြသွားခဲ့ရသည်။

ထိုအချိန်က ယီယွင်မှ သူမအား ကာကွယ်ပေးလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။

ယီယွင်သည် ကြပ်တည်းနေသော သူမ၏ ဝမ်းနည်းဖွယ်ကံကြမ္မာမှ လွတ်မြောက်စေခဲ့သည်။

ထိုသည်မှာ အိပ်မက်တစ်ခုလိုပင် ဖြစ်သည်။

" ဒီတစ်ခါတော့ မင်းရှန်းထူနန်ထျန်းကို လုံးဝ စော်ကားလိုက်ပြီ။ သူက မင်းရဲ့သွေးကို သောက်ပြီး အသားကို စားဖို့ မစောင့်နိုင်လောက်တော့ဘူး။ နောက်ဆို မင်း ပိုသတိထားရမယ် "

လင်ရှင်းထုံသည် လေးနက်သွားပြီး ယီယွင်ကို သတိပေးသည်။

ယီယွင်သည်လည်း ထိုကိစ္စကို သိကာ ပြောသည်။

" ကျွန်တော်သိပါတယ်။ ဒါပေမယ့် တခြားနည်းလမ်းလည်း မရှိဘူး။ သူတို့ရဲ့ ဆေးပညာစမ်းသပ်မှုကို နှောင့်ယှက်ရုံနဲ့တင် သူတို့က သတ်ချင်လောက်နေမှာ။ အနာဂတ်မှာ ဘာမှမလုပ်ရင်တောင် အသုံးမဝင်ဘူး "

" ဒါပေမယ့် ဒီတစ်ခါ ရှန်းထူနန်ထျန်း အများကြီး ဒုက္ခရောက်သွားပြီ။ မျိုးဆက်သစ်တွေကြားမှာ ခေါင်းဆောင်တစ်ယောက်အဖြစ် ဆက်လက်ရပ်တည်ဖို့ လွယ်ကူမှာ မဟုတ်ဘူး ...... "

ရှန်းထူနန်ထျန်း၏ ဝမ်းနည်းဖွယ်အခြေအနေသည် ရှည်လျားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။

သူသည် ဝိဉာဉ်ထိခိုက်ပျက်စီးသွားသည်။ သူ့ခန္ဓာကိုယ် ဒဏ်ရကာ ပျက်စီးသည်။ ရေခဲအဆိပ်သည်လည်း သူ့ခန္ဓာကိုယ်ထဲ ဝင်သွားသည်။

ရေခဲအဆိပ်နှင့် စိတ်ဝိဉာဉ်နတ်ဆိုးကို ဖြစ်စေခဲ့သော ဒေါသကြောင့် သူ ဒေါသသွေးအန်ခဲ့သည်။

ဤကိစ္စများအားလုံး ပေါင်းလိုက်ပါက မည်မျှပင် စိတ်ပိုင်းဖြတ်ထားသည်ဖြစ်စေ ရှန်းထူနန်ထျန်းသည် သူ့အပေါ် သက်ရောက်မှုမရှိမည်မှာ သေချာသည်။

" သွားကြစို့။ ကျောက်စိမ်းဝါးတောင်ထိပ်ကို သွားဖို့ ငါ့အနောက်ကို လိုက်ခဲ့ပါ။ မင်းကတော့ လာမယ့်ရက်တွေအတွင်း ကျောက်စိမ်းဝါးတောင်ထိပ်မှာ နားနေနိုင်တယ်။ အဖွားတော်ကလည်း မင်းနဲ့ စကားပြောချင်နေတယ်။ ပြီးတော့ .… မကြာခင် ရှန်းထူမိသားစုက လူတွေ ရောက်လာတော့မယ်။ သူတို့က မဟာဧကရီလျှို့ဝှက်နယ်မြေအကြောင်း အချက်အလက်တွေ ယူဆောင်လာဖို့ စီစဉ်နေလောက်တယ် "

လင်ရှင်းထုံ၏ စကားများက ယီယွင်ကို စဉ်းစားမိစေသည်။

မဟာဧကရီလျှို့ဝှက်နယ်မြေနှင့် ပတ်သက်သော အချက်အလက်များအတွက် ရှန်းထူမိသားစုမှ မြန်ဆန်စွာ ဆောင်ရွက်နေသည်မှာ သေချာသည်။

ဤမှတဆင့် ရှန်းထူမိသားစုအတွက် ရှန်းထူနန်ထျန်း မည်မျှအရေးကြီးကြောင်းကိုလည်း ပြသနေတယ်။

ဒါက သတင်းကောင်းပဲ။

မဟာဧကရီလျှို့ဝှက်နယ်မြေကနေ လင်ရှင်းထုံကို ကုသဖို့ ကောင်းမွန်တဲ့ ဖြေရှင်းချက်တစ်ခုကို သူတို့ တကယ် ရှာတွေ့နိုင်ပါ့မလား။

All Chapters