အခန်း (၄၂၅-၄၂၇)
Vol. 29 Ch. 425-427
အပိုင်း ( ၄၂၅ )
သရေဖျက်ခြင်း
ကျောက်စိမ်းဝါးတောင်ထိပ်၌ စိမ်းလန်းစိုပြေသော ဝါးပင်များဖြင့် ဖုံးလွှမ်းထားသည်။
ဝါးတောအတွင်းတွင် ကျောက်စိမ်းဝါးမျှော်စင်ဟုခေါ်သော မျှော်စင်တစ်ခုရှိသည်။
ထိုနေရာသည် ကျယ်ဝန်းလှသည် မဟုတ်သော်လည်း အလွန်ခမ်းနားထည်ဝါလှသည်။
ဤသည်မှာ လင်မိသားစုအဖွားတော် နေထိုင်ရာနေရာဖြစ်သည်။
သူတို့၏သက်တမ်းကို ဆန့်နိုင်ရန် လောကီရေးရာများကို မေးခွန်းမထုတ်ဘဲ ကျင့်ကြံစဉ်များကိုသာ ရည်စူးထားသော အကြီးအကဲအနည်းငယ်မှလွဲ၍ လင်အဖွားတော်ကသာ အမှန်တကယ် လင်မိသားစုကို တာဝန်ယူလေသည်။
ထို့ကြောင့် ကျောက်စိမ်းဝါးမျှော်စင်သည် လင်မိသားစုထဲရှိ အမြင့်ဆုံးအာဏာရှိသောနေရာဖြစ်လာခဲ့သည်။
လက်ရှိအချိန်၌ ကျောက်စိမ်းဝါးမျှော်စင်ထဲတွင် အဖွားတော်လင်သည် သူမ၏ထိုင်ခုံပေါ်တွင် ထိုင်နေသည်။
အစေခံမိန်းကလေးနှစ်ဦးသည် သူမ၏ပခုံးများကို နှိပ်နယ်ပေးနေပြီး သူမ၏ဘေးတွင် ရပ်နေကြသည်။
သူမ၏မျက်လုံးများသည် အနည်းငယ်မှိတ်ထားပြီး အိပ်ပျော်တော့မည့်အလားဖြစ်နေသည်။
အပေါ်ယံကြည့်ပါက အဖွားတော်လင်သည် ချမ်းသာပြီး မြင့်မြတ်သောမိသားစုမှ သာမန်အဖွားအိုတစ်ဦးကဲ့သို့ ထင်ရသည်။
အသက်ကြီးရင့်သူတစ်ဦးသည် စိတ်ပိုင်းဆိုင်ရာစွမ်းအင် ချို့တဲ့နေတတ်သောကြောင့် တစ်ခါတစ်ရံ အိပ်ပျော်သွားတတ်သလို သူမလည်း ငိုက်မြည်းနေသည်။
" အဖွားတော်လင် ...... "
ခမ်းနားထည်ဝါသော ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဝင်လာပြီး အဖွားတော်လင်ကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
သူမသည် လင်ရှင်းထုံ၏ အဒေါ်ကြီးဖြစ်သည်။
" အိုး၊ ဖန်းကူ ...... "
အဖွားတော်လင်သည် မျက်လုံးကို အနည်းငယ်ဖွင့်လိုက်သည်။
သူမကို လှမ်းကြည့်လိုက်ပြီးနောက် အဖွားလင်းသည် ခေါင်းညိတ်ကာ ထိုင်ခုံတွင် ထိုင်ရန် လက်ဟန်ပြလိုက်သည်။
လင်ရှင်းထုံ၏ အဒေါ်ဖြစ်သူ လင်ဖန်းကူသည် လင်မိသားစုနှင့် ရှန်းထူမိသားစု အိမ်ထောင်ဆက်ကာ မဟာမိတ်ဖွဲ့ရန် ယခင်က တွန်းအားပေးခဲ့ဖူးသည်။
ရှန်းထူမိသားစုမှ မကောင်းသော ရည်ရွယ်ချက်များရှိကြောင်း သက်သေပြနိုင်သော်လည်း လင်ဖန်းကူကဲ့သို့သော လူများသည် အပြစ်ပေးခြင်းမခံရဘဲ ဆုံးမခံရရုံသာ ဖြစ်သည်။
ပြောရလျှင် ရှန်းထူမိသားစုဘက် ရပ်တည်သူ အလွန်များပြားလှသည်။
လင်အဖွားတော်ကိုယ်တိုင်ပင် လင်ရှင်းထုံအား အမတေကို စားရန် နောက်ဆုံးအချိန်ထိ အမိန့်ပေးခဲ့သည်။
ဤအတွက် လင်အဖွားတော်သည် ဤသင်ခန်းစာကို မှတ်မိစေရန် သုံးရက်ကြာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့သည်။
" လင်အဖွားတော်၊ ယွင်ရန်ထျန်းအကြောင်းပါ ...... "
နန်းတွင်းဝတ်စုံဝတ်ထားသော အမျိုးသမီးကြီးသည် မနှစ်မြို့ဖွယ် ပြောလိုက်သည်။
သူမသည် ယီယွင်အပေါ် အမြင်မကောင်းမှု များစွာရှိနေဆဲဖြစ်သည်။
"အိုး "
လင်အဖွားတော် မျက်မှောင်ကြုတ်လိုက်သည်။
လင်ဖန်းကူသည် ကောင်းသည့်ကိစ္စ ပြောမည်မဟုတ်ဟု သူမ ထင်မိသည်။
" သူ့အကြောင်း ဘာဖြစ်လို့လဲ "
" ဒါက ဒီလိုပါ။ သူ့အကြောင်း အချက်အလက်တချို့ ကျွန်မ ရထားတယ်။ သူ့ရဲ့အမည်ရင်းက ယီယွင်ဖြစ်ပြီးတော့ အရှေ့ပိုင်းဒေသမှာ မွေးလာတာ။ ပြီးတော့ အရှေ့ပိုင်းဒေသထဲမှာတောင် သူက ပုံမှန်အရပ်သားတစ်ယောက်ပဲ။ သူ့ရဲ့နောက်ခံက ပိုပြီးနိမ့်ကျစရာတောင် မရှိဘူး "
" ဒါက အရေးကြီးဆုံး မဟုတ်သေးဘူး။ အရေးကြီးဆုံးက သူ့မှာ မျိုးရိုးနာမည်ကွဲတဲ့ အစ်မတစ်ယောက်ရှိနေသေးတယ်။ သူ့အစ်မက တကယ်တော့ ..… ပျက်စီးခြင်းလူမျိုးက။ အဲ့တာအပြင် သူမက ပျက်စီးခြင်းလူမျိုးမှာ အရမ်းအရေးကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ။ သူ့အစ်မရဲ့သရုပ်မှန် ဖော်ထုတ်ခံရပြီးတော့ ဒီယီယွင်က သူ့အစ်မ လွတ်မြောက်အောင် မရမက ကာကွယ်ပေးခဲ့တယ်။ ပျက်စီးခြင်းလူမျိုးသူလျှိုတစ်ယောက်ကို ခိုးဝင်တိုက်ခိုက်ဖို့ အခွင့်အရေးပေးခဲ့တာ "
" ဒီအကြောင်းကြောင့် သူ ထောင်ချခံခဲ့ရတယ်။ ဒါပေမယ့် ဒီယီယွင်က လမ်းပြလူငယ်နဲ့ တစ်ခုခု ပတ်သက်နေပုံရတယ်တဲ့။ ရက်နည်းနည်းကြာပြီးတော့ လမ်းပြလူငယ်က လူသားတွေ ဝိုင်းတာကို ခံရမယ့် အန္တရာယ်ထဲ ကိုယ်တိုင်ရောက်လာပြီး သူက ယီယွင်ကို ကယ်သွားခဲ့တာ။ ဒီအကြောင်းကြောင့် သူက တော်တော်လေး ကြီးတဲ့တန်ဖိုးကို ပေးခဲ့ရတယ် "
" အဲ့တာကြောင့် ယီယွင်က တကယ်ကျ ပျက်စီးခြင်းလူမျိုးရဲ့ သူလျှိုတစ်ယောက်လို့ ကျွန်မ သံသယရှိတယ်။ သူက ကျွန်မတို့ရဲ့ လင်မိသားစုဆီကိုလာတာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိလောက်တယ် "
လင်ဖန်းကူ၏ ကောက်ချက်ချမှုများက လင်အဖွားတော်ကို မျက်မှောင်ကြုတ်စေမိသည်။
" နင် ဒါကို ဘယ်က ကြားခဲ့တာလဲ "
"အဲ့တာ ...... "
လင်ဖန်းကူ မပြောခင် တွန့်ဆုတ်နေခဲ့သည်။
" ကျွန်မ ရှန်းထူနန်ထျန်းစီကို သွားလည်ဖို့ ထောင်ထဲကို သွားခဲ့တယ်။ ရှန်းထူနန်ထျန်းက ကျွန်မကို ပြောခဲ့တာ ...... "
" ရှန်းထူနန်ထျန်း "
လင်မိသားစုအဖွားတော်၏ မျက်ခုံးများ အပေါ်သို့ တွန့်လိမ်သွားသည်။
သူမသည် လက်ရှိအချိန်၌ ရှန်းထူနန်ထျန်း၏ စကားများကို အလွယ်တကူ မယုံနိုင်ပေ။
အကယ်၍ သူလိမ်ခဲ့ပါက အလွယ်တကူ ဖော်ထုတ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ ယီယွင်၏ဆရာဖြစ်သူ စုကျဲရှိနေပြီး သူ့ကို မေးခွန်းထုတ်နိုင်သည်။
ထို့အပြင် အရှေ့ပိုင်းဒေသသို့ တစ်စုံတစ်ယောက် စေလွှတ်ခြင်းအားဖြင့်လည်း အလွယ်တကူ သိရှိနိုင်သည်။
" သူ့မှာ ပျက်စီးခြင်းလူမျိုး အစ်မတစ်ယောက်ရှိတယ် ..... "
ဤသည်မှာ မှန်ကန်နိုင်သည်ကို အဖွားတော်လင် သိသည်။
ပျက်စီးခြင်းလူမျိုး သူလျှိုအတွက် ယီယွင်မှ ကာကွယ်ပေးသည်ဆိုသောအချက်မှာ လင်ဖန်းကူသို့မဟုတ် ရှန်းထူနန်ထျန်းမှ ရည်ရွယ်ချက်ရှိရှိ စကားလုံးလိမ်ထားသည်ဟု လင်မိသားစုအဖွားတော် ယုံကြသည်။
" အဲ့ဒီတုန်းက ယီယွင်ကို ထောင်ချခဲ့တဲ့သူက ရှန်းထူနန်ထျန်း မဟုတ်လား "
လင်အဖွားတော်သည် ဤကိစ္စ၏ အဓိကအချက်ကို မြန်ဆန်စွာပင် နားလည်သွားသည်။
ရှန်းထူနန်ထျန်းသည် အရှေ့ပိုင်းဒေသများ၌ ရှိနေခဲ့သည်ကို သူမ သိသည်။
ယီယွင်အကြောင်း သူ အများကြီးသိပြီး အသေးစိတ်အချက်အလက်များကိုပင် ရှင်းရှင်းလင်းလင်း သိနေသောကြောင့် ဤကိစ္စတွင် ရှန်းထူနန်ထျန်းကိုယ်တိုင် ပါဝင်ပတ်သက်နေသည်မှာ ထင်ရှားသည်။
" နားလည်ပြီ။ ရှန်းထူနန်ထျန်းက ယီယွင်နဲ့ ရန်ငြိုးရှိနေတာပဲ။ သူ့နာမည်ကို ပြောင်းပြီး မျက်နှာဖုံးဝတ်ထားတာ အံ့သြစရာမရှိတော့ဘူး "
" အဖွားတော် တကယ်ကို တွေးတက်တာပဲ။ ဖြစ်စဉ်က အဲ့ဒီလိုပါ "
လင်ဖန်းကူ သူမကို မြှောက်ပင့်ရင်း ဆက်ပြောလိုက်သည်။
" အဲ့တာကြောင့် ယီယွင်က ကျွန်မတို့ လင်မိသားစုကို အသုံးချပြီး ရှန်းထူနန်ထျန်းကို လက်စားချေဖို့ ကြိုးစားနေတာ။ သူက လင်မိသားစုရဲ့ အကျိုးရလဒ်ကို အလေးမထားဘူး။ သူ့ရဲ့ ရည်ရွယ်ချက်တွေက မသန့်ရှင်းဘူး "
" အဲ့ဒီ မကောင်းဆိုးဝါးလေးက ပျက်စီးခြင်းမျိုးနွယ်နဲ့ ဆက်နွယ်နေတာက မရှင်းလင်းဘူး။ နောက်ဆို လူသားမျိုးနွယ်ကိုတောင် သစ္စာဖောက်နိုင်တယ်။ ကျွန်မကို မေးမယ်ဆိုရင် လင်မိသားစုကနေ သူ့ကို မြန်မြန်မောင်းထုတ်သင့်တယ်။ ကျွန်မ ပြောနိုင်တာက သူ့ရဲ့ကျင့်ကြံစဉ်ကို ဖျက်ဆီးလိုက်တာက နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ဖို့ အကောင်းဆုံးပဲ "
" ဒါပေမယ့် .… အဖွားတော်က ကြင်နာတတ်တယ်ဆိုတာ ကျွန်မ သိတယ်။ အဲ့တာကြောင့် ဒီမကောင်းဆိုးဝါးလေးမှာ လျှို့ဝှက်ရည်ရွယ်ချက်တွေ ရှိပေမယ့် လင်မိသားစုက သူ့ကို နည်းနည်း ကျေးဇူးရှိနေတာမလို့ ကျွန်မတို့ သူ့ကို ဘာမှမလုပ်နိုင်ဘူး "
" ဒါပေမယ့် လင်းမိသားစုကနေ သူ့ကို မောင်းထုတ်လိုက်မယ်ဆိုရင် ရှန်းထူမိသားစုက သဘာဝကျကျနဲ့ သူ့ကို ကိုင်တွယ်ဖြေရှင်းလိမ့်မယ်။ အဲ့ဒီအချိန်ကျ ကျွန်မတို့လည်း ဝေဖန်ခံရမှာ မဟုတ်ဘဲ အကျိုးဆက်တွေကိုလည်း ရှောင်ရှားနိုင်မှာ။ ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်သတ်လိုက်သလိုပါပဲ "
" အဲ့တာအပြင် အဲ့ဒီမကောင်းဆိုးဝါးလေးက အရမ်းလောဘကြီးတယ်။ သူက ရှန်းထူနန်ထျန်းနဲ့ လက်တစ်ထောင်အဖွားရဲ့ နယ်မြေခြားလက်စွပ်တွေကို ယူသွားတယ်။ သူက ကောင်းတဲ့အရာတွေအားလုံးကို အဲ့ဒီထဲမှာ ထည့်ထားလိုက်ပြီ။ အဲ့ဒီပစ္စည်းတွေထဲမှာ ရှန်းထူနန်ထျန်းရဲ့ အဖော်ဓားနဲ့ ရှေးဟောင်းနတ်ဆိုးကောင်းကင် နည်းစနစ်လက်စွဲစာအုပ် ပါသေးတယ်။ သူ့ကို မောင်းထုတ်မယ်ဆိုရင် အဲ့တာတွေကို ထားခဲ့ခိုင်းဖို့ လိုတယ်။ တကယ်တော့ ရှန်းထူနန်ထျန်းနဲ့ လက်တစ်ထောင်အဖွားကို ကျွန်မတို့ရဲ့ လင်မိသားစုက ဖမ်းခဲ့ပြီးတော့ သူတို့ရဲ့ ကျင့်ကြံမှုကိုလည်း လင်မိသားစုက ပိတ်ပင်ပေးထားရတာ။ မကောင်းဆိုးဝါးလေးက အချက်အလက်နည်းနည်းပဲ ပေးခဲ့တာကြောင့် အဲ့လိုအကျိုးကျေးဇူးတွေကို သူ ရယူပိုင်ခွင့် မရှိဘူး "
" အဖွားတော်၊ ပျက်စီးခြင်းလူမျိုးစုက လူသားမျိုးနွယ်ကို အမြဲစောင့်ကြည့်နေတယ်ဆိုတာ သိမှာပါ။ ကျွန်မတို့ စစ်ပွဲစတဲ့အခါ အဲ့ဒီမကောင်းဆိုးဝါးလေးက ဘယ်လိုဖျက်ဆီးမှုမျိုးတွေ ကျူးလွန်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ အဲ့ဒီအချိန် ကျွန်မတို့ရဲ့ လင်မိသားစုမှာ အဲ့မကောင်းဆိုးဝါးလေး ဆက်ရှိနေသေးရင် ကျွန်မတို့က လူသားမျိုးနွယ်ရဲ့ အပြစ်သားတစ်ယောက် ဖြစ်လာလိမ့်မယ် "
လင်ဖန်းကူသည် သူမစိတ်ကူးဉာဏ်ကို အသုံးချကာ လင်အဖွားတော်အား ပြင်းထန်သော အကျိုးဆက်အမျိုးမျိုးကို ကြိုးစားဖော်ပြနေခဲ့သည်။
ထို့ကြောင့် အဖွားတော်၏ မျက်နှာအမူအရာမှာ အနည်းငယ် သုန်မှုန်သွားသည်။
" ရှန်းထူနန်ထျန်းက ဒါတွေအားလုံး နင့်ကို ပြောပြလိုက်တာလား "
" အာ ..... "
လင်ဖန်းကူ ဘယ်လိုတုံ့ပြန်ရမည်မသိဖြစ်သွားသည်။
အဖွားတော်၏မျက်နှာ သုန်မှုန်သွားပုံကြောင့် ဘာတွေးနေသည်လဲဆိုတာ သူမ မသိခဲ့ပေ။
" မဟုတ်ဘူး ...… လုံးဝ မဟုတ်ပါဘူး "
လင်ဖန်းကူ ခေါင်းကို အမြန်ခါလိုက်သည်။
" ရှန်းထူနန်ထျန်းက စရိုက်မကောင်းပေမယ့် သူကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့တာဆိုတော့ သူ ပြောတာတွေကို သိရတာမဆိုးပါဘူး။ ဒါပေမယ့် သူ ပြောခဲ့တာကို ကြားလာတာ မဟုတ်ဘူးဆိုရင် မင်း ပြောတာတွေအားလုံးက မင်းရဲ့စိတ်ကူးထင်မြင်ချက်တွေချည်းပဲလား "
လင်အဖွားတော် လေသံပြောင်းလဲသွားမှုကြောင့် လင်ဖန်းကူ ကြောက်လန့်တကြားဖြစ်သွားသည်။
သူမ အလျင်အမြန် ပြောလိုက်သည်။
" ဒါပေမယ့် ကျွန်မ ပြောတာတွေက မဖြစ်နိုင်တာ မဟုတ်ဘူး "
လင်အဖွားတော်သည် လင်ဖန်းကူကို အေးစက်သော မျက်လုံးများနှင့် ကြည့်လိုက်သည်။
" မင်းတို့အဖွဲ့က တခြားသူတွေရဲ့နောက်ကွယ်မှာ ကောလာဟလတွေ ပြောပြီး ငါ့အရှေ့မှာကျ တစ်ယောက်ယောက်အကြောင်း မကောင်းပြောနေကြတာချည်းပဲ။ သူများအရည်အချင်းကို သွားပုတ်လေလွင့် အသရေဖျက်တာကလွဲလို့ နင်တို့ဘာလုပ်တတ်သေးလဲ "
" မိသားစုထဲမှာ ဒီလို ကောလာဟလစကားတွေပဲ ပြောတတ်ပြီး အရည်အချင်းရှိတဲ့သူ တစ်ယောက်မှ မရှိရင် လင်မိသားစုက ရှန်းထူမိသားစုလက်ထဲ ရောက်သွားလောက်ပြီ။ နှစ် ၁၀၀၀၀အတွင်း ငါတို့မိသားစု ပျက်သုဉ်းသွားနိုင်တယ် "
" ကျွန်မ ...... "
လင်ဖန်းကူ စကားများကို စီစဉ်မရဖြစ်နေပုံရသည်။
သူမ ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမည်မှန်း မသိတော့ပေ။
လင်အဖွားတော်သည် အလွန်ခိုင်မာသော ရပ်တည်ချက်များ ရှိတတ်သောကြောင့် သူမ ဒေါသမထွက်ခင် သူမ ဘာတွေးနေသည်လဲဆိုတာ ဘယ်သူမှ မသိနိုင်ချေ။
သူမ၏အတွေးနှင့် မကိုက်ညီသည့် ရှုပ်ထွေးသော စကားလုံးများကို ပြောပါက ရလဒ်သည် အလွန်ဆိုးရွားပေလိမ့်မည်။
" နံရံကို မျက်နှာမူပြီး မင်းရဲ့ မကောင်းတဲ့အပြုအမူတွေကို ဆယ်ရက်လောက် စဉ်းစားနေလိုက် "
လင်အဖွားတော်၏ အသံက အေးစက်နေသည်။
လင်ဖန်းကူ တစ်ခုခုပြောချင်ပါသော်လည်း နောက်ဆုံးတွင် သူမ၏ စကားလုံးများကို မျိုချလိုက်ပြီး နာခံစွာ ထွက်သွားခဲ့သည်။
လင်ဖန်းကူ ထွက်သွားပြီးနောက်တွင်ပင် အဖွားတော်လင်၏မျက်နှာအမူအရာမှာ ကောင်းမွန်မလာသေးပေ။
သူမသည် စိတ်ထဲ၌ ယီယွင်ဘက်ကို ဘက်လိုက်နေခဲ့သည်။
အမှန်တကယ်တွင် သူမသည် ယီယွင်ကို စိတ်သဘောတွေ့လေသည်။
သူသည် ငယ်ရွယ်ပြီး ပျက်စီးခြင်းကောင်းကင်နည်းစနစ်မှာလည်း အလွန်ကောင်းမွန်သည့် ပါရမီရှိသည်။
သူ၏အနာဂတ်အလားအလာမှာ တိုင်းတာလို့မရအောင် များပြားလှသည်။
လင်ရှင်းထုံနှင့် သူ၏ကိုယ်ရေးကိုယ်တာဆက်ဆံရေးမှာလည်း ကောင်းမွန်သည်။
ဤကဲ့သို့လူမျိုးသည် အနာဂတ်တွင် လင်ရှင်းထုံအတွက် များစွာ အကူအညီဖြစ်ပေးလိမ့်မည်။
ယီယွင်၌ မျိုးရိုးနာမည်ကွဲသော ပျက်စီးခြင်းလူမျိုး အစ်မတစ်ယောက်ရှိသည်ကို အဖွားတော်လင် ဂရုမစိုက်ပေ။
သို့သော် ပျက်စီးခြင်းလူမျိုးနှင့် အမှန်တကယ် ပါဝင်ပတ်သက်နေမည်ကို သူမ စိုးရိမ်မိသည်။
ထိုသို့ဖြစ်ပါက အဖိုးတန်ကျောက်စိမ်းတုံးတစ်ခု၌ ချို့ယွင်းချက်ကြီးတစ်ခု ရှိနေသကဲ့သို့ ဖြစ်နေလိမ့်မည်။
ထို့ကြောင့် အဖွားတော်လင်သည် လင်ဖန်းကူကို ဆုံးမခဲ့သော်လည်း ယီယွင်နှင့်ပတ်သက်၍ စုံစမ်းရန် လိုအပ်နေဆဲဖြစ်သည်။
လင်ဖန်းကူ၏စကားများကို သူမကို ယုံကြည်ခြင်း မရှိသော်လည်း ကိုယ်ပိုင်သဘောတွေ့မှုကြောင့် ယီယွင်ကိုလည်း အလွယ်တကူမယုံပေ။
" အမိန့်ပို့လိုက်၊ မိသားစုစည်းမျဉ်းခန်းမထဲက တစ်ယောက်ယောက်ကို ငါနဲ့တွေ့ဖို့ ခေါ်ပေး "
အစေခံမိန်းကလေးတစ်ဦးအား လင်အဖွားတော်က ပြောလိုက်သည်။
လင်မိသားစု၏ မိသားစုစည်းမျဉ်းခန်းမသည် မိသားစု၏အိမ်တွင်းစည်းကမ်းကို ထိန်းသိမ်းရန် တာဝန်ရှိသည်။
အများစုမှာ တာဝန်အချို့ လုပ်ဆောင်ရန်လည်း စေလွှတ်ခံရလေ့ရှိသည်။
အဖွားတော် မိသားစုစည်းမျဉ်းခန်းမမှ လူများကို အရှေ့ပိုင်းဒေသများ၌ ဖြစ်ပျက်ခဲ့သည်များကို စုံစမ်းစစ်ဆေးရန် ခရီးသွားခွင့်ပြုဖို့ စီစဉ်ထားသည်။
ယီယွင်၏ လုပ်ရပ်များသည် ပုံမှန်မဟုတ်သောကိစ္စများ ဖြစ်ခဲ့သည်လားကို သူမ သိလိုသည်။
" ဟုတ်ကဲ့ပါ "
အစေခံမိန်းကလေး နောက်ဆုတ်သွားသည်။
အဖွားတော်လင် စိတ်မအေးပေ။
ယီယွင်သည် ရှန်းထူနန်ထျန်း၏ ပစ္စည်းများနှင့် လက်တစ်ထောင်အဖွား၏ ပစ္စည်းများ ယူဆောင်သွားသည်ကို သူမ ဂရုမစိုက်ပေ။
ပျက်စီးခြင်းလူမျိုးနှင့် ဆက်ဆံရေးကြောင့် ယီယွင်သည် ပျက်စီးခြင်းလူမျိုးအား မျက်နှာသာပေးမည်ကို သူမ စိုးရိမ်နေသည်။
ထိုညတွင် လင်မိသားစု၏ မိသားစုစည်းမျဉ်းခန်းမမှ လူများသည် ထွက်ခွာသွားကြသည်။
အဖွားတော်လင်သည် ယီယွင်ကို သူမနှင့်တွေ့ဆုံရန် မခေါ်သောကြောင့် ယီယွင်သည် ကျောက်စိမ်းဝါးတောင်ထိပ်တွင် ဆက်လက်နေထိုင်ခဲ့သည်။
သို့သော် သုံးရက်အကြာတွင် ရှန်းထူမိသားစုမှ လူများ ရောက်လာခဲ့သည်။
သူတို့သည် လင်မိသားစုနှင့် ညှိနှိုင်းရန် ရောက်လာကြသည်။
သူတို့အနေဖြင့် မဟာဧကရီ လျှို့ဝှက်ဆန်းကြယ်နယ်မြေနှင့် ပတ်သက်သော အချက်အလက်များကိုလည်း ယူဆောင်လာခဲ့ကြသည်။
အပိုင်း ( ၄၂၆ )
ညှိနှိုင်းဆွေးနွေးခြင်း
ရှန်းထူမိသားစု ရောက်ရှိလာသည်နှင့် ပတ်ဝန်းကျင်လေထုသည် ယခင်မျိုးနွယ်စုနှင့် လုံးဝကွဲပြားသည်။
ထျန်းယွမ်ကမ္ဘာ၏ မိသားစုကြီးတစ်ခုအနေဖြင့် ဆက်ခံသူမှာ ဖမ်းဆီးထားရပြီး "နှလုံးသား ဖြတ်တောက်"ကဲ့သို့ ပြင်းထန်သောပြစ်ဒဏ် ပေးခံရတော့မည့်အခြေအနေသည် ရှန်းထူမိသားစုအတွက် မျက်နှာကို ပြင်းထန်စွာရိုက်ချလိုက်ခြင်းနှင့်တူသည်။
ပို၍ဝမ်းနည်းစရာကောင်းသည်မှာ သူတို့သည် လာရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။
ဤကိစ္စအတွက် ရှန်းထူမိသားစုသည် စတင် မှားယွင်းခဲ့သူများ ဖြစ်သည်။
လင်မိသားစုသည် ဤကိစ္စကို ရည်ရွယ်ချက်ရှိစွာဖြင့် လူသိရှင်ကြားဖြစ်အောင်ပင် လုပ်ခဲ့သည်။
သူတို့၏ မကောင်းသောအကြံအစည်များ ဖော်ထုတ်ခံရသောအခါ ရှန်းထူမိသားစုသည် မျက်နှာပျက်ခဲ့ရသည်။
ယခုအခါ ရှန်းထူမိသားစုမှ အကြီးအကဲများ၊ လက်တစ်ထောင်အဘွားနှင့် မိသားစုအတွက် အရေးအကြီးဆုံး ပါရမီရှင် ရှန်းထူနန်ထျန်းတို့သည် လင်မိသားစု၏ လက်ထဲတွင် ရှိနေသည်။
ထျန်းယွမ်မိသားစုများစွာသည်လည်း သက်သေအဖြစ် ရှိနေသောကြောင့် ရှန်းထူမိသားစုသည် တိတ်ဆိတ်စွာသာ ဒုက္ခခံစားရတော့သည်။
ဤလူများသည် ရှန်းထူနန်ထျန်းကို ပြန်လည်ခေါ်ဆောင်လာရမည်။
မဟုတ်ပါက ရှန်းထူမိသားစုမျိုးနွယ်စုရှိ လူများသည် ထိုလုပ်ရပ်ကြောင့် အလွန်ရက်စက်သည်ဟု မြင်ခံကြရမည်။
သူတို့သည် ထျန်းယွမ်ကမ္ဘာမိသားစုများထံမှ သွေးအေးလွန်းသည်ဟုလည်း ဝေဖန်ခံရပေလိမ့်မည်။
လင်မိသားစုအား လက်စားချေတာရန်မှာ အနာဂတ်အတွက် ကိစ္စတစ်ခုဖြစ်သည်။
လင်မိသားစု၏ တိုက်ခိုက်ရေးကွင်းပြင်၌ လင်မိသားစုနှင့် ရှန်းထူမိသားစုမှ လူများသည် တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင်နေကြသည်။
သူတို့၏ အကြည့်များမှာ မီးပွားများ ပန်းထွက်နေသကဲ့သို့ ထိပ်တိုက်တွေ့နေသည်။
ထိုတိုက်ခိုက်ရေးကွင်းပြင်တစ်ခုလုံး သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသည်။
လင်မိသားစုသည် ရှန်းထူမိသားစုနှင့် ကောင်းမွန်သောဆက်ဆံရေး ပျက်ပြားသွားပြီဖြစ်ရာ လင်အဘွားတော်သည် ရှန်းထူမိသားစု ရောက်လာပါသော်လည်း ဧည့်သည်ခန်းမ ပြင်ဆင်ထားခြင်း မရှိပေ။
ထိုအစားသူမသည် ကွင်းပြင်၌သာ အစည်းအဝေးကျင်းပရန် စီစဉ်ပေးခဲ့သည်။
စစ်ကွင်းပြင်သည် ပေတစ်ထောင်ကျော် ရှည်လျားသည်။
အလယ်၌ စားပွဲနှင့် ထိုင်ခုံများကို ဖြစ်သလိုစီစဉ်ပေးထားသည်။
မိသားစုနှစ်စုမှ အကြီးအကဲများ ထိုနေရာ၌ ထိုင်လိုက်ကြသည်။
ထို့နောက် မြေပြင်ကို ဝိုင်းရံထားသည်မှာ လင်မိသားစုနှင့် ရှန်းထူမိသားစုမှ တပည့်များနှင့် ကလေးများ ဖြစ်သည်။
ထိုငယ်ရွယ်သောပါရမီရှင်လေးများကလည်း တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်နေကြသည်။
ဤညှိနှိုင်းမှုအတွင်း မိသားစု၏ ပြင်းပြသော ရပ်တည်ချက်ဘက်၌ ကူညီရပ်တည်ရသည်မှာ ထိုဂျူနီယာများအတွက် ဂုဏ်ယူစရာဖြစ်သည်။
ထိုဂျူနီယာတို့သည် စိတ်ဓာတ်ကြံ့ခိုင်ကြသော်လည်း လင်အဘွားတော်၏ဘေးကို မနာလိုကာ ရှုပ်ထွေးသောအကြည့်များနှင့် ကြည့်နေခဲ့ကြသည်။
လင်မိသားစုအဘွားတော်၏ဘေး၌ လူနှစ်ယောက် ရပ်နေသည်။
သူတို့ထဲမှ တစ်ယောက်သည် လင်မိသားစုမှ ဂုဏ်ယူရသော ကောင်းကင်ဘုံ၏ သမီး လင်ရှင်းထုံဖြစ်သည်။
နောက်တစ်ယောက်မှာ ယီယွင်ဖြစ်သည်။
ယီယွင်သည် ယွင်ရန်ထျန်းဖြစ်ပြီး သူ၏သရုပ်မှန်ကို ယခင်က အကြောင်းတချို့ကြောင့်ပြောင်းလဲခဲ့သည်ကို သူတို့သိထားပြီးဖြစ်သည်။
သူတို့သည် မြေပြင်မှာ ရပ်နေကြရပြီး ယီယွင်မှာတော့ လင်မိသားစုအဘွားတော်၏ဘေး၌ ရပ်နေကြသည်။
ယီယွင်သည် လင်ရှင်းထုံနှင့် ဘေးချင်းယှဉ်ရပ်နေသောကြောင့် သူတို့နှင့် အဆင့်အတန်းကွာခြားမှုမှာ ထင်ရှားလှသည်။
လင်ဖန်းကူသည် မဝေးသောနေရာတစ်ခုတွင် ထိုင်နေသည်။
သူမသည် ယီယွင်ကို ပြာနှမ်းသော မျက်နှာထားနှင့် ကြည့်လိုက်သည်။
သူမသည် ချုပ်နှောင်မှု ပြီးဆုံးသွားပြီး ညှိနှိုင်းမှုအတွက် ထွက်လာသည့်အချိန် ယီယွင်သည် လင်အဘွားတော်၏ဘေးမှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူမ အလွန်စိတ်ဓာတ်ကျသွားသည်။
လင်မိသားစုအဘွားတော်သည် ယီယွင်မှာ ပျက်စီးခြင်းလူမျိုးနှင့် ဆက်နွယ်မှုကြောင်း ရှင်းလင်းစွာ သိထားပါသော်လည်း ယီယွင်ကို အလွန်ပင် မျက်နှာသာပေးခဲ့သည်။
ပွဲကျင်းပရာနေရာ၏လေထုမှာ လေးလံနေသည်။
သူတို့သည် အချိန်မရွေး တစ်ယောက်၏လည်ပင်းကို တစ်ယောက် ခုန်ပေါက်တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဟု ပြောလို့ရသည်။
အထူးသဖြင့် စစ်မြေပြင်မှာ ပွဲကျင်းပရာနေရာ ဖြစ်နေ၍ နှစ်ဖက်လုံးမှာ အချိန်မရွေး ပေါက်ကွဲထွက်နိုင်သည်ဟု လူများက သံသယဝင်လာကြသည်။
ဤညှိနှိုင်းမှုအတွင်း တာဝန်ရှိသူများအပြင် ယီယွင်သည် မသိသာစွာ အာရုံစိုက်ခံရနေသည်။
အမှန်တရားကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
ရှန်းထူမိသားစုသည် ယွင်ရန်ထျန်းမှာ ယီယွင်ဖြစ်ကြောင်း သိပြီးသားဖြစ်နိုင်သည်။
သူသည် ရှန်းထူမိသားစု၏ အစီအစဉ်များကို လုံးဝဖျက်ဆီးခဲ့သော ကလေးဖြစ်ပြီး သူတို့အားလုံးကို မျက်နှာပျက်စေခဲ့သည်။
ရှန်းထူမိသားစုမှ အကြီးအကဲများသည် သူတို့၏ရန်လိုမှုပုံစံကို ချိုးနှိမ်နိုင်သော်လည်း ဂျူနီယာအများစုသည် ယီယွင်ကို သတ်ဖြတ်လိုသော အကြည့်များနှင့် ကြည့်ကြသည်။
" သူပဲ "
ပိန်ပါးသော လူငယ်တစ်ယောက်မှ စစ်မြေပြင်ရှိ သူတို့ကို ခွဲထားပြီး အဆိပ်ရှိမြွေတစ်ကောင်ကဲ့သို့ ယီယွင်ကို စိုက်ကြည့်နေသည်။
သူ့အသားအရေမှာ ဖြူဖျော့နေပြီး နေမကောင်းသည်ဟု ထင်ရသည်။
သို့သော် သူ၏ စုကျုံ့နေသော မျက်လုံးတွေက အလွန်ထက်မြက်ပုံပေါ်နေသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် မကောင်းဆိုးဝါးတစ်ကောင်လင်းတတစ်ကောင်လို ဖြစ်သည်။
" ရှန်းထူနန်ထျန်းကို ထိခိုက်စေခဲ့တဲ့ ရန်သူတစ်ယောက်ယောက်ကများ ငါ့လက်ထဲကို ရောက်လာကြည့်လိုက် မိသားစုထဲမှာ ငါက ဂုဏ်သိက္ခာကို သိသိသာသာ မြှင့်တင်ပေးမှာ။ ကံမကောင်းစွာနဲ့ သူက အရမ်းငယ်သေးတယ်။ ပြီးတော့ ပျက်စီးခြင်းကောင်းကင် ကျင့်ကြံစဉ်ဥပဒေသတွေကိုပဲ အာရုံစိုက်နေတာ။ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားတွေက ပြောစရာတောင် မလိုဘူး။ သူ့ကို အနိုင်ယူတာက ဘာမှဂုဏ်ယူစရာ မဟုတ်ဘူး "
ထိုပိန်ပါးသော လူငယ်သည် သူ့လက်မဖြင့် နှာခေါင်းပွတ်သပ်လိုက်သည်။
သူ၏အမည်မှာ ရှန်းထူယာဖြစ်သည်။
ရှန်းထူမိသားစုအတွင်း ရှန်းထူနန်ထျန်း၏ ပြိုင်ဘက်ကောင်းတစ်ယောက်လည်း ဖြစ်သည်။
ရှန်းထူနန်ထျန်းကို မိသားစုဆက်ခံသူအဖြစ် သတ်မှတ်ခံထားရသော်လည်း မမျှော်လင့်ထားသောအဖြစ်အပျက်များ ဖြစ်လာတတ်သည်။
ရှန်းထူနန်ထျန်းထက် ငယ်သော ရှန်းထူယာသည် ကြောက်စရာကောင်းသော ဂုဏ်သတင်းရှိသူဖြစ်သည်။
သူသည် ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သော ရှန်းထူနန်ထျန်းနှင့် လုံးဝကွာခြားသည်။
ရှန်းထူယာသည် သွေးဆာနေသူတစ်ဦးဖြစ်သည်။
သူသည် အသက် ၁၂နှစ်အရွယ်ကတည်းက မိသားစုတာဝန်များကို စတင်ထမ်းဆောင်ခဲ့သည်။
သူ၏ပထမဆုံးတာဝန်မှာ ဓားပြဂိုဏ်းလေးတစ်ခုကို သုတ်သင်ရှင်းလင်းရန် ဖြစ်သည်။
ထိုစဉ် ဂိုဏ်းထဲမှ လူရာပေါင်းများစွာသည် ဘယ်သူမှ မလွတ်မြောက်နိုင်ခဲ့ပေ။
နောက်ပိုင်းတွင် ရှန်းထူယာသည် အစွန်းရောက်လူသတ်မှုလမ်းကြောင်းကို စတင်ခဲ့သည်။
သူ သတ်ခဲ့တဲ့သူများ၏ အလောင်းများမှာ အကောင်းအတိုင်း မရှိနိုင်ကြပေ။
" ယာ၊ ပေါ့ဆမနေနဲ့ "
ယာ၏ စကားများကို ကြားပြီးနောက် ရှန်းထူမိသားစုကို ဦးဆောင်လာသည့် အကြီးအကဲတစ်ယောက်မှ တိုးတိုးလေးပြောလိုက်သည်။
ရှန်းထူယာသည် ယီယွင်ကို စိုက်ကြည့်ကာ သူ့နှုတ်ခမ်းထောင့်ကို လျက်လိုက်သည်။
" ကျွန်တော် သိပါတယ်။ အဘိုးတော် အမိန့်ပေးထားတဲ့ကိစ္စကို သေချာပေါက် ကောင်းကောင်းလုပ်မှာ "
ဤအချိန်တွင် လင်အဘွားတော်ဘေးတွင် ရပ်နေသော ယီယွင်သည် မြွေတစ်ကောင်နှင့်တူသော မျက်လုံးတစ်စုံမှ သူ့အား စိုက်ကြည့်နေသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။
ယီယွင်သည် ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး ကြည့်လေရာ ရှန်းထူယာကို မြင်လိုက်သည်။
ရှန်းထူယာ၏ မျက်လုံးများသည် အနည်းငယ် မှေးစင်းသွားပြီး ပြုံးလိုက်သည်။
" ဒီလူ ....... "
ယီယွင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူသည် ရှန်းထူမိသားစု၏ အာရုံစိုက်မှုကို ရရှိခဲ့သည်မှာ သေချာသည်။
ယီယွင်သည် သူ့အပေါ် စုပုံနေသော အမုန်းတရားများကို လျစ်လျူရှုထားပြီး ရှန်းထူနန်ထျန်းကို အနိုင်ယူလိုက်ခြင်းသည် ရှန်းထူမိသားစု၏ တပည့်များစွာကို အလွန်စိတ်ဝင်စားစေခဲ့သည်။
ရှန်းထူနန်ထျန်း၏နေရာကို လိုချင်သောသူများအတွက် ယီယွင်အား အနိုင်ပိုင်းရန် အထူးသဖြင့် ပို၍ စိတ်ပြင်းပြစေခဲ့သည်။
ထိုအချိန် ရုတ်တရက် ကြီးမားသောဖိအားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤဖိအားသည် မည်သည့်နေရာမှ လာသည်ကို မည်သူမျှ မသိပေ။
သူတို့၏ခန္ဓာကိုယ်များမှာ ရုတ်တရက် လေးလံသွားသလို ခံစားရသည်။
တောင်ကြီးတစ်လုံးက သူတို့ကို ဖိထားသလိုဖြစ်သည်။
ဒါက .........
လူအများ ထိတ်လန့်သွားကြသည်။
အားနည်းသော ဂျူနီယာများစွာ မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားသည်။
လူများသည် ကောင်းကင်ကို မော့ကြည့်လိုက်ရာ မှောင်မိုက်သော မိုးတိမ်များ ဖြည်းဖြည်းချင်း စုပုံလာသည်ကို မြင်လိုက်ရသည်။
ထိုဖိအားများသည် မှောင်မည်းနေသော မိုးတိမ်မှ လာသည်ဟု ထင်ရသည်။
ရှန်းထူအဘိုးတော်ဂိုဏ်းချုပ်ကြီး။
လင်မိသားစုအဘွားတော် အသက်ပြင်းပြင်း ရှူလိုက်သည်။
ရှန်းထူအဘိုးတော် ဤနေရာ၌ ရှိနေသည်ကို သူမ သိသည်။
တကယ်တော့ ဒီလောက် အရေးကြီးတဲ့ ညှိနှိုင်းရေးတစ်ခုရှိတာကို သူ ဘယ်လိုလုပ် ဒီကို မလာဘဲ နေနိုင်မှာလဲ။
သူ မလာခဲ့ပါက လင်မိသားစုသည် ရည်ရွယ်ချက်ရှိလျှင် ညှိနှိုင်းဖို့ လာသောလူတိုင်းကို သုတ်သင်ပစ်နိုင်သည်။
ထိုအခါ ရှန်းထူမိသားစုသည် ပြင်းထန်စွာ ထိခိုက်အားနည်းသွားလိမ့်မည်။
မည်းမှောင်နေသော မိုးတိမ်ထံမှ ဖိအားကြီး ပျံ့နှံ့လာပြီးနောက် ပြန်လည်ခုခံရန် လင်မိသားစု၏ အဓိက တောင်ထိပ်များမှ ပြင်းထန်သော ယွမ်ချီရောင်ခြည်တန်းများ ထွက်ပေါ်လာသည်။
အလင်းတန်းနှစ်ခုသည် ကောင်းကင်၌ ထိပ်တိုက်ဆုံသွားသည်။
ချက်ချင်းဆိုသလိုပင် လေပြင်းတိုက်ခတ်လာမှုကြောင့် လူတိုင်း၏ အဝတ်အစားများ လွင့်ပျံနေပြီး ဆံပင်များ လွင့်နေခဲ့သည်။
ထိုနေရာတွင် လင်မိသားစု၏ အကြီးအကဲကြီးများ ရှိသည်။
ဤတွေ့ဆုံမှုသည် နာမည်ခံအရ ညှိနှိုင်းမှုတစ်ခု ဖြစ်သော်လည်း အမှန်တကယ်၌ ရှန်းထူမိသားစု၏ ထိပ်တန်းပုဂ္ဂိုလ်များနှင့် လင်မိသားစုကြားမှ ပြိုင်ပွဲတစ်ခုဖြစ်သည်။
လေနှင့် မိုးတိမ်များ စုဝေးနေသည်ကို မြင်သည့်အခါ တက်ရောက်လာသော ဂျူနီယာများသည် သူတို့၏ နှလုံးသားများ လှုပ်ယမ်းတုန်ခါသွားသည်ကို ခံစားလိုက်ရသည်။
လင်မိသားစုမှ အကြီးအကဲများသည် သူတို့အား ဖိအား ခံနိုင်ရည်ရှိစေရန် ကူညီပေးနေသောကြောင့် ချက်ချင်းပင် သက်သာရာ ရသွားကြသည်။
ထိုအချိန် လင်မိသားစုအဘွားတော်မှ ပြောလိုက်သည်။
" မဟာဧကရီလျှို့ဝှက်နယ်မြေနဲ့ ပက်သတ်တဲ့ အချက်အလက်တွေ ဘယ်မှာလဲ "
" လူတွေက ဘယ်မှာလဲ "
ရှန်းထူမိသားစုမှ တာဝန်ရှိအကြီးအကဲ မေးခွန်းဖြင့်တုံ့ပြန်လိုက်သည်။
" ခေါ်လာခဲ့ "
လင်မိသားစုအကြီးအကဲတစ်ဦးမှ လက်ခုပ်တီးလိုက်သည်။
မကြာခင်မှာပင် လင်မိသားစုအစောင့်များသည် ရှန်းထူမိသားစုအကြီးအကဲများကို ခေါ်ထုတ်လာသည်။
သူတို့အရှေ့၌ ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင်အဘွားတို့ ရှိသည်။
သူတို့ကို သံကြိုးများဖြင့် ခတ်ထားပြီး ဆံပင်များမှာလည်း ပေပွညစ်ပတ်နေသည်။
မျက်နှာများတွင်လည်း သွေးများဖြင့် ပေကျံနေသည်။
သူတို့ကို ကြည့်ရသည်မှာ သေမိန့်ချခံထားရသူများနှင့် မကွာခြားလှပေ။
ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင်အဘွားတို့၏ ပုံစံကို မြင်ပြီး ရှန်းထူမိသားစုအကြီးအကဲများ မျက်နှာတွန့်သွားရသည်။
တာဝန်ရှိအကြီးအကဲသည် မျက်ခုံးပင့်ကာ သူ၏အမူအရာမှာလည်း အေးစက်သွားသည်။
" ဒါက ဘာသဘောလဲ "
ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင်အဘွားသည် အလွန်ဆိုးဝါးသော အခြေအနေတွင်ရှိနေသည်။
ဤသည်မှာ ရှန်းထူမိသားစုမျက်နှာအား စော်ကားလိုက်သည်နှင့် မကွာခြားလှပေ။
" သူတို့ကို အကျဉ်းချမယ်ဆို ကျင့်ကြံစဉ်တွေကို ထိန်းချုပ်ရမှာ သဘာဝကျတာပဲ။ သံကြိုးခတ်ထားတာက သူတို့ကို နည်းနည်းလောက်ပဲ ထိတာပါ။ အဲ့လိုမှ မဟုတ်ရင် လင်မိသားစုကို ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်လို့ရတဲ့နေရာလို့ တခြားသူတွေက ထင်ကုန်မှာပေါ့ "
လင်မိသားစုအဘွားတော်မှ အေးစက်စွာ ပြောလိုက်သည်။
ယီယွင် လုပ်ဆောင်သမျှသည် နည်းလမ်းတကျပြောပါက လင်မိသားစုအဘွားတော် ခွင့်ပြုထားပြီးသားဖြစ်သည်။
ထို့အပြင် သူမသည်လည်း အစကတည်းက ရှန်းထူနန်ထျန်းကို လွှတ်မပေးချင်ပေ။
ထိုအချိန်၌ ရှန်းထူမိသားစုသာမက လင်မိသားစုမှလူများပင် နှလုံးခုန်ပေါက်နေသည်ကို ခံစားမိသည်။
ဒီယီယွင်က တကယ်ကို ရက်စက်တာပဲ။
အကြီးပိုင်းထဲမှ စုကျဲ၏ပါးစပ်မှာ မထိန်းနိုင်ဘဲ တွန့်လှုပ်လာသည်။
သူသည် ရှန်းထူနန်ထျန်းနှင့် အဘွားကြီး ထိုပုံစံဖြင် ချိတ်ဆွဲခံထားရသည်ကို မြင်ကာ ရယ်ချင်သည်အား မနည်းထိန်းနေရသည်။
ဒီတပည့်ကတော့ လူတွေကို ဘယ်လိုခံစားအောင် လုပ်ရမလဲဆိုတာ သေချာသိတာပဲ။
တော်လိုက်တာ။
သူသည် ထိုလက်တစ်ထောင်အဘွားကို ပြောမပြတတ်သော အကြောင်းပြချက်များးစွာဖြင့် သဘောမကျပေ။
" နည်းနည်းပဲ ထိခိုက်တာတဲ့လား "
ရှန်းထူမိသားစု အကြီးအကဲ၏ မျက်နှာမည်းမှောင်သွားသည်။
သူသည် လက်တစ်ထောင်အဘွားနှင့် ရှန်းထူနန်ထျန်းအရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရပ်လိုက်သည်။
မိုးကြိုးကဲ့သို့ မြန်ဆန်စွာဖြင့် သူတို့၏ လက်ကောက်ဝတ်များကို ဆွဲလိုက်သည်။
" အိုး "
အကြီးအကဲသည် ဂရုတစိုက် စစ်ဆေးကြည့်နေသည်။
လက်တစ်ထောင်အဘွားနှင့် ရှန်းထူနန်ထျန်းတို့ နှစ်ဦးစလုံး ဒဏ်ရာရထားကြသည်။
သူတို့၏ သွေးကြောများ ပျက်စီးနေသည်။
ဤဒဏ်ရာများသည် ပြင်းထန်ခြင်းမရှိပါသော်လည်း ကောင်းမွန်သောဆေးဝါးများကို အသုံးပြုပါက ပျောက်ကင်းနိုင်သော ဒဏ်ရာများ ဖြစ်သည်။
သို့သော် ဤသည်မှာ လင်မိသားစုအဘွားတော် ဖော်ပြသကဲ့သို့ "ထိခိုက်မှုအနည်းငယ်" မဟုတ်သည်မှာ ထင်ရှားသည်။
" သူတို့က မင်းကို တစ်ခုခုလုပ်ခဲ့သေးလား "
အကြီးအကဲက မေးလိုက်သည်။
လက်တစ်ထောင်အဘွားနှင့် ရှန်းထူနန်ထျန်းတို့သည် တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းဆုံကြည့်ကြသည်။
နှစ်ယောက်လုံးသည် ယီယွင်ကို အရိုးထိစွဲအောင် မုန်းတီးကြသည်။
ရှန်းထူနန်ထျန်း အံကြိတ်လိုက်သည်
" ရာထူးနဲ့ဩဇာ ဆုံးရှုံးသွားတဲ့လူတစ်ယောက်က ဂုဏ်သိက္ခာတော့ ကျဆင်းစရာမရှိဘူး။ ယီယွင်က စက်ဆုပ်ရွံရှာစရာကောင်းတဲ့လူတစ်ယောက်ဖြစ်ပေမယ့် သူက ကျွန်တော်တို့ကို ဘာမှလုပ်ရဲတာ မဟုတ်ဘူး။ ကျွန်တော်တို့ ခန္ဓာကိုယ်ပိုင်းမှာပဲ ဒဏ်ရာနည်းနည်းရပြီးတော့ အတွင်းပိုင်းက ဘာမှမဖြစ်ပါဘူး "
ရှန်းထူနန်ထျန်း ထိုသို့ပြောနေစဉ် သူ့ဒေါသ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။
သူသည် ခုနစ်သွယ်နတ်ဆိုးယင်ဆေးကို စားရန် အတင်းအကြပ်စေခိုင်းခံခဲ့ရသော်လည်း ခန္ဓာကိုယ်နာကျင်မှုအချို့သာ ခံစားခဲ့ရသည်ဟု ပြောနိုင်ခဲ့သည်။
ဘယ်လောက် ရှက်စရာကောင်းလိုက်လဲ။
ဒီရန်ငြိုးက တကယ် ပြေလည်ပေးနိုင်စရာ မရှိပေ။
အပိုင်း ( ၄၂၇ )
သတ်ဖြတ်လိုစိတ်
" သာမန်အပေါ်ယံ ဒဏ်ရာတွေတင်ပါပဲ .......... "
တာဝန်ရှိအကြီးအကဲသည် ရှန်းထူနန်ထျန်းကို လေးနက်စွာ ကြည့်သည်။
" နန်ထျန်း ...... မင်းရဲ့ ဝိဉာဉ်က ဒဏ်တွေအများကြီး ခံထားရတာ။ ဒီလိုပြန်လုပ်တာက မင်းအတွက် မကောင်းတဲ့ကိစ္စ မဟုတ်ဘူး "
တာဝန်ရှိအကြီးအကဲမှ သူ့ကို တိုင်ပင်ချက်အချို့ပေးသည်။
ရှန်းထူနန်ထျန်းကို လက်သီးကို တင်းလွန်းစွာ ဆုပ်ထားသောကြောင့် လက်သည်းပင်အသားထဲ ထိုးဝင်နေသည်။
သို့သော် "နန်ထျန်း နားလည်ပါတယ် "ဟုသာ ပြန်ပြောခဲ့နိုင်သည်။
သူသည် အကျဉ်းထောင်ထဲ၌ တွေ့ကြုံခဲ့သည်များအား တာဝန်ရှိအကြီးအကဲကို ပြောပြရန် နည်းလမ်းမရှိပေ။
အခြားသူများ သိပါက မျက်နှာပျက်ရုံမှလွဲ၍ အခြားကောင်းကျိုး မရှိချေ။
ထို့အပြင် သူ့နေရာကို လိုချင်၍ ချောင်းမြောင်းနေသောလူများအား သူ၏သွေးကြောများ ပျက်စီးနေသည်ဆိုသောအကြောင်း အသိပေးသလို ဖြစ်သွားပေလိမ့်မည်။
သူ၏အနာဂတ်အောင်မြင်မှုများသည် မသေချာတော့သည်ကို သူတို့သိပါက သူတို့သည် ပို၍ပင် ရည်မှန်းချက်ကြီးလာကြမည်။
ထိုခံစားချက်သည် ရှန်းထူနန်ထျန်းကို အူများထဲကပင် ခွေခေါက်စေသည်။
သူသည် တိတ်တဆိတ်ပင် ကြိတ်မှိတ်ခံစားရသည်။
" သူတို့ကို မြင်ပြီးပြီဆိုတော့ မဟာဧကရီဆန်းကြယ်နယ်မြေက အချက်အလက်တွေ ဘယ်မှာလဲ "
လင်မိသားစုအဘွားတော်မှ အေးစက်စွာ ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမဘေးရှိ လင်မိသားစုအကြီးအကဲတစ်ဦးမှ စိတ်ဝိဉာဉ်စာချုပ်ကို ထုတ်ယူလာသည်။
ဤဝိဉာဉ်စာချုပ်တွင် ပို၌ရှုပ်ထွေးစွာ ထွင်းထားသော စာလုံးများ ပါရှိသည်။
အရည်အသွေးမှာလည်း ယခင်စာချုပ်ထက်ပင် ပိုပြီးမြင့်မားသေးသည်။
ထို့ကြောင့် ရှန်းထူမိသားစုမှ စစ်မှန်သောအကြောင်းအရာများ ပါရှိသည့် ကျောက်စိမ်းစာလိပ်ကို ပေးစေရန် ထိုအရာဖြင့် ရှန်းထူမိသားစုကို စာချုပ်ဖြင့် ချည်နှောင်ထားခဲ့သည်။
အပြန်အလှန်အနေဖြင့် လင်မိသားစုသည် ရှန်းထူနန်ထျန်းနှင့် လက်တစ်ထောင်အဘွားကို အသက်အန္တရာယ်မရှိစေခဲ့ပေ။
ရှန်းထူမိသားစု တာဝန်ရှိအကြီးအကဲမှ အေးစက်စွာ သက်ပြင်းချလိုက်သည်။
သူသည် ဓားမြှောင်တစ်ချောင်းကိုယူကာ လက်ချောင်းကို ဖြတ်လိုက်ရာ သွေးတစ်စက် စာချုပ်ပေါ်သို့ ကျသွားသည်။
" မင်းတို့အတွက် "
ထိုသို့ဖြင့် တာဝန်ရှိအကြီးအကဲ၏လက်ထဲမှ ကျောက်စိမ်းစာလိပ် လွင့်ထွက်လာသည်။
ထိုကျောက်စိမ်းစာလိပ်သည် အဖြူရောင်အလင်းတန်းကဲ့သို့ လျင်မြန်စွာ လွင့်ပျံသွားသည်။
ထိုအထဲ၌ တာဝန်ရှိရှန်းထူမိသားစုအကြီးအကဲ၏ ယွမ်ချီစွမ်းအင်ပါဝင်သည်။
ပျံသန်းစဉ် ထွက်လာသောအသံမှာ ထိတ်လန့်စရာကောင်းအောင်ပင် စွမ်းအားကြီးလှသည်။
ဤစာလိပ်ဖြင့်ပင် သာမန်ပညာရှင်တစ်ယောက်၏အသက်ကို ခြိမ်းခြောက်နိုင်သည်မှာ သံသယဖြစ်စရာမရှိပေ။
ရှန်းထူမိသားစု အကြီးအကဲများနှင့် လင်မိသားစု အကြီးအကဲများကြား ပညာချင်းပြိုင်နေမှု ဖြစ်သည်။
ညှိနှိုင်းနေမှုမှာပင် ပြင်းထန်လွန်းလှသည်။
လင်မိသားစုအဘွားတော်မှ လက်ကိုဆန့်ထုတ်ကာ ယူလိုက်သည်။
ပျော့ပြောင်းဖြူလျသော ပုံရိပ်ယောင်သည် ထွက်ပေါ်လာပြီး သူမ၏အိုမင်းနေသော လက်များက ကျောက်စိမ်းစာလိပ်ကို ဆွဲယူလိုက်သည်။
ကျောက်စိမ်းစာလိပ်ထဲ၌ ပါဝင်သောအချက်အလက်များကို အတည်ပြုပြီးနောက် အဘွားတော်လင် ခေါင်းညိတ်သည်။
ဝိဉာဉ်စာချုပ်ကို ကြည့်ပြီးနောက် ထိုစာချုပ်သည် အလိုလိုစတင်လောင်ကျွမ်းလာသည်။
မကြာခင်မှာပင် မီးတောက်လုံး ဖြစ်လာသည်။
သွေးနီရောင်တစ္ဆေဦးခေါင်းသည် လောင်ကျွမ်းကာ တဖြည်းဖြည်း သေဆုံးပျောက်ကွယ်သွားသည်ကို မြင်နိုင်သည်။
စာချုပ်ကို ဖြည့်ဆည်းပေးပြီးနောက် ကျိန်စာမှာလည်း အလိုလျောက်ပယ်ပျောက်သွားတော့သည်။
ထိုမှတဆင့် ကျောက်စိမ်းစာလိပ်ထဲပါ အကြောင်းအရာများသည် ပြဿနာမရှိသည်ကို သက်သေပြနေသည်။
ညှိနှိုင်းမှုမှာ အဆင်ပြေပြီးမြောက်သွားသည့်အခါ လင်မိသားစုအဘွားတော်မှ အေးဆေးစွာ ပြောလိုက်သည်။
" သူတို့ကို လိုက်ပို့ပေးလိုက် "
သူမသည် ရှန်းထူမိသားစုအား လင်မိသားစုပိုင်နေရာအတွင်း တစ်စက္ကန့်ပင် ထပ်၍မနေစေချင်ပေ။
" ပြန်ပြီး အပြစ်ပေးခံရလိမ့်မယ်။ ဒီနေ့မှာ မင်းတို့ဘက်က အသာစီးရနိုင်ပေမယ့် ငါတို့ ရှန်းထူမိသားစုက အနာဂတ်မှာ ပြန်မျက်နှာသာယူရလိမ့်မယ် "
အကြီးအကဲတစ်ယောက်သည် ထိုသို့ပြောပြီးနောက် လှည့်ပြီး သူတို့၏ စီးတော်လေယာဉ်ဆီသို့ လျှောက်သွားလိုက်သည်။
သူ့နောက်မှ ရှန်းထူမိသားစုဝင်များလည်း စုဝေးပြီး ထွက်ခွာသွားကြသည်။
စစ်လေ့ကျင့်ကွင်းပြင်ကို လွှမ်းမိုးထားသည့် ကြီးမားသောဖိအားပြင်းတိမ်မှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ထိုဖိအားများ ပျောက်ကွယ်သွားသည့်အချိန် လင်အဘွားတော်၏ဘေး၌ ရပ်နေသည့် ယီယွင်သည် ရုတ်တရက် သူ့နှလုံးသားထဲမှ သေစေနိုင်လောက်အောင် အေးစက်သည့်ဒဏ်တစ်ခုကို ခံစားလိုက်ရသည်။
ထိုအချိန်မှာ သတ်ဖြတ်ချင်စိတ်အငွေ့အသက်များ ပျံ့နှံ့သွားသည်။
" အား "
ယီယွင်၏ မျက်နှာသည် အသက်ရှူပင် မဝတော့သောကြောင့် ဖြူဖျော့သွားသည်။
အဝေးရှိ မှောင်မိုက်နေသော မိုးတိမ်များထဲမှ သူ့ကို အေးစက်နက်ရှိုင်းစွာ စိုက်ကြည့်နေပြီး ရက်စက်သော မျက်လုံးတစ်စုံ ရှိနေသည်ကို သူ ရှင်းလင်းစွာ သိလိုက်ရသည်။
ထိုအကြည့်ကြောင့် သူ့ခြေလက်များမှာ ထုံကျင်ပြီး အေးစက်သွားသည်။
ရှန်းထူမိသားစုအကြီးအကဲအဘိုးတော်
လမ်းပြလူငယ်သည် သူ၏ထိပ်တန်းနေ့များမှာပင် ရှေးဦးနတ်ဘုရားခြင်္သေ့တစ်ကောင်နှင့် တွဲဖက်ပြီး တိုက်ခိုက်ခဲ့သော်လည်း လုံးဝမနိုင်ခဲ့သည့် အဘိုးကြီးတစ်ယောက်ဖြစ်သည်။
ယခုအခါ သူသည် ယီယွင်ကို သေချာစွာ စိုက်ကြည့်နေသည်။
ထိုအကြည့်မှာ နှလုံးသားထဲထိ ထိုးဖောက်ဝင်ရောက်သွားနိုင်သည်။
အကြည့်ခံလိုက်ရသည်နှင့် လူသားတစ်ယောက်ဖြစ်ခဲ့သောအချိန်ကို ပြန်လည်ရောက်ရှိသွားသလိုဖြစ်သည်။
နှင်းဖုံးနေသော ပတ်ဝန်းကျင်၌ ကိုယ်တီးလုံးနှင့် ရပ်နေရသလိုခံစားချက် ဖြစ်ပေသည်။
တွန်းလှန်ကာကွယ်လို့ မရသော အေးစက်မှုက လူကို စိတ်လှုပ်ရှားရှုပ်ထွေးစေသည်။
" ယီယွင် "
ယီယွင်၏ဘေး၌ ရပ်နေသော အဘွားတော်လင်သည် လက်ကိုအမြန်ထုတ်ကာ ယီယွင်၏နှလုံးသားကို အနောက်မှ ထောက်ထားပေးလိုက်သည်။
နွေးထွေးသော ယွမ်ချီစီးကြောင်း ယီယွင်၏ခန္ဓာကိုယ်ထဲကို ထိုးသွင်းလိုက်သည်။
ထိုအခါမှ ယီယွင်၏ အသားအရေ ပြန်လည်ကောင်းမွန်လာသည်။
" အဆင်ပြေရဲ့လား "
လင်အဘွားတော်မှ စိုးရိမ်တကြီး မေးလိုက်သည်။
" ကျွန်တော် အဆင်ပြေပါတယ် ..... လင်အဘွားတော်ကို ကျေးဇူးတင်ပါတယ် "
ယီယွင် ခေါင်းခါကာ ပြောလိုက်သည်။
ရှန်းထူအဘိုးတော်ထံမှ အကြည့်တစ်ချက်သည် သူ့နဖူးမှ ချွေးများထွက်ကျလာစေနိုင်သည်အထိ လုံလောက်သည်။
သူ့ဝိဉာဉ်ပင် အလွန်တင်းမာနေပြီး စူးရှသော နာကျင်မှုကို ခံစားနေရသည်။
ဒါက ထျန်းယွမ်ကမ္ဘာ ထိပ်တန်းပုဂ္ဂိုလ်ရဲ့ စွမ်းအားပဲ။
" အဲ့ဒီ မကောင်းဆိုးဝါးအဘိုးအိုကြီး။ ဂျူနီယာတစ်ယောက်ကို တကယ် ဒီလိုလုပ်တယ်လား "
လင်အဘွားတော်သည် အဝေးသို့ လွင့်ကာပျောက်ကွယ်သွားသည့် မည်းမှောင်နေသောမိုးတိမ်ကို မုန်းတီးစွာ ကြည့်လိုက်သည်။
ရှန်းထူအဘိုးတော်၏ နောက်ဆုံးအကြည့်မှာ သူ၏ဆန္ဒများ ပါဝင်နေသည်။
သူသည် ယီယွင်ကို ဤနေရာတွင် မသတ်နိုင်ခဲ့ပါသော်လည်း ထိုအကြည့်ကပင် သတ်ဖြတ်ချင်စိတ်ကို ကြိုတင်သတိပေးနေသည်။
ရှန်းထူအဘိုးတော် ဤသို့ပြုမူကာ ဒေါသထွက်နေသည်ကို ကြည့်ခြင်းအားဖြင့် သူသည် ထိုကိစ္စနှင့် ပတ်သက်၍ မကျေနပ်နေသည်ကို မြင်နိုင်သည်။
လင်မိသားစုနှင့် ရှန်းထူမိသားစုတို့သည် ထျန်းယွမ်ကမ္ဘာမှ မိသားစုကြီးများဖြစ်ကြသည်။
နှစ်ဖက်လုံးသည် မစဉ်းစားဘဲ တိုက်ခိုက်ကြပါက နှစ်ဖက်လုံး အထိနာကြပေမည်။
ထိုသို့ရလဒ်မျိုးကို မည်သူမျှ မမြင်ချင်ပေ။
ထိုအခြေအနေများကြောင့် ရှန်းထူအဘိုးတော်သည် ဘာမှမလုပ်နိုင်ပေ။
သိူ့သော် သူ့လိုလူတစ်ယောက်အား နောက်ဆုတ်စေချင်ပါက အဖိုးအခကြီးနိုင်သည်။
" ယီယွင်၊ သတိထားရမယ်။ မင်းက ရှန်းထူမိသားစုကို ပြဿနာရှာထားတာဆိုတော့ ထျန်းယွမ်ကမ္ဘာကို လှည့်လည်တဲ့အခါ သတိထားရမယ်။ မဟုတ်ဘဲ လင်မိသားစုမှာဆိုရင်တော့ သေချာပေါက် လုံခြုံပါတယ်။ ငါတို့ လင်မိသားစုက ကာကွယ်ပေးမှာ "
လင်အဘွားတော်သည် ယီယွင်ကို ပြောလိုက်သည်။
ထိုအချိန်တွင် လင်မိသားစုမှ အကြီးအကဲအများအပြားသည် သူတို့၏တပည့်များနှင့်အတူ ပြန်သွားကြပြီဖြစ်သည်။
လင်ရှင်းထုံ၊ ယီယွင်တို့အပြင် လင်အဘွားတော်၏ဘေး၌ လူအနည်းသာ ကျန်ခဲ့သည်။
ယီယွင် ရင်ထဲမှလှိုက်လှဲစွာ ကျေးဇူးတင်လိုက်သည်။
" ကျေးဇူးတင်ပါတယ်၊ လင်အဘွားတော် "
" ဒီလောက်က မျှော်မှန်းထားသင့်တယ်။ မင်း ရှန်းထူမိသားစုကို ပြဿနာရှာခဲ့တာက ငါတို့လင်မိသားစုကြောင့် အများကြီးသက်ဆိုင်တယ် မဟုတ်လား။ မင်းကြောင့်သာ မဟုတ်ရင် အသက်ကြီးပြီး မျက်စိကန်းတဲ့အဖြစ်ကြုံရတော့မလို့။ သူတို့ရဲ့ လှည့်ကွက်ထဲကို ကျသွားတော့မှာ။ မီးမျက်လုံးနီဝံပုလွေက အမတေကိုစားပြီး အရိုးစုဖြစ်သွားကတည်းက လူတစ်ယောက်ရဲ့ ဘဝသက်တမ်းကို ထိခိုက်စေနိုင်တာပဲ။ ငါ ရှင်းထုံနဲ့ လင်မိသားစုကို အန္တရာယ်ဖြစ်စေတော့မလို့။ ယီယွင် မင်းက ငါတို့လင်မိသားစုရဲ့ ကျေးဇူးရှင်ပါ "
အိမ်ထောင်ရေး မဟာမိတ်ဖွဲ့မှုသည် လင်မိသားစုနှင့် ရှန်းထူမိသားစု နှစ်ခုလုံးအတွက် အကျိုးရှိခဲ့သည်။
သို့သော် အမတေ၌ ချို့ယွင်းချက်ရှိနေသောကြောင့် ရှန်းထူမိသားစုသာ အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပြီး လင်မိသားစုမှာ ပျက်စီးရပေမည်။
သူတို့သည် လင်မိသားစု၏ အမွေဆက်ခံသူကို ဖျက်ဆီးပစ်မှာဖြစ်ပြီး လင်မိသားစုအနာဂတ်ကိုလည်း ခန့်မှန်းနိုင်သည်။
" အဘွားတော်လင်၊ အရမ်းအလေးအနက်ထားလွန်းနေတယ်လို့ ထင်နေတယ်။ ဒီဂျူနီယာက အဲ့တာမျိုးတွေနဲ့ မထိုက်တန်ပါဘူး "
ယီယွင် လက်သီးဆုပ်အရိုအသေပေးပြီး နှိမ့်ချစွာ ပြောလိုက်သည်။
အဘွားတော်လင်က ပြုံးလိုက်သည်။
တစ်စုံတစ်ခုကို အောင်မြင်ပြီးသော်လည်း မာနမကြီးသော ယီယွင်၏ သဘောထားကို သူမ အလွန်ကျေနပ်နေသည်။
" ယီယွင်၊ မင်းရဲ့ အိမ်ထောင်ရေးကိစ္စကို မဆုံးဖြတ်ရသေးဘူးလို့ ကြားတယ်။ မင်း လက်ထပ်ချင်ရင် လင်မိသားစုထဲက မင်းကြိုက်တဲ့ မိန်းကလေးကို ရွေးချယ်နိုင်တယ် ........ "
အဘွားတော်လင်မှ ထိုသို့ပြောသောအခါ ယီယွင် စကားမပြောနိုင်ဖြစ်သွားသည်။
သူသည် သူ့ပါးကို ရှက်ရွံ့စွာ ထိပြီး ပြောလိုက်သည်။
" ဒီဂျူနီယာက ငယ်သေးပါတယ်။ အဲ့တာကြောင့် ဒါက အရေးကြီးကိစ္စ မဟုတ်သေးပါဘူး ....... "
အဘွားတော်လင်သည် ယီယွင်ကို လင်မိသားစု၌ အခြေချစေချင်နေသည်မှာ ထင်ရှားသည်။
မဝေးသောနေရာ၌ ရပ်နေသည့် လင်ဖန်းကူသည် ထိုစကားကို ကြားပြီး စိတ်မချမ်းသာပေ။
" အဘွားတော်၊ ဘယ်လိုလုပ် ...... "
သူမသည် ယီယွင်နှင့် ပျက်စီးခြင်းမျိုးနွယ်စုနှင့် ပတ်သက်သောကိစ္စကို စိုးရိမ်နေသည်။
အဘွားတော်လင်က ဘယ်လိုလုပ် ယီယွင်လို မသန့်ရှင်းတဲ့ရည်ရွယ်ချက်တွေနဲ့ လူတစ်ယောက်ကို လင်မိသားစုမှာ အခြေချခွင့်ပြုရတာလဲ။
ဒါဆိုရင် သူမ အရင်ပြောခဲ့တာတွေက အလကားပဲ မဟုတ်လား။
" အိုး "
လင်ဖန်းကူကို စိုက်ကြည့်ကာ လင်မိသားစုအဘွားတော် မျက်ခုံးတွန့်သွားသည်။
လင်ဖန်းကူသည်လည်း ရုတ်တရက် စကားပြောတာ ရပ်သွားသည်။
သူမသည် ယီယွင်ကို နှစ်သက်ခြင်း မရှိပါသော်လည်း လင်အဘွားတော်၏ ဆန္ဒကို မတွန်းလှန်ရဲပေ။
လင်အဘွားတော်သည် ယီယွင်ဘက်ကို လှည့်ပြီး သူမ၏မျက်နှာမှာ သာယာသော အပြုံးတစ်ခုပေါ်လာသည်။
" မင်းက ငယ်တော့တာ မဟုတ်တော့ဘူး။ လူသားအများစုက အသက်၁၅နှစ်ဆို အိမ်ထောင်ပြုကြတယ် မဟုတ်လား။ စစ်သည်တွေအတွက်ကတော့ နောက်မှ အိမ်ထောင်ပြုကြပေမယ့် စောစောစီးစီး စေ့စပ်ထားတာလည်း အဆင်ပြေပါတယ် "
" ကိုယ်ခံပညာမှာ ကာမဆက်ဆံရေးကို ခွင့်ပြုတဲ့ ကျင့်ကြံမှုဥပဒေသတွေ ရှိတယ်။ အဲ့တာတွေက ကျင့်ကြံမှုကို မြန်မြန်တိုးတက်အောင် အထောက်အကူပြုလိမ့်မယ်။ ငါတို့ လင်မိသားစုမှာလည်း ဒီလိုကျင့်ကြံမှုဥပဒေသတွေ ရှိတယ်။ မင်းကြိုက်သလို ရွေးချယ်လိုက်။ ဒါပေါ့၊ မင်းရဲ့လက်တွဲဖော်အဖြစ် ဘယ်သူ့ကို ရွေးမလဲဆိုတာကိုလည်း ရွေးချယ်နိုင်တယ်။ မင်း တစ်ယောက်ယောက်ကို ရွေးချယ်လိုက်တာနဲ့ ငါကိုယ်တိုင် မင်းတို့ကို အတွဲညီအောင် ကူညီပေးမယ် "
လူအများကြီး မရှိသောကြောင့် အဘွားတော်လင်သည် ဘာစကားမှမခံဘဲ ပြောလိုက်သည်။
ထိုသည်က သူမဘေး၌ ရပ်နေသော လင်ရှင်းထုံကို အနည်းငယ် ရှက်သွားစေသည်။
သူမသည် ဖြူစင်နေဆဲဖြစ်ရာ အဘွားတော်မှ ထိုစကားများကို ပွင့်လင်းစွာ ပြောနေသည်အား ကြားပြီးနောက် သူမ မည်သို့တုံ့ပြန်ရမည်ကို မသေချာပေ။
" အဘွားတော်က ယီယွင်ရဲ့ အိမ်ထောင်ရေးအကြောင်း တကယ် အလေးအနက် စဉ်းစားနေတာလား.... "
လင်ရှင်းထုံ သူမဘာသာ တီးတိုးပြောလိုက်သည်။
အဘွားတော်လင်ကိုယ်တိုင်မှ အောင်သွယ်ပေးသည်ကို လင်မိသားစုထဲရှိ မည်သည့်ဂျူနီယာမှ ခံစားဖူးမည် မဟုတ်ပေ။
အဘွားတော်ကသာ အိမ်ထောင်ချပေးဖို့ ရည်ရွယ်ချက်ရှိနေရင် ဘယ်လိုလုပ် မအောင်မြင်ဘဲ နေမှာလဲ။
ထို့အပြင် မိသားစုထဲ၌ ယီယွင်ကို မကြိုက်သောမိန်းကလေး ရှိမှာ မဟုတ်ပေ။
ထိုအတွေး ပေါ်လာသည့်အခါ လင်ရှင်ထုံ ယီယွင်ကို တိတ်တဆိတ်ကြည့်လိုက်သည်။
ယခုလက်ရှိ၌ ယီယွင်သည် ထက်မြက်သော ဆယ်ကျော်သက်အဖြစ် အရွယ်ရောက်လာခဲ့သည်။
သူသည် ကလေးဆန်သော ပုံရိပ်များ မရှိတော့ဘဲ ပို၍ ပညာရှိပုံပေါက်လာပြီး ထိန်းသိမ်းကာနေတတ်သောပုံ ဖြစ်လာသည်။
ထို့အပြင် သူ၏ ထူးချွန်ထက်မြက်သော အရည်အချင်းနှင့် တောက်ပသောအနာဂတ်ကြောင့် ဘယ်မိန်းကလေးမဆို သွေးဆောင်ခံချင်ကြမှာ သေချာသည်။
လွန်ခဲ့သောတစ်လက ပွဲတော်အကြောင်း စဉ်းစားကြည့်လျှင် ယီယွင်၏အနား၌ ဝန်းရံနေသော မိန်းကလေးငယ်များသည် ပျံဝဲနေသည့် ငှက်ကလေးများလိုပင် ဖြစ်သည်။
ထိုမိန်းကလေးများသည် ယီယွင်ကို ချဉ်းကပ်ရန် ညွှန်ကြားချက် မရထားပါသော်လည်း သူတို့ကိုယ်တိုင် ယီယွင်နှင့် သိကျွမ်းလိုကြသည်။
ထိုအတွေးက လင်ရှင်းထုံ၏အပြုံးကို ဖျော့သွားစေသည်။
ယခင်က သူမသည် ယီယွင်ကို တိမ်တောအုပ်ထဲ၌ တွေ့ခဲ့စဉ်က ဤမျှထူးချွန်ထက်မြက်သောလူငယ် ဖြစ်လာမည်ကို သူမ မသိခဲ့ပေ။
" ယီယွင်၊ တွေးကြည့်လိုက်ပါ။ မင်းသာအလိုရှိရင် လင်မိသားစုကျင့်ကြံစဉ်စာကြည့်တိုက်ထဲက ကျင့်ကြံစဉ်နည်းတစ်ခုကို ယူလိုက်လို့ရတယ် "
မိသားစုစည်းမျဉ်းခန်းမမှ လူများသည် ယီယွင် ချူတော်ဝင်အိမ်တော်၌ ဖြစ်ပျက်ခဲ့သည်များကို တတ်နိုင်သမျှအားလုံး အမြန်ဆုံးစုံစမ်းခဲ့သည်။
လင်အဘွားတော် ကြားသိရသလောက် ယီယွင်သည် အသက်ကိုစွန့်စားကာ ရှန်းထူနန်ထျန်းကို တားချင်သည်မှာ သူ၏အစ်မကြောင့်ဖြစ်သည်။
ထိုသည်က လင်အဘွားတော်၏ ယီယွင်အပေါ်အထင်ကြီးမှုကို တိုးမြှင့်ရုံသာမက ယီယွင်သည် ဆက်ဆံရေးများကို တန်ဖိုးထားတတ်သော လူတစ်ယောက်အဖြစ် လင်အဘွားတော် မြင်မိသည်။
ထိုသို့သောလူများကို ယုံကြည်ရထိုက်တန်ပေသည်။
ဆန့်ကျင်ဘက်အနေဖြင့် သူသည် သူ့အစ်မ၏အသက်ကို လျစ်လျူရှုပြီး မိသားစုကို ပစ်ပယ်ပါက ထိုလူမျိုးကို သတိထားသင့်သည်။
ထိုလူများသည် သူတို့လိုချင်သော ပန်းတိုင်သို့ရောက်ရန် ဘာမဆိုလုပ်ကြမည်ဖြစ်သည်။
ယီယွင်သည် ယုံကြည်ထိုက်ပြီး ဗီဇကောင်းသော ပါရမီရှင်ဖြစ်သည်။
ထို့ကြောင့် လင်အဘွားတော်သည် ယီယွင်ကို ခေါ်ထားချင်သည်။
ယီယွင်အတွက် လင်မိသားစုမှ မိန်းကလေးတစ်ယောက်နှင့် လက်ထက်ဆက်နွယ်နိုင်ပါက ပို၍အဆင်ပြေလေသည်။
ထိုမိန်းကလေးသည် ယီယွင်၏နှလုံးသားကို ဖြည်းဖြည်းချင်း အနိုင်ယူပေလိမ့်မည်။
ထိုအခါ ယီယွင်သည် ပျက်စီးခြင်းလူမျိုးများဘက်ပါလျှင်ပင် စိုးရိမ်စရာ မရှိတော့ပေ။