← Chapters

အခန်း (၄၃၁-၄၃၃)

Vol. 29 Ch. 430-433

အခန်း (၄၃၁-၄၃၃)

Vol. 29 Ch. 430-433

အပိုင်း ( ၄၃၁ )

ယွင်အခြေခံအုတ်မြစ်ပေါ်၌ တာအိုမျိုးစေ့စိုက်ပျိုးခြင်း

လင်မိသားစု၏ အဓိကတောင်ထိပ် ၁၈ခုအနက် အလယ်၌ရှိသော အမြင့်ဆုံးတောင်ထိပ်ကို ကျောက်စိမ်းတောင်ထိပ်ဟု အမည်ပေးထားသည်။

ဝေဟင်ပေါ် ပေတစ်သန်းအမြင့်မှ လင်မိသားစု၏ တောင်တန်းကို ကြည့်မည်ဆိုလျှင် ကျောက်စိမ်းတောင်ထိပ်သည် တောင်တန်း၏ အဓိကအချက်ဖြစ်ကြောင်း သဘောပေါက်မည်ဖြစ်ပြီး ကျန်တောင်တန်းများသည်လည်း ထိုမှတဆင့် ကွေ့ကောက်သွားကြသည်။

တောင်တန်းများသည် ကျောက်စိမ်းတောင်ထိပ်ကို အလယ်ဗဟိုအဖြစ် ပတ်ကာ ဝန်းရံထားသော ဧရာမနဂါးကြီးများကဲ့သို့ ဖြစ်သည်။

ဤထူးဆန်းသော ရှုခင်းကို လူအများက ပုလဲဝန်းရံ နဂါးကိုးကောင်ဟု ခေါ်ဝေါ်ကြသည်။

လင်မိသားစုသည် ဤရှုခင်းကို အုတ်မြစ်အဖြစ် အသုံးပြုခဲ့သည်။

ဤနေရာတွင် လင်မိသားစု၏ ကြွယ်ဝချမ်းသာမှုကို သေချာစေရန်အတွက် ဝိဉာဉ်သွေးကြောများ စီတန်းထားသည်။

ထူထဲသိပ်သည်းသော ယွမ်ချီဓာတ်ဖြင့် ဤနေရာကို လင်မိသားစု၏ အဖိုးတန်မြေအဖြစ် ပြောင်းလဲခဲ့သည်။

ကိုယ်ခံပညာ လေ့ကျင့်သူများသည် 'ချမ်းသာကြွယ်ဝမှု၊ မြေယာ၊ အဖော်နှင့် ဥပဒေသတို့' လိုအပ်သည်။

ထိုလိုအပ်ချက်တို့အနက် 'မြေယာ'ဆိုသည်မှာ စိုက်ပျိုးမြေကို ဆိုလိုသည်။

လေ့ကျင့်သူများသည် စိုက်ပျိုးလေ့ကျင့်ရန်အတွက် လိုအပ်သော အရေးကြီးဆုံး အချက်လေးချက်အနက် တစ်ခုဖြစ်သော မြေယာကို မည်မျှအလေးအနက်ထားဆက်ဆံသည်မှာ မြင်သာထင်ရှားသည်။

ထျန်းယွမ်ကမ္ဘာရှိ မိသားစုတိုင်း၌ ကိုယ်ပိုင်လေ့ကျင့်မြေများရှိသည်။

သူတို့၏နယ်မြေများ အပြစ်အနာအဆာကင်းစင်စေရန်အတွက် အရင်းအမြစ်များစွာကို အသုံးပြုခဲ့ကြသည်။

မိသားစုမျိုးနွယ်စုများအကြား အကျိုးစီးပွားအတွက်ဖြစ်သော ပဋိပက္ခများသည် အများသောအားဖြင့် နယ်မြေများကို ဗဟိုပြုလေ့ရှိသည်။

လင်မိသားစုအတွက် ကျောက်စိမ်းတောင်ထိပ်သည် အလွန်အရေးကြီးသော မိသားစုပိုင်ဆိုင်မှုတစ်ခု ဖြစ်သည်။

လင်မိသားစု၏ အကြီးအကဲသုံးဦးသည် ရှည်လျားသော တစ်ကိုယ်တော် စခန်းချလေ့ကျင့်မှုစတင်တိုင်း ကျောက်စိမ်းတောင်ထိပ်ကို နေရာအဖြစ် ရွေးချယ်လေ့ရှိသည်။

လက်ရှိအချိန်တွင် ယီယွင်သည် ကျောက်စိမ်းတောင်ထိပ်တွင် တစ်ယောက်တည်းနေထိုင်သည်။

ယီယွင်အသုံးပြုသော အခန်းကို ကောင်းကင်ယန်ခန်းမဟု အမည်ပေးထားသည်။

ကောင်းကင်ယန်ခန်းမသည် သန့်စင်သော ယန်ဥပဒေသများကို မွေးမြူစိုက်ပျိုးသော လေ့ကျင့်ရေးမြေဖြစ်သည်။

ထိုခန်းမသည် ကျောက်စိမ်းတောင်ထိပ်၏ တတိယနေရာတွင် ရှိသည်။

ဤနေရာသည် လင်အကြီးအကဲများအသုံးပြုသော ပထမတစ်ခုနှင့် လင်မိသားစု၏ ဧည့်သည်အကြီးအကဲများအသုံးပြုသော ဒုတိယတစ်ခုထက် တစ်ခုသာ နိမ့်ကျသည်။

ထို့ကြောင့် လင်မိသားစုမှ ဂျူနီယာများ အသုံးပြုနိုင်သော အကောင်းဆုံး ကျင့်ကြံရေးမြေဖြစ်သည်။

ပုံမှန်အားဖြင့် လင်မိသားစုရှိ ဂျူနီယာတပည့် အနည်းငယ်သာလျှင် ထိုကဲ့သို့သောအရေးပေးမှုကို ခံကြရသည်။

ကောင်းမွန်သော လေ့ကျင့်ရေးမြေပြင်တစ်ခုသည် လူတစ်ဦး၏ လေ့ကျင့်မှုကို တဝက်သာလုပ်ဆောင်ခြင်းဖြင့် ရလဒ်နှစ်ဆကို ရရှိစေနိုင်သည်။

ယခုအချိန် ယီယွင်သည် ကောင်းကင်ယန်ခန်းမတွင် အတော်ကြာနေထိုင်ခဲ့ပြီးဖြစ်သည်။

သူသည် ခရမ်းရောင်ကျောက်တုံးအတွင်းရှိ သန့်စင်သောယန်စွမ်းအင်ကို စုပ်ယူခဲ့ပြီး သူ၏သွေးကြောလှည့်ပတ်မှြများကို ပြောင်းလဲနေခဲ့သည်။

သူသည် တစ်ဆင့်ပြီးတစ်ဆင့် ခိုင်မာသောအခြေခံအုတ်မြစ်ကို ဖန်တီးနေသည်။

ယွမ်အုတ်မြစ်ချအုတ်မြစ်သည် စစ်သည်တော်တစ်ဦး၏ သွေးကြောမကြီးထဲတွင် အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ရန်ဖြစ်သည်။

ယွမ်အုတ်မြစ်ချအုတ်မြစ် စိုက်ပျိုးပြီးနောက် နောက်ထပ်မြင့်မားသောနယ်ပယ်ကို "တာအိုမျိုးစေ့"ဟု ခေါ်သည်။

တာအိုမျိုးစေ့၏ အဓိပ္ပာယ်မှာ ယွမ်အုတ်မြစ်ချအုတ်မြစ်၏ ထိပ်ဆုံး ကိုယ်ခံပညာမျိုးစေ့တစ်ခု စိုက်ပျိုးခြင်း ဖြစ်သည်။

ယွမ်အုတ်မြစ်ချအုတ်မြစ်ပေါ်မှ တာအိုမျိုးစေ့ကို စိုက်ပျိုးခြင်းသည် လူတစ်ဦး၏လမ်းကြောင်း၌ ကိုယ်ခံပညာတာအိုအား စိုက်က်ကြဲခြင်းဖြစ်သည်။

အနာဂတ်၌ ပေါက်လာမည့်အရာသည် စစ်သည်တော်အပေါ်တွင် မူတည်သည်။

တိုင်အာနတ်ဘုရားနိုင်ငံတော်တွင် စစ်သည်တော်များစွာသည် သူတို့၏ ကိုယ်ခံပညာဘဝတစ်လျှောက်လုံး ယွမ်အုတ်မြစ်ချအုတ်မြစ်နယ်ပယ်တွင်သာ ရပ်တန့်ကြသည်။

တာအိုမျိုးစေ့နယ်ပယ်သို့ ရောက်ရှိနိုင်ခြင်းသည် အလွန်ကံကောင်းခြင်းတစ်ခုဟု ဆိုနိုင်သည်။

လူများအပေါ် အုပ်စိုးရန်ပင် လုံလောက်သည်။

ထို့ကြောင့် တာအိုမျိုးနွယ်အဆင့်နယ်မြေသို့ ရောက်ရှိသူတိုင်းကို တိုင်အာနတ်ဘုရားနိုင်ငံတော်၌ လူသားအရှင်သခင်များဟု ခေါ်ကြသည်။

သို့သော် ထျန်းယွမ်ကမ္ဘာ၌ တာအိုမျိုးနွယ်အဆင့်နယ်မြေ၌ ရှိသောလူများသည် လွတ်လပ်စွာ ခရီးသွားလာနိုင်သော လူများသာ ဖြစ်သည်။

အခြားသူများကို အုပ်စိုးပြီး လူသားအရှင်သခင်ဟု ခေါ်ဝေါ်ခံရသည်မှာ ဟာသတစ်ခုပင် ဖြစ်ပေလိမ့်မည်။

အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံမှု၌ စိတ်နှစ်မြှုပ်ထားသော ယီယွင်သည် နတ်ဘုရားအဆင့် ရောက်ရှိနေပြီဖြစ်သည်။

သန့်စင်သော ယန်ချီဓာတ်သည် ခရမ်းရောင်သလင်းကျောက်ထဲမှ စိမ့်ထွက်ကာ ယီယွင်၏ ခန္ဓာကိုယ်ထောင့်နေရာအားလုံးသို့ ဝင်ရောက်သွားသည်။

ယီယွင်၏ အဓိကသွေးကြောများမှတစ်ဆင့် လည်ပတ်လာသည်နှင့်အမျှ စွမ်းအင်အများစုသည် ယီယွင်၏ ခန္ဓာကိုယ်အသွေးအသားထဲသို့ ထိုးဝင်သည်။

အလွန်သေးငယ်သော အစိတ်အပိုင်းလေးများသည် ယီယွင်၏ အပေါက်လေးများမှ လာသည်။

ခရမ်းရောင်သလင်းကျောက်မှ ထုတ်လွှတ်နေသော သန့်စင် ယန်ချီဓာတ်သည် ယီယွင်၏ ခန္ဓာကိုယ်အတွင်းရှိ မသန့်စင်မှုအနည်းငယ်ကို ယူဆောင်သွားသည်။

ရိုးတွင်းခြင်ဆီ သန့်စင်ခြင်းများကို အကြိမ်ကြိမ် ပြုလုပ်ပြီးနောက် သန့်စင်သော ယန်ချီအသွင်ပြောင်းခြင်းနှင့်အတူ ယီယွင်သည် တဖြည်းဖြည်း ပြန်လည်မွေးဖွားလာသကဲ့သို့ ခံစားလိုက်ရသည်။

ယီယွင်၏ ကြွက်သားများသည် ပိုမိုတင်းမာလာသော်လည်း သူသည် ကြွက်သားများ တောင့်တင်းနေသော အမျိုးသားများကဲ့သို့ တောင့်တင်းနေခြင်းလည်း မရှိပေ။

သူ၏ ကြွက်သားများသည် ကြော့ရှင်းသော အလှကို ပေးစွမ်းသည်။

ဖွဲ့စည်းတည်ဆောက်ပုံမှာ တောင်တန်းချောင်းများကဲ့သို့ဖြစ်ပြီး သဘာဝတရားကဲ့သို့ပင် အေးချမ်းနေသည်။

ယီယွင်၏ အသက်ရှူမှုမှာလည်း ပိုမို တည်ငြိမ်လာသည်။

ယီယွင်၏ သန့်စင်သော ယန်ခန္ဓာကိုယ်သည် အဆင့်မြင့်လာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်သည် လောင်ကျွမ်းနေသော ဓာတ်ငွေ့များကို မထုတ်လွှတ်ရုံသာမက သူ့ခန္ဓာကိုယ်၏ အပေါက်များကို စတင်ပိတ်ဆို့ခဲ့သည်။

သူသည် နူးညံ့သိမ်မွေ့သော ပညာရှင်တစ်ယောက်၏ ခံစားချက်ကို ပေးစွမ်းသည်။

သူ့ကို စကားစုတစ်ခုဖြင့် ဖော်ပြပါက "ကျောက်စိမ်း လူကြီးလူကောင်း" ဖြစ်ပေလိမ့်မည်။

ကျောက်စိမ်းလို တောက်ပမှုဖြင့် ကျက်သရေရှိသော စိတ်နေစိတ်ထားရှိကာ သတိရှိသော လူကြီးလူကောင်းတစ်ယောက်အဖြစ် နေပြီး ကျောက်စိမ်းတုံးကဲ့သို့ ဂုဏ်သိက္ခာ ရှိသည်။

ရှန်းထူနန်ထျန်းသည်လည်း ကျောက်စိမ်းကဲ့သို့ လူကြီးလူကောင်းတစ်ယောက်ဖြစ်ရန် လမ်းကြောင်းကို လိုက်လံရှာဖွေခဲ့သော်လည်း ထိုသည်က လူအထင်ကြီးစေရန်ဖြစ်သည်။

ယီယွင်သည် ကျောက်စိမ်း လူကြီးလူကောင်းတစ်ယောက်ဖြစ်ရန် ရည်ရွယ်ချက်ရှိရှိ ဖြည့်ဆည်းခဲ့သော်လည်း သူသည် အတွင်းလူပုံစံမှာ ထိုသို့မဟုတ်ပေ။

ယီယွင်သည် သန့်စင်သော ယန်ခန္ဓာကိုယ် ပြီးပြည့်စုံလုနီးပါး ဖြစ်နေသောကြောင့် ထိုကဲ့သို့ ကိုယ်ရောင်ဝါမျိုးကို သဘာဝကျစွာ ထားလိုက်သည်။

သူကိုယ်တိုင်သည် စစ်မှန်သော လူကြီးလူကောင်းတစ်ယောက်တော့ မဟုတ်ပေ။

ယီယွင်၏ အဓိကယုံကြည်ချက်များသည် လူကြီးလူကောင်းတစ်ယောက်၏ ယုံကြည်ချက်များဖြစ်သော်လည်း သူ၏ လုပ်ရပ်များကို လူကြီးလူကောင်းတစ်ယောက်၏ ကျင့်ဝတ်စည်းကမ်းများအရ တားဆီးမည် မဟုတ်သည်ကို ပြောနိုင်သည်။

အချိန်ကို အာရုံခံစားရင်း လေ့ကျင့်ပြုစုပျိုးထောင်နေလျက် ယီယွင်သည် ငါးလကြာ အထီးကျန်စွာ လေ့ကျင့်နေခဲ့မိသည်ကို သတိမထားမိခဲ့ပေ။

ဤမတိုင်ခင် ယီယွင် တစ်နေရာတည်း၌ အကြာကြီး လေ့ကျင့်ခဲ့သည်မှာ ကြယ်ကြွေတံခါးထဲသို့ ဝင်သွားသည့်အချိန်က ဖြစ်သည်။

ဤငါးလအတွင်း သန့်စင်ယန်ချီဓာတ်ကို စုပ်ယူလျက် ယီယွင်သည် သူ၏ လေ့ကျင့်မှုကို အလျင်စလို တိုးတက်အောင် လုပ်ခဲ့မိသည်။

ထို့ကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကိုလည်း အဆက်မပြတ် ဖြေရှင်းခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် နာမည်ဗေဒဆိုင်ရာ အမှန်တရားများအပေါ် သူ၏အားနည်းချက်များကိုလည်း ဖြည့်ခဲ့သည်။

ဤသည်က ယီယွင်၏ ကိုယ်ခံပညာစနစ်ကို ပို၍ တိုက်ခိုက်လို့ မရနိုင်အောင် ဖြစ်စေခဲ့သည်။

ယီယွင်သည် သူ့ခန္ဓာကိုယ်ထဲကို ကြည့်လိုက်သည့်အခါ သူ၏အရိုးတိုင်းသည် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေသည်ကို တွေ့လိုက်ရသည်။

အရိုးတွင်းခြင်ဆီမှာလည်း ကြည်လင်နေသော အနီရောင်ကျောက်မျက်ရတနာလို ဖြစ်လာသည်။

အသက်ရှူတိုင်း ယီယွင်သည် သူ့ပါးစပ်ထဲမှ ရနံ့ကို မြည်းစမ်းကြည့်နိုင်သည်။

သူ့ပါးစပ်ထဲမှ တံတွေးသည်ပင် စမ်းရေလို ချိုမြိန်နေသည်။

ဤခန္ဓာကိုယ်၏ ကောင်းကျိုးများသည် မသန့်စင်မှု လုံးဝမရှိတော့ဘဲ ယန်သန့်စင်ခန္ဓာဖြစ်လာတော့သည်။

ထိုခံစားချက်မှာ ဖော်ပြမရအောင် ကောင်းမွန်လှသည်။

ယီယွင် ခရမ်းရောင်သလင်းကျောက်ကို စစ်ဆေးကြည့်လိုက်သည့်အခါ မဟာဧကရီရုပ်ကြွင်းမှ သန့်စင်ထားသော ယန်စွမ်းအင်အများစုကို သူ စုပ်ယူခဲ့ပြီး ဖြစ်သည်။

သန့်စင်သော ယန်ဝိညာဉ်လည်း ကြီးထွားလာခဲ့သည်။

ခုနစ်သွယ်နတ်ဆိုးယင်ဆေးမှ စုစည်းထားသော ရေခဲချီကို ဖိသိပ်ပြီး ခန္ဓာထောင့်တစ်နေရာတွင် ထားလိုက်သည်။

ထိုရေခဲချီဓာတ်သည် ယီယွင်၏ ထိန်းချုပ်မှုအောက်တွင် လုံးဝရှိသည်။

အမှန်တကယ်၌ ယီယွင်သည် အလိုရှိပါက ထိုရေခဲစွမ်းအင်ကို အလွယ်တကူ ဖယ်ရှားနိုင်သော်လည်း အနာဂတ်တွင် အသုံးဝင်လာနိုင်သည်ဟု ခံစားရသောကြောင့် သိမ်းဆည်းထားခဲ့သည်။

ငါးလကြာ ဤကာလအတွင်း ယီယွင်သည် ခရမ်းရောင်သလင်းကျောက်တုံးရှိ သန့်စင်ယန်ချီဓာတ်ကို အသုံးပြု၍ သူ၏ လေ့ကျင့်မှုအဆင့်ကို ယွမ်အုတ်မြစ်ချနယ်ပယ်၏ အလယ်အလတ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။

သူသည် ယခုအခါ ယွမ်အုတ်မြစ်ချအုတ်မြစ်နယ်ပယ်၏ နောက်ဆုံးအဆင့်သို့ နီးကပ်လာနေပြီဖြစ်သည်။

ယွမ်အုတ်မြစ်ချနယ်ပါယ် ပိုမိုခိုင်မာလေ၊ စိုက်ပျိုးထားသော တာအိုမျိုးစေ့မှ ရရှိသော ကိုယ်ခံပညာအသီးအနှံများသည် ပိုမိုအထင်ကြီးစရာကောင်းလေဖြစ်သည်။

လေ့ကျင့်မှုအဆင့် တိုးတက်မှုနှင့်အတူ ခွန်အားကိုလည်း တိုးပွားစေခဲ့သည်။

ယခင်က ယီယွင်သည် သူ၏ ရှုထောင့်ပုံရိပ်ကို ဖန်ဆင်းသည့်အခါတိုင်း သူ၏ခန္ဓာကိုယ်မှ ယွမ်ချီသည် အချိန်တိုအတွင်း ကုန်ဆုံးသွားတတ်သည်။

သို့သော် ယခုအခါ ယီယွင်သည် သူ၏ ရှုထောင့်ပုံရိပ်ကို ဖန်ဆင်းလျှင်ပင် တိုက်ခိုက်နိုင်စွမ်း အပြည့်အဝရှိနေပြီး ခံနိုင်ရည်ရှိသည်ဟု ခံစားရသည်။

" ဒီအထီးကျန်လေ့ကျင့်မှုကနေ ငါ အများကြီး ရခဲ့တာပဲ။ ကျောက်စိမ်းတောင်ထိပ်က ဒီ အဖိုးတန်မြေမှာ အာရုံပျံ့လွင့်တာမရှိဘဲ မဟာဧကရီအမတေအနှစ်ကို စုပ်ယူဖို့လည်း အာရုံစိုက်နိုင်ခဲ့တယ်။ ခရမ်းရောင်သလင်းကျောက်တုံးရဲ့ အကူအညီနဲ့သာဆို ထျန်းယွမ်ကမ္ဘာက ဂျူနီယာတွေက ငါ့လိုအခြေအနေမျိုး ရှိနိုင်မှာမဟုတ်ဘူး။ "

ယီယွင် ထိုအတွေးကို တွေးနေစဉ် ရုတ်တရက် သူ့မျက်စိရှေ့၌ မီးလျှံတစ်ခု လင်းလက်လာသည်။

ဤသည်မှာ အသံထုတ်လွှင့်သည့် အဆောင်တစ်ခု ဖြစ်သည်။

အသံထုတ်လွှင့်သည့်အဆောင် အနည်းငယ်သာ အခန်းထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သည်ပြီး ဤသည်မှာ အဘွားတော်လင်ထံမှ လာခြင်းဖြစ်သည်။

အသံထုတ်လွှင့်သည့်အဆောင်ထဲတွင် စကားလုံးအနည်းငယ်သာ ပါဝင်သည်။

လင်မိသားစု၏ အကြီးအကဲကြီးတစ်ဦးသည် တစ်လအတွင်း နတ်ဘုရားသင်္ချိုင်းချောက်နက်၏ လှိုင်းလုံးအင်အား အားနည်းသွားမည်ဟု ခန့်မှန်းထားသည့်အတွက် လင်အဘွားတော်သည် ယီယွင်ကို တစ်ကိုယ်တည်းလေ့ကျင့်မှုမှ ထွက်လာစေချင်ခြင်း ဖြစ်သည်။

ဤအချိန်၌ လင်မိသားစု၏ တပည့်များသည် မဟာဧကရီလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ရန် အခွင့်အရေးဖြစ်သည်။

အသံပို့အဆောင်မီးတောက်သည် အမှောင်ထဲသို့ ပျောက်ကွယ်သွားပြီးနောက် ယီယွင်သည် မျက်လုံးများ တောက်ပလာပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

" မဟာဧကရီလျှို့ဝှက်နယ်မြေ နောက်ဆုံးတော့ ပွင့်လာပြီ "

ယီယွင်သည် သူ့ခန္ဓာကိုယ်ထဲ၌ ယွမ်ချီဓာတ်များ မရေမတွက်နိုင်အောင် များပြားနေသလို ခံစားလိုက်ရသည်။

သူသည် အကောင်းဆုံးအခြေအနေမှာ ရှိနေသောကြောင့် မဟာဧကရီလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ပြီး သူ့ကိုယ်သူ စိန်ခေါ်သည်က သူ့ဆန္ဒနှင့် ကိုက်ညီသည်။

သူ့သွေးများ ဆူပွက်နေသလို ခံစားလိုက်ရသည်။

" ဒီမဟာဧကရီလျှို့ဝှက်နယ်မြေထဲမှာ ဘယ်လိုအရာတွေ ရှိနေမလဲဆိုတာကို ကိုယ်တိုင်မြင်ချင်နေပြီ "

အပိုင်း ( ၄၃၂ )

ပျက်စီးခြင်း သားရဲလှောင်အိမ်

ဆောင်းရာသီ ရောက်လာပြီ ဖြစ်သောကြောင့် ကျောက်စိမ်းဝိဉာဉ်တောင်များတွင် စတင်နှင်းကျလာသည်။

ကျောက်စိမ်းဝိဉာဉ်တောင်ရှိ အကာစက်ဝန်းသည် မြေပြင်ကို နှင်းပွင့်များမှ ကာရံထားခြင်း မရှိသောကြောင့် ခမ်းနားသော တောင်တန်းတစ်ခုလုံးသည် နှင်းများဖြင့် ဖုံးလွှမ်းနေသည်။

နှင်းဖုံးလွှမ်းနေသော ကျောက်စိမ်းဝိဉာဉ်တောင်များတွင် အခြားအလှတရားတစ်ခု ရှိနေသေးသည်။

ကောင်းကင်အမြင့်တစ်နေရာမှ ကြည့်လျှင် အဆုံးမဲ့ဖြူဖွေးပြီး နှင်းဖုံးလွှမ်းကာ ကျယ်ပြန့်သော နေရာတစ်ခုကို မြင်နိုင်သည်။

နှင်းဖြူများဖြင့် လုပ်ထားသော ကြီးမားသောနတ်ကျောက်တိုင်ကြီးသည် အပြာရောင်ကောင်းကင်ကို ထိုးဖောက်နေသလို ဖြစ်နေသည်။

ထိုတောင်ထိပ်များ အတူတကွ ဆန့်တန်းနေသည်မှာ တိမ်များအကြားမှ ကွေ့ပတ်နေသော ရှေးနတ်နဂါးနှင့် တူသည်။

ထို့အပြင် တောင်ထိပ်တွင် တစ်နှစ်ပတ်လုံး အေးခဲခြင်း မရှိသည့် ဝိဉာဉ်စမ်းချောင်းရှိသည်။

ထိုစမ်းရေသည် တောင်များပေါ်တွင် မရေမတွက်နိုင်သော ပုလဲလုံးများအဖြစ် ပြန့်ကျဲနေပြီး မိုးတိမ်များထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

မဟာဧကရီ၏ လျှို့ဝှက်နယ်မြေ ဖွင့်လှစ်တော့မည့်အချိန်တွင် ယီယွင်သည် တစ်ကိုယ်တော် လေ့ကျင့်မှုမှ ထွက်လာပြီး ပထမဆုံး ကြုံတွေ့ရသည့်အရာမှာ နှင်းကျခြင်းဖြစ်သည်။

ထိုလှပသော မြင်ကွင်းကို မြင်လိုက်ရသောအခါ သူ ကောင်းကင်ဘုံတွင် ရှိနေသကဲ့သို့ ခံစားရသည်။

ဤသည်မှာ ကဗျာတစ်ပုဒ် သို့မဟုတ် အနုပညာလက်ရာတစ်ခုကဲ့သို့ပင် ဖြစ်သည်။

မဟာဧကရီလျှို့ဝှက်နယ်မြေသို့ ဝင်ရောက်မည့် လင်မိသားစု၏ ဂျူနီယာများအားလုံး မိုးတိမ်တောင်ထိပ်၌ စုဝေးရမည့်အကြောင်း လင်အဘွားတော်၏ အသံစာကို ယီယွင် လက်ခံရရှိပြီးဖြစ်သည်။

မိုးတိမ်တောင်ထိပ်သည် လင်မိသားစု၏ အဓိကတောင်ထိပ် ၁၈ခုအနက် တစ်ခုဖြစ်သည်။

ထိုနေရာည် လင်မိသားစု၏ မျိုးဆက်ငယ်အတွက် လေ့ကျင့်ရန်နှင့် ကြီးထွားရန် နေရာတစ်ခုဖြစ်သည်။

အများသောအားဖြင့် ဂျူနီယာများသည် မိုးတိမ်တောင်ထိပ်တွင် လေ့ကျင့်ကြပြီး အများစုသည် လေ့ကျင့်ရေး အဆင်ပြေစေရန် မိုးတိမ်တောင်ထိပ်တွင်သာ နေထိုင်ဖြစ်ကြသည်။

မိုးတိမ်တောင်ထိပ်သို့ ရောက်ရှိသည်နှင့် ယီယွင်သည် တောင်ထိပ်ရှိ စွမ်းအင်ကို ချက်ချင်း ခံစားလိုက်ရသည်။

ကျန်အရာအားလုံးကို လျစ်လျူရှုထားလျှင်ပင် မိုးတိမ်တောင်ထိပ်၌ ကိုယ်ခံပညာကွင်း ဒါဇင်ပေါင်းများစွာ ရှိနေသည်။

ထိုကိုယ်ခံပညာကွင်းများထဲ၌ ငယ်ရွယ်သော အထက်တန်းအဆင့်များ အချင်းချင်း ယှဉ်ပြိုင်နေကြသည်။

ယွမ်ချီဓာတ် ပေါက်ကွဲထွက်လာသည်နှင့်အမျှ ဓားနှင့် ဓားရှည်တို့ တလက်လက်တောက်ပနေသည်။

စွမ်းအင်လှိုင်းများကြောင့် နှင်းစက်များ လွင့်စင်သွားရာ ကိုယ်ခံပညာကွင်း အတော်များများထဲ၌ နှင်းမရှိကြပေ။

နှင်းများထဲရှိ ပန်းပွင့်များလို ဖြစ်နေသည်။

ယီယွင်သည် မိုးတိမ်တောင်ထိပ်၏ အဓိကခန်းမဆီ တန်းသွားလိုက်သည်။

ထိုအဓိကခန်းမမှာ သူတို့စုဝေးရမည့်နေရာဖြစ်သည်။

အဓိကခန်းမနှင့် ခပ်လှမ်းလှမ်းနေရာ၌ သားရဲတစ်ကောင်၏ ပြင်းထန်သော ဟိန်းသံကို ယီယွင် ရုတ်တရက် ကြားလိုက်ရသည်။

ထိုအသံကြောင့် နားစည်များပင် တုန်ခါသွားသည်။

အတွေးတစ်ခုနှင့်အတူ ယီယွင်သည် အသံအနောက်ကို လိုက်ပြီး မိုးတိမ်တောင်ထိပ် အဓိကခန်းမ၏ အနောက်ဘက်ကို ရောက်လာခဲ့သည်။

မြင်ကွင်းကို မြင်လိုက်ရသောအခါ ယီယွင် အနည်းငယ် စိုးရိမ်မိသွားသည်။

အနောက်ဘက်ဧရိယာတွင် ကြီးမားသော သတ္တုလှောင်အိမ်ကြီးတစ်ခု ရှိသည်။

သတ္တုလှောင်အိမ်သည် မီတာတစ်ရာရှည်ပြီး သုံးထပ်အမြင့်လောက်မြင့်သည်။

သတ္တုလှောင်အိမ်၏ သံချောင်းများမှာ လူတစ်ယောက်၏ လက်ကောက်ဝတ်လောက်ထူထဲသည်။

ထိုသံတိုင်ကဲ့သို့ သံချောင်းများ၌ ရှုပ်ထွေးသော စာလုံးများ ထွင်းထားသည်။

ဤသည်မှာ အစုအဝေးတစ်မျိုးဟု ယူဆရသည်။

ထိုလှောင်အိမ်ထဲ၌ ခုနစ်မီတာမှ ရှစ်မီတာလောက်အထိရှည်ပြီး ရက်စက်ကြမ်းကြုတ်သော ပျက်စီးခြင်းသားရဲသတ္တဝါတစ်ကောင် ရှိသည်။

ထိုသားရဲသည် ကြောက်စရာကောင်းသော ဓားသွားကျားတစ်ကောင်နှင့် တူသည်။

ယီယွင်သည် ဤပျက်စီးခြင်းသားရဲ၏ အဆင့်ကို မသိပေ။

သို့သော် သားရဲကြီး၏ အရှိန်အဝါအရ အလွန်ပင်သန်မာသော ပျက်စီးခြင်းသားရဲကြီးဖြစ်မည်ကို သိနိုင်သည်။

ပြီးနောက် လက်ရှိအချိန်၌ လှောင်အိမ်ထဲတွင် ထိုသားရဲကို တိုက်ခိုက်နေသော လူတစ်ယောက်ရှိနေသည်။

ယီယွင် ထိုလူကို သိလေသည်။

သူသည် လင်ယွီဖြစ်သည်။

လင်ယွီသည် သွေးများပေကျံနေသော ၄ပေရှည်ဓားကြီးကို ကိုင်ဆောင်ထားသည်။

သူ၏ဆံပင်များမှာလည်း စုတ်ဖွာကာ အင်္ကျီမှာလည်း စုတ်ပြဲနေသည်။

ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာအချို့ပင် ရှိနေသည်။

ဒင် ချွမ် ဒင်

ဓားရှည်သည် သားရဲကြီး၏အစွယ်များကို ခုတ်မိနေလျက် လင်ယွီသည် လှောင်အိမ်အတွင်း ပြေးလွှားနေသည်။

သူသည် ပျက်စီးခြင်းသားရဲကြီး၏ အားနည်းချက်ကို လိုက်ရှာနေခြင်းဖြစ်ကာ တချိန်တည်းမှာပင် ပျက်စီးခြင်းသားရဲကြီးကို တရစပ်တိုက်ခိုက်နေသည်။

လင်ယွီ၏ အဆက်မပြတ် လှုံ့ဆော်မှုကြောင့် ပျက်စီးခြင်းသားရဲကြီးသည် အလွန်ဒေါသထွက်နေသည်။

ဝေါင်း

ထိုသားရဲ၏ လည်ပင်းကို လင်ယွီမှ ဓားဖြင့်ထိုးလိုက်ရာ ထိုဓားသွားကျားသည် လင်ယွီထံသို့ တဟုန်ထိုးပြေးလာတော့သည်။

ပြောင်လက်နေသော အစွယ်သည် လင်ယွီ၏လည်ပင်းကို ထိုးစိုက်တော့မည့်အချိန် သူသည် အောက်ကို ရုတ်တရက်ငုံ့ကာ ဓားဖြင့်ထိုးလိုက်သည်။

ဓားချီ ပေါက်ကွဲထွက်လာသည်။

ဖူး

ဓားသွားသည် ဓားသွားရှည်ကျား၏ နူးညံ့သောဗိုက်ကို ထိုးမိပြီး သွေးများဖြာထွက်ကျလာသည်။

လင်ယွီ၏ဓားသည် ဓားသွားရှည်ကျားကို တည့်တည့်ထိုးဖောက်ဝင်သွားသည်။

ထို့နောက် လင်ယွီသည် ကိုယ်ကိုလှဲချပြီး အပေါ်ကို ခြေထောက်ဖြင့် လှမ်းကန်လိုက်ရာ ဓားသွားရှည်ကျားမေးရိုးကို အောက်မှ ကန်ချမိသည်။

ဓားသွားရှည်ကျားသည် နောက်ပြန်လန်ကျသွားပြီး ညည်းတွားကာ မြေပြင်ပေါ် ပြန်ပြုတ်ကျသွားလေသည်။

ထိုသားရဲ၏ခန္ဓာကိုယ်မှာ တုန်ရီနေသည်။

အပြင်းအထန်ဒဏ်ရာရရှိထားမှုကြောင့် ပြန်လည်တိုက်ခိုက်ရန် အားမရှိပေ။

ထိုအခြေအနေကို အခွင့်ကောင်းယူကာ လင်မိသားစု၏ မိုးတိမ်တိုက်တောင်ထိပ် တာဝန်ရှိသူမှ လှောင်အိမ်တံခါးကို ချက်ချင်း လာဖွင့်ပေးသည်။

သူတို့သည် ဓားသွားရှည်ကျားကို ထိန်းချုပ်ကာ အဝေးကို ခေါ်သွားကြသည်။

ဤပျက်စီးခြင်းသားရဲကို လင်မိသားစုမှ ထိန်းကျောင်းထားသည်။

ထိုသားရဲဖြင့် လင်မိသားစု ဂျူနီယာအငယ်လေးများကို လေ့ကျင့်ပေးရန် အထူးတလည်သုံးသည်။

ဤကဲ့သို့ ပျက်စီးခြင်းသားရဲမျိုးကို ဖမ်းရန်မှာ မလွယ်ကူလှပေ။

ထို့ကြောင့် လေ့ကျင့်ရာ၌ မသတ်မိရန် အထူးတလည် သတိထားကြရသည်။

ဓားသွားရှည်ကျား ပျက်စီးခြင်းသားရဲကို ဒဏ်ရာပြန်လည်ကုသပေးပြီး လေ့ကျင့်ကြသည်။

လှောင်အိမ်ထဲ၌ ပျက်စီးခြင်းသားရဲတစ်ကောင်နှင့် တိုက်ခိုက်ရသည်မှာ အလွန်အန္တရာယ်များသော လေ့ကျင့်မှုပုံစံတစ်ခုဖြစ်သည်။

အများသောအားဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိသူမှာ ပျက်စီးခြင်းသားရဲမဟုတ်ဘဲ လင်မိသားစုတပည့် ဖြစ်သည်။

လင်မိသားစု တာဝန်မှူးများက သူတို့ကို ဘေးမှ ကာကွယ်ပေးနေသော်လည်း တစ်ခါတစ်ရံ၌ တပည့်ငယ်များသည် လေ့ကျင့်နေစဉ် ပျက်စီးခြင်းသားရဲကို အရှုံးပေးရတတ်သည်။

သို့သော် ဤသည်မှာ ရံဖန်ရံခါသာ ဖြစ်တတ်သော အရာတစ်ခုဖြစ်သည်။

" အစ်ကိုယွီက အရမ်းတော်တာပဲ "

" အစ်ကိုယွီက အမွှေးတိုင်တစ်ဝက်လောက် လောင်နေတဲ့ အချိန်အတွင်းမှာတင် ဆန်းကြယ်လင်ကျားကို အနိုင်ယူနိုင်ခဲ့တာ။ ပြီးတော့ ဒါကို ပေါ့ပေါ့ပါးပါးလေး လုပ်ခဲ့တာပဲ "

လှောင်အိမ်ဘေး၌ ဂျူနီယာများစွာ ရှိနေသည်။

ထိုလူများသည် လင်ယွီ၏ လက်ပါးစေများဟု ထင်ရသည်။

လင်ယွီသည် သူ၏ကျွမ်းကျင်မှုများ ပြသပြီးသည့်နောက် သူတို့သည် ချက်ချင်း ဝိုင်းပြီးချီးကျူးဂုဏ်ပြုကြသည်။

" ဒါက ဆန်းကြယ်လင်ကျားလေးတစ်ကောင်ပဲ။ အဲ့တာကြောင့် ဒါလေးကို အနိုင်ယူတာလောက်က ဂုဏ်ယူစရာ မရှိဘူး။ မဟာဧကရီဆန်းကြယ်လျှို့ဝှက်နယ်မြေမှာဆို ဒီမှာထက် ပိုပြီးအန္တရာယ်ရှိနိုင်တယ်။ ငါ့ရဲ့ ခွန်အားက မလုံလောက်သေးဘူး "

လင်ယွီသည် အေးဆေးစွာဖြင့် သူ့ဓားပေါ်မှ ကျားသွေးကို ဂရုမစိုက်ဘဲ သုတ်လိုက်သည်။

သူ၏နောက်လိုက်များကို လျစ်လျူရှုထားပြီး သူ့မျက်လုံးများက လူငယ်အချို့ဆီကို ရောက်သွားခဲ့သည်။

ထိုလူငယ်များသည်လည်း မဟာဧကရီလျှို့ဝှက်နယ်မြေသို့ သွားရာ၌ ပါဝင်ရန် စေလွှတ်ခံရသော ကျင့်ကြံသူများဖြစ်သည်။

သူတို့သည် လင်ယွီ၏ အပေါင်းအဖော်များဖြစ်ပြီး ပြိုင်ဘက်များလည်း ဖြစ်သည်။

လင်ယွီသည် ခွန်အားအရ သူတို့ထက် အများကြီးနိမ့်ကျသည်ဆိုတာကို ကောင်းမွန်စွာ သိသည်။

သူတို့၏ကျင့်ကြံမှုအဆင့်ကလည်း သူ့ထက် ပိုမြင့်သည်။

သို့သော် သူတို့၏ ကျင့်ကြံမှုအဆင့်သည် တစ်နေရာတည်းဖြစ်ပြီး ပါရမီတစ်ခုတည်းကို နှိုင်းယှဉ်ကြည့်ပါက သူ၏စွမ်းရည်သည် ထိုလူများထက် သာလွန်မည်ဟု သူ ယုံကြည်သည်။

ဤမဟာဧကရီဆန်းကြယ်နယ်မြေအတွက် သူ ကြိုးစားလေ့ကျင့်နေခဲ့သည်။

သူသည် သူ့ကိုယ်သူ သက်သေပြရန် တတ်နိုင်သမျှ အရယူနေသည်။

လင်ယွီသည် ထိုသို့တွေးနေလျက် အဝတ်ဖြင့် သွေးသုတ်နေသောလက်မှာ ရုတ်တရက် တောင့်သွားသည်။

လက်နှစ်ဖက်လုံးမှာ အောက်ကို ကျပြီး ဖြောင့်တန်းနေသောဓားမှာ သူ့ကြောင့် ကွေးသွားသည်။

သူသည် လူအုပ်ထဲမှ ယီယွင်ကို တွေ့လိုက်သည်။

လင်ယွီ တိုက်ခိုက်လိုစိတ်နှင့် ရန်လိုမှုတို့ကို မထိန်းချုပ်နိုင်သည့်အလား မျက်မှောင်ကြုတ်သည်။

သူ ယီယွင်နှင့် အကြည့်ချင်းဖလှယ်မိသည်။

လင်ယွီဘေးမှ လက်ပါးစေနှင့်တူသော လူငယ်များသည် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။

သူတို့ တစ်စုံတစ်ခု ပြောတော့မည့်အချိန်တွင် သူတို့၏ 'အစ်ကိုကြီး'၏ မျက်နှာအမူအရာပြောင်းလဲသွားသည်ကို သူတို့ မြင်လိုက်ရသည်။

တစ်ခုခုမှားနေကြောင်း သူတို့သဘောပေါက်သွားပြီး ယီယွင်ကို လှည့်ကြည့်လိုက်ကြသည်။

" အာ၊ အဲ့ဒီကောင်လေးက ဘယ်သူလဲ "

ထိုလက်ပါးစေများလည်း အနည်းငယ် အံ့သြသွားကြသည်။

ဘာလို့ သူတို့ရဲ့ အစ်ကိုကြီးက ဒီလူကို ရုတ်တရက် အာရုံစိုက်နေရတာလဲ။

ရှိနေသော လင်မိသားစုတပည့်များသည် ယီယွင် မျက်နှာဖုံးစွပ်ထားသော ပုံပန်းသဏ္ဌာန်ကိုသာ မြင်ဖူးကြသည်။

သူတို့ထဲမှ အနည်းငယ်ကသာ ယီယွင်၏ တကယ့်မျက်နှာအစစ်ကို မြင်ထားသည်။

" ယီယွင်၊ သူက ယီယွင်ပဲ "

လူအုပ်ထဲမှ တစ်ယောက်ယောက်က ပြောလိုက်သည်။

လင်မိသားစု၏ မျိုးဆက်ငယ်များအားလုံး အနည်းငယ် အံ့သြသွားကြသည်။

သူတို့သည် ယီယွင်၏နာမည်ကို အချိန်ကြာမြင့်စွာ ကြားဖူးထားကြပြီး လူကို ဒီနေ့မှသာ ကိုယ်တိုင်မြင်ကြသည်။

" ဒါဆို သူက ယီယွင်ပေါ့။ သူက ရုပ်ကြွင်းစမ်းရည်မှာ ထူးချွန်တဲ့ ပံ့ပိုးကူညီမှုတွေကြောင့် အဘွားတော်လင် ချီးကျူးဂုဏ်ပြုတာကို ခံရတဲ့သူပဲ "

" ဟုတ်တယ်။ ယီယွင်ဟာ ကြမ်းတမ်းတဲ့အရှေ့တိုင်း တိုင်အာနိုင်ငံတော်က လာတယ်လို့ ကြားထားတယ်။ လင်မိသားစုမှာ ဒီလိုနေရာမျိုး ရောက်ဖို့က တကယ် မလွယ်ဘူး။ ဒါပေမယ့် ဒါကလည်း ကံကောင်းလို့ပါ "

ထျန်းယွမ်ကမ္ဘာမှ စစ်သည်တော်များအတွက် အရှေ့ပိုင်း ဝေးလံခေါင်သီသော မြေများကို "ကြမ်းတမ်းသော အရှေ့တိုင်း" ဟု ပေါင်းပြီး ခေါ်ကြသည်။

ကြမ်းတမ်းသော အရှေ့တိုင်း၌ နိုင်ငံများစွာ ရှိပြီး တိုင်အာနတ်ဘုရားနိုင်ငံတော်မှာလည်း ထိုအထဲက တစ်ခုဖြစ်သည်။

ထျန်းယွမ်ကမ္ဘာမှ စစ်သည်တော် အနည်းငယ်ကသာ ကြမ်းတမ်းသော အရှေ့ပိုင်းက နိုင်ငံများကို အာရုံစိုက်ခဲ့ကြသည်။

ယွင်လုံနတ်ဘုရားနိုင်ငံတော်ဖြစ်စေ၊ တိုင်အာနတ်ဘုရားနိုင်ငံတော်ဖြစ်စေ သူတို့အားလုံးသည် အရှေ့ပိုင်းနိုင်ငံများမှာ မြေပုံပေါ်မှ အစက်အပြောက်များဟုသာ ခံစားခဲ့ကြသည်။

ထိုနိုင်ငံများ၏ နာမည်ဗေဒအမှန်တရားအထူးပြုချက်ဆိုသည်မှာ ဘာလဲဆိုတာ သူတို့ မသိခဲ့ကြသလို ရှာဖွေရန်လည်း မကြိုးစားခဲ့ကြပေ။

ရှိနေသော လူတချို့မှာလည်း ယီယွင်ကြောင့်သာ တိုင်အာ နတ်ဘုရားနိုင်ငံတော်ကို သိကြသည်။

သို့သော် "နတ်ဘုရားနိုင်ငံတော်"ဆိုသည့် အသုံးအနှုန်းကို မသိစိတ်အရ သူတို့သည် "နိုင်ငံတော်"ဟုသာ ပြောင်းလဲခေါ်ခဲ့ကြသည်။

သူတို့၏အမြင်အရ ထိုက်အာနတ်ဘုရားတိုင်းပြည်သည် "နတ်ဘုရား"ဟူသော စကားလုံးနှင့် မထိုက်တန်ပေ။

" ယီယွင်၊ ငါတို့ ပြန်ဆုံကြပြီပဲ "

လင်ယွီ ရုတ်တရက် ပြောလိုက်သည်။

သူသည် ယီယွင်စီ လျှောက်သွားလျက် သူ့ဓားပေါ်မှ သွေးများကို ဖြည်းဖြည်းချင်း သုတ်သည်။

နီရဲနေသော သားရဲသွေးစက်များသည် နေရောင်ခြည်ကို ပြန်ဟပ်ပြီး အဖြူရောင်နှင်းများပေါ် ကျဆင်းသွားသောကြောင့် ပိုပြီး ထိတ်လန့်စရာကောင်းနေသည်။

လင်ယွီသည် ယီယွင်အား သူ၏ အစွမ်းသတ္တိကို ပြသနေခြင်းဖြစ်သည်။

" မင်း မဟာဧကရီလျှို့ဝှက်နယ်မြေကို ဝင်ဖို့ နေရာတစ်ခုရပြီးတဲ့နောက် ချက်ချင်း တစ်ကိုယ်တော် လေ့ကျင့်မှု လုပ်ခဲ့တယ်လို့ ငါ ကြားတယ် ဟုတ်လား "

လင်ယွီသည် ယီယွင်ထံမှ ပေ ၃၀အကွာ၌ ရပ်လိုက်သည်။

သူနှင့်အတူ လိုက်ပါလာသူများသည် မဟာဧကရီလျှို့ဝှက်နယ်မြေကို ဝင်ရန် နေရာရထားသော လင်မိသားစု တပည့်အနည်းငယ်သည်။

ယီယွင်ထိုလူများကို ကြည့်လိုက်သည်။

လင်ရှင်းထုံမှလွဲ၍ သူသည် လင်မိသားစု၏ ထိပ်တန်းကိုယ်ခံပညာပါရမီရှင်များကို မသိပေ။

အမှန်တကယ်၌ ယီယွင် ထိုလူများနှင့် အဆက်အဆံ မလုပ်ချင်ပေ။

သို့သော် ဤလူများသည် သူနှင့်အတူ မဟာဧကရီလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်မည့် အသင်းဖော်များ ဖြစ်သည်။

ယီယွင်သည်လည်း ရိုင်းစိုင်းပြီး စည်းမကမ်းမရှိသောပုံ မပေါက်ချင်သောကြောင့် သူတို့နှင့်ဆက်ဆံရေး ခါးသီးမသွားစေရန် လုပ်ရသည်။

" ဟုတ်တယ် … ကံကောင်းတာက အတွေးအမြင်တချို့ရခဲ့လို့ အခုချိန်ထိ တစ်ကိုယ်တည်းလေ့ကျင့်နေခဲ့တာ "

" ကျောက်စိမ်းတောင်ထိပ်ရဲ့ တတိယအဆင့် စိုက်ပျိုးမြေ၊ ကောင်းကင်ယံယန်ခန်းမ။ ဒါက မိသားစုရဲ့အကြီးအကဲတွေ အသုံးပြုလေ့ရှိတဲ့ စိုက်ပျိုးမြေပဲ။ ဒါပေမယ့် မင်းက ခြောက်လနီးပါး တစ်ကိုယ်တည်းလေ့ကျင့်ခဲ့တယ်ဆိုတော့ ...... "

လင်ယွီသည် သူ့စကားကို ဆက်မပြောခဲ့ပေ။

သို့သော် ယီယွင်၏လက်ထဲ၌ စိုက်ပျိုးမြေများ မည်သို့ပြုန်းတီးခဲ့သည်ကို ညွှန်ပြနေကြောင်း လူတိုင်း သိနိုင်သည်။

မည်သို့ဖြစ်စေ ယီယွင်၏ စိုက်ပျိုးအဆင့်အရ ကောင်းကင်ယန်ခန်းမ၏ အကျိုးအာနိသင်များကို အပြည့်အဝ အသုံးချရန် မဖြစ်နိုင်ပေ။

ဤသည်မှာ ကောင်းကင်ဘဏ္ဍာတစ်ခုကို ဖြုန်းတီးခြင်း ဖြစ်သည်။

" ငါတို့အရွယ်မှာ တစ်လ ဒါမှမဟုတ် နှစ်လလောက် တစ်ကိုယ်တည်းလေ့ကျင့်တာက အကန့်အသတ်ရှိတယ်။ ဒီထက်ပိုရင် အသုံးမဝင်ဘူး။ ခွန်အားကို တကယ့်တိုက်ပွဲကနေ ရတာပါ။ ထိုင်နေရုံနဲ့ မရဘူး "

" မင်းရဲ့အသက်ကို အန္တရာယ်ပြုနိုင်တဲ့ တိုက်ပွဲတွေကနေပဲ တိုးတက်မှုက အမြန်ဆုံးဖြစ်မှာ။ မင်း မဟာဧကရီဆန်းကြယ်နယ်မြေထဲကို သွားတာက ကစားနည်းတစ်ခုလို့ ထင်နေတယ်လို့ ငါ့ကို မပြောနဲ့။ မင်း နည်းနည်းလေး ပေါ့ဆတာနဲ့ အဲ့ဒီနေရာက လူတွေကို သေစေနိုင်တယ်။ ဆန်းကြယ်နယ်မြေထဲကို ဝင်ဖို့ ရွေးချယ်ခံထားရတဲ့ လင်မိသားစုရဲ့ တပည့်တွေထဲကတောင် ဘယ်သူမှ လျှော့မတွက်ရဲကြဘူး။ ဒီကာလအတွင်းမှာ သူတို့အားလုံး အသက်အတွက် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြတာ "

လင်ယွီက ဂုဏ်ယူစွာ ပြောလိုက်သည်။

သူ၏ လေသံသည် သဘာဝအတိုင်း ထွက်ပေါ်လာသော လေသံနှင့် တူသည်။

ဤသည်မှာ ပျက်စီးခြင်းသားရဲများနှင့် ကြာရှည်စွာ တိုက်ခိုက်ရင်း ရလာသော သတ်ဖြတ်ရေးလေသံနဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်ဖြစ်သည်။

ထိုလေသံဖြင့် စကားထည့်သွင်းလိုက်သည့်အခါ သူ့စကားလုံးများက ပြတ်သားပြီး ဆွဲဆောင်မှုရှိသည်ဟု ထင်ရစေသည်။

သူ၏ စကားလုံးများကလည်း လူငယ် အထက်တန်းအဆင့် အများအပြား၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။

ဤလင်မိသားစု၏ အထက်တန်းအဆင့်များသည် ခွန်အားကို ထောက်ခံအားပေးကြပြီး သွေးထွက်သံယိုတိုက်ပွဲများကို ထောက်ခံအားပေးကြသည်။

ထိုသည်မှာ စစ်သည်တော်တစ်ဦး၏ စရိုက်လက္ခဏာဖြစ်သည်။

ငယ်ရွယ်သော စစ်သည်တော်များ မျှော်လင့်ထားသည့် ဘဝအခြေအနေဖြစ်သည်။

ကြာရှည်စွာ တစ်ကိုယ်တည်း လေ့ကျင့်မှုပြုလုပ်သူများသည် အများသောအားဖြင့် သူတို့၏ အလားအလာကို အများဆုံး အသုံးချထားသော အသက်လတ်ပိုင်းလူငယ်များ ဖြစ်သည်။

ယီယွင်သည် လင်ယွီ၏ စကားများကို ကြားပြီးနောက် ပြုံးလိုက်သည်။

သူ ဘာမှပြန်မပြောပေ။

တိုက်ခိုက်ခြင်းသည် သဘာဝကျစွာပင် လူတစ်ဦး၏ ခွန်အားကို မြှင့်တင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

သို့သော် ခရမ်းရောင်သလင်းကျောက်တုံးနှင့် မဟာဧကရီရုပ်ကြွင်း၏ သန့်စင်သော ယန်စွမ်းအင်ကို ပေါင်းစပ်ခြင်းသည် သူ့ကို တစ်ကြိမ်ပြန်လည်မွေးဖွားနိုင်စေမည်ဖြစ်သည်။

ထိုမှရရှိသော အကျိုးကျေးဇူးများသည် တိုက်ခိုက်ခြင်းနှင့် နှိုင်းယှဉ်နိုင်ရန် ဝေးကွာလှသည်။

ခြောက်လကြာ တစ်ကိုယ်တည်း လေ့ကျင့်မှု၌ ယီယွင်၏ လေ့ကျင့်မှုအဆင့် မြင့်တက်လာသည်ကို လူအများစိတ်မဝင်စားပေ။

အကြီးမားဆုံး အကျိုးကျေးဇူးမှာ သူ၏ သန့်စင်သောယန်ခန္ဓာကိုယ် ပြုပြင်ဖွဲ့စည်းမှုဖြစ်သည်။

မဟာဧကရီရုပ်ကြွင်း၏ စွမ်းအင်၉၀ရာခိုင်နှုန်းလောက်ကို ယီယွင်သည် သူ့ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ရန် အသုံးပြုခဲ့သည်။

အောင်မြင်မှုများ ရရှိသော ကျင့်ကြံမှုအဆင့်နောက် တစ်စုံတစ်ခု ပါတတ်သည်မှာ သဘာဝကျလေသည်။

အပိုင်း ( ၄၃၃ )

နတ်ဘုရားသင်္ချိုင်းချောက်နက်သို့ ဦးတည်ခြင်း

ယီယွင်၏ တိတ်ဆိတ်ငြိမ်သက်သော တုံ့ပြန်မှုသည် လင်ယွီအား လေထဲသို့ လက်သီးထိုးနှက်နေသလို ခံစားရစေသည်။

ယီယွင်ကဲ့သို့ အသက်အရွယ်ရှိသူများအတွက် ဤအချိန်သည် သူတို့၏ အပြင်းထန်ဆုံးအချိန်ဖြစ်သည်။

သူတို့သည် အခြားသူတွေကို အထင်သေးခွင့်မပြုတတ်ကြပေ။

လင်ယွီသည် မူလက ထိုစကားတွေကို ပြောလိုက်ပါက ယီယွင် စိတ်တိုလာပြီး ဒေါသကြောင့် သူ့ကို ရန်စကာ လည်ပင်းဆွဲလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

ထိုသို့ ဖြစ်လာသည့်အခါ သူသည် ယီယွင်ကို ပျက်စီးခြင်းသားရဲလှောင်အိမ်ထဲ ထည့်ပြီး ပျက်စီးခြင်းသားရဲကျားနှင့် တိုက်ခိုက်ရန် လှုံ့ဆော်မည် ဖြစ်သည်။

ယီယွင်၏ ခွန်အားအရ ပျက်စီးခြင်းသားရဲကျားနှင့် ရင်ဆိုင်ရလျှင် အခြေအနေဆိုးမည်မှာ သေချာသည်။

လင်မိသားစု၏ ကြီးကြပ်ရေးမှူးများမှ သူ့အား အကူအညီပေးလျှင်ပင် ယီယွင် ဒဏ်ရာရသွားနိုင်သည်။

သို့မဟုတ် အနည်းဆုံး အရှက်ကွဲသွားစေမှာ ဖြစ်သည်။

သို့သော် လင်ယွီသည် ယီယွင်၏ သည်းခံနိုင်စွမ်းကို နားမလည်ခဲ့ပေ။

လင်ယွီ၏ လက်ပါးစေများသည် လင်ယွီနှင့်အတူ ကြီးပြင်းလာခဲ့ကြသောကြောင့် လင်ယွီ၏ စိတ်ကို ကောင်းစွာနားလည်ကြသည်။

သူတို့သည် ယီယွင်ကို နှိုးဆွရန် ရှေ့တိုးချင်ကြသည်။

သို့သော် လင်ယွီက ခေါင်းခါလိုက်ပြီး " ထားလိုက်။ သူ့ကို ဆွပေးတာက ငါတို့ဘက်က ရန်ဆောင်တယ် ဖြစ်နေလိမ့်မယ်။ ဒီကလေး ယီယွင်က သဘောမတူရင်တောင်မှ သူ ဒဏ်ရာရရင် အဘွားတော်လင်က ငါတို့ကို တာဝန်ယူခိုင်းလိမ့်မယ် "

လင်ယွီသည် ဤအချိန်၌ ကိစ္စများကို ရှုပ်ထွေးအောင် မလုပ်ချင်ပေ။

ထိုအချိန်မှာ အဝေးကို လှည့်ကြည့်လိုက်ရာ တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။

လူများအားလုံး အဝေးကို လှမ်းကြည့်နေကြသည်။

သူတို့သည် နှင်းများဖုံးနေသော ကောင်းကင်မှ တိတ်ဆိတ်စွာ တိမ်ဖြင့်ပျံသန်းလာသော လူတစ်စုကို မြင်လိုက်ရသည်။

ယီယွင် မျက်မှောင်ကြုတ်ကြည့်လိုက်သည်။

ထိုလူများအကြားမှ လင်ရှင်းထုံ၊ စုကျဲနှင့် လင်အဘွားတော်ကို တွေ့လိုက်ရသည်။

ယီယွင်သည်က လင်မိသားစု အကြီးအကဲဖြစ်သော လင်အဘွားတော်သည် အကြီးအကဲကြီးနှစ်ယောက်၏ အနောက်မှ လေးစားစွာ လိုက်နေသည်ကို မြင်ကာအနည်းငယ် အံ့သြသွားသည်။

ထိုအကြီးအကဲကြီးနှစ်ယောက်လုံးသည် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများ ရှိပြီး မျက်နှာမှာ အနည်းငယ်အဝါရောင်သန်းနေသည်။

တစ်ယောက်မှာ မီးခိုးရောင်ဝတ်ထားပြီး နောက်တစ်ယောက်က အဖြူရောင်ဝတ်ထားသည်။

သူတို့မျက်နှာပေါ်တွင် အသက်အရွယ်အိုမင်းမှုကြောင့် အစက်အပြောက်များပင် ရှိသည်။

သူတို့သည် မသေမျိုးများဟူသော ခံစားချက်ပင် ပုံဖော်လို့မရဘဲ အနည်းငယ် ရုပ်ဆိုးသည်ဟုပင် ပြောလို့ရသည်။

အကြီးအကဲကြီးနှစ်ယောက်သည် အမြွှာနှစ်ယောက်ကဲ့သို့ အတော်လေး ရုပ်ဆင်တူကြသည်။

ယီယွင်သည် ထိုလူအိုနှစ်ယောက်ကို မြင်လိုက်စဉ်က သူတို့သည် အလွန်ဝေးကွာနေသေးသည်။

သူတို့၏အမြန်နှုန်းသည် အလွန်နှေးကွေးနေပုံရသော်လည်း စက္ကန့်အနည်းငယ်အတွင်းမှာပင် သူတို့ပတ်ဝန်းကျင်ရှိ မြေပြင်ပေါ်မှ ဖုန်မှုန့်များပင် မလှုပ်ဘဲ ပေါ့ပါးစွာ ဆင်းသက်နိုင်ခဲ့သည်။

ချက်ချင်းပင် ဆူညံနေသော မိုးတိမ်တောင်ထိပ်မှာ တိတ်ဆိတ်သွားသည်။

လူတိုင်းသည် အကြီးအကဲကြီးနှစ်ယောက်ကို မှင်သက်စွာ ကြည့်နေကြသည်။

ကောင်းကင်၌ လွင့်နေသော နှင်းပွင့်များပင် ရပ်တန့်သွားသလို ဖြစ်သည်။

အကြီးအကဲကြီးနှစ်ယောက် သူ့အရှေ့၌ ရှိနေသောအခါ ယီယွင်၏နှလုံးခုန်သံများ ပြင်းထန်စွာ ခုန်ပေါက်လာသည်ကို ခံစားလိုက်ရသည်။

သူ မသိစိတ်မှ အသက်ရှူဝအောင် ထိန်းထားနေရသည်။

ယီယွင်သည် အကြီးအကဲကြီးနှစ်ယောက်၏ မျက်လုံးများကိုပင် မကြည့်နိုင်ဘူးဟု ခံစားမိသည်။

သူတို့၏ မျက်လုံးများသည် သူ့ကို ဖောက်ထွင်းမြင်နိုင်သော မီးတန်းများလို ဖြစ်နေသည်။

ယီယွင်၏ ခရမ်းရောင်သလင်းကျောက်၏အဆင့်မှာ ဤလောကစံနှုန်းထက် အများကြီးကျော်လွန်နေသောကြောင့် သူတို့ မသိနိုင်ဘူးဆိုတာ သိသော်လည်း ဤအကြီးအကဲနှစ်ယောက်၏ ဖိအားကြောင့် သူ့ကို စိတ်မအေးဖြစ်မိသည်။

အကြီးအကဲကြီးနှစ်ယောက်သည် ယီယွင်ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

တစ်ယောက်က အနည်းငယ် ခေါင်းညိတ်ပြပြီး နောက်တစ်ယောက်က အမူအရာမဲ့နေဆဲဖြစ်သည်။

အကြီးအကဲကြီးနှစ်ယောက်နှင့် မဝေးသောနေရာမှ၌ ရိုးရှင်းစွာ ဝတ်စားထားသော လင်ရှင်းထုံ ရှိသည်။

ငါးလအတွင်း သူမကို မတွေ့ရသောကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ခံစားရသော လင်ရှင်းထုံ၏ ကိုယ်ရောင်ဝါမှာ အနည်းငယ်ပြောင်းလဲသွားသည်ကို ယီယွင် ခံစားလိုက်ရသည်။

သူမသည် ကောင်းကင်နတ်သမီးတစ်ပါးနှင့်ပင် ပိုတူလာသေးသည်။

ခရမ်းရောင်သလင်းကျောက်ကို သူ့ခန္ဓာကိုယ်ထဲ ထည့်ပြီးကြည့်သည့်အခါ လင်ရှင်းထုံ၏ စွမ်းအင်သည် လှိုင်းလုံးတစ်စက်မှမရှိဘဲ ငြိမ်သက်နေသော ရေကန်တစ်ခုလို ခံစားရသည်။

သူမသည် အစွမ်းထက်သော ခွန်အားရှိသော်လည်း ဤမျှလောက် တည်ငြိမ်နေသည်မှာ လင်ရှင်းထုံ၏စွမ်းအားသည် မယုံနိုင်စရာကောင်းသော အဆင့်တစ်ခု ရောက်ရှိသွားပြီဟု ဆိုလိုသည်။

" တက်ရောက်လာသော လင်မိသားစု တပည့်တွေ၊ မိတ်ဆက်ပေးပါရစေ။ ဒီနှစ်ဦးက လင်မိသားစု အကြီးအကဲကြီးသုံးဦးထဲက အကြီးအကဲဟူဝမ်နဲ့ အကြီးအကဲထျန်းဇူပဲ။ လူတိုင်းဘဲ အရင်က ကြားဖူးလောက်မယ်လို့ ထင်ပေမဲ့ လူနည်းနည်းလောက်ပဲ မြင်ဖူးကြမယ် "

လင်အဘွားတော်သည် ထိုစကားပြောပြီးသည်နှင့် သူမသည် အကြီးအကဲကြီးနှစ်ဦး၏အနောက်မှ ရပ်ရန် အနောက်သို့ ပြန်ဆုတ်သွားခဲ့သည်။

တက်ရောက်လာသူများမှာ သံသယအချို့ရှိခဲ့သော်လည်း အဘွားတော်၏ အတည်ပြုအဖြေကို ကြားပြီးနောက် လေအေးတချက်ရှူမိလိုက်ကြသည်။

သူတို့ မယုံနိုင်ကြပေ။

လင်မိသားစု၏ အကြီးအကဲကြီးသုံးဦးသည် တက်ရောက်လာသော ဂျူနီယာများအတွက် ဒဏ္ဍာရီလာပုဂ္ဂိုလ်များ ဖြစ်သည်။

သူတို့ကို တစ်ခါမှ မတွေ့ရပေ။

မိသားစုထဲမှ သာမန်အကြီးအကဲတချို့ပင် သူတို့နှင့် တွေ့ဆုံခွင့်ရသည်မှာ ရှားပါးလွန်းလှသည်။

ထိုအကြီးအကဲနှစ်ဦးသည် လင်မိသားစု၏ စစ်မှန်သော အထောက်အပံ့ကြီးများ ဖြစ်သည်။

လင်မိသားစုသည် ထျန်းယွမ်ကမ္ဘာ၌ ရှင်သန်နိုင်ရန်နှင့် ထိပ်တန်းမိသားစုမျိုးနွယ်စုများထဲကတစ်ခု ဖြစ်လာစေရန် အဖိုးတန်မြေဖြစ်သည့် ကျောက်စိမ်းဝိညာဉ်တောင်တန်းကို ကာကွယ်ရန် ဤအကြီးအကဲကြီးများမှ အထောက်အပံ့ပေးခဲ့ရသည်။

သို့သော် လင်မိသားစု၏ အခြေအနေမှာ အကောင်းဆုံးမဟုတ်ပေ။

ရောက်လာသော အကြီးအကဲကြီးနှစ်ဦးသည် အလွန်အိုမင်းနေပြီး သူတို့၏ သက်တမ်းမှာလည်း သိပ်မကျန်တော့ပေ။

ကျန်ရှိနေသည့် တတိယမြောက် အကြီးအကဲကြီးမှာ အစွမ်းထက်ဆုံးဖြစ်ပြီး အသက်လည်း ပိုငယ်သည်။

သို့သော်လည်း လင်မိသားစုသည် အမွေဆက်ခံမှုများကို ဆက်လက်ထောက်ပံ့နိုင်ရန်အတွက် နောက်ထပ် အကြီးအကဲကြီးတစ်ဦးကို နောင် ၁၀နှစ်မှ နှစ်၂၀,၀၀၀အတွင်း မွေးဖွားရန် လိုအပ်သည်။

ဤသည်မှာ လွယ်ကူသောအလုပ် မဟုတ်ပေ။

လင်ရှင်းထုံသည် လင်မိသားစု၏ အထက်တန်းလွှာများအထဲ အလေးပေးခံရဆုံး ကိုယ်စားလှယ်လောင်းဖြစ်သည်မှာ သေချာသည်။

လင်ရှင်းထုံ၏ သဘာဝအတိုင်း ပိတ်သွားသော သွေးကြောများ ပေါင်းစပ်သွားသည်နှင့် သူမသည် အနာဂတ်၌ ပြိုင်ဘက်ကင်း မဟာဧကရီတစ်ဦး ဖြစ်လာပေမည်ဖြစ်သည်။

ထို့နောက် သူမသည် လင်မိသားစု၏ ကြွယ်ဝချမ်းသာမှုကို နှစ်သန်းပေါင်းများစွာ ကြာရှည်အောင် သေချာစေနိုင်လိမ့်မည်။

ဤမျှကြီးမားသော အားသာချက်များဖြင့်ပင် လင်မိသားစုအတွက် အန္တရာယ်ယူရန် ထိုက်တန်သည်။

" မင်းတို့အားလုံး မဟာဧကရီဆန်းကြယ်နယ်မြေရဲ့ အဓိပ္ပာယ်ကို သိပြီးသားဖြစ်မယ်ဆိုတော့ အများကြီး ဆက်မပြောတော့ဘူး။ ဒီနယ်မြေခရီးစဉ်အတွက် ထျန်းဇူနဲ့ငါ မင်းတို့နဲ့အတူ လိုက်ပေးမယ်။ ဒါပေမဲ့ အဓိကဇာတ်ကောင်က မင်းတို့အားလုံးပဲ "

" ဒါက အမွေဆက်ခံနေရာဖြစ်တဲ့အတွက် မဟာဧကရီလျှို့ဝှက်နယ်မြေရဲ့ အကြီးမားဆုံးအကျိုးကျေးဇူးတွေကို မင်းတို့ ဂျူနီယာတွေအတွက်ပဲ ချန်ထားခဲ့မှာ။ မဟာဧကရီလျှို့ဝှက်နယ်မြေရဲ့ အသိအမှတ်ပြုမှုကို ရပြီး မဟာဧကရီချန်ထားခဲ့တဲ့ အမွေအနှစ်ကို ရယူနိုင်ရင်၊ ဒါမှမဟုတ် ရှင်းထုံရဲ့ ပိတ်နေတဲ့ သွေးကြောတွေကို ပေါင်းစည်းနိုင်မယ့် နည်းလမ်းတစ်ခုခုကို ရှာတွေ့နိုင်ရင် မင်းတို့ လင်မိသားစုကို အများဆုံး ပံ့ပိုးကူညီခဲ့တဲ့သူ ဖြစ်လာလိမ့်မယ်။ မင်းတို့ရဲ့ အနာဂတ်အောင်မြင်မှုတွေ အဆင်ပြေနေသရွေ့ လင်မိသားစုရဲ့ အိမ်တော်ပိုင်ဆိုင်ရာ တစ်ဝက်ကို ဦးစီးခွင့်ရလိမ့်မယ် "

အကြီးအကဲ ဟူဝမ်၏ စကားများက အံ့အားသင့်စရာဖြစ်သည်။

ရောက်လာသော ပါရမီရှင်များအားလုံးကို မျက်လုံးပြူးကျယ်စွာ စိုက်ကြည့်နေခဲ့သည်။

လင်မိသားစုရဲ့ ပိုင်ဆိုင်မှု တစ်ဝက်ကို ဦးစီးရမှာတဲ့လား။

သူတို့သည် မူလကတည်းက ဤမဟာဧကရီမဟာလျှို့ဝှက်နယ်မြေခရီးစဉ်အတွက် လင်မိသားစုဘက်မှ ဆုကြီးချီးမြှင့်မည်ကို ခန့်မှန်းထားခဲ့ကြပြီးဖြစ်သည်။

အကြောင်းမှာ ဤခရီးစဉ်က အလွန်အရေးကြီးကာ ခက်ခဲသောကြောင့်ဖြစ်သည်။

သို့သော် သူတို့ကို စိုက်ပျိုးနည်းစနစ်များ၊ ဆေးရည်များ သို့မဟုတ် ရှေးဟောင်းပစ္စည်းများသာ ပေးဖြစ်လိမ့်မည်ဟု ထင်ခဲ့ကြသည်။

အကြီးအကဲဟူဝမ်သည် သူတို့အား လင်မိသားစု ပိုင်ဆိုင်မှုတဝက်ကို ကတိပေးလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

သို့သော် ပိုင်ဆိုင်မှုတစ်ဝက် ဖြစ်ရသည့်အကြောင်းအရင်းကို ထင်ရှားစွာ တွေ့နိုင်သည်။

ကျန်တစ်ဝက်မှာ လင်ရှင်းထုံအတွက် သီးသန့်ဖြစ်သည်။

လင်ရှင်းထုံသည် သူမ၏ သဘာဝအတိုင်း ပိတ်ဆို့နေသော သွေးကြောကို အမှန်တကယ် ပေါင်းစပ်နိုင်ပါက လင်မိသားစုကို ဦးဆောင်သူ ဖြစ်လာရန် ကျိုးကြောင်းဆီလျော်သည်။

သို့သော် လင်မိသားစု၏ အာဏာကို လင်ရှင်းထုံနှင့် မျှဝေပြီး ပြိုင်ဘက်ကင်း မဟာဧကရီဘုရင်မတစ်ပါးပြီးလျှင် ဒုတိယနေရာ၌ ရပ်တည်နိုင်မည်ဖြစ်သောကြောင့် ရောက်လာသော လင်မိသားစု၏ တပည့်များစွာကို စိတ်လှုပ်ရှားစေခဲ့သည်။

" လင်မိသားစုက ဒီတစ်ခါတော့ အများကြီး ရင်းနှီးမြှုပ်နှံထားတာပဲ "

အကြီးအကဲဟူဝမ်၏ အနောက်မှ စုကျဲသည် တိတ်တဆိတ် အံ့အားသင့်သွားခဲ့သည်။

သူသည် အကြီးအကဲဟူဝမ်၏ စိတ်အားထက်သန်မှုကို အတော်အထင်ကြီးလေးစားခဲ့သည်။

ကြီးမားသော ဆုလာဘ်များဖြင့်သာ ရဲရင့်သော သူရဲကောင်းများ ရှိလာမည်ဖြစ်သည်။

သို့သော် အကြီးအကဲဟူဝမ်၏ ဆုလာဘ်များသည် ကျိုးကြောင်းဆီလျော်သည်။

တစ်စုံတစ်ယောက်သည် မဟာဧကရီဘုရင်မ၏ အမွေအနှစ်များကို ရရှိနိုင်ပါက လင်မိသားစု၏ ပိုင်ဆိုင်မှုတစ်ဝက်ကို ထိန်းချုပ်ရန် လုံလောက်သော စွမ်းရည်ရှိမည်ဖြစ်သောကြောင့် ဖြစ်သည်။

ထို့အပြင် တစ်စုံတစ်ယောက်သည် လင်းရှင်းထုံကို ကုသပေးရန် နည်းလမ်းရှာတွေ့နိုင်ပါက သူ၏ ဂုဏ်သိက္ခာမှာ ပို၍ပင် မြင့်မားနိုင်သည်။

" ထွက်ကြစို့ "

အကြီးအကဲဟူဝမ်သည် ဘာမှထပ်မပြောတော့ပေ။

သူ့လက်ကို ညင်သာစွာ ယမ်းလိုက်ရာ ရောင်ခြည်တစ်ခု လွင့်ထွက်သွားသည်။

ထို့နောက် လေသင်္ဘောတစ်စီးပေါ်လာသည်။

ထိုလေသင်္ဘောလေးသည် လေထဲသို့ ပစ်ချလိုက်သည်နှင့် အရွယ်အစားကြီးမားလာသည်။

မကြာခင်မှာပင် ပေတစ်ထောင်လောက် ရှည်လာတော့သည်။

ထို့နောက် အကြီးအကဲဟူဝမ်သည် သူ၏အင်္ကျီလက်ရှည်များကို လှုပ်လိုက်သည့်အခါ အားကောင်းသော ပြင်းအားတစ်ခု ပေါ်လာသည်။

ရှိနေတဲ့ ဂျူနီယာများကို ထိုပြင်းအားက လေသင်္ဘောထဲသို့ ပို့ဆောင်ပေးခဲ့သည်။

ယီယွင်သည် သူ့ပတ်ဝန်းကျင်မှ ပတ်လမ်းများ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရပြီး နောက်တခဏမှာ သူသည် လေသင်္ဘော၏ ကိုယ်ထည်ထဲသို့ ရောက်နေပြီဖြစ်သည်။

ထိုသည်က ယီယွင်ကို အံ့အားသင့်စေသည်။

အကြီးအကဲဟူဝမ်၏ နည်းလမ်းမှာ နေရာဒေသဆိုင်ရာ ဥပဒေသများ ပါဝင်နေသည်မှာ ထင်ရှားသည်။

မဟုတ်ရင် သူ လေသင်္ဘောရဲ့ကိုယ်ထည်ထဲမှာ မဟုတ်ဘဲ ကုန်းပတ်ပေါ်မှာ၌ ရှိနေလိမ့်မည်။

လေသင်္ဘောသည် ကောင်းကင်ထဲသို့ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မိုးတိမ်တောင်ထိပ်က ထွက်ခွာကာ နတ်ဘုရားသင်္ချိုင်းချိုင့်တွင်းနက်ကြီးဆီကို ပျံသန်းသွားသည်။

လမ်းတစ်လျှောက်တွင် လေသင်္ဘောသည် မြူခိုးများကို အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် ဖြတ်ကျော်သွားခဲ့သည်။

သို့သော် ယီယွင်သည် လေယာဉ်ပေါ်၌ ရှိနေစဉ် အလွန်တည်ငြိမ်နေသည်ဟု ခံစားခဲ့ရသည်။

အကြီးအကဲကြီးနှစ်ဦးကို မတွေ့ရတော့ချေ။

အစပိုင်း၌ အကြီးအကဲ ထျန်းဇူသည် ရှန်းထူမိသားစု၏ မကောင်းသောအကြံကို ဖော်ထုတ်ပေးခဲ့သည့် ယီယွင်ကို ကျေးဇူးတင်စွာ အနည်းငယ် ခေါင်းညိတ်ပြခဲ့သည်။

နောက်ပိုင်းတွင် သူတို့သည် ယီယွင်ကို အာရုံမစိုက်တော့ပေ။

သူတို့၏ ကြိုးပမ်းအားထုတ်မှုအများစုကို လင်ရှင်းထုံအပေါ်တွင်သာ ထားသည်။

ဤမဟာဧကရီနယ်မြေခရီးအတွက် လင်မိသားစုတပည့်များထဲမှ အရေးအကြီးဆုံးလူမှာ လင်ရှင်းထုံ ဖြစ်သည်။

လွန်ခဲ့သော ငါးလအတွင်း လင်ရှင်းထုံအား နည်းလမ်းပြပေးရန် လင်အကြီးအကဲကြီးသုံးဦးစလုံး ထွက်လာခဲ့သည်ကို လင်မိသားစု မျိုးဆက်ငယ်တပည့်များ မသိခဲ့ကြပေ။

လင်အဘွားတော်နှင့်အတူ သူတို့သည် လင်ရှင်းထုံကို သူတို့ကျွမ်းကျင်သော အရာတစ်ခုစီကို အခါအားလျော်စွာ သင်ကြားပေးခဲ့ကြသည်။

လင်မိသားစုမှ ကျွမ်းကျင်သူများအားလုံးသည် လင်ရှင်းထုံကို ဝန်းရံထားကြသည်။

လင်ရှင်းထုံ အသုံးပြုရန်အတွက် အဖိုးတန်ဆေးဝါးအမျိုးမျိုးကို ရက်ရောစွာ ပေးအပ်ခဲ့ကြသည်။

လင်ရှင်းထုံကို ပြုစုပျိုးထောင်ရာ၌ လင်မိသားစုသည် အတားအဆီးမရှိဘူးဟု ဆိုနိုင်သည်။

လင်မိသားစု၏ ရှည်လျားသောသမိုင်းတလျှောက် မည်သည့်ဂျူနီယာမှ ဤသို့ဆက်ဆံမှုမျိုးကို မခံကြရပေ။

လင်ရှင်းထုံသည် လင်မိသားစု၏ အထက်တန်းအကြီးအကဲများကို စိတ်ပျက်စေမည် မဟုတ်ပေ။

ငါးလတာကာလအတွင်း သူမ၏ခွန်အားများသည် တစ်ဖန်ပြန်လည် ခုန်ပျံကျော်လွှားနိုင်ခဲ့သည်။

သူမ၏ လောကဥပဒေသအမြင်မှာလည်း တိုးတက်ကောင်းမွန်လာခဲ့သည်။

လင်မိသားစု သမိုင်းတစ်လျှောက် ဤအသက်အရွယ်၌ ဘယ်သူမှ သူမ၏ခွန်အားကို မပိုင်ဆိုင်ခဲ့ဖူးပေ။

သဘာဝသွေးကြောပိတ်ကျိန်စာသည် အကြီးအကဲအားလုံး၏ နှလုံးသားကို ဖုံးလွှမ်းနေခြင်းမရှိပါက လင်ရှင်းထုံ၏ လက်ရှိအောင်မြင်မှုများသည် လင်မိသားစုအနာဂတ်ဆက်ခံသူအဖြစ် ပြုစုပျိုးထောင်ရန် လုံလောက်သည်။

ယခု ယာဉ်ပျံသန်းနေသည့်အချိန်ကို အခွင့်ကောင်းယူကာ အကြီးအကဲကြီးနှစ်ဦးသည် လင်ရှင်းထုံ၏ဘေးတွင် တရားထိုင်ကာ သူမပတ်လည်ရှိ ကောင်းကင်မြေကြီးယွမ်ချီကို လျှို့ဝှက်စွာခြယ်လှယ်ပြီး လင်ရှင်းထုံအား အနှစ်သာရ၊ ချီဓာတ်နှင့် ဝိဉာဉ်ဟူသော ရှုထောင့်သုံးမျိုးဖြင့် အကောင်းဆုံးအခြေအနေကို ရောက်ရှိစေခဲ့သည်။

ဤခရီးစဉ်အတွက် လင်မိသားစု၏ အထက်တန်းလွှာများသည် လင်ရှင်းထုံအပေါ် ယုံကြည်မှုများစွာ ရှိခဲ့ကြသည်။

ရှန်းထူမိသားစုသည် လျှို့ဝှက်နယ်မြေအတွင်း ကျရှုံးရသည်မှာ ရှန်းထူနန်ထျန်းကြောင့်ဆိုသည့် အကြောင်းရင်းကို သူတို့သိကြသည်။

ရှန်းထူမိသားစု၏ မျိုးဆက်ငယ်များထဲမှ နံပါတ်တစ်ပါရမီရှင်တစ်ယောက်အနေနှင့် သူသည် မဟာဧကရီမ လျှို့ဝှက်နယ်မြေ၏ အသိအမှတ်ပြုမှုကို မရနိုင်ခဲ့ပေ။

လင်ရှင်းထုံသည် မဟာဧကရီလျှို့ဝှက်နယ်မြေ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပါက လင်မိသားစုသည် မဟာဧကရီလျှို့ဝှက်နယ်မြေကို အမှန်တကယ် ဖွင့်လှစ်နိုင်ပေလိမ့်မည်။

လင်ရှင်းထုံသည် သဘာဝယင်သွေးကြောများနှင့် ပြီးပြည့်စုံကာ သန့်စင်သောယင်ခန္ဓာကိုယ်ရှိသောကြောင့် သူမ၏ ကိုယ်ခံပညာအရည်အချင်းသည် အပြစ်အနာအဆာကင်းသည်။

လင်ရှင်းထုံသည် မဟာဧကရီလျှို့ဝှက်နယ်မြေ၏ အသိအမှတ်ပြုမှုကို မရနိုင်ပါက လင်မိသားစု အထက်တန်းအဆင့်များသည် ဤနေရာအတွက် စွမ်းရည်ရှိသူကို မစဉ်းစားနိုင်တော့ပေ။

" အဘွားတော်၊ စိတ်မပူပါနဲ့။ ရှင်းထုံ အဆင်ပြေသွားပါလိမ့်မယ် "

အဘွားတော်ဘေးမှ အကြီးအကဲတစ်ဦးက ပြောသည်။

လင်အဘွားတော်လည်း ခေါင်းညိတ်လိုက်သည်။

လင်ရှင်းထုံကို သူမ ကြည့်နေသော မျက်လုံးများသည် မေတ္တာနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်တွင် လင်ရှင်းထုံ၏ မျက်လုံးများသည် တင်းကြပ်စွာ မှိတ်ထားသည်။

သူမ၏ မျက်တောင်များသည် ညင်သာစွာ တုန်ရီနေသည်။

သူမသည် တရားထိုင်နေစဉ် နတ်သမီးတစ်ပါးကဲ့သို့ ထင်ရသည်။

သို့သော် ငြိမ်သက်နေသော ရေစွမ်းအင်ကဲ့သို့ သူမ၏ တည်ငြိမ်မှုအောက်တွင် ပုန်းကွယ်နေသော ရှင်သန်နေသည့် တိုက်ခိုက်ရေးဝိညာဉ်တစ်ခု လောင်ကျွမ်းနေသည်။

ဤသည်မှာ ကံကြမ္မာကို စစ်ကြေငြာခြင်းပင် ဖြစ်သည်။

သူမသည် သူမ၏ကံကြမ္မာကို အမြဲထိန်းချုပ်လိုခဲ့သည်။

ဤတစ်ကြိမ်တွင် ကောင်းကင်ဘုံသည် သူမအရှေ့သို့ အခွင့်အရေးတစ်ခု ပေးလာခဲ့သည်။

All Chapters