← Chapters

အခန်း (၄၃၄-၄၃၆)

Vol. 30 Ch. 434-436

အခန်း (၄၃၄-၄၃၆)

Vol. 30 Ch. 434-436

အပိုင်း ၄၃၄

ရန်သူများ ဆုံတွေ့ခြင်း

_____________________________________________

လေသင်္ဘောသည် အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် သွားနေလျက်ရှိပြီး ပြန်လမ်းမဲ့ပင်လယ်သို့ ရောက်ရှိရန်အတွက် နေ့တစ်ဝက်သာ ကြာခဲ့လေသည်။

ပြန်လမ်းမဲ့ပင်လယ်က ထျန်းယွမ်ကမ္ဘာကြီးတစ်ခုလုံးကို ဝန်းရံထားသည်။ ပင်လယ်မှ အရှေ့အရပ်သို့ ဦးတည်မည်ဆိုလျှင် တိုင်အာနတ်ပြည်ထောင်သို့ ရောက်ရှိပေလိမ့်မည်။ မြောက်အရပ်သို့ ဦးတည်လျှင်မူ အဆုံးမဲ့သော ပင်လယ်ပြင်ကိုသာ တွေ့ရပေလိမ့်မည်။

ပင်လယ်တွင် မိုးမြေယွမ်ချီများ လုံးဝမရှိလေသောကြောင့် မဟာဧကရာဇ်များပင် ဖြတ်သန်းနိုင်ခြင်းမရှိပေ။ နတ်သင်္ချိုင်းချောက်က ပြန်လမ်းမဲ့ပင်လယ် အနက်ပိုင်းထဲတွင်ရှိပြီး ၎င်းက ထျန်းယွမ်ကမ္ဘာကြီး၏ အောက်ခြေတည့်တည့်တွင် ဖြစ်လေသည်။

လေသင်္ဘောက ထျန်းယွမ်ကမ္ဘာကြီး၏ ကုန်းမြေကမ်းပါးနှင့် အပြိုင် အောက်ဘက်ဆီသို့ ဆင်းသက်သွားလေ၏။ နေရောင်မှေးမှိန်သွားလေသောကြောင့် လေသင်္ဘောအား ထျန်းယွမ်ကမ္ဘာကြီး၏ ကုန်းမြေကိုယ်ထည်၏ ကြီးမားသောအရိပ်ကြီးက လျင်မြန်စွာ လွှမ်းခြုံသွားလေ၏။

ကြီးမားလှသော ကုန်းမြေကိုယ်ထည်ကြီး၏ ရှေ့မှောက်တွင် ပေတစ်ထောင်ခန့်ရှည်သော လေသင်္ဘောသည် ဖုန်မှုန့်အစက်အပြောက်တစ်ခုပမာသာ ဖြစ်နေခဲ့လေ၏။

ဗွမ်း....။

လေသင်္ဘောက ရေထုထဲသို့ ဝင်ရောက်သွားခဲ့ကာ ရေပွက်တစ်ခု ဖြစ်ပေါ်သွားလေ၏။ သို့သော် ကောင်းကင်အမြင့်မှ ကြည့်လျင်မူ ထိုရေပွက်က အလွန်တရာပင် သေးငယ်လှသည်။

ယီယွင် လေသင်္ဘော၏ ပြတင်းပေါက်ရှေ့တွင် ရပ်နေလျက်ရှိပြီး နက်ရှိုင်းကာ အဆုံးမဲ့လှသော ရေအောက်ကမ္ဘာကြကို ကြည့်နေသည်။ ဤပင်လယ်တွင် ငါးများ များစွာမရှိပေ။ ရံဖန်ရံခါတွင် ဇီဝသက်ရှိများ ပေါ်လာတတ်လေ၏။ ၎င်းတို့က ကြီးမားလှသော ရေအောက်သားရဲရိုင်းများ ဖြစ်ကြသည်။

ယီယွင် အပေါ်သို့ကြည့်လိုက်ရာ ထျန်းယွမ်ကမ္ဘာကြီးက ပေါ်တွင်မြောနေသည်ကို မြင်လိုက်ရသည်။ ထျန်းယွမ်ကမ္ဘာကြီးက ပင်လယ်ကြမ်းပြင်နှင့် အောက်ခြေထိစပ်မှု ရှိမနေပေ။ အများစုသည် နေရာလွတ်များသာဖြစ်ပြီး ထိုနေရာလွတ်များတွင် ထိုးထွက်နေသော ကျောက်ဆူးချွန်ကြီးများသာ ရှိလေသည်။

ထိုကျောက်ဆူးချွန်ကြီးများက ပေတစ်သိန်းခန့်ဝန်းကျင်အထိ ဖြန့်ကျတ်ထားလေ၏။ ၎င်းတို့က ထျန်းယွမ်ကမ္ဘာကြီး၏ ကုန်းမြေထံမှ ပြန်လမ်းမဲ့ပင်လယ်ထဲသို့ ထိုးထွက်နေကြလေ၏။ ၎င်းတို့က ခက်ထန်သော သွားစွယ်များအလားပင်။

မြင်ကွင်းကိုကြည့်ကာ ယီယွင်သည် ဤလောကကြီး၏ ကျယ်ဝန်းမှုနှင့် အားကောင်းမှုတို့ကို ခံစားမိနေလေ၏။ ထိုမြင်ကွင်းမှတစ်ဆင့် သူက သေးငယ်လွန်းသည်ဟု ခံစားရသည်။

ကျယ်ဝန်းလှသော သဘာဝတရားကြီးနှင့် ထိတွေ့မိလျှင် လူအများအဖို့ သေးငယ်စိတ်ကို ခံစားမိကြလိမ့်မည်။

အနက်ပိုင်းထဲတွင် ရေစီးကြောင်းများ ပိုမိုကာ ကြမ်းတမ်းလာခဲ့သည်။ လေသင်္ဘောသည် နတ်သင်္ချိုင်းချောက်ထဲမှ ကြောက်မက်ဖွယ်ရာ ဝဲကတော့နှင့် ထိတွေ့မိနေလေ၏။ လေသင်္ဘောက အရွယ်အစားကြီးမားလေသောကြောင့် စုပ်ယူအားကို ပိုမိုခံစားရသည်။ နတ်သင်္ချိုင်းချောက်နှင့် နီးကပ်လာလေလေ စုပ်ယူအားများ ပိုမိုကြမ်းတမ်းလာလေလေပင်။ ကြမ်းတမ်းသော ပင်လယ်ထဲတွင် လင်မိသားစုမှ မဟာအကြီးအကဲများသည်ပင် လေသင်္ဘောကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။

ထို့ကြောင့် ဆယ့်ငါးမိနစ်ခန့်အကြာတွင် သူတို့က လေသင်္ဘောထဲမှ ထွက်ခွာခဲ့ကြသည်။ နောက်ပိုင်းတွင် လူအများအဖို့ နတ်သင်္ချိုင်းချောက်အနီးသို့ သွားရန်အတွက် ကိုယ့်အားကိုယ်ကိုးရပေတော့မည်။

" ငါတို့ ရောက်ခါနီးနေပြီ။ အနက်ပိုင်းထဲကို ဆက်သွားမယ်ဆိုရင် လေသင်္ဘောကို ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး "

လေသင်္ဘော ကုန်းပတ်ပေါ်ရှိ အကြီးအကဲဟော်ဝမ့်က နတ်သင်္ချိုင်းချောက် အနီးမှ ကြမ်းတမ်းမှုများထဲတွင် တည်ငြိမ်စွာ ရပ်နေလေသည်။

အကြီးအကဲထျန်းကျူးက ခေါင်းညိတ်ကာ..." ဂျူနီယာတွေကို ထွက်ခိုင်းလိုက်တော့။ ဒီအဆင့်လောက် ရေစီးကြောင်းတွေကို သူတို့တွေ တောင့်ခံနိုင်သင့်ပါတယ် "

အကြီးအကဲထျန်းကျူးက စကားဆိုးရင်း တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။ သူ ခေါင်းလှည့်ကာ ပင်လယ်ရေအောက် အနက်ပိုင်းထဲသို့ ကြည့်လိုက်သည်။

" ဒါက..."

ရေအောက်အနက်ပိုင်းထဲတွင် လင်မိသားစု၏ လေသင်္ဘောဆီသို့ ချဥ်းကပ်လာနေသည့် ဝေဝါးသောအရိပ်တစ်ခုကို သူ မြင်နေရသည်။

အကြီးအကဲထျန်းကျူး မျက်ဝန်းများ ကျဥ်းမြောင်းလိုက်၏။ သူ၏ အမြင်အာရုံက ကောင်းမွန်လေသောကြောင့် ပင်လယ်အနက်ပိုင်းထဲတွင် ရှင်းလင်းစွာ မြင်ရသည်။ ယင်းက လိပ်ကြီးတစ်ကောင် ဖြစ်လေ၏။

ပင်လယ်လိပ်ပေါ်တွင် အကာအရံတစ်ခု ရှိလေသည်။ ထိုအကာအရံထဲတွင် လူတစ်စု ရှိနေလေ၏။

ဝေးကွာနေသည့်တိုင်အောင် အကြီးအကဲထျန်းကျူးက ထိုသူများ၏ အဝတ်များကို ရှင်းလင်းစွာ မြင်နေရသည်။ ထိုသူများ၏ အဝတ်များပေါ်တွင် မီးတောက်ကဲ့သို့ သင်္ကေတတစ်ခု ရှိလေသည်။

ထိုလူစုထဲမှ အကြီးအကဲတစ်ဦးက အကြီးအကဲထျန်းကျူး၏ အကြည့်ကို ခံစားမိသည်။ သူက အသာခေါင်းငဲ့ကြည့်ကာ အကြီးအကဲထျန်းကျူးနှင့် အကြည့်ချင်းဖလှယ်လိုက်လေ၏။ သူ၏နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

" လီမီးတောက်ဂိုဏ်း "

အကြီးအကဲထျန်းကျူး မျက်မှောင်ကုတ်လိုက်၏။ သူ၏ ရှေ့မှောက်မှ မဖိတ်ခေါ်ထားသော ဧည့်သည်များက ဂိုဏ်းကြီးတစ်ခုဖြစ်သည့် လီးမီးတောက်ဂိုဏ်း ဖြစ်လေသည်။

ထျန်းယွမ်ကမ္ဘာကြီးထဲတွင် အဖွဲ့အစည်းတိုင်းက မိသားစုများ ထူထောင်ထားခြင်း မရှိပေ။ ဂိုဏ်းကြီးများစွာလည်း ရှိလေ၏။ ထိုဂိုဏ်းများ၏ စွမ်းအားက မိသားစုများစွာထက်ပင် ပိုမိုအားကောင်းလေသည်။

" သူတို့က ဒီနေရာကို ဘာလာလုပ်တာလဲ "

အကြီးအကဲဟော်ဝမ့် မျက်နှာပျက်နေ၏။ ဤအချိန် ဤနေရာမျိုးတွင် လီမီးတောက်ဂိုဏ်းက နတ်သင်္ချိုင်းချောက်အနီးတွင် ပေါ်လာသည်မှာ သာမန်တိုက်ဆိုင်မှု မဟုတ်ပေ။

" ဒီကောင်တွေက ကျုပ်တို့နဲ့ ရည်ရွယ်ချက်တူ ဖြစ်ဖို့များတယ်။ ကျုပ်တို့ စိုးရိမ်နေတာတွေ တကယ်ဖြစ်လာခဲ့ပုံပဲ။ ကျုပ်တို့တွေ ဆန်းကြယ်နယ်မြေကို လွတ်လွတ်လပ်လပ် ရှာဖွေမှာကို ရှန်းထူမိသားစုက သေချာပေါက် ခွင့်ပြုမှာမဟုတ်ဘူး။ ဒီကောင်တွေက ဆန်းကြယ်နယ်မြေထဲမှာ ကျုပ်တို့ကို နှောင့်ယှက်တိုက်ခိုက်ဖို့ စီစဥ်ထားတယ် "

အမတေစမ်းသပ်မှု ပြီးဆုံးခဲ့ချိန်တွင် လင်မိသားစုက ရှန်းထူနန်ထျန်း ၊ လက်တစ်ထောင်ဖွားဖွားနှင့် ရှန်းထူမိသားစုမှ အကြီးအကဲများ၏ အသက်များကို အသုံးပြုကာ မဟာဧကရီဆန်းကြယ်နယ်မြေ၏ သတင်းအချက်အလက်များနှင့် လဲလှယ်ရန် ကြံစည်ခဲ့သည်။ ရှန်းထူမိသားစုက လင်မိသားစုဆီသို့ မဟာဧကရီဆန်းကြယ်နယ်၏ သတင်းအချက်အလက်များ ကြည်ဖြူစွာပေးလိမ့်မည်မဟုတ်ဟု လင်မိသားစုက ခန့်မှန်းထားသည်။ ရှန်းထူမိသားစုက မဟာဧကရီဆန်းကြယ်နယ်မြေ၏ သတင်းအချက်အလက်များအား အခြားအဖွဲ့အစည်းများဆီသို့ သီးသန့်ရောင်းချပေးပေလိမ့်မည်။

ထိုသို့လုပ်ဆောင်လျှင် ခဲတစ်လုံးနှင့် ငှက်သုံးကောင် ပစ်နိုင်ပေလိမ့်မည်။

ပထမအချက်အနေဖြင့် ရှန်းထူမိသားစု၏ ဆုံးရှုံးမှုများကို ကြီးမားစွာပင် ပြန်လည်ဖာထေးနိုင်လိမ့်မည်။ ရှန်းထူမိသားစုက အဖွဲ့အစည်းအနည်းငယ် သို့မဟုတ် တစ်ဒါဇင်ခန့်နှင့် ဈေးညှိနှိုင်းလိမ့်မည်။ ဈေးညှိနှိုင်းပြီးသွားလျှင် မဟာဧကရီဆန်းကြယ်နယ်မြေ၏ သတင်းအချက်အလက်များကို ရောင်းချလိမ့်မည်။ တစ်ဒါဇင်ခန့်မျှသော အဖွဲ့အစည်းများက ရှန်းထူမိသားစုအတွက် ပမာဏတစ်ခုရှိသော ဝင်ငွေများ ဖြစ်လာပေလိမ့်မည်။

ဒုတိယအချက်အနေဖြင့် ထိုသို့လုပ်ခြင်းအားဖြင့် ရှန်းထူမိသားစုက မဟာဧကရီဆန်းကြယ်နယ်မြေအား လင်မိသားစုက လက်ဝါးကြီးအုပ်မည်ကို ကာကွယ်ပေးနိုင်လိမ့်မည်။ ဝင်သွားကြသူတိုင်းက မည်သူတွင် အကောင်းဆုံးသော စွမ်းရည်နှင့် ကံကောင်းမှုများ ရှိနိုင်လိမ့်မည်ကို သိရှိရန်အတွက် ယှဥ်ပြိုင်ကြပေလိမ့်မည်။

လူတိုင်း ယှဥ်ပြိုင်ခြင်း ၊ တားဆီးခြင်း ၊ တစ်ဦးနှင့်တစ်ဦး အကွက်ချခြင်းများ လုပ်နေမည်ဆိုပါက မည်သူကမျှ မဟာဧကရီဆန်းကြယ်နယ်မြေ၏ စည်းကမ်းများကို ချိုးဖောက်ရဲမည် မဟုတ်တော့ပေ။

တတိယအချက်အနေဖြင့် မဟာဧကရီဆန်းကြယ်နယ်မြေ၏ သတင်းအချက်အလက်များကို ထုတ်ပြန်လိုက်ခြင်းအားဖြင့် အဖွဲ့အစည်းမျိုးစုံသည် တစ်ဖက်နှင့်တစ်ဖက် သတ်ဖြတ်ကြပြီး ထိုနေရာထဲတွင် သေဆုံးရခြင်းဖြင့် အဆုံးသတ်ကြရလိမ့်မည်။ ရှန်းထူမိသားစုက အခြားအဖွဲ့များ အားနည်းသွားမည်ကို သေချာပေါက်ပင် မြင်လိုလေသည်။

လင်မိသားစုက ထိုဖြစ်နိုင်ခြေများကို သိနေသည့်တိုင်အောင် ဝိညာဥ်စာချုပ်တစ်ခုမျှက လုံလောက်ခြင်းမရှိလေသောကြောင့် ထိုကိစ္စကို တားဆီးနိုင်ခြင်းမရှိပေ။

အကြောင်းကမူ လင်မိသားစုက ရှန်းထူမိသားစုနှင့် ညှိနှိုင်းမည်ဟု သတင်းဖြန့်လိုက်ချိန်တွင် ရှန်းထူမိသားစုအဖို့ အခြားအဖွဲ့များထံတွင် သတင်းအချက်အလက်များ ရောင်းချပစ်ရန် အချိန်ရှိသေးလေသောကြောင့် ဖြစ်လေ၏။

ဝိညာဥ်စာချုပ်သည် ရှန်းထူမိသားစုမှ အဆင့်မြင့်ပိုင်း အကြီးအကဲများက လင်မိသားစုနှင့် ညှိနှိုင်းရမည်ဟုသာ သဘောတူထားသည်။ ထိုအချိန်မှ ရှန်းထူမိသားစုနှင့် ပူးပေါင်းမည်ဆိုလျှင် နောက်ကျလွန်းနေပေပြီ။

" ကျုပ်တို့ ဘာလုပ်သင့်လဲ။ ရှန်းထူမိသားစုက သတင်းရောင်းတဲ့အချိန်မှာ သူတို့တွေ ဆန်းကြယ်နယ်မြေထဲကို ရောက်သွားချိန်ကျရင် အတူပူးပေါင်းပြီး ကျုပ်တို့ကို ရင်ဆိုင်ဖို့ကို သဘောတူညီချက်လုပ်ထားကြဖို့ များတယ်။ အဲ့ဒီလိုသာဆိုရင် ကျုပ်တို့ ဘာမှတတ်နိုင်မှာမဟုတ်ဘူး "

မဟာဧကရီဆန်းကြယ်နယ်မြေ ဆိုသည်မှာ မဟာဧကရီ၏ ဆက်ခံသူကို ရွေးချယ်သည့်နေရာတစ်ခု ဖြစ်လေသည်။

မဟာဧကရီက ထိုအမွေအနှစ်နယ်မြေကို ဖန်တီးခဲ့ချိန်တွင် မဟာဧကရီဆန်းကြယ်နယ်မြေထဲသို့ ဝင်ရောက်မည့်သူများက အသက်အရွယ်များ မတူညီမည် မဟုတ်သည်ကို သူမက သိလေသည်။ ရလဒ်အနေဖြင့် ကျင့်ကြံမှုအဆင့်များ ကွာခြားနေပေလိမ့်မည်။

ကျင့်ကြံမှုအဆင့် မြင့်သူများအဖို့ ပါရမီရှိနေရန် လိုအပ်တော့မည် မဟုတ်ပေ။ ကျင့်ကြံမှုအဆင့် နိမ့်နေသူတစ်ဦးက သူမ ရှာဖွေနေခဲ့သူလည်း ဖြစ်နေနိုင်လောက်လေသည်။

ထိုအခြေအနေတွင် မဟာဧကရီက ကျင့်ကြံမှုအဆင့် နိမ့်သူများကို ကာကွယ်မှုအချို့ ပေးမည်သာ ဖြစ်လေ၏။ ထိုသို့သာမဟုတ်လျှင် ပါရမီက သာမန်သာဖြစ်ပြီး အသက်ပိုကြီးကာ ကျင့်ကြံမှုပိုမြင့်သူများက ပြိုင်ဘက်လျော့ချရေးအတွက် အခြားသူများကို မဆင်မခြင် သတ်ဖြတ်ကြပေလိမ့်မည်။

သို့သော် ထိုအကာအကွယ်က နေရာတိုင်းတွင် ရှိနေမည်မဟုတ်ပေ။ ထိုကာကွယ်မှု အတိုင်းအတာ၏ အပြင်ဘက်တွင်သာ ရှိရပေလိမ့်မည်။

အကယ်၍ လင်ရှင်းထုံသာ ထိုကာကွယ်မှုအတိုင်းအတာ၏ အပြင်ဘက်တွင် ရှိနေချိန်တွင် ရှန်းထူမိသားစုနှင့် အခြားအဖွဲ့များ အတူပူးပေါင်းကာ လင်မိသားစုကို တိုက်ခိုက်လာပါက ရလဒ်သည် ကပ်ဘေးဆိုးတစ်ခု ဖြစ်လာပေလိမ့်မည်။

အကြီးအကဲဟော်ဝမ့် မျက်မှောင်ကုတ်၍ မကျေမချမ်းအမူအရာနှင့် ဆိုလိုက်သည်..." ကျုပ်တို့ ခန့်မှန်းထားတာသာ မမှားဘူးဆိုရင် ရှန်းထူမိသားစုက သဘောတူညီချက် လုပ်ခဲ့တဲ့အချိန်မှာ အခြားအဖွဲ့တွေက ရှန်းထူမိသားစုကို မဆန့်ကျင့်ရဘဲ ကျုပ်တို့ လင်မိသားစုကိုပဲ ဆန့်ကျင်ရမယ်ဆိုပြီး သဘောတူညီမှု လုပ်ထားလိမ့်မယ်။ အဲ့ဒီလိုသာဆိုရင် မဟာဧကရီဆန်းကြယ်နယ်မြေထဲမှာ ရှင်းထုံ ဘာမှမဖြစ်ဖို့ဆိုတာက အတော်ခက်ခဲသွားလိမ့်မယ် "

" ဒီခြောက်လအတွင်းမှာ ရှန်းထူနန်ထျန်းရဲ့ ဒဏ်ရာတွေ ပျောက်သွားလောက်ပြီ။ ဒီဆန်းကြယ်နယ်မြေ စူးစမ်းမှုမှာ ဒီကောင် ပေါ်လာဖို့များတယ်။ ရှင်းထုအပေါ်မှာ ဒီကောင်ရဲ့ သဘောထားက ဘယ်တုန်းကမှ မဖြူစင်ခဲ့ဘူး။ ရှန်းထူမိသားစုက မဟာဧကရီဆန်းကြယ်နယ်မြေကို ကျုပ်တို့ထက် ပိုကျွမ်းကျင်နေတာပါ ထည့်တွက်လိုက်မယ်ဆိုရင် ဒီကောင်တွေက ကြိုတင်စီစဥ်မှုတွေ လုပ်ထားလောက်မယ် "

အကြီးအကဲထျန်းကျူးက စကားမဆိုပေ။ သူ အကျိုးဆက်ကို မှန်းဆရဲခြင်းမရှိပေ။

" ဂျူနီယာတွေရဲ့ အခြေအနေက ပိုကောင်းတယ်။ မဟာဧကရီက ဆက်ခံသူကို ကာကွယ်ဖို့အတွက် တားမြစ်ချက်တွေ အများကြီး ချထားလောက်မှာပါ။ ကျုပ်တို့လို လူအိုကြီးတွေရဲ့ အခြေအနေက အန္တရာယ်ပိုများတယ်။ ကျုပ်တို့အတွက် မဟာဧကရီရဲ့ ကာကွယ်ပေးမှုက သနားစရာဖြစ်နေလိမ့်မယ် "

မဟာဧကရီ၏ စိတ်ကူးက ဆက်ခံသူရွေးချယ်ရန် ဖြစ်လေ၏။ သူတို့ကဲ့သို့ လူအိုကြီးများ၏ အသက်များကို မဟာဧကရီက အဘယ့်အတွက် အရေးစိုက်နေရပါမည်နည်း။

မဟာဧကရီက သူတို့အတွက် ချန်ထားပေးခဲ့မည့် ရတနာများကလည်း စိတ်ကူးပေါက်ရာများသာ ဖြစ်နိုင်လောက်သည်။ သူမ၏ အမြင်တွင် တန်ဖိုးမရှိသည့်အရာ ၊ ဆက်ခံသူအတွက် အသုံးမဝင်သည့် အရာများသာ ဖြစ်နိုင်လောက်သည်။ သူမသည် နှောင်းလူများအတွက် လက်ခံနိုင်လောက်ရုံမျှသာ ချန်ထားပေးခဲ့ပေလိမ့်မည်။

" ရှန်းထူမိသားစုရဲ့ အကွက်က တကယ်ကို ဆိုးယုတ်တာပဲ "

အကြီးအကဲဟော်ဝမ့်က ဒေါသတကြီး ဆိုလေသည်..." ဂျူနီယာတွေ အတော်ကို ဂရုစိုက်ကြရမယ်။ ကျုပ်တို့ အဖိုးကြီးတွေကတော့ မဟာဧကရီဆန်းကြယ်နယ်မြေရဲ့ အကာအကွယ်ပြင်ပ နယ်မြေထဲကိုပဲ ဝင်ကြရဖို့များမယ်။ အန္တရာယ်များလွန်းတာကြောင့် ကျုပ်တို့က အနက်ပိုင်းထဲအထိ သွားလို့မရဘူး။ ဒီလိုသာဆိုရင် ကျုပ်တို့ လူအိုကြီးတွေက လက်ဗလာနဲ့ ပြန်လာကြရဖို့ပဲ များလောက်မယ် "

" ကျုပ်တို့တွေ အများကြီးအားစိုက်ပြီး ရှန်းထူမိသားစုနဲ့ ပတ်သတ်ခဲ့ပေမဲ့ အဆုံးသတ်မှာတော့ ဒီလိုရလဒ်မျိုးပဲ ဖြစ်လာခဲ့တယ်။ အခြားအဖွဲ့တွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင် ကျုပ်တို့က လုံးဝကို အရေးသာမနေဘူး။ အသားစီးရှိမနေဘူးလို့တောင် ပြောလို့ရတယ် "

" အခြားနည်းလမ်း မရှိတော့ဘူး "

အကြီးအကဲထျန်းကျူးက ခေါင်းယမ်းကာ... " ကျုပ်တို့သာ ရှန်းထူမိသားစုနဲ့ မပတ်သတ်မိခဲ့ရင် ၊ ရှန်းထူမိသားစုဆီက သတင်းအချက်အလက်တွေ မယူခဲ့မိရင်တောင် ဒီဆန်းကြယ်နယ်မြေကို ရှန်းထူမိသားစုကပဲ ထိန်းချုပ်ထားမှာပဲလေ။ ကျုပ်တို့မှာ အခွင့်အရေးတစ်ခုတောင် ရှိမှာမဟုတ်ဘူး။ အခုတော့ ကျုပ်တို့မှာ မျှော်လင့်ချက် သေးသေးလေး ရှိနေပြီ။ ဆန်းကြယ်နယ်မြေထဲမှာ ဝံပုလွေကောင် ရှန်းထူနန်ထျန်း ရှိနေမယ်ဆိုရင် ကျုပ် စိတ်အေးနိုင်မှာမဟုတ်ဘူး။

" ရှင်းထုံကို ပြောပြပြီး သူ့ကိုပဲ ဆုံးဖြတ်ခိုင်ကြတာပေါ့ "

အကြီးအကဲဟော်ဝမ့်က ထိုသို့ပြောလိုက်သော်ငြားလည်း လင်ရှင်းထုံ၏ အဖြေကို ခန့်မှန်းမိထားပြီး ဖြစ်လေသည်။ သူမ၏ စရိုက်အရ အဖြေတစ်ခုတည်းသာ ရှိလေ၏။

အပိုင်း ၄၃၅

မဟာဧကရီဆန်းကြယ်နယ်မြေ ဖွင့်ခြင်း

_____________________________________________

လေသင်္ဘောထံမှ ထွက်ခွာရန် အမိန့်ပေးခဲ့လေသည်။ ယီယွင်နှင့် လင်မိသားစုမှ အခြားဂျူနီယာများ အတူရပ်နေကြ၏။ အကြီးအကဲထျန်းကျူးက သူတို့အား မဟာဧကရီဆန်းကြယ်နယ်မြေ၏ ဝင်ပေါက်ဆီသို့ ခေါ်ဆောင်သွားလေသည်။

အကြီးအကဲထျန်းကျူးက လက်ကို တစ်ချက်ယမ်းလိုက်ရာ ယီယွင်သည် အစွမ်းထက်သော စွမ်းအင်တစ်ခု လွှမ်းခြုံလာသည်ဟု ခံစားလိုက်ရ၏။ ထိုစွမ်းအင်ကြောင့် ယီယွင်မှာ မရေမတွက်နိုင်လောက်သော အလင်းစက်များ ဝန်းရံလာကာ ထုံထိုင်းသွားရသည်ဟု ခံစားလိုက်ရသည်။

ယင်းက မိုးကြိုးစွမ်းအား ဖြစ်လေသည်။

အကြီးအကဲထျန်းကျူးက မိုးကြိုးဥပဒေသကို ကျင့်ကြံသည်။ မိုးကြိုးအား ကောင်းကင်အပြစ်ဒဏ်၏ စွမ်းအားဟုလည်း လူသိများသည်။ မိုးကြိုးသည် ရက်စက်ကြမ်းကြုတ်သော လူ့မိစ္ဆာများကို ပြစ်ဒဏ်ပေးသည်ဟုလည်း ကောလဟာလရှိလေသောကြောင့် အကြီးအကဲထျန်းကျူးတွင် ကောင်းကင်ဒေါသဟူသည် ဘွဲ့ထူးရှိလေသည်။

ယီယွင် လေသင်္ဘောထဲမှ ခေါ်ထုတ်ခံလိုက်ရချိန်တွင် နတ်သင်္ချိုင်းချောက် အနီးမှ ပင်လယ်ရေ၏ ကြောက်မက်ဖွယ်ရာ စုပ်ယူအားကို ပထမဆုံး ခံစားလိုက်ရသည်။ ယီယွင်ပေါ်တွင် အကြီးအကဲထျန်းကျူး၏ စွမ်းအားများ ရှိနေသည့်တိုင်အောင် သူ၏ကြွက်သားများ စုတ်ပြဲတော့မည်ဟု ခံစားနေရဆဲပင်။

ယီယွင် ပင်လယ်ရေ အနက်ပိုင်းဆီသို့ လှမ်းကြည့်လိုက်ချိန်တွင် သူ၏တစ်သက်လုံး မမေ့နိုင်တော့မည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

သူ၏ရှေ့ ပင်လယ်ရေ အနက်ပိုင်းထဲတွင် ကြီးမားလှသော အနက်ရောင်းတွင်းတစ်ခု ရှိနေလေ၏။ အနက်ရောင်တွင်းကြီးသည် ပင်လယ်ကြမ်းပြင် အဖျားပိုင်းကို ဝါးမျိုထားပြီး မျက်စိတဆုံးအထိ ဖြန့်ကျက်ထားလေသည်။

တွင်းနက်၏ ထောင့်စွန်းတွင် အနက်ရောင် နတ်အလင်းတန်းတစ်ခု ကောင်းကင်သို့ ထိုးထွက်နေလေ၏။ ထိုအလင်းသည် နတ်ဘုရားတစ်ပါး၏ လှံတစ်ချောင်း ထိုးထွက်နေသည့်ပမာပင်။ ထိုအလင်းက ပြန်လမ်းမဲ့ပင်လယ်အား ထိုးဖောက်ကာ အထက်တွင်ရှိနေသည့် ကြီးမားလှသော ထျန်းယွမ်ကမ္ဘာကြီး၏ ကုန်းမြေဆီသို့ တည့်တည့်ရောက်ရှိနေ၏။

တိုင်းတာ၍မရနိုင်အောင် လေးလံလှသော ထျန်းယွမ်ကမ္ဘာကြီး၏ ကုန်းမြေထုကြီးကို ထူးခြားဆန်းကြယ်ကာ ကြောက်မက်ဖွယ်ကောင်းသည့် အနက်ရောင်အလင်းက ထိန်းထားသကဲ့သို့သော ထင်မြင်ချက်မျိုးကို ဖြစ်စေလေသည်။

အနက်ရောင်အလင်း၏ အောက်ခြေတွင် တွင်းနက်၏ မျက်နှာပြင်က အနည်းငယ်ခန့် ဝိုင်းလေ၏။ အနက်ရောင်နေမင်းတစ်စင်းအား ပင်လယ်ကြမ်းပြင်တွင် မြုပ်နှံထားသည့်အလားပင်။

အနက်ရောင်အလုံး၏ အနီးဝန်းကျင်တွင် ကြောက်မက်ဖွယ်ရာ ဝဲကတော့ကြီး အရူးအမူး လည်ပတ်နေသည်။ ဝဲကတော့က အဆုံးမဲ့ပမာဏရှိသော ပင်လယ်ရေများကို ဝါးမျိုနေလေ၏။

ထိုသို့လည်ပတ်ခြင်းသည် အသံတစ်ချက်မျှ မထွက်သည်မှာ ပိုမို၍ပင် ထူးဆန်းလေ၏။ အသံရှိသော်ငြားလည်း ထိုအသံကို နတ်သင်္ချိုင်းချောက်ကြီးက ဝါးမျိုပစ်လိုက်သည်ဟူသော ခံစားချက်မျိုးကို ဖြစ်စေလေသည်။

ယင်းသည် ရှေးကာလများကတည်းကပင် တည်ရှိလာခဲ့သည့် ထာဝရဝဲကတော့တစ်ခု ဖြစ်လေ၏။ ဝဲကတော့နှင့် နီးကပ်လာချိန်တွင် ယီယွင် ကြောက်ရွံ့မှုကို ခံစားရသည်။ ဝဲကတော့၏ရှေ့တွင် မဟာဧကရာဇ်တစ်ပါးသည်ပင် နှိမ့်ချရပေလိမ့်မည်။

" တကယ်တော့ ငါတို့က နတ်သင်္ချိုင်းချောက်နဲ့ အဝေးကြီး လိုသေးတယ်။ ငါတို့က ဘယ်လောက်ဝေးသေးလဲ ဆိုတာကိုတော့ မသိဘူး။ ငါတို့က မိုင်ငါးရာအကွာမှာ ဖြစ်နိုင်သလို မိုင်ငါးထောင်အကွာမှာလည်း ဖြစ်နိုင်တယ်။ နတ်သင်္ချိုင်းချောက်ရဲ့ ကြောက်ဖို့ကောင်းတဲ့ စုပ်ယူအားကြောင့် ဟင်းလင်းပြင်ဒိုင်မေးရှင်းတွေ တွန့်လိမ်နေတာဖြစ်ပြီး အကွာအဝေးကို အရေအတွက်နဲ့ သတ်မှတ်လို့မရဘူး။ ငါတောင်မှပဲ နတ်သင်္ချိုင်းချောက်နဲ့ အရမ်းနီးအောင် မသွားရဲဘူး။ နတ်သင်္ချိုင်းချောက် အနီးကို ရောက်သွားခဲ့ရင် ကြောက်ဖို့ကောင်းတဲ့ စုပ်ယူအား ရှိနေရုံတင်မကဘူး တွန့်လိမ်နေတဲ့ ဟင်းလင်းပြင်ဒိုင်မေးရှင်းတွေကြောင့်လည်း ငါ့ရဲ့အပြန်လမ်းကို ရှာတွေ့ဖို့အတွက် ခက်ခဲသွားလိမ့်မယ် "

အကြီးအကဲထျန်းကျူးက ယီယွင်နှင့် လင်မိသားစုမှ ဂျူနီယာများကို နတ်သင်္ချိုင်းချောက်ဆီသို့ သယ်ဆောင်သွားရင်းဖြင့် ဆိုလိုက်လေသည်။ အကြီးအကဲထျန်းကျူးကြောင့် ကြောက်မက်ဖွယ်ရာ စုပ်ယူအား အများစုသည် ပျောက်ကွယ်သွားလေ၏။ သူ၏ခန္ဓာကိုယ်တွင် ဝန်းရံနေသည့် ခရမ်းရောင်စွမ်းအင်များက မိုးကြိုးဓားတစ်လက်အဖြစ် ဖွဲ့စည်းထားလေသောကြောင့် ၎င်း ဖြတ်သန်းသွားရာတစ်လျှောက်မှ ပင်လယ်ရေများအားလုံးကို ထိုးခွင်းသွားနေသည်။

" အိုး...ဒါက "

နတ်သင်္ချိုင်းချောက်၏ ဝင်ပေါက်နှင့် နီးကပ်လာချိန်တွင် ထိုနေရာ၌ လူပေါင်းများစွာ စုစည်းရောက်ရှိနေသည်ကို ယီယွင် မြင်လိုက်ရသည်။ ထိုသူများက လင်မိသားစုမှ မဟုတ်သည်မှာ သိသာလေသည်။

ပြိုင်ဘက်တွေ...။

ယီယွင်၏အကြည့်များ အေးစက်သွားကာ အမူအရာများ လေးလံသွားလေ၏။

ပြိုင်ဘက်များ ပေါ်လာသည်ကို ယီယွင် မျှော်မှန်းမထားခြင်း မဟုတ်ပေ။ ဤသည်မှာ မဟာဧကရီဆန်းကြယ်နယ်မြေကို စူးစမ်းရှာဖွေရာတွင် ပိုမိုခက်ခဲလာတော့မည်ဟု ဆိုလိုလေသည်။

လင်မိသားစု ရောက်လာချိန်တွင် အခြားအဖွဲ့များက လင်မိသားစုအား ကြည့်လိုက်ကြသည်။ နတ်သင်္ချိုင်းချောက် ရှိနေခြင်းကြောင့် ပင်လယ်ကြမ်းပြင်က လုံးလုံးလျားလျား နက်မှောင်နေခြင်းမရှိပေ။ စစ်သည်များ၏ မျက်လုံးများက ဤပတ်ဝန်းကျင်တွင် ကောင်းစွာမြင်နိုင်သည်။

" ဒါက..."

အဖွဲ့အစည်းပေါင်းများစွာကို မြင်လိုက်ရခြင်းကြောင့် လင်မိသားစု၏ တပည့်များ ထိတ်လန့်သွားကြလေ၏။ ဆန်းကြယ်နယ်မြေကို လင်မိသားစုတစ်ခုတည်းကသာ ရှာဖွေရလိမ့်မည်ဟု မူလက သူတို့ ထင်ထားခဲ့ကြသည်။ ဤမြင်ကွင်းကို သူတို့ မျှော်လင့်မထားပေ။

" ရှန်းထူမိသားစု "

လင်ရှင်းထုံ၏ အဒေါ်ဖြစ်သူသည် ရှန်းထူမိသားစု၏ တံဆိပ်ကို မြင်လိုက်ရချိန်၌ အမူအရာပြောင်းသွားလေ၏။ သူမတို့၏ လင်မိသားစုက ရှန်းထူမိသားစုကို လုံးလုံးလျားလျား ရန်စထားသည်ဖြစ်၍ ရှန်းထူမိသားစုနှင့် အဖွဲ့အစည်းများစွာတို့နှင့် ရင်ဆိုင်နေရသည့် ဤအခြေအနေမျိုးတွင်မူ ညအချိန်၌ သေမျိုးများက ဝံပုလွေအုပ်နှင့် တွေ့နေရသကဲ့သို့ ဖြစ်နေလေ၏။ ယင်းက အလွန်တရာပင် ကြောက်မက်ဖွယ်ကောင်းသည်။

" မင်းတို့က ဘာတွေထိတ်လန့်နေတာလဲ "

အကြီးအကဲဟော်ဝမ့်က ခပ်ငေါက်ငေါက်ဆိုကာ မကျေမချမ်းဆိုသည်..." ရှန်းထူမိသားစုနဲ့ အဖွဲ့အစည်းနည်းနည်းလောက်က ယာယီ မဟာမိတ်ဖွဲ့ထားကြရုံတင်ပဲလေကွာ။ ဒီကောင်တွေက အကျိုးတူစီးပွားအတွက် ယာယီမဟာမိတ်ဖွဲ့ထားတဲ့ ဝံပုလွေအုပ်တစ်ခုသာသာပါပဲ။ သူတွေက စည်းလုံးလိမ့်မယ်လို့ မင်းတို့ ထင်လား။ ဒီလိုအနေအထားမျိုးမှာ ဒီကောင်တွေက လှုပ်ရှားကြမှာမဟုတ်ဘူး။ ဒီကောင်တွေက ငါတို့ကိုပဲ စောင့်ကြည့်နေမှာ "

ယခုတွင် နတ်သင်္ချိုင်းချောက်နှင့် နီးကပ်နေကာ ဖိအားများက ကြီးမားလှသည်။ တစ်စုံတစ်ယောက်ကသာ မတော်တဆ ဝဲကတော့ထဲသို့ ကျသွားခဲ့လျှင် နတ်သင်္ချိုင်းချောက်ထဲသို့ စုပ်ယူခံရပေလိမ့်မည်။ အဖွဲ့မျိုးစုံထံမှ မဟာအကြီးအကဲများပင် သေသွားနိုင်လေသည်။

ထို့အပြင် သူတို့ တိုက်ခိုက်ကြမည်ဆိုပါက သူတို့၏ မိသားစုများထံမှ ဂျူနီယာများကို ဂရုစိုက်နိုင်တော့မည် မဟုတ်ပေ။ ဂျူနီယာများ ကာကွယ်မှုမဲ့သွားပါက ချက်ချင်းပင် အမှုန့်ဖြစ်သွားပေလိမ့်မည်။

မည်သည့်အဖွဲ့ကမျှ လင်မိသားစုကို တိုက်ခိုက်ကာ ထိုသိုတန်ကြေးကို ပေးလိုကြခြင်းမရှိပေ။

အဖွဲ့အစည်းများ အုပ်စု၏အလယ်ခေါင် အကျဆုံးနေရာတွင် ရှန်းထူနန်ထျန်း ရှိနေလေသည်။ ရှန်းထူနန်ထျန်းက ရှန်းထူမိသားစုမှ အကြီးအကဲတစ်ဦး၏ ကာကွယ်မှုအောက်တွင် ရှိနေလေ၏။ သူက ယီယွင်ကို ခက်ထန်စွာ ကြည့်နေသည်။

ခြောက်လတာအချိန် ပြီးသွားသည့်နောက် ရှန်းထူနန်ထျန်းတွင် သိမ်မွေ့သောအမူအရာ မရှိတော့ချေ။ သူ၏မျက်နှာပုံစံက ပြောင်းလဲခြင်းမရှိသော်လည်း ရက်စက်ကြမ်းကြုတ်မှုများ ထွက်ပေါ်နေသည်။

" ယီယွင် " ရှန်းထူနန်ထျန်းက ယီယွင်ကိုကြည့်ကာ ခက်ထန်စွာပြုံးလိုက်ပြီး..." ၁၇၂ ရက်... ငါ လင်မိသားစုက လွတ်မြောက်လာခဲ့တာ ၁၇၂ ရက် ရှိပြီ။ ဒီ ၁၇၂ ရက်လုံး မင်း ငါ့ကို လုပ်ခဲ့တဲ့ နာကျင်မှုတွေနဲ့ အဆုံးမဲ့တဲ့ အရှက်ရမှုတွေကို ငါ တစ်စက်မှမမေ့ခဲ့ဘူး "

" ငါက မင်းကို အဆပေါင်းတစ်သောင်းလောက် ပိုဆိုးတာတွေ ပြန်ပေးမယ်။ ငါ မင်းရဲ့ သိုင်းပညာကို ဖျက်ဆီးမိမှာစိုးလို့ မင်း ငါ့လက်ထဲကို မရောက်အောင် နေရမယ်။ အဲ့ဒါက မင်းကို စောစောသေခိုင်းသလို ဖြစ်သွားမှာဆိုတော့ ပျော်စရာကောင်းမှာ မဟုတ်တော့ဘူး။ ငါက မင်းရဲ့ကျင့်ကြံမှုအဆင့်ကို ပိတ်ထားပြီး သံရည်ပူနဲ့ လောင်းမယ်။ အဲ့ဒီနောက်မှာ မင်းရဲ့အသက်ကို ဆွဲဆန့်ဖို့အတွက် ထိပ်တန်းအဆင့် ဆေးဝါးမျိုးစုံ သုံးမယ်။ မင်းကို နှိပ်စက်ဖို့အတွက် ငါက နည်းလမ်းပေါင်းတစ်သောင်းလောက် တွေးထားပြီးပြီ။ အဲ့ဒါက မင်းကို နှစ်ပေါင်းတစ်သောင်းလောက် နှိပ်စက်ဖို့ လုံလောက်တယ် "

" ဟိုခွေးမ လင်ရှင်းထုံရောပဲ။ ငါက သူ့ကို မင်းရဲ့ရှေ့မှာ ရက်ရက်စက်စက် မုဒိန်းကျင့်ပြီး သိမ်းပိုက်ပြမယ်။ ရှင်လျက်နဲ့ သေနေရတာက ဘယ်လိုမျိုးလဲဆိုတာကို ငါက မင်းတို့နှစ်ယောက်လုံးကို ပေးသိစေမယ် "

ရှန်းထူနန်ထျန်းက ယီယွင်နှင့် လင်ရှင်းထုံတို့ဆီသို့ ပြိုင်တူအသံပို့လိုက်လေ၏။

ယီယွင်က အမူအရာကင်းမဲ့စွာနှင့်ပင် လင်ရှင်းထုံအား ကြည့်လိုက်သည်။ သူမက ဓားရိုးကို အသာဆုပ်ကိုင်ထားလေ၏။

အဆိပ်ပြင်းမြွေဖြစ်သည့် ရှန်းထူနန်ထျန်းက ဆန်းကြယ်နယ်မြေထဲတွင် သူတို့၏နောက်သို့ လိုက်ပေလိမ့်မည်။ ယင်းက ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

လွန်ခဲ့သည့်ခြောက်လခန့်က ယီယွင်သည် ရှန်းထူနန်ထျန်းအား နှိပ်စက်ခဲ့ပြီး နှလုံးသားထဲတွင် စိတ်နတ်ဆိုးတစ်ကောင် ဖြစ်ပေါ်စေခဲ့ကာ ထိုကောင့်၏ဝိညာဥ်ထဲတွင် ပုန်းကွယ်နေသော ဒဏ်ရာတစ်ခု ချန်ထားခဲ့သည့်တိုင်အောင် လက်ရှိအချိန်၌ သူက ရှန်းထူနန်ထျန်းကို ယှဥ်နိုင်ရန်မှာ များစွာလိုနေသေးသည်။

ရှန်းထူနန်ထျန်းက အသက်သုံးဆယ် ကျော်နေခဲ့ပြီဖြစ်၏။ သူ၏ ကျင့်ကြံမှုက လင်ရှင်းထုံထက် ပိုမြင့်သည်ဖြစ်ပြီး ယီယွင်ထက်ဆိုလျှင် ပိုမို၍ပင် မြင့်မားလေသည်။

" ယီယွင်... ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ ရှန်းထူနန်ထျန်းက တစ်ခုခု ပြောင်းလဲသွားခဲ့တဲ့ပုံပဲ။ သူက ဆိုးယုတ်တဲ့ ကျင့်စဥ်နည်းစနစ်အချို့ကို ကျင့်ကြံထားနိုင်လောက်တယ်။ ငါတို့တွေ ဂရုစိုက်ရလိမ့်မယ် "

လင်ရှင်းထုံက အသံပို့လိုက်သည်။ အခြေအနေများ မည်သို့ပင်ပြောင်းလဲသွားပါစေ သူမအဖို့ မဟာဧကရီဆန်းကြယ်နယ်မြေထဲသို့ မဖြစ်မနေပင် ဝင်ရပေမည်။ သူမတို့က အန္တရာယ်ပေါင်းစုံ ရင်ဆိုင်ရမည်ဖြစ်သည့်တိုင်အောင် သူမက လက်လျော့မည်မဟုတ်ပေ။

သူမ စဥ်းစားတတ်သောအရွယ်သို့ ရောက်ခဲ့စဥ်ကတည်းက သူမ၏ ကိုယ်ပိုင်ကံကြမ္မာကို စိန်ခေါ်ရန် အခွင့်အရေးတစ်ခု ရရှိရေးအတွက် ဤနေ့ရက်မျိုးကို စောင့်မျှော်နေခဲ့သည်။ ယခုတွင် အခွင့်အရေးက သူမ၏ မျက်စိရှေ့မှောက်သို့ ရောက်ရှိနေသည်ဖြစ်၍ သူမ၏အသက်ကို ပေးဆပ်ရမည်ဆိုလျှင်ပင် ထိုအခွင့်အရေးကို သေချာပေါက်ဖမ်းဆုပ်မည် ဖြစ်လေ၏။

" မင်းတို့အားလုံး အန္တရာယ်ကို မြင်နေရတယ်။ အခု နောက်ဆုံးအချိန်မှာ တစ်ယောက်ယောက်က နှုတ်ထွက်ချင်တယ်ဆိုရင် နောက်မကျသေးဘူး "

အကြီးအကဲဟော်ဝမ့်က လင်မိသားစုမှ လူများကို လှည့်ကြည့်ကာ မှင်သေသေအမူအရာဖြင့် ဆိုလိုက်သည်။

လင်မိသားစုမှ တပည့်များက တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ ၎င်းတို့၏ မျက်ဝန်းများတွင် ခိုင်မာခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းများ ရှိနေကြသော်လည်း မည်သူကမျှ နုတ်ထွက်ခြင်းမပြုပေ။

" သိပ်ကောင်းတယ်... မင်းတို့ရဲ့ နှလုံးသား အနက်ပိုင်းထဲမှာ နောင်တရနေမလားဆိုတာကို ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းတို့က ချန်နေရစ်ခဲ့ပြီး ဆန်းကြယ်နယ်မြေထဲက ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ ရွေးချယ်လိုက်ပြီဆိုမှတော့... ပျက်စီးခြင်းသားရဲတွေလို ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရချိန်မှာ မင်းတို့တွေက အခြားသူတွေ ပိုရက်စက်နိုင်အောင် အကောင်းဆုံးလုပ်ဆောင်မှပဲ အသက်ရှင်နိုင်လိမ့်မယ် "

" ဆန်းကြယ်နယ်မြေထဲက နေရာအများစုမှာ မင်းတို့ကို အကာအကွယ်ပေးထားမှာဆိုတော့ အခြားသူတွေက မင်းတို့တွေကို လာသတ်မှာကို စိုးရိမ်နေဖို့မလိုဘူး။ ဒါဟာ ငါတို့ လင်မိသားစုရဲ့ အခွင့်အရေးပဲ။ ကျရှုံးမလား ၊ အောင်မြင်မလားဆိုတာက ဒီအလောင်းအစားအပေါ်မှာ မူတည်နေပြီ "

အကြီးအကဲဟော်ဝမ့်၏ အသံက ပဲ့တင်ထပ်သွားလေ၏။

" အခု ဆန်းကြယ်နယ်မြေကို ဖွင့်မယ် "

အကြီးအကဲဟော်ဝမ့်က စကားဆိုကာ ကိုယ်ဟန်တစ်ခု ထုတ်ဖော်လိုက်သည်။ သူ၏ယွမ်ချီများ မြင့်တက်လာ၏။ ပင်လယ်ရေများ စိုနေသည့် သူ၏အဝတ်များ ဖောင်းကားလာသည်။

မူလက ဆန်းကြယ်နယ်မြေကို အကြီးအကဲဟော်ဝမ့် ၊ အကြီးအကဲထျန်းကျူး ၊ အဖွားတော်တို့ကသာ ဖွင့်နိုင်ကြလေသည်။ ယခုတွင်မူ အကြီးအကဲထျန်းကျူးနှင့် အဖွားတော်တို့က မြေပြင်အခြေအနေကို ထိန်းထားနေရလေသောကြောင့် အကြီးအကဲဟော်ဝမ့် တစ်ဦးတည်းကသာ ဖွင့်နိုင်တော့သည်။

ပုံမှန်အားဖြင့်ဆိုလျှင် အကြီးအကဲဟော်ဝမ့် တစ်ဦးတည်း၏ စွမ်းအားက လုံလောက်ခြင်းမရှိပေ။ အခြားအဖွဲ့တစ်ခုမှ အကြီးအကဲတစ်ဦးက သရော်လိုက်သည်..." အတော်ကို သတိထားနေတာပဲ "

လင်မိသားစုက သူတို့အား သတိထားနေလေသောကြောင့် ဆန်းကြယ်နယ်မြေကို ဖွင့်ရန်အတွက် အကြီးအကဲတစ်ဦးသာ စေလွှတ်ခဲ့ကြောင်းကို သူတို့ သိလေသည်။ သူတို့ဘက် မည်သူတစ်ဦးမျှ ဝင်မပါခဲ့လျှင် ဆန်းကြယ်နယ်မြေက ပွင့်လာမည်မဟုတ်ပေ။

" ကျုပ် လုပ်ပေးမယ် "

လီမီးတောက်ဂိုဏ်းမှ အကြီးအကဲတစ်ဦးက လှုပ်ရှားလာသည်။

ရှန်းထူမိသားစုမှ စေလွှတ်ခဲ့သူကမူ လျှို့ဝှက်လေ၏။ ထိုသူက အသက်မကြီးသေးပေ။ ထိုသူကလည်း ရှန်ထူးမိသားစု ကိုယ်စားလှယ်အဖွဲ့၏ ခေါင်းဆောင်တစ်ဦး ဖြစ်လေ၏။ ရှန်းထူဘိုးဘေးကမူ ရှန်းထူမိသားစုအတွက် မြေပြင်ထိန်းသိမ်းရန် ကျန်ရစ်ခဲ့သည်။

မဟာဧကရီဆန်းကြယ်နယ်မြေက ဟင်းလင်းပြင်အလွှာ အနက်ပိုင်းထဲတွင် ပုန်းကွယ်နေလေသည်။ အဖွဲ့အစည်းမျိုးစုံမှ မဟာအကြီးအကဲများက ဟင်းလင်းပြင်အလွှာများအကြောင်း နှံ့စပ်ကျွမ်းကျင်ကြလေ၏။ သူတို့က ဟင်းလင်းပြင်များကို စုတ်ဖြဲပစ်နိုင်စွမ်း ရှိကြသည်။

အရပ်မျက်နှာပေါင်းစုံမှ အလင်းတန်းဆယ်ခု ထွက်ပေါ်လာပြီး ပင်လယ်ထဲမှ နေရာတစ်ခုအား ထိမှန်သွားလေသည်။ ထိုနေရာသည် ပြင်းထန်သော အပူချိန်အောက်တွင် အရည်ပျော်ကျလာဟန်ရှိပြီး လူတိုင်း၏ရှေ့မှောက်တွင် ဟင်းလင်းပြင်အလွှာ လိုဏ်ခေါင်းတစ်ခု ပေါ်ထွက်လာလေ၏။

လိုဏ်ခေါင်း ပွင့်သွားချိန်တွင် အကြီးအကဲထျန်းကျူး၏နောက်တွင် ရပ်နေသည့် ယီယွင်သည် လိုဏ်ခေါင်းထံမှ နက်နဲဆန်းကြယ်သော ပျက်စီးခြင်းအရိုး အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရလေ၏။

အပိုင်း ၄၃၆

ဝံပုလွေတစ်အုပ် ဝိုင်းထားကြခြင်း

________________________________________________

" ဒီအရှိန်အဝါ..."

သူ့အား အရှိန်အဝါ လွှမ်းခြုံသွားချိန်တွင် မဟာဧကရီဆန်းကြယ်နယ်မြေဝင်ပေါက်၏ နောက်ကွယ်တွင် ချိတ်ပိတ်ထားသည့် အလွန်တရာပင် ထူးခြားဆန်းကြယ်သော ကမ္ဘာတစ်ခု ရှိနေသည်ကို ယီယွင် ခံစားလိုက်ရသည်။ သူ ထိုကမ္ဘာကြီးထဲသို့ ဝင်ရောက်သွားပါက စကြာဝဠာ၏ လျှို့ဝှက်ချက်များကို အလွယ်တကူ ဖမ်းဆုပ်မိပြီး မဟာတာအို၏ဇာစ်မြစ်ကို သိနိုင်တော့မည့်အလားပင်။

ယီယွင်သာမက အခြားသော လူငယ်လက်ရွေးစင်များလည်း တူညီစွာ ခံစားကြရသည်။ ကွဲပြားချက်မှာ စွမ်းအင်များအပေါ်တွင် ၎င်းတို့၏ သိမြင်ခံစားနိုင်စွမ်းများက ယီယွင်ကဲ့သို့ ထက်မြက်မှုမရှိခြင်း ဖြစ်လေ၏။ ခံစားချက်များက ရှင်းလင်းခြင်းမရှိပေ။ သူတို့က မဟာဧကရီဆန်းကြယ်နယ်မြေထဲသို့ ဝင်ရောက်နိုင်ပြီး လျှို့ဝှက်ချက်များကို စူးစမ်းရှာဖွေနိုင်မည်ဟုသာ ခံစားမိကြသည်။

ဝင်ပေါက်က ကြီးမားသည်ထက် ကြီးမားလာခဲ့သည်။ ဝင်ပေါက်က လူဆယ်ယောက်ခန့် ပြိုင်တူဝင်နိုင်သည်အထိ ကြီးမားလာခဲ့သည်။ အဖွဲ့အစည်းမျိုးစုံမှ အကြီးအကဲများ၏ ပူးပေါင်းစွမ်းအားကြောင့် ဟင်းလင်းပြင်အလွှာလမ်းကြောင်းကို ဖွင့်ရန်အတွက် မခက်ခဲပေ။

" ဝင်ကြတော့... မဟာဧကရီဆန်းကြယ်နယ်မြေထဲကို ဝင်ပြီးသွားခဲ့ရင် လူငယ်တွေအားလုံးကို စမ်းသပ်မှုနေရာဆီ တိုက်ရိုက်ပို့ပေးလိမ့်မယ်။ ငါတို့ လူကြီးတွေကတော့ ရတနာရှာဖွေတဲ့ နေရာမျိုးတွေကို အပို့ခံရလောက်မယ် "

အကြီးအကဲဟော်ဝမ့်က ဆိုလိုက်လေပြီး လက်တွင် စွမ်းအင်လုံး ရစ်သိုင်းလာသည်။ သူ လက်ကိုဆန့်ထုတ်လိုက်ပြီး လင်မိသားစုမှ ဂျူနီယာများကို မဟာဧကရီဆန်းကြယ်နယ်မြေ ဝင်ပေါက်ထဲသို့ ပို့ဆောင်လိုက်လေ၏။

လင်မိသားစုမှ ဂျူနီယာများကို ဝင်ပေါက်ထဲသို့ ပို့ဆောင်ချိန်တွင် သူ အသက်အောင့်ထားကာ သတိကြီးကြီးထားနေခဲ့သည်။ သို့သော် မည်သည့်အဖွဲ့ကမျှ တိုက်ခိုက်လာခြင်းမရှိပေ။ အဖွဲ့တိုင်းတွင် ဂျူနီယာများ ရှိကြလေသောကြောင့် မည်သူကမျှ သေခြင်းရှင်ခြင်းတွင် ရုန်းကန်လိုကြခြင်းမရှိပေ။

အဖွဲ့မျိုးစုံမှ လူငယ်များကို ဆန်းကြယ်နယ်မြေထဲသို့ တစ်သုတ်ပြီးတစ်သုတ် စေလွှတ်ကြလေ၏။

ယီယွင်က အကြီးအကဲထျန်းကျူး၏ နောက်တွင် ရပ်နေခဲ့သည်။ ရှန်းထူနန်ထျန်း၏ အကြည့်အများက သူ့ဆီသို့ ဓားသွားများပမာ ကျရောက်နေသည်ကို သူ ခံစားမိသည်။

ရှန်းထူနန်ထျန်းအပြင် လျှို့ဝှက်သော လူငယ်တစ်ဦးလည်း ရှိသေးလေ၏။ ထိုသူ၏ အသားက ဝါဖက်နေကာ လူမမာပုံ ဖြစ်နေလေ၏။ သို့သော် သူ၏ မျက်ဝန်းများက စူးရှခက်ထန်လေ၏။

ယီယွင်က ထိုသူကို မှတ်မိသည်။ ထိုသူ၏အမည်က ရှန်းထူယာဖြစ်ပြီး ရှန်းထူမိသားစု၏ ပါရမီအကောင်းဆုံး လူငယ်များထဲမှ တစ်ဦးဖြစ်လေ၏။ ရှန်းထူမိသားစုထဲတွင် ထိုသူ၏ အနေအထားက ရှန်းထူနန်ထျန်း၏နောက် ဒုတိယနေရာတွင် ရှိလေသည်။ ရှန်းထူမိသားစုက လင်မိသားစုဆီသို့ ညှိနှိုင်းရန်ရောက်လာခဲ့စဥ်က ရှန်းထူယာကို ယီယွင် မြင်ဖူးသည်။ ယီယွင်က ထိုသူ၏ မျက်ဝန်းများကို နက်နဲစွာပင် မှတ်မိလေ၏။

ယီယွင်၏အလှည့်သို့ ရောက်လာချိန်တွင် အဖွားတော်က တုန့်ဆိုင်းနေပြီးနောက် အသံပို့လိုက်သည်..." ယီယွင်... မင်း ဝင်ချင်တာ သေချာပြီလား "

အဖွားတော်သည် လင်မိသားစု စည်းကမ်းထိန်းသိမ်းရေးခန်းမမှ လူများကို စေလွှတ်ကာ ယီယွင်နှင့် ရှန်းထူနန်ထျန်းတို့၏ ရန်ငြိုးများနောက်ကွယ်မှ အကြောင်းအရာကို စုံစမ်းခိုင်းခဲ့သည်။ သူတို့က ယီယွင်၏ ဘဝအကြောင်းအနည်းကိုလည်း စုံစမ်းခဲ့ပြီး အသေးစိတ်မကျသော အချက်အလက်များကို သူမ သိရှိခဲ့ရသည်။ ယီယွင်က တိုင်အာနတ်ပြည်ထောင်၏ လေ့ကျင့်ရေးများတွင် အတော်ပင် ထူးချွန်ခဲ့သည်ဟုသာ အဖွားတော်က သိထားသည်။ သို့သော် ယင်းအချက်က များစွာညွှန်ပြနိုင်ခြင်း မရှိပေ။ ထျန်းယွမ်ကမ္ဘာကြီးအတွက် တိုင်အာနတ်ပြည်ထောင်က စာဖွဲ့လောက်စရာမဟုတ်ပေ။ ထို့ကြောင့် တိုင်အာနတ်ပြည်ထောင်တွင် အောင်မြင်မှုအချို့ ရလာသည်မှာ ဖမ်းစားနိုင်စွမ်းမရှိပေ။

ထို့အပြင် ယီယွင်က ထျန်းယွမ်ကမ္ဘာကြီး၏ ထိပ်တန်းအထက်တန်းလွှာများဖြစ်သော ရှန်တုနန်ထျန်းနှင့် အပေါင်းအပါများကို ရင်ဆိုင်နေရသည်။ ၎င်းတို့က ယီယွင်ထက် များစွာအသက်ကြီးသောကြောင့် မဟာဧကရီဆန်းကြယ်နယ်မြေသို့ ဝင်ရောက်ချိန်တွင် သူ ရင်ဆိုင်ရမည့် အန္တရာယ်များကို အလွယ်တကူ မြင်နိုင်သည်။

“ယီယွင်... တကယ်တော့ ဒီလေ့ကျင့်ရေးအတွေ့အကြုံက မင်းကို အမြင်ကျယ်စေလိမ့်မယ်။ ဒါပေမယ့် အရမ်းအန္တရာယ်များရင် ထိုကိတန်သလားဆိုတာ စဉ်းစားရမယ်။ မင်းရဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ် အောင်မြင်မှုတွေနဲ့ဆိုရင် မဟာဧကရီဆန်းကြယ်နယ်မြေကို မဝင်ရင်တောင် ထျန်းယွမ်ကမ္ဘာကြီးထဲမှာ အလားအလာကောင်းတဲ့ အနာဂတ်တစ်ခုရှိနိုင်ပြီး ဦးဆောင်သူတစ်ယောက်ဖြစ်လာဖို့ လုံလောက်ပါတယ် "

အဖွားတော် အခက်အခဲကြုံနေရသည်။ ယီယွင်ကို မဟာဧကရီဆန်းကြယ်နယ်မြေထဲသို့ ဝင်ရောက်ခွင့်ပေးခဲ့သည်အား သူမ နောင်တရနေမိသည်။

ယီယွင်က... “ အဖွားတော် စိုးရိမ်ပေးတာကို ကျေးဇူးတင်ပါတယ်။ ဒီဂျူနီယာက မဟာဧကရီဆန်းကြယ်နယ်မြေထဲကို ဝင်ရောက်ကြည့်ရှုချင်နေတာပါ ”

" ဒါဆိုလည်း ကောင်းပြီ။ မင်းမှာ သိုင်းပညာအခြေခံရှိပြီး တိုင်အာနတ်ပြည်ထောင်ရဲ့ လူငယ်မျိုးဆက်ထဲမှာ အတော်ဆုံးတစ်ယောက်ဆိုတာ ငါသိတယ်။ ဒါပေမယ့် ထျန်းယွမ်ကမ္ဘာကတော့ ကွဲပြားတယ်။ ဒီလက်ရွေးစင်တွေက မင်းထင်ထားတာထက် အများကြီး ပိုအားကောင်းတယ်။ ငါက မင်း မဟာဧကရီရဲ့အမွေအနှစ်ကို ရရှိလိမ့်မယ်လို့ မျှော်လင့်မထားသလို ရှင်းထုံရဲ့ ပိတ်ဆို့နေတဲ့သွေးကြောတွေကို ပြန်ဆက်ဖို့နည်းလမ်းကိုလည်း ရှာတွေ့လိမ့်မယ်လို့ ထင်မထားပါဘူး။ မင်းအသက်ရှင်လျက်ပြန်လာနိုင်သရွေ့ အဲဒါက အကြီးမားဆုံးဆုလာဘ်ပါပဲ "

အဖွားတော်က ထပ်ပြောလိုက်သည်။ ယီယွင်ကိုယ်တိုင်က လင်မိသားစု၏ ချမ်းသာကြွယ်ဝမှုတစ်ခု ဖြစ်လေ၏။ ယီယွင်၏ သန္ဓေပြောင်းမျက်လုံးများက အဖွားတော် တစ်ခါမျှပင် မကြားဖူးသော စွမ်းရည်တစ်ခု ဖြစ်လေသည်။ ထိုစွမ်းရည်ကို နောက်မျိုးဆက်များအထိပင် လက်ဆင့်ကမ်းပေးနိုင်လေ၏။

အဖွားတော်က စကားပြောနေရင်း အကြီးအကဲဟော်ဝမ့်နှင့် အကြီးအကဲထျန်းကျူးတို့အား ခေါင်းညိတ်ပြလိုက်သာ်။

လင်မိသားစုက မဟာအကြီးအကဲနှစ်ယောက် ထွက်လာကြသည်။ ယီယွင်ကို ရှန်းထူမိသားစု၏ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုများ မခံရစေဖို့အတွက် သူတို့နှစ်ယောက်က ယီယွင်ကို လျှို့ဝှက်နယ်မြေ၏ဝင်ပေါက်ဆီသို့ ကိုယ်တိုင်လိုက်ပို့ပေးလေသည်။

ဒါပေမယ့် ယီယွင် လျှို့ဝှက်နယ်မြေထဲသို့ ဝင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်အား မျက်လုံးတစ်စုံက စူးစမ်းနေသည်ကို ခံစားလိုက်ရတယ်။ စစ်ဆေးခံရသကဲ့သို့ ခံစားချက်က ယီယွင်၏နှလုံးသားကို အေးစက်သွားစေခဲ့သည်။ ခရမ်းရောင်သလင်းကျောက် ရှိနေသည်ကို လူအများ သတိထားမိသွားမည်ကို သူ မစိုးရိမ်သော်လည် ထိုသို့စစ်ဆေးခံရသည်မှာ မနှစ်မြို့ဖွယ်ရာဟု သူ ခံစားမိသည်။

ဒီအရူးအိုအဖွဲ့...။

သူ၏ ခန္ဓာကိုယ်တစ်ဝက်ကျော် လျှို့ဝှက်နယ်မြေထဲကို ဝင်သွားချိန်တွင် ယီယွင်က ထိုသူများကို ပြန်လှည့်ကြည့်လိုက်သည်။ ရန်မူလိုသော မျက်ဝန်းအနည်းငယ်နှင့် ရှန်းထူနန်ထျန်း၏ ကြောက်မက်ဖွယ်ရာမျက်နှာကို သူ မြင်လိုက်ရသည်။

“ ဒီကောင် ဝင်သွားပြီ။ ဒီကောင့်ကို ဘယ်သူတွေက ယုံကြည်ချက်ပေးနေသလဲဆိုတာ ငါ တကယ်မသိပေမယ့်... အဲဒါက ငါ့အကြိုက်ပဲ " ရှန်းထူနန်ထျန်း၏နှုတ်ခမ်းပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။

“ ကုန်းစွန်းဟုန်... ယီယွင်က မင်းထက် နည်းနည်းပဲငယ်တယ်။ မဟာဧကရီဆန်းကြယ်နယ်မြေထဲကို ပထမဆုံးဝင်ရောက်ချိန်မှာ ဒီကောင်က မင်းနဲ့အတူ တစ်ဖွဲ့တည်းဖြစ်လိမ့်မယ်။ အနာဂတ်ကိစ္စတွေကို မင်းနဲ့လွှဲထားမယ် "

ရှန်းထူနန်ထျန်းက ပြောလိုက်လေရာ မဝေးလှသောနေရာရှိ မီးတောက်ဝတ်ရုံရှည် ဝတ်ထားသော လူငယ်တစ်ယောက်က ခေါင်းညိတ်ပြကာ ပေါ့ပေါ့ပါးပါးဆိုလေသည်... " အသေးအဖွဲ့လေးပါ "

............

ယီယွင်၏မြင်ကွင်းများ ရုတ်တရက် ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက်တွင် အပြောကျယ်လှပြီး ဗလာကျင်းဖြစ်နေသည့် ကုန်းမြေတစ်ခု၏အထက်၌ သူ ပေါ်လာခဲ့လေ၏။

ထိုကုန်းမြေပေါ်တွင် မည်သည့်အရာမျှ ရှိမနေပေ။ ဗလာကျင်းဖြစ်နေခြင်းကြောင့် လူအများကို အားနည်းသည့်ပမာ ခံစားရစေလေ၏။ ထိုနေရာသည် ဆွတ်ဆွတ်ဖြူနေပြီး မျက်စိတစ်ဆုံး ကျယ်ပြန့်လေသည်။

ဝှစ်... ဝှစ်...။

အလင်းရောင်အနည်းငယ်နှင့်အတူ လူအချို့ အထဲသို့ ရောက်ရှိလာကြ၏။ ယီယွင်က ပိုမိုသတိထားလာကာ ယွမ်ချီများ လှည့်ပတ်လိုက်လေသည်။

ယီယွင်အပြင် ထိုနေရာကို ရွှေ့ပြောင်းလာသူ ဆယ်ယောက်ကျော်ရှိလေ၏။

တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ရှန်းထူမိသားစုမှ လူများ ပါဝင်နေသည်ကို သူ ချက်ချင်းတွေ့လိုက်ရသည်။

လင်မိသားစုမှ လူများကိုလည်း ယီယွင် သတိပြုမိသည်။ သူတို့ထဲမှ တစ်ဦးသည် ပန်းရောင်အဝတ်အစား ဝတ်ဆင်ထားသည့် မိန်းကလေးငယ်တစ်ယောက် ဖြစ်လေ၏။ သူမက ကိုယ်လုံးသေးငယ်ကာ လှပသည်။ ယီယွင်က ကြည့်နေသည်ကို မြင်သောအခါတွင် မိန်းကလေးက ပြုံးပြလေ၏။

သူမ၏အမည်က လင်ရှောင်းတျယ် ဖြစ်ပြီး မဟာဧကရီဆန်းကြယ်နယ်မြေထဲသို့ ဝင်ရောက်ခွင့်ရသည့် ပထမဆုံးခြောက်ယောက်ထဲမှ တစ်ယောက် ဖြစ်လေသည်။

လင်ရှောင်းတျယ်၏ နံဘေးတွင်မူ ငယ်ရွယ်ချောမောသော လူငယ်တစ်ယောက် ရှိလေသည်။ ထိုလူငယ်၏အမည်က လင်ဖုန်းယွဲ့ ဖြစ်ပြီး လင်ရှောင်းတျယ်၏အစ်ကို ဖြစ်လေ၏။

တတိယလူကမူ လင်ယွီ ဖြစ်လေသည်။

လင်ယွီက ယီယွင်ကို မြင်လိုက်ချိန်တွင် သူ၏မျက်လုံးထဲ၌ မနှစ်မြိုမှုတစ်ခု ဖြစ်ပေါ်လာသည်။

“ ဒီကောင်စုတ်နဲ့ အတူရှိနေရတာ ငါ ကံဆိုးတာပဲ "

လင်းယွီ ခံစားချက်မကောင်းပေ။ ယီယွင်၏ရှေ့မှောက်တွင် သူ၏စွမ်းရည်များကို ကြွားလုံးထုတ်ပြကာ ထျန်းယွမ်ကမ္ဘာကြီး၏ လက်ရွေးစင်များက မည်သို့ဖြစ်ကြောင်း သိစေချင်သော်လည်း ယီယွင်အား ရှန်းထူမိသားစုက ပစ်မှတ်ထားနေသည်ကို လင်ယွီ သိသည်။ ဤလေ့ကျင့်ရေးခရီးတွင် ယီယွင်အား ပစ်မှတ်ထားလိုသူများ မရေနိုင်ပေ။ ယီယွင်နှင့်အတူ စတင်ရသည်မှာ သူ့အတွက် သေချာပေါက်ပင် အခြေအနေရှုပ်ထွေးစေပေလိမ့်မည်။

“ ဒီဂြိုလ်ဆိုး.... ဒီကောင်နဲ့ တစ်ဖွဲ့တည်းဆိုရင် ငါ သတိထားရမယ်။ ဒီလူတွေထဲက ဘယ်သူကမှ အလွယ်တကူ အနိုင်ယူလိုရတဲ့သူ မပါဘူး "

လင်းယွီက ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုလိုက်သည်။

မဟာဧကရီဆန်းကြယ်နယ်မြေသို့ ပထမဆုံးဝင်ရောက်ချိန်တွင် လူများကို အဖွဲ့များခွဲမည်ဖြစ်ပြီး အဖွဲ့တစ်ခုအတွက် စည်းမျဉ်းများက အချက်နှစ်ချက်အပေါ် မူတည်လေသည်။ တစ်ခုသည် အသက်အရွယ်ဖြစ်ပြီး ကျန်တစ်ခုကမူ ဝင်ရောက်သည့်အချိန်ကာလ ဖြစ်သည်။

တူညီသောအချိန်တွင် ဝင်ရောက်ခဲ့ကြသည့် အသက်အရွယ်တူသူများကိုသာ အတူတကွ အဖွဲ့လုပ်ပေးမည် ဖြစ်လေ၏။

ထို့ကြောင့် လင်မိသားစု၏ အငယ်ဆုံးဂျူနီယာလေးဦးက တစ်ဖွဲ့တည်းဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။

လင်မိသားစု၏ တပည့်များက အတူစုဝေးကြသည်။ ၎င်းတို့သည် ရှန်းထူမိသားစုနှင့် အခြားဂိုဏ်းများနှင့် ခပ်ဝေးဝေးတွင် ရပ်နေကြလေ၏။

“ ဟားဟား... သခင်လေးနန်ထျန်းရဲ့မျက်နှာကို ရိုက်ခဲ့တဲ့သူနဲ့ တစ်ဖွဲ့တည်းဖြစ်ရတာ ငါ့အတွက် ဝမ်းသာစရာပဲ "

ကျောပိုးအိတ်ကြီးတစ်လုံး လွယ်ထားသည့် လူငယ်တစ်ယောက်က ရီယွမ်ကိုကြည့်ကာ လှောင်ပြောင်တဲ့လေသံနှင့် ပြောလိုက်လေသည်။

စင်စစ်တွင် ယီယွင် မဟာဧကရီဆန်းကြယ်နယ်မြေ၏.ဝင်ပေါက်ထဲသို့ ဝင်သွားခဲ့သည်နှင့် ထိုအဖွဲ့လည်း လိုက်ဝင်လာခဲ့ခြင်း ဖြစ်လေသည်။ ထိုသူများက ယီယွင်နှင့် အသက်တူခန့်ဖြစ်ပြီး ယီယွင်နှင့် တစ်ဖွဲ့တည်းဖြစ်လိုကြသည်။

" ရှန်းထူနန်ထျန်းက တကယ်ကို အသုံးမကျဘူး။ ဘာမဟုတ်တဲ့ကောင်က သူ့ကို တက်နင်းသွားသေးတယ်...ခိခိ "

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ဆံပင်အနက်ရောင်နှင့် မိန်းကလေးငယ်တစ်ဦးက ချစ်စရာကောင်းကာ ဆွဲဆောင်မှုရှိသောပုံစံဖြင့် ပြောလိုက်သည်။ သူမ၏လေသံက ရှန်းထူနန်ထျန်းကို လှောင်ပြောင်မှုအပြည့် ဖြစ်နေသည်။ ဤလူများသည် ဘုံအကျိုးစီးပွားများကြောင့်သာ စုမိနေကြခြင်းဖြစ်သော်လည်း ရှန်းထူမိသားစုနှင့် ခင်မင်ရင်းနှီးမှုမရှိပေ။

ယီယွင်က ထိုမိန်းကလေးကို လှမ်းကြည့်လိုက်သည်။ သူမက ကိုယ်လုံးသေးသွယ်ပြီး အချိုးအစားကျလေ၏။ သူမ၏ လက်သည်းများက နက်မှောင်နေပြီး ချွန်ထက်အေးစက်လေသောကြောင့် လူအများအဖို့ သူမ၏လက်သည်းများတွင် အဆိပ်များဖုံးလွှမ်းနေသည်ဟု ခံစားရစေသည်။

ယီယွင် ကြည့်နေသည်ကို မြင်သောအခါတွင် သူမက နှုတ်ခမ်းသပ်ကာ ရယ်မောလိုက်သည်။ သူမက ယီယွင်ကို ဝါးစားလိုသည်ပမာ ခံစားချက်မျိုးကို ဖြစ်စေလေ၏။

“ ချီးပဲ.... ဒီလူတွေက ဘာလဲ ” လင်ယွီ ကျိတ်၍ ကျိန်ဆဲလိုက်သည်။ ဤသူများက သာမန်လူများမဟုတ်ကြောင်း ထင်ရှားသည်။ အများစုသည် ယီယွင်အတွက် ဤနေရာတွင် ရှိနေကြခြင်းဖြစ်လေ၏။

All Chapters