← Chapters

အခန်း (၄၄၀-၄၄၂)

Vol. 30 Ch. 440-442

အခန်း (၄၄၀-၄၄၂)

Vol. 30 Ch. 440-442

အပိုင်း ၄၄၀

ကောင်းကင်သွေးယွမ်ချီ

“ ချူခိုင် အောင်မြင်သွားပြီ “

လူအများ ခံစားချက်များ ရှုပ်ထွေးသွားရသည်။ ထိုကောင့်၏ ပခုံးတွင် သွေးစွန်းအပေါက်ကြီးတစ်ခု ရှိနေသည်ဖြစ်ပြီး သားရဲထိန်းချုပ်ဂိုဏ်း၏ ဆန်းကြယ်နည်းစနစ်ကို အသုံးပြုကာ ခက်ခဲမှုကြီးစွာဖြင့် ဖြတ်ကျော်ခဲ့ရသည်။ ထိုကောင့်၏မျက်နှာ ဖြူလျော်နေကာ လက်များ တုန်ယင်နေ၏။ အစောပိုင်းက စိတ်အားတက်ကြွနေပြီး ဟောင်ဖွာဖွာဖြစ်နေသော ချူခိုင်နှင့် လုံးဝကွာခြားနေသည်။

ချူခိုင်က အတော်ပင် အားအင်ကုန်ခမ်းနေဟန် ရှိလေ၏။ သူက အလင်းတံတား၏ တစ်ဖက်ခြမ်းတွင် ထိုင်နေလျက်ရှိပြီး လုံးဝတိတ်ဆိတ်နေသည်။

“ ချူခိုင်က ဒီလိုမျိုး ဒဏ်ရာအကြီးအကျယ် မရသင့်ဘူး။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူက ရှေးဟောင်းပျက်စီးခြင်းသားရဲနဲ့ မဖြစ်မနေ တိုက်ခိုက်ခဲ့ရတယ်။ သူက ဝါးနိုင်တာထက်ပိုပြီး ကိုက်မိသွားခဲ့တယ် “

သစ်နက်မယ်က စကားဆိုရင်း အလင်းတံတားပေါ်သို့ ခုန်တက်သွားလေသည်။ တံတားပေါ်တွင် ကျီးကန်းအသေကောင်များ ပြည့်နေလေ၏။ သစ်နက်မယ်၏ အမြန်နှုန်းနှင့် ချောင်းမြောင်းတိုက်ခိုက်မှုများက ထူးချွန်သည့်တိုင်အောင် ရှေးဟောင်းပျက်စီးခြင်းသားရဲနှင့် ရင်ဆိုင်ရာတွင် ဂရုမစိုက်ဘဲ မနေဝံ့ပေ။

ဂါး…။

ရှေးဟောင်းပျက်စီးခြင်းသားရဲ ရှေ့သို့ပြေးတက်လာချိန်တွင် သစ်နက်မယ်၏ ခန္ဓာကိုယ်က ရုတ်တရက်ပင် ပျောက်ကွယ်သွားလေ၏။

ဟူး…။

လေပြင်းတစ်ချက်နှင့်အတူ သစ်နက်မယ်က လေထဲတွင် နောက်ပြန်ဆုတ်သွားခဲ့ပြီး ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ တိုက်ခိုက်မှုကို ဆံချည်တစ်မျှင်စာခန့်လွတ်ရုံ ရှောင်တိမ်းသွားသည်။

သစ်နက်မယ် ဆင်းသက်လာချိန်တွင် သူမ၏ဆံပင်များ ရှုပ်ပွနေလေ၏။ သူမ၏မျက်လုံးများက သားရဲတစ်ကောင်ပမာ တောက်ပနေသည်။

ဂါး…။

ရှေးဟောင်းပျက်စီးခြင်းသားရဲက တတိယမျက်လုံးကို ဖွင့်ကာ ထပ်မံတိုက်ခိုက်လေသည်။

လျှို့ဝှက်ဆန်းကြယ်သည့် ထိုတတိယမျက်လုံးက ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ အမြန်နှုန်းနှင့် ခွန်အားကို တိုးမြှင့်ပေးနိုင်လေသည်။ သစ်နက်မယ်၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားသည်။ သူမ၏ခန္ဓာကိုယ်ထံမှ ကွဲအက်သံများ စတင်ထွက်ပေါ်လာလေ၏။ သူမ၏ခန္ဓာကိုယ်ပေါ်မှာ ထူးဆန်းသော အမှတ်အသားတစ်ခု စတင်ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ သစ်နက်မယ်၏ မျက်နှာပေါ်တွင် နူးညံ့သောအမွေးများ စတင်ထွက်ပေါ်လာလေ၏။ သူမ၏လက်မောင်းများ ပိုရှည်လာကာ ကျောပြင်သည် ပိုကိုင်းလာခဲ့လေ၏။ သူမက မြေပြင်ပေါ်တွင် ဝပ်တွားနေလျက်ရှိပြဖိး သူမ၏လက်သည်းနက်များက ချွန်ထက်သော ခြေသည်းများ ဖြစ်လာခဲ့လေသည်။

“ သားရဲအသွင်ပြောင်းခြင်း “

တစ်စုံတစ်ယောက်က အော်လိုက်သည်။ သစ်နက်မယ်၏အမည်ကို ပေါ့ပေါ့တန်တန်ပေးထားခဲ့ခြင်း မဟုတ်ပေ။ သူမက ထျန်းယွမ်ကမ္ဘာကြီးထဲရှိ ရှုထောင့်ပုံရိပ်မျိုးနွယ်မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်လေသည်။

ရှုထောင့်ပုံရိပ်မျိုးဝင်များတွင် အထူးသွေးမျိုးရိုးတစ်ခု ရှိသည်။ မျိုးနွယ်၏ ဆန်းကြယ်နည်းစနစ်ကို အသုံးပြုလိုက်လျှင် သူတို့၏ခန္ဓာကိုယ်များကို သားရဲတစ်ကောင်ပမာ ပြောင်းလဲနိုင်ပြီး သူတို့ခန္ဓာကိုယ်၏ အလားအလာများကို လှုံ့ဆော်ပေးနိုင်သည်။

ယခုတွင် သစ်နက်မယ်က ထိုသို့နည်းလမ်းကို သုံးနေခြင်းဖြစ်သည်။ သားရဲပုံစံနှင့်ဆိုပါက သူမ၏ အမြန်နှုန်းနှင့် တုံ့ပြန်မှုအမြန်နှုန်းများ ကြီးစွာတိုးမြင့်လာလေသည်။

ဝှစ်…။

ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ တတိယမျက်လုံးထံမှအလင်းတန်းတစ်ခု ထွက်လာပေါ်လာပြီး သစ်နက်မယ်၏ လက်မောင်းအား ဖြတ်ကျော်သွားသည်။ သစ်နက်မယ်က အလင်းတန်းကို ရှောင်နိုင်ခဲ့သော်လည်း အလင်းတန်းအား ဝန်းရံထားသည် စွမ်းအင်များကြောင့် သူမ နာကျင်စွာဖြင့် မျက်နှာမဲ့ရှုံ့သွားရသည်။ သူမ၏လက်မောင်းတွင် ဒဏ်ရာတစ်ခု ပေါ်လာကာ သွေးများကျဆင်းလာ၏။

“ ရှေးဟောင်းပျက်စီးခြင်းသားရဲက သစ်နက်မယ်ရဲ့ သားရဲပုံစံကို ထိခိုက်နိုင်အောင် လုပ်နိုင်သေးပုံပဲ “

“ ဒါက ကြောက်စရာကောင်းလွန်းတယ် “

သစ်နက်မယ်၏ အမြန်နှုန်းက အလွန်မြန်ဆန်နေသည့်တိုင်အောင် ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ ရှေ့မှောက်တွင်မူ မလုံလောက်သေးချေ။

သစ်နက်မယ် ရှက်ရွံ့ကာ ဒေါသထွက်နေသော အမူအရာ ဖြစ်ပေါ်လာသည်။ စမ်းသပ်မှုကို ဒဏ်ရာမရရှိဘဲ အောင်မြင်ချင်သော်လည်း ယခုတွင်မူ ထိုကိစ္စ အကောင်အထည်ပေါ်ရန် ခက်ခဲသွားချေပြီ။

ပွန်းပဲ့ဒဏ်ရာအချို့ ရပြီးသည့်နောက် သစ်နက်မယ်က သည်းခံကာ ရုန်းကန်နိုင်ခဲ့သည်။ သူမ၏ အမြန်နှုန်းနှင့် တုံ့ပြန်မှုအမြန်နှုန်းတို့က အလွန်အမင်း တိုးတက်သွားသော်လည်း အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာချိန်အတွင်း၌ သူမ၏ခန္ဓာကိုယ်မှာ အပေါ်ယံ ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

ချူခိုင်နှင့် နှိုင်းယှဉ်ကြည့်ပါက သစ်နက်မယ်၏ ဒဏ်ရာများက ပွန်းပဲ့ဒဏ်ရာများသာ ဖြစ်လေသောကြောင့် သနားစရာနည်းပါးသော်လည်း သားရဲပုံစံမှ ထွက်လာပြီးနောက်တွင် သူမ၏မျက်နှာက ဖြူဖျော့နေခဲ့သည်။ သူမ၏အသက်ရှူသံများ မြန်ဆန်နေလေသောကြောင့် သစ်နက်မယ်က အလွယ်တကူ အောင်မြင်ခဲ့ခြင်း မဟုတ်ပုံပင်။

ယင်းကြောင့် လူတိုင်း၏ စိတ်နှလုံးများ လေးလံနေရသည်။ ပထမအကျော့ကပင် များစွာခက်ခဲနေချေသည်။

လင်ယွီ မျက်နှာမကောင်းချေ။ အစပိုင်းက ဤအချီတွင် ပျက်စီးခြင်းသားရဲတစ်ကောင်နှင့် ရင်ဆိုင်ရမည်ကို မြင်လိုက်ရချိန်တွင် သူ အလွန်ပျော်ရွှင်နေခဲ့သော်လည်း ယခုတွင်မူ ဖိအားများကို ခံစားရသည်။

သို့သော် တခြားတပည့်များနှင့် ယှဉ်လျှင် သူ့ထံ၌ ယုံကြည်မှု အနည်းငယ် ရှိလေသည်။ မည်သို့ပင်ဖြစ်စေ သူက တိုက်ပွဲအစစ်ကိုသာ အာရုံစိုက်ခဲ့သည်ဖြစ်၏။ ပျက်စီးခြင်းသားရဲများနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး အတွေ့အကြုံများစွာလည်း ရရှိထားသည်။

လင်ယွီက ဘေးပတ်လည်မှ လူအများ၏ မျက်နှာများကို ကြည့်လိုက်သည်။ လင်ရှောင်းတျယ်နှင့် လင်ယွဲ့ဖုန်းတို့ အပါအဝင် အခြားသူများ၏ မျက်နှာအမူအရာများက ပြေလျော့မနေကြောင်းကို သူ မြင်လိုက်ရသည်။

လူတိုင်းက အတူတူပင် ဖြစ်လေ၏။

လင်ယွီ သက်ပြင်းချလိုက်သည်။ သို့သော် ယီယွင်၏မျက်နှာအမူအရာကို မြင်လိုက်ရချိန်၌ သူ ရုတ်တရက် မှင်တက်မိသွားရသည်။

လက်ရှိတွင် ယီယွင်က ရှေးဟောင်းပျက်စီးခြင်းသားရဲကို စူးစိုက်ကာကြည့်နေသည်။ သူ၏မျက်နှာအမူအရာက တစ်စုံတစ်ခုကို နက်နဲစွာစဉ်းစားနေပုံပင်။

ဒီကလေးက ဘာလို့ ဒီလိုမျက်နှာအမူအရာမျိုး ရှိနေရတာလဲ။

လင်ယွီက ထူးဆန်းသည်ဟု ထင်မိသည်။ ခက်ခဲသည့် ဤအလုပ်ကို မြင်လိုက်ရချိန်၌ ယီယွင်သည်လည်း စိတ်ပျက်လက်ပျက် ဖြစ်သွားသင့်သည့်ဟု သူ ခံစားမိသည်။ တခြားသူမျ မအောင်မြင်ခဲ့လျှင် အသက်ရှင်နိုင်လောက်သော်လည်း ထိုကောင် မအောင်မြင်ခဲ့လျှင်မူ သေရပေလိမ့်မည်။

“ ဒီကလေး သွေးပျက်ပြီး ကြောင်သွားတာလား။ ထားလိုက်ပါလေ… ဒီကောင် ဘာလုပ်နေလဲဆိုတာကို ဘယ်သူက ဂရုစိုက်မှာလဲ။ ငါ့ကို အရင်ဆုံး စမ်းသပ်ခွင့်ပေးကြပါ “

လင်ယွီက စိတ်ပိုင်းဖြတ်ကာ တံတားပေါ်သို့ လျှောက်သွားလိုက်သည်။

လက်ရှိတွင် လင်ရှောင်းတျယ် အပါအဝင် လူတိုင်း၏အကြည့်များ လင်ယွီဆီသို့ ရောက်ရှိနေကြသည်။

လင်ယွီက တည့်မတ်စွာရပ်နေ့ပဖိး လင်ရှောင်းတျယ်၏လက်ထဲမှ ရုပ်သံအစီရင်ပြားကို ကြည့်လိုက်သည်။ သူက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်လေ၏။

ယခင်က မဟာဧကရီဆန်းကြယ်နယ်မြေထဲသို့ မည်သူများ ဝင်ကြရမည်နည်းဟု ဆုံးဖြတ်ခဲ့ချိန်တွင် အဖွားတော်က သူ့ကို လူသိရှင်ကြား ငြင်းပယ်ခဲ့သည်။ သူ့အား စကားပြောခွင့်ပင် မပေးခဲ့ချေ။ ယင်းအဖြစ်ကြောင့် သူ့ကိုယ်သူအား ယုံကြည်မှုရှိခြင်းများ ကြီးစွာထိခိုက်ခဲ့ရသည်။

ဤတစ်ကြိမ်တွင်မူ သူ ယခင်က အရှက်ကွဲခဲ့ရသည်ကို လက်စားချေလိုသည်။

လင်ရှောင်းတျယ်၏ ရုပ်သံအစီရင်ပြားက သူ စစ်ဆေးမှုခံယူနေသည့် လုပ်ငန်းစဉ်များကို မှတ်တမ်းတင်ထားလိမ့်မည်။ သူက အဖွားတော်၏ ကနဦးရွေးချယ်မှုက မှားယွင်းကြောင်း ပြသလိုသည်။

ထိုအကြောင်းကို စဉ်းစားရင်းဖြင့် သူသည် ယီယွင်အား မသိစိတ်ဖြင့် ကြည့်လိုက်မိသည်။ သူ လူရယ်စရာဖြစ်ခဲ့ရသည် အဓိကအကြောင်းအရင်းမှာ လှောင်ပြောင်ရတဲ့ အကြောင်းရင်းမှာ ယီယွင် ဖြစ်လေ၏။

ဟုတ်သည်။ အဖွားတော် ရွေးချယ်ထားသူက မကြာမီတွင် ပျက်စီးကိန်းဆိုက်ရပေတော့မည်။ ထိုကောင့်၏ သေဆုံးခြင်း ဖြစ်စဉ်ကိုလည်း လင်ရှောင်းတျယ်က မှတ်တမ်းတင်ထားပေလိမ့်မည်။ ထိုကောင့်အား အဖွားတော်က မျက်နှာသာပေးထားလျှင်ပင် ဘာဖြစ်သေးသနည်း။ ခွန်အားမရှိပါက ထိုကောင့်အဖို့ မဟာဧကရီဆန်းကြယ်နယ်မြေထဲတွင် သေဖို့ရာတောင်းဆိုနေသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။ ယီယွင် အသတ်ခံရချိန်တွင် သူက တံတား၏တစ်ဖက်ခြမ်းတွင် ရှိနေမည်ဖြစ်သည်။

လင်ယွီက ရှေးဟောင်းပျက်စီးခြင်းသားရဲကို လှည့်ကြည့်လိုက်သည်။

ဝေါင်း…။

ပျက်စီးခြင်းသားရဲက အော်လိုက်လေ၏။ လင်ယွီ ဦးရေပြားများ ထုံကျဥ်သွားသည်ကို ခံစားလိုက်ရည်။ ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ ဖိအားကို အနီးကပ်ခံစားရသည်မှာ များပြားလွန်းလှသည်။

ပျက်စီးခြင်းသားရဲက အပြေးဝင်လာလေရာ လင်းယွီ၏မျက်နှာ နီရဲသွားလေ၏။ သူ၏မျက်ဝန်းများ တောက်ပနေလျက်ဖြင့် တိုက်ခိုက်မှုကို ခုန်ရှောင်လိုက်သည်။

ဘုန်း…။

တံတား တုန်ခါသွားသည်။ လင်ယွီက လုံးဝပင် အာရုံစူးစိုက်ထားလေ၏။ ယခင်က သူ စုဆောင်းထားသည် အတွေ့အကြုံများကို အသုံးပြုပြီး ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ တိုက်ခိုက်မှုထံမှ ကပ်သီးလေး ရှင်သန်နိုင်ခဲ့သည်။ သူ၏ရှောင်တိမ်းမှုတိုင်းက အလွန်နီးကပ်လှပြီး အမှားအနည်းငယ်ကပင် ပြင်းထန်သောဒဏ်ရာများ ချက်ချင်း ရရှိစေနိုင်သည်။

“ အိုး… လင်မိသားစုက ကလေးရဲ့အစွမ်းက လက်ခံနိုင်လောက်စရာရှိတယ် ” လူအုပ်ကြားထဲမှ တစ်ယောက်က ပြောလိုက်သည်။ လင်မိသားစုက ထိပ်တန်းမိသားစုတစ်ခု ဖြစ်လေသောကြောင့် လင်ယွီတွင် ဤကဲ့သို့စွမ်းဆောင်ရည်မျိုး ရှိနေသည်မှာ ပုံမှန်သာဖြစ်သည်။

လူအများ စကားပြောနေစဥ်တွင် ရှေးဟောင်းပျက်စီးခြင်းသားရဲက တတိယမျက်လုံးကို ဖွင့်လိုက်သည်။ လင်ယွီ ခံစားနေရသည့် ဖိအားများက ရုတ်တရက်ပင် မြင့်တက်လာခဲ့သည်။

“ သွားပြီ… သူ ဒီအခြေအနေကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး “

“ ပေးဆပ်မှုနည်းနည်းနဲ့တင် ဒီအခြေအနေအထိ တောင့်ခံနိုင်နေတာကို အားနည်းတယ်လို့ ပြောလို့မရဘူး “

လူအများ၏ ဆွေးနွေးသံများကို ကြားလိုက်ရချိန်တွင် လင်ယွီ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာသည်။ သူက တစ်ချိန်လုံး များစွာကြိုးစားကာ လေ့ကျင့်ထားခဲ့သည်ဖြစ်လေရာ အဘယ်သို့များ ဤအဆင့်မျှသာ ရှိနေရပါမည်နည်း။

ပျက်စီးခြင်းသားရဲ၏ အလင်းတန်း ဖြာထွက်လာသည်ကို မြင်လိုက်ရချိန်တွင် လင်ယွီ၏မျက်နှာထက်၌ ပုံမှန်မဟုတ်သော အနီရောင်တစ်ခု ပေါ်လာသည်။ ထိုအနီရောင်က သူ၏လည်ပင်းသို့ ပျံ့နှံ့သွားပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးနီရောင်ဖျော့ဖျော့ အလင်းတစ်ခု ဖြာထွက်လာသည်။

“အိုး… ဒါက ကောင်းကင်သွေးယွမ်ချီလား “

လင်မိသားစုဘက်က လင်ရှောင်တျယ်နှင့် လင်ယွဲ့ဖုန်းတို့လည်း အံ့အားသင့်သွားကြသည်။

သိုင်းပညာလမ်းကြောင်းတွင် ကျင့်စဥ်နည်းစနစ်နှင့် ကိုက်ညီသော အထူးယွမ်ချီတစ်ခုကို ဖြစ်ပေါ်စေသည့် ကျင့်စဥ်နည်းစနစ်များ ရှိလေသည်။ ကောင်းကင်သွေးယွမ်ချီက ထိုကျင့်စဥ်များထဲမှ တစ်ခုဖြစ်သည်။

ကောင်းကင်သွေးယွမ်ချီကို ကျွမ်းကျင်ဖို့ရာ အလွန်ခက်ခဲသည်။ ၎င်းကို ကျွမ်းကျင်သွားလျှင်ပင် အသုံးပြုရာ၌ ကန့်သတ်ချက်များ ရှိနေပါသေးသည်။ အကြောင်းကမူ လူတစ်ယောက်၏ ချီနှင့်သွေးကို အလွန်အကျွံထုတ်သုံးမိကာ ခန္ဓာကိုယ်အား ထိခိုက်စေနိုင်သောကြောင့်ပင်။

ရလဒ်အနေဖြင့် ၎င်းပေးစွမ်းသည့် စွမ်းအားများက အလွန်ပင် အစွမ်းထက်လေသည်။

“ ဒီလင်ယွီက အစွမ်းကုန်ထုတ်သုံးတော့မှာ သေချာတယ် “

လင်ယွဲ့ဖုန်းက အသာခေါင်းယမ်းလိုက်၏။ ယခုက ပထမဆုံးစမ်းသပ်မှုသာဖြစ်ပြီး လင်ယွီ အောင်မြင်ခဲ့လျှင်ပင် သိသာထင်ရှားသည့် အကျိုးကျေးဇူးများ ရနိုင်မည်မဟုတ်ပေ။ လင်ယွီအဖို့ ထိုးထွင်းသိမြင်မှုနှင့် အတွေ့အကြုံများ ရနိုင်ခဲ့ပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

မဟာဧကရီဆန်းကြယ်နယ်မြေထဲသို့ ဝင်ရောက်ခဲ့ကြသည့် ကျင့်ကြံသူတိုင်းသည် သူတို့၏နှလုံးသားထဲတွင် ဟန်ချက်ညီမှုတစ်ခု ရှိနေရန်လိုအပ်သည်။ တန်ကြေး ပေးဆပ်ရသည်မှာ ထိုက်တန်မှုရှိသည်လားကို သူတို့ သိရှိနေရန်လိုအပ်သည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန် နီးကပ်လာသည်နှင့်အမျှ လင်ယွီက နေရာတိုင်းတွင် ကျွမ်းထိုးလှုပ်ရှားနေခဲ့သည်။ သူ၏မျက်နှာက လုံးဝပင် သွေးရောင်လွှမ်းနေသော်လည်း အံတင်းတင်းကြိတ်ကာ တောင့်ခံနေဆဲပင်။

ဝှစ်…။

ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ တတိယမျက်လုံးထံမှ အလင်းတန်းတစ်ခု ထပ်မံထွက်ပေါ်လာသည်။ လင်ယွီက သူ့ရဲ့ စွမ်းအင်အားလုံးကို အသုံးပြုခဲ့သော်လည်း ထိုတိုက်ခိုက်မှုကို ရှောင်နိုင်ခြင်းမရှိခဲ့ပေ။ သူ၏ပေါင်က စုတ်ပြဲသွားကာ သွေးတွေ စီးကျလာသည်။

လင်ယွီ၏နဖူးနှင့် လည်ပင်းတို့တွင် သွေးကြောများ ဖောင်းကားနေလျက်ရှိပြီး အချိန်မရွေး ပေါက်ကွဲတော့မည့်အလားပင်။

သူ၏ အကန့်အသတ်သို့ ရောက်နေချေပြီ။

ဂါး…။

ရှေးဟောင်းပျက်စီးခြင်းသားရဲက လင်ယွီကို နားချိန်မပေးဘဲ လက်သည်းတစ်ဖက်နှင့်အတူ လျင်မြန်စွာ လိုက်ပါလာသည်။

ဘုန်း…။

ထိုလက်သည်းက မြေပြင်မှ အလင်းများကို တွန့်လိမ်သွားစေလေ၏။ ပြင်းထန်သော သက်ရောက်အားက လင်ယွီကို လွင့်စင်သွားစေခဲ့သည်။ သူ အလင်းတံတားကို ပြင်းထန်စွာ ဝင်ဆောင့်မိပြီး သွေးအန်လိုက်ရသည်။

လင်ယွီက ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ တိုက်ခိုက်မှုတိုင်းကို အပြည့်အဝ ရှောင်တိမ်းနိုင်ခြင်းမရှိပေ။ သူ၏ခန္ဓာကိုယ် တစ်စစီဖြစ်တော့မည့်ပမာ ခံစားလိုက်ရသည်။

သို့သော် သူ ဆက်လက်၍ တောင့်မခံနိုင်တော့ဟု ခံစားလိုက်ချိန်မှာပင် ရှေးဟောင်းပျက်စီးခြင်းသားရဲက ရုတ်တရက်ပင် ရပ်တန့်သွားလေ၏။ ရှေးဟောင်းပျက်စီးခြင်းသားရဲက လင်ယွီကို အေးစက်သော မျက်ဝန်းများနှင့် စိုက်ကြည့်နေသော်လည်း ရှေ့ဆက်တိုးမလာတော့ပေ။

အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန် ကုန်ဆုံးသွားပြီ ဖြစ်ချေ၏။

အပိုင်း ၄၄၁

ပုံရိပ်ဖြန့်ဓားခြေလှမ်း

ဖောင်း…။

လင်ယွီသည် အစီအရင်က ပြန်ကန်ထုတ်သည်ကို ခံလိုက်ရပြီး မြေပြင်ပေါ်သို့ ပစ်ကျသွားလေသည်။

သူ အောင်မြင်သွားပြီ။

လင်ယွီ စိတ်သက်ရာရစွာ သက်ပြင်းချလိုက်၏။ သူ ချက်ချင်းပင် တစ်ကိုယ်လုံး အားနည်းသွားသည်ဟု ခံစားလိုက်ရသည်။

သူ တုန်ယင်နေလျက်ရှိပြီး သိုလှောင်လက်စွပ်ထဲမှ ပျက်စီးခြင်းအရိုးအမတေတစ်ခု ထုတ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက်တွင် သူက သစ်နက်မယ်နှင့် ချူခိုင်တို့အား ရှောင်ရှားကာ နံဘေးတစ်နေရာတွင် ထိုင်ချလိုက်ပြီး အသက်ရှုနှုန်းကို ထိန်းညှိလိုက်လေသည်။

ကောင်းကင်သွေးယွမ်ချီကို အသုံးပြုပြီးနောက်တွင် လင်ယွီအဖို့ အချိန်တစ်ခုအထိ အားနည်းနေမည်ဖြစ်သည်။ သို့သော် သူက တတိယမြောက် အောင်မြင်ခဲ့သူဖြစ်ပြီး တံတားကို ဖြတ်ကျော်ကြရမည့် အခြားပါရမီရှင်များ ရှိနေသေးလေသည်။ ထို့အပြင် ရှန်းထူမိသားစုနှင့် လင်မိသားစုတို့က ပဋိပက္ခများ ရှိထားလေသောကြောင့် သူ့အဖို့ မဟာဧကရီဆန်းကြယ်နယ်မြေ၏ အကာအကွယ် ရှိနေသည့်တိုင်အောင် သတိထားရပေမည်။

လင်ယွီ မျက်ဝန်းများ မှိတ်လိုက်သည်။ သူက အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း နှလုံးသားထဲမှ စိတ်လှုပ်ရှားခြင်းများကိုမူ ချွန်းအုပ်၍မရပေ။ သူ၏စွမ်းဆောင်မှုများကို ရုပ်သံအစီရင်ပြားနှင့် မှတ်တမ်းတင်ထားကြောင်း သူ သိလေသည်။ အနာဂတ်တွင် အဖွားတော်သာ ထိုရုပ်သံမှတ်တမ်းကို မြင်တွေ့သွားခဲ့ပါက သူနှင့် ယီယွင်တို့အကြားမှ ကွာခြားမှုများကို သူမ သိမြင်သွားပေလိမ့်မည်။

ထိုအရာကို တွေးမိသောအခါတွင် လင်ယွီက တံတားကိုဖြတ်ကျော်ကာ ယီယွင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းများထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုကောင်စုတ်က စမ်းသပ်မှုအား ဖြတ်ကျော်နိုင်မည်လားကို သူ အမှန်တကယ်ပင် မသိပေ။ ယီယွင် သေဆုံးရမည်မှာ မေးခွန်းထုတ်ဖွယ်ရာမရှိသော်လည်း ထိုကောင် မည်သို့သေဆုံးရမည်မှာမူ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်လေသည်။

သို့သော် ထိုကိစ္စက အရေးမကြီးပေ။ လင်ယွီက အလင်းတံတားကို ဖြတ်ကျော်ပြီးနောက် ယီယွင်ကို အရေးမစိုက်တော့ပေ။ သူကဲ့သို့ တောက်ပသောအနာဂတ် ရှိနေသူတစ်ဦးက သေလူတစ်ဦးနှင့် နှိုင်းယှဥ်နေစရာအကြောင်း မရှိပေ။

“ လင်မိသားစုက ကောင်လေးမှာ အစွမ်းအစအချို့ ရှိသားပဲ “

အခြားကျင့်ကြံသူများက လင်ယွီကို အကြိမ်အနည်းငယ်ခန့် ကြည့်လိုက်ကြသည်။

လင်ယွီ အောင်မြင်သွားသည်ကို မြင်သောအခါတွင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် လင်ဖုန်းယွဲ့က မျက်လွှာပင့်ကြည့်ကာ ဆိုလိုက်လေသည်…” နောက်တစ်ယောက်က ငါပဲ “

လင်ဖုန်းယွဲ့က လင်မိသားစု၏ လူငယ်မျိုးဆက်ကြားတွင် လွှမ်းမိုးမှုရှိသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူ၏ခွန်အားပင်ဖြစ်စေ သို့မဟုတ် ဂုဏ်သိက္ခာအရာတွင်ပင်ဖြစ်စေ သူတို့က လင်ယွီထက် များစွာပိုမိုကာ အားကောင်းကြသည်။

ဆန်းကြယ်နယ်မြေအား စူးစမ်းလေ့လာရန်အတွက် လင်ယွီက နေရာတစ်ခု ရရှိရေးအတွက် မအောင်မြင်လုနီးပါး ဖြစ်နေခဲ့ချိန်တွင် လင်ဖုန်းယွဲ့၏နေရာအတွက်မူ အငြင်းပွားစရာမရှိခဲ့ပေ။

လင်ဖုန်းယွဲ့၏စွမ်းဆောင်ရည်က စိတ်ပျက်စရာ မဖြစ်ခဲ့ပေ။ သူ အနည်းငယ်ခန့် ဒဏ်ရာရပြီးနောက် အလင်းတံတားကို ကျော်ဖြတ်နိုင်ခဲ့သည်။။ ရှေးဟောင်းပျက်စီးခြင်းသားရဲက တတိယမျက်လုံးကို ဖွင့်လိုက်ချိန်မှသာ တိုက်ခိုက်မှုနှစ်ခုက လုံးဝရှောင်လွှဲလို့မရတော့ဘဲ ထိခိုက်ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ရခြင်း ဖြစ်လေသည်။

ထိုရလဒ်ကြောင့် လူအများ ကျိတ်၍ ထိတ်လန့်သွားခဲ့ကြသည်။ လင်မိသားစုက ထျန်းယွမ်ကမ္ဘာကြီးထဲရှိ ထိပ်တန်းမိသားစုမျိုးနွယ်များထဲမှ တစ်ခု ဖြစ်လေသည်။ စကားနည်းသည့် လင်ဖုန်းယွဲ့က သားရဲထိန်းချုပ်ဂိုဏ်းမှ ချူခိုင်ထက် များစွာပိုမိုကာ အားကောင်းကြောင်း ထင်ရှားလှသည်။

လင်ဖုန်းယွဲ့ ပြီးသွားသည့်နောက်တွင် မတူညီသော အဖွဲ့အစည်းများထံမှ ပါရမီရှင်အများအပြားလည်း အလှည့်ကျ ပါဝင်လာကြသည်။ သို့သော် ဒုတိယတန်းစား မိသားစုများနှင့် အဖွဲ့အစည်းများထံမှ ပါရမီရှင်များ အကောင်းအဆိုးကို ချင့်ချိန်ပြီးနောက် လက်လျော့လိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့က ရှုမိသားစုမှ ဖက်တီးကဲ့သို့ ဝမ်းနည်းဖွယ်ကောင်းသည့် အခြေအနေမျိုးနှင့် အဆုံးမသတ်လိုကြပေ။

“ ငါတို့က ကျော်ဖြတ်နိုင်မဲ့ပုံ မရှိဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အရှက်မခွဲကြနဲ့တော့။ ဒါပေမယ့် ငါတို့က မကျော်ဖြတ်နိုင်ခဲ့ရင်တောင် ဟိုကောင်စုတ်လေးကို သတ်လိုက်ရင် ရလာမဲ့ ဆုလာဘ်တွေကို ငါတို့ဘာသာ ခွဲဝေပြီးယူလို့ရသေးတယ် ” ဂိုဏ်းငယ်များထံမှ လက်လျှော့ကာ ဘေးထွက်သွားကြသေယ ပါရမီရှင်အချို့က ယီယွင်ကို လောဘဇောတိုက်နေသည့် မျက်ဝန်းများနှင့် စိုက်ကြည့်နေရင်း ဆွေးနွေးနေကြလေသည

သူတို့က အခက်အခဲများစွာကို ဖြတ်ကျော်ပြီးမှသာ မဟာဧကရီဆန်းကြယ်နယ်မြေကို ဝင်ရောက်နိုင်ခဲ့ရသည်ဖြစ်၍ ပထမဆုံးစမ်းသပ်မှုကို မအောင်မြင်နိုင်သည့် အချက်ကို လက်မခံလိုကြပေ။ ယီယွင်ကို သတ်ဖြတ်ပြီး ဆုလာဘ်ရရှိလာမည်ကို တွေးတောရင်းနှင့် ဆွေးနွေးတိုင်ပင်ပွဲတစ်ခု ဖြစ်လာခဲ့သည်။

သို့သော် ယီယွင်က ထိုသူများ၏ မလိုတမာအကြည့်များကို မသိပုံပင်။ သူက အလင်းတံတားပေါ်မှ ရှေးဟောင်းပျက်စီးခြင်းသားရဲကိုသာ စူးစိုက်ကြည့်နေဆဲပင်။ သူ မည်သည့်အရာအား တွေးနေကြောင်းကိုမူ မည်သူမျှ မသိနိုင်ကြပေ။

ရှေ့ထွက်လာကြသည့် ပါရမီရှင်များ တိုးလာသည်နှင့်အမျှ လူအနည်းစုက ဒဏ်ရာအနည်းငယ် ရရှိကာ ဆက်တိုက်အောင်မြင်သွားသော်လည်း လူအများစုကမူ အရှုံးပေးခြင်း သို့မဟုတ် ကျရှုံးခြင်းများ ဖြစ်ခဲ့ကြသည်။

ဒဏ်ရာရရှိမှု ပိုမိုနည်းလေလေ ပိုမိုကာ အာရုံစိုက်ခံရလေလေပင်။

ဤပါရမီရှင်အားလုံးက မဟာဧကရီဆန်းကြယ်နယ်မြေထဲတွင် ပြိုင်ဘက်များ ဖြစ်ကြလေ၏။ ထို့အပြင် ထိုပါရမီရှင်များအကြားတွင် ထုတ်မပြောသော ပြိုင်ဆိုင်မှုတစ်ခုလည်း ရှိလေသည်။ ပထမဆုံးစမ်းသပ်မှုက သူတို့၏ပြိုင်ဘက်များ အစွမ်းသတ္တိကို လေ့လာဖို့ရာ အခွင့်အရေးတစ်ခု ဖြစ်လေ၏။

ထိုစဥ် လင်ရှောင်းတျယ်က ရုတ်တရက်ပင် တံတားပေါ်သို့ လိပ်ပြာတစ်ကောင်ပမာ ပျံသန်းသွားလေသည်။ သူမ၏ ကြော့ရှင်းသော ကိုယ်ဟန်အနေအထားနှင့် သွက်လက်သော လှုပ်ရှားမှုနည်းစနစ်များက လူအများ၏မျက်ဝန်းများကို ချက်ချင်းပင် တောက်ပသွားစေခဲ့သည်။

လက်ရှိအချိန်၌ သစ်နက်မယ်၏ ဒဏ်ရာအများစု ပြန်လည်ကောင်းမွန်နေပြီ ဖြစ်လေသည်။ သူမက လင်ရှောင်းတျယ်ကို စိုက်ကြည့်နေရင်း လက်သည်းများကို လျက်နေလေ၏။ အသက်အရွယ်တူ မိန်းကလေးငယ်များက သူတို့ကိုယ်သူတို့အား အခြားတစ်ယောက်နှင့် နှိုင်းယှဉ်လေ့ရှိကြသည်။

“ ယီယွင်… ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ “

လင်ရှောင်းတျယ်၏ ယွမ်ချီအသံပို့လွှတ်မှုက ယီယွင်၏နားထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။ လက်ရှိတွင် လင်ရှောင်းတျယ်က ရှေးဟောင်းပျက်စီးခြင်းသားရဲနှင့် တိုက်ပွဲစတင်နေပြီ ဖြစ်လေသည်။

ယီယွင် အံ့အားသင့်သွားကာ ရယ်မောလိုက်သည်။ သူက အခြေအနေ မကောင်းသည်မှာ အမှန်ပင်ဖြစ်ချေ၏။

လင်ရှောင်းတျယ်က လင်ဖုန်းယွဲ့ထက် အသက်ပိုငယ်သော်လည်း ရှေးဟောင်းပျက်စီးခြင်းသားရဲအား ရင်ဆိုင်ချိန်တွင်မူ သူမက တည်ငြိမ်ပြီး ကြောက်ရွံ့မှုမရှိပေ။ ရှေးဟောင်းပျက်စီးခြင်းသားရဲက မည်သို့ပင် တိုက်ခိုက်နေပါစေ သူမကမူ ပန်းပွင့်များအကြား၌ လေဟုန်စီးနေသည့် လိပ်ပြာတစ်ကောင်ပမာ ပျံဝဲနေလေသည်။

သို့သော် သူမ၏ယွမ်ချီများ အလွန်အမင်း ကုန်ခမ်းလာခဲ့ပြီး ပျက်စီးခြင်းသားရဲ၏ တိုက်ခိုက်မှုများက တဖြည်းဖြည်းချင်း အားကောင်းလာလေသောကြောင့် အချိန်ပြည့်ခါနီးတွင် ပျက်စီးခြင်းသားရဲ၏ အလင်းတန်းက သူမ၏ခြေသလုံးအား ရှပ်ထိမိသွားလေသည်။ သူမ၏ဖြူဝင်းသော အသားအရေပေါ်တွင် သွေးစက်များ စီးကျလာခဲ့လေ၏။

ခြေသလုံး ဒဏ်ရာရရှိနေချိန်တွင် လင်ရှောင်းတျယ်၏ လှုပ်ရှားမှုများ အနည်းငယ်ခန့် အဟန့်အတားဖြစ်နေလေသောကြောင့် ရလဒ်အားဖြင့် သူမက ဒဏ်ရာအနည်းငယ်ခန့် ထပ်မံရရှိခဲ့ကာ အလွန်ဆိုးရွားသည့် အခြေအနေတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

သူမက အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်အထိ ခံနိုင်ရည်ရှိခဲ့သည်။ လင်ရှောင်းတျယ် တံတား၏တစ်ဖက်ခြမ်းသို့ ဆင်းသက်တဲ့အခါ၌ သူမ၏မျက်နှာထက်တွင် မကျေနပ်ဟန်များ ပေါ်လွင်နေသည်။ သူမ အောင်မြင်သွားခဲ့သော်လည်း သူမ၏စွမ်းဆောင်ရည်ကို ကျေနပ်မှုမရှိပေ။

“ ဒီရှေးဟောင်းပျက်စီးခြင်းသားရဲက တကယ်ကို ကြောက်စရာကောင်းတယ်။ အခုချိန်ထိ ဘယ်သူကမှ ဒီသားရဲရဲ့ တိုက်ခိုက်မှုတွေနဲ့ ယွမ်ချီလှုပ်ခတ်မှုတွေကို မရှောင်နိုင်သေးဘူး “

လူအများ အံ့အားသင့်နေကြသည်။ မဟာဧကရီ ချန်ထားခဲ့သည့် ဆန်းကြယ်နယ်မြေ၏ ပထမဆုံးစမ်းသပ်မှုကပင် အလွန်ခက်ခဲနေချေသည

ထိုစဥ် ကုန်းစွန်းဟုန်က သူ၏မိုးပြာရောင် မီးတောက်ဝတ်ရုံပေါ်တွင် ကျောက်စိမ်းပြားတစ်ခု တပ်လိုက်ပြီးနောက် အလင်းတံတားပေါ်သို့ တက်သွားလေသည်။

“ အိုး…. ကုန်းစွန်းဟုန်က စပြီးလှုပ်ရှားတော့မှာလား “

“ ကုန်းစွန်းဟုန်က ဘယ်လိုလုပ်ဆောင်မလဲဆိုတာ ငါ သိချင်မိတယ် “

ကုန်းစွန်းဟုန်၏ လှုပ်ရှားမှုကြောင့် လူတိုင်း၏မျက်ဝန်းများက သူ့ဆီသို့ ရောက်ရှိသွားကြသည်။

လီမီးတောက်ဂိုဏ်း၏ လူငယ်မျိုးဆက်ထဲတွင် နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သည့် ကုန်းစွန်းဟုန်က ထျန်းယွမ်ကမ္ဘာကြီးထဲရှိ တခြားမိသားစုမျိုးနွယ်များနှင့် အဖွဲ့အစည်းများ၏ အာရုံစိုက်မှုကို အများအပြား ရရှိထားလေသည်။

လီမီးတောက်ဂိုဏ်း၏ စွမ်းအားက မိသားစုမျိုးနွယ်ကြီးများထက် များစွာပို၍ပင် ကြီးမားလေသည်။

ပါရမီရှင်များ ဆွေးနွေးနေချိန်တွင် ကုန်းစွန်းဟုန်က အလင်းတံတား၏ရှေ့သို့ ရောက်ရှိနေပေပြီ။

ပျက်စီးခြင်းသားရဲနှင့် သူ၏အကြားမှ အကွာအဝေးက လျော့နည်းလာသည်နှင့်အမျှ ပျက်စီးခြင်းသားရဲ ထုတ်လွှတ်နေသည့် ကြီးမားသောဖိအားက မြင့်တက်လာခဲ့သည်။ ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ ရှေ့မှောက်မှ လူတစ်ယောက်သည် ကျားရိုင်းတစ်ကောင်၏ ရှေ့မှောက်မှ ကြွက်တစ်ကောင်ပမာပင်။

ဧရာမရှေးဟောင်းသားရဲကို ရင်ဆိုင်နေသည့် ကုန်းစွန်းဟုန်၏ မျက်ဝန်းများက ငြိမ်သက်နေပြီး သူ၏အသက်ရှူသံက တည်ငြိမ်နေပါသည်။ ရုတ်တရက်မှာပင် သူ၏လက်ထဲတွင် ဓားတစ်ချောင်း ပေါ်ထွက်လာသည်။ ကုန်းစွန်းဟုန် ဓားအိမ်မှ ဓားထုတ်လိုက်သည် လူတော်တော်များများ မမြင်လိုက်ကြပေ။

“အိုး… သူက ဓားသုံးတာလား။ ကုန်းစွန်းဟုန်က ဓားဆွဲထုတ်လိုက်ပြီဆိုတော့ ရှေးဟောင်းပျက်စီးခြင်းသားရဲနဲ့ တိုက်ခိုက်ဖို့ စီစဉ်နေတာများလား “

လူတိုင်းက မယုံကြည်နိုင်သည့် မျက်လုံးများနှင့် စိုက်ကြည့်နေကြသည်။ အစောပိုင်း ရှေးဟောင်းပျက်စီးခြင်းသားရဲတွင် အားနည်းချက်မရှိဟု ပြောခဲ့သူက ကုန်းစွန်းဟုန်ကိုယ်တိုင် ဖြစ်လေ၏။ သို့သော် ယခုတွင်မူ သူက ဓားဆွဲထုတ်ပြီး ရှေးဟောင်းပျက်စီးခြင်းသားရဲကို တိုက်ခိုက်ပေတော့မည်လော။

ကုန်းစွန်းဟုန်က အလွန်သန်မာသော်လည်း ရှေးဟောင်းပျက်စီးခြင်းသားရဲကို အနိုင်ယူနိုင်မည်ဟု မည်သူကမျှ မထင်ကြပေ။

ဝေါင်း…။

ရှေးဟောင်းပျက်စီးခြင်းသားရဲက ဟိန်းဟောက်ကာ ကုန်းစွန်းဟုန်ဆီသို့ ပြေးဝင်သွားချိန်တွင် ကုန်းစွန်းဟုန်က ရုတ်တရက်ပင် မူလနေရာမှ ပျောက်ကွယ်သွားလေ၏။

ထို့နောက်တွင်မူ ရှေးဟောင်းပျက်စီးခြင်းသားရဲ၏အထက် ကောင်းကင်ယံတွင် မိုးပြာရောင်ပုံရိပ်များ ပေါ်ထွက်လာသည်။ ထိုပုံရိပ်အားလုံးက ကုန်းစွန်းဟုန်၏ပုံရိပ်များ ဖြစ်လေ၏။ ၎င်းတို့က လျင်မြန်စွာ လှုပ်ရှားနေလျက်ရှိပြီး လူအများ ငေးကြည့်နေကြရသည်။

“ ပုံရိပ် ၃၆ ခု “

လူအများက အံ့အားသင့်စွာ ပြောလိုက်ကြသည်။ ထိုပုံရိပ်များက သာမန် ပုံရိပ်အကြွင်းအကျန်များ မဟုတ်ပေ။ အစွမ်းအစ မလုံလောက်သူများအဖို့ ကုန်းစွန်းဟုန်အားလုံးက တစ်ခုတည်းဟုသာ ထင်ကြလိမ့်မည်။ ဘယ်ဟာက အစစ်အမှန်လဲဆိုတာ ခွဲခြားဖို့ နည်းလမ်းမရှိဘူး။

“ ပုံရိပ်ဖြန့်ဓားခြေလှမ်း “

လူနဲ့ဓား တစ်သားတည်းဖြစ်နေတဲ့ လှုပ်ရှားမှုတစ်ခု…။

ခြေလှမ်းတိုင်းက ပျံသန်းနေတဲ့ ဓားချီတွေလို….။

ထိုပုံရိပ်များကို ဓားချီနှင့် ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။ ထိုပုံရိပ်များတွင် ကုန်းစွန်းဟုန်၏ မူရင်းခန္ဓာကိုယ်နှင့် တူညီသော ယွမ်ချီများ ရှိကြသည်။ ထိုပုံရိပ်များကို ရန်သူများ စိတ်ရှုပ်ထွေးစေရန် အသုံးပြုနိုင်သည်သာမက တိုက်ခိုက်မှုများလည်း လုပ်ဆောင်နိုင်လေသည်။

“ လူတစ်ယောက်ရဲ့ ပုံရိပ်ဖြန့်ဓားခြေလှမ်းက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်သွားတဲ့အခါမှာ ဓားချီကိုယ်ပွား ၁၀၈ ခုကို ဖွဲ့စည်းနိုင်တယ်။ အဲ့ဒီလူက ဒီကိုယ်ပွားတွေကို အသုံးပြုပြီးတော့ တိုက်ပွဲဝင်္ကပါတစ်ခု ဖွဲ့စည်းနိုင်တယ်။ ရန်သူတွေကတော့ အဲ့ဒါကို မြင်လိုက်တာနဲ့တင် စိတ်ပျက်အားငယ်သွားရလိမ့်မယ်။ တိုက်ခိုက်ရာမှာလည်း ကန့်သတ်ချက်အမျိုးမျိုး ရှိနေမှာဖြစ်ပြီးတော့ အပြစ်အနာအဆာကင်းတဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေလည်း ရှိနေလိမ့်မယ်။ အခု ကုန်းစွန်းဟုန်ရဲ့ ပုံရိပ်ဖြန့်ဓားခြေလှမ်းက ပုံရိပ် ၃၆ ခုအထိ ရောက်နေပြီ။ အဲ့ဒါက အဆင့်ငယ်အောင်မြင်မှုအဆင့်ကို ရောက်နေတာပဲ။ ဒါက အရမ်းကို အထင်ကြီးစရာကောင်းတယ်။ ဒီလိုမျိုး ပါရမီပမာဏက လီမီးတောက်ဂိုဏ်းရဲ့ အတွင်းတပည့်ပြိုင်ပွဲမှာ ပထမနေရာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တယ် “

အခြားပါရမီရှင်များအားလုံး အံ့အားသင့်သွားကြသည်။ ကုန်းစွန်းဟုန် ဤမျှအထိ တည်ငြိမ်နေသည်မှာ အံ့သြစရာမရှိတော့ချေ။ ထိုကောင့်တွင် အမှန်တကယ်ပင် အစွမ်းအစရှိသည်။

“ ပုံရိပ်ဖြန့်ဓားခြေလှမ်း “

ယီယွင် မေးစေ့ကို ပွတ်နေလျက်ရှိပြီး မျက်လုံးများက အာရုံစူးစိုက်ထားသည်။ ထျန်းယွမ်ကမ္ဘာကြီး၏ အဖွဲ့အစည်းများနှင့် မိသားစုမျိုးနွယ်များ၏ ကျင့်စဥ်နည်းစနစ်များအားလုံးတွင် ထူးခြားသောဝိသေသများ ရှိကြလေသည်။ ယင်းက အမှန်တကယ်ပင် အမြင်ကျယ်စေလေ၏။

ရှေးဟောင်းပျက်စီးခြင်းသားရဲက အံ့သြဖွယ်ကောင်းလောက်အောင် အစွမ်းထက်သော်လည်း ၎င်း၏ တိုက်ခိုက်မှုအများစုက ကုန်းစွန်းဟုန်၏ ကိုယ်ပွားများကိုသာ ထိမှန်လေသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန် ပြည့်သွားခဲ့ချိန်တွင် ကုန်းစွန်းဟုန်၏ ပုံရိပ်များ မရှိတော့လေဘဲ တံတား၏တစ်ဖက်တွင် ဘေးကင်းစွာရပ်နေသည့် ကုန်းစွန်းဟုန်ကိုယ်တိုင်သာ ကျန်ရစ်ခဲ့လေသည်။

သူ၏အဝတ်အစားများက သပ်ရပ်နေဆဲဖြစ်ပြီး ဆံပင်များကလည်း လုံးဝပင် ရှုပ်ပွနေခြင်းမရှိပေ။ သူ ပြီးပြည့်စုံစွာ အောင်မြင်သွားခဲ့သည်။

အပိုင်း ၄၄၂

အင်ပါရီယန်အမှတ်အသား

_________________________________________

" ဒဏ်ရာမရဘူး "

ကုန်းစွန်းဟုန်က ထိခိုက်မှုမရှိဘဲ အောင်မြင်သွားသည်ကို မြင်သောအခါတွင် လက်ရွေးစင်များက တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြလေ၏။

ပုံရိပ်ဖြန့်ဓားခြေလှမ်းအား ထုတ်သုံးခဲ့ချိန်တွင် တင့်တယ်လှပသည်သာမက စွမ်းအားများကလည်း အံ့ဩဖွယ်ကောင်းလှသည်။ ပုံရိပ်ဖြန့်ဓားခြေလှမ်းက တိုက်စစ်နှင့်ခံစစ် နှစ်မျိုးလုံးပါဝင်သော သိုင်းကွက်တစ်ခု ဖြစ်လေသည်။ ပုံရိပ်ဖြန့်ဓားခြေလှမ်းတွင် အမြန်နှုန်းရှိလေပြီး အလွန်တရာလည်း ကြမ်းတမ်းလှသည်။

လူအများသည် ကုန်းစွန်းဟုန်က ပါရမီထူးသည်ကို သိကြလေသောကြောင့် သူက စမ်းသပ်မှုအား မည်သို့ဖြတ်ကျော်မည်ကို သိလိုခဲ့ကြသည်။ ကုန်းစွန်းဟုန်က ဤကဲ့သို့နည်းလမ်းကို အသုံးပြုလိမ့်မည်ဟု သူတို့ တစ်ခါမျှပင် မထင်ထားခဲ့ပေ။ သူ၏ ထူးချွန်သော အစွမ်းအစနှင့်အတူ လှည့်ကွက်တစ်ခုကို အသုံးပြုပြီး စမ်းသပ်မှုကို အလွယ်တကူပင် အောင်မြင်သွားခဲ့သည်။

" ကုန်းစွန်းဟုန်သာ ရှေးဟောင်းပျက်စီးခြင်းသားရဲကို တိုက်ခိုက်ဖို့အတွက် ပုံရိပ်ဖြန့်ဓားခြေလှမ်းကို သုံးခဲ့မယ်ဆိုရင် ဘာအန္တရာယ်မှတောင် ဖြစ်မှာမဟုတ်ဘူး။ ဒါတောင် ဒီကောင်က အဲ့ဒီလိုလုပ်မသွားခဲ့ဘူး "

ပုံရိပ်ဖြန့်ဓားခြေလှမ်းက ဓားချီသာ ဖြစ်လေသောကြောင့် ပြိုကွဲသွားလျှင်ပင် ပြဿနာမရှိချေ။ ကုန်းစွန်းဟုန် နေရာတွင် အခြားသူများသာဆိုပါက ပုံရိပ်ဖြန့်ဓားခြေလှမ်း၏ အာနိသင်ကို သိရှိစေရန်အတွက် ရှေးဟောင်းပျက်စီးခြင်းသားရဲကို တိုက်ခိုက်ကြမည်ဖြစ်သော်လည်း ကုန်းစွန်းဟုန်ကမူ ကြိုးစားခြင်းပင်မပြုခဲ့ပေ။ ပုံရိပ်ဖြန့်ဓားခြေလှမ်း၏ တိုက်ခိုက်မှုများက ရှေးဦးပျက်စီးခြင်းသားရဲအပေါ်တွင် အသုံးပြုရန်အတွက် မလုံလောက်သည်ကို သူက အကဲဖြတ်ထားခဲ့ကြောင်း ရှင်းလင်းလှလေသည်။

လူအများ စကားပြောနေစဥ်တွင် ကောင်းကင်ထက်မှ အလင်းတစ်ခု ကျဆင်းလာကာ ကုန်းစွန်းဟုန်ဆီသို့ ကျရောက်သွားလေ၏။

" ဟင် "

ကုန်းစွန်းဟုန် အံ့အားသင့်သွားသော်လည်း ရှောင်တိမ်းခြင်းမပြုပေ။ ထိုအလင်းတန်းတွင် သတ်ဖြတ်လိုစိတ် မပါဝင်ကြောင်းကို သူက အကဲဖြတ်မိထားလေသောကြောင့် သူ၏ခန္ဓာကိုယ်ပေါ်သို့ အလင်းတန်း ရောက်ရှိလာသည်ကို ခွင့်ပြုပေးခဲ့သည်။

ဝှစ်...။

အလင်းတန်းက ကုန်းစွန်းဟုန်၏ လက်မောင်းကို ထိမှန်သွားကာ ခရမ်းရောင်အမှတ်တစ်ခု ပေါ်လာသည်။

" အင်ပါရီယန်အမှတ်အသား ဖြစ်နေလောက်မလား။ သူက အင်ပါရီယန်အမှတ်အသားကို ဒီအတိုင်း ရသွားခဲ့တာလား "

သစ်နက်မယ်က ခရမ်းရောင်အမှတ်အသားကို မြင်လိုက်ချိန်တွင် ကြက်သေသေသွားလေ၏။

သူမ၏စကားကြောင့် လူအများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ လက်ရွေးစင်အများစုသည် ဒဏ်ရာများကို ဥပေက္ခာပြုကာ သမထထိုင်ခြင်းများ ရပ်တန့်လိုက်ကြသည်။ သူတို့က ကုန်းစွန်းဟုန်၏ လက်မောင်းကို ကြည့်နေကြလေ၏။

ရှန်းထူမိသားစု၏ ကျောက်စိမ်းစာလိပ်ထဲတွင် အင်ပါရီယန်အမှတ်အသားအကြောင်း ဖော်ပြချက်တစ်ခု ရှိလေသည်။ မဟာဧကရီဆန်းကြယ်နယ်မြေ ဖွင့်ပြီးသည့်နောက် တစ်ယောက်ယောက်က စမ်းသပ်မှုတစ်ခုခုတွင် ထူးချွန်ပြောင်မြောက်ခဲ့ပါက အင်ပါရီယန်အမှတ်အသားတစ်ခု ရရှိမည်ဖြစ်သည်။

အင်ပါရီယန်အမှတ်အသားက တန်ဖိုးကြီးသည်။ ထိုမှော်စာလုံးများကို လုံလောက်စွာစုဆောင်းမိပါက မဟာဧကရီ၏ သိုလှောင်ခန်းကို ဖွင့်နိုင်ပေလိမ့်မည်။ မဟာဧကရီ၏ သိုလှောင်ခန်းထဲမှ ရတနာများကို အင်ပါရီယန်အမှတ်အသားများနှင့် လဲလှယ်နိုင်လေ၏။

ရှေးဟောင်းမဟာဧကရီက ပါရမီရှင်များကို ပျိုးထောင်ပေးရာတွင် တွန့်တိုခြင်းမရှိပေ။ သူမ၏ဆက်ခံသူ ဖြစ်မလာကြသူများတွင် သင့်တင့်သောပါရမီ ရှိနေမည်ဆိုပါက လောက်လောက်လားလား အကူအညီများနှင့် ဆုလာဘ်များ ရနိုင်ပေလိမ့်မည်။

မဟာဧကရီဆန်းကြယ်နယ်မြေထဲတွင် ရှေးဟောင်းမဟာဧကရီ ချန်ထာယရစ်ခဲ့သည့် ပစ္စည်းတိုင်းက အထင်ကြီးဖွယ်ရာ ဖြစ်လေသည်။ လူတိုင်းက ပစ္စည်းတိုင်းနှင့် လဲလှယ်ပိုင်ခွင့်ရှိသည်။

လူအများမှာ အတွေးနှင့်ပင် ကြီးစွာမနာလိုဖြစ်ကြရသည်။

အမြဲတမ်း တည်ငြိမ်နေတတ်သော ကုန်းစွန်းဟုန်သည်ပင် ပြုံးနေလေ၏။ သူ့တွင် ရည်မှန်းချက်ရှိသည်။ သူ၏အနာဂတ်က လီမီးတောက်ဂိုဏ်းထဲတွင် အချုပ်အနှောင်ဖြစ်နေမည်ကို မလိုလားပေ။

သို့သော် အင်ပါရီယန်အမှတ်အသားတစ်ခု မလုံလောက်သေးပေ။ ရှန်းထူမိသားစု၏ ကျောက်စိမ်းစာလိပ်အရဆိုလျှင် မဟာဧကရီသိုလှောင်ခန်းထဲရှိ ပစ္စည်းများကို ရယူရန်အတွက် အလွန်ခက်ခဲလေ၏။

ရှန်းထူမိသားစုထဲတွင် အင်ပါရီယန်အမှတ်အသားများ ရရှိခဲ့သည့် ဂျူနီယာများ ရှိခဲ့သော်လည်း မဟာဧကရီသိုလှောင်ခန်း အစစ်ကိုမူ မတွေ့ခဲ့ကြပေ။ သူတို့ဟာ မဟာဧကရီသိုလှောင်ခန်း၏ ပစ္စည်းစာရင်းကိုသာ တွေ့ခဲ့ကြသည်။ ထို့အပြင် ရတနာတွေနဲ့ လဲလှယ်ဖို့ လိုအပ်တဲ့ အမ်မရီယန် အမှတ်အသားအရေအတွက်ကလည်း သူတို့အား အတော်လေးပင် အနှောင့်အယှက်ဖြစ်စေသည်။ သူတို့ စုဆောင်းမိခဲ့သည့် အင်ပါရီယန်အမှတ်အသား ပမာဏက မဟာဧကရီအတွက် သေးနုပ်သော ပစ္စည်းများနှင့်သာ လဲလှယ်နိုင်လေသည်။

မည်သို့ပင်ဖြစ်စေ ဤသည်က ကောင်းတဲ့လက္ခဏာတစ်ခု ဖြစ်လေသည်။ ပထမအကြိမ် စမ်းသပ်မှုမှာပင် အင်ပါရီယန်အမှတ်အသားကို ရရှိနိုင်ခဲ့သည်ဆိုပါက အနာဂတ် စမ်းသပ်မှုများတွင် အင်ပါရီယန်အမှတ်အသားများ ပိုမိုရရှိနိုင်လိမ့်မည်ဟု ဆိုလိုလေသည်။ မဟာဧကရီသိုလှောင်ခန်းကို အမှန်တကယ် ဖွင့်နိုင်ခဲ့မည်ဆိုပါက မယုံနိုင်စရာ အခွင့်အရေးတစ်ခု ဖြစ်လာပေလိမ့်မည်။

“ဒီကုန်းစွန်းဟုန်... ဟူး...”

အလင်းတံတားကို ဖြတ်ကျော်နိုင်ခဲ့သည့် လူငယ်များက ခေါင်းယမ်းလိုက်ကြသည်။ သူတို့လည်း ပါရမီရှင်များ ဖြစ်သည့်တိုင်အောင် ကွာခြားချက်က ကြီးမားလွန်းနေသည်။ ကုန်းစွန်းဟုန် အင်ပါရီယန်အမှတ်အသား ရရှိခဲ့သည့် မြင်ကွင်းကြောင့် သူတို့ စစ်ဆေးမှုအောင်မြင်ခဲ့သည့် အပျော်များ မှေးမှိန်သွားရသည်။

သို့သော် ကုန်းစွန်းဟုန်၏ခွန်အားနှင့် ပတ်သက်ပြီး သူတို့တွင် ပြောစရာမရှိပေ။ သူတို့စမ်းသပ်မှုကို အောင်မြင်ခဲ့သည့် အခြေအနေနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ကုန်းစွန်းဟုန်က သူတို့ထက် ပိုမိုအဆင့်မြင့်သည်။

လူတိုင်း ကုန်းစွန်းဟုန်၏လက်မောင်းပေါ်မှ အင်ပါရီယန်အမှတ်အသားကို အာရုံစိုက်နေချိန်တွင် ယီယွင်၏ မျက်ဝန်းများကမူ ရှေ့တည့်တည့်ကို ကြည့်နေခဲ့သည်။ သူက တံတားပေါ်ရှိ ရှေးဟောင်းပျက်စီးခြင်းသားရဲ၏ တတိယမျက်လုံးကို စိုက်ကြည့်နေခြင်း ဖြစ်လေသည်။

ယီယွင် နှစ်ဝက်ခန့် သီးခြားလေ့ကျင့်ခဲ့စဥ်က မဟာဧကရီအမတေထဲတွင် သန့်စင်ယန်ချီကို အသုံးပြုခဲ့လေပြီး ခရမ်းရောင်သလင်းကျောက်က သူ၏ခန္ဓာကိုယ်ကို ပြောင်းလဲပေးခဲ့သည်။ သူ၏ သန့်စင်ယန်ခန္ဓာကိုယ်ကို ပြီးပြည့်စုံလုနီးပါး ဖြစ်သွားစေခဲ့သည်။

သန့်စင်ယန်ခန္ဓာကိုယ်နှင့်ဆိုပါက သူသည် ထျန်းယွမ်ကမ္ဘာကြီးထဲတွင်ပင် ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်လာနိုင်သည်။ တိုင်အာနတ်ပြည်ထောင်တွင် ရှိခဲ့စဥ်က သန့်စင်ယန်ခန္ဓာကိုယ်ရှိသည့် ရှေးလူတစ်ဦးသည် တိုင်အာနတ်ကျင့်စဥ်ကို ရက်နှစ်ဆယ်အတွင်း ကျွမ်းကျင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး နောက်ဆုံးတွင် ပညာရှိတစ်ဦး ဖြစ်လာခဲ့သည်။ ထိုအချိန်ကာလသည် တိုင်အာနတ်မြို့တော်တွင်လည်း ထာဝရမှတ်တမ်းတစ်ခု ဖြစ်လာခဲ့လေ၏။

ထို့အပြင် ယင်းက သာမန်သန့်စင်ယန်ခန္ဓာကိုယ်တစ်ခုသာ ဖြစ်လေသည်။ ပြီးပြည့်စုံသည့် သန့်စင်ယန်ခန္ဓာကိုယ်တစ်ခုဆိုပါက ပိုမို၍ပင် အံ့သြဖွယ်ကောင်းသွားပေလိမ့်မည်။

ထျန်းယွမ်ကမ္ဘာကြီးထဲတွင်ပင် လှုပ်ခါမှုများ ဖြစ်သွားနိုင်လောက်သည်။ ယင်းက ထျန်းယွမ်ကမ္ဘာကြီးထဲရှိ ကြီးမားသော အဖွဲ့အစည်းမျိုးစုံ၏ အခြေအနေများကို လွှမ်းမိုးနိုင်သည့် ခန္ဓာကိုယ်အနေအထားတစ်ခု ဖြစ်လေသည်။

တိမ်ရိုင်းနယ်မြေထဲတွင် ရှိခဲ့စဥ်က ယီယွင်၏ သိုင်းပညာပါရမီက အလွန်ဆိုးရွားသည်ဟု ဆိုနိုင်လေသည်။

သူ တိုင်အာနတ်မြို့တော်သို့ ရောက်ပြီးနောက် ကြယ်ကြွေဂိတ်ဆီသို့ လေ့ကျင့်ရေးခရီး ထွက်ခဲ့ချိန်တွင် ယီယွင်၏သိုင်းခပညာပါရမီက ကြီးမားစွာပင် တိုးတက်သွားခဲ့သည်။

ယခုအခါ၌ ယီယွင်က ထျန်းယွမ်ကမ္ဘာကြီးထဲသို့ ရောက်လာခဲ့သည်။ ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို သိမ်မွေ့စွာ ပြောင်းလဲစေခဲ့လေသောကြောင့် သူ၏ခန္ဓာကိုယ်သည် ပြီးပြည့်စုံသည့် သန့်စင်ယန်ခန္ဓာကိုယ်တစ်ခုအဖြစ် နီးစပ်လာခဲ့သည်။ ခရမ်းရောင်သလင်းကျောက် မရှိတော့လျှင်ပင် သူ့အား သိုင်းပညာပါရမီရှင်ဟု ခေါ်နိုင်နေချေပြီ။

မဟာဧကရီဆန်းကြယ်နယ်မြေထဲတွင် ယီယွင်အဖို့ ထိုဝင်ခွင့်စမ်းသပ်မှုကို သူ၏ကိုယ်ပိုင်အစွမ်းအစများ အသုံးပြုကာ အောင်မြင်ရန်အတွက် မခက်ခဲတော့ပေ။

သို့သော် ယင်းက ယီယွင်ကို စိတ်ကျေနပ်စေရန် လုံလောက်ခြင်းမရှိပေ။ မဟာဧကရီက သူမ၏အမည်ကို ခေတ်အဆက်ဆက် ချန်ထားနိုင်ခဲ့သည်မှာ သူမ၏ကျင့်ကြံမှုနယ်ပယ်ဟာ ဤကမ္ဘာကြီး၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သွားခဲ့သည်ဟု ဆိုလိုလေသည်။ ရှေးဟောင်းမဟာဧကရီ အထင်ကြီးလာစေရန်အတွက်ကမူ လှပစွာအောင်မြင်သွားရုံနှင့် မလုံလောက်သေးပေ။

ကုန်းစွန်းဟုန်က လှပစွာအောင်မြင်ခဲ့သည်ဟု ယူဆနိုင်ခဲ့လျှင် အဘယ်သို့ရှိမည်နည်း။

အင်ပါရီယန်အမှတ်အသားတစ်ခုသာ ဖြစ်လေသည်။ ရှန်းထူမိသားစု၏ ကျောက်စိမ်းစာလိပ်ထဲမှ ဖော်ပြချက်များကို ယီယွင် မြင်တွေ့ထားခဲ့သည်။ မဟာဧကရီသိုလှောင်ခန်းထဲမှ ရတနာများနှင့် လဲလှယ်ရန်အတွက် အင်ပါရီယန်အမှတ်အသားတစ်ခုက ဘာမျှမဟုတ်သေးချေ။

ယီယွင်၏အမြင်အရ လီမီးတောက်ဂိုဏ်း၏ ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် လူငယ်ပါရမီရှင်တစ်ဦးကဲ့သို့ လူစားမျိုးများက လက်ရှိထျန်းယွမ်ကမ္ဘာကြီးထဲတွင် တစ်ယောက်တည်းမကပေ။ အဖွဲ့အစည်းမျိုးစုံတွင် လူများစွာပင် ရှိလေသည်။ မဟာဧကရီ၏ ခေတ်တွင် ထိုကဲ့သို့လူများကို လက်တစ်ဆုပ်စာခန့်အထိပင် အလွယ်တကူ မြင်တွေ့ရနိုင်သည်။

ရှေးဟောင်းမဟာဧကရီသာ ထိုကဲ့သို့လူမျိုးကို သူမ၏ဆက်ခံသူအဖြစ် လိုချင်ခဲ့ပါက သူမ၏ခေတ်တွင် သူမ၏ဆန္ဒကို ထုတ်ပြလိုက်ရုံသာ လိုအပ်လေသည်။ မရေမတွက်နိုင်သော လူများက တံခါးဖျက်၍ပင့ ဝင်လာကြပေလိမ့်မည်။ ထိုသူများထဲတွင် ကုန်းစွန်းဟုန်ထက် ပိုမိုထူးချွန်ကြသူများ ရှိနေမည်မှာ သေချာလေသည်။

သို့သော် ထိုအရာအားလုံးက အသုံးမဝင်ပေ။

ထို့ကြောင့် ကုန်းစွန်းဟုန်၏ စွမ်းဆောင်ရည်က မဟာဧကရီ၏အကြိုက်နှင့် မကိုက်ညီကြောင်းကို ယီယွင် အတပ်သိသည်။

ပြီးပြည့်စုံစွာ ရှောင်တိမ်းနိုင်သည်က မဟာဧကရီအတွက် အထင်ကြီးစရာမဖြစ်ပေ။ ထိုသို့ဆိုလျှင် ဤစမ်းသပ်မှုကို အောင်မြင်ရေးအတွက် ပိုမိုကာပြီးပြည့်စုံသည့် နည်းလမ်းတစ်ခု ရှိနေသေးသည်ဟု ဆိုလိုလေသည်။ ဥပမာအားဖြင့် ပျက်စီးခြင်းသားရဲအား သတ်ပစ်ခြင်းမျိုး ဖြစ်လေသည်။

စိတ်ထဲတွင် ထိုအတွေး ပေါ်လာလေသောကြောင် ယီယွင်ကိုယ်တိုင် အံ့အားသင့်သွားရသည်။ အကြောင်းကမူ ကိစ္စများက ရှင်းလင်းနေလေသောကြောင့်ပင်။ တံတားပေါ်မှ ဧရာမရှေးဟောင်းပျက်စီးခြင်းသားရဲက ယီယွင် ကိုင်တွယ်နိုင်သည့်အရာမျိုး မဟုတ်ပေ။ လက်ရှိလူအားလုံး ပူးပေါင်းမည်ဆိုလျှင်ပင် မလုံလောက်သေးချေ။ အသက်ဆယ့်ခြောက်နှစ်အရွယ်မှ လင်ရှင်းထုံအား သူမ၏စွမ်းအားကို နှစ်ဆတိုးပေးမည်ဆိုလျှင်ပင် ရှေးဟောင်းပျက်စီးခြင်းသားရဲအား ယှဥ်နိုင်မည်မဟုတ်သေးချေ။

သို့သော် ရှုထောင့်အမျိုးမျိုးမှ ခွဲခြမ်းစိတ်ဖြာကြည့်ရာတွင် ရှေးဟောင်းမဟာဧကရီ အကြိုက်တွေ့စေမည့် စမ်းသပ်မှုကို အောင်မြင်မည့် နည်းလမ်းတစ်ခု ရှိနေရလိမ့်မည်။ ထိုသို့သာမဟုတ်ပါက သူမ ဖန်တီးထားခဲ့သည့် မဟာဧကရီဆန်းကြယ်နယ်မြေက အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။

အသက် ၁၆ ၊ ၁၇ နှစ်အရွယ် လူငယ်များ၏ ခွန်အားအဆင့်ထက် များစွာကျော်လွန်နေသော ပျက်စီးခြင်းသားရဲတစ်ကောင်ကို တိုက်ရိုက်သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ထိုယုတ္တိဗေဒကို အသုံးပြုမည်ဆိုပါက သူ၏ရှေ့မှောက်ရှိ ရှေးဟောင်းပျက်စီးခြင်းသားရဲတွင် အားနည်းချက်တစ်ခု ရှိနေမည်မှာ သေချာလေသည်။

ဤပထမဆုံး ဝင်ခွင့်စမ်းသပ်မှုသည် လူတစ်ဦး၏ လှုပ်ရှားနည်းစနစ်အား စမ်းသပ်ခြင်းမဟုတ်သလို လူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်အစစ်ကို စမ်းသပ်ခြင်းလည်း မဟုတ်လေဘဲ တံတားပေါ်သို့ ခြေချလာသည့် ကျင့်ကြံသူတိုင်း၏ လေ့လာသုံးသပ်နိုင်စွမ်းကို စမ်းသပ်ခြင်းလည်း ဖြစ်နိုင်လေ၏။

ယီယွင်၏ အာရုံခံနိုင်စွမ်းက အတော်လေးကောင်းမွန်ပြီး အမြင်အာရုံက ထက်မြက်နိုင်လောက်သော်လည်း ဤနေရာတွင်မူ သူ၏စွမ်းရည်က ရှေးခေတ်မှ ပါရမီရှင်များထက် သာလွန်နေမည်ဟု မယုံကြည်သလို မဟာဧကရီ၏ အကြိုက်နှင့်လည်း ကိုက်ညီနေလိမ့်မည်ဟု မယုံကြည်ပေ။

ထို့ကြောင့် ယီယွင်အဖို့ သူ၏ လူသတ်လက်နက်ကို အသုံးပြုရပေမည်။

ရှေးဟောင်းမဟာဧကရီက မဟာဧကရီဆန်းကြယ်နယ်မြေကို ဖန်တီးခဲ့ချိန်တွင် စွမ်းအင်များနှင့် ရှောင်လွဲနိုင်မည်မဟုတ်ပေ။

သူ၏ စွမ်းအင်မြင်ကွင်းထဲတွင် တံတားနှင့် ရှေးဟောင်းပျက်စီးခြင်းသားရဲတို့က လုံးဝကွဲပြားသော မြင်ကွင်းများကို ပေးစွမ်းနေလေ၏။

ဤနည်းလမ်းက အနည်းငယ်ခန် အရှက်မဲ့ပုံရသော်လည်း ယီယွင်ကမူ အတော်ပင်သဘောကျသည်။

“ အဟမ်း... ငါ ဘာကြောင့် ဒီလိုတွေးနေရတာလဲ "

ယီယွင် နှာခေါင်းကိုပွတ်က... “ တောင်းပန်ပါတယ် စီနီယာမဟာဧကရီ။ ကျုပ်က လှည့်စားချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ခရမ်းရောင်သလင်းကျောက်က ကျုပ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို ကျုပ်ရဲ့ပါရမီအစိတ်အပိုင်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ကျုပ်သာ စီနီယာမဟာဧကရီရဲ့ အမွေအနှစ်ကို ရခဲ့မယ်ဆိုရင်... ဒီအမွေအနှစ်တွေက ကျုပ်ရဲ့လက်ထဲမှာ ရှက်စရာတစ်ခု ဖြစ်လာမှာမဟုတ်ဘူးလို့ ကျုပ် ယုံကြည်ပါတယ် "

အောက်ခြေမျဉ်းကို မချိုးဖောက်သရွေ့ တာဝန်တစ်ခုကို လုပ်ဆောင်သည့် လုပ်ငန်းစဉ်များနှင့် နည်းလမ်းများက အရေးမကြီးဟု ယီယွင် ယုံကြည်ထားသည်။ ရလဒ်ကသာ အဓိကကျလေ၏။

ထိုစဥ် မဟာဧကရီဆန်းကြယ်နယ်မြေ၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။ ရှေးဟောင်းပျက်စီးခြင်းသားရဲ ပျောက်ကွယ်သွားရန်အတွက် မိနစ်သုံးဆယ် ကျန်သေးလေသည်။

All Chapters