အခန်း (၆၅၅-၆၅၆)
Vol. 66 Ch. 655-656
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၅၅ + ၆၅၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
သို့သော် ယခုမူကား ထိုလျှို့ဝှက်ပေးစာ ရောက်ရှိလာ၏။ အချိန်စေ့သွားပြီ ဖြစ်၏။ ထို့အပြင် မင်းသမီးနင်းရွှဲ့၏ သဘောထားသည်လည်း သူ့အပေါ် ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။ လီယွမ်သည် ကောင်းကင်ယံမှ ကြယ်များကို မော့ကြည့်လျက် အေးစက်စွာ ပြုံးလိုက်လေ၏။
“ငါ ကမ္ဘာကြီးကို တုန်လှုပ်သွားအောင် လုပ်ပြရမဲ့အချိန် ရောက်လာပြီပဲ... တုပိုင်... ငါ့ရဲ့ ဖျော်ဖြေမှုကိုသာ စောင့်ကြည့်နေလိုက်တော့”
**--**--**--**--**--**--**--**
“၁၂ ဆက်မြောက် ပေမင်ဂိုဏ်းချုပ်အနေနဲ့ ၊ တုပိုင်ကို နောက်မျိုးဆက် ဂိုဏ်းချုပ်အဖြစ် ဆက်ခံဖို့ ငါအမိန့်ပေးတယ်”
စကားဆုံးသည်နှင့် ဝူယာကျစ်၏ ပုံရိပ်သည် ပျောက်ကွယ်သွားပြီး တုပိုင်၏ မူလပုံစံသို့ ပြန်လည်ပြောင်းလဲသွားလေသည်။ နင်တောက်ရွှမ်သည် တုပိုင်ကို လေးနက်စွာ ကြည့်လိုက်၏။
“တာဝန်ရှင် ကောင်းကင်သခင်က ကမ္ဘာမြေအက်ကွဲကြောင်းကို နင်းဖြတ်ပြီး ၊ သေမင်းလမ်းကြောင်းတစ်လျှောက် ရေဆန်လမ်းကို လျှောက်လှမ်းကာ ၊ နိဗ္ဗာန်ဘုံကနေ ပြန်လည်မွေးဖွားလာလိမ့်မယ်”
နင်တောက်ရွှမ်တစ်ယောက် တုပိုင်ကို ကြည့်လျက် ထိုစာသားများကို တိုးတိုးသက်သက် ရေရွတ်လိုက်သည်။
“ပေမင်ဘိုးဘေးရဲ့ ဟောကိန်းက ရှည်လျားပြီးတော့ ၊ တစ်စိတ်တစ်ပိုင်းက ကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေနဲ့ ဆက်စပ်နေတဲ့အတွက် ဖုံးကွယ်ထားခဲ့တယ်”
နင်တောက်ရွှမ် ဆက်လက်ပြောကြားလိုက်၏။
“အချိန်အကြာကြီးကတည်းက ဒီဟောကိန်းက အဓိပ္ပာယ်မရှိဘူးလို့ ငါ အမြဲတွေးခဲ့ဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါကိုယ်တိုင်က ဗေဒင်ဆရာတစ်ယောက် ဖြစ်နေလို့ပဲ။ အနာဂတ်ဆိုတာက အကြောင်းအရာတွေနဲ့ ပြည့်နှက်နေပေမဲ့ မသေချာမရေရာမှုတွေလည်း ရှိနေတယ်ဆိုတာ ငါ သိတယ်။ ဒါဆို ဘာလို့များ လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက ဟောကိန်းထုတ်ခဲ့ရတာလဲ”
“ဒါပေမဲ့ အခုတော့... ဟောကိန်းထဲက အရာအားလုံး တကယ်ဖြစ်ပျက်လာခဲ့ပြီ”
“ကမ္ဘာမြေ အက်ကွဲကြောင်းထဲ ဝင်သွားတဲ့သူက သေရမှာဖြစ်ပေမဲ့ ၊ မင်းက ဘေးကင်းလုံခြုံစွာနဲ့ ပြန်ရောက်လာခဲ့ရုံတင်မကဘူး ၊ အံ့အားသင့်စရာကောင်းတဲ့ ပြောင်းလဲမှုတွေပါ ဖြစ်လာခဲ့တယ်”
နင်တောက်ရွှမ် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်လေ၏။
တုပိုင် မေးလိုက်သည်။ “ဂိုဏ်းချုပ်နင်ရဲ့ အစီအစဉ်က ဘာလဲ”
နင်တောက်ရွှမ် တုပိုင်ကို အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီးမှ ပြောလိုက်လေ၏။
“မင်းနဲ့ နီရှန် အခုချက်ချင်း လက်ထပ်လိုက်ကြ ၊ အခုချက်ချင်းပဲ”
“ဘာကြောင့်လဲဆိုတာကိုတော့ ငါ မနက်ဖြန်မှ ပြောပြမယ်”
တုပိုင် အချိန်ကြာမြင့်စွာ တိတ်ဆိတ်သွားပြီး မျက်လုံးများကိုပင် မှိတ်ထားလျက် သူ့ခေါင်းထဲတွင် ရှုပ်ထွေးသော ဆက်သွယ်မှုတစ်ခုကို ပြုလုပ်နေသကဲ့သို့ ငြိမ်သက်နေပြီးမှ ခေါင်းညိတ်လိုက်လေသည်။
“ကောင်းပြီလေ”
**--**--**--**--**--**--**--**
ယနေ့တွင် နီရှန်၏ အလှသည် အထူးတလည်ပင် လှပနေလေသည်။ သူမသည် အနီရောင် မင်္ဂလာဝတ်စုံကြီးကို ဝတ်ဆင်ထားခြင်းမရှိဘဲ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားရာ ၊ သူမ၏ ကျော့ရှင်းသွယ်လျသော ကိုယ်လုံးလေးကို ပထမဆုံးအကြိမ်အဖြစ် အထင်းသား မြင်တွေ့နေရလေသည်။
သူမ၏ ခန္ဓာကိုယ်အကွေးအဝိုက် အချိုးအစားသည် မင်းသမီးယွီကျိန်းလောက် ဆွဲဆောင်မှုမပြင်းထန်သော်လည်း အရှေ့တိုင်းအမျိုးသမီးတစ်ဦး၏ အလှတရားများနှင့် ပြည့်စုံနေပေသည်။
အထူးသဖြင့် ခါးနှင့် တင်ပါးဆုံ၏ ကွေးညွတ်နေသော မျဉ်းကွေးလေးများမှာ အတော်ဆုံးပန်းချီဆရာတစ်ယောက် စုတ်တံဖြင့် ဆွဲထားသကဲ့သို့ပင် ဖြစ်နေ၏။
ဤသည်ကား ပေမင်ဓားဂိုဏ်း၏ နံပါတ်တစ် အလှပဂေးပင် ဖြစ်လေသည်။ တုပိုင်နှင့် သူမတို့နှစ်ဦးသည် အသီးသီး မြင်းဖြူတစ်ကောင်စီကို စီးနင်းလျက် တောင်ပေါ်သို့ ဦးတည်ကာ ဝေးထက်ဝေးရာသို့ ထွက်ခွာလာခဲ့ကြသည်။
တောင်တစ်လုံးပြီးတစ်လုံး ကျော်ဖြတ်ကာ အမြင့်ဆုံးတောင်ထိပ်တစ်ခုသို့ ရောက်ရှိလာခဲ့ကြလေ၏။ အစပိုင်းတွင် နီရှန်နတ်မိမယ်သည် ဦးဆောင်လမ်းပြပြီး ၊ နောက်ပိုင်းတွင်ကား တုပိုင်သည် ဦးဆောင်လေသည်။ နှစ်ယောက်သား ဆက်လက် လျှောက်လှမ်းလာခဲ့ကြ၏။ နံနက်ခင်းမှသည် ညနေစောင်းသည်အထိပင်။
နောက်ဆုံးတွင် ကျောက်ကမ်းပါးတစ်ခုပေါ်၌ သူတို့ ရပ်တန့်လိုက်ကြသည်။ ထိုအချိန်တွင် နေဝင်ဆည်းဆာချိန် ရောက်ရှိနေပြီ ဖြစ်လေ၏။
အောက်ဘက်တွင် အဆုံးအစမဲ့သော ပင်လယ်ပြင်ကြီးရှိနေပြီး ၊ နေရောင်ခြည်သည် တည်ငြိမ်နေသော ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ကျရောက်နေရာ ရွှေဒင်္ဂါးပြားများစွာ ဖြန့်ခင်းထားသကဲ့သို့ တောက်ပနေ၏။
အရာအားလုံးသည် အလွန်ပင် လှပတင့်တယ်လှပေသည်။ တုပိုင်နှင့် နီရှန်နတ်မိမယ်တို့သည် ယှဉ်တွဲထိုင်လျက် အနောက်ဘက်မှ နေဝင်ချိန်ကို ငေးကြည့်နေကြသည်။ နှစ်ယောက်စလုံး စကားတစ်ခွန်းမျှ မပြောဆိုကြချေ။
ညအချိန် ရောက်လာသောအခါ ကောင်းကင်တစ်ခုလုံး ကြယ်ရောင်စုံများဖြင့် ပြည့်နှက်သွားလေသည်။ ကောင်းကင်ယံတွင် ရေတွက်မရသော ကြယ်များရှိနေသလို ၊ ပင်လယ်ပြင်ပေါ်တွင်လည်း ကြယ်ရိပ်များစွာ ထင်ဟပ်နေလေ၏။
ညနေခင်း နေဝင်ချိန်ရှုခင်းသည် လှပသော်လည်း ညဘက်ရှုခင်းသည် ပို၍ပင် လှပနေသေးသည်။ ရှားရှားပါးပါးပင် ဤည၌ လေငြိမ်နေလေသည်။ နီရှန်နတ်မိမယ်သည် ဖယောင်းတိုင်ကို ထုတ်ယူကာ ကျောက်ကမ်းပါးပေါ်၌ ထွန်းညှိလိုက်သည်။
ထို့နောက် စောင်တစ်ထည်ကို ခင်းလိုက်ပြီး အရက်အိုးနှင့် ခွက် ၊ ထို့နောက် သစ်သီးအချို့ကို ထုတ်ယူလိုက်လေသည်။
“တုပိုင်... နင် ငါ့ကို ကြိုက်လား” နီရှန်နတ်မိမယ် မေးလိုက်၏။
တုပိုင် ခေါင်းခါလျက် ဖြေလိုက်သည်။ “မကြိုက်ဘူး”
နီရှန်နတ်မိမယ် ပြန်ပြောလိုက်သည်။ “ငါရောပဲ”
ဟုတ်သည်။ ဤအမျိုးသားနှင့် အမျိုးသမီးသည် တစ်ယောက်ကိုတစ်ယောက် မကြိုက်ကြသည့်အပြင် အနည်းငယ်ပင် စိတ်ပျက်နေကြသေးသည်။
နီရှန်နတ်မိမယ် ဆက်ပြောလိုက်သည်။ “ဒါဆို အနည်းဆုံးတော့ ငါ့ခန္ဓာကိုယ်နဲ့ ရုပ်ရည်ကိုတော့ မမုန်းဘူးမလား”
တုပိုင် ပြန်ပြောလိုက်သည်။ “ဒါပေါ့ မမုန်းပါဘူး။ ဘာပဲပြောပြော မင်းက ပေမင်ရဲ့ နံပါတ်တစ်အလှပဂေးပဲဟာ ၊ ပြီးတော့ တာ့နင်အင်ပါယာရဲ့ နံပါတ်တစ်အလှပဂေး ဖြစ်လုနီးပါးပဲ မဟုတ်လား”
နီရှန်နတ်မိမယ်သည် ပြောလိုက်သည်။ “ငါလည်း နင့်ခန္ဓာကိုယ်ကို မမုန်းပါဘူး ၊ ငါ့ရင်ကိုတောင် ခုန်မြန်စေပါသေးတယ်။ ကမ္ဘာမြေအက်ကွဲကြောင်းထဲကနေ နင် ပြန်ရောက်လာပြီးတဲ့နောက်မှာ ၊ နင်က လုံးဝကို အသွင်ပြောင်းလဲသွားသလိုပဲ။ အခုနင့်ပုံစံက မိန်းမတိုင်းရဲ့ ရှေ့မှာရပ်လိုက်ရင် သူတို့ရဲ့ ခန္ဓာကိုယ်ကို ပူလောင်သွားစေနိုင်လောက်တယ်။ ဒါက လူသားရဲ့ ဗီဇပဲလေ ၊ မျိုးပွားချင်တဲ့ ဗီဇပေါ့။ ငါ့မှာ ဒီဗီဇမပျောက်သေးတဲ့အတွက် ဝမ်းသာရမလိုပါပဲ”
တုပိုင် အနောက်ဘက် အဝေးဆီမှ ပင်လယ်ပြင်ကို လှမ်းကြည့်လိုက်သည်။ “နီရှန်... မင်း နောင်တရတယ်ဆိုရင် အခုထွက်သွားလို့ ရသေးတယ်နော်”
တုပိုင် ပြောလိုက်၏။
“ဟင့်အင်း... မသွားပါဘူး” နီရှန် ငြင်းဆန်လိုက်သည်။
“ငါက နင့်ခန္ဓာကိုယ်ကို မမုန်းရုံတင်မကဘူး ၊ နင့်ကိုလည်း မမုန်းတော့ပါဘူး။ အခု နင့်ဆီက ထွက်နေတဲ့ စွမ်းအင်အရှိန်အဝါက အရမ်းပြင်းထန်လွန်းလို့ လူတွေကို မထိန်းချုပ်နိုင်အောင် ဖြစ်စေတယ်”
“အနည်းဆုံးတော့ နင် ငါ့ခန္ဓာကိုယ်ကို မမုန်းဘူးဆိုရင် ၊ ငါတို့ ဒီထုံးတမ်းစဉ်လာကို ပြီးမြောက်အောင် လုပ်ကြမလား” နီရှန် မေးလိုက်၏။
နီရှန်နတ်မိမယ်သည် မတ်တတ်ရပ်ကာ တုပိုင်ကို သေချာစွာ ဂါရဝပြုလိုက်လေသည်။ သူမ၏ သွယ်လျသော ခါးလေး၏ ကွေးညွတ်မှုသည် အမှန်တကယ်ပင် ဆွဲဆောင်မှုရှိပြီး လှပလွန်းလှသည်။.ဤသို့ ဟင်းလင်းပြင် ကျောက်ကမ်းပါးထက်မှာပင် သူမ၏ ခန္ဓာကိုယ်ဆီမှ မွှေးပျံ့သည့် ရနံ့သင်းသင်းလေး ထွက်ပေါ်နေသေး၏။
နီရှန်နှင့် အတူရှိနေရသည့် အချိန်တိုင်းသည် ပန်းပေါင်းတစ်ရာ ဖူးပွင့်နေသကဲ့သို့ ၊ ပန်းဥယျာဉ်ထဲသို့ ရောက်နေရသကဲ့သို့ ခံစားရစေသည်။ တုပိုင်လည်း ကုန်းထကာ နီရှန်ကို ပြန်လည် ဦးညွှတ်လိုက်လေသည်။
ထို့နောက် နီရှန်နတ်မိမယ်သည် သူတို့နှစ်ဦးအတွက် အရက်တစ်ခွက် ငှဲ့လိုက်သော်လည်း လှမ်းပေးခြင်းမပြုဘဲ သီးခြားစီသာ သောက်လိုက်ကြသည်။ အရက်သောက်ပြီးနောက် နီရှန်နတ်မိမယ်၏ မျက်နှာလေးသည် ရဲသွေးသမ်းလာကာ ပိုမိုလှပလာတော့သည်။ ခန္ဓာကိုယ်မှ ရနံ့သည်လည်း ပို၍ ပြင်းရှလာ၏။
“အခုရော... နင် ငါ့ကို ဒီလောက်ထိ မုန်းနေတုန်းပဲလား” နီရှန်နတ်မိမယ် မေးလိုက်၏။
“နည်းနည်းတော့ သက်သာသွားပါပြီ” တုပိုင် ဖြေလိုက်သည်။
နီရှန် ပြောလိုက်သည်။ “သိပ်ပြီး စိတ်မပျက်ဘူးဆိုရင်တော့ ငါ ဆက်လုပ်လိုက်တော့မယ်”
ထို့နောက် နီရှန်နတ်မိမယ်သည် သူမ၏ ခရမ်းရောင်ဝတ်စုံကို ခန္ဓာကိုယ်ပေါ်မှ ဖြည်းညှင်းစွာ ချွတ်ချလိုက်ရာ ရုတ်တရက်ဆိုသလိုပင် ပြိုင်ဘက်ကင်း လှပလွန်းသော နတ်သမီးခန္ဓာကိုယ်လေး ပေါ်ထွက်လာလေတော့သည်။
တစ်လက်မ ပိုဝသည်ဟူ၍ မရှိ ၊ တစ်လက်မ ပိုပိန်သည်ဟူ၍ မရှိ ၊ နှင်းကဲ့သို့ ဖြူဝင်းနေသော ခန္ဓာကိုယ်သည် အပြစ်အနာအဆာကင်းစင်ပြီး အစက်အပြောက်တစ်ခုလေးမျှပင် မရှိချေ။ လရောင်သည် သူမ၏ ကိုယ်ပေါ်သို့ ကျရောက်နေပြီး ကျောက်စိမ်းကဲ့သို့ ချောမွတ်နေပုံရသည်။
ပန်းရနံ့များကလည်း ပိုမို လှုပ်ခါလာစေ၏။ ထို့နောက် နီရှန်နတ်မိမယ်သည် သူမ၏ ကျောက်စိမ်းလက်ကလေးကို ဆန့်တန်းကာ တုပိုင်၏ အဝတ်များကို ချွတ်ပေးလိုက်လေသည်။
ဤသည်မှာ လောကတွင် စိတ်လှုပ်ရှားစရာအကောင်းဆုံးသော အမျိုးသားနှင့် အမျိုးသမီး ခန္ဓာကိုယ်များ ဖြစ်ပေလိမ့်မည်။
ကျောက်ကမ်းပါးထက် ၊ လရောင်အောက် ၊ ကြယ်ရောင်အောက် ၊ ပင်လယ်ပြင်ဘေးတွင် ဖြစ်လေသည်။
နီရှန်နတ်မိမယ်သည် အနည်းငယ် တုန်ယင်နေပြီး ၊ ပန်းပွင့်ဖတ်လေးနှင့်တူသော သူမ၏ နှုတ်ခမ်းပါးလေးဖြင့် တုပိုင်၏ ရင်ဘတ်ကို ဖြည်းညှင်းစွာ နမ်းရှိုက်လိုက်လေသည်။ သူမသည် တစ်စစီ ၊ တစ်စစီ နမ်းရှိုက်နေ၏။ ပုဇွန်ဆီရောင် ပန်းပွင့်လေး ရေပြင်ကို တို့ထိလိုက်သကဲ့သို့ပင်။
နောက်ဆုံးတွင် နီရှန်နတ်မိမယ်သည် တုပိုင်၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်ပြီး ၊ သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာ ဖက်တွယ်ထားလိုက်ကြလေတော့သည်။
နီရှန်နတ်မိမယ်သည် သူမ၏ လှပသော မျက်ဝန်းများဖြင့် တုပိုင်ကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“ဆရာသခင်က ပြောတယ် ၊ နင့်အတွက် ကလေးတစ်ယောက် မွေးပေးရမယ်တဲ့”
ထို့နောက်တွင်တော့ ချိုမြိန်သော ညည်းတွားသံလေး ထွက်ပေါ်လာလေ၏။ ကျောက်စိမ်းကွဲကြေသွားသကဲ့သို့ပင်။
**--**--**--**--**--**--**--**
မထင်မှတ်ထားစွာပင် တုပိုင် ယောကျာ်းစစ်စစ်ဘဝသို့ ပြန်လည်ကောင်းမွန်လာပြီးနောက် ပထမဆုံးအကြိမ်သည် နီရှန်အတွက် ဖြစ်သွားခဲ့ရလေသည်။ သို့သော် သူ့ဘက်က မည်သို့သော ခံစားချက်မျှ မရှိခဲ့ချေ။ နှစ်ဦးသား၏ သံယောဇဉ်သည် နှစ်နာရီကြာမြင့်ခဲ့လေ၏။
ကျောက်ကမ်းပါးအောက်ရှိ ပင်လယ်ပြင်သည် အစပိုင်းတွင် တည်ငြိမ်ပြီး လေငြိမ်သက်နေခဲ့သည်။ ပင်လယ်ရေမျက်နှာပြင်သည် ကြေးမုံပြင်ကဲ့သို့ ကောင်းကင်မှ လနှင့် ကြယ်များကို ထင်ဟပ်နေ၏။ နောက်ပိုင်းတွင် လေက ပိုမိုပြင်းထန်လာသည်။ အစပိုင်းတွင် ပင်လယ်ပြင်သည် လှိုင်းငယ်လေးများဖြင့် ဂယက်ထနေပြီး ထို့နောက်တွင် ကြမ်းတမ်းလာလေသည်။
နောက်ဆုံးတွင် မုန်တိုင်းထန်သော ပင်လယ်ပြင် ဖြစ်လာခဲ့လေ၏။ လှိုင်းလုံးများသည် ပင်လယ်ကမ်းပါးများကို ရူးသွပ်စွာ ရိုက်ခတ်နေကြသည်။ နောက်ဆုံး၌ အရာအားလုံး ပြန်လည်ငြိမ်သက်သွားခဲ့သည်။
ပင်လယ်ပြင်သည် ကြေးမုံပြင်ကဲ့သို့ ပြန်လည်ချောမွတ်သွားပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင် ကြယ်များနှင့် လမင်း မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် မိုးလင်းတော့မည် ဖြစ်သောကြောင့်ပင်။ မကြာမီ နံနက်ခင်းနေရောင်ခြည် ထွက်ပေါ်လာတော့မည် ဖြစ်လေသည်။
**--**--**--**--**--**--**--**
နီရှန်နတ်မိမယ်သည် တုပိုင်၏ ရင်ခွင်ထဲတွင် ကွေးကွေးလေး နေလျက်ရှိပြီး ၊ သူမ၏ လှပသော မျက်နှာလေးမှာ မျက်ရည်များဖြင့် ပြည့်နှက်နေလေသည်။ ရုတ်တရက် နီရှန် ခေါင်းမော့လာပြီး တုပိုင်ကို တွန်းထုတ်ကာ ပြောလိုက်လေသည်။
“ထ... ထတော့ ၊ သွား... သွားတော့” တုပိုင် မေးလိုက်သည်။
“ဘာဖြစ်လို့လဲ။ မကျေနပ်လို့လား” နီရှန် တုပိုင်ကို တွန်းလျက် ပြောလိုက်သည်။
“သွားပါ ၊ မြန်မြန်သွားပါတော့” တုပိုင် ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး ၊ ဘာဖြစ်လာမလဲဆိုတာ ငါ သိတယ်။ ဘာဖြစ်လာမလဲဆိုတာ သိရက်နဲ့ ငါ ပေမင်ဓားဂိုဏ်းကို လာခဲ့တာပါ”
ထို့နောက် တုပိုင် မွှေးပျံ့နေသော နီရှန်နတ်မိမယ်၏ ခန္ဓာကိုယ်လေးကို ဖက်ပြီး ပြန်အိပ်လိုက်လေသည်။ “အိပ်တော့ ၊ မနေ့က ငါ ပင်ပန်းသွားပြီ”
တုပိုင် ပြောလိုက်၏။ “မင်းကိုယ်က ဘာလို့ ဒီလောက်မွှေးနေရတာလဲ”
နီရှန်နတ်မိမယ် ပြောလိုက်သည်။ “ငါက ငယ်ငယ်ကတည်းက ပန်းပွင့်ဖတ်တွေ စားရတာ ကြိုက်တယ်လေ ၊ ဘယ်လောက်တောင် စားခဲ့မိလဲ မသိတော့ဘူး”
“ဒါက လိမ်တာပဲ” တုပိုင် ပြောလိုက်သည်။
“နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိရမယ်။ မင်းဆရာသခင်က မင်းကို ငါနဲ့လက်ထပ်ခိုင်းပြီး ငါ့အတွက် ကလေးတစ်ယောက် ချန်ထားခိုင်းတာပေါ့လေ” နီရှန် တုပိုင်၏ ရင်ခွင်ထဲတွင် ခေါင်းညိတ်လိုက်လေသည်။
တုပိုင် ပြောလိုက်သည်။ “ဒါဆို သူ့ကို ငါကျေးဇူးတင်ရမှာပေါ့။ ငါ့ရဲ့ လူပျိုရည်က မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ပျက်စီးသွားရတာ... အရမ်းကို... တန်လွန်းပါတယ်”
“ငါ... ငါရောပဲ” နီရှန်နတ်မိမယ်သည် ပြောလိုက်သည်။
“ဒီကိစ္စက သိပ်လှပလွန်းတယ် ၊ လူကိုတောင် ရူးသွပ်သွားစေနိုင်တယ်။ နင်သွားတော့ ၊ သွားပါတော့နော်... ဟုတ်ပြီလား”
တုပိုင် ခေါင်းခါလိုက်ပြီး ပြောလိုက်၏။ “ဟင့်အင်း ၊ ငါလာကတည်းက ထွက်ပြေးဖို့ အစီအစဉ်မရှိခဲ့ဘူး။ ငါလုပ်စရာကိစ္စတွေ ရှိသေးတယ်”
“အိပ်တော့... အိပ်လိုက်တော့” တုပိုင် နီရှန်ကို ပြန်လည်ပွေ့ဖက်လိုက်ပြီး အိပ်ပျော်သွားလေသည်။
နီရှန် စောင်ကိုယူပြီး နှစ်ယောက်စလုံးကို လွှမ်းခြုံပေးလိုက်လေ၏။
**--**--**--**--**--**--**--**
နှစ်ယောက်သား နောက်ထပ် တစ်နာရီခန့် အိပ်စက်လိုက်ကြသည်။ နံနက်ခင်းနေလုံးကြီး ကောင်းကင်သို့ မြင့်တက်လာ၏။
တုပိုင် မျက်လုံးဖွင့်ကာ အကြောဆန့်လိုက်လေသည်။
ထို့နောက် သူမြင်လိုက်ရသည်မှာ ကျောက်ကမ်းပါးအောက်ရှိ ပင်လယ်ပြင်ကျယ်ကြီး တစ်ခုလုံးပင် ဖြစ်သည်။
နေရာတိုင်းတွင် စစ်သင်္ဘောများ ရှိနေ၏။ စစ်သင်္ဘောအမျိုးအစားပေါင်းစုံသည် ပင်လယ်ပြင်ပေါ်တွင် ပြန့်ကျဲနေသည်။ ကောင်းကင်နှင့် နေမင်းကြီးကိုပင် ဖုံးကွယ်သွားလောက်အောင် အဆုံးအစမဲ့နေ၏။
ပထမဆုံး ရွှေရောင်တောက်ပနေသော အဓိကစစ်သင်္ဘောကြီး၏ ထိပ်တွင် လူငယ်တစ်ယောက် ရပ်နေလေသည်။
သူသည် မော့ကြည့်နေပြီး ကျောက်ကမ်းပါးပေါ်မှ တုပိုင်ကို ကြည့်နေခြင်း ဖြစ်သည်။
သူသည် အရှေ့ဘက် ပြည်ထောင်စု၏ သခင်လေးပင် ဖြစ်လေ၏။ ကံတရားက သတ်မှတ်ထားသော ဤလူနှစ်ယောက်သည် နောက်ဆုံးတွင် ဤထူးခြားသော အခြေအနေမျိုး၌ ဆုံတွေ့ကြပြီဖြစ်လေ၏။
အိပ်မက်စနစ်က ပြောလိုက်သည်။ “စနစ်ရှင်... ရှင် တကယ်ပဲ ဒီလမ်းကို သွားချင်တာလား”
တုပိုင် ပြန်ပြောလိုက်လေ၏။ “ငါတို့ အိပ်မက်ထဲမှာ အကြိမ်ကြိမ် သရုပ်ပြခဲ့ပြီးသား မဟုတ်ဘူးလား။ အဲဒီတုန်းက မင်း ကွာဟချက်တစ်ခု ချန်ထားခဲ့တယ်လေ။ အဲဒါက အခုလက်ရှိအချိန်အတွက် မဟုတ်ဘူးလား”
အိပ်မက်စနစ်သည် ပြောလိုက်သည်။ “ဒါပေမဲ့ အဲဒါက အလွန်တရာ အံ့မခန်းကြီးမားတဲ့ စွမ်းအားကြီးတစ်ခုနော်။ စနစ်ရှင်ကို အပိုင်းပိုင်းအစစဖြစ်ပြီး ပြာဖြစ်သွားစေနိုင်တဲ့ အထိပဲ”
တုပိုင် ပြောလိုက်သည်။ “ဒါပေမဲ့ အဲဒါက အလွန်တရာ ကြီးမားတဲ့ စွမ်းအားမရှိဘဲနဲ့ ဒါကို ဖွင့်လို့မရဘူး မဟုတ်လား”
**--**--**--**--**--**--**--**
တုပိုင် စောင်ကိုဖွင့်ပြီး နီရှန်နတ်မိမယ်၏ နူးညံ့သော ခန္ဓာကိုယ်လေးကို ဖုံးအုပ်ပေးလိုက်ကာ စကပ်ဝတ်ဆင်ခိုင်းလိုက်လေသည်။ သူကိုယ်တိုင်ကမူ ပင်လယ်ပြင်ပေါ်မှ ကောင်းကင်ကို ဖုံးလွှမ်းထားသည့် ရေတပ်ကြီးကို ကြည့်လိုက်၏။
“ဒါက အရှေ့ဘက် ပြည်ထောင်စုရဲ့ ရေတပ်အုပ်စုလား”
မြင်ကွင်းသည် အမှန်တကယ်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။ တုပိုင် ၂၀ ရာစု အစောပိုင်းက ဗြိတိသျှအင်ပါယာ၏ ရေတပ်စစ်ရေးပြပွဲအကြောင်း မစဉ်းစားဘဲ မနေနိုင်တော့ချေ။ အဆုံးအစမဲ့ စစ်သင်္ဘောများသည် ပင်လယ်ပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားရာ ၊ လူများကို ကမ္ဘာမြေပေါ်မှ အံ့ဖွယ်တစ်ခုလို ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။
ထို့ပြင် ဤမြင်ကွင်းသည် ထိုအရာနှင့် တကယ်ပင် ဆင်တူနေ၏။ တုပိုင် သူ့တွင် မည်သည့်အချိန်မှ ဤကဲ့သို့ ရေတပ်မျိုး ပိုင်ဆိုင်နိုင်မလဲဟု တွေးတောလျက် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
အိန္ဒိယသမုဒ္ဒရာရှိ မီးနတ်ဘုရားကမ္ဘာကို အနိုင်ယူပြီး အိန္ဒိယသမုဒ္ဒရာကမ်းရိုးတန်းရှိ ကိုလိုနီနယ်မြေတစ်ခုကို ရယူနိုင်ခဲ့ခြင်းမှာ ဤရေတပ်ကြောင့်ပင် ဖြစ်သည်။
ဗိုက်ကင်းဘုရင်အနေဖြင့် သူ့ကို ကောက်ကျစ်စဉ်းလဲစွာ ထောင်ချောက်ဆင်ခဲ့သူမှာ အရှေ့ဘက် ပြည်ထောင်စု ဖြစ်ကြောင်း သိနေသည့်တိုင် မသိချင်ယောင်ဆောင်နေခဲ့ရသည်မှာလည်း ဤရေတပ်ကြောင့်ပင် ဖြစ်သည်။
အိန်ဂျယ်သည် တော်ဝင်ရောမအင်ပါယာ နန်းတော်သို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ခြင်းမှာလည်း ဤရေတပ်ကြောင့်ပင် ဖြစ်လေသည်။
တုပိုင် သက်ပြင်းချလိုက်မိသည်။ ဤရေတပ်သာ သူ၏ ပိုင်ဆိုင်ရာဖြစ်ခဲ့လျှင် အလွန်ကောင်းမွန်ပေမည်ဟု တွေးတောမိလိုက်၏။ ထို့နောက် အဓိကစစ်သင်္ဘောကြီးပေါ်မှ လူငယ်ကို သူမြင်လိုက်ရသည်။
အရှေ့ဘက် ပြည်ထောင်စု၏ တကယ့်ခေါင်းဆောင် ၊ သခင်လေးပင် ဖြစ်လေ၏။ တာ့နင်အင်ပါယာ ၊ အန်နမ်နိုင်ငံနှင့် ဂျိုဆွန်းနိုင်ငံတို့မှလွဲ၍ သူသည် အရှေ့အာရှရှိ မြေနေရာအားလုံးနီးပါးကို ရယူထားပြီး ၊ ဩစတြေးလျတိုက်နှင့် အမေရိကတိုက်ကိုပါ ပိုင်ဆိုင်ထားသည်။
ထို့အပြင် အာဖရိကတိုက်တွင်လည်း ကျယ်ပြန့်သော ကိုလိုနီနယ်မြေများ ရှိထားသေးသည်။ သို့မဟုတ်ပါက ခွန်လွန်ကျွန်စစ်သည်များ ဖြစ်လာရန် လေ့ကျင့်ပေးထားသည့် သန်မာသော လူမည်းများစွာကို သူဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မည်နည်း။
ယခုအချိန်တွင် သူသည် အလွန်ပျင်းရိနေပုံရပြီး ကျောက်ကမ်းပါးပေါ်မှ တုပိုင်ကို လျစ်လျူရှုထားသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
နှစ်စက္ကန့်ခန့် ကြည့်ပြီးနောက် သူ အကြည့်လွှဲသွားလေ၏။
သူတို့နှစ်ဦးကြားတွင် မည်သည့် စကားပြောဆိုဆက်သွယ်မှုမှ မရှိချေ။
တိတိကျကျ ပြောရလျှင် ဤသခင်လေးသည် တုပိုင်နှင့် စကားမပြောခဲ့ပေ။ သူ့အမြင်တွင် သူတို့နှစ်ဦးသည် အဆင့်အတန်းချင်း လုံးဝမတူညီဘဲ ၊ တစ်တန်းစားတည်းထားပြီး ကြည့်ရှုစရာမလိုဟု ယူဆထားပုံရသည်။
**--**--**--**--**--**--**--**
ကျောက်ကမ်းပါးထက်၌ ပင်လယ်ပြင်ပေါ်ရှိ အင်အားကြီးမားသော ရေတပ်ကြီးကို ကြည့်ရင်း နီရှန်နတ်မိမယ်၏ မျက်နှာထားသည် အလွန်ရှုပ်ထွေးလာမိသည်။
တုပိုင်က တည်ငြိမ်စွာဖြင့် ပြောလိုက်လေ၏။ “ကဲ... ပြန်ကြရအောင်”
နီရှန်နတ်မိမယ်က ပြန်ပြောလိုက်သည်။
“နင်သွားတော့ ၊ သွားပါတော့ ၊ ပေမင်ဓားဂိုဏ်းနဲ့ ဝေးရာကို ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာနဲ့တော့”
ထို့နောက် သူမသည် တုပိုင်၏ လက်ကို ဆွဲကိုင်ကာ သူ့ကို ခေါ်ထုတ်သွားရန် အသည်းအသန် ကြိုးစားလျက် ပေမင်ဓားဂိုဏ်းမှ ထွက်ခွာသွားစေရန် တိုက်တွန်းလေတော့သည်။
တုပိုင်က ပြောလိုက်သည်။ “ငါ ဒီအထိတောင် ရောက်လာပြီးပြီပဲ ၊ ဘာကိစ္စ ထွက်ပြေးရမှာလဲ”
“နင် သေလိမ့်မယ်” နီရှန် ပြန်ပြော၏။
“ကလေးဆန်မနေစမ်းပါနဲ့ ၊ နင် တကယ် သေလိမ့်မယ်”
ထို့နောက် သူမသည် တုပိုင်ကို အတင်းဆွဲခေါ်သွားလေသည်။.သို့သော် ကီလိုမီတာအနည်းငယ်မျှပင် မရောက်မီ လူရိပ်တစ်ခု သူတို့ရှေ့တွင် ပေါ်လာလေ၏။
ပြိုင်ဘက်ကင်း လှပသော အမျိုးသမီးတစ်ဦးဖြစ်၏။ အသက်အရွယ်ကို ခန့်မှန်း၍မရနိုင်သော အမျိုးသမီးတစ်ဦးပင်။ တုပိုင် ရင်းနှီးသလို ရှိသော်လည်း အလွန်စိမ်းသက်နေသော အမျိုးသမီးတစ်ဦးဖြစ်သည်။
သူ့ရှေ့မှ ဤအမျိုးသမီးသည် ပေမင်ဓားဂိုဏ်း၏ နံပါတ်တစ် အလှပဂေးဖြစ်ပြီး ၊ သူမသည် နီရှန်နတ်မိမယ်ထက် ပိုမိုရင့်ကျက်ကာ ၊ ပိုမိုဆွဲဆောင်မှုရှိပြီး ဆန်းကြယ်လေသည်။
သူမသည် ကျီယင်ယင်၏ အမွှာညီအစ်မ ၊ ပေမင်ဓားဂိုဏ်း ဂိုဏ်းချုပ်၏ ဇနီးသည် ကျီကျန်ယန် ဖြစ်၏။
သူမသည် နင်တောက်ရွှမ်ထက် အနည်းငယ် အသက်ကြီးသော်လည်း ၊ ယခုအချိန်တွင် သူမသည် အများဆုံး အသက် ၃၀ ခန့်သာ ရှိပုံရသည်။
“ကဲ... အချိန်ကျပြီ”
ကျီကျန်ယန်က အေးစက်စွာ ပြောလိုက်သည်။
“အရှင်တုပိုင်... ရှင်က ၂၁ ဆက်မြောက် ပေမင်ဂိုဏ်းချုပ်အဖြစ် ဆက်ခံချင်တယ် မဟုတ်လား။ ကျွန်မနဲ့ လိုက်ခဲ့ပါ”
နီရှန်နတ်မိမယ်သည် ကျီကျန်ယန်၏ ကျောပြင်ကို ကြည့်လျက် မျက်ဝန်းများတွင် မျှော်လင့်ချက်မဲ့မှုများ ဆက်လက် ဖြစ်ပေါ်နေလေသည်။ ထို့နောက် သူတို့နှစ်ဦးသည် ဂိုဏ်းချုပ်ကတော် ကျီကျန်ယန်၏ နောက်မှ လိုက်ပါသွားကြလေသည်။
နီရှန်နတ်မိမယ်က ပြော၏။ “တုပိုင်... ဒီကမ္ဘာပေါ်က လူတွေမှာ စစ်မှန်တဲ့ ယုံကြည်ချက် ရှိတယ်လို့ နင် ထင်လား။ သူတို့မှာ စစ်မှန်တဲ့ ယုံကြည်ချက် ရှိရဲ့လား”
တုပိုင် ပြောလိုက်သည်။ “မင်းဆိုလိုတာက တစ်သီးပုဂ္ဂလလား ၊ အုပ်စုလိုက်လား”
နီရှန်နတ်မိမယ် ပြော၏။ “အုပ်စုလိုက်”
“မရှိပါဘူး”
“ငါ့ရဲ့ မီးနတ်ဘုရားစစ်တပ်က ငါ့ကို အရမ်းယုံကြည်ကြတယ် ၊ ဒါပေမဲ့ သူတို့က တစ်သီးပုဂ္ဂလတွေ အများကြီး စုပေါင်းထားတာပါ ၊ တကယ့် ပြည့်စုံတဲ့ အုပ်စုတစ်ခု မဟုတ်ဘူး။ လက်ရှိ မီးနတ်ဘုရားကမ္ဘာက မီးနတ်ဘုရားကို လုံးဝ မယုံကြည်ဘူးဆိုတာ ငါ သိတယ်။ အနောက်ဘက်မှာ တော်ဝင်ရောမအင်ပါယာ ရှိနေတယ် ၊ သူတို့က နတ်ဘုရားတွေကို ကောင်းကင်အပြင်ဘက် လွှင့်ပစ်လိုက်တာ ကြာပြီ ၊ အခု ကမ္ဘာကြီးမှာ ယုံကြည်မှုစွမ်းအား ရှိနေပြီ”
နီရှန် မေးလိုက်သည်။ “ငါတို့ ခုနက မြင်ခဲ့ရတဲ့ ကြီးမားတဲ့ ရေတပ်ကြီးက စွမ်းအားလား”
တုပိုင် ခေါင်းညိတ်၏။ “ဟုတ်တယ်”
“နင်သိရက်နဲ့ ဘာလို့ ဒီကို လာခဲ့တာလဲ” နီရှန် ထပ်မေးလိုက်သည်။
တုပိုင် ဖြေ၏။ “ဒါမျိုးက မကြာခင် ဖြစ်လာမှာပဲလေ။ ငါမလာရင်လည်း သူတို့ ငါ့ကို လာရှာကြမှာပဲ”
**--**--**--**--**--**--**--**
ပေမင်ဓားဂိုဏ်း ဘုရားကျောင်းတော်။ ဤနေရာသည် ကြီးမားပြီး ဟောင်းနွမ်းနေသော ကျောက်ဘုရားကျောင်းအိုကြီး တစ်ခုဖြစ်နေဆဲပင် ၊ ပေမင်ဓားဂိုဏ်း၏ အကြီးအကဲအစည်းအဝေးတိုင်းကို ဤနေရာတွင် ကျင်းပလေ့ရှိပြီး အကြိမ်တိုင်း ရန်ပွဲဖြစ်လုနီးပါး အခြေအတင် ငြင်းခုံကြရလေသည်။
ပြီးခဲ့သည့်အကြိမ်၌ နီရှန်နတ်မိမယ်သည် ပေမင်ဘိုးဘေးများ၏ ဟောကိန်းထုတ်ထားသူ တုပိုင်ကို ကယ်တင်ရန် ဆုံးဖြတ်ချက်တစ်ခု တင်သွင်းခဲ့ဖူးသည်။ ရလဒ်အနေဖြင့် အကြီးအကဲအားလုံးနီးပါးသည် ပယ်ချခဲ့ကြ၏။
နောက်ဆုံးတွင် ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ်က ဦးဆောင်ကာ တုပိုင်ကို ကမ္ဘာမြေအက်ကွဲကြောင်းထဲသို့ ပစ်ချလိုက်သည်။ ရလဒ်အနေဖြင့် ပြောင်းလဲမှုအားလုံးသည် လုံးဝ တည်ငြိမ်သွားခဲ့လေ၏။ ဒုတိယအချက် အနေဖြင့် ပေမင်ဘိုးဘေး၏ ဟောကိန်း မှန်မမှန်ကို နောက်ဆုံး အတည်ပြုချင်ခဲ့ကြသည်။
ရလဒ်ကား အံ့သြဖွယ်ရာပင်။ ပေမင်ဘိုးဘေး၏ ဟောကိန်းသည် မှန်ကန်ခဲ့ပြီး တုပိုင် ကမ္ဘာမြေအက်ကွဲကြောင်းထဲမှ တကယ် ပြန်ရောက်လာခဲ့သည်။
အကျိုးဆက်အနေဖြင့် ဂိုဏ်းချုပ် နင်တောက်ရွှမ်သည် ရှောင်လွှဲစရာ နေရာမရှိတော့ဘဲ ဤပြဿနာကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ထို့ကြောင့် ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲများကောင်စီ အဖွဲ့ဝင်အားလုံး ဤနေရာသို့ ရောက်ရှိနေကြခြင်း ဖြစ်လေ၏။
သမိုင်းတစ်လျောက် မကြုံစဖူး အစည်းအဝေးကြီးတစ်ခုကို ကျင်းပနေခြင်း ဖြစ်သည်။ ဤအစည်းအဝေးတွင် ခေါင်းစဉ်တစ်ခုတည်းသာ ရှိသည်။ တုပိုင် ၂၁ ဆက်မြောက် ဂိုဏ်းချုပ် ၊ ဆိုလိုသည်မှာ နောက်မျိုးဆက် ဂိုဏ်းချုပ် ဖြစ်လာသင့် မလာသင့်နှင့် ပေမင်မဟာအတတ်ကျမ်းလိပ်၏ တစ်ဝက်ကို တုပိုင်အား လွှဲပြောင်းပေးသင့် မပေးသင့် ဆိုသည်တို့ပင် ဖြစ်လေ၏။
ဘုရားကျောင်းတစ်ခုလုံးတွင် လူပေါင်းရာချီ ထိုင်နေကြလေသည်။ မဟာအကြီးအကဲများ အားလုံးသာမက သာမန်အကြီးအကဲများပါ တက်ရောက်ကြသည်။
ပေမင်ဓားဂိုဏ်း၏ ကျွန်း ၁၃ ကျွန်းမှ ခေါင်းဆောင်များပင် အစုံအလင် ရောက်ရှိနေကြလေသည်။ ထို့ကြောင့် တုပိုင် ရင်းနှီးပြီး စွမ်းအားကြီးမားသော ကျွန်းသခင်ဟယ်ကို မြင်လိုက်ရသည်။ ဤသည်မှာလည်း ပေမင်ဓားဂိုဏ်းအတွက် အလွန်ရှားပါးသော ကိစ္စဖြစ်သည်။ ဤကဲ့သို့ ကြီးမားသော အစည်းအဝေးမျိုးသည် ဆယ်နှစ်မှတစ်ကြိမ်ခန့်သာ ကျင်းပလေ့ရှိသည်။
**--**--**--**--**--**--**--**
တုပိုင် ဘုရားကျောင်း၏ အလယ်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ်သည် မြင့်မားသောနေရာတွင် ရပ်လျက် ပြောလိုက်လေသည်။ “ရှောင်လွှဲလို့ မရနိုင်တော့တဲ့ ကိစ္စတစ်ခု ရှိနေတယ် ၊ အဲဒါကတော့ ပေမင်ဘိုးဘေးရဲ့ ဟောကိန်းပဲ”
ပေမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲများ ၊ အကြီးအကဲများ ၊ ကျွန်းသခင်များ အားလုံးသည် တိတ်ဆိတ်စွာ နားထောင်နေကြသည်။
“အားလုံးသိကြတဲ့အတိုင်းပဲ ၊ ပေမင်ဘိုးဘေးက ပေမင်ဓားဂိုဏ်းကို တည်ထောင်ခဲ့တဲ့ အကြောင်းရင်းက ကမ္ဘာမြေအက်ကွဲကြောင်းကို စောင့်ကြပ်ဖို့ပဲ”
နင်တောက်ရွှမ် ပြောလိုက်၏။ “ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာတွေ ကျူးကျော်ဝင်ရောက်လာတာကို တားဆီးဖို့အတွက် ဒီကမ္ဘာကြီးရဲ့ ကြီးမားတဲ့ အက်ကွဲကြောင်းတစ်ခုကို စောင့်ကြပ်ဖို့ပဲ”
“ဘိုးဘေးရဲ့ ဟောကိန်းထဲမှာ ဒီလို တာဝန်ရှင် ကောင်းကင်သခင်တစ်ယောက် ရှိတယ်။ သူက နဂါးအကြေးခွံတွေကို ဝတ်ဆင်ထားပြီး ၊ ဓားပြီးလှံပြီးကာ ၊ ငရဲမီးတောက်ကို ထိန်းချုပ်ထားတယ်”
နင်တောက်ရွှမ်သည် ဆက်လက် ပြောကြားလိုက်သည်။
“တာဝန်ရှင် ကောင်းကင်သခင်က ကမ္ဘာမြေအက်ကွဲကြောင်းကို နင်းဖြတ်ပြီး ၊ သေမင်းလမ်းကြောင်းတစ်လျှောက် ရေဆန်လမ်းကို လျှောက်လှမ်းကာ ၊ နိဗ္ဗာန်ဘုံကနေ ပြန်လည်မွေးဖွားလာလိမ့်မယ်”
ဤအချိန်တွင် ပရိသတ်အားလုံး အနည်းငယ် တုန်လှုပ်သွားကြသည်။
တကယ်တော့ ဤတုန်လှုပ်မှုက စတင်နေခဲ့ပြီးပြီ ဖြစ်သည်။ တုပိုင် တာ့နင်အင်ပါယာသို့ ပြန်ရောက်လာသည့် သတင်း ပေမင်ဓားဂိုဏ်းသို့ ပျံ့နှံ့ရောက်ရှိလာစဥ်ကတည်းက ၊ ရေတွက်မရသော မဟာအကြီးအကဲများနှင့် အကြီးအကဲများသည် တုန်လှုပ်မှုကို ခံစားခဲ့ကြရပြီး ဖြစ်လေ၏။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၅၅ + ၆၅၆ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team