ငယ်ရွယ်အပြစ်ကင်းစင်ကြောင်း ဟန်ဆောင်ခြင်းမှာ လူအိုကြီး၏ စွမ်းရည်ပင်
Vol. 3 Ch. 21
ဝိုင်သုံးဆောင်ပြီးချိန်၌ သက်လတ်ပိုင်းအရွယ် အရာရှိ နှစ်ဦးက ဆိုင်အတွင်းမှ အတူတကွ ထွက်ခွာလာကြသည်။
"ဟေး မင်း အမူးအင်မော်တယ် နေရာကို သွားချင်သေးလား…"
အရာရှိ တဦးက စကားစလာသည်။
"နောက်ရက်တွေကျရင် ငါတို့ မြို့တော်အပြင်ကို သွားရနိုင်တယ်… အခွင့်အရေးရတုန်း အချိန်ကောင်းလေး ဖန်တီးကြတာပေါ့…"
"ဒါပေမယ့် ငါ့မိန်းမ…"
ကျန်နေသည့် အရာရှိက အနည်းငယ် စိုးထိတ်နေပုံပေါ်သည်။
"မင်း အိမ်မပြန်တာတောင် မင်းမိန်းမက ဘာမှ မပြောဘူးလား…"
"ပူစရာမလိုဘူးလေ အဖွားကြီးက ကလေးနဲ့ အိပ်နေလောက်ပြီ…"
နောက်တနေရာသို့ ဆက်လက်ထွက်ခွာရန် အကြံပြုသူက လက်ရမ်းကာ ပေါ့ပါးစွာ ပြောလာသည်။
"ဒီမနက် ထွက်လာတုန်းက အပြင်မှာ ကိစ္စရှိတယ်လို့ ပြောထားပြီးသား…"
ကျန်နေသူ တဦးကလည်း ထိုနေရာသို့ သွားလိုပုံရသည်။ ထို့ကြောင့် အဖော်ဖြစ်သူအား စကားစလိုက်သည်။
"ဒါဆို… ငါ့မိန်းမ မေးလာရင် မင်း ကူညီမှ ရမယ်…"
"ဟားဟား ကျိန်းသေပေါက်ပေါ့…"
အဆိုပြုသည့် အရာရှိဖြစ်သူက ရယ်မောကာ ကြောက်ရွံ့နေသည့် မိတ်ဆွေအား ကျောပုတ်ပေးသည်။
"ဒီည ငါတို့ စိတ်ကြိုက် သောက်ကြတာပေါ့ကွာ…"
နှစ်ဦးသား၏ မျက်နှာ၌ အချက်ပြမှုဖြစ်သည့် အပြုံးကိုယ်စီလည်း ရှိနေသေးသည်။ နှစ်ဦးသားက မြို့တော်ရှိ အကြီးဆုံးသော ဆောင်ကြာမြိုင်သို့ ဦးတည်နေကြချိန်တွင် တစုံတယောက်မှ ဝတ်ရုံဆွဲလယာည်ကို သိလိုက်ရ၏ ။
"ဘယ်သူလဲ…"
နှစ်ဦးသားက အရက်မူးနေကြသည့်အတွက် အနည်းငယ် ဒေါသဖြစ်မိကြသည်။ ထို့ကြောင့် ခေါင်းလှည့်လိုက်ရာ ခွက်ပဲ့တခု ကိုင်ဆောင်ထားသည့် မျက်ဝန်းနက်နက်ဖြင့် ကောင်ငယ်လေးတဦးမှ အဝတ်စအား ဆွဲယူကာ ရီဝေစွာဖြင့် ကြည့်နေသည်ကို မြင်မိသွား၏ ။
"ဦးလေးတို့…"
ကောင်ငယ်လေးက သနားစဖွယ် လေသံဖြင့် တောင်းဆိုစကား ပြောလာသည်။
"ကျွန်တော် ဗိုက်ဆာလို့ စားစရာ နည်းနည်းလောက် ပေးလို့ရမလား…"
ဝတ်ရုံစ ဆွဲယူခံထားရသူက ရုတ်တရက်ဖြစ်သည့်အပြင် မူးဝေနေသည့်အတွက် အတွေးမပေါက်နေပေ။ သူဖုန်းစား ကလေးငယ် တဦးမှ ဝတ်ရုံဆွဲကာ တောင်းသည်ကို ကြုံရသည့်အတွက် ဒေါသဖြစ်ကာ အဝတ်အား ပြန်လည်ဆွဲယူပြီး ကလေးငယ်အား တွန်းထုတ်လိုက်တော့သည်။
"ဝေးဝေး သွားစမ်း… ဒီကောင်စုတ် ဘယ်ကရောက်လာတာတုံး… စိတ်အနှောင့်အယှက် ဖြစ်စရာတွေ…"
သို့ရာတွင် အဖော်ဖြစ်သူက အတိုင်းအတာ တခုအထိ သတိရှိနေသေးပုံရသည်။ မြေပြင်၌ လဲကျနေသည့် ကောင်ငယ်လေးအား စိုက်ကြည့်ကာ အဖော်ဖြစ်သူအား ထိန်းထားလိုက်သည်။
"နေပါဦး မသွားသေးနဲ့… ဒီကောင်လေးက မင်းပြောတဲ့သူမျိုးပဲ လမ်းမှာ လှည့်ပတ်သွားနေတဲ့ သူဖုန်းစားလေးလေ…"
"ဟမ်…"
အဖော်ဖြစ်သူ၏ စကားကြောင့် ဒေါသဖြစ်နေသူမှာ ငြိမ်ကျသွားသည်။ ထို့နောက်တွင် ဝိုင်တငုံမော့ကာ ကောင်ငယ်လေးအား ငုံကြည့်လိုက်သည်။
"ငါတော့ မပြောတတ်ဘူး… သူ့ကို ကြည့်ဦး အဝတ်သုတ်တွေဝတ်ပြီး တကိုယ်လုံး ညစ်ပတ်နေတာတောင် မျက်နှာကို သေချာကြည့်ရင် ချစ်စရာ ကောင်းနေသေးတယ်… သူ့ကို ဆေးကြောပြီး အာဟာရပြည့်အောင် ကျွေးမယ်ဆို အရာရှိတွေတောင် မွေးစားချင်ကြမှာ မဟုတ်လည်း ပျော်တော်ဆက်ပေါ့…"
အရက်မူးနေသူက မူးဝေနေခြင်းအား အန်တုကာ ခေါင်းရမ်းလိုက်ပြီး အနည်းငယ် အမူးနောက် ပြေသွားစေသည်။ ထို့နောက်တွင် မိတ်ဆွေ ဖြစ်သူအား စိုက်ကြည့်သည်။
ထို့နောက် မြေပြင်၌ ဒူးထောက်ထိုင်ချကာ ကြင်နာသည့်အပြုံးဖြင့် ကောင်ငယ်လေးအား လက်ကမ်းပေးလိုက်၏ ။
"တောင်းပန်ပါတယ် ကလေယရေ ဦးလေးက သတိမထားမိလိုက်ဘူး… သနားစရာ ကလေးပါလား… တောင်းပန်ပါတယ်ကွယ်…"
"ဟုတ်ပြီ…"
ကလေးငယ်က ခြေထောက်အား အားပြု၍ ထရပ်ကာ မြေပြင်သို့ နင်းဆောင့်လိုက်သည်။ ထို့နောက်တွင် လူကြီးနှစ်ယောက်အား ထိတ်လန့်သည့် မျက်ဝန်းများဖြင့် ကြည့်နေသည်။
ပြုံးရွှင်နေသည့် မျက်နှာထား ရှိသော အရာရှိမှာ စိတ်အတွင်း၌ တိတ်တဆိတ် ကျိန်ဆဲနေမိသည်။
"ဦးလေးတို့နဲ့ လိုက်ခဲ့… ဦးလေးတို့က ရှန်ရွှန်နိုင်ငံရဲ့ အရာရှိတွေလေ… အရှင်မင်းကြီးကလည်း မြို့တော်မှာ ရှိတဲ့သူ အကုန်လုံး အစားအစာနဲ့ အဝတ်အစားရှိရမယ်လို့ မိန့်မှာထားတာ… ဦးလေးတို့ မင်းကို လမ်းပေါ် မထားခဲ့နိုင်ပါဘူး…"
ထိုသူက ပြောပြောဆိုဆိုဖြင့် ကလေးငယ်အား ဆွဲယူလိုက်သည်။
"သွားကြစို့ ဦးလေးက ဆိုင်တဆိုင် ခေါ်သွားမယ် ပူပူနွေးနွေးအစားအစာတွေ စားပေါ့ကွာ…"
"စားစရာ ရှိတာလား…"
ကလေးငယ်က တုန်ရီစွာဖြင့် မေးလာသည်။
"ဒါပေါ့ မင်းဗိုကိပြည့်စေရမယ်…"
ထိုသူက ပြုံးကာ ပြောနေသည်။
"အဝတ်အစားရယ် နူးညံ့တဲ့ အိပ်ယာကော မင်းအတွက် ရှိနေဦးမှာ…"
"အဲ့လိုလား… ကျွန်တော် ဦးလေးတို့နဲ့ လိုက်ခဲ့မယ်…"
အစားအသောက်နှင့် အဝတ်အထည်ဟူသော စကားလုံးများကြောင့် ကလေးငယ်၏ မျက်ဝန်းများ လင်းလက်သွားသည်။ ထို့နောက်တွင် အသားမာ တတ်နေသည့် လက်ကြီးအယး ချက်ချင်းပင် ဆုပ်ကိုင်လိုက်၏ ။
ထိုအရာရှိက ပြုံးရွှင်ကာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် အဖော်ဖြစ်သူနှင့် တဦးကိုတဦးကြည့်ကာ ရယ်မောနေတော့၏ ။
"ညီအစ်ကို သူ့ကို နတ်ကွန်းဆီ ခေါ်သွားကြစို့ ပြီးတော့ နတ်ဆရာတွေ စစ်ဆေးပစေပေါ့…"
"ဒါပေါ့ ဒါပေါ့…"
ကျန်နေသည့် အဖော်ဖြစ်သူကလည်း ထောက်ခံကာ ခေါင်းညိမ့်နေသည်။
"သူ့ကို ပို့ပြီးရင် ငါတို့ ပျော်ပါးလို့ရပြီလေ…"
နှစ်ဦးသားက ပြုံးရွှင်စွာဖြင့် ရှန်ကောကျောင်းတော်သို့ ဦးတည်လိုက်ကြသည်။ သို့သော်လည်း ကလေးငယ်၏ မျက်နှာ၌ အခြေအနေအား သိနှင့်ပြီးသားဟူသည့် အပြုံးရှိနေသည်ကို သတိမမူမိကြချေ။