← Chapters

ချစ်စဖွယ်ကောင်းမှုအား အသုံးချခြင်း

Vol. 3 Ch. 22

ချစ်စဖွယ်ကောင်းမှုအား အသုံးချခြင်း

Vol. 3 Ch. 22

ကလေးငယ်မှာ ပိုင်ချူးရန်မှ ပုံစံပြောင်းထားခြင်း ဖြစ်သည်။

ချူးရန် အနေဖြင့် နှစ်သုံးထောင်ကြာ ကျင့်ကြံထားပြီးဖြစ်ရာ များစွာသော နည်းလမ်းများကို သိထားသည်။ တချို့သော နည်းလမ်းများမှာ ကျင့်ကြံမှုအဆင့် ကန့်သတ်ချက် ရှိမနေပေ။ သူ့အနေဖြင့် ထိုနည်းလမ်းများအား သဘာဝလွန်အဆင့်သို့ပင် ကျင့်ကြံထားပြီး ဖြစ်သည်။ ယခုနည်းလမ်းမှာ ထိုနည်းလမ်းများမှ တခုသာဖြစ်၏ ။

ပုံမှန်အားဖြင့် ငယ်ရွယ်သည့် ကလေးငယ်များမှာ နတ်ဆိုး ကျင့်ကြံသူများ နှစ်ခြိုက်သည့် အရာများဖြစ်ကြသည်။ ကလေးငယ်များမှာ လိင်ကိစ္စ သို့မဟုတ် စိတ်ဝိညာဉ် စုပ်ယူခြင်းအပြင် သွေးစတေးခြင်းများတွင်ပါ သန့်စင်သည့် စွမ်းအင် ပေးစွမ်းနိုင်ကြသည်။

အရာရှိ နှစ်ဦးနောက်သို့ လိုက်သွားပြီးကာ နတ်ကျောင်းသို့ ရောက်ချိန်၌ ချူးရန်မှာ အစေခံနှစ်ဦးနှင့်အတူ ရေချိုးခန်းသို့ ရောက်သွားသည်။ ထို့နောက် ကိုယ်လက် ဆေးကြောကာ ဝတ်စုံအသစ် ဆင်မြန်း၍ အခန်းကျဉ်းတခုသို့ ခေါ်ဆောင်ခံလိုက်ရသည်။

ခဏကြာပြီးချိန်၌ အစားအသောက်များ ပြည့်နေသည့် စားပွဲတခု ရောက်လာသည်။ ထိုအချိန်၌ ချူးရန်က တခြားနေရာသို့ မသွားရန် သတိပေးခံရသည်။

အစားအသောက် ပို့ဆောင်သူများ ထွက်သွားချိန်၌ ချူးရန်က စားစရာများ စတင်သုံးဆောင်ကာ စိတ်ဝိညာဉ် အာရုံကိုလည်း ဖြန့်ကျက်လိုက်သည်။ နတ်ကျောင်းအား စစ်ဆေးကြည့်ချိန်၌ အရာရှိနှစ်ဦးမှာ လူတစ်ဦးဖြင့် စကာ?ပြောနေကြသည်။ ချူးရန်က ထိုသူအား မှတ်မိနေ၏ ။ ထိုသူက တခြားသူ မဟုတ်ဘဲ ရှန်ရွှမ်နိုင်ငံတော်၏ စောင့်ရှောက်သူ တဦးဖြစ်သော စီမာဘိုပင်။

ချူးရန်က ထိုသူများ၏ စကားဝိုင်းအား ချက်ချင်းပင် ထောက်လှမ်းလိုက်သည်။

"ဒီတခေါက်တော့ ကောင်းကောင်းလုပ်ထားသားပဲ…"

ချူးရန်က စီမာဘို၏ ချီးကျူးစကားကို ကြားနေရသည်။

"အခမ်းအနား တခုဆိုပေမယ့် ဒီကောင်လေးရဲ့ အရိုးက ထူးခြားတယ် ပြောရရင် အကောင်းဆုံး ရွေးချယ်မှုပေါ့… သူသာ အခမ်းအနား ရောက်လာရင် အရင်ဧကရာဇ်တွေရဲ့ စိတ်ဝိညာဉ်တွေ လွတ်မြောက်ပြီးတော့ တိုင်းပြည်ရဲ့ ကပ်ဆိုးမှုပါ ပြောင်းသွားမှာပဲ… မင်းတို့ အလုပ်ကြိုးစားကြတာကို ငါ့ဆရာဆီ ပြောပေးဦးမယ်…"

"ကျေးဇူးပါ စောင့်ရှောက်သူ စီမာ…"

အရာရှိ နှစ်ဦးက ဦးညွတ်လိုက်ကြသည်။

အရာရှိနှစ်ဦး ထွက်သွားပြီးသည့်တိုင် စီမာဘိုက အချိန်တခုအထိ ရပ်တန့်ကာ စဉ်းစားနေပုံရသည်။ ထို့နောက်တွင် ထိုင်ခုံသို့ပြန်ကာ စားပွဲထက်မှာ စာရွက်များအား အာရုံစိုက်လိုက်သည်။

ချူးရန်က ထိုသူ၏ လှုပ်ရှားမှု အကုန်လုံးအား စိတ်ဝိညာဉ် အာရုံခံခြင်းဖြင့် ထောက်လှမ်းထားသည်။

အခြေအနေက ထူးဆန်းလွန်းလှသည်။

ပိုင်ချူးရန်က အံ့အားသင့်စွာဖြင့် စိတ်ဝိညာဉ် အာရုံခံမှုအား ရုတ်သိမ်းလိုက်ရပြန်သည်။

ကလေးအသွင်ယူထားပြီး နတ်ကွန်းသို့ ရောက်ရှိသည်က သုံးရက်ကျော်ကြာပြီ ဖြစ်သည်။ ထိုကာလအတွင်း စီမာဘို၊ ဧကရာဇ် ရှန်ရွှမ်၊ အိမ်ရှေ့မင်းသားနှင့် စိတ်ဝိညာဉ် အကြံပေး ဖုချန်ချူတို့အား အသဉ်တစိုက် စောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း မူမှန်ခြင်းအား မတွေ့ရပေ။

ဧကရာဇ် ရှန်ရွှမ်သည်လည်း အချိန်မှန် ညီလာခံပြုကာ မှတ်တမ်းမှတ်ရာများကို ကိုင်တွယ်ဖြေရှင်းသည်။ ညအချိန်၌ အချိန်ကုန်ဆုံးရန် မောင်းဆောင်မှ အမျိုးသမီးများအား ရွေးချယ်၏ ။ ဧကရာဇ် တဦးအနေဖြင့် အပြုအမူပိုင်းဆိုင်ရာ၌ ထိပ်ဆုံး မဟုတ်သော်လည်း မဆိုးလှသူဟု ဆိုနိုင်သေးသည်။

အိမ်ရှေ့စံ မင်းသားသည်လည်း ငယ်ရွယ်သေးကာ ဗဟုသုတများ လေ့လာနေပြီး ဧကရာဇ်၏ စီစဉ်မှုများ၌ ကိုယ်ခံပညာများကို လေ့ကျင့်ရသေးသည်။ လုပ်ဆောင်မှုများအရ ဉာဏ်ရည်ထက်မြတ်သူဟုပင် ဆိုရလောက်သည်။

စီမာဘိုနှင့် ဖုချင်းချူ၏ လှုပ်ရှားမှုများသည်လည်း သာမန်သာ ဖြစ်ကြသည်။ ချူးရန်က ထိုနှစ်ဦး၏ ကျင့်ကြံမှုကိုလည်း လေ့လာထားသေးသည်။ စီမာဘိုမှာ မီးဓာတ်ကျင့်ကြံသူဖြစ်ပြီး ဖုချင်းချူမှာ ချီမင်ဓားဂိုဏ်း၏ အသက်ရှူစနစ်ပါသည့် ကျင့်ကြံမှုတခုအား ကျင့်ကြံသည်။

ချူးရန်၏ အမြင်၌ ထိုနှစ်ဦးမှာ နတ်ဆိုး ကျင့်စဉ်များ လေ့လာကတင့်သုံးမှု ရှိမနေပေ။ သူ့အနေဖြင့် ပင်မနတ်ဆိုးဂိုဏ်းများ မည်သို့ပြုမူသည်ကို အတွေ့အကြုံရှိထားပြီး မဟုတ်လော။

ထိုသူများ၌ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ မဟာ အကြီးအကဲဟောင်းက ချူးရန်အား သာဓကပြု၍ ကျင့်ကြံမှုနှေးကွေးသည့် တာအိုလမ်းစဉ်ကိုပင် သရော်သေးသည်။ ထို့အပြင် အနာဂတ် မရှိဟုပင် ဆိုခဲ့၏ ။ သို့ဖြစ်ရာ ချူးရန်မှာ ထိုသူရှိရာသို့ သွားကာ ညှာတာမှု မထားဘဲ ရိုက်နှက်ခဲ့သေးသည်။ သွေးနတ်ဘုရားဂိုဏ်း ခေါင်းဆောင်ဟောင်းသည်လည်း ထိုအကြောင်းပြချက်ဖြင့် သုတ်သင်ခဲ့ခဲ့ရသည်။

ချူးရန်က ထိုသူများ၏ ကျင့်ကြံရေး နည်းလမ်းများကိုပင် အကြည့်တချက်ဖြင့် မြင်နိုင်သည်။ သို့ဖြစ်ရာ အခြေတည်ဆောက်ခြင်းအဆင့်နှင့် အဆင့်ကိုး ချီသန့်စင်ခြင်းအဆင့်တို့မှာ ပြောစရာ ဟုတ်မနေပေ။

အတိုချုံး ပြောရပါက ယခုရက်အတွင်း လေ့လာမှုအရ သံသယဝင်စရာ အကောင်းဆုံးသူမှာ တန်ရော်ဝေသာ ဖြစ်၏ ။ အပျိုဖော်ဝင်ပြီး ဖြစ်သည့်အတွက် ရင်အစုံသည်လည်း ဖွံ့ထွားနေပြီ ဖြစ်သည်။ ထို့အပြင် ပိုင်ချူးရန်၏ လေ့လာမှုအရ မင်းသမီးဖြစ်သူ၌ လျှို့ဝှက်နေရာ ရှိနေသည်။ ထိုနေရာကမှန်၏ အနောက်မှ လျှို့ဝှက်အခန်းတည်း။

တန်ရော်ဝေ အပြင်ထွက်လာချိန်၌ ရင်သားအစုံမှ ဖွံ့ထွား၍ ပိုမို လုံးဝန်းလာ၏ ။ ပိုင်ချူးရန်က တန်ရော်ဝေမှာ ခန္ဓာကိုယ်အား စိတ်တိုင်းကျ ပြောင်းလဲနိုင်စွမ်း မရှိသည်ဟု သိထားသည်။ သို့ဖြစ်ရာ ယခုပြောင်းလဲမှုများမှာ ထူးခြားသည့် နတ်ဆိုးနည်းလမ်းဟု ထင်မိသည်။

All Chapters