← Chapters

ရှန်ရွှမ် တော်ဝင်မိသားစု၏ စေ့စပ်ခြင်း ဓလေ့

Vol. 3 Ch. 23

ရှန်ရွှမ် တော်ဝင်မိသားစု၏ စေ့စပ်ခြင်း ဓလေ့

Vol. 3 Ch. 23

တန်ရော်ဝေ၏ အကျင့်စရိုက်နှင့် ခေါင်းမာတတ်မှုအား သိမထားပါက မင်းသမီးဖြစ်သူမှာ ယခုဖြစ်ရပ်များ၏ နောက်ကွယ်မှ ကြိုးကိုင်နေသူဟု ထင်ရနိုင်သည်။

နားလည်မှု လွဲမှားချင်းပင်လော။ ရှန်ရွှမ်နိုင်ငံ၏ အခြေအနေ ဆိုးဝါးနေခြင်းက နိုင်ငံရေးဆိုးဝါးနေခြင်းကြောင့်ပင်လော။ စိတ်ဝိညာဉ် အကြံပေးသည်လည်း ချီမင်ဓားဂိုဏ်းမှ တပည့်တဦးဖြင့် ဆက်ဆံရေးတချို့ ရှိထားသည်။ တန်ရော်ဝေ အနေဖြင့် ကျင့်ကြံသူများအပေါ် သဘောထားမှာ တကိုယ်တည်းအမြင်လည်း ဖြစ်နိုင်သည်။ ဈေးကွက်အတွင်းမှ ဆေးပင်များစွာ ပြတ်လပ်နေခြင်းက နတ်ဆိုးကျင့်ကြံသူတဦး ဝယ်ယူချိန်ဖြင့် ကြုံသွားခြင်းပင်လော။

ကြီးမားသည့် လောက၌ အရာရာဖြစ်နိုင်သည်ဟူသော ဆိုရိုးစကားမှာ အလိမ်အညာသာတည်း။

ပိုင်ချူးရန်က ယခုအခြေအနေများမှာ တိုက်ဆိုင်မှုဖြစ်သည်ဟု လက်သင့်မခံလိုပေ။

မတော်တဆများ၊ တိုက်ဆိုင်မှုများနှင့် ကံကြမ္မာအား ယုံကြည်ပါက ချူးရန်အနေဖြင့် လွန်ခဲ့သည့် နှစ်သုံးထောင် အချိန်ကပင် သက်တမ်းကြန်ဆုံးကာ ပြန်လည်‌မွေးဖွားခဲ့မည်ဖြစ်၏ ။

ဖုံးကွယ်ထားမှု များနေသည့်အတွက် ချူးရန်၏ စိတ်၌ သံသယတိုးပွားလာနေရသည်။

…ငါက ပိုင်ချူးရန်ပဲ… အမှန်တရားကို တွေ့မှဖြစ်မယ်… ဒီနည်းလမ်းနဲ့ အဆင်မပြေနေမှတော့ နောက်တခုပြောင်းတာပေါ့…

ပိုင်ချူးရန်က အတွေးဝင်မိကာ လျှို့ဝှက် လက်ဟန်တခု ထုတ်သုံးလိုက်၏ ။

ခန္ဓာကိုယ်မှ မူလချီများက အကန့်အသတ်မဲ့ စ်တ်ဝိညာဉ် စွမ်းအားဖြစ်ဘာကာ ချူးရန်က ရှေ့တလှမ်းတိုးချိန်၌ မုလရပ်နေရာတွင် ပုံစံတူ ကိုယ်ပွားကျန်နေသည်။

သူ၏ ကိုယ်ပွားမှာ ငယ်ရွယ်သည့် ကလေးတဦးပမာသာဖြစ်၏ ။ ထို့နောက် အိပ်ယာထက်သို့သွားကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ ထိုခဏ၌ ခန္ဓာကိုယ်ကာ ကြီးမားလာကာ ပုံမှန်အနေအထားသို့ ပြောင်းလဲလာသည်။ ပုံမှန်ဖြစ်သွားချိန်၌ အခန်းအတွင်းမှ ထွက်ခွာသွားလိုက်သည်။

ထိုအချိန်၌ ရှန်ရွှန်နိုင်ငံ၏ နန်းတော်မှ ဉယျာဉ်တွင် ဖြစ်၏ ။ အဖိုးတန်ဝတ်စုံ ဆင်မြန်းထားသည့် တန်ရော်ဝေက ပန်းများ ရှုစားကာ လက်ဖက်ရည် သုံးဆောင်နေသော ဖခင်ဖြစ်သူအား တွေ့ရန် ရောက်လာသည်။

"ခမည်းတော်…"

တန်ရော်ဝေ၏ မျက်နှာ၌ ဒေါသရိပ်များပင် ရှိနေသေး၏ ။

"အခု စည်းမျဉ်းပြောင်းပြီးတော့ ယောက်ျားလေးနဲ့ မိန်းကလေး နှစ်ရာကျော်ကို အခမ်းအနားထဲ ပါဝင်ခိုင်းတာဆို… ဘာလို့များလဲ…"

"ရော်ဝေ အသက်ပဲကြီးနေပြီ မျက်နှာပြောင်တိုက်နေတုန်းလား…"

ရှန်ရွှမ် ဧကရာဇ်က လက်ဖက်ရည်ပန်းကန်အား အောက်ချလိုက်၏ ။ ထို့နောက် ဘေးမှ ခုံအလွတ်အား လက်ညှိုးညွှန်ပြသည်။

"အရင် ထိုင်ပါဦး… ဒီလိုသာ ပြုမူနေရင် နောက်အနာငတ်ကို ဘယ်လိုစိတ်ချထားနိုင်မလဲ…"

"အနာဂတ်ကို ထားပါဦး ဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းကမ်းက ပြောင်းလို့ မရဘူးဆို အခုက ကောင်းကင် အခမ်းအနားအတွက် စည်းမျဉ်းကို ဘာလို့ ပြောင်းပစ်တာလဲ…"

တန်ရော်ဝေက ဖခင်ဖြစ်သူ၏ ဘေး၌ ဝင်ထိုင်ကာ မေးခွန်းထုတ်လိုက်သည်။

"ဒါက စိတ်ဝိညာဉ် အကြံပေးနဲ့ တိုင်ပင်ပြီးတော့ ပြင်ဆင်မှုလေး လုပ်လိုက်တာပေါ့…"

ရှန်ရွှမ်း ဧကရာဇ်က ဖြေပေးလာသည်။

"အခုတလော ရှန်ရွှမ်မှာ သဘာဝ ကပ်ဘေးနဲ့ နတ်ဆိုးတွေ များနေတယ်… စိတ်ဝိညာဉ် အကြံပေးပြောတာတော့ နိုင်ငံရဲ့ ကံကြမ္မာ ရှုပ်ထွေးနေတယ်တဲ့ ပြီးတော့ အခုနည်းလမ်းနဲ့ ကံပြောင်းပစ်ရမယ်…"

"စိတ်ဝိညာဉ် အကြံပေးပဲလား…"

တန်ရော်ဝေက စကားပြန်နေသည်။

"ကံတရားကို အပြစ်တင်နေမဲ့အစား တိုင်းပြည်အုပ်ချုပ်မှုမှာ အားစိုက်တာက ပိုကောင်းမယ် မဟုတ်ဘူးလား…"

"ရော်ဝေ…"

ရှန်ရွှမ် ဧကရာဇ်က ဒေါသတကြီး အော်လိုက်၏ ။

"စကား သတိထားပြော အခုတော့ စကားပြော မရှိတော့ဘူး…"

တန်ရော်ဝေက ဒေါသကြောင့် မျက်နှာနီမြန်းသွားကာ အချိန်အတန်ကြာ နှုတ်ဆိတ်သွားသည်။ ခဏကြပြီးချိန်မှသာ ဖျစ်ညှစ်၍ စကားဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ…"

"အိမ်ကနေ ထွက်သွားတာလည်း မကြာသေးဘူး… ဒါလည်း ကောင်းကောင်း စာရင်းမရှင်းရသေးဘူး မဟုတ်လား…"

ရှန်ရွှမ် ဧကရာဇ်က သမီးဖြစ်သူ၏ ကလေးဆန်သော အမူအရာကြောင့် စကားဆက်ပြန်သည်။

"ဒီအခမ်းအနားက သမီးအတွက် စီစဉ်ပေးထားတာ နောက်တခေါက် ထွက်ပြေးသွားမှာစိုးလို့ပေါ့…"

ဧကရာဇ်က စကားဆိုပြန်သည်။

"လာဦး စီမာဘိုကို သွားခေါ်လိုက်…"

ထိုစကားကြောင့် တန်ရော်ဝေက ခံစားချက် မကောင်းဘဲ ဖြစ်သွား၏ ။

"အရှင်မင်းကြီး သက်တော် ရာကျော် ရှည်ပါစေ အရှင့်သမီးလည်း သက်တော်ရာကျော် ရှည်ပါစေ…"

စီမာဘိုက စိတ်ဝိညာဉ် အကြံပေး၏ တပည့်ဖြစ်လာကာ နိုင်ငံစောင့်ရှောက်သူ ဖြစ်မလာမီကပင် ထူးခြားသည့် အဆင့်အတန်း ရှိသူဖြစ်၏ ။ ထို့ကြောင့် ဧကရာဇ်နှင့် မင်းသမီးအား ဒူးထောက်ခစားရန် မလိုဘဲ ဦးညွတ်ရုံသာ လိုအပ်သည်။

"စီမာဘို ထိုင်ပါ…"

ရှန်ရွှမ်ဧကရာဇ်က ပြုံးကာ ပြောလိုက်သည်။ ဆက်ပြောလိုက်သည့် စကားမှာ သမီးဖြစ်သူအား ရောင်းချခြင်?ဖြင့်ပင် တူနေသေးသည်။

"ဒီနေ့‌ ခေါ်လိုက်တာက ဆွေးနွေးစရာ ရှိနေလို့… မင်းက လက်မထပ်ရသေးဘူး အဲ့လိုပဲ ရောဝေလည်း အရွယ်ရောက်လာပြီ… မင်းသူ့ကို လက်ထပ်ပြီး နိုင်ငံသမက်တော် ဖြစ်လာရင်ကော ဘယ်လိုသဘောရလဲ…"

"ဖခမည်းတော်…"

တန်ရောဝေက အော်ပြောလိုက်သည်။ သို့သော်လည်း ရှန်ရွှမ်ဧကရာဇ်က တားမြစ်လိုက်နိုင်သည်။

"အဖေ သမီးကို ဘာလို့ စီမာဘို လက်ထဲထည့်နေတာ ဘာလို့များလဲ…"

တန်ရော်ဝေက ဖခင်အနီးသို့ ကပ်ကာ လေသံတိုးတိုးဖြင့် မေးသည်။

All Chapters