← Chapters

ရှန်ရွှမ် တော်ဝင်သင်္ချိုင်း

Vol. 3 Ch. 24

ရှန်ရွှမ် တော်ဝင်သင်္ချိုင်း

Vol. 3 Ch. 24

"ရော်ဝေ…"

ရှန်ရွှမ် ဧကရာဇ်ကလည်း တီးတိုးပြန်ပြောလာသည်။

"စောင့်ရှောက်သူ စီမာက ချောမောပြီးတော့ ပါရမီလည်းပါတယ် ဒါတင်မကဘူး ကျင့်ကြံသူ နောက်ပြီး လူကောင်းဖြစ်နေသေးတာ ပြီးတော့… အရေးအကြီးဆုံးက သူ့မျိုးရိုးကို စစ်ဆေးပြီးပြီ သူ့အမေကလည်း ခန္ဓာကိုယ်ပြည့်တယ်…"

ရှန်ရွှမ် ဧကရာဇ်က မျက်နှာ ပုပ်သိုးနေသည့် သမီးဖြသ်သူအား စိုက်ကြည့်ကာ စကားဆက်ပြန်သည်။

"ရော်ဝေ ငါတို့ တော်ဝင်မိသားစုမှာ မိန်းကလေးတွေက ရင်သားသေးလွန်းတယ်… ဒီနိုင်ငံမှာတောင် ခန္ဓာကိုယ် လှတဲ့ မိန်းကလေးတွေပဲ လူကြိုက်များတာ… အဲ့တာမို့ အခုလိုဖြစ်နေတာက အရှက်ရစရာတင်မကဘူး တော်ဝင်မိသားစုအတွက်လည်း မျက်နှာပျက်စရာ… အဖေ သမီးဖြစ်ချင်တာကို သိတာပေါ့ ဒါပေမယ့် မဖြစ်နိုင်ဘူးလေ… ဒါပေမယ့် စီမာဘိုကို လက်ထပ်ရင်တော့ နောက်မျိုးဆက်မှာ သူ့ရဲ့ မျိုးရိုးပါလာမှာပဲ… ဒါဆိုရင်တော့ သမီးကလေးတွေ သမီးလို ခံစားရမှာ မဟုတ်တော့ဘူးလေ…"

"ဘယ်လို အကြောင်းပြချက်ကြီးလဲ…*

တန်ရော်ဝေက မျက်နှာ ပုတ်သိုးကာ ပြေုလာ၏ ။

"သမီးကလေးတွေမှ ဖြစ်လာမယ်ဆို သမီးဖြစ်ချင်တာ ဘယ်ဟုတ်တော့မလဲ… နောက်ပြီး ဒီလိုဖြစ်နေတာက မျိုးဆက် ဘယ်နှခုအထိတောင်လဲ ပြီးတော့ သမီးတောင် အမေ့လိုတူလို့လား…"

သို့သော်လည်း ဧကရာဇ်က လျစ်လျူရှုထားကာ စကားဆက်နေ၏ ။

"စီမာဘို ရော်ဝေကို လက်ထပ်ချင်ရဲ့လား…"

ရှန်ရွှမ် ဧကရာဇ်က မေးခွန်းထုတ်လာသည်။

စီမာဘိုက တန်ဝေအား တချက်ကြည့်ကာ ဖွံ့ထွားသည့် ရင်သားစိုင်အား ကြည့်မိပြီး ခေါင်းငုံ့ကာ ပြောလာသည်။

"ဆန္ဒရှိပါတယ်…"

"ဟုတ်ပါပြီ…"

ရှန်ရွှမ် ဧကရာဇ်က အောင်နိုင်သူအပြုံးဖြင့် ရယ်လိုက်သည်။

"ဒါပေမယ့် မင်းသဘောတူပြီးပြီဆိုတော့ အချိန်ကျရင် နောင်တရလို့ မဖြစ်ဘူး… မင်းက ဆရာသခင်ရဲ့ တပည့်ဆိုရင်တောင် ရော်ဝေကို နစ်နာစေရင် ဆရာသခင်ကို အပြစ်ပေးဖို့ ပြောရမှာပဲ…"

"တိုင်းပြည် ဉသျှောင်က ဟာသမပြောဘူးဆိုတာက သဘာဝပါပဲ…"

စီမာဘိုက ဦးညွတ်ကာ အရိုအသေပေးသည်။

ရှန်ရွှမ်ဧကရာဇ်က ရွှင်ပျစွာဖြင့် ရယ်မောနေတော့၏ ။ စီမာဘိုသည်လည်း ရယ်မောနေလေသည်။ သို့ရာတွင် တန်ရော်ဝေမှာ မျက်နှာပုပ်သိုးနေတော့သည်။

အခြေအနေက ကြိုတင်ပြင်ဆင်ထားသည်ဟုပင် ထင်မှတ်ရသည်။ သမီးဖြစ်သူ ပြန်မရောက်မီကပင် ရှန်ရွှမ်ဧကရာဇ်က ကြိုတင် ပြင်ဆင်ထားပုံပေါ်သည်။

ဧကရာဇ်က သမီးဖြစ်သူအား လက်ဆက်ပေးရန် သောကရောက်နေခဲ့ရသည်။ အကြောင်းမှာ သမီးဖြစ်သူ အနေဖြင့် စိတ်လိုက်မာန်ပါ ပြူမူမည်ကို စိုးရိမ်ခြင်းနှင့် သမီးဖြစ်သူ၏ လျှို့ဝှက်ချက်အား သိနေခြင်းကြောင့်ပင်။ ဖွံ့ထွားခြင်းအား အလေးထားသည့် ရှန်ရွှမ်နိုင်ငံ၌ ပြားကပ်သည့် ရင်ဘတ်ရှိနေခြင်းတည်း။ တန်ရော်ဝေ အနေဖြင့် အနာဂတ်ကာလ၌ စိတ်ကျေနပ်ရလောက်သည့် အမျိုးသား ရရှိရန် ခက်ခဲပေလိမ့်မည်။ သို့သော်လည်း ဧကရာဇ်မှ သမီးဖြစ်သူအား တိုင်းတပါးသို့ လက်ဆက်ရန် မလွှတ်လိုပေ။

တန်ရော်ဝေ၏ ပုံစံအမှန်အား သိရချိန်၌ စီမာဘိုအနေဖြင့် ယခုကဲ့သို့ ရွှင်ပျနေတော့မည် မဟုတ်ချေ။

တန်ရော်ဝေက သူမ မနှစ်မြို့သည့် ကျင့်ကြံသူ၏ တပည့်ဖြစ်သူအား လက်ဆက်ရမည်ဖြစ်ရာ ငြင်းဆန်မည်က သဘာဝဖြစ်သည်။ သူမက ကြည့်ကောင်းသည့် စီမာဘိုဖြင့် လက်ဆက်ရမည့်အစား သာမန်လူတဦးဖြင့်သာ လက်ထပ်လိုသည်။

ပြောရပါက ဖခင်ဖြစ်သူစီမံသည့် လက်ထပ်ပွဲ ဖြစ်သည် မဟုတ်လော။ သူမက ငြင်းပယ်မှုပြုရန် မဝံ့ရဲနေပေ။ သို့သော်လည်း လက်ရှိအခြေအနေသို့ ရောက်လာပြီ ဖြစ်သည့်အတွက် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။ အခမ်းအနား ပြီးဆုံးချိန်၌ နန်းတော်မှ ထွက်ကာ ရှန်ရွှမ်နိုင်ငံတော်၏ နယ်မြေမှ အဝေးသို့ ထွက်ခွာတော့မည် ဖြစ်သည်။

……

အခမ်းအနား မတိုင်မီည၌ ချူးရန်က နန်းတော်မှ မိုင်တရာခန့် လှမ်းသည့် ရှန်ရွှမ်းတော်ဝင် သင်္ချိုင်းဂူသို့ သွားခဲ့သည်။

ထိုနေရာမှာ သူ၏ မှန်းဆချက်မှ ဒုတိယမြောက် အဓိကနေရာဖြစ်၏ ။ အခမ်းအနားနှင့် ပက်သက်၍ သံသယရှိသော်လည်း အစီအစဉ် ပြုလုပ်သူများ၌ ဟာကွက်မတွေ့ရပေ။ ထို့ကြောင့် အခမ်းအနား ပြင်ဆင်မည့် နေရာအား စစ်ဆေးရန် သွားလိုက်ခြင်း ဖြစ်သည်။

ခဏကြာ စုံစမ်းပြီးချိန်၌ ပုံမှန်အားဖြင့် သာမန်လူများ မသိနိုင်သည့် တော်ဝင်သင်္ချိုင်းဂူရှိရာ နေရာသို့ သိရှိသွားကာ ညတွင်းချင်း ခရီးနှင်လာသည်။

တော်ဝင် သင်္ချိုင်းဂူအား လက်နက်ကိုင် ချပ်ဝတ် စစ်သည်များစွာက စောင့်ကြပ်နေသည်။ ထောင်ချီသည့် လက်ရုံးတပ်များလည်း အသင့်အနေအထား ရှိနေကြသေး၏ ။ သို့သော်လည်း ချူးရန်က ထိုအရာများကို ဂရုမထားပေ။ သူ့အနေဖြင့် အသက်ရှူခြင်းကို ထိန်းချုပ်ကာ ကိုယ်ဖော့ခြင်းဖြင့် တော်ဝင် သင်္ချိုင်းဂူအတွင်းသို့ မည်သူမျှ သတိမပြုမိဘဲ ဝင်ရောက်လိုက်နိုင်သည်။

ရှေးကာလ ကတည်းက ဧကရာဇ်များအား မြှုပ်နှံသည့် နေရာဖြစ်သည့်အတွက် ဂူသင်္ချိုင်းအား လက်ရာမြောက်စွာ တည်ဆောက်ထားသည်။ အထဲ၌ ကျောက်သား ရင်ပြင်ရှိနေပြီး မြင်း‌လှည်းလေးစီး သွားနိုင်သည့် အကျယ်အဝန်းရှိသည်။ ရင်ပြင်၏ ဘေးတဖက်စီ၌ ကျောက်တုံးသားရဲ ရုပ်ထုများ စီတန်းနေသေးသည်။ ထိုလမ်းအဆုံး၌ နတ်ရွာစံ ဧကရာဇ်များ လျောင်းစက်နေသည့် တော်ဝင် သင်္ချိုင်းဂူများ ရှိနေသည်။

အထဲရောက်ချိန်၌ ချူးရန်က စင်မြင့်နှင့် သင်္ချိုင်းဂူအား တချက်ကြည့်လိုက်သည်။ ထို့နောက် လမ်းဆက်လျှောက်ကာ ဧကရာဇ်များ မြှုပ်နှံသည့် နေရာအား စိတ်ဝိညာဉ် အာရုံခံခြင်းဖြင့် စစ်ဆေးမှု စတင်သည်။

All Chapters