← Chapters

အမှန်တကယ် ပျော်ရွှင်ခြင်း

Vol. 3 Ch. 27

အမှန်တကယ် ပျော်ရွှင်ခြင်း

Vol. 3 Ch. 27

ကောင်းကင်၌ တိမ်များ အုပ်ဆိုင်းကာ နေအလင်းရောင် ကာထားသည့်အတွက် အုံ့မှိုင်းနေသည်။ သို့သော်လည်း ဧကရာဇ်နှင့် စိတ်ဝိညာဉ်အကြံပေးက တုံ့ဆိုင်းမနေဘဲ စင်မြင်ထက်သို့ သွားကြသည်။

စိတ်ဝိညာဉ် အကြံပေးက စင်၏ အရှေ့နှင့် အနောက်တွင် အမွှေးထိုင်ကြီး သုံးခု ထွန်းညှိလိုက်သည်။ အမွှေးတိုင်များမှ အစိမ်းရောင် မီးခိုးများ ထွက်လာချိန်၌ ဧကရာဇ်က စင်အောက်ရှိ လူများဖြင့် မျက်နှာချင်းဆိုင်ရန် နောက်လှည့်လိုက်သည်။

"ရှန်ရွှမ်နိုင်ငံတော် တည်ထောင်တာ နှစ်(၁,၂၀၀)ပြည့်ပြီ… ကောင်းကင်ဘုံမှာရှိတဲ့ အရင်ဧကရာဇ်တွေရဲ့ ဝိညာဉ်က နိုင်ငံကို ကာကွယ်ပေးနေလို့ အခုထိ တည်မြဲနေနိုင်တာ… အခု ငါတို့ နိုင်ငံမှာ နတ်ဆိုးတွေကြောင့် ဘေးသင့်နေရပြန်ပြီ… ဧကရာဇ်ဖြစ်တဲ့ ငါကတော့ ရှန်ရွှမ်ပြည်သားတွေကို သားသမီးတွေလိုပဲ မြင်တယ်… အဲ့တာကြောင့်လည်း ဒီနေ့ ကောင်းကင် အခမ်းအနားကို ကျင်းပရတာ… ကောင်းကင်ဘုံက ရှေးဧကရာဇ်တွေ ကောင်းချီးပေးဖို့ ဆုတောင်းကြတာပေါ့…"

မိန့်ခွန်းပြောကြားပြီးချိန်၌ ဧကရာဇ်က စကားခဏ ရပ်လိုက်သည်။ ထို့နောက် စိတ်ဝိညာဉ် အကြံပေး ကမ်းပေးလာသည့် အမွှေးတိုင်သုံးခုအား ယူလိုက်ကာ တော်ဝင်သင်္ချိုင်းအား ဦးညွတ်အရိုအသေပြုသည်။ အမွှေးတိုင်များကိုလည်း အရှေ့မှ ခွက်တခုအတွင်း ထိုးစိုက်လိုက်သေးသည်။

"အခု စတေးတာကို စကြတော့…"

ဧကရာဇ်က မိန့်မြွက်ပြောကြားပြန်သည်။

ဧကရာဇ်ဖြစ်သူက စကားခဏရပ်ကာ…

"စစ်သူကြီးတွေ ကလေး နှစ်ရာရဲ့ သွေးကို ယူပြီးတော့ ဘိုးဘေးကို နိုးထလာဖို့ ပန်ကြားကြ…"

"သွေးနဲ့ ဘိုးဘေးတွေကို ပူဇော်ကြမယ်…"

စိတ်ဝိညာဉ် အကြံပေးကလည်း ပြောလာသေးသည်။

"နေပါဦး…"

ဘေးတွင် ရပ်နေသည့် တန်ရော်ဝေက ရုတ်တရက် ပြောလာသည်။

"ဖခမည်းတော်နဲ့ စိတ်ဝိညာဉ် အကြံပေးတို့ ဘာတွေ ပြောနေကြတာတုံး…"

သို့သော်လည်း ထိုစကားကို မည်သူကမျှအလေးမထားနေပေ။ တန်ရော်ဝေက ဘေးဘီသို့ စူးစမ်းကြည့်လိုက်ရာ ဧကရာဇ်၊ အစ်ကိုတော်၊ စစ်သူကြီးနှင့် စင်အောက်မှ စစ်သည်များ၊အရာရှိများမှာ တွေးတောနိုင်စွမ်း ပျောက်ဆုံးနေပုံရသည်။

"ဘာဖြစ်နေတာတုံး…"

"အရှင့်သမီး စိတ်အေးအေးထားပါ…"

ထိုအချိန်၌ စီမာဘိုက စောင့်ရှောက်သူတစုအား ဦးဆောင်က ဧကရာဇ်တို့ ရှိရာသို့ ရောက်လာသည်။

"စီမာဘို…"

တန်ရော်ဝေက အံ့အားသင့်မိသကဲ့သို့ ထိတ်လန့်နေမိသည်။

"နင်!…"

စီမာဘိုက သူမအား လျစ်လျူရှုထား၏ ။ တခြားသော စောင့်ရှောက်သူများနှင့်အတူ တော်ဝင် သခင်္ချိုင်းကိုသာ အရိုအသေပေးနေသည်။

"ကျွန်တော်တို့ တပည့်တွေက ဆရာသခင် ဂူအပြင်ထွက်လာဖို့ တောင်းဆိုပါတယ်…"

"ဆရာသခင် အပြင်ထွက်လာဖို့ ပန်ကြားအပ်ပါတယ်…"

စကားသံအဆုံး၌ ကောင်းကင်တွင် တိမ်မည်းများ ဖုံးလွှမ်းသွားပြီး နေ့အလင်းရောင် ကွယ်ပျောက်သွားရသည်။ ကောင်းကင်မှ ခရမ်းရောင်မိုးကြိုး ဆင်းသက်လာကာ ရှန်ရွှမ်တော်ဝင် သင်္ချိုင်းဂူအား ထက်ခြမ်းခွဲပစ်သည်။

ဧကရာဇ်၏ သင်္ချိုင်းဂူမှ သွေးမြူများ ထွက်ပေါ်လာပြီး ရယ်သံတခုနှင့်အတူ အဝါရောင် ဝတ်ရုံရှင်တဦး ထွက်လာသည်။

"ရှန်ရွှမ်!… ငါပြန်လာပြီ…"

ထိုသူက သွေးမြူကြားမှ ထွက်လာကာ သင်္ချိုင်းဂူအပြင်သို့ ထွက်လာသည်။ ပုံပန်းသွင်ပြင်အရ နက်မှောင်သည့် ဆံနွယ်များဖြင့် လူငယ်တဦး ဖြစ်သည်။ အပြင်ထွက်လာပြီးချိန်၌ စောင့်ရှောက်သူ နှစ်ဖွဲ့၏ အလယ်၌ နေရာယူလိုက်သည်။

စီမာဘိုနှင့် တခြားသော စောင့်ရှောက်သူများက ဦးညွတ် အရိုအသေပြုကြ၏ ။ တန်ရော်ဝေမှာ ထိုလူငယ်အား ကြည့်ကာ ကြောင်ငေးနေမိသည်။

"ဘိုးဘေး…"

သူမက ဘိုးဘေးခန်းမ၌ မြင်တွေ့ဖူးသည့် ရုပ်ပုံများအား စဉ်းစားမိကာ ရေရွတ်လိုက်မိသည်။

"တန်ကျိုးရှီ ဧကရာဇ် ရှင်းရှု…"

"ဟုတ်တယ် ကလေးရေ…"

လူငယ်လေးက ပြုံးသွားကာ…

"ငါ့ကို တွေ့ရတာ ပျော်နေရဲ့လား…"

တန်ရော်ဝေက ဦးညွတ်ကာ စကားမဆိုတော့ပေ။ ထိုအပြုအမူကြောင့် တန်ကျိုးရှီက ရွှင်ပျစွာ ရယ်သွားသည်။

သို့သော်လည်း ကလေးငယ် နှစ်ရာကြား၌ ကျေနပ်ရွှင်ပျစွာ ပြုံးရယ်နေသူ တဦးကို သတိမပြုမိဘဲ ရှိနေသေးသည်။

"ဒါပေါ့ ငါတော့ သိပ်ပျော်တယ်…"

ပိုင်ချူးရန်က ခေါင်းညိမ့်ကာ တီတိုးရေရွတ်၍ ပြုံးမိနေ‌သည်။

"နောက်ဆုံးတော့ မင်းကို ငါမိပြီ… လျှို့ဝှက်ချက် ပေါ်လာပြီပဲ…"

……

တန်ကျိုးရှီက သူ၏ မျိုးဆက်အား လျစ်လျူရှုထားကာ ကောင်းကင်သို့ မေ့ကြည့်သည်။ ထို့နောက်တွင် စီမာဘိုအား တချက်ကြည့်ကာ မေးခွန်းထုတ်သည်။

"ငါဆာနေပြီ…မင်းကို ရှာခိုင်းထားတဲ့ သွေးတွေ ဘယ်မလဲ…"

"အကုန်လုံး ဒီမှာပါ…"

စီမာဘိုက ဝတ်ရုံလက်အတွင်းမှ အလံအားထုတ်လိုက်ကာ ကလေးငယ်များအား ညွှန်ပြလိုက်သည်။

အခြေအနေ မဟန်သည်ကို တွေ့ရသည့်အတွက် ကလေးအများစုက ထွက်ပြေးရန် ကြိုးစားကြသည်။ သို့သော်လည်း ခြေထောက်အောက်ရှိ အစီအရင်က ချည်နှောင်ထားနေသည်။ တန်ရှီအား ရုတ်တရက် မြင်ရသည့်အတွက် ကလေးအများစုက လန့်ကာ ငိုကြွေးနေမိကြသည်။ တချို့မှာကား နေရာတွင်ပင် အပေါ့စွန့်မိကြသညိ။

"မဆိုးဘူး အဆင်ပြေတယ်…"

တန်ကျိုရှီက ကျေနပ်စွာ ခေါင်းညိမ့်ကာ လက်ရမ်းလိုက်ပြန်သည်။

"လာကြစမ်း ငါ့အတွက် သွေးတွေ ယူခဲ့ကြတော့…"

တန်ရှိ၏ အမိန့်အရ စစ်သည်များက ခါးတွင် ချိတ်ဆွဲထားသော ဓားများကို ထုတ်ကာ ကလေးငယ်များဆီသို့ လျှောက်သွားကြသည်။

"နေကြပါဦး…"

တန်ရော်ဝေက ကျယ်လောင်စွာ အော်ဟစ်လိုက်၏ ။

All Chapters