အမှန်တကယ် ပျော်ရွှင်ခြင်း(၁)
Vol. 3 Ch. 28
တန်ရော်ဝေက တန်ကျိုးရှီ ရှိရာသို့ ပြေးသွားကာ မျက်ခုံးပင့်၍ မေးခွန်းထုတ်လိုက်သည်။
"ဘိုးဘေး ရှန်ရွှန် ဧကရာဇ် ဖြစ်ရဲ့သားနဲ့ ရှန်ရွှမ်ပြည်သူတွေကို ဘာကြောင့် သတ်ခိုင်းတာလဲ…"
"ဒီလုပ်ရပ်က ဘာမှားနေလို့တုန်း…"
တန်ကျိုးရှီက ပျင်းရိစွာဖြင့် တန်ပြန်မေးခွန်းထုတ်သည်။
"ငါက ဧကရာဇ် သူတို့က ပြည်သူတွေ… ပြည်သူတွေရဲ့ တာဝန်က ဧကရာဇ်အတွက် အသက်ပေးဖို့ မဟုတ်ဘူးလား… သွေးစတေးခံ ဖြစ်လာပြီးတော့ ငါ့ကို ကျင့်စင်တက်ဖို့ ကူညီပေးတာက သူတို့အတွက် ဂုဏ်ယူစရာလေ…"
"ဘယ်လိုတောင် အဓိပ္ပာယ် မရှိတဲ့ စကားများလဲ…"
တန်ရော်ဝေက ဒေါသဖြစ်သွား၏ ။
"ဒီစကားက လူစကားတောင် မဟုတ်ဘူး…"
"ကလေးရေ ငါအုပ်စိုးတုန်းက ရှန်ရွှမ်နယ်မြေက အခုထက် သုံးပုံပုံ နှစ်ပုံ ပိုကျယ်တယ်… ဒါပေမယ့် ငါက တိုက်ပွဲတွေဝင်လေလေ သေမျိုးတွေမှာ အကန့်အသတ်ရှိတာကို ခံစားမိလာတာပဲ…"
တန်ကျိုရှီက သွေးရဲနေသည့် လက်သည်းများအား ထုတ်ပြလာသည်။
"ကုပြည်နယ် တခုလုံးကို အုပ်စိုးရင်တောင်…မဟုတ်သေးဘူး တလောကလုံး အုပ်စိုးနိုင်ရင်တောင် ငါ့ရဲ့အထက်မှာ လူတစု ရှိနေဦးမှာ… စစ်တပ် ဘယ်လောက်များများ ချပ်ဝတ် ဘယ်လောက်ကောင်းကောင်း ငါသူတို့ကို အနိုင်မယူနိုင်ဘူး… အင်မော်တယ်တွေက ငါ့ကို သတ်ဖို့ ဓားတချောင်းပဲ သုံးရမှာ… ငါကတော့ ဒီလို အခြေအနေကို မလိုလားဘူး… ငါက ဧကရာဇ်… ငါဆိုတဲ့ကောင်က တခြားသူထက် ပါရမီသာပြီးတော့ ပိုတော်တယ်…အဲ့တာမို့ ငါ့ရဲ့ အထက်က လူတွေလျှောက်တဲ့ လမ်းစဉ်ပဲ လျှောက်တယ်…"
"ဒါဆို ပြောချင်တာက ဘာများလဲ…"
တန်ရော်ဝေက မေးလာသည်။
"ငါပြောချင်တာက… ငါ လူသားမဆန်တာ အချိန်တော်တော်ကြာပြီ…"
တန်ကျိုးဝေက စကားအဆုံး၌ အားပါးတရ ရယ်လိုက်တော့သည်။
"လုပ်လိုက်တော့…"
စစ်သည်နှင့် အမှုထမ်းများ၏ ချိန်ရွယ်ထားသည့် ဓားများ မျက်နှာပြင်များ၌ ကြောက်လန့်နေသည့် ကလေးငယ်များ၏ ပုံရိပ်များ ရောင်ပြန်ဟပ်နေသည်။
……
"အရှင့်သမီးတော်…"
စီမာဘိုကလည်း အကြံပြုစကား ပြောလာသည်။
"အခြေအနေကို သိတောက အသက်ရှင်နိုင်တဲ့ နည်းလမ်းပါ… နောက်ပြီး အရှင် စွမ်းအားတက်လာတာက နိုင်ငံတော်အတွက် ကောင်းကျိုးပါပဲ…"
"စီမာဘို နင်က ငကြောက်ပဲ…"
တန်ရော်ဝေက ထိုသူအား တချက်ကြည့်ကာ မှတ်ချက်ပေးလိုက်သည်။
"ငါက နင့်လို မဟုတ်ဘူး…"
သူမက သတိလွတ်နေသည့် ရှန်ရွှမ် ဧကရာဇ် ရှိရာသို့ ပြေးသွားကာ ခါးမှ ဓားရှည်အား ဆွဲထုတ်လိုက်သည်။
ဓားကိုင်ဆွဲပြီးချိန်၌ တန်ရော်ဝေက ကလေးငယ်များအား ရှင်းပစ်ကြမည့် စစ်သည်များ၏ ရှေ့သို့ ခုန်ပျံသွားသည်။
"ရပ်စမ်း…"
ဓား၌ မျက်နှာပြင်က နေရောင်ဖြင့် လင်းလက်နေကာ ရွှေရောင်ချီများသည်လည်း ရစ်ပတ်လျက်ရှိနေသည်။
တန်ရော်ဝေက ဓားအား ဝေ့ရမ်းလိုက်ရာ စစ်သည်တစု မြေသို့ လဲကျသွားရသည်။
"ဟ မဆိုးဘူးပဲ…"
တန်ကျိုရှီက အေးစက်စွာ စကားဆိုကာ လက်ညှိုးအား အသာဝေ့ယမ်းမှု ပြုသည်။
စစ်သည်အုပ်စုမှ စစ်သူကြီးများစွာက ဓားကိုင်ဆွဲ၍ ခုတ်ထွက်လာကာ တန်ရော်ဝေထံသို့ ပြေးသွားကြသည်။ ထိုသူများမှာ ချီသန့်စင်ခြင်းအဆင့်များ ဖြစ်သည်။ သို့ဖြစ်ရာ ခဏကြာ ရင်ဆိုင်ပြီးချိန်၌ တန်ရော်ဝေ အရေးနိမ့်သွားပြီး အဖမ်းခံလိုက်ရသည်။
"ထွီ…"
ဖမ်းဆီးခံရပြီးသည့်တိုင် မင်းသမီးက ခေါင်းညိမ့်ရန် ငြင်းပယ်ကာ တံတွေးထွေးလိုက်သေးသည်။ သူမက ဘိုးဘေးနှင့် သစ္စာဖောက်များအား ဒေါသဖြင့် စိုက်ကြည့်နေတော့သည်။
"ဆရာသခင်…"
စီမာဘိုက အလျင်အမြန်ပင် ဦးညွတ်လိုက်၏ ။
"အရှင့် သမီးက ငယ်သေးတော့ စိတ်လိုက်မာန်ပါ လုပ်မိတာပါ… နောက်ပြီး သူက အရှင့်ရဲ့ မျိုးဆက်ပါပဲ… ကျွန်တော့်ကိုပဲ ပေးလို့ရမလား… တပည့်က နာခံတတ်အောင် လုပ်ပါ့မယ်…"
"မာဘို ငါဘယ်လို သင်ပေးထားလဲ မေ့နေတာလား…"
တန်ကျိုရှီက ပြောလာသည်။
"ငါ့အတွက် မနာခံတတ်တဲ့ တပည့်မလိုအပ်ဘူး… နောက်ပြီးတော့ ငါတို့က ကျင့်ကြံသူတွေ အဲ့တာကြောင့် သေမျိုးနဲ့ ဆက်ဆံရေးကို ပူစရာမလိုအပ်ဘူးလေ… မင်းသာ မိန်းမချောမိန်းမလှလေး လိုချင်ရင် တခြားနိုင်ငံတွေနဲ့ ကျင့်ကြံခြင်းလောကမှာ မရေမတွက်နိုင်အောင် ရှိတယ်… မင်းသာ အားကောင်းလာရင် လိုချင်တာ ရမှာပဲ… ဒီလို မသိတတ်တဲ့ မိန်းကလေး… သူ့ကို စားလိုက်… မင်းက င့ါ့အတွက် သန့်စင်တဲ့ ကလေးတွေ ရှာပေးထားတယ်ဆိုတော့ ဒါက မင်းရဲ့ဆုပေါ့…"
"ဆရာသခင်…"
စီမာဘိုက ခဏတာ တွန့်ဆုတ်နေသးသည်။ ထို့နောက်တွင် ဦးညွတ်လိုက်ကာ…
"ဟုတ်ကဲ့… ကျေးဇူးပါ ဆရာသခင်…"
"မင်းလည်း အခြေတည်အဆင့်ရောက်ဖို့ နီးနေပြီ မဟုတ်လား… ဒန်တျန်ဖွဲ့စည်းပြီးတာနဲ့ သွေးနတ်ဘုရား အတတ်ကို စလို့ရပြီ…"
တန်ရန်က နတ်ဆိုးဆန်သည့် အပြုံးပြုံးလိုက်ကာ…
"သူ့သွေးသောက်ပြီးရင် မင်းဒန်တျန်ဖွဲ့စည်းတာ အထောက်အကူဖြစ်လိမ့်မယ်…"
"ဆိုးချက်ပဲ…"
ထိုအချိန်၌ တော်ဝင်သင်္ချိုင်းဂူ အပြင်မှ ကျယ်လောင်သည့် အသံတခု ကြားလိုက်ရသည်။
"ဟမ်…"
တန်ကျိုရှီက မျက်နှာပျက်သွားကာ…
"ဘယ်သူတုံး…"
သို့သော်လည်း အသံရှင်က ဧကရာဇ်အား လျစ်လျူရှုကာ စကားဆက်လာသည်။
" တော်ဝင်သွေးကို သောက်ပြီးမှ ဒန်တျန်ဖွဲ့စည်းမယ်တဲ့လား… ငါဘာလို့ မသိတာပါလိမ့်… မဟုတ်တဲ့ လမ်းစဉ်က မကျွမ်းကျင်တဲ့ မင်းလို ဂျူနီယာက တခြားသူကို ဒန်တျန်ဖွဲ့စည်းဖို့ ညွှန်ကြားနေတာတဲ့လား… နတ်ဆိုး ကျင့်စဉ်တပိုင်း ကျင့်ကြံသူရေ မင်းက တခြားသူတွေကို အန္တရာယ်ပြုပြီးမှ ဒန်တျန်ဖွဲ့စည်းနိုင်မယ် ထင်နေတာတော့ မဟုတ်လောက်ဘူး… ဘယ်လောက် ခက်တယ်ဆိုတာကို သိနေရဲ့လား… အခြေတည်ဆောက်ခြင်း အဆင့်ကို အထင်မသေးစမ်းနဲ့…"