← Chapters

ဓားတလက်ကျန်သေး၏

Vol. 3 Ch. 29

ဓားတလက်ကျန်သေး၏

Vol. 3 Ch. 29

……

"မင်းပြောနေတာလား…"

တန်ကျိုရှီက ပင့်သက်ရှိုက်လိုက်သည်။

"ငါက အခြေတည်အဆင့်မှာလေ… တခြားသူတွေကို ဒန်တျန် ဖွဲ့စည်းဖို့ မသင်ပေးရဘူးလား…"

"မင်းက အခြေတည်အဆင့် ရောက်နေတော့ကော ဘာဖြစ်လဲ… ဒန်တျန်ဖွဲ့စည်းတာကိုတောင် နားမလည်သေးဘူးလေ…"

အသံရှင်က ပြင်းထန်စွာ ပြောနေသေးသည်။

"နောက်ပြီး ဒီနေ့ မင်းအစီအစဉ်ကို ကြည့်ဦး… သွေးစတေးပွဲနဲ့ ရွှေအမြုတေအဆင့် တက်ချင်တယ်တဲ့လား… အစီအရင်က မသပ်မရပ်တာများ ငါလို့ အမှန်တရား ကျင့်ကြံသူတောင် မကြည့်ချင်ဘူး… မင်းက အခြေအနေ အချိန်အခါဆိုတဲ့ အခြေခံတောင် မသိနေတာ ဒါကိုတောင် ဒန်တျန်ဖွဲ့စည်းတာကို နားလည်တယ်တဲ့… မင်းက ကံကောင်းလို့ အခြေတည်အဆင့်ရောက်တာ ဖြစ်ရမယ်…"

"မင်းက ကြွက်တကောင်လို ပုန်းနေပြီးတော့ လေကြီးနေတယ်…"

ထိုစကားကြောင့် တန်ကျိုရှီက မျက်မှောင်ကြုံ့မိသွားသည်။

"ငါနဲ့ လာရင်ဆိုင်လေ…"

"ဘုန်း…"

စကားအဆုံး၌ အစီအရင်အတွင်းရှိ ကလေးငယ် နှစ်ရာရှိနေရာမှ ကြီးမားသည့် စွမ်းအင်လှိုင်းတခု ထွက်လာသည်။ တန်ရော်ဝေအား ဖမ်းချုပ်ထားသည့် စစ်သည်များသည်လည်း ထိုလှိုင်းဖြင့် လွင့်ထွက်သွားကြသည်။ ထို့နောက်တွင် ညင်သာသည့် စွမ်းအင်လှိုင်းတခု ထွက်ပေါ်လာကာ ကလေးငယ်များအား အိပ်မောကျသွားစေသည်။

ကလေးငယ်များကြားမှ ဒေါသဖြစ်နေပုံရသည့် ကလေးငယ်တဦးက ရှေ့ထွက်လာသည်။ ခြေတလှမ်းစီ၌ ခန္ဓာကိုယ်ကြီးထွားလာကာ ဆံပင်များသည်လည်း အဖြူရောင် ပြောင်းလာ၏ ။ တန်ရော်ဝေ၏ ရှေ့သို့ ရောက်ချိန်၌ ပိုင်ချူးရန်၏ အသွင်သဏ္ဍာန်ဖြစ်နေပြီ ဖြစ်သည်။

"ပိုင်ချူးရန်…"

တန်ဝေက ရုတ်တရက် ရေရွတ်လိုက်၏ ။

"နင် ဘယ်လိုရောက်လာတာလဲ…"

"နတ်ဆိုး သတ်ဖို့ပေါ့…"

ပိုင်ချူးရန်က မျက်နှာကြည်မနေချေ။

"ဒါပေမယ့် ဒီကောင်က တော်တော် အရှက်မဲ့တာပါလား…"

"သူပဲ…"

စီမာဘို၏ မျက်နှာတွင်လည်း အံ့အားသင့်သွားပုံ ပေါ်နေသည်။

"သူ့ကို သိနေတာလား…"

တန်ကျိုရှီက မေးလာသည်။

"သူ့ကို မန်တောင်တန်းမှာ တခေါက်တွေ့ဖူးပါတယ်…"

စီမာဘိုက စိတ်အေးသွားကာ…

"ဆရာသခင် သူက ချီသန့်စင်ခြင်းအဆင့်လေးပါပဲ…"

"ချီသန့်စင်ခြင်းအဆင့်…"

တန်ကျိုးရှီက ဟားတိုက်ရယ်လိုက်ကာ…

"မင်းလား လေကျယ်နေတဲ့သူက…"

"အဲ့တော့ကော…"

ချုးရန်က တဖက်သူအား သရော်လိုက်သည်။ ထို့နောက်တွင် အစီအရင်မှ လိုအပ်ချက်နှင့် လှစ်ဟာနေမှုများအား ညွှန်ပြသည့်အပြင် သင်္ချိုင်းကိုလည်း မှတ်ချက်ပေး၏ ။

တန်ကျိုရှီက ချူးရန်၏ ထောက်ပြမှုနှင့် သူ၏ နားလည်မှုအား စိတ်အတွင်း၌ နှိုင်းယှဉ်မှု ပြုလုပ်ကြည့်ရာ သိသိသာသာ တိုးတက်လာသည်ကို သိလိုက်ရသည်။

တဖက်သူ၏ မျက်နှာအမူအရာကြောင့် ချူးရန်က မေးခွန်းထုတ်ပြန်သည်။

"ကဲဘယ်လိုလဲ… မသိနားလည်တဲ့ ဂျူနီယာရေ…"

"အဲ့တော့ ဘာဖြစ်သလဲ…"

တန်ကျိုရှီက လက်ဆန့်တန်းလိုက်ကာ…

"ခင်ဗျားက ချီသန့်စင်ခြင်းအဆင့် ဂျူနီယာလေးလေ… ကျုပ်ကကော… ရွှေအမြုတေ အဆင့်ရောက်ဖို့ ခြေတလှမ်းပဲ လိုတော့တာပေါ့…"

ချူးရန်က တဖက်သူအား စိုက်ကြည့်ကာ စကားမဆိုပေ။

"နောက်ပြီး ကျုပ်က အခြေတည်အဆင့် ကျင့်ကြံသူ တင်မကဘူး ရှန်ရွှမ်ဧကရာဇ်ပဲလေ…"

တန်ကျိုရှီက ကျယ်လောင်စွာ ပြောပြန်သည်။

"ကျုပ်မှာ စစ်သည် သုံးထောင် အစောင့်အရှောက် နှစ်ဆယ့်ရှစ်ယောက်ရှိတဲ့အပြင် ကျုပ်ကိုယ်တိုင်က ခင်ဗျားထက် ကျင့်ကြံမှုမြင့်တယ်… ကိုယ်တိုင်လှုပ်ရှားဖို့တောင် မလိုဘူး… အမိန့်ပေးရုံနဲ့ တစစီဖြစ်အောင် လုပ်ခိုင်းလို့ရတယ်… ခင်ဗျားက ဘယ်လို ရင်ဆိုင်မလဲ…"

ချူးရန်က စကားမဆိုဘဲ ဘေးဘီသို့သာ တချက်ဝေ့ကြည့်သည်။ စစ်သည်များမှာ တန်ကျိုရှီ၏ ထိန်းချုပ်ခံထားရပြီ ဖြစ်၏ ။ သို့ဖြစိရာ မင်းသမီးနှင့် သူအား ဝိုင်းထားကြသည်။ စစ်သည်များ၏ အနောက်တွင် အစောင့်‌အရှောက်များလည်း ရှိနေသေးသည်။

စစ်သည်အုပ်အတွင်း၌ ချီသန့်စင်ခြင်း အဆင့် စစ်သူကြီးများလည်း ရှိနေသေးသည်။ ထို့အပြင် အစောင့်အရှောက်များမှာလည်း ချီသန့်စင်ခြင်း အဆင့်များတည်း။

ချူးရန်၏ ရှေ့၌ တန်ရှီ ထိန်းချုပ်ထားသည့် ဧကရာဇ်၊ အိမ်ရှေ့စံ၊စစ်သည်နှင့် အမှုထမ်းများ ရှိနေသည်။ အနောက်တွင်မူ အင်အားကုန်နေပြီ ဖြစ်သော တန်ဝေနှင့် အိပ်မောကျနေသည့် ကလေးငယ်များ ရှိသည်။

"အရူး…"

တန်ရော်ဝေက ဓားတလက် ကိုင်ဆောင်က အောင့်သက်သက်ဖြင့် ပြုံးလိုက်သည်။

"နင်က သူ့ကို ရှင်းပစ်ချင်ပေမယ့် ကိုယ့်အင်အားလည်း ထည့်တွက်ရဦးမယ်… ဒီမှာက စစ်သည် ထောင်ချီတယ် ပြီးတော့ တဝက်လောက်က ရှန်ရွှမ်ရဲ့ ဆရာကြီးတွေ…"

"အဲ့တော့ ဘာမူရဦးမလဲ…"

ချူးရန်က အပြုံးမပျက်ဘဲ ရှိနေသည်။

အမှန်တရားအား ထိန်းသိမ်း စောင့်ရှောက်ခြင်းက ချီမင် တပည့်တဦးစီ၏ တာဝန်ပင်။ အမှန်တရားဟု အမည်ရသည့် အရာ၏ တန်ဖိုးမှာ အချိန်ကာလ မည်သို့ပြောင်းလဲစေကာမူ ယိုယွင်းပျက်စီးသွားမည် မဟုတ်ပေ။

ယခုကောင်းကင်မှ တိမ်မည်းနှင့် တိမ်ဖြူများ ရောယှက်သည့် အခြေအနေဖြင်ဘ သာဓက ပြနိုင်သေးသည်။ တိမ်မည်းတခု ဖြစ်လာရန် တိမ်ဖြူနှင့် တိမ်မည်းများ ရောယှက်ရသည်။ သို့သော်လည်း မည်သည့်အချိန်ကာလတွင် ဖြစ်စေ တိမ်မည်းအနေဖြင်ဘ တိမ်ဖြူဖြစ်မလာနိုင်ပေ။ ထိုနည်းတူပင် အပြစ်မဲ့သူနှင့် အားနည်းသူများအား ရှင်းပစ်ခြင်းဖြင့် နာမည်ကောင်း ရနိုင်မည် မဟုတ်ချေ။

ချူးရန်က ခြေထောက်အောက်မှ အစီအရင်တခုဖြင့် တန်ရော်ဝေအား ကာကွယ်ကာ ရှေ့သို့ တက်လိုက်သည်။

All Chapters