← Chapters

နောက်ထပ် ရင်းနှီးမြုပ်နှံမူ

Vol. 3 Ch. 21

နောက်ထပ် ရင်းနှီးမြုပ်နှံမူ

Vol. 3 Ch. 21

​"သူဋေး... မာကျန်းတို့ဘက်က အလုပ်ပြီးသွားပြီ..သွားကြည့်ဦးမလား..ခဗျ.."

​"အိုး.. မြန်လှချည်လား.."

​လင်းဖန် တစ်ချက် ပျင်းကြောဆန့်လိုက်ရင်း အခန်းပြင်သို့ ခပ်သွက်သွက် လျှောက်လာသည်။

"ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကနေ ရွှေဥလေးတွေ ဘယ် လောက်တောင် ပေါက်ဖွားလာပြီလဲဆိုတာ သွားကြည့်ရသေးတာပေါ့.."

​ခဏအကြာတွင်...

ဗီလာအတွင်း၌ မာကျန့း၊ ချန်ယန်၊ ရွှီသုန်းလိုင် နှင့် ယန်မင်တို့ ဦးဆောင်သော ဘဏ္ဍာရေး အဖွဲ့ သားများသည် ငြိမ်သက်စွာ ရပ်စောင့်နေကြ သည်။ ရှေ့ဆုံးခုံတွင် ထိုင်နေသော လင်းဖန် ကတော့ စားပွဲပေါ်က အစီရင်ခံစာများကို တစ်ရွက်ချင်း အာရုံစိုက် စစ်ဆေးနေသည်။

​အဖွဲ့ (၄) ဖွဲ့စလုံးသည် ပဲပုပ်စေ့ဈေးကွက်တွင် ယွမ်သန်း ၄၀၀ စီ တူညီစွာ ရင်းနှီးခဲ့ကြသော် လည်း သူတို့၏ ဗျူဟာနှင့် ဝယ်ဈေး၊ ရောင်း ဈေးများမှာ အနည်းငယ်စီ ကွာဟမှု ရှိနေသည်။ အဖွဲ့ (၁) သည် ပထမဆုံး စတင်ဝယ်ယူခဲ့ သော် လည်း ဈေးကွက်ထဲက နောက်ဆုံးမှ ထွက်ခဲ့ခြ င်းကြောင့် အမြတ်ငွေ ယွမ် ၁၄ ဘီလီယံကျော် ဖြင့် ထိပ်ဆုံးက ဦးဆောင်နေသည်။ ကျန်အဖွဲ့မျ ားမှာလည်း အရှုံးမရှိဘဲ အမြတ်ငွေများ အသီးသီး ရရှိခဲ့ကြ၏။

​"ကောင်းပြီ... ဒီပဲပုပ်စေ့တိုက်ပွဲက ငါချမှတ်ပေး တဲ့ လမ်းကြောင်းဆိုပေမဲ့ တကယ့်လက်တွေ့မှာ အကောင်အထည်ဖော်ခဲ့တာက မင်းတို့တွေပဲ.. အခု အမြတ်ငွေ ၄၃.၂ ဘီလီယံအထိ ရတယ် ဆိုတာ မင်းတို့အားလုံးရဲ့ ကြိုးစားမှုကြောင့်ပဲ.."

​လင်းဖန် စကားကို ခေတ္တရပ်ကာ ပတ်ဝန်းကျင် ကို ဝေ့ကြည့်လိုက်၏။ လူတိုင်း၏ မျက်နှာတွင် မျှော်လင့်ချက်အပြည့်ဖြင့် သူ့ကို စိုက်ကြည့် နေ ကြသည်ကို တွေ့လိုက်ရသဖြင့် လင်းဖန် သ ဘောကျစွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။

​"ဟားဟား..ငါ့လက်အောက်မှာ အလုပ်လုပ်ရင် ကြိုးစားသလောက် အကျိုးခံစားခွင့် ရှိရမယ် ရှင်းယာ.. သူတို့ကို အဲဒါတွေ ပေးလိုက်တော့.."

​"ဟုတ်ကဲ့ သူဋေး.."

​မိုရှင်းယာက ချက်လက်မှတ်များကို ဝေပေး လိုက်သည်။

​"မင်းတို့လက်ထဲကဟာတွေကို ကြည့်လိုက်ကြစ မ်း.. အဲဒါတွေက ICBC ဘဏ်က အချိန်မရွေး ငွေထုတ်လို့ရတဲ့ ချက်လက်မှတ်တွေပဲ.. ဒီတစ်ခ ါ မင်းတို့ရဲ့ အောင်မြင်မှုအတွက် အမြတ်ငွေရဲ့ ၁ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ပေးဖို့ ငါဆုံးဖြ တ်လိုက်တယ်.."

​

ဟာခနဲ ဖြစ်သွားသော အသံများနဲ့အတူ အခန်း ထဲတွင် ဝမ်းသာအားရ အော်ဟစ်သံများ ဖုံးလွှမ်းသွားသည်။

စုစုပေါင်း အမြတ်ငွေ ၄၃.၂ ဘီလီယံ၏ ၁ ရာ ခိုင်နှုန်းဆိုသည်မှာ ယွမ် သန်း ၄၀၀ ကျော်ပင် ဖြစ်သည်။ ဝန်ထမ်း ၂၀ ခန့်သာ ရှိသဖြင့် တစ် ယောက်လျှင် အနည်းဆုံး ယွမ်သန်း ၂၀ စီ မြန်မာငွေ ဘီလီယံနှင့်ချီ၍.ရရှိကြမည် မဟုတ် ပါလား။

​"ကဲ... ဝမ်းသာတာ တော်ကြတော့.နောက်ထပ် ပိုအရေး ကြီးတဲ့ အလုပ်တွေ လာဦးမယ်.."

လင်းဖန် လက်ကာပြရင်း လေသံကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်သည်။

​"ပဲပုပ်စေ့ဈေးကွက် ရုတ်တရက် ထိုးတက် သွားတာက ကမ္ဘာ့စီးပွားရေးမှာ ဂယက်ရိုက် သွားပြီ နိုင်ငံတကာလို စျေးကွက် အဖွဲ့အ စည်းကြီးတွေတောင် ဒါကို ထိန်းနိုင်မှာ မဟုတ် တော့ဘူး..သူတို့တွေ လာမယ့်အပတ်မှာ ဆီ ဈေးကွက်ကို စတင်ကစားကြလိမ့်မယ်.. အဲဒီအ ချိန်မှာ နိုင်ငံတကာ ရွှေဈေးကလည်း လိုက်ပါ လှုပ်ခတ်လာလိမ့်မယ်.."

​"ငါ့ခန့်မှန်းချက်အရ ရွှေဈေးက တစ်အောင်စကို ဒေါ်လာ ၂,၀၀၀ ကျော်သွားနိုင်တယ်.. ၁,၉၅၀ ကနေ ၂,၂၀၀ ဝန်းကျင်အထိ ရောက်သွား လိမ့်မယ်..."

​ယခုအခါ ဘဏ္ဍာဝန်ထမ်းများမှာ လင်းဖန်ကို 'စတော့နတ်ဘုရား' တစ်ပါးလို ယုံကြည်နေ ကြ ပြီပဲ ဖြစ်သည်။

​"အမြတ်ငွေထဲက ယွမ် ၃၀ ဘီလီယံကို ထုတ်ပြီး ဒေါ်လာ ၅ ဘီလီယံအဖြစ် ပြောင်းလဲမယ်.. အဲဒီ ပိုက်ဆံအားလုံးကို ရွှေပဲ ဝယ်ပစ်လိုက်မယ်.. ဈေးကွက် ဘယ်လောက်လှုပ်လှုပ် လုံးဝပြန် မရောင်းနဲ့.. ငါ့ရဲ့ သတ်မှတ်ချက်က တစ်ခုပဲ... စက်တင်ဘာမတိုင်ခင် အားလုံးကို အရောင်းအ ဝယ်ပိတ်ပြီး ဈေးကွက်က ထွက်ရမယ်.. တ ကယ်လို့ စက်တင်ဘာမတိုင်ခင်မှာတင် ဈေးက ၂,၂၀၀ နား ရောက်လာရင်လည်း..မင်းတို့ ပြတ်ပြတ်သားသားသာ ရောင်းချလိုက်ကြ.."

​"နောက်ပြီး... လူတွေရိပ်မိလို့မရအောင် လမ်းကြောင်းအမျိုးမျိုး ခွဲပြီး လုပ်ကြပါ.."

လူတိုင်းက တညီတညွတ်တည်း အားတက်သရော ပြန် ပြောလိုက်ကြသည်။

​"ဟုတ်ကဲ့ ..နားလည်ပါပြီ သူဋေး"

​လင်းဖန် ထွက်သွားပြီးနောက်...

လက်နက်အပြည့်အစုံဖြင့် သက်တော်စောင့် ၂၄ ဦးသည် ဗီလာအမှတ် (၂) ကို ဝန်းရံကာ လုံခြုံ ရေးကို အထူးတင်းကျပ်လိုက်သည်။

ဤရွှေလုပ်ငန်းစဉ်သည် အလွန်အရေးကြီးပြီး အမှားအယွင်း လုံးဝမခံသဖြင့် ရွှေဝယ်ယူမှု ပြီးဆုံးသည့်နေ့အ ထိ မည်သူ့ကိုမျှ အပြင်ထွက်ခွင့် ပြုမည်မဟုတ် ပေ။

​"ရှင်းယာ.. CCB နဲ့ ABC ဘဏ်တွေကို အ ကြောင်းကြားလိုက်..အဲဒီမှာ နောက်ထပ် ယွမ် ၅ ဘီလီယံစီ သွားအပ်မယ်.."

မိုရှင်းယာက နားမလည်နိုင်စွာ မေးလိုက်သည်။

​"သူဋေး.. ဘာလို့ ဘဏ်တွေ ခွဲအပ်တာလဲဟင်.."

​"ဟမ့်... ဥတွေကို ခြင်းတောင်းတစ်တောင်းတည်းထဲ စုထည့်ထားလို့ မဖြစ်ဘူးလေ..နောက်ပြီး ရွှေ ဈေးကွက်ထဲကို ဝင်ဖို့အတွက် ငါတို့မှာ လမ်း ကြောင်းမျိုးစုံ ရှိနေဖို့ လိုတယ်.."

လင်းဖန် မျက်လုံးများ တောက်ပလျက် အဓိပ္ပာယ်ပါပါ ပြုံးရင်း ပြောလိုက်ပေသည်။

All Chapters