ကမ္ဘာ့အဆင့် ပြိုင်ကားမောင်းနှင်ခြင်း စွမ်းရည်
Vol. 3 Ch. 22
( ဒင် ..ဂုဏ်ယူပါသည် ပိုင်ရှင်ဟာ ငွေသားဘီလီယံ ၄၀ ကို အောင်မြင်စွာ ရရှိသွားပါပြီ.. ဆက်ခံရမည့် အမွေအနှစ်အား ကျပန်းစနစ်ဖြင့် ရွေးချယ်ပေးပါမည်..)
( ဒင်..ဂုဏ်ယူပါသည်..ပိုင်ရှင်ဟာ F1 ကမ္ဘာ့ချန်ပီယံ ဘတ်တန်၏ အမွေအနှစ်များနှင့် ပြိုင်ကားမောင်းနှင်မှုဆိုင်ရာ ကျွမ်းကျင်မှုများကို အောင်မြင်စွာ ဆက်ခံရရှိသွားပါပြီ)
ရုတ်တရက် ထွက်ပေါ်လာသော စနစ်၏ အသိပေးသံကြောင့် လင်းဖန် အံ့အားသင့်သွားရသည်။ယခုတစ်ခေါက် စနစ်ထံမှ ဆုလာဘ်က အတော်လေးကို အမှတ်မထင် ဖြစ်နေ၏။မည်သည့်ရွေးချယ်ခွင့်မျှ မရှိဘဲ ကမ္ဘာ့အဆင့် ပြိုင်ကားမောင်း ကျွမ်းကျင်မှုများအား သူ တိုက်ရိုက်ကြီး ရရှိလိုက်ခြင်းပင်။
အမှန်တကယ်တော့ သူက မနက်ဖန်ကျလျှင် ကားပြိုင်ပွဲအား လိုက်ကြည့်ရုံသာ ရည်ရွယ်ထားသော်လည်း ယခုတော့ သူကိုယ်တိုင်ပင် ပြိုင်ကားမောင်းသူ ဖြစ်သွားချေပြီ။
၂၀၁၈ ခုနှစ်.. ဇူလိုင်လ ၁၆ ရက် - ကျင်းလင်မြို့.. ချင်းချန် ဗီလာနယ်မြေတွင်..
လင်းဖန်သည် ဝမ်ချောင် ပေးထားသော လိပ်စာအတိုင်း မနက်စောစောကတည်းက ရောက်လာခဲ့သည်။ ကျန်းခန် ဗီလာနယ်မြေသည် ရှုခင်းအလွန်လှပပြီး သမိုင်းဝင် ရွှမ်ဝူကန်နှင့်လည်း နီးကပ်နေပေသည်။ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း စိမ်း လန်းစိုပြည်ပြီး တည်ငြိမ်အေးချမ်းလှ၏။
"ဟေး... မင်းကားက လန်းလှချည်လား.."
ဝမ်ချောင်တစ်ယောက် အိမ်ထဲမှ ထွက်လာသည်နှင့် လင်းဖန်၏ ဘေးနားရှိ ငွေရောင် ပြိုင်ကားအား မြင်လိုက်ရာ အံ့သြတကြီး အော်လိုက်မိသည်။ထိုကားမှာ Koenigsegg ONE:1ပင် ဖြစ်၏။ကမ္ဘာပေါ်တွင် ၆ စီးသာရှိပြီး တန်ဖိုးမှာ သန်းရာချီရှိသည့် ဒဏ္ဍာရီလာ စူပါကားပင်။ဝမ်ချောင်ကိုယ်တိုင်လည်း ဤကားအား တစ်ချိန်က အလွန်မက်မောခဲ့ဖူးသော်လည်း ဝယ်ယူရန် မလွယ်ကူခဲ့ပေ။ယခု မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်းဟာ သူ့အတွက် အိပ်မက်တစ်ခုလိုပင်။
"ဒါက မင်းပြောတဲ့..သူဋေးလေးတွေရဲ့.. ကားပြိုင်ပွဲလေ..ဒါကြောင့် ငါ အားလုံးကို အကောင်းဆုံး ပြင်ဆင်ထားရမယ်..မင်းတို့လို သူဋေးလေးတွေကြောင့် ငါ့ မျက်နှာတော့ အပျက်မခံနိုင်ဘူး..ဟဲဟဲ.."
လင်းဖန် ရယ်မော၍ ပြောလိုက်သည်။ ဝမ်ချောင်က မျက်စိလှန်ပြရင်း ပြန်ခနဲ့သည်။
"ထားပါတော့ကွာ.. မင်းနဲ့ယှဉ်ရင် ငါက လူဆင်းရဲလေးပါ"
မနေ့က စနစ်ထံမှ ဆက်ခံရရှိထားသော F1 ချန်ပီယံ ကားမောင်း ကျွမ်းကျင်မှုကြောင့် လင်းဖန်လက်ယားနေပြီး ကားအား အမြန်ဆုံး စမ်းမောင်းချင်နေပြီဖြစ်သည်။
"ကဲ... သွားကြစို့..ငါ့သူငယ်ချင်းတွေလည်း ကွင်းထဲမှာ စောင့်နေကြပြီ.. မင်းကားနဲ့ပဲ သွားရအောင်"
ဝမ်ချောင်ကပြောကာ ဘေးမှ ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
"အမ်... မင်းကား မမောင်းဘူးလား.."
"ငါ့ရဲ့ Bugatti Veyron ကို ပြင်ထားတာပဲ..ဒါပေမဲ့ မင်းကားကို မြင်လိုက်ရတော့ ငါ့ကားကို မမောင်းချင်တော့ဘူး.."
ဝမ်ချောင်က စိတ်ပျက်လက်ပျက်ဖြင့် ဖြေလိုက်သည်။ အမြဲတမ်း လူကုံထံသားအဖြစ် ကြွားဝါလေ့ရှိသော ဝမ်ချောင်တစ်ယောက် လင်းဖန်ရှေ့မှာတော့ အခြွေ အရံအဆင့်သာ ဖြစ်နေရသည်။
" ဘွမ်း..ဘွမ်း.."
လင်းဖန် ပြုံးလိုက်၍ စက်ခလုတ်အား နှိပ်လိုက်သည်။ လီဗာအား သူ ခပ်ဖွဖွ နင်းလိုက်သည်နှင့် ကားဆီမှ သားရဲတစ်ကောင် ဟိန်းဟောက်သံကဲ့သို့ အသံနက်ကြီး ထွက်ပေါ်လာ၏။တစ်ခဏချင်းမှာပင် ငွေရောင်အရိပ်တစ်ခုသည် လျှပ်စီးကဲ့သို့ ပြေးထွက်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
မြို့လယ်ခေါင်သို့ ရောက်သောအခါ လင်းဖန်သည် ကားအား လူစည်ကားသော လမ်းဘေး မနက်စာဆိုင်လေးတစ်ဆိုင်တွင် ရပ်တန့်လိုက်သည်။
ဝမ်ချောင်တစ်ယောက် ကြောင်ကြည့်နေပြီးမှ မေးလိုက်သည်။
"မင်း..ဒီမှာပဲ မနက်စာ စားမလို့လား.."
လင်းဖန်ကတော့ ဂရုမစိုက်ပေ။
"ဒါပေါ့... ဒီဆိုင်လေးက စားလို့ကောင်းတယ်"
ဟု ပြော၍
"ဦးလေး... ပဲနို့နှစ်ပန်းကန်၊ အီကြာကွေး လေးချောင်းနဲ့ လက်ဖက်ရည်ဥ နှစ်လုံး ပေးပါ" ဟု မှာလိုက်သည်။
" ဘုရားရေ.. ဒီ ကား..".
ဆိုင်ပိုင်ရှင်ကြီးမှာမူ စူပါကားကြီးအား ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေရှာသည်။ သန်းရာချီတန်သော ပြိုင်ကားကြီးဖြင့် လမ်းဘေးဆိုင်တွင် မနက်စာ လာစားနေကြသည်မှာ သူ့အတွက်တော့ ထူးဆန်းလှသော မြင်ကွင်းပင်။
သို့ပေမဲ့ လင်းဖန်နှင့် ဝမ်ချောင်တို့ကတော့ ဘာကိုမျှ ဂရုမစိုက်ဘဲ လမ်းဘေးစားသောက်ဆိုင်၏ အရသာအား မြိန်ရည်ယှက်ရည်စွာ ခံစားနေတော့သည်။