← Chapters

ဂုဏ်သိက္ခာနှင့်လောင်းကြေး

Vol. 3 Ch. 24

ဂုဏ်သိက္ခာနှင့်လောင်းကြေး

Vol. 3 Ch. 24

ချင်လင်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင်မှ လင်းဖန် နားလည်သဘောပေါက်သွားပေသည်။

ဝမ်ချောင်နှင့်ရူစီယန်တို့သည် သာမန် သူဌေးသားနှစ်ဦးမျှသာ မဟုတ်ဘဲ ပြည်တွင်းရှိ အိမ်ခြံမြေလောက၏ ထိပ်သီးဘီလူးကြီး နှစ်ကောင်ကို ကိုယ်စားပြုနေကြသူများ ဖြစ်သည်။

​ဩဇာကြီးမားလှသော ရူမျိုးနွယ်စု၏ အကြီးအကဲဖြစ်စေ အချမ်းသာဆုံးပုဂ္ဂိုလ်ဟု ကျော်ကြားသော ဝမ်မျိုးနွယ်စု၏ အကြီးအကဲဖြစ်စေ ၎င်းတို့၏ နောက်ကွယ်တွင် ကိုယ်စီအသိုင်းအဝိုင်းနှင့် အင်အားစုများ ရှိကြသည်။ တူညီသော စီးပွားရေးနယ်ပယ်အတွင်း အာဏာလုကြရာမှ ဖြစ်တည်လာသော ထိုရန်ငြိုးများသည် နောက်မျိုးဆက်ဖြစ်သော ဝမ်ချောင်နှင့် ရူစီယန်တို့ထံသို့ အမွေတစ်ခုလို ဆင်းသက်လာခဲ့ခြင်းပင်။

မိဘအရှိန်အဝါဖြင့် ကိုယ်ပိုင်လမ်းကြောင်း ဖောက်နေကြသော ထိုလူငယ်နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး မြင်ပြင်းကတ်နေကြသည်မှာ ဆန်းတော့မဆန်းလှပေ။

​"ဟေ့... မင်းသားလေး..မင်းက..လေကြီးဖို့ပဲ တတ်တာလား.."

ပြိုင်​ကွင်းအလယ်တွင် ရပ်နေသော ရူစီယန်က မျက်နှာပေးကို ယုတ်မာစွာ ပြင်လိုက်ရင်း လှောင်ပြောင်သံဖြင့် အော်ပြောလိုက်သည်။

"မင်းမှာ အရည်အချင်းရှိရင် ယောက်ျားပီပီ ရဲရဲဝံ့ဝံ့ ထွက်ခဲ့စမ်းပါ.. ငါတို့ ဒီပြိုင်ကွင်းထဲမှာပဲ အရူံးအနိုင် ဆုံးဖြတ်ကြရအောင်.."

​ဝမ်ချောင်ကမူ တည်ငြိမ်လွန်းလှသည်။ရူစီယန်၏ စကားများအား လေထဲက ဖုန်မှုန့်များပမာပင် အရေးမလုပ်ဟန် ရှိသည်။

​"ငါကြည့်ရတာတော့ မင်းက ကြောက်ချေးပါပြီး မပြိုင်ရဲတာပဲ ဖြစ်ရမယ်..တကယ်လို့ လုံးဝ မတတ်နိုင်ဘူးဆိုရင်လည်း ချင်လင်းကိုပဲ မင်းရဲ့ Bugatti Veyron ကို မောင်းခိုင်းပြီး အရှုံးပေးလိုက်လေ... ဟားဟားဟား..."

ရှူစီယန်၏ အထင်အမြင်သေးလှသော ရယ်သံနောက်တွင် ဘေးနားရှိ လူငယ်တစ်စု၏ လှောင်ပြောင် ရယ်မောသံများမှာလည်း ထပ်ချပ်မကွာ လိုက်ပါလာသည်။ထိုရယ်သံများကြောင့် ဖက်တီးဝမ်ချောင်၏ မျက်နှာသည် ရုတ်ချည်းပင် မဲမှောင်သွားသည်။

​"ဝမ်ကြီး... မင်းရဲ့ ဘူဂတ်တီက ဘယ်မှာလဲ.. သွားပြိုင်လိုက်စမ်းပါ..ဒီလိုကောင်မျိုးရှေ့မှာ အညံ့မခံနဲ့!"

​အခြေအနေကို မကြည့်ဘဲ ချင်လင်းက ဝမ်ချောင်ကို သွားပြိုင်ရန် တိုက်တွန်းနေသည်။ ချင်လင်း၏ စိတ်ထဲတွင် 'ငါသာ ကားမောင်းတတ်ရင် ဒီလောက် မောက်မာနေတဲ့ ရှူစီယန်လို ကောင်မျိုးကို အလဲထိုးလိုက်မှာ' ဟု တွေးတောကာ ဒေါသပုန်ထနေမိသည်။

သို့ပေမဲ့ ဝမ်ချောင်တစ်ယောက် ကားမောင်းမလာခဲ့မှန်း သိလိုက်ရသောအခါ ချင်လင်း၏ မျက်နှာသည်လည်း ဖြူဖျော့သွားရသည်။ 'ဒီနေ့တော့ အရှက်ခွဲခံရဖို့ ဇာတာပါလာပြီပဲ' ဟု သူ ဝမ်းနည်းစွာ တွေးလိုက်သည်။

​"ဟေး... မင်း ရှုံးမှာ ကြောက်တယ်ဆိုရင်လည်း တခြားလူဆီက ကားငှားပြိုင်လို့ ရပါတယ်.. ဒါမှမဟုတ် မင်းရဲ့ သူငယ်ချင်းတွေထဲမှာရောဘယ်သူမှ ထွက်မလာရဲဘူးလား.."

​ရူစီယန်၏ အဆိပ်ပြင်းလှသော စကားများကြောင့် ချင်လင်းမှာ ဒေါသအား မနည်းထိန်းထားရပြီး ပါးရိုက်ချင်စိတ်တောင် ပေါက်လာသည်။ဝမ်ချောင်သည် ရှူစီယန်ကို စိုက်ကြည့်ကာ မေးရိုးအား တင်းတင်းစေ့ထားလိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင်များ လက်ခနဲ ပေါ်လာပြီးနောက် လင်းဖန်ထံသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာကာ ခေါင်းကို အနည်းငယ် ညွှတ်၍ ဆိုလိုက်သည်။

​"အစ်ကိုလင်း... ကျွန်တော့်ကို အစ်ကို့ကား ခဏလောက် ငှားပေးလို့ ရမလားခင်ဗျာ.."

​မည်သို့ပင်ဖြစ်စေ ယနေ့ ဂုဏ်သိက္ခာ တိုက်ပွဲအတွက် သူသည် မာနကို ဘေးချိတ်ကာ လင်းဖန်အား ဦးညွှတ်၍ တောင်းဆိုလိုက်ခြင်းပင်။

​"ညီအစ်ကိုဝမ်က တောင်းဆိုမှတော့ ငါက ငြင်းစရာ အကြောင်းမရှိပါဘူး"

လင်းဖန်းက ပခုံးတွန်းကာအေးအေးလူလူပင် ပြန်ပြောလိုက်သည်။

​"ကျေးဇူးတင်ပါတယ် အစ်ကိုလင်း.." ဝမ်ချောင်က ဝမ်းသာအားရဖြင့် ဂါရဝပြုလိုက်ပြီး ကွင်းထဲသို့ ပြန်လှည့်ကာ အော်ဟစ်လိုက်သည်။

"ဟျောင်..ရူစီယန်... နောက်တစ်ပွဲကို ဘယ်လိုကစားရမလဲဆိုတာ ငါပြမယ်.."

​ရူစီယန်က ကျေနပ်သွားဟန်ဖြင့် နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးလိုက်ပြီး လက်နှစ်ချောင်း ထောင်ပြလိုက်သည်။

"မင်းက ဒီလောက်တောင် ပြောလာမှတော့ အပျော်တမ်းကစားလို့ ဘယ်ဖြစ်မလဲ.. လောင်းကြေး သန်း ၂၀ ဘယ်လိုလဲ.."

​ထိုစကားကြောင့် ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာတွင် အံ့သြတုန်လှုပ်မှုများ ပေါ်ပေါက်လာသည်။ငွေ သန်း ၂၀ ဆိုသည်မှာ နည်းလှသည့် ပမာဏ မဟုတ်သော်လည်း ကားပြိုင်ပွဲ တစ်ပွဲတည်းအတွက်မူ လောင်းကြေးက အဆမတန် မြင့်မားနေသည် မဟုတ်ပေလော။

​ဝမ်ချောင်က ထိုလောင်းကြေးအား သဘောတူရန် ပြင်လိုက်စဉ်မှာပင် လူတစ်ယောက်သည် သူ၏ ဘေးနား၌ လေပွေတစ်ခုနှယ် ရုတ်တရက် ရောက်လာ၏။

​"ဟမ့်..သန်း ၂၀ တည်းနဲ့... ဒါက ကလေးကစားစရာလိုမျိုး.. ကံစမ်းမဲ နှိုက်နေတာလား"

​"အစ်ကိုလင်း... အစ်ကိုက..." ဝမ်ချောင်အံ့အားသင့်စွာ လင်းဖန်အား ကြည့်လိုက်မိသည်။

​"ငါ ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိမ်းမျိုး တစ်ခါမှ မကစားဖူးသေးဘူး..ဒါကြောင့် ငါ့ကို အရင်တစ်ပွဲလောက် ပေးကစားကြည့်မလား.." လင်းဖန်က အကျီစအား ခါလိုက်ရင်း အေးမြသော အပြုံးဖြင့် ဆိုလိုက်သည်။

​လင်းဖန်၏ တည်ငြိမ်ပြီး နက်ရှိုင်းလှသော မျက်ဝန်းများကို ကြည့်ကာ ဝမ်ချုံသည် သက်ပြင်းတစ်ချက်အား ခပ်လေးလေးချ၍ ခေါင်းငြိမ့်လိုက်သည်။

"အိုခေ အစ်ကိုလင်း.."

​အကြောင်းပြချက်က မည်သို့ပင်ရှိစေကာမူ လင်းဖန်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဝင်ပါမည်ဆိုပါက သူက ငြင်းဆန်ရန် အခွင့်အရေး မရှိပေ။ထို့အပြင် လင်းဖန်း ပုံရိပ်ထဲတွင် သူ၏ ဖခင်ဖြစ်သူကို မြင်ယောင်နေမိသည်။ တစ်ပုံစံတည်းသော စကားလုံးများ၊ တစ်ပုံစံတည်းသော လောက၏တံခါးအား ငုံ့ကြည့်နေသည့် အရှိန်အဝါများ...။

​"မင်းက ဘယ်လောက်..ကြေးကြီးကြီး ကစားချင်လို့လဲ.."

​လင်းဖန်၏ ပုံရိပ်ကြောင့် ရူစီယန်၏ မျက်ဝန်းများ ကျဉ်းမြောင်းလာပြီး စိုးရိမ်စိတ်များ စိမ့်ဝင်လာသည်။ဝမ်ချောင်ကဲ့သို့သော သူဋေးသားပင် ရိုကျိုးရသည့် လူငယ်မှာ သာမန်လူ မဟုတ်မှန်း သူ ကောင်းကောင်း ရိပ်မိနေသည်။

​"ပါးပါးလေးပါပဲ... သန်း ၂၀၀.."

လင်းဖန်က ဘာမှမဟုတ်သလိုပင် ခပ်ပေါ့ပေါ့ ပြောချလိုက်သည်။

​ထိုစကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးအား ရေခဲရိုက်လိုက်သလို တိတ်ဆိတ်သွားစေသည်။ လောင်းကြေးပမာဏ သန်း ၂၀၀ ဆိုသည်မှာ မည်သည့် မျိုးနွယ်စုမှ လက်လွတ်စပယ် မကစားရဲသော ပမာဏပင်။

ရူစီယန်က လင်းဖန်အား စေ့စေ့စိုက်ကြည့်ကာ မေးလိုက်သည်။

​"မင်း တကယ်ပဲ ဒီလောက်အထိ လောင်းမှာလား"

​လင်းဖန်းက အဖြေပေးမည့်အစား သူ၏ ကိုယ်ပေါ်မှ ချက်လက်မှတ်စာအုပ်အား ထုတ်ယူကာသွက်လက်သော လက်ရေးဖြင့် ရေးခြစ်လိုက်ပြီး ချက်လက်မှတ်ကို ဆွဲဖြုတ်ကာ ဘေးရှိ Ferrari Raphael ၏ ကားခေါင်းမိုးပေါ်သို့ ပစ်တင်လိုက်သည်။

​"ဒါက သန်း ၂၀၀ ငွေသားချက်လက်မှတ်ပဲ..အချိန်မရွေး လဲယူနိုင်တယ်..မင်း..မယုံဘူးဆိုရင် မင်းရဲ့ လူတွေကို စစ်ဆေးခိုင်းလိုက်လေ.."

​ရူစီယန်သည် လင်းဖန်အား အကဲခတ်သလို စိုက်ကြည့်ပြီးနောက် ဘာမှမပြောဘဲ သူ၏ ကားဆီသို့ ပြန်လှည့်လာသည်။ ထိုချက်လက်မှတ်မှာ အတုဖြစ်နိုင်စရာ လုံးဝမရှိမှန်း သူသိပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုချက်စာအုပ်မျိုးသည် ICBC ဘဏ်၏ အဆင့်မြင့် ဖောက်သည်ကြီးများသာ ကိုင်ဆောင်နိုင်ပြီး ဘဏ်စာရင်းထဲတွင် ငွေကုဋေပေါင်းများစွာ ရှိနေမှသာ ရရှိနိုင်သော အမျိုးအစားဖြစ်သောကြောင့်ပင်။

ငွေ သန်း ၂၀၀ အတွက်နှင့် လင်းဖန်ကဲ့သို့သော လူက လိမ်ညာလိမ့်မည်ဟု သူ မယုံကြည်ပေ။

All Chapters