← Chapters

လင်းဖန်ရဲ့ ကားမောင်းစွမ်းရည်

Vol. 3 Ch. 25

လင်းဖန်ရဲ့ ကားမောင်းစွမ်းရည်

Vol. 3 Ch. 25

​တောက်ပသည့် နေရောင်ခြည်ကို မျက်နှာမူရင်း လင်းဖန်က အပြင်ဘက်ကွင်းဆီကို ခြေလှမ်းကျဲကြီးတွေနဲ့ ဦးတည်သွားနေ၏။သူက တစ်ပွဲလောက် ကားပြိုင်မောင်းပြီး စနောက်ဖို့ ပြင်ဆင်နေခြင်းပင်။

​လင်းဖန်၏ကျောပြင်ကို ကြည့်ရင်း ဝမ်ချောင်အား ဇဝေဇဝါနဲ့ ချင်လင်း မေးလိုက်သည်။

"ဝမ်ကြီး... အစ်ကိုလင်းက ဘယ်လိုကားမျိုး မောင်းလာတာလဲ.. စိတ်ချရပါ့မလားဟ.."

​"ခဏနေရင် မင်းကိုယ်တိုင် တွေ့ရမှာပေါ့.."

ဝမ်ချောင်က တိုက်ရိုက်ပြန်မဖြေဘဲ လင်းဖန်၏ ကျောပြင်ကိုသာ ငေးကြည့်နေသည်။

"ဘွမ်း..ဘွမ်း.."

​မိနစ်အနည်းငယ်အကြာမှာတော့ အဝေးကနေ စူးရှပြီး အားကောင်းလှတဲ့ အင်ဂျင်သံကြီး ဟိန်းထွက်လာကာ ထိုအင်ဂျင်ရဲ့ ပြင်းထန်တဲ့ မြင်းကောင်ရေစွမ်းအားကို လူတိုင်း ခံစားလိုက်သည်။ အရမ်းကို တော​က်ပနေတဲ့ ငွေရောင် ပြိုင်ကားတစ်စီး ပြိုင်ပွဲကွင်းရှေ့မှာ ပေါ်လာသည့်အခါ ဘေးမှကြည့်နေသူအားလုံး မှင်သက်သွားကြသည်။

​"ဝိုး..တစ်စီးလုံး အလွိုင်းကိုယ်ထည်နဲ့ ကာဗွန်ဖိုက်ဘာ ဘီးတွေပါလား... ဒါက ကမ္ဘာပေါ်မှာ သန်း ၁၀၀ တန်ဖိုးရှိတဲ့ Koenigsegg ONE:1 မဟုတ်လား.."

တခြားတစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။

​"မဖြစ်နိုင်တာ.. Koenigsegg ONE:1 က တစ်ကမ္ဘာလုံးမှာ ခြောက်စီးပဲ ရောင်းတာလေ.. ဘာလို့ တရုတ်ပြည်မှာ တစ်စီး ရှိနေရတာလဲ.."

လင်းဖန်က Koenigsegg ONE:1 အား မောင်းပြီး ရောက်လာတာနှင့် ချင်လင်းတောင် ပါးစပ်အဟောင်း သား ဖြစ်သွားရသည်။လှပတဲ့ ငွေရောင်ကားမှာ နေရောင်အောက်မှာ အရမ်းကို တောက်ပနေပြီး သူ့ရဲ့ အသွင်အပြင်က Ferrari နဲ့ Bugatti တို့ထက်တောင် သာလွန်နေပေသည်။

ဤသည်မှာ တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ ကြွားလုံးထုတ်စရာ လက်နက်တစ်ခုလိုမျိုးပင်။

ချင်လင်းမှာမူ မအောင့်နိုင်တော့ဘဲ ဝမ်ချောင်အား ရန်ငြိုးဖွဲ့တဲ့အကြည့်နဲ့ အော်ပြောလိုက်သည်။

​"လခွမ်း. ဝမ်ကြီး..ဒါ ဒါ..အစ်ကိုလင်းက ဒီကားကို မောင်းတာ မင်း ငါ့ကို ဘာလို့ မပြောတာလဲ.."

​"အဓိပ္ပာယ်မရှိတာ.. မဟုတ်ရင် ငါက ဘာလို့ Bugatti ကို ဒီကို မမောင်းလာဘူးလို့ မင်းထင်လဲ..ငါ့ကားက ဒီကားရှေ့မှာဆိုရင် ကလေးကစား စရာလို ဖြစ်နေမှာလေ.."

ဝမ်ချောင်က မျက်လုံးလှန်ပြလိုက်ကာ ပြန်ဖြေလိုက်ပြီး ပြိုင်ပွဲလမ်းကြောင်းအလယ်ဆီကို လျှောက်သွားလိုက်သည်။

သူ့ဘေးနားမှ ရွှီစီယန်ကတော့ လန်းလှတဲ့ Koenigsegg ONE:1 ပြိုင်ကားကို မြင်လိုက်ရာ မျက်နှာပျက်ပျက်နဲ့ ဝမ်ချောင်အား ကြည့်ပြီး မေးလိုက်သည်။

​"မေဘေး..မင်း ငါ့ကို အကွက်ဆင်နေတာလား.."

ဝမ်ချောင်က ပြုံးပြီး ပြန်ဖြေလိုက်သည်။

​"ဟားဟား..မင်းကို မပြိုင်ပါနဲ့လို့ ငါပြောသားပဲ..မင်းက ဇွတ်ပြိုင်ချင်နေတာလေ..အခုတော့ ကောင်းပြီပေါ့..မင်း ရှုံးတော့မှာ ဟဲဟဲ."

​"ဟမ့်.. ဒီကားနဲ့ဆိုလဲ ဘာဖြစ်လဲ.. ငါ မရှုံးသေးဘူး"

ရွှီစီယန် သက်ပြင်းတစ်ချက်အား ပြင်းပြင်းချလိုက်သည်။လင်းဖန်ဆိုသူက Koenigsegg ONE:1 မောင်းလာတာဟာ သူ့မျှော်လင့်ချက်ထက် ကျော်လွန်နေပေမယ့် ဒီလိုအဆင့်မြင့် ပြိုင်ကားတွေရဲ့ အရှိန်က သိပ်မကွာလှပေ။

မောင်းနှင်သူရဲ့ အရည်အချင်းအပေါ်မှာပဲ မူတည်နေသည်။

​ဂျာမနီကနေ သူခက်ခက်ခဲခဲ ရှာဖွေထားတဲ့ ဒီပြိုင်ကားဟာ နာမည်မရှိတဲ့ ကောင်လေးတစ်ယောက်အား ရှုံးနိမ့်သွားလိမ့်မယ်လို့ ရွှီစီယန် လုံးဝမယုံကြည်ပေ။

ထိုအချိန်မှာမူ လင်းဖန်က Koenigsegg ONE:1 ကားအား ပြိုင်ပွဲစတင်မယ့်နေရာ ရွှီစီယန်၏ ကားနဲ့ ဘေးချင်းယှဉ်တဲ့နေရာသို့ မောင်းလာခဲ့သည်။

လင်းဖန် ကားမှန်ကိုချပြီး ပြောလိုက်သည်။

"စည်းကမ်းသတ်မှတ်ရအောင် ငါတို့ ဘယ်လိုပြိုင်ကြမလဲ.. ငါ အလျင်လိုနေလို့.."

​လင်းဖန်ပြောပြီးတာနဲ့ ရွှီစီယန်ရဲ့မျက်နှာဟာ လုံးဝ မှောင်ကျသွားပြီး ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

"တစ်ပတ်ပဲ.မောင်းပြီး..အနိုင်အရှုံး ဆုံးဖြတ်မယ်.."

လင်းဖန်က ဘာမှအများကြီးမပြောတော့ဘဲ ခေါင်းညိတ်သဘောတူလိုက်ပြီး ကားမှန်အား ပြန်တင်လိုက်သည်။

​"နေရာယူမယ်.."

ခြေတံရှည်ကာ လှပသည့်အမျိုးသမီးတစ်ယောက်က လူအုပ်ထဲကနေ ထွက်လာပြီး ကားနှစ်စီးကြားမှာ ရပ်လိုက်သည်။

လင်းဖန်က အသံတိုးတိုးနဲ့ အမိန့်ပေးလိုက်သည်။

​"ကဲ ..mode ပြောင်းမယ်.. F1 ပြိုင်ကားသမား mode.."

​ကမ္ဘာ့ထိပ်တန်းပြိုင်ကားဖြစ်တဲ့ Koenigsegg ONE:1 ဟာ လက်နဲ့ကိုယ်တိုင် သေသေချာချာ ပြုလုပ်ထားတာတင်မကဘဲ အတွင်းပိုင်းပြင်ဆင်မှုကလည်း မည်သည့်ကားနှင့်မဆို နှိုင်းယှဉ်စရာ မလိုပေ။အရေးကြီးဆုံးကတော့ အသံနဲ့ခိုင်းစေနိုင်တဲ့ ကမ္ဘာ့ထိပ်တန်း AI စနစ် ပါဝင်နေခြင်းပင်။

နူးညံ့သည့် အမျိုးသမီးအသံလေး ထွက်ပေါ်လာသည်နှင့်အမျှ ကားကိုယ်ထည်ဟာ ဖြည်းဖြည်းချင်း နိမ့်ဆင်းသွားကာ မြေပြင်မှ အကွာအဝေးအား လျှော့ချလိုက်သည်။အင်ဂျင်သံမှာ ပိုပြီး သိသိသာသာ ပြောင်းလဲသွားပြီး စက်မှုလောင်စာနဲ့ စတင်နှိုးစက်အစား လျှပ်စစ်စွမ်းအင်သုံး အရှိန်မြှင့်စနစ်အား ပြောင်းလဲလိုက်ပေသည်။

​"အဆင်သင့်.. စမယ်.."

ထိုအချိန်မှာမူ ကားနှစ်စီးကြားမှ အမျိုးသမီးလေးမျာ သူမ၏ရင်ဘတ်ကြားထဲက အနက်ရောင်ပုဝါတစ်ထည်အား ထုတ်၍ လေပေါ်ကို မြှောက်တင်လိုက်သည်။

သူမက လက်ဟန်ခြေဟန်တွေနဲ့ အချက်ပြလိုက်သည်။

" သုံး၊ နှစ်၊တစ်..Go.."

​"ဝူး......" " ဘွမ်း..ဘွမ်း.."

လင်းဖန်နှင့် ရွှီစီယန်တို့ဟာ တစ်ပြိုင်နက်တည်း လီဗာကို နင်းလိုက်ကြကာ ကြောက်စရာကောင်းသည့် အင်ဂျင်သံကြီး ဟိန်းထွက်လာ၏။ဤအချိန်တွင်အင်ဂျင်၏ လည်ပတ်နှုန်း (RPM) ဟာ အနည်းဆုံး ၈,၀၀၀ နူန်းအထိ ရောက်သွားခဲ့သည်။

​သို့ပေမဲ့ လူတွေ မမျှော်လင့်ထားသည်မှာ ရွှီစီယန် မထွက်ရသေးခင်မှာပဲ Koenigsegg ONE:1 ပြိုင်ကားမှာမူ ငွေရောင်လျှပ်စီးကြောင်းတစ်ခုလို ချက်ချင်း ပျောက်ကွယ်သွားခြင်းပင်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ကားနှစ်စီးဟာ မီတာ ရာနဲ့ချီ ကွာသွားကာ အကွာအဝေးမှာ ပိုပိုပြီး ဝေးလာသည်။ကားနှစ်စီးလုံး မီတာ ၁၀၀ လောက် မောင်းပြီးသည့်အခါမှ လူတိုင်းက ဘာဖြစ်သွားလဲဆိုတာ သိနေသောကြောင့် တပြိုင်တည်းအော်ဟစ်လိုက်ကြသည်။

"လခွမ်း..ဒါက ဘယ်လိုလုပ် ပြိုင်ပွဲဖြစ်တော့မှာလဲ..အရမ်းကွာလွန်းနေတယ်လို့.."

​ထိုအချိန်မှာတော့ Koenigsegg ONE:1 ကို မောင်းနေတဲ့ လင်းဖန်ဟာ သူ့ တစ်ကိုယ်လုံး သွေးတွေဆူပွက်နေသလို ခံစားနေရ၏။ဤသည်မှာ ဖော်ပြလို့မရနိုင်သည့် စိတ်လှုပ်ရှားမှုလိုမျိုးပင်။

​ဖော်မြူလာဝမ်း ပြိုင်ကားလောကရဲ့ ကမ္ဘာ့ချန်ပီယံ ဘတ်တန်ဆီကနေ ဆက်ခံရရှိထားသည့် ပြိုင်ကားမောင်းနှင်မှု အတတ်ပညာတွေဟာ သူ့ သွေးသားထဲအထိ ပေါင်းစပ်စီးဝင်နေပေသည်။မူလက မှတ်ဉာဏ်တစ်ခုအနေနဲ့သာ ရရှိခဲ့တဲ့ အဲဒီကျွမ်း ကျင်မှုတွေဟာ အခုတော့ သူ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုပင်ကိုယ်ဗီဇအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

​ကွင်းထဲမှ ပရိသတ်တွေရှေ့တွင် လင်းဖန်က မယုံကြည်နိုင်စရာ ကားမောင်းကွက်တွေအား ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းပြသနေသည်။

တိမ်ပေါ်မှာ လေဟုန်စီးခြင်း၊သုံးကြိမ်ဆက် တိုက်ရိုက်ကွေ့ခြင်း၊မိစ္ဆာ၏ အနမ်းနဲ့ စွန်ရဲ၏ အမဲလိုက်ကွက် စသည့် အဆင့်မြင့် ကားမောင်းစနစ်မျိုးစုံအား တစ်ခုပြီးတစ်ခု ခင်းကျင်းပြသနေပေသည်။

​"အလို... ဘုရားရေ"

"ဒါကြီးက မဖြစ်နိုင်တာကွာ.."

လက်မ ၁၅၀ ရှိတဲ့ ဖန်သားမျက်နှာပြင်ကြီးပေါ်မှာမူ ငွေရောင်လျှပ်စီးကြောင်းတစ်ခုလို လှပကျော့ရှင်းစွာ ပျံသန်းနေသည့် ကားရဲ့ဟန်ပန်အား မြင်ရသောအခါ လူတိုင်းမှာ ထိတ်လန့်တုန်လှုပ် နေကြရသည်။

ဤနေရာမှာ ရှိနေတဲ့သူတွေဟာ ကားအကြောင်းအား. ရေရေလည်လည် နားလည်ကြသည့် သူဋေးသားတွေ ဖြစ်သောကြောင့် ဤကဲ့သို့သောမြင်ကွင်းမျိုးအား ပိုပြီးတော့တောင် သူတို့ မယုံကြည့်နိုင်အောင် ဖြစ်နေရသည်။။

၎င်းမှာ ကမ္ဘာ့အဆင့်မီ ဖော်မြူလာဝမ်း ပြိုင်ပွဲကြီးတွေမှာပဲ မြင်တွေ့ရတတ်တဲ့ ထိပ်တန်းအဆင့် ကားမောင်းပညာရပ်တွေအား အပျော်တမ်းကားပြိုင်ကလပ်တစ်ခုမှာ အခုလို မြင်တွေ့လိုက်ရတာကြောင့် လူတိုင်းက မှင်သက်နေကြရတာပဲ ဖြစ်သည်။

All Chapters