← Chapters

လင်းဖန်

Vol. 3 Ch. 26

လင်းဖန်

Vol. 3 Ch. 26

"လောင်ဝမ်၊ မင်းထင်တာတော့ လင်းညီအစ်ကိုက ဘယ်သူများလဲ?"

LCD စကရင်ပေါ်က မိုက်မဲလွန်းတဲ့ ပုံရိပ်ကို ကြည့်ရင်း ချင်လင်းက ဝမ်ချောင်ကို တချက်ကြည့်လိုက်သည်။

ဒါပေမဲ့ ဝမ်ချောင်ရဲ့တုန့်ပြန်မှုကလည်း သူ့အတိုင်းပင်။

ပြိုင်ပွဲက ရိုးရိုးပြိုင်ပွဲတစ်ခု မဟုတ်တော့ဘဲ လူတိုင်းရဲ့ စိတ်ကူးစိတ်သန်းတွေကို ကျော်လွန်သွားတဲ့ ဖျော်ဖြေတင်ဆက်မှုတစ်ခုလို ဖြစ်နေချေပြီ။

ဒီနေရာမှာ ဇာတ်လိုက်က တစ်ယောက်တည်းပဲ ရှိသည်။

အဲ့ဒါကတော့ လင်းဖန် ဖြစ်သည်။

"အမြန်ကြည့်လိုက်၊ ရှူစီယန်က မီတာထောင်ချီ နောက်ကျကျန်နေပြီ။ ဒီပွဲရဲ့ အနိုင်ရရှိသူကတော့ ဆုံးဖြတ်ပြီးသား ဖြစ်သွားပြီ ထင်တယ်"

ကြည့်ရှုနေကြတဲ့ လူတိုင်းကလည်း မအောင့်နိုင်ဘဲ အာမေဍိတ်သံတွေ ထွက်ပေါ်လာကြသည်။

၅,၀၀၀ မီတာရှိတဲ့ အကွေ့အကောက်နဲ့ လမ်းဖြောင့်တွေကို ဖြတ်ကျော်ပြီးတဲ့နောက်မှာတော့ လင်းဖန်က တစ်ပတ်ရဲ့ ငါးပုံတစ်ပုံလောက်အထိ အသာစီးနဲ့ ရှေ့က ပြေးနေပါခဲ့သည်။ ဒါက တကယ်ကို မှင်သက်စရာပင်။

ရောင်စုံခြယ်ထားတဲ့ Pegasus ကားလေးက မီတာ ၄၀၀ လမ်းဖြောင့်ကို ဖြတ်ကျော်သွားတဲ့အခါ ကင်မရာတွေ ဖွင့်ထားပေမဲ့လည်း ရပ်တန့်မသွားခဲ့ပါဘူး။ အရှိန်စတင်လျှော့ချလိုက်ပြီဆိုပေမဲ့ သူ့ရဲ့အရှိန်ကတော့ လုံးဝကို နှေးမသွားခဲ့။

"ဘုရားရေ... အဲ့ဒီ Koenigsegg ONE:1 က အစကတည်းက အရှိန်ကို လုံးဝမလျှော့ခဲ့ဘူး။ တောင်ပတ်လမ်းက အကွေ့တိုင်းကို အရှိန်အပြည့်နဲ့ ကွေ့သွားတာပဲ။ ဒါဟာ တကယ့်ကို လူသားတစ်ယောက်ရဲ့ စွမ်းဆောင်ရည် မဟုတ်တော့ဘူး"

ထိုလူ စကားမဆုံးသေးခင်မှာပဲ ငွေရောင်လျှပ်စီးကြောင်းတစ်ခုအလား အလွန်လှပတဲ့ ကားလေးဟာ တောင်ပတ်လမ်းကို သုံးကြိမ်ဆက်တိုက် ပြီးပြည့်စုံစွာ ဖြတ်ကျော်ပြီး လမ်းဖြောင့်ပေါ်ကို ပြန်လည်ရောက်ရှိလာတာကို အားလုံး မြင်လိုက်ကြရသည်။

"အား... အရမ်းမိုက်တာပဲ!!!"

ပွဲကြည့်စင်ပေါ်က လူငယ်တွေဟာ အားပါးတရ ဟစ်ကြွေးလိုက်ကြသည်။ Koenigsegg ONE:1 ဟာ သူတို့အားလုံးရဲ့ စိတ်နှလုံးကို အပြီးအပိုင် ဖမ်းစားသွားခဲ့လေပြီ။

"ဟားဟား... လင်းညီအစ်ကို၊ မင်းကတော့ တကယ်ကို အလန်းဆုံးပဲဟေ့!"

လင်းဖန်ရဲ့ကားလေး ပန်းဝင်တဲ့နေရာကို ပြန်ရောက်လာတဲ့အခါ ဝမ်ချောင်တဲ့ချင်လင်းတို့ ချက်ချင်းပဲ လာရောက်ပွေ့ဖက်ကြသည်။

ဒီအချိန်မှာ ဝမ်ချောင်က ရှူစီယန်ကို အနိုင်ရတုန်းကထက်တောင် ပိုပြီး ပျော်ရွှင်နေပြီး တဟားဟားနဲ့ အားရပါးရ ရယ်မောနေသည်။

"ဆုကြေး... ဆုကြေးရပြီဟေ့!"

ဒါပေမဲ့ ကာယကံရှင်ဖြစ်တဲ့ လင်းဖန်ကတော့ ဘာမှ ထူးထူးခြားခြား မခံစားရသလိုပါပဲ။

သူက လက်တစ်ချက် ဝှေ့ယမ်းပြပြီး အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်သည်။

တကယ်တော့ ရှူစီယန်ရဲ့ အဆင့်အတန်းက အပျော်တမ်းပြိုင်ကားမောင်းသမား တစ်ယောက်နဲ့တောင် ယှဉ်လို့မရပါဘူး။ လင်းဖုန်းကတော့ F1 ချန်ပီယံ Button ရဲ့ ကျွမ်းကျင်မှုတွေကို အမွေဆက်ခံထားသူဖြစ်လို့ ပြိုင်ကားလောကမှာ သူဟာ ကမ္ဘာ့ချန်ပီယံအဆင့်မှာ ရှိနေတာ ဖြစ်သည်။

ခဏအကြာမှာတော့ ရှူစီယန်လည်း ကားမောင်းပြီး ပြန်ရောက်လာသည်။

ဝမ်ချောင် ပြောသလိုပါပဲ၊ သူ့မျက်နှာကတော့ တကယ်ကို ကြည့်မကောင်းအောင် ပျက်ယွင်းနေသည်။

ယွမ် သန်း ၂၀၀ ဆိုတာ သူ့အတွက်တော့ အရိုးနာအသားနာဖြစ်လောက်တဲ့ ပမာဏမဟုတ်ပေမဲ့၊ အစပိုင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်မယ်လို့ ကြုံးဝါးခဲ့ပြီးမှ အခုလို မြေပြင်မှာ ရိုက်နှက်ခံလိုက်ရသလို အရှုံးကြီး ရှုံးသွားတာက သူ့ကို အကြီးအကျယ် ဒေါသထွက်စေသည်။

သူ သက်ပြင်းတစ်ချက်ကို အရှည်ကြီးချလိုက်ပြီး ကားတံခါးကို ဖွင့်လိုက်သည်။

"ဒါက အရှက်ကွဲတာပဲလား.. ဘယ်သူမဆို ပထမဆုံးအကြိမ်ဆိုတာ ရှိတာပဲ မဟုတ်လား"

လင်းဖုန်းက အဓိပ္ပာယ်ပါပါ ပြုံးလိုက်ရင်း

"Melkus RS2000 က ၅ စက္ကန့်အတွင်းမှာ အရှိန် ၀ ကနေ ၁၀၀ အထိ တက်နိုင်တယ်။ ဒါက ကမ္ဘာ့ထိပ်တန်း စူပါကားတစ်စီးပဲ၊ Koenigsegg ONE:1 ထက် မနိမ့်ပါဘူး"

လို့ ပြောလိုက်သည်။ ဒါကို ကြားလိုက်ရတဲ့အခါ ရှူစီယန်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားပြီး လင်းဖုန်းကို စိုက်ကြည့်ရင်း

"မင်း... မင်း ဒီကားအကြောင်း သိတာလား"

"Melkus က ဥရောပမှာ လူသိနည်းတဲ့ တံဆိပ်တစ်ခု ဖြစ်ပေမဲ့ စူပါကားလောကမှာတော့ ဘယ်သူ့ထက်မှ မနိမ့်ပါဘူး။ Ferrari တို့ Bugatti တို့လို နာမည်ကြီး တံဆိပ်တွေတောင် သူ့ကို ယှဉ်နိုင်ဖို့ ခဲယဉ်းတယ်"

"တကယ်တော့ ပြိုင်ကားလောကမှာ F1 ချန်ပီယံ Button တောင်မှ ကျွန်တော့်ကို ကျော်တက်နိုင်ဖို့ မလွယ်ဘူး။ ဒါကြောင့် ကျွန်တော့်ကို ရှုံးတာဟာ မင်းအတွက် ရှက်စရာ မဟုတ်ပါဘူး"

လင်းဖုန်းက သူ့ရဲ့ အင်္ကျီကော်လာကို တစ်ချက်ပုတ်ပြီး ခပ်ပြုံးပြုံး လုပ်လိုက်သည်။ ရှူစီယန် တစ်ခုခု ပြန်မပြောနိုင်ခင်မှာပဲ လင်းဖုန်းက Koenigsegg ONE:1 ကို နှိုးပြီး ပြိုင်ကားကလပ်ကနေ ဘာကိုမှ တွယ်တာမှုမရှိဘဲ ထွက်ခွာသွားပါတော့သည်

မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့ ရှူစီယန်တစ်ယောက် သတိပြန်ဝင်လာပြီး ဟာလာဟင်းလင်း ဖြစ်နေတဲ့ ပြိုင်ကွင်းကို ကြည့်ကာ အံ့ဩတကြီး မေးလိုက်သည်။

"ဟော... တခြားလူတွေ ဘယ်ရောက်ကုန်ပြီလဲ"

"သွားကုန်ပြီလေ"

ဘေးနားက ချင်လင်းက ကျီစယ်သလို ပြန်ဖြေလိုက်သည်။

"အဲ့ဒီ ယွမ် သန်း ၂၀၀ ကော... သူ..."

ရှူစီယန်က မျက်မှောင်ကြုတ်ရင်း ဝေခွဲမရဖြစ်နေသည်။

"ဟားဟား ရှုစီယန်... လင်းဖန်က ပိုက်ဆံအတွက် လာတယ်လို့ ထင်နေတာလား သူက အပျော်သဘောပဲ လာတာပါကွ"

ဒါကို ကြားတော့ ဝမ်ချောင်ကလည်း မရယ်ဘဲ မနေနိုင်တော့ချေ။ ကားအရောင်းစင်တာ နှစ်ခုကို အလွယ်တကူ ဝယ်နိုင်ပြီး လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့ သန်း ၆၀၊ ၇၀ ကို အေးအေးဆေးဆေး သုံးနိုင်တဲ့လူက ဒီ သန်း ၂၀၀ ကို ဂရုစိုက်ပါ့မလား။

ပြောပြောဆိုဆိုနဲ့ ဝမ်ချောင်က ချင်လင်းရဲ့ Bugatti Veyron ပေါ်တက်ပြီး ကလပ်ကနေ ထွက်သွားပါတော့သည်။

ရှူစီယန်တစ်ယောက်တည်း ကြောင်တောင်တောင်နဲ့ ကျန်ရစ်ခဲ့သည်။ သူက အရှက်ခွဲခံရတာကို ခံယူဖို့ ပြင်ဆင်ထားပေမဲ့ အခုတော့ သူ့ကို ဘယ်သူကမှ လှောင်ပြောင်ဖို့တောင် စိတ်မဝင်စားကြတော့ပါဘူး။

တကယ်တော့ လင်းဖန်က ရှူစီယန်ကို ပြိုင်ဘက်တစ်ယောက်လို့ တစ်ခါမှ မသတ်မှတ်ခဲ့ချေ။

ဒီအချိန်မှာ "ဟင်းဒါးမင်းသား" လို့ တင်စားကြတဲ့ ရှူစီယန်ကတော့ ရင်ထဲမှာ အောင့်သက်သက်နဲ့ သွေးအန်မတတ် ခံစားနေရသည်။

ဒီလို လျစ်လျူရှုခံရတာထက်စာရင် မျက်နှာကို အဖြတ်ခံလိုက်ရတာကမှ ပိုကောင်းဦးမယ်လို့ သူတွေးနေမိသည်။

ဒါပေမဲ့ လင်းဖန်ကတော့ ရှူစီယန် ဘယ်လိုတွေ ခံစားနေရတယ်ဆိုတာကို စိတ်မဝင်စား။ သူက ကျန့်ခန်းဥယျာဉ်ဆီကို ပြန်နေတုန်းမှာ ဝမ်ချောင်ဆီမှ ဖုန်းဝင်လာသည်။

"ဟေ့... ညီအစ်ကို၊ မင်းကတော့ တော်တော်ကျေးဇူးကန်းတာပဲ။ လူရှေ့မှာ အမိုက်စား ကြွားလုံးထုတ်ပြီးတာနဲ့ ငါ့ကို ဒီမှာ ထားခဲ့ပြီး ထွက်သွားတယ်ပေါ့"

ဖုန်းကိုင်လိုက်တာနဲ့ ဝမ်ချောင်က ချက်ချင်းပဲ ဗြစ်တောက်ဗြစ်တောက် လုပ်ပါတော့သည်။

"အာ... ဆောရီးပဲ၊ ငါ မေ့သွားလို့"

လင်းဖုန်း ခဏလောက် ကြောင်သွားပြီး အားနာနာနဲ့ ပြန်ပြောလိုက်ငည်။ ဝမ်ချောင်က သူ့ကားနဲ့ လိုက်လာတာကို သူ တကယ်ပဲ မေ့သွားတာပါ။

"ဟားဟား... ထားလိုက်ပါတော့၊ ငါ လောင်ချင်ရဲ့ ကားနဲ့ ပြန်လာလိုက်မယ်"

ဖုန်းထဲကနေ ဝမ်ချောင်က ဆက်ပြောသည်။

"ဒါပေမဲ့ မင်းရဲ့ အရည်အချင်းကတော့ တကယ့်ကို အံ့ဩစရာပဲ။ ပရော်ဖက်ရှင်နယ် မောင်းသမားတွေတောင် မင်းကို မယှဉ်နိုင်ဘူး။ ဒါနဲ့... မကြာခင်မှာ ပေကျင်းမှာ ပြိုင်ပွဲတစ်ခု ရှိတယ်၊ ငါတို့ အတူတူသွားပြီး ပျော်ကြမလား"

"မသွားတော့ဘူး၊ ငါ အချိန်မရလောက်ဘူး"

လင်းဖန်က ခေါင်းခါပြီး ချက်ချင်း ငြင်းလိုက်သည်။

"ဘာလို့လဲ? အချိန်မရှိအောင် မင်းက ဘာလုပ်နေလို့လဲ"

"ကျောင်းတွေ ပြန်ဖွင့်ပြီလေ၊ ငါ တက္ကသိုလ်မှာ ကျောင်းသွားအပ်ရဦးမယ်"

ဝမ်ချောင်နဲ့ချင်လင်းတို့ အတန်ကြာမှင်သက်သွားသည်။

သူတို့ဟာ လင်းဖန်ကို ကောလိပ်ကျောင်းသားတစ်ယောက် ဖြစ်လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့။ ပိုပြီး အံ့ဩစရာကောင်းတာက လင်းဖုန်းဟာ ဒီနှစ်ရဲ့ ဝိဇ္ဇာဘာသာရပ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိထားသူ ဖြစ်နေတာကိုလည်း သူတို့ မသိသေးချေ။

"ကောင်းပြီလေ... အဲ့ဒါဆိုလည်း မင်း မြို့တော်ကို ရောက်လာတဲ့အခါကျရင် ငါ အကောင်းဆုံး ဧည့်ခံကျွေးမွေးမယ်"

"အိုကေ"

All Chapters