← Chapters

အခန်း (၂၇)

Vol. 3 Ch. 27

အခန်း (၂၇)

Vol. 3 Ch. 27

လင်းဖန်တစ်ယောက် Koenigsegg ONE:1 ကို မောင်းနှင်လျက် ကျန်းခန့်ရှိ နံပါတ်တစ် ဗီလာသို့ ပြန်ရောက်ပြီးနောက်မိုရှင်းယာနှင့် တွေ့ဆုံခဲ့သည်။

​"သူဌေး တက္ကသိုလ်ကနေ ဝင်ခွင့်လက်ခံစာ ပို့လိုက်ပါပြီ"

​မိုရှင်းယာက သူ့ကို အလောတကြီး နှုတ်ဆက်လိုက်သည်။

​"ငါ့စာရေးခုံပေါ်မှာ အရင်တင်ထားလိုက်"

​လင်းဖန်သည် လက်ဝေ့ယမ်းပြကာ သူမထံ သော့ကို ကမ်းပေးခဲ့ပြီး အပေါ်ထပ်သို့ တက်သွားကာ ရေချိုးရန် ပြင်ဆင်လိုက်သည်။

​ယနေ့ ပြိုင်ကားမောင်းခဲ့ရသည်မှာ တကယ်ပင် ရင်ဖိုစိတ်လှုပ်ရှားဖွယ် ကောင်းသည်။ သူသည် သေလုမျိုးမည် ဖြစ်ခဲ့ရပြီး တစ်ကိုယ်လုံးလည်း ချွေးများဖြင့် ရွှဲနစ်နေသည်။

အကယ်၍ ရေမချိုးပါက ထိုလူထံမှ အနံ့ဆိုးများ ထွက်နေပေလိမ့်မည်။

​ယနေ့သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့ ဖြစ်သည်။ နိုင်ငံတကာ ပဲပုပ် အနာဂတ်စျေးကွက်၏ ပြောင်းလဲမှုများက စျေးကွက်ကို လုံးဝပေါက်ကွဲသွားစေခဲ့သည်။ ကွမ်တန်ငွေကြေးငှာနသည် ကြိုတင်၍ ရောင်းချခဲ့ပြီး ဆီကို အပြည့်အဝ ဝယ်ယူထားခဲ့ရာ ဆီစျေးနှုန်းများမှာလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။

နံပါတ် နှစ် ဗီလာရှိ ဘဏ္ဍာရေးဝန်ထမ်း အဖွဲ့ ၄ ဖွဲ့သည် စောစောစီးစီးပင် သူတို့ ကြိုတင်ဝယ်ယူထားသည့် ဆီအားလုံးကို ပြန်လည်ရောင်းချရန် တင်လိုက်ကြသည်။

​တန်ဖိုး​များသည့် ဆီအမှာစာများကို ကြည့်ရင်း မာကျန်းနှင့် အခြားသူများ၏ မျက်နှာတွင် အပြုံးကြီးများ ပွင့်လန်းနေကြတော့သည်။

အကယ်၍ ၎င်းတို့သာ အလေးအနက်ဆောင်ရွက်ခဲ့မည်ဆိုလျှင် လက်ထဲရှိ အမေရိကန်ဒေါ်လာ ၅ ဘီလီယံသည် ဘီလီယံပေါင်းသောင်းချီ ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံတကာရွှေစျေးကွက်သို့ ဝင်ရောက်ရန်အတွက် ပိုမိုကြီးမားသော ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးများကို ရရှိလာမည်ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ဆီအမှာစာ အုပ်စု ၄ ခုမှာ ပျောက်ကွယ်သွားခဲ့သည်။ ဆိုလိုသည်မှာ ထိုအမှာစာများအားလုံးကို အခြားသူများက ဝယ်ယူသွားခဲ့ကြခြင်းဖြစ်သည်။

​ရေချိုးပြီးခါစဖြစ်သော လင်းဖန်သည်လည်း ကွန်ပျူတာရှေ့တွင် ထိုင်နေခဲ့သည်။ သူကဆီစျေးကွက်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခြင်းပင် ဖြစ်သည်။ ဆီစျေးနှုန်း၏ ပြောင်းလဲမှုမျဉ်းကွေးမှာ ဒုံးပျံတစ်စင်းကဲ့သို့ပင် အရှိန်အဟုန်ဖြင့် မြင့်တက်နေခဲ့သည်။

ရက်အနည်းငယ်အတွင်းမှာပင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၄၁ ဒေါ်လာမှ ၅၂ ဒေါ်လာအထိ ပြောင်းလဲသွားခဲ့သည်။ သို့သော် ဤသည်မှာ အစပျိုးရုံသာ ရှိသေးသည်မှာ အသေအချာပင်ဖြစ်သည်။

၁၁ နာရီအချိန်၌ နိုင်ငံတကာဆီစျေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅၈ ဒေါ်လာသို့ ရောက်ရှိသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဘဏ္ဍာရေးဝန်ထမ်း အဖွဲ့ ၄ ဖွဲ့၏ လက်ထဲရှိ ဆီများအားလုံးကို ရောင်းချပြီးစီးသွားခဲ့သည်။

​အရောင်းအဝယ်ပြုလုပ်ခများ၊ တံဆိပ်ခေါင်းခွန်များနှင့် အခြားကုန်ကျစရိတ်များကို နုတ်ပယ်ပြီးနောက်၊ လင်းဖုန်းသည် ဤရေနံလုပ်ငန်းလှုပ်ရှားမှုမှ အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံ အမြတ်အစွန်း ရရှိခဲ့သည်။ အကောင့်ထဲရှိ မူလအရင်းအနှီး ၅ ဘီလီယံနှင့် ပေါင်းလိုက်ပါက ယခုအခါ ၁၁.၂ ဘီလီယံ ရှိနေပြီဖြစ်သည်။

​"ဟားဟား! အကုန်ရောင်းလိုက်ရပြီ"

​နံပါတ် နှစ် ဗီလာတွင် အသင်းခေါင်းဆောင် မာကျန်းသည် သူ၏ အကောင့်ထဲရှိ များပြားလှသော ရန်ပုံငွေများကို ကြည့်ကာ မပြုံးဘဲ မနေနိုင်ခဲ့ချေ။

​တစ်ချိန်တည်းမှာပင် လင်းဖန်သည် မာကျန်းနှင့် အခြားသူများထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရောက်လာသည်။

"သူဌေး၊ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေအားလုံး ရောင်းထွက်သွားပါပြီ၊ ကျွန်တော်တို့ အမြတ် ၆.၂ ဘီလီယံ ရရှိခဲ့ပါတယ်"

​"ကောင်းပြီ"

​ထိုစကားကို ကြားသောအခါ လင်းဖုန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"ကဲ... အခု တကယ့်အလုပ်ကို စလုပ်လို့ရပြီ။ အဖွဲ့တစ်ဖွဲ့စီကို ၂.၅ ဘီလီယံစီ ခွဲပေးမယ်။ ICBC၊ Postal Service၊ Agricultural Bank of China နဲ့ China Construction Bank တို့က ပေးထားတဲ့ အဆ ၅၀ အရှိန်မြှင့်ရင်းနှီးမှု (50 times leverage) ကို စတင်အသုံးပြုကြမယ်"

​"ဒါ့အပြင် ပိုနေတဲ့ ၁.၂ ဘီလီယံ အားလုံးကိုလည်း ICBC အကောင့်ထဲကို လွှဲပြောင်းပေးလိုက်ပါ"

​မူလအရင်းအနှီး ၁၀ ဘီလီယံကို အဆ ၅၀ အရှိန်မြှင့်ရင်းနှီးမှုနှင့် ပေါင်းစပ်လိုက်ပါက ဘီလီယံ ၅၀၀ တန်ဖိုးရှိသော ငွေကြေးလည်ပတ်မှု ဖြစ်သွားမည်ဖြစ်သည်။

ဤပမာဏသည် နိုင်ငံတကာရွှေစျေးကွက်တွင် တုန်လှုပ်မှုကြီးတစ်ခု ဖြစ်ပေါ်စေရန် လုံလောက်သော ပမာဏဖြစ်သည်။

​"ဟုတ်ကဲ့ပါ"

​မာကျန်းနှင့် အခြားသူများသည် လင်းဖန်၏ ညွှန်ကြားချက်များကို ချက်ချင်းပင် လိုက်နာဆောင်ရွက်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံတကာစျေးကွက်အတွင်း၌လည်း ရုတ်ရုတ်သဲသဲ ဖြစ်မှုများ ပေါ်ပေါက်လာခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ပဲပုပ်စျေးကွက်တက်ရိပ်ကျရိပ် ပြနေစဉ်အတွင်း အမည်မသိ အင်အားစုအချို့သည် ဘဏ်ကြီးလေးခု၏ လမ်းကြောင်းများကို အသုံးပြုကာ ပြည်တွင်းစျေးကွက်များ၌ အကြီးအကျယ် ဝယ်ယူမှုများ ပြုလုပ်ခဲ့ပြီး ဘီလီယံပေါင်းသောင်းချီသော အမြတ်အစွန်းများကို ရရှိသွားခဲ့ကြသည်။

လင်းဖန်နှင့် ပတ်သက်သော ကောလာဟလများမှာလည်း အနှံ့အပြား ပျံ့နှံ့နေတော့သည်။

ယခု ရေနံစျေးကွက် မြင့်တက်လာချိန်တွင်လည်း ဤအမည်မသိ အင်အားစုကပင် ဆီအမှာစာများကို အရူးအမူး ပြန်လည်ရောင်းချနေခြင်းဖြစ်သည်။

​အမှန်စင်စစ်တွင် ကွမ်တမ်ငွေ​ဋ္ဌာနကဆက်လက်ဝယ်ယူစုဆောင်းနေဆဲ ဖြစ်သောကြောင့် ရေနံစျေးနှုန်းသည် ၎င်း၏ အမြင့်ဆုံးအဆင့်သို့ အမှန်တကယ် မရောက်ရှိသေးပေ။

ပြည်တွင်းပြည်ပရှိ နာမည်ကျော် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူ အများစုမှာလည်း ဝယ်ယူနေကြသော်လည်း ကွမ်တန်ငွေကြေးဋ္ဌာနကဲ့သို့တော့ မဖြစ်ကြချေ။

​ထိုအချက်ကြောင့်ပင် လင်းဖုန်း၏ ဘဏ္ဍာရေးအဖွဲ့မှာ ပို၍ပင် လူအများအာရုံစိုက်ခြင်းကို ခံနေရခြင်းဖြစ်သည်။ လူတိုင်းက ဝယ်ယူနေကြသော်လည်း သူတို့ကသာ တစ်ဦးတည်းသော ရောင်းချသူ ဖြစ်နေသည်၊ ဤသည်မှာ ကမ္ဘာပေါ်တွင် အဆန်းကြယ်ဆုံး အရာမဟုတ်ပေဘူးလား..။

​ဖြစ်နိုင်ခြေ တစ်ခုတည်းမှာ လင်းဖုန်း၏ အဖွဲ့သည် အခြားသူများထက် စောစီးစွာ ဆီများကို ဝယ်ယူထားခဲ့ခြင်းပင် ဖြစ်သည်။

ဤနည်းဖြင့် သူတို့၏ အရင်းအနှီးမှာ အလွန်နည်းပါးနေပြီး ယခုအခါ အမြတ်အစွန်းအတွက် စိုးရိမ်စရာမလိုဘဲ ရောင်းချနိုင်ခြင်း ဖြစ်သည်။

​လူအများက ဤအင်အားစုအကြောင်းကို စုံစမ်းမေးမြန်းနေကြသော်လည်း ၎င်းမှာ ကေမန်ကျွန်းစု၌ မကြာသေးမီက မှတ်ပုံတင်ထားသော ဖန်ထန်းကုန်သွယ်​ရေးအမည်ရှိ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်ကြောင်းသာ သိရှိကြသည်။ ထိုလုပ်ငန်းရဲ့ နောက်ကွယ်၌ မည်သူရှိနေသည်ကိုမူ မည်သူမျှ မသိရှိကြပေ။

သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ခန့်မှန်းချက်အရ ဖန်ထန်း၏ အနာဂတ်စျေးကွက် လုပ်ဆောင်ချက် နှစ်ခုရှိခဲ့သည်။

ပထမအကြိမ် ပဲပုပ်စျေးကွက် စတင်ချိန်တွင် ဖန်ထန်းသည် အရင်းအနှီး ဘီလီယံတစ်ဝက်ကျော်ဖြင့် ၃၁၂၃ စျေးနှုန်းဖြင့် စတင်ဝယ်ယူခဲ့သည်။

​ထို့အပြင် အဆ ၅၀ အရှိန်မြှင့်ရင်းနှီးမှုကို အသုံးပြုခဲ့ရာ အနည်းဆုံး အမြတ်အစွန်းမှာ ယွမ် ၃၀ ဘီလီယံနီးပါး ရရှိခဲ့သည်။

ဒုတိယအကြိမ် ရေနံစျေးကွက်တွင်လည်း စျေးနှုန်းအနိမ့်ဖြင့် ထပ်မံဝယ်ယူခဲ့ရာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ ရှိခဲ့သည်။

ယခုအချိန်အထိ ဖန်ထန်း၏ တိကျသော ဝင်ငွေပမာဏကို မည်သူမျှ မသိရှိကြသေးပေ။

​သို့သော် ထိုအချက်က သူတို့ကို မနာလိုဖြစ်ခြင်းမှအပ တတ်နိုင်သည့်အရာ ရှိမနေချေ။

နာရီဝက်အတွင်းမှာပင် လင်းဖန်၏ စျေးကွက် အရင်းအနှီးမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံသို့ ရောက်ရှိသွားခဲ့ပြီး ၎င်းမှာ ယွမ် ၆၀ ဘီလီယံနှင့် ညီမျှသည်။

​၁၅ ရက်အတွင်းမှာပင် သူ၏ အသားတင်ကြွယ်ဝမှုမှာ ၁.၂ ဘီလီယံမှ ၇၀ သို့မဟုတ် ၈၀ ဘီလီယံအထိ အရှိန်အဟုန်ဖြင့် မြင့်တက်သွားခဲ့သည်။ တရုတ်နိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင်ပင် သူ့ကို ယှဉ်နိုင်သူ အနည်းငယ်သာ ရှိတော့သည်။

​စတော့နတ်ဘုရားများ ဖြစ်ကြသော Buffett သို့မဟုတ် Soros တို့ အသက် ၁၈ နှစ်အရွယ်တွင် ယခုကဲ့သို့ ငွေကြေးအမြောက်အမြား ရှိ၊ မရှိ သင် မေးမြန်းကြည့်နိုင်ပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ ပုဂ္ဂလိက ရှယ်ယာရန်ပုံငွေအဖွဲ့များနှင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများသည်လည်း ဤရေနံစျေးကွက်အတွင်းရှိ အလားအလာရှိသော "သားရဲကြီး" တစ်ကောင်ဖြစ်သည့် ဖန်ထန်းလုပ်ငန်းကို သတိပြုမိသွားကြပြီ ဖြစ်သည်။

ဖန်ထန်း ၏ ယခုတစ်ကြိမ် စျေးကွက်အတွင်း လှုပ်ရှားဆောင်ရွက်မှုများသည် အလွန်တုန်လှုပ်ဖွယ်ကောင်းလှသဖြင့် စျေးကွက်အတွင်း၌ ဖော်ပြ၍မရနိုင်လောက်အောင် ဂယက်ရိုက်ခတ်မှုများကိုပင် ဖြစ်ပေါ်စေခဲ့သည်။

All Chapters