ဖန်ထန်း ရင်းနီးမြုပ်နှံရေးလုပ်ငန်း
Vol. 3 Ch. 28
ဖုန်းဖြေပြီးပြီးချင်းမှာပဲ လင်းဖန်က မိုရှင်းယာ ဆီ ချက်ချင်းဖုန်းဆက်ပြီး မေးလိုက်သည်။
"အခု ငါ့ရဲ့ ကိုယ်ပိုင်အကောင့်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲ"
သူ့နာမည်နဲ့ရှိနေတဲ့ ပိုင်ဆိုင်မှုတွေထဲမှာ လက်ငင်းငွေသားအပြင် ကျန်းခန်းဥယျာဉ်လိုမျိုး မူပိုင်ပစ္စည်းတွေကရတဲ့ ဝင်ငွေတွေလည်း ရှိနေသည်။
ဒါပေမဲ့ အဲဒီဝင်ငွေတွေကိုတော့ အဖွဲ့ရဲ့နေ့စဉ်အသုံးစရိတ်တွေအတွက် သတ်မှတ်ထားတာမို့လို့ စိတ်ကြိုက်ထုတ်သုံးဖို့တော့ မလွယ်ကူချေ။
ခဏလောက် စဉ်းစားပြီးနောက်မှာတော့ မိုရှင်းယားက ချက်ချင်းပဲ အစီရင်ခံသည်။
"သူဌေး... တရုတ်ဆောက်လုပ်ရေးဘဏ် (CCB)၊ တရုတ်စာတိုက်ဘဏ် နဲ့ တရုတ်စိုက်ပျိုးရေးဘဏ်တွေမှာ တစ်ဘဏ်ကို ၅ ဘီလီယံစီ အပ်နှံထားပါတယ်။ ပြီးတော့ ICBC ဘဏ်ထဲမှာလည်း ၂.၂၀၄ ဘီလီယံ ရှိနေပါတယ်"
"အခုလေးတင်ပဲ ဗီလာအမှတ် (၂) ကနေ နောက်ထပ် ၇.၂ ဘီလီယံ လွှဲပေးလိုက်ပါသေးတယ်။ ဒါကြောင့် အခု သူဌေး စိတ်ကြိုက်အသုံးပြုနိုင်တဲ့ လက်ငင်းငွေသား စုစုပေါင်း ၂၄.၄၄ ဘီလီယံ ရှိပါတယ်"
မိုရှင်းယာရဲ့ တင်ပြချက်ကို သေချာနားထောင်ပြီးနောက် လင်းဖုန်းက ခေါင်းညိတ်လိုက်ပြီး
"မင်းရွေးချယ်ချင်တဲ့ လူတွေနဲ့ အိမ်တွေအတွက်ရော ဘယ်လိုပြင်ဆင်ထားလဲ"
ကျန်းခန်းဥယျာဉ်ဟာ သူ့ရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုဖြစ်ပေမဲ့ အဲဒီနေရာမှာ ဗီလာအလုံးပေါင်း တစ်ရာကျော်ရှိပြီး အများစုကတော့ အလွတ်တွေပဲ ဖြစ်နေသေးသည်။
ဒါပေမဲ့လည်း ဗီလာဧရိယာဆိုတာက ရုံးခန်းဖွင့်ဖို့အတွက်တော့ သိပ်ပြီးမသင့်တော်လှ။
နောင်တစ်ချိန်မှာ ဖန်းထန် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအနေနဲ့ တစ်နိုင်ငံလုံးမှာတင်မက ကမ္ဘာအနှံ့အထိပါ နာမည်ကျော်ကြားလာဖို့ ရည်မှန်းထားတာကြောင့် အခုကတည်းက တာဝန်ခံပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းခွင်နေရာတွေကို စနစ်တကျ ပြင်ဆင်ထားရမှာ ဖြစ်သည်။
"သူဌေး... အားလုံး အဆင်သင့်ဖြစ်ပြီလား သူ(မ) ကို အထဲဝင်လာခိုင်းလိုက်ရမလား"
"အင်း..."
လင်းဖုန်းက လက်ယမ်းပြလိုက်ပြီး ရွေးချယ်ထားတဲ့သူတွေကို အထဲဝင်လာဖို့ စီစဉ်ခိုင်းလိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်မှာတော့... ဒေါက်ဖိနပ်သံ ခပ်ကျယ်ကျယ်လေးတစ်ခု ထွက်ပေါ်လာပြီး အသက် ၂၇-၂၈ ခန့်ရှိမယ့် အမျိုးသမီးတစ်ယောက် လမ်းလျှောက်ဝင်လာသည်။
လင်းဖုန်းလည်း သူမကို မော့ကြည့်လိုက်သည်။
သူမက အရပ် ၁.၆၅ မီတာခန့်သာ ရှိပေမဲ့ ဆံပင်တိုတိုနဲ့ အနက်ရောင် ရုံးဝတ်စုံက သူမကို အရမ်းကြည့်ကောင်းပြီး ထက်မြက်တဲ့ပုံစံ ပေါက်စေသည်။
သူမရဲ့ ဘဲဥပုံမျက်နှာထက်မှာ တပ်ထားတဲ့ ရွှေရောင်ဘောင်မျက်မှန်လေးကလည်း သူမကို ပိုပြီး ကျော့ရှင်းသွားစေသည်။
ဘေးနားမှာရှိနေတဲ့ မိုရှင်းယားက ချက်ချင်းပဲ မိတ်ဆက်ပေးလာသည်။
"သူဌေး... ဒါကတော့ စုမေ ပါ။ သူမက ရှီကာဂိုတက္ကသိုလ်ကနေ ပါရဂူဘွဲ့ရထားတာပါ။ ပြီးတော့ Morgan Stanley နဲ့ Sequoia Capital တို့လို ကမ္ဘာကျော် ရင်းနှီးမြှုပ်နှံမှုဘဏ်တွေမှာလည်း အလုပ်လုပ်ခဲ့ဖူးပါတယ်"
လင်းဖန်က စုမေကို တည့်တည့်စိုက်ကြည့်ရင်း အတည်ပေါက်နဲ့ပဲ မေးလိုက်သည်။
"ငါ့မှာမင်းအတွက် မေးခွန်းများများစားစား ရှိမနေဘူး တခုပဲမေးမယ် မင်း ငါနဲ့အိပ်နိုင်လား"
စူးမေကလည်း ဘာမှတုံ့ဆိုင်းမနေဘဲ ချက်ချင်း ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည် -
"ကျွန်မ သဘောတူတယ်"
တကယ်တော့ စုမေဆိုသည်က မူလကတည်းက လင်းဖုန်းရဲ့ ကိုယ်ပိုင်ဘဏ္ဍာရေးအဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။ သူမသာ စိတ်မပါဘူးဆိုရင် ဒီအဖွဲ့ထဲကို စကတည်းက ဝင်ရောက်လာမှာ မဟုတ်ချေ။
"တစ်နှစ်လစာ ယွမ် ၅သန်း အဲဒီအပြင် ကော်မရှင် ၁ ထောင်ပုံ ၁ ပုံ ပေးမယ်။ ကားနဲ့ အိမ်ကိုလည်း ကုမ္ပဏီကပဲ အကုန်အကျခံမယ်။ ဒီနေ့ကစပြီး မင်းဟာ ဖန်းထန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာပဲ"
၂၀၁၈ ခုနှစ်မှာ တစ်နှစ်လစာ ၅ သန်းဆိုတာ သိပ်မများလှပေမဲ့ အရေးကြီးဆုံးက "၁ ထောင်ပုံ ၁ ပုံ ကော်မရှင်" ဆိုတာပါပဲ။
ကုမ္ပဏီရဲ့ လည်ပတ်ငွေပမာဏအရ ဒီကော်မရှင်ဟာ တစ်နှစ်ကို ယွမ်သန်းပေါင်း ဆယ်ဂဏန်းအထိ ရှိနိုင်သည်။
ဒါကို ကြားလိုက်ရတဲ့အခါ စုမေရဲ့ မျက်နှာ၌ အံ့ဩသွားတဲ့ အရိပ်အယောင်တွေ ထင်ဟပ်သွားသည်။
အတန်ကြာပြောဆိုပြီးနောက် လင်းဖန်က
"ရှင်းယာ.. ငါတို့ကို ရုံးခန်းနေရာသွားကြည့်ဖို့အတွက် ကားအခုချက်ချင်း စီစဉ်လိုက်တော့"
နာရီဝက်အကြာမှာတော့ လင်းဖုန်းနဲ့အဖွဲ့ဟာ ကျင်းလင်းမြို့ ၊ ရွှမ်ဝူခရိုင်ကို ရောက်ရှိလာကြသည်။ ရွှမ်ဝူခရိုင်ဟာ ကျင်းလင်းမြို့ရဲ့ အချက်အချာကျတဲ့ စီးပွားရေးနဲ့ နည်းပညာဗဟိုချက်မနေရာ ဖြစ်သည်။
"သူဌေး... ဒါကတော့ ကျွန်မတို့ ရွေးချယ်ထားတဲ့ ရုံးခန်းနေရာ မင်ကျူး စီးပွားရေးစင်တာ အဆောက်အအုံပါ"
ဒီအဆောက်အအုံဟာ အမြင့် ၃၅၅ မီတာ ရှိပြီး အထပ်ပေါင်း မြေပေါ် ၇၇ ထပ် နဲ့ မြေအောက် ၅ ထပ် ရှိကာ ကျင်းလင်းမြို့မှာ ဒုတိယအမြင့်ဆုံး အဆောက်အအုံ ဖြစ်ပါသည်။
မိုရှင်းယာက သူတို့အဖွဲ့ကို အဆောက်အအုံရဲ့ ၆၆ ထပ် ဆီကို တိုက်ရိုက်ခေါ်ဆောင်သွားခဲ့သည်။
"သူဌေး... ဒီအထပ်က စုစုပေါင်း စတုရန်းမီတာ ၅၀၀ ကျယ်ဝန်းပြီး တစ်နှစ်ငှားရမ်းခက ယွမ် သန်း ၆၀ ကျသင့်မှာပါ"
လင်းဖန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး
"အိမ်ရှင်ကို မေးကြည့်လိုက်... သူရောင်းချင်သလားလို့။ တကယ်လို့ ရောင်းမယ်ဆိုရင် တိုက်ရိုက်ပဲ ဝယ်လိုက်တော့မယ်!"
ဒီနေရာက တန်ဖိုးတက်လာဖို့ အလားအလာ အများကြီးရှိနေတာကြောင့် ဝယ်ယူလိုက်တာဟာ ငှားရမ်းနေတာထက်စာရင် အများကြီး ပိုပြီးတွက်ခြေကိုက်သည်ဟု သူထင်သည်။
"ဟုတ်ကဲ့ပါ"
မိုရှင်းယားက လေးစားစွာ ခေါင်းညိတ်လိုက်သည်။
"စုမေ... ဒီနေ့ကစပြီး ဒီနေရာကို မင်းပဲ တာဝန်ယူရမယ်။ ဘာတွေဝယ်ရမလဲ၊ ဘယ်သူတွေကို အလုပ်ခန့်ရမလဲဆိုတာ မင်းပဲ ဆုံးဖြတ်ပါ။ ပိုက်ဆံလိုရင် ရှင်းယားကို တိုက်ရိုက်ပြောလိုက်ပါ"
လင်းဖုန်းက ဆက်လက်အမိန့်ပေးလိုက်သည်။
"နောက်ထပ်လုပ်ရမယ့် အဓိကအလုပ်ကတော့ ဖန်းထန် ရင်းနှီးမြှုပ်နှံမှုရဲ့ အဖွဲ့ကို ဖွဲ့စည်းဖို့ပဲ။ လောလောဆယ်တော့ ရန်ပုံငွေအသစ်တွေ ထပ်ရှာဖို့ မလိုသေးဘူး။ ဗီလာအမှတ် (၂) မှာရှိတဲ့ အဖွဲ့ ၄ ဖွဲ့ အလုပ်ပြီးတာနဲ့ သူတို့လည်း ဒီမှာလာပြီး အလုပ်လုပ်ကြလိမ့်မယ်။ သူတို့တွေက ဖန်းထန်ရဲ့ အမာခံအဖွဲ့ဝင်တွေပဲ"