အခန်း (၃၀)
Vol. 3 Ch. 30
၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်၊ ကျင်းလင် အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း၌ ဖြစ်သည်။
"ရှန်းကျန် သို့ သွားမည့် ခရီးသည်များ လေယာဉ်တက်ရန် ပြတင်းပေါက် ၅၂သို့ အမြန်လာရောက်ကြပါရန်"
ဟု ခန်းမအတွင်း၌ ရုတ်တရက် လေကြောင်းကြေညာသံ ထွက်ပေါ်လာသည်။
"သူဌေး၊ ကျွန်မတို့ လေယာဉ်တက်ဖို့ အဆင်သင့်ဖြစ်ပါပြီ"
မိုရှင်းယာက လင်းဖန်ကို အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။
"အင်း"
ထိုအချိန်တွင် လင်းဖန်က လက်ထဲမှ အချက်အလက်များပေါ်တွင် အာရုံစိုက်နေမှုကို ရပ်တန့်လိုက်ပြီး လေယာဉ်တက်မည့် ဂိတ်ပေါက်ဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားတော့သည်။
၂၁ ရာစုတွင် လေယာဉ်များသည် လူတို့၏ နေ့စဉ်ဘဝ၌ မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။
လေဆိပ်တွင် လူစီးဆင်းမှုမှာ အလွန်များပြားသော်လည်း ယင်းအတွက် စိုးရိမ်စရာမရှိပေ။
သို့သော် မြန်နှုန်းမြင့် ရထားလိုင်းများနှင့် ရိုးရိုးရထားများနှင့်စာလျှင်မူ လေဆိပ်က လူဦးရေမှာ ပိုနည်းပါးသည်။
VIP ခန်းမှလွဲ၍ လေယာဉ်ပေါ်ရှိ စီးပွားရေးအဆင့် နှင့် ရိုးရိုးတန်း နေရာများမှာ အခြေခံအားဖြင့် ပြည့်နှက်နေသည်။
အမှန်စင်စစ် လင်းဖန်အနေဖြင့် ပြည်သူလူထု၏ အခြေအနေကို လေ့လာခံစားကြည့်ရန်အတွက် ရိုးရိုးတန်း လက်မှတ်များကို တကူးတက ဝယ်ယူခဲ့ခြင်းမျိုး မဟုတ်ပေ။
ခရီးစဉ်နှင့် ပတ်သက်သမျှ အရာအားလုံးကို မိုရှင်းယာက သေသေချာချာ စီစဉ်ပေးထားပြီးဖြစ်သည်။ ဘဏ်စုငွေ ဘီလီယံပေါင်း ဆယ်ချီကျော်နေသည့် သူကဲ့သို့သော ချမ်းသာသူများသည် ICBC ဘဏ်တွင် မှတ်ပုံတင်ထားပြီးသား ဖြစ်သည်။
နိုင်ငံအတွင်းရှိ အဓိကဘဏ်ကြီး ၅ ခုအနက် တစ်ခုဖြစ်သည့် ICBC သည် လေဆိပ်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ထားသည်။ ထို့ကြောင့်လည်း ထိုချမ်းသာသူများသည် လေကြောင်းလိုင်း၏ ဂုဏ်ထူးဆောင် ဖောက်သည်များအဖြစ် သတ်မှတ်ခံရပြီး VIP လမ်းကြောင်းမှတစ်ဆင့် ဝင်ထွက်သွားလာခွင့် ရရှိကြသည်။
ဤနေရာမှ လေယာဉ်မယ်မှာ အရပ် ၁.၇ မီတာကျော်ရှိပြီး အပြာနှင့် အဖြူရောင် ပန်းကွက်ဖော်ထားသည့် ချောင်ဆန်းဝတ်စုံကို ဝတ်ဆင်ထားကာ အလွန်လှပသည်။
သူမက နူးညံ့သိမ်မွေ့ပြီး ကျော့ရှင်းကာ ရှေးဟောင်းတရုတ် အလှတရားများနှင့် ပြည့်စုံနေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မူ လင်းဖန်သည် VIP ခန်းအတွင်း ထိုင်နေပြီး ဘေးနားမှ တစ်ယောက်ပြီးတစ်ယောက် ဖြတ်သန်းသွားလာနေသူများကို ဂရုမစိုက်ဘဲ ဆက်လက်၍ ငြိမ်သက်စွာ အာရုံစူးစိုက်နေခဲ့သည်။
အမှန်စင်စစ်၊ ယခုအကြိမ် ရှန်ချန်းသို့ သွားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ သူ၏လက်ထဲတွင်ရှိသော လက်ကိုင်ဖုန်း ဒီဇိုင်းစီမံကိန်းအတွက်ဖြစ်သည်။
ကောင်းမွန်သော လက်ကိုင်ဖုန်းတစ်လုံးသည် တန်ဖိုးတစ်ခုကို ဖန်တီးပေးနိုင်ရမည်။ ဒီဇိုင်းကောင်းမွန်ရုံသာမက ပို၍အရေးကြီးသည်မှာ ထိုဒီဇိုင်းကို လက်တွေ့ထုတ်လုပ်နိုင်ရန် ဖြစ်သည်။
မူလ၌သူက မြေနေရာဝယ်ယူကာ အဆောက်အအုံဆောက်ပြီး ကိုယ်ပိုင်ဖုန်းကုမ္ပဏီတစ်ခု တည်ထောင်ရန် စဉ်းစားခဲ့သော်လည်း သေသေချာချာ ပြန်လည်တွေးတောကြည့်သည့်အခါ ထိုအလုပ်မှာ အလွန်ခက်ခဲပြီး လက်ရှိအခြေအနေ၊ အကျိုးစီးပွားများနှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် အခြေခိုင်ပြီးသား ဖုန်းကုမ္ပဏီတစ်ခုကို ဝယ်ယူလိုက်ခြင်းက ပထမဦးစားပေး ရွေးချယ်စရာ ဖြစ်လာခဲ့သည်။
ဤအချိန်တွင် လင်းဖန်က ပြည်တွင်းရှိ အကြီးအငယ်မရွေး ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီပေါင်း ဒါဇင်များစွာကို စိစစ်ခဲ့ပြီးနောက် နောက်ဆုံးတွင် တစ်ချိန်က ထင်ပေါ်ကျော်ကြားခဲ့ဖူးသော ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်သည့် ကျင်းလီကုမ္ပဏီကို ရွေးချယ်ခဲ့သည်။
တရုတ်နိုင်ငံ၏ အစောပိုင်း လက်ကိုင်ဖုန်းလောကတွင် တစ်ခုတည်းသော လူသိများသည့် အမှတ်တံဆိပ်ဖြစ်သော ကျင်းလီသည် ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် ပြည်တွင်းအရောင်းရဆုံး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ပြည်တွင်းဖုန်းအမှတ်တံဆိပ်များတွင် နံပါတ် (၁) အဆင့် ချိတ်ခဲ့ဖူးသည်။
HIS ဈေးကွက်သုတေသနအဖွဲ့၏ အချက်အလက်များအရ ၂၀၁၃ ခုနှစ်အထိ ကျင်းလီသည် ကမ္ဘာ့အဆင့် (၁၁) နေရာတွင် ရှိနေပြီး ကမ္ဘာတစ်ဝန်း၌ ကျင်းလီဖုန်း အသုံးပြုသူ သန်းပေါင်း ၁၁၀ ကျော်ရှိခဲ့သည်။ ၎င်းသည် အလွန်တောက်ပသည့် အောင်မြင်မှုမှတ်တိုင်တစ်ခုဟု ဆိုနိုင်သည်။
အတိအကျပြောရလျှင် ၂၀၁၃ ခုနှစ် 4G ကွန်ရက်ခေတ်သို့ ရောက်ရှိလာချိန်မှစ၍ ကျင်းလီကုမ္ပဏီသည် စီးပွားရေးဆိုင်ရာ အခက်အခဲများနှင့် စတင်ရင်ဆိုင်ခဲ့ရသည်။
အခြေအနေများ မကောင်းမွန်တော့ဘဲ ကုမ္ပဏီသည် အရှုံးပေါ်သည့်အခြေအနေသို့ ရောက်ရှိသွားကာ ငွေကြေးစီးဆင်းမှုမှာလည်း ဆက်တိုက်ဆိုသလို အနုတ်လက္ခဏာပြလာခဲ့သည်။
၂၀၁၇ ခုနှစ်ကုန်တွင်မူ ကျင်းလီ၏ အရင်းအနှီးကွင်းဆက် ပြတ်တောက်သွားခဲ့ပြီး ၎င်း၏ပိုင်ဆိုင်မှုများမှာ တစ်ခုပြီးတစ်ခု အပိတ်ခံလိုက်ရတော့သည်။
နောက်တစ်နှစ် ဇန်နဝါရီလတွင် နန်ယွဲ့ဘဏ် ၏ ပထမတိုက်ရိုက်ဘဏ်ခွဲက ကျင်းလီနှင့် ၎င်း၏ကုမ္ပဏီခွဲများအားလုံးရဲ့ ဘဏ်အပ်ငွေများ၊ ရှယ်ယာများ၊ အိမ်ခြံမြေ၊ မြေကွက်နှင့် အခြားသော ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းရန်နှင့် ပိတ်သိမ်းရန် လျှောက်ထားခဲ့သည်။
မေလ ၈ ရက်နေ့တွင် ဟွာရှင်း ရှန်းကျန့်ဘဏ်ခွဲက ကျင်းလီ သည် ပေးရန်ရှိသော အကြွေးများကို မဆပ်နိုင်တော့သည့်အကြောင်းပြချက်ဖြင့် ရှန်းကျန့်အလယ်အလတ်တရားရုံးသို့ ကုမ္ပဏီအား ဒေဝါလီခံ ဖျက်သိမ်းပေးရန် လျှောက်ထားခဲ့ပြီး ကုမ္ပဏီအား ဒေဝါလီခံခြင်းနှင့် စာရင်းရှင်းလင်းခြင်းအဆင့်သို့ တရားဝင် ရောက်ရှိစေခဲ့သည်။
ဤအခြေအနေသည်ပင် လင်းဖန်အတွက် ဤကုမ္ပဏီကို ရွေးချယ်ဖြစ်စေသည့် အရေးကြီးသောအချက် ဖြစ်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ကျင်းလီ၏ အကြွေးမှာ တရုတ်ယွမ်ငွေ သန်း ၂၀၀ ကျော်အထိ ရှိနေသောကြောင့်ဖြစ်သည်။
အကယ်၍ ထိုအကြွေးများကို မဆပ်နိုင်ပါက ကျင်းလီသည် လုံးဝဖျက်သိမ်းခံရမည်ဖြစ်ပြီး တစ်ချိန်က ပြည်တွင်း၌ နံပါတ်တစ်ဖြစ်ခဲ့သော ဤလက်ကိုင်ဖုန်းအမှတ်တံဆိပ်သည်လည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။
"သူဌေး၊ ရှန်းကျန့်ကနေ သတင်းတစ်ခုခု ခုလေးတင်ပဲ ရောက်လာပါတယ်။ ကျင်းလီရဲ့ ဥက္ကဋ္ဌ လျိုလီရုံက ဆိုင်ပန်ကျွန်းကို သွားပြီး လောင်းကစားလုပ်တာ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရှုံးသွားတယ်တဲ့..အခုဆိုရင် သူ့နာမည်နဲ့ရှိတဲ့ ကျင်းလီရဲ့ ရှယ်ယာ ၄၁.၄ ရာခိုင်နှုန်းကို တရားရုံးက ချိပ်ပိတ် (Freeze) လိုက်ပါပြီ"
ဘေးနားရှိ မိုရှင်းယာက လင်းဖန်ကို ရုတ်တရက် လှမ်းပြောလိုက်ခြင်းဖြစ်သည်။
"အော်... ဒါက စိတ်ဝင်စားစရာပဲ"
ထိုသတင်းကို ကြားလိုက်ရပြီးနောက် လင်းဖုန်း၏ မျက်နှာပေါ်တွင် ပို၍ အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာပြီး
"ရှင်းယာ၊ ငါတို့ အခု ရှယ်ယာ ဘယ်လောက်အထိ စုမိနေပြီလဲ"
ဟု မေးလိုက်သည်။
ကျင်းလီသည် စတော့အိတ်ချိန်းတွင် စာရင်းသွင်းထားသည့် ကုမ္ပဏီ တစ်ခု မဟုတ်သော်လည်း ၎င်း၏ ရှယ်ယာဖွဲ့စည်းပုံမှာ တစ်ဦးတစ်ယောက်တည်း လက်ထဲတွင် စုပြုံနေခြင်းမျိုး မဟုတ်ပေ။
တည်ထောင်သူများ ကိုင်ဆောင်ထားသည့် ရှယ်ယာများအပြင် အခြားသော ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းအချို့ကလည်း ရှယ်ယာများကို ပိုင်ဆိုင်ထားကြသည်။
"ဆရာ၊ ကျွန်တော်တို့ လက်ရှိမှာ ကျင်းလီရဲ့ ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ယွမ်ငွေ ၂ ဘီလီယံနီးပါး သုံးစွဲထားပါတယ်။ ကျန်တဲ့ ရှယ်ယာတွေကတော့ ဥက္ကဋ္ဌ လျိုလီရုံ၊ ဒု-ဥက္ကဋ္ဌ ယွီလိန် ၊ တိန့်လီနဲ့ တခြားသူတွေရဲ့ လက်ထဲမှာ ရှိနေပါတယ်"
"ဆက်ပြီးတော့သာ ဝယ်ယူစုဆောင်းလိုက်ပါ။ ကျင်းလီကို တည်ထောင်သူတွေက သူတို့ရှယ်ယာတွေကို ရောင်းချဖို့ ဆန္ဒရှိ၊ မရှိ ကြည့်ရမယ်။ ဈေးနှုန်းက လက်ခံနိုင်လောက်တဲ့ အနေအထားမှာ ရှိနေသရွေ့ အားလုံးကို သိမ်းကျုံးဝယ်ယူပစ်မယ်"
လင်းဖုန်းက လက်ကို ဝှေ့ယမ်းကာ တက်ကြွလှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
ဘယ်လိုပဲဖြစ်ဖြစ် ကျင်းလီက ယွမ်ငွေ ဘီလီယံပေါင်း ရာနဲ့ချီ တန်ဖိုးရှိတဲ့ ကုမ္ပဏီတစ်ခု ဖြစ်နေဆဲပါ။
သူ့မှာ ကျင်းလီနည်းပညာ ကွမ်းချန်ကျင်းမင် ၊ ကွမ်းချန်ကျင်းရှန်း ၊ ယန်ကျင်းကျင်းလီ နဲ့ ကန်းချန်ကျင်းလီ အပါအဝင် ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ လုပ်ငန်းပေါင်း ၁၁ ခု ရှိပါတယ်။
ဒါ့အပြင် သူတို့ဟာ WeBank နဲ့ ရှန်းကျန့်အိမ်ခြံမြေ လုပ်ငန်းတွေမှာလည်း ရှယ်ယာအမြောက်အမြားကို ထိန်းချုပ်ထားပါသေးသည်။
ဥက္ကဋ္ဌ လျိုလီရုံရဲ့ "မြွေရေခွံလဲသလို" လုပ်ရပ်သာ မရှိခဲ့ရင် သူတို့ဟာ နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာအထိ တောင့်ခံနိုင်ဦးမှာ အသေအချာပါပဲ။
ယွမ်ငွေ ၂ ဘီလီယံတည်းနဲ့ ကျင်းလီရဲ့ ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို ရရှိခဲ့တာဟာ တကယ့်ကို အမြတ်အစွန်းကြီးကြီးမားမား ရလိုက်တာ လို့တောင် ဆိုနိုင်ပါသည်။
"ဟုတ်ကဲ့ပါ"
မိုရှင်းယာက ကျင်းလီရှယ်ယာများကို ဆက်လက်ဝယ်ယူရန် ဖန်ထန်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီသို့ ချက်ချင်းပင် ဖုန်းဆက်လိုက်လေသည်။