ဖော်စပ်သည့်ဆေးအား ပြန်လည်မြည်းစမ်းစေခြင်း
Vol. 4 Ch. 31
ချူးရန်က လှောင်ပြုံး ပြုံးလိုက်ကာ ကျန်နေသည့် အစောင့်အရှောက်များအား ဝေ့ကြည့်လိုက်သည်။
"မင်းတို့ သတ်ခဲ့တဲ့သူတွေကို မင်းတို့လည်း ထပ်တူခံစားစေရမယ်ပြောထားတာ… ဒါပေမယ့် သွေးနတ်ဘုရားဂိုဏ်းမှာက နာနာကျင်ကျင် သေဖို့ နည်းလမ်းတွေများလွန်းတယ်… အဲ့တာမို့ မင်းတပည့်တွေကို ခံစားခိုင်းရတာပေါ့…"
စကားအဆုံး၌ ချူးရန်က လက်မြောက်ကာ လက်သည်း သဏ္ဍာန်ပြု၍ တိုက်ခိုက်လာသည့် အစောင့်အရှောက်တဦးအား ကုတ်ဆွဲလိုက်သည်။
လက်သည်းများက လင်းလက်သွားကာ အစောင့်အရှောက်၏ ရင်ဘတ်၌ သွေးများ ပန်းထွက်လာပြီး အော်ဟစ်မိသွားသည်။ သွေးများ တသွင်သွင် စီးကျနေသည့်အပြင် နာကျင်မှုလည်း ပြင်းထန်လွန်းလှသည်။ အစောင့်အရှောက်က မူလချီဖြင့် တားဆီးရန် ကြိုးစေားသော်လည်း အချည်းအနှီးသာ ဖြစ်၏ ။ ခဏကြာပြီးချိန်၌ သွေးများကုန်ဆုံးသွားကာ မြေပြင်သို့ လဲကျသွားတော့သည်။
ချူးရန်က နောက်တကြိမ် ရှေ့ဆက်လှမ်းကာ ထပ်မံတိုက်ခိုက်ပြန်သည်။ တဖက်လူမှ အထိတ်တလန့်ဖြင့် ခုခံသော်လည်း ပြင်းထန်သည့် တိုက်ကွက်များမှာ များပြားစုံလင်လွန်းနေသသည်။
တိုက်ကွက်များကြောင့် အစောင့်အရှောက်များက တဦးပြီးတဦး မရလောကသို့ လျှောက်လှမ်းသွားရသည်။ သွေးထွက်လွန်ခြင်း၊ သွေးများ ဆူပွက်ခြင်း သို့မဟုတ် နှလုံးသို့ သွေးအကုန် ရောက်ရှိ၍ ကိုယ်တွငိး အင်္ဂါများ ပေါက်ကွဲထွက်ခြင်း စသည် အကြောင်းအရင်းများကြောင့် အစောင့်အရှောက်များ သေဆုံးသွားကြသည်။
ခဏကြာပြီးချိန်၌ ချူးရန်၏ ရှေ့၌ စီမာဘိုတယောက်သာ ကျန်တော့သည်။
"ပိုင်… ညီအစ်ကိုပိုင်…"
စီမာဘိုက ထိတ်လန့်နေသည့်အတွက် မျက်ရည်နှင့် နှာရည်များပင် စီးကျလာတော့သည်။
"ငါ့မှာ ရွေးချယ်စရာ မရှိလို့ပါ…"
"ငါသိတယ်…"
ချူးရန်က ပြုံးကာ စီမာဘို၏ နဖူးအား လက်ဖြင့်တို့ထိလိုက်သည်။
"သွားတော့…"
စီမာဘို၏ ကိုယ်မှ သွေးများက ဦးခေါင်းထက်၌ စုဝေးရောက်ရှိလာသည့်အတွက် ခေါင်းမှာ ဖောင်းကားလာ၏ ။ ခဏကြာပြီးချိန်၌ အသံမြည်ကာ ပွင့်ထွက်သွားတော့သည်။
ချူးရန်က အစောင့်အရှောက်များ၏ အလောင်းပေါ်သို့ နင်းလျှောက်ကာ တန်ကျိုရှီ ရှိရာသို့ ဦးတည်နေသည်။
"မင်းမှာ စွမ်းအင် ဘယ်လောက်ကျန်မှာတုံး…"
တန်ကျိုရှီက မျက်မှောင်ကြုံ့ကာ ပြောလာသည်။ သို့သော်လည်း ကျော၌ ဇောချွေးပြန်နေသည့်အပြင် သတိကပ်ထားနေသည်။
"မှန်းကြည့်လေ…"
ချူးရန်က ပြုံးကာ အဖြေပေး၏ ။
"ဘာဖြစ်ဖြစ်ပါ ငါက အခြေတည်အဆင့် မရောက်သေးဘူးလေ…"
……
တန်ကျိုရှီက ချူးရန်ဖြင့် ခဏကြာ ရင်ဆိုင်ပြီးချိန်၌ ပါးစပ်အတွင်းမှ သွေးရောင်အလင်း ထုတ်လွှတ်လိုက်သည်။
ချူးရန်က ထိုအလင်းအား လက်ဖြင့် ဖမ်းဆုပ်လိုက်ရာ အနီရောင် ဓားပျံတခု ဖြစ်နေသည်။ ထို့နောက်တွင် ဓားပျံအား လက်ဖြင့် ဆုပ်ကိုင်ကာ ဆော့ကစားလိုက်သေးသည်။
တန်ကျိုရှီ၏ နဖူး၌ ချွေးပြန်လာသည်။ ထို့နောက်တွင် ခေါင်းမရှိတော့သည့် စီမာဘို၏ အလောင်းမှ အမိန့်ပေး အလံနှစ်ခုအား ထိန်းချုပ်ကာ ချူးရန်အား တိုက်ခိုက်ရန် မီးထုတ်လွှတ်စေသည်။
သို့သော်လည်း ချူးရန်က နောက်လှည့်၍ အလွယ်တကူပင် မီးမှုတ်ကာ ငြိမ်းသတ်သည်။ အားကောင်းသည့် ချီများက မီးပင်လယ်အား ရုတ်ချည်း ငြိမ်းသွားစေ၏ ။ အမိန့်ပေး အလံနှစ်ခုကိုလည်း လက်ဖြင့် ဖမ်းဆုပ်ကာ တစစီချေမွပစ်ပြန်သည်။
"တာအိုရောင်ရင်း…"
တန်ကျိုရှီက ခြေတလှမ်း နောက်ဆုတ်ကာ စကားစပြောလာသည်။
"ငါတို့ တယောက်ကိုတယောက် တိုက်ခိုက်နေဖို့ မလိုပါဘူးလေ…"
ချူးရန်က အပြုံးတပွင့် ပန်ဆင်ထားကာ ရှေ့ဆက်လှမ်းနေသေးသည်။
ထိုခဏ၌ တန်ကျိုရန်က စူးစူးဝါးဝါး အော်ဟစ်ကာ ခန္ဓာကိုယ်သည်လည်း လဲကျသွားကာ သွေးမြူများ ဖြစ်လာ၏ ။ သူ့အနေဖြင့် ထွက်ပြေးလိုနေသည်။ သို့သော်လည်း ချူးရန်က ခန္ဓာကိုယ် လဲကျသည့် နေရာသို့ရောက်လာကာ လက်တဖက်အား ဖမ်းဆုပ်လိုက်ရာ သွေးမြူအဖြစ် ပြောင်းလဲနေခြင်းအား ရပ်တန့်ပစ်သည်။
ချူးရန်က တဖက်သူ၏ လက်မောင်းအား ချုပ်ကိုင်ထားကာ ပြုံးနေသည်။
"မင်းကြားဖူးထားသေးလား… သွေးနတ်ဘုရားဂိုဏ်းရဲ့ လျှို့ဝှက်နည်းလမ်း သွေးဝိညာဉ်သုတ်သင်ခြင်းကိုလေ…"
"ဘယ်လို…"
တန်ကျိုရှီက မင်သက်နေသော်လည်း ချူးရန်က တိုက်ကွက်စလိုက်ပြီ ဖြစ်သည်။
သူ၏ လက်က ပုံရိပ်များစွာ ဖြစ်လာကာ တဖက်သူ၏ အဓိက နေရာများနှင့် သွေးကြောအမှတ်များအား တို့ထိလိုက်သည်။ တန်ကျိုရှီ၏ ကိုယ်မှ မူလချီများက နတ်ဆိုးကီအဖြစ် ပြောင်းလဲသွားသည့်အပြင် သွေးများသည်လည်း ပွက်ပွက်ဆူလာသည်။ ထို့ကြောင့် ပြင်းထန်သည့် နာကျင်မှု ခံစားရကာ ဒန်တျန်၊ အရိုးနှင့် စိတ်ဝိညာဉ်အမြစ်များ ပျသည်လည်း အမှုန့်အဖြစ်သို့ ကူးပြောင်းသွားရသည်။
"အား အား အား အား အား!…"
ရှန်ရွှမ် ဧကရာဇ်ဟောင်းက နာကျင်မှုကြောင့် စူးစူးဝါးဝါး အော်ဟစ်နေသော်လည်း လွတ်မြောက်နိုင်စွမ်း ကင်းမဲ့နေသည်။ ထိုောချိန်၌ ချူးရန်က တဖက်သူ၏ လက်မောင်းအား ထိန်းချုပ်ကာ မျက်နှာချင်းဆိုင် အနေအထားသို့ ပြောင်းလဲလိုက်သည်။
နောက်ဆုံးသော လက်ဝါးချက်မှာ တန်ကျိုရှီ၏ နဖူးထက်သို့ သက်ဆင်းသွားပြန်သည်။ ထိုခဏ၌ ဒွာရ ခုနှစ်ပေါက်မှ သွေးများ ယိုစင်းလာရသည်။ ခန္ဓာကိုယ်အတွင်းရှိ သွေးများသည်လည်း ဦးနှောက်သို့ စီးဆင်းလာသည့်အတွက် စိတ်ဝိညာဉ်ပင် ပျက်စီးသွားရတော့သည်။