← Chapters

စိတ်ဝိညာဉ် သန့်စင်ခြင်းနည်းလမ်း

Vol. 4 Ch. 32

စိတ်ဝိညာဉ် သန့်စင်ခြင်းနည်းလမ်း

Vol. 4 Ch. 32

ပိုင်ချူးရန်က လက်ရမ်းကာ တန်ကျိုရှီ၏ အလောင်းအား စင်မြင့်ထက်မှ လွင့်စင်သွားစေသည်။

ထို့နောက်တွင် နောက်လှည့်ကာ ကိုယ်မှ ဖုန်များအား ခါပစ်ပြီး ကလေးငယ်များ၊ အရာရှိများနှင့် ကြောင်ရပ်နေသည့် မင်းသမီး တန်ရော်ဝေအား စိုက်ကြည့်သည်။

"ကျူပင်ခုတ်ရင် ကျူငုတ်ပါ မကျန်အောင် ရှင်းရမယ်…"

ချူးရန်က ဘေးမှ အလောင်းအား ညွှန်ပြကာ ရေရွတ်နေသည်။

"သူ အရင်စတိုက်တာလေ…"

"ငါသိပါတယ်…"

တန်ရော်ဝေက ကြောင်အမ်းအမ်းဖြင့် ခေါင်းညိမ့်လိုက်သည်။

"ဘယ်လိုပါလိမ့်…"

ထိုအချိန်၌ စင်မြင့်ဘေးရပ်နေသည့် စိတ်ဝိညာဉ် အကြံပေး ဖုချန်ချူက ခေါင်းအား လက်ဖြင့်ထိန်းအား နာကျင်စွာ ရေရွတ်လာသည်။ ခဏကြာပြီးချိန်၌ ရှန်ရွှမ် ဧကရာဇ်ကလည်း ဦးခေါင်းအား ကိုင်ဆောင်ကာ ညည်းညူနေတော့သည်။

တန်ကျိုရန် သေဆုံးပြီးချိန်၌ ထိန်းချုပ်မှုပြုသည့် နည်းလမ်းများ ပျက်ပြယ်သွားပုံရသည်။ ဧကရာဇ်နှင့် စိတ်ဝိညာဉ် အကြံပေးတို့မှာ ယခုလူများ၌ ကျင့်ကြံမှု အမြင့်ဆုံးဖြစ်သည့်အတွက် ပထမဆုံးနိုးထလာခြင်း ဖြစ်၏ ။

သို့သော်လည်း ထောင်ချီသည့် စစ်သည်များမှာ အခြေအနေ ကွာခြားသည်။ တိုက်ခိုက်စွမ်းရည် မြင့်တင်ရန်အတွက် နတ်ဆိုးနည်းလမ်းဖြင့် အလောင်းစစ်အဖြစ် ပြောင်းလဲခံထားရသည်။ ထို့ကြောင့် ချူးရန်က စစ်သည်များကို ရှင်းပစ်ရန် တုံ့ဆိုင်းမနေခြင်း ဖြစ်သည်။

ပြောရပါက ရန်သူ၏ အစီအစဉ်ကြောင့် လှုပ်ရှားရ လွယ်ကူနေခြင်းဖြစ်သည်။ ပိုင်ချူးရန် အနေဖြင့် စစ်သည်များအား ဖောက်ထွက်ကာ ရန်သူအား ရှင်းပစ်နိုင်စွမ်း ရှိသည်။ သို့သော်လည်း ထိုသို့ပြုလုပ်ရန် အားစိုက်ထုတ်ရပေလိမ့်မည်။

တန်ကျိုရှီ၏ နည်းလမ်းများကြောင့် စစ်သည်များမှာ လူကောင်းပကတိ ပြန်မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သုတ်သင်ပစ်ခြင်းဖြင့်သာ ပြန်လည်မွေးစားခြင်း စက်ဝန်းသို့ ရောက်ရှိရန် အထောက်အကူပြုပေးနိုင်တော့သည်။

"ဖခမည်းတော်…"

တန်ဝေက ဖခင်ဖြစ်သူ လှုပ်ရှားလာသည့်အတွက် အလျင်အမြန်သွားကာ ကူညီပေးသည်။

"အဆင်ပြေရဲ့လား…"

"ဘာိလု့ ခေါင်းက ဒီလောက်ထိ ကိုက်နေရတာပါလိမ့်…"

ဧကရာဇ် ရှန်ရွှမ်က ခေါင်းရမ်းကာ ပြောလာသည်။

"မှတ်မိသလောက်တော့ အခမ်းအနား ကျင်းပနေတာပဲ နောက်ဘာဆက်ဖြစ်သွားတုံး…"

"ဒီလိုပါ…"

တန်ရော်ဝေက ဖခင်ဖြစ်သူအား ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သည်။ ထိုအချိန်၌ ချူးရန်က မြေလျှိုးခြင်းအတတ်ဖြင့် အောက်သို့သွားကာ စီစဉ်ရန် ကျန်နေသည်များကို လုပ်ဆောင်၏ ။ တန်ရှီ၏ အမိန့်အရ အစီအရင်ဖန်တီးရန် စီမာဘိုနှင့် တခြားသူများ ဖမ်းဆီးထားသည့် အပြစ်မဲ့သူများ၏ စိတ်ဝိညာဉ်မှာ စင်မြင့်၏ အောက်မှ အစီအရင်၌ ကပ်ငြိနေဆဲဖြစ်ပြီး လွတ်မြောက်မှု မရသေးပေ။

မြေအောက်သို့ ရောက်သွားချိန်၌ ချူးရန်က သွေးနံ့ရလိုက်သည်။ သူ၏ စိတ်ဝိညာဉ် အာရုံ၌ သုတ်သင်ခံထားရသူများက သူရှိရာသို့ ဦးတည်လာနေ၏ ။ ထိုသူများ၏ ပုံရိပ်မှာ အရည်ပျော်နေသည့် ဖယောင်းရုပ်များဖြင့်ပင် ဆင်တူသည်။ မျက်လုံးနှင့် ပါးစပ်များတွင် ဟောင်းလောင်းပေါက်များ ဖြစ်နေပြီး သာမန်မဟုတ်ဘဲ နာကျင်နေပုံရကာ ကြောက်မက်ဖွယ် ကောင်းလှသည်။

ချူးရန်က ခြေဆောင့်ကာ ချီစွမ်းအင်များ ထွက်ပေါ်လာစေပြီး မြေအောက်မှ အချုပ်အနှောင်အစီအရင်မှ လွတ်မြောက်သွားစေသည်။ ထို့နောက်တွင် စိတ်ဝိညာဉ် သန့်စင်ရေး နည်းလမ်း အသုံးပြု၍ လမ်းပျောက် ဝိညာဉ်များအား မြေအောက်လောကိသု့ ပို့ဆောင်ရန် ကြံရွယ်သည်။

သို့ရာတွင် ချူးရန်၏ စိတ်ဝိညာဉ် သန့်စင်နည်းလမ်းမှာ ကောင်းကင်ဗုဒ္ဓဂိုဏ်း၏ နည်းလမ်းဖြင့် ခြားနားသည်။ ဘုန်းတော်ကြီးများက ဂါထာရွတ်ဆိုကာ နာကျဉ်းမှုများ ရှင်းလင်းပေးပြီး မြေအောက်လောကဖြင့် ဆက်သွယ်ကာ လမ်းပြပေးသည်။ သို့သော်လည်း ပုံမှန်လမ်းကြောင်း မဟုတ်သည့်အတွက် စိတ်ဝိညာဉ်များအနေဖြင့် ပြန်လည်ဝင်စားခြင်း စက်ဝန်းသို့ ဝင်ရောက်ရန် အချိန်အတော်ကြာ စောင့်ဆိုင်းရသည်။ ချူးရန်၏ နည်းလမ်းက များစွာရိုးရှင်း၏ ။ သူ၏ နည်းလမ်းမှာ တာဝန်ရှိသူအား ဆက်သွယ်၍ နစ်နာသူကို လွှဲပြောင်းပေးခြင်းတည်း။

ချူးရန်က ရွတ်ဆိုမှု တခုပြုကာ ရပ်တန့်လိုက်သည်။ နှစ်မိနစ်ခန့် ကြာပြီးချိန်၌ သေဆုံးလုနီးပါး လူများသာ ကြားနိုင်သည့် ဟင်းလင်းပြင် အက်ကွဲသံတချို့အား ကြားလာရသည်။

ထိုခဏတွင် ဗလာနတ္ထိဖြစ်နေရာမှ အနက်ရောင်လမ်းတခု ပေါ်လာသည်။ ချူးရန်ကလည်း မိတ်ဆွေဟောင်းဖြစ်သူ ရွှယ်လင် လျှောက်လှမ်းလာသည်ကို မြင်နေရ၏ ။

ဝိညာဉ်နှုတ်သူမှာ ခံစားချက် မရှိသည် မျက်နှာသေဖြင့် လာနေသည်။ ထို့နောက်တွင် လက်ထဲရှိ ကိရိယာအား ကျောထက်တင်လိုက်ကာ…

"ပိုင်ချူးရန် ငါ့ကို ဘာလို့ မန္တန်နဲ့ ခေါ်တာတုံး…"

"ဟုတ်ပြီလေ…"

ချူးရန်က ဝိညာဉ်များ စုဝေးရာနေရာသို့ စိုက်ကြည့်လိုက်သည်။ ဝိညာဉ်များသည်လည်း ဝိညာဉ်နှုတ်သူ ရောက်လာသည့်အတွက် ကြောက်ရွံ့မိနေသည်။

"အဲ့ဒီ ဝိညာဉ်တွေ မင်းအလုပ်ပေါ့…"

ရွှယ်လင်က ဝိညာဉ်များအား တချက်ကြည့်ကာ မျက်မှောင်ကြုံ့လိုက်၏ ။

"သေတဲ့သူ တော်တော်များများက သူတို့ရဲ့ သေခြင်းရှင်ခြင်း မှတ်တမ်းမှာ ဘဝမဆုံးသေးဘူး… မင်းဘာတွေ လုပ်နေတာတုံး…"

"လက်သုံးစကားပဲလား… နတ်ဆိုး ကျင့်ကြံသူက သူကျင့်စဉ်တက်ဖို့ လူတွေကိုသတ် သွေးကိုယူ ဝိညာဉ်ကို ချုပ်ထားတယ်… ပြီးတော့ စတေးပွဲ ကျင်းပတာပဲ…"

ချူးရန်က စကားပြန်လိုက်သည်။

"ဒါပေမယ့် ငါသူ့ဝိညာဉ်ကို ဖျက်ဆီးပစ်ပြီးပြီ… မင်းရှာစရာ မလိုတော့ဘူး…"

"အဟမ်း…"

ရွှယ်လင်က ချောင်းဟန့်ကာ စကားမဆိုတော့ပေ။ တန်ကျိုရှီ ကဲ့သို့သော ပျက်စီးမှုများစွာ ဖြစ်စေသည့် လူမဆန်သောသူများမှာ အဆိုးယုတ်ဆုံး ငရဲ၌ ဝိညာဉ် ပျက်စီးသည်အထိ အပြစ်ပေးခံရမည် ဖြစ်သည်။ ချူးရန်၏ လုပ်ဆောင်မှုကြောင့် မြေအောက်လောက အနေဖြင့် အားထုတ်မှု သက်သာသွားသည်ဟု ဆိုရပေလိမ့်မည်။

All Chapters