အသက်ကြီး၍ မေ့တက်လာခြင်း
Vol. 4 Ch. 33
ရွှယ်လင်က သံကြိုးအား ထုတ်လိုက်သည်။ ထိုအရာ၏ မူလပုံစံမှာ လက်တကိုင်စာ သံကြိုးဟု ထင်ရသော်လည်း အတိုင်းအဆမဲ့ ရှည်လျားလာနိုင်သည်။ ရွှယ်လင်က ဝိညာဉ်များ၏ ခါး၌ ကြိုးဖြင့် ရစ်ပတ်စေကာ စီတန်းမှု ပြုစေသည်။ ထိုလုပ်ငန်းစဉ်အား ချူးရန်မှာ ကြည့်နေသည်။
နောက်ဆုံး၌ စကားဆိုလိုက်သေးသည်။
"ဟေး ဒီတခေါက် ငါ့အတွက် ကောင်းမှုစာရင်းထဲ အမှတ်တိုးလို့ရလား…"
"ရတယ်…"
ရွှယ်လင်က သံကြိုးအား တင်းကြပ်အောင် ပြုလုပ်ကာ စကားပြန်လာသည်။
"ဒါပေမယ့် မင်း ရှင်သန်ခြင်း အကန့်အသတ်ကို ကျော်တာ များနေပြီ… လွယ်လွယ်နဲ့ ကျော်သွားမယ်တော့ မထင်နဲ့…"
"အာ ငါသိပါတယ်ကွာ…"
ပိုင်ချူးရန်က ခေါင်းညိမ့်လိုက်သည်။
သူ့အနေဖြင့် စာရင်းကျော်ထားမှု များပြားသည်ဖြစ်ရာ ရာဇဝတ်မှု မှတ်တမ်းအား ရှင်းပစ်နိုင်မည်ဟု ထင်မထားပေ။
ရွှယ်လင်က ဝိညာဉ်များအား စီတန်းနေရင်းမှ တစုံတခု သတိရပုံပေါ်လာသည်။ ထို့ကြောင့် ချူးရန်အား စိုက်ကြည့်ကာ…
"ဟုတ်သား ပိုင်ချူးရန် မင်း…"
"ဘာများလဲ…"
ချူးရန်က ခေါင်းကုတ်ကာ စဉ်းစားမိသွား၏ ။
"ဘာမှ မဟုတ်တော့ဘူး…"
ရွှယ်လင်က အကြည့်လွှဲကာ လက်မှ သံကြိုးအား ဆွဲလိုက်သည်။ ထို့နောက်တွင် စက္ကူမီးအိမ်အား ထုတ်ယူလိုက်ရာ ဟင်းလင်းပြင်၌ အလင်းရောင် လမ်းကြောင်းတခု ပေါ်လာသည်။
"သွားကြမယ်…"
အမှောင်ထု အတွင်း၌ ညည်းညူသံများသဖွယ် ကြားနေရသည်။ မျက်နှာပြာနှမ်းနေသည့် ဝိညာဉ်များသည်လည် ဟင်းလင်းပြင်သို့ လျှောက်လှမ်းကာ ပျောက်ကွယ်သွားကြ၏ ။
"ဟေး မင်းဘာပြောမလို့လဲ…"
ချူးရန်က ရွှယ်လင်၏ အပြုအမူအား အဖြေရှာမတွေ့ဘဲ ဖြစ်နေသည်။
ထို့နောက်တွင် လက်ခုပ်တီးကာ ရေရွတ်မိလိုက်၏ ။
"ငါ့ကို နောက်ချင်လို့ပဲ ဖြစ်ရမယ်…"
ချူးရန်က မြေလျှိုးခြင်း အတတ်ဖြင့် မြေပေါ်သို့ ပြန်တက်သွားသည်။ မြေပြင်သို့ ရောက်ချိန်၌ အော်သံတခုအား ကြားရပြန်သည်။
"ထွက်လာပြီ… သူရောက်လာပြီ…"
ချူးရန်က အသံလာရာသို့ ကြည့်လိုက်ရာ ဧကရာဇ်နှင့် စိတ်ဝိညာဉ် အကြံပေးတို့အား မြင်သွားသည်။ တန်ရော်ဝေမှာ ဖခင်ဖြစ်သူ၏ ဝတ်ရုံရှည်အား မကိုင်ထားပေးနေသည်။ အမှုထမ်းများသည်လည်း သတိပြန်ဝင်လာပြီ ဖြစ်၏ ။ ယခုလက်တလောတွင် ထိုသူများက ဝိုင်းအုံနေကြကာ မြေပြင်မှ ထွက်ပေါ်လာသူအား ကြည့်နေကြသည်။
ချူးရန်က ထိုသူများအား တိတ်တဆိတ် စိုက်ကြည့်မိသည်။ သို့ဖြစ်ရာ တန်ရော်ဝေက ချောင်းဟန့်၍ ဖခင်ဖြစိသူအား သတိပေးသည်။
"ဖခမည်းတော် အပြုအမူတွေ…"
"အဟမ်း…"
ဧကရာဇ်က ချောင်းဟန့်ကာ ကိုယ်အနေအထား ပြင်ဆင်လိုက်သည်။ ချူးရန်အား တချက်ကြည့်ကာ တုံ့ဆိုင်းသွားပြန်သည်။
"အင်မော်တယ် ဒီတခေါက် အကူအညီအတွက် ကျေးဇူးတင်ပါတယ်… ရှန်ရွှမ်ပြည်သူ ထောင်ချီကိုယ်စား ကျုပ်ကပဲ ကျေးဇူးစကားဆိုပါ့မယ်…"
"ထားပါ ဒါက ဘာမှ မဟုတ်ဘူး…"
ချူးရန်က လက်ရမ်းလိုက်ကာ…
"ငါသွားတော့မယ်…"
"အာ… အင်မော်တယ် ခင်ဗျား အနည်းဆုံးတော့ ကျေးဇူးဆပ်ခွင့်ပေးပါဦး…"
ရှန်ရွှမ် ဧကရာဇ်က အော်ပြောလာသည်။
"ငါလိုချင်တာ မင်းမတတ်နိုင်ဘူး…"
"ဒါဆိုလည်း စားသောက်ပွဲလေးတော့…"
"ငါမစားချင်ဘူး…"
ချူးရန်က ပြတ်သားစွာဖြင့် ငြင်းပယ်ကာ စိတ်ဝိညာဉ် အကြံပေးအား ကြည့်လိုက်သည်။
"ငါ စိတ်ဝိညာဉ် အကြံပေးကို မေးမြန်းစရာ ရှိတယ်… ဒီက ကိစ္စတွေ ကိုင်တွယ်လိုက် ပြီးမှာ ငါလာခဲ့မယ်…"
……
"ဒီကျောက်စိမ်းပြားက မင်းကို ကျင့်ကြံမှု နည်းလမ်းသင်ပေးတဲ့ ချီမင်တပည့် ထားခဲ့တာလား…"
စိတ်ဝိညာဉ် အကြံပေး၏ နန်းဆောင် ချူးရန်က ပင်မခုံတွင် ထိုင်နေကာ လက်ထဲရှိ ကျောက်စိမ်းပြားအား စိုက်ကြည့်နေသည်။
ထိုကျောက်စိမ်းပြားမှာ ချီမင်ဓားဂိုဏ်း၏ တပည့်ကဒ်ပြားဟု ဆိုနိုင်သည်။ ကျောက်စိမ်းပြား၌ ကိုင်ဆောင်သူ အချက်အလက်နှင့် မှတ်တမ်းများ ပါရှိသည်။ ပိုင်ချူးရန်ထံတွင်လည်း ထိုသို့သော တံဆိပ်ပြားတခု ရှိ၏ ။ ကျောက်စိမ်းပြား၏ ပုံသဏ္ဍာန်အရ ချီမင်ဂိုဏ်း၏ ခြောက်ခုမြောက် မျိူဆက် အတွင်းတပည့် အမှတ်အသားဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်ရာ၌ တပည့်များ တောင်အောက်ဆင်းသွားသော်လည်း ပြန်မလာနိုင်သူ တချို့ ရှိခဲ့သည်။
"ဟုတ်ပါတယ် အဲ့တပည့်က ရှန်ရွှမ် အနောက်နယ်စပ်က လယ်သမားတယောက်ဖြစ်ခဲ့တာပါ… သူက ကျွန်တော့်အိမ်မှာ တညနေပြီးတော့ ကျင့်ကြံရေးနည်းလမ်း ချီးမြှင့်ပေးခဲ့တာ…"
စိတ်ဝိညာဉ် အကြံပေးက အခြေတည်အဆင့် ဖြစ်သည်။ သို့သော်လည်း တော်ဝင် သင်္ချိုင်းဂူမှ တိုက်ပွဲအကြွင်းအကျန်များအား မြင်ပြီးချိန်၌ ပိုင်ချူးရန်အား သာမန်ဟု မမြင်တော့ပေ။ သို့ဖြစ်ရာ ချူးရန်၏ မေးခွန်းများကို ရိုသေစွာဖြင့် ဖြေပေးနေသည်။
"ကံမကောင်းတာကတော့ ကျွန့်တော့်ဆရာကို အသက်မကယ်နိုင်လိုက်ဘူး…"
"ရတ်ူ ဒါက မင်းအမှားမဟုတ်ဘူးလေ… ကျင့်ကြံသူတယောက်က ကပ်ဘေးရင်ဆိုင်ရမှာ သဘာဝပဲ… ကျရှုံးတာလည်း ဖြစ်လာမှာပေါ့… အပြစ်မဲ့တဲ့သူတွေကို ကယ်ဖို့ တိုက်ပွဲမှာ အသက်ပေးသွားရတယ်ဆိုတော့ သူ့အတွက် ချီမင်ဓားဂိုဏ်းက ဂုဏ်ယူနေမှာပါ…"
ချူးရန်က ကျောက်စိမ်းပြားအား သိမ်းဆည်းလိုက်သည်။
"ငါဒီကျောက်စိမ်းပြားကို ပြန်ယူသွားမယ်… သူမင်းကို သင်ပေးခဲ့တဲ့ နည်းလမ်းက ချီမင်ဓားဂိုဏ်းရဲ့ ရှေးအကျဆုံး နည်းလမ်းပဲ… မင်းရဲ့ အရည်အချင်းနဲ့ဆို သေချာလေ့ကျင့်ရင် ဒီတသက်မှာပဲ ရွှေအမြုတေအဆင့် ရောက်သွားနိုင်တယ်…"
ပိုင်ချူးရန်၏ စကား၌ အားကျသည့် လေသံများပင် ပါနေသေးသည်။
"ကောင်းကောင်း တန်ဖိုးထား ချီမင်ဓားဂိုဏ်းရဲ့ နည်းလမ်းက လမ်းမှန်…"
"တပည့် မှတ်သားထားပါ့မယ်…"
ဖုချန်ချူက အဖြေပြန်ပေးသည်။