အသက်ကြီး၍ မေ့တတ်ခြင်း(၁)
Vol. 4 Ch. 34
"တခုရှိသေးတယ်…"
ပိုင်ချူးရန်က ကျောက်စိမ်းပြားအား အိတ်အတွင်းထည့်ကာ ဆက်မေးပြန်သည်။
"တောင်အောက် ဆင်းလာတုန်းက ငါကြားထားတာရှိတယ်… မင်းက ဧကရာဇ်ကို ပြည်သူတွေဆီ အခွန်တွေ တိုးကောက်ခိုင်းပြီးတော့ ဆေးသန့်စင်ဖို့ သုံးတယ်ဆို… ဒါအမှန်ပဲလား…"
"အဲ့တာ … အဲ့တာက… အမှန်ပါပဲ…"
ဖုချန်ချူက အရှက်ရနေမိသည်။
"အဆင့်တစ်ဆို့တဲ့ အချိန်မှာပဲ ဆေးလုံးသောက်ရမယ်… တခြားအချိန်တွေမှာ ကျင့်ကြံမှုတက်ဖို့ ဆေးလုံးတွေ မသုံးနဲ့… သေချာမှတ်ထား… မဟုတ်ရင် မင်းရဲ့ ဒန်တျန် တည်ငြိမ်မှာ မဟုတ်ဘူး…"
ပိုင်ချူးရန်က မှတ်သားဖွယ်ရာအား ပြောကြားပြီးနောက်တွင် မေးခွန်းထပ်မေးပြန်သည်။
"ဒါပေမယ့် ဘယ်လို ဆေးလုံးမျိုး ဖန်တီးနေတာတုံး…"
"ဘယ်လိုများလဲ…"
ဖုချန်ချူက ခေါင်းကုတ်ကာ ပြောလာသည်။
"ဟုတ်တယ် ကျွန်တော် ဘာလုပ်တာပါလိမ့်…"
ပိုင်ချူးရန်က တဖက်သူအား ခဏကြာစိုက်ကြည့်နေသည်။ ထို့နောက် ရုတ်တရက် လက်မြောက်ကာ ရိုက်ချလိုက်သည်။
"နတ်ဆိုး ထိန်းချုပ်နည်းလမ်းပါလား… ကြည့်ရတာတော့ အကြွင်းအကျန်တွေ မနည်းနေဘူးကိုး…"
နတ်ဆိုး ထိန်းချုပ်နည်းလမ်းမှာ နတ်ဆိုး ကျင့်ကြံသူတဦး၏ အဆင့်မြင့် စိတ်ဝိညာဉ် နည်းလမ်းဖြစ်၏ ။ လွန်ခဲ့သည့် နှစ်နှစ်ထောင်ခန့်က ပါရမီအားကောင်းကာ ထူးချွန်လှသည့် နတ်ဆိုး ကျင့်ကြံသူတဦး၏ ဖန်တီးမှုဖြစ်သည်။ တခြားသော ထိန်းချုပ်နည်းလမ်းများကဲ့သို့ ပစ်မျတ်၏ သိစိတ်အား ဖိနှိပ်မှုပြုခြင်း မဟုတ်ပေ။ သို့သော်လည်း ညင်သာစွာဖြင့် အလိုရှိရာသို့ ပြုမူစေသည်။
အကျင့်ကောင်းရန် သုံးနှစ်တာ သို့ပေသော်လည်း အကျင့်ပျက်ရန်မူ သုံးရက်သာာအချိန်လိုသည်ဟူသည့် ဆိုရိုးအတိုင်းဖြစ်သည်။ နတ်ဆိုးကျင့်ကြံသူက ယခုလှည့်ကွက်ဖြင့် နတ်ဆိုးလမ်းစဉ်တွင် အဆင့်တစ်ဆို့နေသူများအား လမ်းပြပေးသည်။
ထို့နောက်တွင် ထိုနတ်ဆိုး ကျင့်ကြံသူက တာအိုသခင် ချီမင်၏ တပည့်တဦးမှာ ချီသန့်စင်ခြင်းအဆင့်၌ အဆင့်တစ်ဆို့နေသည်ဟု သတင်းကြားခဲ့သည်။ ထို့နောက်တွင်… ထို့နောက် ဇာတ်လမ်းဆုံးသွား၏ ။
……
နှစ်ချက်ခန့် ရိုက်ပြီးချိန်၌ ဖုချန်ချူမှာ မူးဝေနေပြီ ဖြစ်သည်။ သူ၏ စိတ်၌ အခွန်အခ ကောက်ခံကာ ဆေးလုံးသန့်စင်မှုကြောင့် အပြစ်ပေးခြင်းဟု တွေးမိသည့်အတွက် ခုခံမှု မပြုရဲပေ။
"ဘယ်လိုလဲ…"
ဖုချန်ချူက ခေါင်းရမ်းနေသည့်အတွက် ပိုင်ချူးရန်က မေးခွန်းထပ်မေးသည်။
"သတိဝင်ပြီလား…"
"သတိဝင်တာ… သတိဝင်တာက ဘာလို့များလဲ…"
ဖုချန်ချူက ဇဝေဇဝါဖြင့် မေးလာသည်။
"စီနီယာကတပည့်ကို အပြစ်ပေးနေတာ မဟုတ်လား…"
"ငါထပ်မေးမယ် မင်းက ရှန်ရွှမ် ပြည်သူတွေရဲ့ အခွန်ကနေ ဆေးလုံးဖော်တယ်ဆို… ဘာဆေးလုံးလုပ်တာလဲ…"
ပိုင်ချူးရန်က ထပ်မေးပြန်၏ ။
"ဘာဆေးလုံးလဲ…"
ဖုချန်ချူက မရေမရာ ဖြစ်နေရာမှ ရုတ်တရက် နားလည်သွား၏ ။
"ဟုတ်တယ် ကျွန်တော် ဆေးလုံးဖန်တီးတယ်… အညွှန်းကိုတော့ မမြင်ဖူးဘူး… ဘာလို့ ဆေးလုံးဖော်တာပါလိမ့်…"
"ဆေးလုံး ရှိနေသေးလား…"
ပိုင်ချူးရန်က လက်ဖဝါး ဖြန့်လိုက်သည်။
"ပြကြည့်…"
ဖုချန်ချူက လက်ဖဝါး အတွင်းသို့ ဆေးလုံးတချို့ ထည့်ပေးသည်။ ချူးရန်က ဆေးလုံးအား စစ်ဆေးကြည့်ရာ ဖော်စပ်ရာ၌ သူလိုအပ်သည့် အမယ်တချို့ဖြင့် ပေါင်းစပ်ထားသည်ကို သိသွား၏ ။ ထိုဆေးလုံးများ နတ်ဆိုး လမ်းစဉ်ကျင့်ကြံသူများ အသုံးပြုကြသည့် ထောင်မတ်မှုအားတိုးစေသည့် အရာတည်း။
တော်ဝင် သင်္ချိုင်းဂူ၌ အချိန်ကြာမြင့်စွာ နေထိုင်ပြီးနောက်တွင် တန်ကျိုရှီ အနေဖြင့် ထိရောက်စွာ စွမ်ေဆာင်နိုင်စွမ်း လျော့နည်းလာပုံရသည်။
"ဖြုန်းတီးတာပါလား…"
ချူးရန်က ဆေးလုံးမှ အမယ်တချို့အား ပြန်မရနိုင်သည့်အတွက် ဝမ်းနည်းနေမိသည်။ သက်ရှည်ဆေးဖော်စပ်ရန် အမယ်များ အချည်းအနှီး ဖြစ်သွားခြင်း မဟုတ်လော။
"ဟုတ်ပြီ အခုတော့ ငါပြန်ဦးမယ်… မင်းက ချိမင်ဓားဂိုဏ်းရဲ့ နည်းလမ်း ကျင့်ကြံတယ်ဆိုတော့ တပည့်တပိုင်းလို့ ပြောလို့ရနေပြီ… ငါမင်းကို မင့်ဆရာကိုယ်စား အမည်ခံတပည့်အဖြစ် လက်ခံလိုက်မယ်… ဧကရာဇ်ကို လမ်းမှန်ပြဖို့ မမေ့နဲ့…"
ချူးရန်က ဆေးလုံးများအား ဖျက်ဆီးကာ မတ်တပ်ထရပ်လိုက်သည်။
"မင်းကို နောက်ထပ် သူများ ကြိုးကိုင်လို့ မရအောင် ချီမင်ဓားစိတ် သင်ပေမယ်… လေ့ကျင့်ပြီးတော့ စိတ်ဝိညာဉ် အားဖြည်ဘ ဒါဆိုရင် မင်းကို ကြိုးကိုင်ဖို့ မလွယ်တော့ဘူး…"
……
စိတ်ဝိညာဉ် အကြံပေးဖြင့် ပြဿနာရှင်းပြီးနောက်တွင် ချူးရန်က တောင်တန်းသို့ ပြန်ရန် ထွက်ခွာသည်။ သူ့အနေဖြင့် မေ့လျော့နေသည့် ကိစ္စ တခုရှိသည်ဟု ခံစားမိနေသော်လည်း စဉ်းစား၍ မပေါ်နေပေ။ ထို့ကြောင့် အပြန်ခရီးကိုသာ အာရုံစိုက်ထားနေသည်။
ချူးရန်က မြင်းတကောင်ဖြင့် မြို့တော်၏ ဆင်ခြေဖုံးနေရာ၌ ခရီးနှင်နေသည်။ ထိုအချိန်၌ လမ်းဘေး၌ အဝါရောင် ဝတ်ရုံဖြင့် တန်ရော်ဝေအား မြင်မိသည်။
မင်းသမီးမှာ လမ်းမထက်၌ အစေခံနှစ်ယောက်နှင့်အတူ ရှိနေသည်။ ထိုနေရာ၌ တဲတခုရှိနေပြီး ဝိုင်နှင့် စားသောက်ဖွယ်ရာများလည်း တွေ့နေရသည်။ မြင်းဖြင့် ခရီးနှင်လာသည့် ချူးရန်အား မြင်ရချိန်၌ တန်ရော်ဝေက ပြုံးကာ နှုတ်ဆက်လာသည်။
"ရောက်လာမယ်လို့ သိနေတယ်… ပိုင်ချူးရန် ဒီတကြိမ်တော့ ငါဧည့်ခံမယ်… ခဏဆင်းလာပြီးတော့ ဝိုင်သောက်ပါလား…"
မြင်းထက်မှ ချူးရန်က ခေါင်းညိမ့်၍ ပြုံးလိုက်ကာ…
"ငြင်းပယ်ဖို့က မလေးစားရာ ကျလွန်းနေတယ်…"