အသက်ကြီး၍ မေ့တတ်ခြင်း(၂)
Vol. 4 Ch. 35
ချူးရန်က တန်ရော်ဝေ၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ အစေခံများက မြင်းအား ထိန်းကျောင်းပေးနေကြသည်။ ထို့နောက် တန်ရော်ဝေက ဝိုင်ငှဲ့လိုက်ကာ…
"သွားတော့မှာလား… မတားချင်ပါဘူး ဒါပေမယ့် ပြည်သူတွေအတွက် လုပ်ပေးခဲ့တာမို့ ကျေးဇူးတင်ပါတယ်…"
တန်ရော်ဝေက ဝိုင်ခွက် မြောက်လိုက်ကာ…
"ရှန်ရွှမ်နိုင်ငံမှာ နင်မျက်စိကျလောက်စရာ မရှိဘူးဆိုတာ သိထားတယ်… အဲ့တာမို့ ဒီဝိုင်တခွက်က ငါ့ရဲ့ ကျေးဇူးတရားနဲ့ လေးစားမှု ပြတာပါပဲ…"
မင်းသမီးဖြစ်သူက ဝိုင်တခွက်အား တမော့တည်း သောက်သုံးလိုက်သည့်အတွက် ချောင်းဆိုးသွားရသည်။
"အဟမ်း…"
တန်ရော်ဝေက လျှာထုတ်ကာ လက်ဖြင့် လေသလပ်သွားစေသည်။
"ဘာလို့ ဒီလို ဟာမျိုးကို ကြိုက်နေကြတာပါလိမ့်…"
"တခြားသူတွေတော့ မသိဘူး… ဘာဖြစ်ဖြစ် ငါကတော့ ခံစားချက်အရ ဝိုင်သောက်တာ…"
ချူးရန်က ဝိုင်ခွက်အား အောက်ချလိုက်သည်။
"ဒါနဲ့ တန်ရော်ဝေ အခု ကျင့်ကြံသူတွေနဲ့ ချီမင်ဓားဂိုဏ်းအပေါ် အမြင်ပြောင်းပြီလား…"
"ဒါပေါ့…"
တန်ရော်ဝေက ခေါင်းညိမ့်ပြသည်။
"အနည်းဆုံးတော့ ကျင့်ကြံသူတွေထဲ နင့်လိုလူ ရှိသေးတယ်…"
"အဖွဲ့တွေက အတူတူပါပဲ လူကောင်းရှိသလို လူဆိုးလည်း ရှိမှာ… အမှန်တရားအဖွဲ့မှာတောင် လှည့်စားမှုနဲ့ ဖုံးကွယ်မှု ရှိနိုင်သေးတာ ပြီးတော့ နတ်ဆိုးဂိုဏ်းမှာလည်း အမှန်တရားဘက် ရပ်တည်တဲ့သူ တယောက်နှစ်ယောက် ပေါ်လာနိုင်တယ်လေ…"
ထိုစကားကြောင့် ပိုင်ချူးရန်က ရယ်မိသွားသည်။
"ပြောရရင် ကျင့်ကြံသူတွေက လူသားပဲလေ… အဲ့တော့ ဒါတွေက ပုံမှန်ပါပဲ…"
"နားလည်ပါတယ်…"
တန်ရော်ဝေက တွေးတွေးဆဆဖြင့် ပြောလာသည်။
ထို့နောက်တွင် နှစ်ဦးသားက ဝိုင်နှင့် စားကောင်းသောက်ဖွယ်များအား အပြတ်ရှင်းလိုက်ကြသည်။ နှစ်ဦးသား ပျော်ရွှင်နေသည်က မြင်သာလှသည်။
နောက်ဆုံးတွင် မင်းသမီးဖြစ်သူက အနည်းငယ် မူးလာကာ ပြုံး၍ မေးခွန်းထုတ်လာသည်။
"ပိုင်ချူးရန် နှုတ်ဆက် လက်ဆောင်အနေနဲ့ နင်မေးချင်တဲ့ မေးခွန်းတခု ဖြေပေးမယ်…"
"ပြဿနာရှိလား…"
ချူးရန်က ပြန်၍ မေးခွန်းထုတ်သည်။
"ဘာဖြစ်ဖြစ် အဆင်ပြေတယ်…"
တန်ရော်ဝေက ခေါင်းညိမ့်လိုက်၏ ။
"ဒါဆို…"
ပိုင်ချူးရန်က တန်ရော်ဝေ၏ ရင်အစုံအား ငေးစိုက်ကြည့်ကာ မေးခွန်းထုတ်မိသည်။
"ကာယကိုယ် ပြောင်းလဲခြင်းဆိုတဲ့ ကျင့်ကြံရေးနည်းလမ်းကို သင်ဖူးတာလား… အဲ့တာက ငါနဲ့ မိတ်ဆွေဟောင်းတယောက် ဖန်တီးထားတာ… သူကတော့ အသက်မရှိတော့ဘူး အဲ့တာမို့ ငါက သူ့ကိုယ်စားမေးကြည့်တာ…"
"ကာယကိုယ် ပြောင်းလဲခြင်းနည်းလမ်းလား…"
တန်ရော်ဝေက အရက်မူးနေပြီ ဖြစ်သည့်အတွက် စကားများ ထိန်းမထားနိုင်နေပေ။
"ဘာကြီးလဲ… မသင်ဖူးဘူးကော…"
"အဲ့ဆိုဘာ ကြောင့်ပါလိမ့်…"
ပိုင်ချူးရန်က သိလိုစိတ်ပြင်းပျနေသည်။
"ဒါဆို အရှင့်သမီးက ဘယ်လိုလုပ် လိင်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများနေတာတုံး…"
စကားအဆုံး၌ ပိုင်ချူးရန်က သတ်ဖြတ်လိုစိတ်အား ခံစားမိလိုက်ရသည်။ ပြင်းထန်လှသည့်အတွက် ချူးရန်ပင် အနည်းငယ် လန့်ဖြန့်မိသွားတော့သည်။
……
"ဒါက အလေးအနက် ဆွေးနွေးမှုပဲလေ ဘာလို့ ရုတ်တရက် ေဒါသဖြစ်တာပါလိမ့်…"
ပိုင်ချူးရန်က လမ်းမထက်၌ သွားနေရင်းမှ တွေးမိနေသည်။
ယခုလက်တလောတွင် တန်ရော်ဝေမှ သူ့အား ရိုက်နှက်သည့်အပြင် စူစူးဝါးဝါးအော်ဟစ်ခဲ့သည်။
ချူးရန်က သူမအား ကြောက်လန့်မှု မရှိသော်လည်း မိန်းကလေးငယ် တဦးဖြင့် ဖက်ပြိုင်၍ ရန်မဖြစ်လိုပေ။ ထို့ကြောင့် မြင်းအားစွန့်ပစ်ကာ ပြေးထွက်ခဲ့ရသည်။ အကွာအဝေးအားဖြင့် ရှန်ရွှမ်နိုင်ငံမှ မိုင်ရာချီ အလှမ်းဝေးနေပြီ ဖြစ်သည်။
"မိန်းမတယောက်ရဲ့ စိတ်ကို နားလည်ဖို့ဆိုတာက ပင်လယ်ထဲ အပ်ပျောက်ရှာသလိုပါလား…"
ပိုင်ချူးရန်က နားမလည်နိုင်ဘဲ ဖြစ်နေသည့်အတွက် ခေါင်းရမ်းမိနေတော့သည်။
မြင်းမပါတော့သော်လည်း ပိုင်ချူးရန်၏ ရွေ့လျားမှုက ပိုမိုမြန်ဆန်လာသည်။ သဘောဝ ရှုခင်းအား ရှုစားကာ လမ်းလျှောက်လာရာ ခဏအတွင်း၌ မိုင်သုံးဆယ်ခန့်အထိ လျှောက်မိကာ မိုးမခပင်အောက်သို့ ရောက်ရှိသွားသည်။
ထိုနေရာသို့ ရောက်ချိန်၌ ပတ်ဝန်းကျင်၌ လွှမ်းခြုံလာသည့် အေးစက်မှုအား ခံစားမိလာရသည်။ ပိုင်ချူးရန်က အအေးဓာတ်လာရာသို့ ကြည့်လိုက်ရာ မျက်နှာသေဖြင့် ရွှယ်လင်အား မြင်ရသည့်အတွက် အံ့အားသင့်မိသွားသည်။
"ရွှယ်လင်…"
ပိုင်ချူးရန်က အံ့ဩတကြီး ရေရွတ်မိသည်။
"ဒီနေ့ ငါ့ဆီလာတာ ဘာလို့များပါလိမ့်…"
"ပိုင်ချူးရန် မင်းတခုခု မေ့နေတာလား…"
ရွှယ်လင်က အေးစက်စွာ ပြောလာ၏ ။
"မင်းတောင်အောက် ဆင်းလာတာ အခြေတည် ဆေးလုံးဖော်ဖို့အပြင် နောက်ထပ် ဘာလုပ်ဖို့များလဲ…"
"မင်းဘာတွေ ပြောနေတာတုံး… အခြေတည်အဆင့် တက်လှမ်းဖို့အပြင် ငါ့ဘဝမှာ တခြားရည်မှန်းချက် မရှိနေဘူး…ငါ…"
ချူးရန်က စကားဆိုနေစဉ်၌ သတိရသွားကာ စကားစပြတ်သွား၏ ။ ထို့ကြောင့် နဖူး၌ ချွေးစေးများ ပြန်လာသည်။
"ဟုတ်ပြီလေ… ငါ့သက်တမ်း အကန့်အသတ်က ဘယ်လောက်ထိလဲ…"
"သက်တမ်းစေ့သွားပြီ…"
ရွှယ်လင်က ပြုံးကာ လက်ထဲရှိ သံကြိုးအား လှုပ်ရမ်းလိုက်သည်။
"မင်း ဟိုမိန်းကလေးနဲ့ သောက်စားပြီး စကားပြောနေတုန်းက သက်တမ်းစေ့သွားတာလေ…"
"ဟုတ်ပြီ…"
ပိုင်ချူးရန်က ခြေတလှမ်းဆုတ်ကာ ထပ်ပြောပြန်သည်။
"ရွှယ်လင် ငါတို့ သိလာတာ နှစ်နှစ်ထောင်ကျော်ပြီ… တရက်လောက် အချိန်ပေးလို့ ရလား…"
ရွှယ်လင်က ပြုံးလိုက်ကာ…
"မင်းဘာပြောတာ…"
ပတ်ဝန်းကျင်၌ မရေမတွက်နိုင်သည့် ဝိညာဉ်နှုတ်သူများ ရုတ်တရက် ပေါ်လာသည်။ ထိုသူများက ကာယကိုယ် တည်ဆောက်ခြင်းအဆင့် ရှိကြ၏ ။ ဝိညာဉ်နှုတ်သူများက ရွှယ်ယင်၏ ဦးဆောင်မှု၌ ပိုင်ချူးရန်အား ဝိုင်းထားကြသည်။
"ပိုင်ချူးရန်!…"
ချူးရန်၏ နှစ်နှစ်ထောင်ကျော်ကြာ ကာလ၌ ကောင်းမွန်သည့် သိကျွမ်းခြင်းမဟုတ်ခဲ့သော ဝိညာဉ်နှုတ်သူက သံကြိုးအားမြောက်ကာ ပိုက်ကွန်တခုအဖြစ် ပြောင်းသွားစေသည်။
"ငါမင်းကို ဒီနေ့ဖမ်းမယ်…"