← Chapters

ဂျူနီယာ တပည့်များ၏ ဆောင်ရွက်မှု

Vol. 4 Ch. 37

ဂျူနီယာ တပည့်များ၏ ဆောင်ရွက်မှု

Vol. 4 Ch. 37

"ဘိုးဘေးငယ် ပြန်ရောက်တာနဲ့ ဆေးလုံးဖော်စပ်ပြီး အဆင့်တက်ဖို့ တံခါးပိတ်ကျင့်ကြံနေတယ်…"

တတိယအကြီးအကဲ ပိုင်ယွမ်ကျီက ရေရွတ်လာသည်။

"အစောင့်တွေ ပြောစကားအရတော့ ဘိုးဘေးငယ်က ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်လာပုံပေါ်တယ်တဲ့… မနှောင့်ယှက်ပဲနေကြစို့… သူအခြေတည်အဆင့် တက်နိုင်မလား မျှော်လင့်ကြည့်ကြတာပေါ့…"

"ဟား ဟား ငါတို့ ဘိုးဘေးငယ်ကို မြင်နေရတာ ဘယ်လောက်တောင် ကြာပြီလဲ… အမြဲ ဒီလို အခြေအနေပဲ မဟုတ်လား သုံးရက် တံခါးပိတ်ကျင့်ကြံမယ် အဆင့်တခုပဲတက်နိုင်မှာ…"

ကျူယွမ်ကျီ၏ စကားမှာ ပိုင်ချူးရန်၏ နားသို့ရောက်ရှိပါက ပြင်းထန်စွာ ရိုက်နှက်ချင်စိတ်အား နှိုးဆော်ပေးမည် ဖြစ်သည်။

"ကောင်မလေးကို ခေါ်ခဲ့ကြ… ပြီးရင် ဘိုးဘေးငယ်ကို ဂါရဝပြုဖို့ ကြယ်ခုနှစ်ခု တောင်ထွဋ်ဆီ သွားကြတောပေါ့…"

"စီနီယာ အစ်ကိုကြီးရေ ဒါက မသင့်တော်ဘူးနော်…"

ကျူယွမ်ကျီမှ အကြီးအကဲများအား တံခါးဆီသို့ ဦးဆောင်သွားနေချိန်တွင် အရိုးသားဆုံးဖြစ်သည့် တတိယအကြီးအကဲမှ လက်မြောက်၍ ပြောလာခြင်းတည်း။

"နေကြဦးလေ… ဘိုးဘေးငယ်ရဲ့ အချစ်ရေးက သူ့ကိုယ်တိုင် ရွေးချယ်သင့်တာ မဟုတ်လား… ဂျူနီယာတွေက ဝင်မစွက်ဖက်သင့်ဘူးလေ… မင်းတို့တွေ တကယ်ပဲ အရိုက်ခံရမှာ မကြောက်ကြဘူးလား…"

"ညီလေးသုံး မင်းက အမြဲပြဿနာရှာတယ်…"

ကျူယွမ်ကျီက မှတ်ချက်ပေးလာ၏ ။

"ငါတို့တွေ တပည့် ဘဝမှာတုန်းက အမြဲ သတင်းပေးနေတာလည်း မင်းပဲ… မင်းစိတ်မဝင်စားရင် မလိုက်ခဲ့နဲ့တော့… ညီလေးတို့ ညီမလေးတို့ သွားကြမယ်…"

အသက်အရွယ်ရပြီ ဖြစ်သည့်တိုင် ကလေးဆန်နေသေးသည့် ချီမင်ဂိုဏ်းခေါင်းဆောင်ကား တခြားသော အကြီးအကဲများနှင့်အတူ တပည့်အသစ်များ ရှိရာသို့ ဦးတည်ထွက်ခွာသွားတော့သည်။

ဂိုဏ်းအကြီးအကဲများ ရောက်လာသည့်အတွက် တပည့်သစ်များမှာအပူတပြင်းဖြစ်သွားကြရသည်။ သို့သော်လည်း ကျူယွမ်ကျီမှာ အတွေ့အကြုံများသူဖြစ်ရာ အခြေအနေအား ကောင်းမွန်စွာ ကိုင်တွယ်လိုက်၏ ။ တပည့်များအား တိုက်တွန်း အာ?ပေးစကားများ ပို့ချကာ တန်ရော်ဝေအား သီးသန့်ခွဲထုတ်၍ ခေါ်ဆောင်ခဲ့သည်။ ထို့နောက်တွင် ချူးရန် ေနထိုင်ရာဖြစ်သည့် ကြယ်ခုနှစ်ခု တောင်ထွဋ်သို့ ဦးတည်လိုက်သည်။

တန်ရော်ဝေသည်လည်း အကြီးအကဲများ၏ နောက်မှလိုက်ပါလာကာ ခြံဝန်းတခု အတွင်းသို့ ဝင်လိုက်ကြသည်။

သို့သော်လည်း ပိုင်ချူးရန် နေထိုင်ရာ ခြံတံခါး၌ ချီမင်ဓားဂိုဏ်း၏ ခေါင်းဆောင် အပါအဝင် တခြားသော အကြီးအကဲများ ရပ်စောင့်နေရသည့် ဖြစ်စဉ်ကြောင့် ကြောင်ငေးမိသွားရသည်။ အကြီးအကဲများ၏ စကားအရ ချူးရန်အား အနှောင့်အယှက် ပြုမိမည်ကို စိုး‌ရိမ်နေရသည့် အဖြစ်အား သိလိုက်ရပြန်သည်။

မိန်းကလေးငယ် အနေဖြင့် ခဏကြာပြီးချိန်၌ သိလိုစိတ်ပြင်းပြလာကာ မေးခွန်းထုတ်မိသည်။ မေးခွန်းထုတ်ရာတွင်လည်း ကြင်နာတတ်ပုံရသည့် အကြီးအကဲခြောက် ချင်ယွမ်ကျီကိုသာ မေးမြန်းခြင်းဖြစ်၏ ။

"အကြီးအကဲခြောက် ပိုင်ချူးရန်က ဂိုဏ်းမှာ တော်တော် အရေးပါတဲ့သူများလား…"

"အဆင့်အတန်းလား… သေချာပေါက်ပေါ့…"

ချငိယွမ်ကျီက တီတိုးဖြေကြားပေးလာသည်။

"ဘိုးဘေးငယ်က ချီမင်ဓားဂိုဏ်း တည်ထောင်သူရဲ့ တပည့်လေ အဲ့တာကြောင့်မို့ ဂိုဏ်းထဲမှာ အကုန်လုံးထက် အဆင့်အတန်းမြင့်တယ်…"

"ဒါဆို ဘာလို့ ချီသန့်စင်ခြင်းအဆင့်မှာ ရှိနေသေးတာများလဲ…"

တန်ရော်ဝေက မေးမိလိုက်သည်။

"ဒါက… ဘိုးဘေးငယ်က ထူးခြားတဲ့ အခြေအနေမှာ ဒါပေမယ့်လည်း အားမနည်းတာ သေချာတယ်…"

ချင်ယွမ်ကျီက ပြုံးကာ သတိပေးပြန်သည်။

"အာ ဘိုးငယ်အတွက် ကျင့်ကြံမှုအဆင့်က သတိထားစရာ အကြောင်းအရာပဲ… သူ့ရှေ့မှာ မပြောတာ ကောင်းမယ်…"

"အို…"

တန်ရော်ဝေက ကြောင်အမ်းအမ်းဖြင့် ခေါင်းညိမ့်လိုက်ရသည်။

သူမ၏ စိတ်၌ ပိုင်ချူးရန်မှာ ဂိုဏ်းအတွင်းတွင် ဌာနခွဲတခု၏ ခေါင်းဆောင်ဟုသာ ယူဆထား၏ ။ မည်သို့ဖြစ်စေကာမူ ချီသန့်စင်ခြင်း အဆင့်အနေဖြင့် အလယ်အလတ်ရာထူးသာ ရနိုင်သည် မဟုတ်လော။ သို့သော်လည်း ဂိုဏ်း၏ အကြီးအကဲများပက် အရိုအသေပေးရသူဖြစ်မည်ဟု ထင်မှတ်မထားခဲ့ချေ။ သို့ဖြစ်ရာ ပိုင်ချူးရန်ဖြင့် မည်သို့ ရင်ဆိုင်ရမည်ကို မသိနိုင်ဘဲ ဖြစ်နေတော့သည်။

တန်ရော်ဝေ‌နှင့် အကြီးအကဲများက ခြံတံခါးရှေ့၌သာ စောင့်ဆိုင်းနေကြသည်။ နောက်ဆုံးတွင် နေမွန်းတည့်ချိန်၌ ခြံတံခါးသည် အတွင်းမှ ပွင့်လာသည်ကို မြင်လိုက်ရသည်။

ခြံတံခါးပွင့်လာပြီးနောက်တွင် စိတ်ပျက်နေသည့် မျက်နှာအမူအရာဖြင့် ပိုင်ချူးရန် ထွက်လာသည်။

ချူးရန်က လူအုပ်ကြီးအား ဂရုမထားနေပေ။ ထို့အစား တောင်ကုန်းတခုထိပ်ရှိ အပျက်အစီးပုံ ရှိရာသို့သွားကာ ချွန်ထက်သည့် ကျောက်တုံးတခုအား ကောက်ယူသည်။ ထို့နောက်တွင် နံရံထက်၌ မျဉ်းတ‌ကြောင်း ရေးခြစ်လိုက်တော့သည်။

မျဉ်းတကြောင်း ရေးခြစ်ပြီးနောက်တွင် ကျောက်ဆောင်တခုထက်သို့ သွားထိုင်ကာ ကောင်းကင်ယံအား စိုက်ကြည့်နေတော့၏ ။

All Chapters