← Chapters

ချီသန့်စင်ခြင်း (၆၆,၆၆၅၆)ဆင့်(၁)

Vol. 4 Ch. 39

ချီသန့်စင်ခြင်း (၆၆,၆၆၅၆)ဆင့်(၁)

Vol. 4 Ch. 39

အကြီးအကဲများက ဆွေးနွေးနေရာမှ ခေါင်းထောင်လိုက်ကြရာ ပိုင်ချူးရန် လာနေသည်ကို မြင်သွားကြသည်။ ချူးရန်အနေဖြင့် ဂိုဏ်းခေါင်းဆောင်ထံ၌ ဒေါသပုံချပြီးဖြစ်ရာ ခံစားချက် ကောင်းနေပုံရသည်။

"မင်းတို့တွေ ဘာလာလုပ်ကြတာတုံး…"

ချူးရန်က မေးခွန်းထုတ်လိုက်သည်။

"အသုံးမကျတဲ့ ကျူယွမ်ကျီတော့ ထားလိုက် မင်းတို့တွေလည်း ဂိုဏ်းကိစ္စကို မကိုင်တွယ်နိုင်လို့ ငါလို လူအိုကြီးကို လာရှာကြတာလား…"

"ဘိုးဘေးငယ်…"

အကြီးအကဲနှစ်က ပြောလာသည်။

"ဘိုးဘေးငယ်ကို လူတယောက် လာရှာလို့ပါ…"

"ငါ့ကို ရှာတာတဲ့လား…"

ချူးရန်က မျက်နှာထား အေးစက်သွား၏ ။

"ဘယ်သူများလဲ…"

"သူပါပဲ…"

အကြီးအကဲခြောက်က တန်ရော်ဝေအား အရှေ့သို့ တွန်းပို့လိုက်ကာ ရေရွတ်လိုက်သည်။

"အာ… မ… မင်္ဂလာပါ…"

တန်ရော်ဝေ၏ မျက်နှာတွင်လည်း ရှက်သွေးဖြာနေသည်။ သူမက မည်သို့ စကားဆိုရမည်ကို မသိတော့သည့်အတွက် လက်မြောက်ကာ နှုတ်ဆက်စကား ဆိုလိုက်ခြင်း ဖြစ်သည်။

"ငါတို့ ထပ်တွေ့ပြန်ပြီ…"

"ဘာလို့…"

ပိုင်ချူးရန်က အံ့အားသင့်သွားကာ…

"မိန်းကလေးတန်က ဘာလို့ ဒီရောက်နေတာတုံး…"

တန်ရော်ဝေကလည်း ချူးရန်အား စိုက်ကြည့်ကာ ကြောင်နေမိသည်။ ထို့ကြောင့် ခေါင်းငုံလိုက်ပြီး ဆံပင်များအား ပွတ်သပ်လိုက်ကာ…

"စိတ်ဝိညာဉ် အကြံပေးပြောတာတော့ နင်က ချီမင်ဓားဂိုဏ်းကတဲ့ ပြီးတော့ လွင့်မြောဓားမြို့မှာ ချီမင်ဓားဂိုဏ်းရဲ့ တပည့်ရွေးချယ်ပွဲ နောက်ဆုတ်တယ်လို့လည်း ကြားတယ်လေ… အဲ့တာကြောင့် ရွေးချယ်ပွဲဝင်ဖို့ ထွက်လာခဲ့တာ…"

"မင့်အဖေကကော သဘောတူရဲ့လား…"

ပိုင်ချူးရန်က စကားဆက်လိုက်၏ ။

"ပြောရရင် မင်းက ရှန်ရွှမ်နိုင်ရဲ့ တော်ဝင် မင်းသမီးပဲ… ချီမင်ဓားဂိုဏ်းဝင်ပြီဆိုရင် သေမျိုးလောကနဲ့ အဆက်အသွယ်ဖြတ်ရမယ်… မင့်အဖေက လက်ခံရဲ့လား…"

"ဘာလို့ လက်မခံရမလဲ… ခမည်းတော်က ချီမင်ဓားဂိုဏ်း သွားမယ်ကြားတာနဲ့ ပျော်နေတာ…"

တန်ရော်ဝေက ပြောလာသည်။

"သူ့မှာက သားတယောက် ရှိပြီးသားပဲ… ငါက အသက်ပြည့်ရင်တောင် နိုင်ငံရေး လက်ထပ်ပွဲအတွက် အသုံးချခံပဲလေ… တခြားနိုင်ငံတွေ ပို့တာရယ် ဝန်ကြီးတွေ ခြယ်လှယ်မှုရအောင်ရယ်ထက် ချီမင်ဓားဂိုဏ်းသွားတာကို ပိုသေဘာတူမှာ သဘာဝပါပဲ… ချီမင်ဓားဂိုဏ်း ဝင်ခွင့်ရပြီးတော့လည်း တော်ဝင်မိသားစုရဲ့ အကာအကွယ် ရနိုင်သေးတယ်လေ…"

"ဒါဆိုလည်း ဒီတိုင်းရှိစေတော့… စိတ်လိုက်မာန်ပါတော့ မလုပ်နဲ့ပေါ့…"

ချူးရန်က အကြီးအကဲတဦး၏ ဟန်ပန်များ ပြည့်‌ဝနေသည်။

"မင်းရဲ့ ကိုယ်ပိုင် ဆန္ဒကကော… တော်ဝင် မင်းသမီးဘဝကို စွန့်ပြီးတော့ ဒီမှာ ငါ့ကိုလာရှာတာ ဘာလို့များလဲ…"

ချူးရန်က စကားပြောနေချိန်၌ တိတ်တဆိတ် သတိကပ်ထားမိနေသည်။ သူ့အနေဖြင့် တန်ရော်ဝေအား အသက်ကယ်ခဲပသည်မှာ အမှန်ဖြစ်သည့်တိုင် နှစ်သုံးထောင်ကျော်ကြာ လူပျိုစင်ဖြစ်ပြီး ကျင့်ကြံမှု တက်လှမ်းမှု မပြုနိုင်သည့်အတွက် ထူးခြားသည့် နှစ်လိုဖွယ် ဆွဲဆောင်မှု ရှိနေသေးသည်။ ချူးရန်က တန်ရော်ဝေမှာ ရက်အနည်းငယ်အတွင်း ချစ်နွံနစ်ဝင်ကာ တော်ဝင်မင်းသမီး ဂုဏ်ပုဒ်အား စွန့်လွှတ်ကာ လိုက်လာခြင်း ဖြစ်မည်ဟု တွေးမထားပေ။

ထို့အစား နောက်ဆုံး တွေ့ဆုံချိန်၌ မှတ်ချက်ပေးခဲ့ခြင်းကိုသာ သတိရသွားသည်။

… လက်စားချေဖို့ ဒီအထိတောင် လိုက်လာတာများလား…

ပိုင်ချူးရန်၏ စိတ်၌ ဗလာဖြစ်မှုအား ခံစားလိုက်ရသည်။ သူ့အနေဖြင့် တန်ရော်ဝေအား ကြောက်လန့်ခြင်း မရှိသော်လည်း တဖက်သူ၏ အမုန်းတရားမှာ ဤမျှနက်ရှိုင်းသည်ဟု သိလိုက်ရခြင်းကြောင့် ဖြစ်သည်။

"ဒါပေါ့ ငါနင့်ကို လာရှာတာလေ…"

ပိုင်ချူးရန်၏ အမေးကြောင့် တန်ရော်ဝေက ရွှင်ပျစွာ ပြုံးလိုက်၏ ။

ချူးရန်အနေဖြင့် ထိုအပြုံးဖြင့် ရင်းနှီးနေသည်။ အကြောင်းမှာ တန်ရော်ဝေ ဓားဆွဲထုတ်သည့် နေ့၌ ထိုသို့သော အပြုံးပြုံးခဲ့ခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် ပိုင်ချူးရန်က ခြေတလှမ်း နောက်ဆုတ်ကာ စကားဆိုလိုက်သည်။

"မိန်းကလေးတန် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပါဦး…"

"ဘာလို့လဲ…"

တန်ရော်ဝေက ဇဝေဇဝါ ဖြစ်သွားသည်။

"အဲ့ဒီနေ့တုန်းက မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကို ပြောခဲ့လို့ စိတ်ဆိုးပြီးတော့ ငါ့ကို လာရှာတာ မဟုတ်လား… ငါတောင်းပန်တယ်… ငါက သိချင်လို့ မေးတာ တမင် မရည်ရွယ်ဘူး…"

ပိုင်ချူးရန်က ဝတ်ရုံလက်အား ခေါက်တင်လိုက်ကာ…

"ဒါပေမယ့် ဒီလို ဆက်လုပ်နေရင် ငါက တဖက်သူ တိုက်ခိုက်လာတာကို စောင့်နေမယ့်သူ မဟုတ်လို့ တောင်းပန်ပါတယ်… ငါ့ကို တွန်းအားမပေးနဲ့…"

ချူးရန်၏ စကားများကြောင့် တန်ရော်ဝေက စိတ်ရှုပ်ကာ ဒေါသဖြစ်သွားသည်။

သူမအနေဖြင့် မင်းသမီး ဟူသည့် ဂုဏ်ပုဒ်အား ဂရုမစိုက်သည့်အပြင် ဖခင်ဖြစ်သူအား ဘဝနှင့် ကံကြမ္မာ ပုံအပ်မထားချင်သူဖြစ်သည်။ သို့သော်လည်း ထိုအရာများမှာ သူမ ပိုင်ဆိုင်ထားသည့် အရာများအား စွန့်လွှတ်ခြင်းနှင့် ချီမင်ဂိုဏ်း၏ တပည့်ရွေးချယ်ပွဲသို့ ဝင်ရောက်ရခြင်း၏ အကြောင်းအရင်းများ မဟုတ်ကြချေ။

သူမရောက်လာရခြင်းမှာ ချီမင်ဓားဂိုဏ်းအား သိလိုစိတ်ကြောင့် ဖြစ်သည်။ သို့သော်လည်း သူမ၏ အသက်နှင့်အတူ မိသားစု၊ နိုင်ငံတို့အား ကယ်ထင်ပေးသည့် ကျေးဇူးရှင်အား လေးစားနှစ်ခြိုက်မှုကြောင့်လည်း ပါနေသေးသည်။

All Chapters