← Chapters

တပည့်ဖြစ်လာခြင်း(၂)

Vol. 5 Ch. 41

တပည့်ဖြစ်လာခြင်း(၂)

Vol. 5 Ch. 41

ပိုင်ချူးရန်၏ ရှင်းပြချက်မှာ တော်ဝင်မင်းသမီးအား လက်ဖက်ရည်နင်သွားစေသည်။ သူမအနေဖြင့် ပြောစရာစကားပင် ပျောက်ရှသွားသည်။

"ဒါဆို ဘိုးဘေးငယ်က အခုတလော ဘာမှ လုပ်စရာ မရျိဘူးပေါ့…"

အကြီးအကဲ ခုနှစ် လျိုယွမ်ကျီ၏ မျက်လုံးများ လင်းလက်သွားကာ လက်ခုပ်လက်ဝါးတီးလိုက်သည်။

"ပြောလို့ ရပါတယ်…"

ပိုင်ချူးရန်က လက်ဖက်ရည်ခွက်အားယူကာ တငုံမော့လိုက်သည်။

"အလုပ်မများနေဘူးလေ… ဘာလို့များလဲ…"

"မိန်းကလေး တန်ရော်ဝေကို ဘိုးဘေး သင်ကြားပေးတာက ပိုကောင်းမှာပါ…"

လျှိုယွမ်ကျီက စကားစလာသည်။

"မိန်းကလေးတန်မှာ ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ရှိတယ် ပြီးတော့ စိတ်သဘောထားလည်း အဆင်ပြေတော့ ဘိုးဘေးတပည့်ဖြစ်ဖို့ အရည်အချင်းမီတယ်လို့ ပြောလို့ရပါတယ်…"

"ငါက သင်ပေးရမယ်… ငါက ချီသန့်စင်ခြင်းအဆင့်ပဲလေ…"

ပိုင်ချူးရန်က လက်ရမ်းလိုက်၏ ။

"မင်းတို့ ခုနှစ်ယောက်ထဲမှာ သူ့ရဲ့ ဆရာမဖြစ်နိုင်တဲ့သူ ရှိနေလား…"

"ဘိုးဘေးငယ်က နှိမ့်ချနေဖို့ မလိုပါဘူးလေ… ကျွန်မတို့ ခုနှစ်ယောက်လုံးက ဘိုးဘေးရဲ့ သင်ကြားမှုတွေနဲ့ ရင်းနှီးခဲ့တာပဲ ပြီးတော့ စိတ်ချရတာကိုလည်း ကိုယ်တွေ့ သိထားတာပါပဲ…"

လျှို့ယွမ်ကျီက သူ၏ မောင်နှမများအား မျက်စိမှိတ်ပြသည်။

"အကုန်လုံးပဲ ဟုတ်တယ်မလား…"

"ဟုတ်တာပေါ့ ဘိုးဘေး သင်ကြားပေးလို့ ကျွန်တော်တို့ ခုနှစ်ယောက် ဒီနေ့အနေအထား ရောက်လာနိုင်တာ…"

အကြီးအကဲနှစ်က သူ၏ ပေါင်အား ရိုက်ပုတ်လိုက်ကာ ဝင်ပြောလာသေးသည်။

"ဘိုးဘေးငယ် သင်ကြားတာက ကျေနပ်စရာ မကောင်းဘူးလို့ ဘယ်သူပြောနိုင်မှာလဲ… အဲ့လိုစကားက အကြီးအကဲ ခုနှစ်ယောက်ရယ် မဟာအကြီးအကဲနဲ့ ချီမင်ဓားဂိုဏ်းတခုလုံး မစွမ်းဆောင်နိုင်ဘူးလို့ ပြောတာနဲ့ အတူတူပဲလေ…"

"ဟေး မင်းတို့ တခုခုကြံစည်နေကြပြီ မဟုတ်လား…"

အကြီးအကဲများ၏ အပြုအမူများကြောင့် ချူးရန်က သံသယဝင်နေမိသည်။

"မဟုတ်ပါဘူး… "

အကြီးအကဲ ခြောက်ဦးက တပြိုင်တည်း ခေါင်းခါလိုက်ကြသည်။ ဂိုဏ်းခေါင်းဆောင် ကျူယွမ်ကျီမှာ သတိလစ်နေသည့်အတွက် ကျန်နေသည့် ေခြာက်ဦးက အတင်းပင် ဆွဲရမ်းကာ ခေါင်းညိမ့်ကြသေးသည်။

"ပြောရရင် တဖက်သူရဲ့ ဆန္ဒလည်း လိုသေးတယ် မဟုတ်လား…"

ပိုင်ချူးရန်က တိတ်တဆိတ် ရေနွေးကြမ်း သောက်နေသည့် တန်ရော်ဝေအား စိုက်ကြည့်ကာ ပြောလာသည်။

"မိန်းကလေးတန်ကကော ငါ့တပည့် ဖြစ်ချင်ရဲ့လား… ငါပြောထားဉီးမယ် ငါက ချီသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာ…"

တန်ရော်ဝေက အကြီးအကဲများအား တချက်ဝေ့ကြည့်မိသည်။ ရိုးသားလှသည့် အကြီးအကဲသုံးနှင့် သတိလစ်နေသူမှလွဲ၍ ကျန်နေသူများက မျက်နှာအမူအရာဖြင့် အချက်ပြနေကြသည်။ အကြီးအကဲ နှစ်မှာ နှုတ်ခမ်းဖြင့်ပင် အမူအရာ ပြုလုပ်နေသေး၏ ။

…သူတို့ ဘာလုပ်နေကြတာပါလိမ့် ဒါပေမယ့် သူတို့က အကောင်ကြီးကြီးတွေပဲလေ… အခုတော့ ပူးပေါင်းလိုက်တာ ကောင်းမယ်…

တန်ရော်ဝေက အတွေးဝင်ကာ ခေါင်းညိမ့်လိုက်တော့သည်။

"ဆန္ဒရှိပါတယ်… ကျင့်ကြံခြင်းနဲ့ ပက်သက်လို့တော့ သိပ်မသိထားပါဘူး… ဘိုးဘေးအဆင့်က နိမ့်နေပေမယ့် လက်တွေ့ကျ အင်အားကြီးနေတာပဲလေ…"

"ဒါဆို အဆင်ပြေပြီ…"

လျိုယွမ်ကျီက ပြုံးကာ လက်ခုပ်လက်ဝါး တီးတော့သည်။

"စည်းမျဉ်းအရတော့ အကြီးအကဲတွေရဲ့ တပည့်ဆိုရင် ဝတ်ရုံနီဝတ်ရတယ်… ဘိုးဘေးငယ်က ဂိုဏ်းထဲမှာ တရားဝင် ရာထူးမယူထားပေမယ့် မိန်းကလေး ရော်ဝေလည်း ဝတ်ရုံနီဝတ်သင့်တယ် မဟုတ်လား…"

"ဒါပေါ့… အဆင့်အတန်းအရဆိုလည်း ငါတို့ရဲ့ စီနီယာအစ်မဖြစ်ပြီ…"

နှုတ်ဆိတ်နေသည့် အကြီးအကဲသုံးပင် ဝင်ပြောလာပြီ ဖြစ်၏ ။

"ကျန်တာ ငါ့တာဝန်ထား… ဂိုဏ်းတံဆိပ်ပြားနဲ့ ဝတ်စုံကို မြန်မြန်ပို့ပေးမယ်…"

"အို… မင်းက ကြိုတင်ပြင်ဆင်ထားတယ်ပေါ့…"

ပိုင်ချူးရန်က အကြီးအကဲများ၏ အပြုအမူကြောင့် အခြေအနေကို နားလည်မိသွားသည်။

"ကောင်းပြီလေ မင်းတို့က အတောင်ပေါက်ကြပြီပေါ့…"

"ကျွန်တော်တို့ မလုပ်ရဲပါဘူး…"

အကြီးအကဲများက အလျင်အမြန်ပင် ခေါင်းရမ်းကြတော့သည်။

"ဘိုးဘေးငယ် သက်ညှာပေးပါ…"

"ထားပါတော့ ငါက အလုပ်များတယ် ပြီးတော့ မိန်းကလေးတန်ကို သင်ပေးရတာလည်း မဆိုးပါဘူး…"

ပိုင်ချူးရန်က တန်ရော်ဝေအား တချက်စိုက်ကြည့်ကာ…

"ကောင်းကင်အဆင့် မြေကမ္ဘာစိတ်ဝိညာဉ်မြစ်… ရှန်ရွှမ်တော်ဝင် မိသားစုက သေချာ ပျိုးထောင်ထားတာပဲ…"

"တချက်ကြည့်ရုံနဲပ သိတာလား…"

တန်ရော်ဝေက အံ့အားသင့်မိသွား၏ ။

"ငါတောင် စမ်းသပ်ပြီးမှ သိရတာ…"

"စိတ်ဝိညာဉ်အမြစ်က ရှားပါးတာမှ မဟုတ်တာ… ဒါကို အားဖြည့်ဖို့ ကောင်းကင်ဆေးလုံး စားလို့ရတယ်…"

ပိုင်ချူးရန်က အခြေအနေအား ဂရုမထားပဲဆက်မေးပြန်သည်။

"ဒီတခေါက် ကောင်းကင် စိတ်ဝိညာဉ်မြစ်ပါတာ နှစ်ယောက် မဟုတ်လား… နောက်တယောက်ကကော…"

"နောက်တယောက်က ကောင်းကင်အဆင့် သတ္တု စိတ်ဝိညာဉ်အမြစ်ပါ ပြီးတော့ ဂိုဏ်းခေါင်းဆောင်က တပည့်ရွေးသွားပါတယ်…"

အကြီးအကဲ သုံးဦးက ဖြေပေးကြသည်။

"အို ဒါဆို သူ့ကို သတိပေးလိုက်ကြ… မာ‌နတွေ ခဝါချထားတော့လို့ ပြော…"

ပိုင်ချူးရန်က စကားဆက်ပြန်သည်။

"ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်က ဘာမှမဟုတ်ဘူးဆိုတာ နားလည်အောင်လုပ်ထား…"

"ဒါ… သူ့ကို ပြင်းပြင်းထန်ထန် မလုပ်သင့်ဘူးနော်… မဟုတ်ရင် သူက လွယ်လွယ်လက်လျော့မှာပဲကို…"

အကြီးအကဲများက တီးတိုးပြောနေကြသည်။

"စိတ်မထားတတ်ရင်တော့ အိမ်ပြန်ပြီး လယ်သမားသာလုပ်တော့…"

All Chapters