နာကျင်မှု အနည်းငယ်ရှိနိုင်ခြင်း(၁)
Vol. 5 Ch. 43
တန်ရော်ဝေ အနေဖြင့် ကြယ်ခုနှစ်ခု တောင်ထွဋ်၌ နေထိုင်နေသည်မှာ နှစ်ရက်တိုင်ပြီ ဖြစ်သည်။ ထိုကာလ၌ ပိုင်ချူးရန်၏ ဆူပူကြိမ်းမောင်းမှုများဖြင့် အသားကျနေပြီ ဖြစ်သည့်အတွက် မေးခွန်းအား ချက်ချင်းအဖြေမပေးဘဲ နှုတ်ဆိတ်နေသည်။ ခဏကြာချိန်မှသာ စကားဆိုတော့၏ ။
"ဆရာ စိတ်ဝိညာဉ် အမြစ်များလား…"
"စိဝ်ဝိညာဉ် အမြစ်အရေးပါတာက အမှန်ပဲ ဒါပေမယ့် အရေးအကြီးဆုံးတော့ မဟုတ်နေဘူး…"
ချူးရန်က ရှင်းပြလာသည်။
"ကျင့်ကြံမှုဆိုတာက အထက်မြင့်အဆောက်အဦး ဆောက်ရသလိုပဲ… စိတ်ဝိညာဉ်အမြစ်ကကျ ကုန်ကြမ်းရရှိနှုန်းလို သဘောတရားတူတယ် ဒါပေမယ့် အဲ့တာကို လေ့ကျင့်နိုင်သေးတယ်… အထပ်မြင့်ရင် တည်ငြိမ်ဖို့အတွက် အခြေခံကောင်းကောင်းလို့တယ် ကျင့်ကြံမှုမှာတော့ ခန္ဓာကိုယ်ပေါ့… အခြေခံတည်ဆောက်ဖို့ အလွယ်ဆုံးနည်းကတော့ ကိုယ့်ခန္ဓာကိုယ်ကို ကောင်းကောင်းလေ့ကျင့်ဖို့ပဲ…"
"ဆရာ တပည့် ခြောက်နှစ်ကတည်းက ရှန်ရွှမ်တော်ဝင်မိသားစုရဲ့ ရွှမ်လုံနည်းလမ်း လေ့ကျင့်လာတာပါ… တပည့်ရဲ့ ခန္ဓာကိုယ်က သာမန် သေမျိုးတွေထက်တော့ ကြံ့ခိုင်ပါတယ်…"
"မလုံလောက်သေးဘူး… ကျင့်ကြံတာကို အထင်မသေးနဲ့ ဒီလောက်လေးနဲ့ အဆင့်မြင့်ဖို့ဆိုတာ မလုံလောက်တာပဲ…"
ချူးရန်က တပည့်ဖြစ်သူအား မှတ်ချက်ပေးလိုက်သည်။
"အခု ငါ့တပည့်ဖြစ်လာပြီဆိုတော့ ကျင့်ကြံမှု အဆင့်တက်ဖို့က ငါ့တာဝန်ပေါ့ ပြီးတော့ မင်းက ငါ့ထက်တော့ ကျင့်ကြံမှု အဆင့်မြင့်မှာ သေချာတယ်… အခု လေ့ကျင့်နေတဲ့ နည်းလမ်းကလည်း ချီမင်ဓားဂိုဏ်းကပဲ… သေမျိုးနိုင်ငံအတွက်ဆိုရင်တော့ ဒီတခုနဲ့ လုံလောက်တယ် ဒါပေမယ့် ကျင့်ကြံမှုနည်းလမ်း အနေနဲ့က အတွင်းချီကော ပြင်ပစွမ်းရည်ပါ သိမ်မွေ့မနေဘူး…"
"ဒါဆိုရင်…"
တန်ရော်ဝေက သိလိုစိတ်အပြည့်ဖြင့် ပြောလာ၏ ။
"တပည့် ဘာဆက်လုပ်သင့်ပါလဲ…"
"ဟုတ်ပြီလေ နည်းလမ်းတခုတော့ ရှိနေတယ်… ငါ့ကို လက်ပေးလာ…"
ပိုင်ချူးရန်က တန်ရော်ဝေ၏ လက်ဖဝါးအား ဆန့်တန်းလိုက်ကာ ပြောလာသည်။
"ရော်ဝေ နည်းနည်းတော့ နာလိမ့်မယ်… ဆရာ့ကို အငြိုးထားမနေနဲ့ဦး ဟုတ်ပြီလား…"
ပိုင်ချူးရန်က တန်ရော်ဝေ၏ လက်ဖဝါးအား ဖမ်းဆုပ်ကာ လက်ဖြင့် ဖိကာ ဆုပ်ကိုင်လိုက်သည်။
လက်ဖဝါးနှစ်ခု ထိစပ်ချိန်၌ တန်ရော်ဝေက အပူလှိုင်းစီးဆင်းလာသည်ကို ခံစားမိနေသည်။ ထိုစွမ်းအင်လှိုင်းက သူမ၏ ကိုယ်မှ သွေးကြောများအတွင်း စီးဝင်လာကာ သွေးကြောများအား ချဲ့ထွင်သည့်အပြင် ခန္ဓာကိုယ်အား ဖောင်းကားလာစေသည့်အတွက် နာကျင်မှုအား ခံစားနေရသည်။ ထို့အပြင် ခန္ဓာကိုယ်တွင်လည်း ချွေးများရွှဲလာနေသည်။
သူမအနေဖြင့် ခန္ဓာကိုယ် ဖောင်းကာလာသည်ကို ခံစားမိနေသော်လည်း အပူလှိုင်းက ရပ်မသွားချေ။ သွေးကြောများ၌ စီးဝင်နေချိန်၌ ခန္ဓာကိုယ်ပင် အကြိမ်အနည်းငယ် လှည့်ပတ်သွားရသေးသည်။ ထို့နောက်တွင် အပူလှိုင်းက ချက်အောက်ရှိ ချီမင်လယ်တွင် စုဝေးရောက်ရှိသွားသည်။
ထိုခဏ၌ ဆပ်ပြာပူဖောင်း ပေါက်သည့်အလား အသံကြားရကာ အပူစွမ်းအင် ပျောက်ကွယ်သွားပြန်သည်။ ပိုင်ချူးရန်ကလည်း ဆုပ်ကိုင်ထားသည့် လက်အား ဖြေလျော့ပေးလိုက်ရာ တန်ရော်ဝေလည်း သတိပြန်ဝင်လာသည်။
"ကောင်းပြီ…"
ပိုင်ချူးရန်က တည်ငြိမ်စွာဖြင့် ပြောလာပြန်သည်။
"ရွှမ်လုံ နည်းလမ်းကို ဖယ်ပစ်ပြီးပြီး ပြီးတော့ သတင့်တော်မဲ့ နည်းလမ်းအသစ်လည်း တွေ့ထားသေးတယ်… ကျင့်ကြံဖို့ဆိုရင် လေ့ကျင့်ခန်းတွေ လုပ်ရမယ်…"
ချူးရန်က ပိုးသားစာလိပ်တခုအား ကမ်းပေးလိုက်သေးသည်။ တန်ရော်ဝေက စာလိပ်အား လက်ခံ၌ ဖွင့်ဖတ်ကြည့်ရာ နည်းလမ်း၏ အမည်နာမအား ဦးစွာမြင်လိုက်ရသည်။
…ခန္ဓာ ပြောင်းလဲခြင်း နည်းလမ်း…
"သတိရပြီ… ဒါက ဟိုနေ့တုန်းက မေးသေးတယ် မဟုတ်လား…"
တန်ရော်ဝေက ရေရွတ်လိုက်မိသည်။
"ဟုတ်တယ် ဒီနည်းလမ်းက အင်မော်တယ်နည်းလမ်း တခုကို မှီပြီးတော့ ငါနဲ့ငါ့သူငယ်ချင်း ဖန်တီးထားတာပေါ့… ဒါက ပြင်ပနည်းလမ်းဆိုတော့ အခြေခံမရှိရင် သင်ပြီးတော့ လေ့ကျင့်လို့ရတယ်…"
ပိုင်ချူးရန်က ခေါင်းညိမ့်ကာ ပြောနေသည်။
"အခြေခံအတွက် သင့်တော်တာပေါ့…"
"ဒါပေမယ့် အဲ့နေ့တုန်းက ဘာလို့ မေးတာပါလိမ့်… ဒီနည်းလမ်းက ရင်ဘတ်ကိုပါ သက်ရောက်မှု ရှိတာများလား…"
တန်ရော်ဝေက ရှက်သွေးဖြားနေသော်လည်း မျှော်လင့်တကြီး မေးမိသည်။
"ဟုတ်တာပေါ့…"
ပိုင်ချူးရန်က တန်ရော်ဝေ၏ လက်ဖဝါးအား ကြင်နာစွာ ဆုပ်ကိုင်လိုက်ကာ…
"ကလေး မင်းကို ကယ်တင်လို့ ရပါသေးတယ်…"
ပိုင်ချူးရန်က တန်ရော်ဝေ၏ လက်အား လွှတ်ကာ ပန်းသီးတလုံး ထုတ်လိုက်၏ ။ ထို့နောက်တွင် အဝေးသို့ ပစ်လိုက်ပြန်သည်။ သို့သော်လည်း လက်များ လှုပ်ရှားမှု မပြုဘဲ လက်မောင်းတခု ထွက်လာကာ ပန်းသီးအား ဖမ်းဆုပ်လိုက်တော့သည်။
"ဒီနည်းလမ်းက ကျင့်ကြံဖို့ခက်ပေမယ့် နတ်ဘုရားအဆင့်လို့ ပြောလို့ရတယ်… ပြင်ပအထောက်အကူဆိုတော့ တိုက်ခိုက်စွမ်းရည်ကိုတော့ မြင့်ပေးမယ် ဒါပေမယ့် ကျင့်ကြံမှုအဆင့်နဲ့ မဆိုင်ဘူး…"
ပိုင်ချူးရန်က ပန်းသီးအား ပစ်ကာ လက်အသစ်ဖြင့် ဖမ်းပြပြန်သည်။ ထို့နောက်တွင် တန်ရော်ဝေအနေဖြင့် ချူးရန်ထံ၌ လက်ခြောက်ဖက် ရှိသည်ကို မြင်လိုက်ရသည်။ လက်နှစ်ဖက်ဖြင့် ပို့ချမှုပြုလုပ်နေသော်လည်း လက်လေးဖက်မှာ ပန်းသီးအား ဆော့ကစားနေသည်။
"အဆင့်မြင့်တဲ့အထိ ကျင့်ကြံနိုင်ရင် ကိုယ့်ခန္ဓာကိုယ်ကို လိုသလို ပြောင်းလဲလာနိုင်လိမ့်မယ်… အဲ့လိုဆိုရင်တော့ သက်လုံကော မာကျောမှုပါ ဆရာ့လို ဖြစ်လာမှာပေါ့…"