ခန္ဓာကိုယ်ပြောင်းလဲခြင်း အတတ်
Vol. 5 Ch. 44
ပိုင်ချူးရန်၏ သရုပ်ပြမှုနှင့် ရှင်းပြချက်အား နားထောင်နေသည့် တန်ရော်ဝေမှာ မျက်လုံးများ လင်းလက်တောက်ပနေသည်။
"ဒါ… ဒါက… မှော်ပညာများလား…"
တော်ဝင် မင်းသမီး တဖြစ်လဲ တန်ရော်ဝေက ကြမ်းပြင်၌ ဒူးတုပ်ကာ ပိုင်ချူးရန်အား အရိုအသေပေးလေတော့သည်။
"ရှင်က ကျွန်မ ဆရာ… မဟုတ်သေးဘူး ဘုရားသခင်လို…"
"မဟုတ်သေးဘူးလေ ငါက မင့်ဆရာပေါ့…"
ပိုင်ချူးရန်က တပည့်ဖြစ်သူအား ခေါင်းပုတ်လိုက်၏ ။
"အရူးလေး ထတော့…"
"ဟုတ်ကဲ့ပါ ဆရာသခင်…"
တန်ရော်ဝေက အလွန်ပင် ရွှင်ပျနေပြီ ဖြစ်သည်။ ထို့ကြောင့် အားမာန်အပြည့်ဖြင့် ထရပ်ကာ ပြောလာသေးသည်။
"တပည့် ဒီနည်းလမ်းကို သေချာပေါက် လေ့ကျင့်ပါ့မယ်…"
မိန်းကလေးငယ်မှာ အချိန်ဖြုန်းရန်ပင် စိတ်မပါတော့ပုံရသည်။ လက်မှ စာလိပ်အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ အခန်းဆီသို့ အလျင်စလို ပြေးသွား၏ ။
ချူးရန်က တပည့်ဖြစ်သူအား မေးထေုက်ကညည့်နေကာ ပြုံးမိနေသည်။
တပည့်များ၏ စိတ်အားထက်သန်သည့် အရာကို သိမြင်ကာ ထိုအရာအား လက်တွေ့ အသုံးချ၍ စိတ်ခွန်အားမြင့်ပေးခြင်းက ထူးချွန်သည့် ဆရာများ၏ အရည်အချင်းပင် မဟုတ်လော။
…ရော်ဝေရေ ဆရာက တပည့်ကို မလိမ်ထားဘူး… ဒီနည်းလမ်းက ကာယကိုယ်ကို ပြောင်းလဲနိုင်တယ် ဒါပေမယ့်လည်း အဆင့်မြင့်လာလေလေ ရှုပ်ထွေးလေပဲ…
…သာမန် ကျင့်ကြံသူရဲ့ အရည်အချင်းနဲ့ဆို အဆင့်တစ်ဆယ် အထိပဲ အများဆုံးရောက်နိုင်မယ်… ခန္ဓာကိုယ်ကို ပြောင်းလဲဖို့က အနည်းဆုံးတော့ အဆင့်ငါးဆယ်အထိ ရောက်နေရမှာ…
…ဘယ်အဆင့်ထိ ရောက်နိုင်မလဲ… ကြည့်ရသေးတာပေါ့လေ…
******
တန်ရော်ဝေက အခန်းသို့ ရောက်ချိန်၌ စိတ်အားထက်သန်စွာဖြင့် စတင်ကျင့်ကြံသည်။
ပိုင်ချူးရန်ကလည်း သူမ၏ အခန်းအနီး၌ အခြေအနေ လေ့လာကြည့်သေးသည်။ စိတ်ဝိညာဉ်ဖြင့် စစ်ဆေးကြည့်ပြီးချိန်တွင် တပည့်ဖြစ်သူမှာ အဆင့်တစ်သို့ တက်လှမ်းပြီးသည်ဟု နားလည်လိုက်သည်။
ယခုနည်းလမ်းအား ဖန်တီးသူ တဦးဖြစ်သည့်အတွက် ပိုင်ချူးရန်က တပည့်ဖြစ်သူ၏ တိုးတက်မှု အခြေအနေကို သေချာသိလိုက်သည်။ ပထမဆုံးသော အဆင့်သုံးဆင့်မှာ တခြားသော အထောက်အကူပြု ကျင့်ကြံမှုများဖြင့် အဆင့်တူညီကြသည်။
အဆင့်တခုစီ၌ ကိုယ်ဟန်အနေအထား ပုံစံသုံးခုစီ ရှိကြ၏ ။ ထိုပုံစံများအတိုင်း လိုက်လံတုပနိုင်ပါက အဆင့်တက်ပြီဟု ဆိုနိုင်သည်။
သာမန်သူများ အနေဖြင့် ထိုသို့သော ကိုယ်ဟန် အနေအထားများအား ပြုလုပ်ရန် ခက်ခဲလှသည်။ သို့သော်လည်း အသက် ခြောက်နှစ်အရွယ်မှ စတင်ကာ ကိုယ်ခံပညာ လေ့လာခဲ့သည့် တန်ရော်ဝေမှာ အခက်အခဲ ကြုံတွေ့ရခြင်း ရှိမနေပေ။
သို့သော်လည်း အဆင့်လေးသို့ တက်လှမ်းပြီးနောက်တွင် သာမန်အဆင့် မဟုတ်တော့ချေ။ ထိုအဆင့်မှ စတင်၍ ကျင့်ကြံသူများ အနေဖြင့် ကိုယ်ကာယ ကြံ့ခိုင်ရန် ပြင်ပအားများကို အသုံးပြုရပေလိမ့်မည်။ အရည်ပြားမှ အစပြုကာ ကိုယ်တွင်းအင်္ဂါများအထိ လေ့ကျင့်ရမည် ဖြစ်၏ ။ ထိုအဆင့်၌ ခန္ဓာကိုယ် ပြောင်းလဲခြင်း တရားဝင် စတင်မည် ဖြစ်သည်။
တပည့်ဖြစ်သူ၏ စိတ်အားထက်သန်မှုအား မြင်ရပြီးချိန်၌ ပိုင်ချူးရန်က သူမအား အနည်းငယ် အထင်သေးမိသွားသည်။
မိန်းကလေးငယ်မှ လေ့ကျင့်နေချိန်၌ပင် ရင်သားတုအား ဖြုတ်သိမ်းမှု မပြုချေ။ ထိုသို့သော စွဲလမ်းမှုဖြင့် အသက်ဆုံးသည်အထိ ကျင့်ကြံမည်ကိုပင် စိုးရိမ်ရလောက်သည်။
ချူးရန်က တပည့်ဖြစ်သူအား လေ့ကျင့်ခြင်းဖြင့် ထွက်သက် မတိုင်စေရန် ခန္ဓာကိုယ်အားဖြည့်သည့် ချိုးရေ ဆေးဝါးများနှင့် လေ့ကျင့်ခန်းအတွက် ဆေးများကိုပင် ပြင်ဆင်ထားသေးသည်။
ထို့အပြင် တန်ရော်ဝေဖြင့် သင့်လျော်သည့် လေ့ကျင့်ရေးနေရာကိုလည်း ပြင်ဆင်ရသည်။ ပိုင်ချူးရန်မှာ သစ်သား စိတ်ဝိညာဉ်အမြစ် ရှိသူပင်။ သို့ဖြစ်ရာ ကြယ်ခုနှစ်ခု တောင်ထွဋ်၏ သဘာဝအနေအထားဖြင့် ပနံ့သင့်သည်။ သို့သော်လည်း တပည့်ဖြစ်သူမှာ မြေကမ္ဘာ စိတ်ဝိညာဉ် အမြစ်တည်း။ ထို့ကြောင့် တပည့်ဖြစ်သူနှင့် သင့်လျော်သည့် ပတ်ဝန်းကျင်ကိုလည်း စဉ်းစားရသေးသည်။ ထို့အပြင် ဆေးလုံး၊ လက်နက် အစရှိသည်တို့လည်း ပြင်ဆင်ရမည် ဖြစ်၏ ။
ပိုင်ချူးရန် အနေဖြင့် ထိုသို့သော အရာများအား ပြင်ဆင်ပေးရမည်ဟု စိတ်ကူးယဉ်ခြင်းပင် မပြုဖူးချေ။ ချီမင်ဓားဂိုဏ်း၏ မျိူဆက်များစွာအား ညွှန်ကြားသင်ပြပေးဖူးသော်လည်း ထိုသူများ၌ ဆရာကိုယ်စီ ရှိကြသည်။ သို့ဖြစ်ရာ ပိုင်ချူးရန် အနေဖြင့် ထိုသို့သော အရာအား ပြင်ဆင်ပေးရန် မလိုအပ်ပေ။
သို့သော်လည်း လက်ရှိ အခြေအနေမှာ ခြားနားလှသည် မဟုတ်လော။ တန်ရော်ဝေမှာ တပည့်တဦး ဖြစ်လာသည့်အတွက် ပိုင်ချူးရန် အနေဖြင့် သမီးတဦး ရရှိသည့် ပမာဖြစ်နေသည်။
ပိုင်ချူးရန်က တပည့်ဖြစ်သူ၏ အခြေအနေအား သုံးသပ်ကာ အခန်းသို့ ပြန်၍ လေ့ကျင့်ခန်းများ ချရေးလိုက်သည်။
နှစ်သုံးထောင်ကြာ ကာလ၌ ပိုင်ချူးရန်က မရေမတွက်နိုင်လောက်သော လေ့ကျင့်ခန်းများစွာအား စမ်းသပ်ဖူးသည်။ အများစုကိုလည်း ချီမင်ဂိုဏ်း၏ စာကြည့်တိုက်၌ မှတ်တမ်းတင်ထား၏ ။ ချီမင်ဓားဂိုဏ်းရှိ နည်းလမ်းများနှင့် လေ့ကျင့်ခန်းများမှာ ချူးရန်၏ ဖန်တီးမှု သို့မဟုတ် မွန်းမံမှုများဟုပင် ဆိုနိုင်သေးသည်။
သို့သော်လည်း ထိုနည်းလမ်းများ၌ တပည့်ဖြစ်သူနှင့် သင့်လျော်သည့်အရာ ရှိမနေပေ။ ထို့ကြောင့် ပိုင်ချူးရန်က ကိုယ်တိုင် ဖန်တီးပေးရန်သာ ဆုံးဖြတ်လိုက်တော့သည်။