လောက၏ အရှိန်အဝါပင်လော
Vol. 5 Ch. 45
ပိုင်ချူးရန်က တပည့်ဖြစ်သူအတွက် နည်းလမ်းအသစ် ဖန်တီးပေးရန် ဆုံးဖြတ်ထားသည်။ သို့ဖြစ်ရာ မြေကမ္ဘာ စိတ်ဝိညာဉ်အမြစ်ဖြင့် ကျင့်ကြံနိုင်သည့် နည်းလမ်းများ၏ အားသာချက် အားနည်းချက်များအား စိတ်၌ မြင်ယောင်ကြည့်နေသည်။ ချူးရန်က စတင်ရေးသားချိန်၌ ဉာဏ်ကွန့်မြူးမှုက အဆက်မပြတ် ဖြစ်လာသည်။ အားစိုက်ထုတ်မှုများ ပြုလုပ်ပြီးချိန်၌ ချူးရန် အနေဖြင့် ချီသန့်စင်ခြင်းအဆင့်မှ မဟာတက်လှမ်းခြင်းအဆင့်အထိ နည်းလမ်းတခုအား ရေးသားပြီးစီးသွားသည်။
ပိုင်ချူးရန်က ရေးသားပြီးစီးချိန်တွင် မှင်တံချကာ ပင့်သက်ရှိုက်ထုတ်လိုက်သည်။ ထို့နောက်တွင် မန္တန် တခုဖြင့် စာရွက်လွတ်ပေါ်၌ နည်းလမ်းရောက်သွားစေ၏ ။
ချူးရန်က ထိုစာရွက်အား ဆုပ်ကိုင်ကာ စိတ်ဝိညာဉ် ငှက်တကောင်အား ဆင့်ခေါ်၍ စာရွက်အား ဆောင်ယူစေသည်။ စိတ်ဝိညာဉ် ငှက်သည်လည်း စာရွက်အား ဆောင်ယူကာ အကြီးအကဲလေး အုပ်ချုပ်သည့် စာကြည့်တိုက်သို့ ပျံသန်းသွားသည်။
ပိုင်ချူးရန်က ကောင်းမွန်သည့် လေ့ကျင့်ရေး နည်းလမ်းတခုအား
ဖန်တီးမိလိုက်ပုံရသည်။ သို့သော်လည်း တန်ရော်ဝေအပြင် တခြားသူများပါ လေ့ကျင့်နိုင်စေရန် စာကြည့်ဆောင်သို့ ပို့ဆောင်လိုက်ခြင်းတည်း။
ပိုင်ချူးရန်က စာရွက်အား ခေါက်ကာ မတ်တပ်ထရပ်၍ ခြံဝန်းအပြင်သို့ ထွက်လိုက်သည်။
လေ့ကျင့်ရေး နည်းလမ်း လိုအပ်ချက်အား ဖြေရှင်းပြီး ဖြစ်၏ ။ သို့သော်လည်း တပည့်ဖြစ်သူနှင့် သင့်လျော်မည့် နေရာနှင့် ဆေးဝါးများ လိုအပ်နေသေးသည် မဟုတ်လော။
……
တန်ရော်ဝေက ခန္ဓာပြောင်းလဲခြင်း အတတ်အား ရရှိပြီးနောက်တွင် စိတ်အားတက်ကြွမှုများကြောင့် ညနက်သန်းခေါင်ယံအထိ လေ့ကျင့်သည်။
သူမ အနေဖြင့် ချွေးပြန်လာချိန်မှသာ အဆင့်တစ်သို့ ရောက်ရှိပြီးသည်ကို သတိပြုမိသွားသည်။
တန်ရော်ဝေက အခန်းအတွင်းရှိ စားပွဲထက်သို့ သွားလိုက်၏ ။ ထိုအချိန်၌ မန္တန် ပြယ်သွားကာ ပူနွေးနေဆဲဖြစ်သည့် အသားပေါင်းများကို မြင်လိုက်ရသည်။
ပိုင်ချူးရန်က အသားပေါင်းများအား မန္တန် အသုံးပြုကာ အပူချိန်ထိန်းထားခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် စားသောက်ဖွယ်ရာများမှာ ပူနွေးနေခြင်းဖြစ်သည်။
ဆရာဖြစ်သူ၏ ဂရုစိုက်မှုကြောင့် တန်ရော်ဝေ၏ စိတ်၌ ကျေနပ်မိသွားသည်။ ထို့ကြောင့် အသားပေါင်းတခုယူကာ တကိုက်ကိုက်လိုက်၏ ။ ထိုအချိန်တွင် ပန်းကန်အောက်မှ စာရွက်အား မြင်မိသွားသည်။
…ဆရာ အပြင်သွားဦးမယ်… တပည့်လေး လေ့ကျင့်ဖို့ နေရာရရှာဖို့ပေါ့… စောစောအိပ် ပြင်းပြင်းထန်ထန် လွန်လွန်ကျူးကျူး လေ့ကျင့်မနေနဲ့… မဟုတ်ရင် ရှိနေပြီးသားတောင် ပေါက်ကွဲထွက်သွားလိမ့်မယ်…
"ဟ…"
တန်ရော်ဝေက စာအား ဆုတ်ဖြဲပစ်လိုက်သည်။ သူမ၏ စိတ်၌ ခံစားနေရသည့် ကျေနပ်နွေးထွေးမှုသည်လည်း ရုတ်ချည်း ပျောက်ကွယ်သွား၏ ။ ထိုခံစားမှုအစား ပွက်ပွက်ဆူသည့် ဒေါသများသာ အစားထိုးဝင်ရောက်လာသည်။ ထို့ကြောင့် အသားပေါင်းအား တစံတယောက်ဟု မှတ်ယူကာ ကိုက်ဝါး၍ စွပ်ပြုတ်နှင့်အတူ မြိုချလိုက်သည်။
သို့သော်လည်း ထိုအပြုအမူမှာ စိတ်ထွက်ပေါက်သာဖြစ်ပြီး အချည်းအနှီးသာ ဖြစ်သည်။ နေ့တဝက်ခန့် ဆူပုတ်ပြီးနောက်တွင် တန်ရော်ဝေက စားပွဲထက်ရှိ အစားအသောက်များအား အပြတ်ရှင်းပစ်လိုက်သည်။ သူမကိုယ်တိုင်သည်လည်း စားသောက်နှုန်းအား အံ့ဩမိသွားသေးသည်။
စာလိပ်အား ချထားပြီးနောက်တွင် တန်ရော်ဝေက ချွေးပြန်မှုကြောင့် အဝတ်အစားနှင့် ခန္ဓာကိုယ် ကပ်နေသည်ကို သတိပြုမိလိုက်၏ ။ ထို့ကြောင့် ရေချိုးသန့်စင်ရန် ဆုံးဖြတ်မိသည်။
ကြယ်ခုနှစ်ခု တောင်ထွဋ်၌ ရေချိုးခန်းဟူ၍ သီးသန့် ရှိမနေပေ။ပိုင်ချူးရန် အနေဖြင့် ခန္ဓာကိုယ်တွင် ရွှံ့လူးနေသည့်တိုင် မန္တန် တခုဖြင့် သန့်စင်ပစ်လိုက်နိုင်သည်။ သို့သော်လည်း ကြယ်ခုနှစ်ခု တောင်ထွဋ်တွင် သဘာဝ ရေပူစမ်းတခု ရှိသည်။ ထိုနေရာမှာ ချူးရန်မှ ရံဖန်ရံခါ အနားယူရန် ဖန်တီးထားမှု ဖြစ်၏ ။
လဲလှယ်မည့် အဝတ်အစားများအား ယူဆောင်ပြီးနောက်တွင် တန်ရော်ဝေက ကုတင်အောက်မှ သေတ္တာတခုအား တိတ်တဆိတ် ဖွင့်လှစ်သည်။ ဖော့ခံ နှစ်ခုအား ထုတ်ယူကာ အဝတ်အစားများအောက် ထည့်ပြီးချိန်တွင် ရေပူစမ်းဆီသို့ ထွက်ခွာသွားသည်။
ရေပူစမ်း၌ ရေစိမ်နေသည့် မျောက်အနည်းငယ် ရှိနေသည်။ ထိုမျောက်များမှာ ကြယ်ခုနှစ်ခု ထောင်ထွဋ်ရှိ ဒေသခံများဟုပင် ဆိုနိုင်သည်။ တန်ရော်ဝေ ရောက်လာသည့်တိုင် မျောက်များက ကြောက်လန့်မိခြင်း မရှိကြချေ။ မျောက်နှစ်ကောင်က ကိုယ်စီကုတ်ပြကြပြီး အကောင်းဆုံးသော နေရာအား တန်ရော်ဝေထံသို့ ပေးလိုက်ကြသည်။
ထိုအပြုအမူကြောင့် တန်ရော်ဝေပင် ပြုံးမိသွား၏ ။ ထို့နောက်တွင် သူမက အဝတ်အစား စတင် ဖယ်ရှားသည်။
အဝတ်အစားများ ပုံသွားပြီးချိန်၌ တန်ရော်၏ ခန္ဓာကိုယ်အား အတိုင်းသား မြင်လာရသည်။ ဖြူဖွေးနေသည့် အသားအရည်၊ လုံးဝန်းသည့် တင်စိုင်နှင့် သေးသွယ်သည့် ခါးအပါအဝင် နှစ်လိုဖွယ်ကောင်းသည့် ပေါင်တံများမှာ မိန်းမသားဆန်သည့် အလှတရားအား ဖော်ညွှန်းပြနေသည်။ သို့သော်လည်း သူမ၏ ရင်သား၌ ယောက်ျားဆန်သည့် အရာရှိနေသေး၏ ။
"ကွိ ကွိ… ကွီ…"
တန်ရော်ဝေမှ အဝတ်အစားများ ဖယ်ရှားပြီးနောက်တွင် ဘေးရှိ မျောက်မတကောင်က ထူးဆန်းစွာ အသံပြုလာသည်။ ထို့နောက်တွင် မျောက်မက ရင်ဘတ်အားပုတ်ကာ ခါးကော့လိုက်ပြီး ရင်သားအား ပြသလာတော့သည်။
ထိုအပြုအမူကြောင့် တန်ရော်ဝေပင် မျက်နှာပျက်သွားရသည်။
…သေစမ်းဟ မျောက်မမှာတောင် ရင်သားရှိနေတယ်…