လောက၏ အရှိန်အဝါပင်လော(၁)
Vol. 5 Ch. 46
တန်ရော်ဝေက ရေပူစမ်း၏ ထောင့်တနေရာတွင် နေရာယူထားသည်။ သူမ၏ အမူအရာမှာ ခံစားချက်ကောင်းပုံ မရနေပေ။ ထို့ကြောင့် ရေပူစမ်းရှိ မျောက်များက တကောင်ပြီးတကောင် ထွက်ခွာသွားကြသည်။
မျောက်များက သူမအား ကြောက်လန့်ခြင်း မဟုတ်ကြပေ။ ထို့အစား တောင်ထွဋ်အား နှစ်အကန့်အသတ်မဲ့ အုပ်စိုးထားသည့် မွန်စတားအိုကြီးအား ကြောက်ကြခြင်းသာဖြစ်၏ ။
"နေနှင့်ဦးပေါ့ နောက်ကျရင် ငါ့မှာလည်း ရှိလာမှာ…"
တန်ရော်ဝေက ရေပူစိမ်နေခိုက်တွင် လက်ဖြင့် ရင်ဘတ်အား ပွတ်သပ်ကြည့်မိပြန်သည်။ ထင်ယောင်ထင်မှားဟု ထင်ရသော်လည်း ခန္ဓာပြောင်းလဲခြင်း အတတ် လေ့ကျင်ချိန်မှ စ၍ ရင်သား၌ ဆူဖြိုးကာ နူးညံ့လာသည်ဟု ခံစားမိနေသည်။
"ရှိလာတော့မှာ… ရှိလာတော့မှာပါ…"
တန်ရော်ဝေက ရေရွတ်မိနေရင်းမှ ပြုံးမိနေသည်။
သို့သော်လည်း ထိုအချိန်တွင် မြေသားထုကြီးမှ ရုတ်တရက် လှုပ်ရမ်းလာ၏ ။
ရေပူစမ်းတွင်လည်း လှိုင်းဂယက်များထကာ ရေများပင် ဗလောင်ဆူနေတော့သည်။ လှိုင်းတချို့မှာ ကြီးမားပြင်းထန်နေသေး၏ ။ ရေစိမ်နေကြသည့် မျောက်များသည်လည်း ထိတ်လန့်တကြား အော်ဟစ်ကာ တောအတွင်းသို့ ပြေးဝင်သွားကြသည်။
ထိုခဏတွင်ပင် စည်းချက်ကျသည့် လှုပ်ရမ်းမှုကြီးတခုအား ခံစားနေရသေးသည်။ ထိုလှုပ်ရမ်းမှုကြောင့် ဘေးပတ်လည်မှ တောင်တန်းများ ရိမ်းခါလာပြီး ရေပူစမ်းသည်လည်း ဆက်လက်လှုပ်ခါနေတော့သည်။ တုန်ခါမှုမှာ ပိုမိုပြင်းထန်လာနေပြီး လူသန်ကြီးတဦး ချဉ်းကပ်လာခြင်းဖြင့်ပင် ဆင်တူနေပေသည်။
"ဘာဖြစ်တာလဲဟ…"
တန်ရော်ဝေက ရေပူစမ်းမှ ထ၍ ခန္ဓာကိုယ်အား အဝတ်စဖြင့် ပတ်လိုက်ကာ ချီမင် ဝောင်တန်းများကို ကြည့်မိသည်။ တောင်တန်းထက်၌ မီးအလင်းရောင်များနှင့် ဓားပျံများမှာ လှုပ်ရှားနေသည်ကို မြင်နေရသည်။ ခေါင်းလောင်းသံများလည်း ထွက်ပေါ်လာနေသည်။ ထိုသူများမှာ ယခုလက်တလော ဖြစ်ရပ်၏ အကြောင်းအရင်းကို မသိနေပုံပင်။ သို့သော်လည်း ခဏကြာပြီးချိန်၌ ခေါင်းလောင်းသံနှင့် ဓားအလင်းများ ရပ်တန့်သွားကြသည်။ ချီမင်ဓားဂိုဏ်း၏ ထိတ်လန့်မှုအား တစုံတယောက်မှ တားမြစ်လိုက်ပုံရသည်။
ခဏကြာပြီးချိန်၌ တန်ရော်ဝေက လက်ရှိဖြစ်ရပ်၏ တရားခံဖြစ်သူအား မြင်လိုက်ရသည်။
ထိုအရာမှ အမြင့်မီတာ တထောင်ခန့်ရှိသည့် တောင်ကြီးတခုပင်။ တောင်ထိပ်၌ သစ်ပင်ဟူ၍ ရှိမနေဘဲ ဝောင်တခုလုံးမှာ မည်းနက်နေသည်။ တောင်ထိပ်တွင်မူ ဓားဖြင့် ပိုင်းဖြတ်ထားသည့်အလား ထင်မှတ်ရသည့် နေရာတခု ရှိသည်။
ထိုတောင်ကြီးမှာ ခြေထောက်ပါနေသည့်အလား ကြယ်ခုနှစ်ခု တောင်ထွဋ်ဆီသို့ တဖြေးဖြေးချင်း ရွေ့လျားလာနေသည်။ လမ်းတလျှောက်တွင် ချီမင်ဓားဂိုဏ်း၏ ပင်မတောင်ထွဋ်နှင့် တခြားသော တောင်ထွဋ်များအား ဖြတ်ကျော်ကာ ကြယ်ခုနှစ်ခု ဝောင်ထွဋ်ဆီသို့ ဦးတည်လာသည်။ ထို့နောက်တွင် တောင်ကြီးက ရုတ်တရက် ရပ်တန့်သွားကာ လေထဲမြောက်တက်လာ၏ ။ ထိုသို့ဖြစ်လာသည်မှာ ကျောက်ခဲအား ကောက်ယူ၍ လွှင့်ပစ်ခြင်းဖြင့်ပင် ဆင်တူသေးသည်။ တောင်ကြီးက လေထဲသို့ မြောက်တက်လာကာ ကြယ်ခုနှစ်ခု ဝောာင်ထွဋ်၏ ဘေးသို့ ကျဆင်းလာသည်။ ထိုခဏတွင် ကောင်းကင်၌ စည်းတံဆိပ်တခု ပေါ်လာပြီး တောင်နှင့် မြေပြင်၏ ထိစပ်မှုကြောင့် ဖြစ်လာသည့် လှိုင်းများအား ဖိနှိပ်ပစ်သည်။
ထိုသို့ဖြင့် ကြယ်ခုနှစ်ခု ဝောာင်ထွဋ်၏ ဘေးတွင် တခြားသော တောင်ထွဋ်တခု ပေါ်လာသည်။
တန်ရော်ဝေသည်လည်း ထိုတောင်ထွဋ်အား ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ လက်ဖြင့် ထိန်းထားသည့် အဝတ်စားသည်လည်း ရေထဲသို့ ကျသွားပြန်သည်။
"ဒါ ဒါက လောကကြီးမှာ အားကောင်းလွန်းတာ မဟုတ်လား…"
………
တန်ရော်ဝေက ခြံဝန်းသို့ ပြန်သွားချိန်၌ ဂိတ်တံခါးသို့ ရောက်လာသည့် ပိုင်ချူးရန်ဖြင့် ဆုံကြသည်။
သူမ၏ မိတ်ဆွေ တဖြစ်လဲ လက်ရှိ ဆရာဖြစ်သူမှာ တောင်ထွဋ်အား သယ်ဆောင်လာခဲ့သူ မဟုတ်လော။ သို့ဖြစ်ရာ ဝတ်ရုံဖြူ၌ ဖုန်များပေကျံနေသည်။
တပည့်ဖြစ်သူအား မြင်လိုက်ချိန်၌ ပိုင်ချူးရန်က အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။
"ဟုတ်သား ရော်ဝေရေ ပထမအဆင့်ပြီးသွားပြီလား…"
"အာ ဟုတ်ပါတယ်…"
ဆရာဖြစ်သူ၏ ကိုယ်၌ ဖုန်များ ပေကျံနေပြီး ညအချိန်မှ ပြန်လာသည့် ဖြစ်စဉ်ကြောင့် တန်ရော်ဝေက အခြေအနေကို ရိပ်သားမိလိုက်သည်။
"ဆရာ ဟိုတောင်ထွဋ်က…"
"ဟုတ်တယ် အနောက်အရပ်ကနေ ရွေ့လာတာ…"
ပိုင်ချူးရန်က ပြန်ဖြေလာသည်။
"ဒီတောင်ထွဋ်က မြေဓာတ်လေ့ကျင့်ဖို့ သင့်တော်တယ်… ဒါပေမယ့် ဆရာက ဓားပျံ မသုံးနိုင်သေးတော့ ကိုယ်တိုင်ပဲ သယ်လာတော့တာ… ညဆိုတော့ နည်းနည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်…"
"…"
တန်ရော်ဝေက စကားဆိုရန် ဟန်ပြင်လိုက်သော်လည်း မည်သို့ ပြောရမည်ကို မသိနေသည့်အတွက် စကားထွက်မလာချေ။
"ဟုတ်ပြီ အချိန်တောင် လင့်နေပေါ့ သွားနားတော့လေ…"
ပိုင်ချူးရန်က လက်ခုပ်တီးကာ ပြောလာသည်။
"တပည့်အတွက် လေ့ကျင့်ခန်း စဉ်းစားလို့ရပြီ အဲ့တာကြောင့်မို့ ခန္ဓာပြောင်းလဲခြင်းအတတ် အဆင့်တဆယ်ရောက်ရင် ဘေးက တောင်ထွဋ်ဆီသွားရမယ်… အဲ့ရောက်တော့မှ လေ့ကျင့်ခန်းတွေ ပြပေးတော့မယ်…"