← Chapters

မိခင်ကမ္ဘာမြေကြီးမှာ လက်နက်ပင်

Vol. 5 Ch. 47

မိခင်ကမ္ဘာမြေကြီးမှာ လက်နက်ပင်

Vol. 5 Ch. 47

သုံးလကြာပြီးချိန်တွင် ဖြစ်သည်။ ပိုင်ချူးရန်က တပည့်ဖြစ်သူ တန်ရော်ဝေအား လေ့ကျင့်ရေးအခန်းမှ အပြင်ခေါ်ထုတ်လိုက်သည်။

မိန်းကလေးငယ်မှာ ဆံပင်များ ရှုပ်ပွနေပြီး မျက်ဝန်းတွင်လည်း ညိုမည်းနေကာ အဝတ်အစားများသည်လည်း ချွေးရွှဲနေသည်။ သူမအနေဖြင့် မနက်စောစောထခြင်း သို့မဟုတ် ညမအိပ်သည့် အလေ့အထ ရှိသည်က သိသာလွန်းလှသည်။

ဆရာဖြစ်သူမှ အပြင်ထွက်လာရန် ပြောလာခြင်းကြောင့် တပည့်ဖြစ်သူက ပြောလာသေးသည်။

"ဆရာ ဘာအကြောင်း ရှိလို့ပါလဲ… လေ့ကျင့်နေတာ အနှောင့်အယှက် ဖြစ်ပါတယ်…"

"မင်းက လေ့ကျင့်တာကို စွဲလမ်းနေပြီ ကိုယ့်ဘာသာကိုယ် မခွဲခြားနိုင်တော့ဘူး… ကျူးယွမ်ကျီသာ မင်းလို စိတ်ရှိရင် အင်မော်တယ်လောကကို ရောက်နေလောက်ပြီ…"

ပိုင်ချူးရန်က ပင့်သက်ရှိုက်လိုက်သည်။

"ဟုတ်ပြီလေ ဆရာ့ဆီလာဦး ခန္ဓာကိုယ်ပြောင်းလဲတာက တရက်တည်းနဲ့ မဖြစ်နိုင်ဘူး အဲ့တာကြောင့်မို့ ဗျာများမနေနဲ့ဦး…"

"ဆရာ ဘယ်ခေါ်သွားမို့ပါလဲ…"

တန်ရော်ဝေက သူမ၏ ကံကြမ္မာအား ပြောင်းလဲပစ်နိုင်မည့် နည်းလမ်းအား စဉ်းစားနေရင်းမှ ရေရွတ်လိုက်သည်။

"နောက် လေ့ကျင့်ရမယ့် နေရာပေါ့ ကြီးတော့ ကျင့်ကြံရေး နည်းလမ်းနည်းနည်း သင်ပေးစရာရှိတယ်…"

ပိုင်ချူးရန်က မျက်ခုံးပင့်၍ ပြောနေသည်။

"မင်း ဒီလို ဆက်လေ့ကျင့်မယ်ဆိုရင်တော့ သက်တမ်းကုန်သွားလိမ့်မယ်အဲ့လိုဆို ခန္ဓာကိုယ် ပြောင်းလဲလို့ ရတော့ကော ဘာထူးမလဲ… ရင်သားကြီးကြီးတွေကို အခေါင်းထဲ သယ်သွားချင်တာများလား…"

တန်ရော်ဝေက ဆရာဖြစ်သူ ထောက်ပြသည့် အချက်အား နားလည်သွားသည်။ ထို့ကြောင့် စကားမဆိုတော့ဘဲ ပိုင်ချူးရန်နောက်သို့ လိုက်လာခဲ့သည်။ ဆရာတပည့် နှစ်ဦးက ကျောက်တံတားအား ဖြတ်သန်းကာ အမည်းရောင် တောင်ထွဋ်ဆီသို့ ဦးတည်လိုက်ကြသည်။

"ဒီတောင်ထွဋ်ကို သေချာ မပြုရင်ရသေးဘူး ဒါပေမယ့် ပြုပြင်နေရင်းနဲ့ သင်ပေးစရာတွေ ရှိတယ်…"

………

ပိုင်ချူးရန်က တောင်ထိပ်ရှိ ကျောက်တုံးတခုထက်၌ ထိုင်ချလိုက်သည်။ ထို့နောက်တွင် ချီအား မြေကြီးအတွင်းသို့ ထည့်သွင်းလိုက်ကာ…

"ရော်ဝေ ကျင့်ကြံမှု အဆင့်တွေနဲ့ စိတ်ဝိညာဉ် အမြစ်အကြောင်း ဘယ်လောက်ထိ သိထားလဲ…"

"ကျင့်ကကံမှု အဆင့်အကြောင်း ကြားဖူးထားပါတယ်… ကိုယ်ခံပညာ ဆရာသခင်အဆင့်က ချီသန့်စင်ခြင်းအဆင့် ပြီးတော့ အခြေတည်အဆင့် ရွှေအမြုတေ အဆင့်နဲ့ နောက်ထပ်တွေပါ…"

တန်ရော်ဝေက ရိုသေစွာဖြင့် ဖြေလာသည်။

"စိတ်ဝိညာဉ် အမြစ်အတွက်တော့ ဒြပ်စင်ငါးခုကိုပဲ သိထားပါတယ်…"

"ကောင်းကင်နဲ့ မြေကြီးက ဖရိုဖရဲ အခြေအနေကနေ ဖြစ်တည်လာတာ ပြီးတော့ သက်ရှိတွေကလည်း အလားတူပဲပေါ့… သက်ရျိအားလုံးမှာ ကောင်းကင်နဲ့ မြေကြီး အသေးစားလို့ ပြောနိုင်တဲ့ အသွေးအရိုး၊ ကြွက်သား၊ ကိုယ်တွင်းအင်္ဂါနဲ့ သွေးကြောတွေပါနေတယ်… ကျင့်ကြံတယ်ဆိုတာက ပြင်ပစွမ်းအင်ကို စုပ်ယူပြီးတော့ အတွင်းကမ္ဘာ တိုးတက်အောင်လုပ် တာပဲ ပြီးတာနဲ့ သေခြင်းရှင်ခြင်း ကန့်သတ်မှုကို ချိုးဖြတ်တယ် နောက်ဆုံး ဒီလောက အကန့်အသတ်အထိပေါ့…"

ပိုင်ချူးရန်က ဆက်ရှင်းပြနေသေးသည်။

"စိတ်ဝိညာဉ် အမြစ်ဆိုတာက လူသားတယောက်နဲ့ လောကဉပဒေသ ဆက်နွယ်မှုကို ပြတာပေါ့…"

"အဲ့တာကြောင့်မို့ စိတ်ဝိညာဉ်အမြစ်က အရာရာမဟုတ်ဘူး…"

တန်ရော်ဝေက ဉာဏ်ထက်သူ ဖြစ်သည့်အတွက် ဆရာဖြစ်သူ၏ ဆိုလိုရင်းကို ချက်ချင်းပင် သဘောပေါက်သွား၏ ။

"စိတ်ဝိညာဉ်အမြစ် မရှိဘူးဆိုတာက ဆက်နွယ်မှု နည်းတာပဲ လောက ဉပဒေသနဲ့ မဆက်စပ်ဘူးလို့ မဆိုလိုဘူး…"

"ငါမင်းနဲ့ ကောင်းကင် စိတ်ဝိညာဉ်အမြစ် ပိုင်ထားတဲ့ တခြားကလေး တ‌ယောက်ကို ထောင်လွှားမှု မပြုဖို့ သတိပေးထားပြီးပြီ… ကျူယွမ်ကျီ ကျင့်ကြံမှု စတုန်းက စိတ်ဝိညာဉ်အမြစ် မရှိတဲ့ ကလေးတယောက်ပေါ့… နောက်ပြီး ကောင်းကင် ဆေးလုံးဆိုတာက လူသားတယောက်နဲ့ လောကဉပဒေသ ဆက်နွယ်မှုကို တိုးမြင့်ပေးနိုင်တယ်…"

ပိုင်ချူးရန်က ဆက်ပြောနေသေးသည်။

"နောက်ပြီး ဒီလောကမှာ ဉပဒေသတွေက အကန့်အသတ်မရှိဘူး… ကျင့်ကြံခြင်း လောကက လူတွေ နှစ်ချီပြီး ရှာဖွေတာတောင် ဉပဒေသအကုန် မသိနိုင်သေးဘူးပေါ့… ဒြပ်စင် ငါးခုဆိုတာလည်း လူတွေက ကောင်းကင်မြေကြီး ဉပဒေသ ငါးခုကိုပဲ ခွဲခြားနိုင်တာကြောင့် ဖြစ်လာတာ… တကယ်တော့ အခုတလောမှာ တခြားစိတ်ဝိညာဉ်အမြစ်တွေလည်း တွေ့လာပြီ မိုးကြိုး အဆိပ်နဲ့ လေတွေပေါ့… ငါက ကောင်းကင်ဆေးလုံးနဲ့ စိတ်ဝိညာဉ် အမြစ်ကို အားဖြည့်ပေမယ့် ငါမသိနေသေးတဲ့ အကြောင်းအရာတွေလည်း ရှိနေသေးတယ်… ငါလည်း ရှာဖွေနေတုန်း…"

တန်ရော်ဝေက နားသောတဆင်နေသည်။

"ရှေ့ဆက်ရမယ့် လမ်းကရှည်တယ်… အတိုချုံ့ပြောရရင် ကိုယ့်ရဲ့ ပါရမီအပေါ် မာန်မတက်နဲ့… အမှန်တရား ဘက်တော်သားအနေနဲ့ မာန်မာနနဲ့ သည်းခံမှု မရှိတာကနေ ရှောင်ရှားရမယ်… ဒါက စည်းမျဉ်းပဲ…"

ပိုင်ချူးရန်က ဆက်ပြောပြန်သည်။

"နောက်တခုက… ဖြစ်စဉ်တွေကနေ အမှန်တရားကို မြင်စေချင်တယ်… ကျင့်ကြံခြင်း အဆင့်တွေခွဲခြားထားတာက လူသားတယောက်ရဲ့ အတွင်းနဲ့ အပြင်ကမ္ဘာကို နားလည်မှာ ပမာဏ္ဌအပေါ် မူတည်တယ်… ပြောရင် စိတ်ဝိညာဉ် အဆင့်က ကိုယ်ထဲမှ တခြားကိုယ်တခု ဖွဲ့စည်းတာပဲ… စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်က အချင်းချင်း ဆက်သွယ်နိုင်ပြီ… စိတ်ဝိညာဉ် အမြစ်ကို ပြောရင် မင်းရဲ့ မြေကမ္ဘာ စိတ်ဝိညာဉ် အမြစ်ကို ဉပမာထားကြတာပေါ့… ကျင့်ကြံပြီးရင် ရနိုင်တဲ့ မှော်စွမ်းအင်တွေက ဘာလို့ထင်ထားလဲ…"

All Chapters