← Chapters

မြေပြင်ပေါ်က စာအိတ်အနီကို မကောက်နဲ့

Vol. 2 Ch. 11

မြေပြင်ပေါ်က စာအိတ်အနီကို မကောက်နဲ့

Vol. 2 Ch. 11

“ကျိန်စာ” ဇာတ်လမ်းသည် လွန်ခဲ့သော ၆ နှစ်က စတင်ခဲ့ခြင်းဖြစ်၏။

ကိုယ်ဝန်ဆောင်ထားရသော ‘လီရူနန်’ သည် ဗီဒီယိုဘလော့ဂါများဖြစ်သည့် ‘အားတုန်း’ နှင့် ‘အားယွမ်’ တို့နှင့်အတူ ‘ချန်ရွာ’ သို့ ရောက်ရှိလာခဲ့သည်။ ထိုရွာတွင် မစော်ကားအပ်သော နတ်ဘုရားတစ်ပါးရှိသည်ဟု ဆိုကြသော်လည်း သူတို့သည် တားမြစ်ချက်အမျိုးမျိုးကို ချိုးဖောက်ခဲ့ကြသဖြင့် အားတုန်းနှင့် အားယွမ်တို့ သေဆုံးကာ ချန်ရွာတစ်ရွာလုံး ကပ်ဘေးဆိုးကြီးနှင့် ရင်ဆိုင်ခဲ့ရလေသည်။

လီရူနန်မှာ လွတ်မြောက်လာခဲ့သော်လည်း ကျိန်စာမှာ သူမနောက်သို့ တကောက်ကောက် လိုက်ပါလာခဲ့သည်။ ထိုဖြစ်ရပ်ကို သတင်းပို့ပြီးနောက် သူမ၏ မိဘများနှင့် ရဲအရာရှိများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခြင်းကြောင့် သူမ၏ စိတ်ကျန်းမာရေးမှာ အကြီးအကျယ် ထိခိုက်သွားခဲ့ရ၏။ နောက်ဆုံးတွင် သူမသည် သူမ၏မွေးကင်းစကလေးငယ်လေးကို မိဘမဲ့ဂေဟာ၌ ထားခဲ့ရလေသည်။

၆ နှစ်ကြာ စိတ်ရောဂါကုသမှု ခံယူပြီးနောက် အရိပ်မည်းများကြားမှ လွတ်မြောက်ပြီဟု သူမခံစားရချိန်တွင် သမီးဖြစ်သူကို အိမ်သို့ ပြန်ခေါ်လာခဲ့သော်လည်း အိမ်အတွင်း ထူးဆန်းသော ဖြစ်ရပ်များမှာ ပြန်လည်စတင်လာခဲ့ပြန်သည်။

တန်ဝမ်ကျဲသည် [လျှို့ဝှက်နယ်မြေ] အတွင်းရှိ “ဇာတ်လမ်းမိတ်ဆက်” ကို ကြည့်ရှုနေခဲ့သည်။ ၎င်းမှာ ရုပ်ရှင်ကို ဝေဖန်ချက်မပါဘဲ ပြန်လည်ကြည့်ရှုနေရသကဲ့သို့ပင်။

[“ကျိန်စာ” အသက်စွမ်းအား ၃၀ ကုန်ဆုံးမည်။]

[လက်ရှိ အသက်စွမ်းအား - ၃၀/၃၀]

သူ ဝင်ရောက်ရန် မတွန့်ဆုတ်တော့ပေ။ တန်ဝမ်ကျဲသည် ဆရာချန် ထားရစ်ခဲ့သော မက်မွန်သားဓားနှင့် အင်းစာရွက်များကို ယူဆောင်ကာ သေနတ်၊ ကျည်ဆန်နှင့် ရွှေများကိုပါ စနစ်တကျ ပြင်ဆင်လိုက်လေသည်။

အရာအားလုံး အဆင်သင့်ဖြစ်ပြီဟု အတည်ပြုပြီးနောက် တန်ဝမ်ကျဲသည် လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ရန် ရွေးချယ်လိုက်တော့လေသည်။

[ကျေးဇူးပြု၍ လျှို့ဝှက်နယ်မြေ စနစ်ကို ရွေးချယ်ပါ : ဇာတ်ကောင်နေရာမှ သရုပ်ဆောင်ခြင်း / လွတ်လပ်စွာ စူးစမ်းခြင်း (လက်ရှိတွင် အသုံးမပြုနိုင်သေးပါ)။]

[ယာဇ်ပလ္လင်ဖျက်ဆီးခြင်း - မဟာအနက်ရောင်ဗုဒ္ဓမယ်တော်အား မတော်မတရား ကိုးကွယ်မှုကို ဖျက်ဆီးပါ။ ဆုလာဘ် - မှော်ဝင်ငွေ ၁,၃၀၀၊ သရဲတံခါးပေါက်ကို ဖွင့်လှစ်ပေးမည်။]

သရဲတံခါးပေါက်ဆိုသည်မှာ ဂိမ်းထဲရှိ ဂါချာကံစမ်းမဲနှိုက်သည့် နေရာဖြစ်သည်။ ဂိမ်းထဲတွင် မှော်ဝင်ငွေ ၁၆၀ ကို “နတ်ဖိတ် သရဲစေ အဆောင်” တစ်ခုနှင့် လဲလှယ်နိုင်ပြီး ၎င်းကို အသုံးပြု၍ ဇာတ်ကောင်များ၊ ပစ္စည်းများကို ကံစမ်းနိုင်ပေသည်။

“လျှို့ဝှက်နယ်မြေကို အောင်မြင်ပြီးမှ ကံစမ်းမဲပေါက်က ပွင့်မှာလား။”

တန်ဝမ်ကျဲ၏မျှော်လင့်ချက်များ ကြီးမားသွားခဲ့၏။ အကယ်၍ အတွေ့အကြုံတိုးစေသည့် သစ်သီးများကိုသာ ရရှိလျှင် သူ၏ ကျင့်ကြံမှုမှာ ပိုမိုလွယ်ကူသွားမည် မဟုတ်ပါလား။

တန်ဝမ်ကျဲ မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူသည် လူအများ ဟိုဟိုဒီဒီ သွားလာနေသော စင်္ကြံလမ်းတစ်ခုတွင် ရောက်ရှိနေကြောင်း တွေ့လိုက်ရလေသည်။

သူ့ဇာတ်ကောင်၏ အချက်အလက်မှာ ရိုးရှင်းပါသည်။

“ထန်းဝမ်ကျဲ: ရုပ်သံဌာနမှ ကင်မရာမန်းတစ်ဦး။”

ထိတ်လန့်စရာ သတင်းများကို ရိုက်ကူးပြီး နာမည်ကြီးလာသူများကို အားကျကာ သူနှင့် သတင်းထောက်ချွမ်ဟုန်တို့သည် ထူးခြားသော သတင်းတစ်ခုကို ရှာဖွေရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။

ဇာတ်ကောင်နေရာမှ သရုပ်ဆောင်နေရသဖြင့် သူကြိုတင်ပြင်ဆင်လာသော မက်မွန်သားဓား၊ ရွှေနှင့် သေနတ်များကိုပါ ယူဆောင်လာနိုင်ခဲ့သည်။

တန်ဝမ်ကျဲအနေဖြင့် ဗုဒ္ဓမယ်တော်နှင့် ပတ်သက်၍ သူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်နေသင့်၏။ ရန်သူသည် အလင်းထဲတွင် ရှိနေသော်လည်း သူက အမှောင်ထဲတွင် ရှိနေသဖြင့် ပြင်ဆင်ရန် အချိန်ရသေးပေသည်။ သူသည် သူ၏ အလုပ်လုပ်ပုံအရ ဘုရားကျောင်းအချို့သို့ သွားရောက်ကာ ကူညီပေးမည့်သူများကို ရှာဖွေရန် စဉ်းစားလိုက်၏။

သူ ဗုဒ္ဓမယ်တော်ကို မည်သို့ ရင်ဆိုင်ရမည်ဟု တွေးတောနေစဉ် တစ်စုံတစ်ယောက် သူ့ဆီသို့ လျှောက်လာသည်ကို မြင်လိုက်ရလေသည်။

“အားကျဲ...”

ချွမ်ဟုန်က လျှောက်လာရင်း ပြောလိုက်၏။

“သွားရအောင်။ ဟိုဘက်က ချိန်းထားတာ အဆင်ပြေသွားပြီ။ လူနာစောင့်က ပြောတယ်။ အင်တာဗျူးရလွယ်အောင် အခန်းလေးတစ်ခန်းထဲကို ခေါ်ပေးမယ်တဲ့။”

“အေး... လာပြီ။”

တန်ဝမ်ကျဲသည် ပစ္စည်းများကို ကောက်ယူကာ အမြန်လိုက်သွားလိုက်သော်လည်း စိတ်ထဲတွင် မစ်ရှင်အကြောင်းကိုသာ စဉ်းစားနေမိသည်။

“ယဇ်ပလ္လင်ဖျက်ဆီးခြင်း” အကြောင်းကို သူကြားဖူးပေသည်။ တာအိုဘာသာအရ နတ်ကွန်းနှင့် ပုထိုးများကို အလွယ်တကူ မဖျက်ဆီးအပ်သော်လည်း နတ်ဘုရားအတုအယောင် လုပ်ထားသော မိစ္ဆာနတ်ဆိုးများ၏ ယဇ်ပလ္လင်များကိုမူ ဂါထာမန္တန်များဖြင့် ဖျက်ဆီးပစ်ရမည် ဖြစ်သည်။

“ငါကိုယ်တိုင် ဗုဒ္ဓမယ်တော်နဲ့ ထိပ်တိုက်တွေ့ရမှာလား။”

လျှို့ဝှက်နယ်မြေ၏ ခက်ခဲမှုမှာ အတော်လေး မြင့်မားနေသည်ဟု သူခံစားလိုက်ရသည်။

ဗုဒ္ဓမယ်တော်၏ အစွမ်းမှာ ကောင်းကင်ဘုံက နတ်ဗြဟ္မာများနှင့် မည်သို့ပင် ကွာခြားပါစေ တန်ဝမ်ကျဲသည် သေချာပေါက် သူသည် ဖယောင်းတိုင်မီးကိုပင် ငြှိမ်းနိုင်စွမ်းမရှိသော “ဓားလက်ချောင်း အဆင့် ၁” ကိုသာ တတ်မြောက်ထားခြင်းဖြစ်ကြောင်း သိထား၏။ သူမကို ရင်ဆိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။

သူက ချောမောလွန်းနေ၍ ဗုဒ္ဓမယ်တော်က သူ့ကို အညှိုးလျှော့မလားဟုပင် တွေးမိလိုက်သေးသည်။

အရိုးရှင်းဆုံး နည်းလမ်းမှာမူ ပေါက်ကွဲစေတတ်သော လက်နက်များကို အသုံးပြု၍ ရုပ်ပိုင်းဆိုင်ရာအရ “ဘုရားကျောင်းဖျက် ပလ္လင်ဖျက်” လုပ်ရန်သာ ရှိတော့လေသည်။

“ဆရာဘိုးဘေးကို အဆက်အသွယ် လုပ်ရမယ်။”

အပြင်ထွက်လျှင် မိမိဘက်က ကူညီမည့်သူ ရှိနေမှရပေမည်။ အရာအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရခြင်းကို သူ အမုန်းဆုံးပင်။

သူတို့နှစ်ယောက် ကားပါကင်သို့ ရောက်ရှိလာခဲ့ကြသည်။

“အားကျဲ မင်း ခုနက ဘာတွေ တွေးနေတာလဲ။”

“အနားယူတာ မဝသေးလို့။”

တန်ဝမ်ကျဲက ခေါင်းခါပြလိုက်သည်။

“ဒါဆို ငါပဲ မောင်းလိုက်မယ်။”

ချွမ်ဟုန်သည် သူ၏သူငယ်ချင်း စိတ်မကြည်လင်ခြင်းသာ ဖြစ်ရမည်ဟု ထင်မှတ်လိုက်ပြီး ဘာမှ ထပ်မမေးတော့ပေ။

လမ်းတွင် ချွမ်ဟုန်က သူပြင်ဆင်ထားသော အစီအစဉ်များအကြောင်း ပြောပြနေခဲ့သည်။ သူသည် သတင်းကြီးကြီးတစ်ခု ဖန်တီးချင်နေခဲ့သည်။

ယခု သူတို့သွားမည့်နေရာမှာ လွန်ခဲ့သော လပိုင်းကမှ စိတ်ကျန်းမာရေးဆေးရုံမှ ပြောင်းရွှေ့လာသော အဘိုးအိုတစ်ဦးကို အင်တာဗျူးရန် ဖြစ်သည်။ ထိုအဘိုးအို၏ အိမ်တွင် ထူးဆန်းသော ကိစ္စများ ဖြစ်ပွားခဲ့သည်ဟု ဆိုကြသည်။

ဦးစွာ မြေးဖြစ်သူက သူကိုယ်တိုင် ‘ကျိကုန်း’ ရဟန်းတော် ဖြစ်သည်ဟု ပြောဆိုလာခဲ့ပြီးနောက် သမီး၊ သားနှင့် ချွေးမတို့ကလည်း သူတို့ကိုယ်သူတို့ နတ်ဘုရားများအဖြစ် ကြွေးကြော်ခဲ့ကြသည်။

ထိုအချိန်က ဘာတွေ အမှန်တကယ် ဖြစ်ပျက်ခဲ့သလဲဆိုသည်ကိုမူ မည်သူမှ မသိကြပေ။ သူတို့က ထိုလျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် သွားကြခြင်း ဖြစ်လေသည်။

ဘိုးဘွားရိပ်သာသို့ ရောက်သောအခါ ဆန်ဝမ်ကျဲသည် ကင်မရာပစ္စည်းများကို ကျွမ်းကျင်စွာ ဖွင့်လိုက်သည်။ ၎င်းမှာ ဇာတ်ကောင်နေရာမှ သရုပ်ဆောင်ခြင်း၏ အကျိုးကျေးဇူးကြောင့်ဖြစ်ပြီး ၎င်းသည် သူ့ကိုယ်သူ ထိုဝန်းကျင်နှင့် တစ်သားတည်း ဖြစ်စေခဲ့လေသည်။

သို့သော် ရိုက်ကူးရန် ပြင်ဆင်လိုက်စဉ်မှာပင် အခက်အခဲတွေ့တော့၏။ ကင်မရာများကို အတွင်းသို့ ယူဆောင်ခွင့်မပြုဘဲ ဝင်ပေါက်တွင်သာ တားဆီးခံလိုက်ရလေသည်။

တန်ဝမ်ကျဲ ဘေးမှ ကြည့်နေစဉ် ချွမ်ဟုန်သည် စာအိတ်အနီတစ်အိတ်ကို ထုတ်ကာ လုံခြုံရေးဝန်ထမ်း၏ လက်ထဲသို့ တိတ်တဆိတ် ထည့်ပေးလိုက်သည်ကို မြင်လိုက်ရလေသည်။

“ငါ့လူကတော့ ဟုတ်နေတာပဲ။”

တန်ဝမ်ကျဲ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။

ဒီလို ထိတ်လန့်စရာကောင်းတဲ့ ကမ္ဘာမျိုးမှာ ငွေနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စက ပြဿနာမဟုတ်ဘူး။

သို့သော် လုံခြုံရေးဝန်ထမ်းသည် စာအိတ်ကို မြဲမြဲမကိုင်လိုက်မိဘဲ လေတိုက်သွားခဲ့ရာ စာအိတ်မှာ တန်ဝမ်ကျဲ၏ ခြေထောက်နားသို့ လွင့်စင်လာခဲ့သည်။ သူသည် အလိုအလျောက်ပင် စာအိတ်ကို ခြေထောက်ဖြင့် နင်းထားလိုက်လေသည်။

ထို့နောက် စာအိတ်အနီကို ကောက်ယူရန် ငုံ့လိုက်၏။

“အားကျဲ ဘာလုပ်နေတာလဲ။”

ချွမ်ဟုန်က သူ့ကို လှည့်ကြည့်ကာ အိုကေဟု အချက်ပြလိုက်သည်။

“ပြီးသွားပြီ။”

လုံခြုံရေးဝန်ထမ်းကလည်း တိုးတိုးလေး သတိပေးလိုက်သည်။

“သတိထားနော်။ မင်းတို့ မောင်းထုတ်ခံရရင် ငါလွှတ်လိုက်တာလို့ မပြောနဲ့ဦး။”

“စိတ်ချပါ။”

ချွမ်ဟုန်က သူ့ပုခုံးကို ပုတ်ကာ ပြောလိုက်၏။

တန်ဝမ်ကျဲသည် ပစ္စည်းများကို သယ်ဆောင်ကာ ချွမ်ဟုန်၏ ရှေ့သို့ လျှောက်သွားပြီး စာအိတ်ကို ကမ်းပေးလိုက်သည်။

“ရော့ မင်း ကံကောင်းသားပဲ။”

“ဘာလဲ”

ချွမ်ဟုန်က တန်ဝမ်ကျဲ လက်ထဲက စာအိတ်ကို ကြည့်ကာ စိတ်ရှုပ်ထွေးသွား၏။ ထို့နောက် ပုံကြီးချဲ့ကာ ပြောလိုက်သည်။

“ဝိုး... မင်း ဒီနေ့ ဘယ်လိုခွေးချီးမျိုး နင်းတာလို့လဲ။ ထွက်လာတာနဲ့ စာအိတ်အနီ ကောက်ရတယ်လို့။”

“အေး ငါ စာအိပ်နီတစ်ခု ကောက်လာတာလေ။ ခဏလေး... ဒါ မင်းစာအိတ် မဟုတ်ဘူးလား။”

“ငါ ပေးတာက ငွေစက္ကူလေ။ ငါက သူ့အဖေမှ မဟုတ်တာ။ ဘာလို့ စာအိတ်အနီနဲ့ ပေးရမှာလဲ။”

တန်ဝမ်ကျဲ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့၏။ သူသည် သူ့လက်ထဲရှိပစ္စည်းများကို ချွမ်ဟုန်လက်ထဲ ထိုးထည့်ပေးလိုက်ပြီး စာအိတ်ကို အမြန်ဖွင့်ကြည့်လိုက်လေသည်။

အတွင်းတွင် ငွေမရှိဘဲ ခေါက်ထားသော စက္ကူတစ်ရွက်သာ ရှိလေသည်။

ဖွင့်ကြည့်လိုက်သောအခါ ‘ဝူယင်နှစ်၊ ယီချိုးလ၊ ရှင်းဝေရက်တွင် မွေးဖွားသော ကျူးမေမေ ထံသို့’ ဟု ရေးသားထားခဲ့သည်။ အတွင်းတွင် အမျိုးသမီးတစ်ဦး၏ ခြောက်သွေ့နေသော ဆံပင်တစ်စုနှင့် လက်သည်းခွံတစ်ခု ပါရှိနေပေသည်။

“သေစမ်း...”

တန်ဝမ်ကျဲ၏ ကျောပြင်တစ်ခုလုံး အေးစိမ့်သွားခဲ့၏။

[ဝိညာဉ်နှင့် လက်ထပ်ခြင်း - ကျူးမေမေနှင့် မင်္ဂလာဆောင်ကို အဆုံးသတ်ပါ သို့မဟုတ် သူမက သင့်ကို လက်လွှတ်သွားအောင် လုပ်ပါ။ ဆုလာဘ် - မှော်ဝင်ငွေ ၃၀၀။]

ကံဆိုးတာပဲ။

တန်ဝမ်ကျဲသည် သူ့ပုခုံးပေါ်သို့ အေးစက်သော လက်တစ်ဖက် ရောက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ ကြောင်တောင်တောင်နှင့် လှည့်ကြည့်လိုက်သောအခါ အမျိုးသမီးတစ်ဦး၏ ဘယ်ဘက်လက်တစ်ဖက်က သူ့ပုခုံးအား ဖိထားသည်ကို မြင်လိုက်ရလေသည်။

“သေချင်နေတာလား။”

ထန်းဝမ်ကျဲသည် သူ၏ ညာဘက်လက်ဖြင့် ဓားလက်ချောင်းကိုထုတ်ဖော်ကာ ထိုလက်ဖဝါးဆီသို့ ပြင်းထန်စွာ ထိုးနှက်လိုက်၏။

သူသည် စည်းမရှိ ကမ်းမရှိ လာရောက် ထိတွေ့ခြင်းကို အမုန်းဆုံးပင်။

“အား...မင်း ရူးနေတာလား။”

ချွမ်ဟုန်က သူ၏လက်ဖမိုးကို အုပ်ကိုင်ကာ အော်လိုက်၏။

သူသည် တန်ဝမ်ကျဲ တစ်ယောက် ငေးကြောင်နေသည်ဟု ထင်သဖြင့် ပုခုံးကို ပုတ်လိုက်ခြင်းဖြစ်သော်လည်း တန်ဝမ်ကျဲ၏ လက်ချောင်းဖြင့် ထိုးနှက်ခြင်းကို ခံလိုက်ရလေသည်။

“အားဟုန် မင်းလား။”

“ငါပေါ့ကွ။ အဲ့ဒါက ဒေါ်လာ ၅၀၀ ထဲပါကွာ။ ငါ မင်းဆီက မလုပါဘူး။ ကပ်စေးနဲလိုက်တာ။”

ချွမ်ဟုန်သည် နီမြန်းပြီး ရောင်ကိုင်းသွားသော သူ၏လက်ဖမိုးကို ပွတ်သပ်ရင်း မျက်နှာမှာ ရှုံ့မဲ့နေခဲ့သည်။

“ဒေါ်လာ ၅၀၀လား။”

တန်ဝမ်ကျဲ ပြန်ကြည့်လိုက်သောအခါ မွေးသက္ကရာဇ် ရေးထားသော စက္ကူ၊ ဆံပင်နှင့် လက်သည်းများမှာ ပျောက်ကွယ်သွားပြီး နွမ်းဖတ်နေသော ငွေစက္ကူတစ်ရွက်သာ ကျန်ရှိတော့လေသည်။

“ကျိန်စာမိသွားပြီ။”

မသန့်ရှင်းသော အရာတစ်ခု၏ အနှောင့်အယှက် ခံလိုက်ရပြီးနောက်တွင် သူသည် အစစ်နှင့် အတုကိုပင် မခွဲခြားနိုင်တော့ပေ။ ၎င်းသည် သရဲ၏မျက်လှည့် ပြခြင်းကို ခံလိုက်ရခြင်း ဖြစ်လေသည်။

တန်ဝမ်ကျဲ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်သောအခါ သူဝတ်ထားသော အဝတ်အစားများမှာ သန့်ရှင်းသပ်ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် စိတ်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရတော့လေသည်။

သူ့၏ မွေးရာပါ ပါရမီမှာ အကယ်၍ သူသည် အဝတ်စုတ်များကို မဝတ်ဆင်ထားပါက ကံဆိုးမှုမှာ +၁၀ ပင်။

လျှို့ဝှက်နယ်မြေထဲကို ဝင်လာသည့်အချိန်မှာ အဝတ်အစားသစ်တွေ ဝတ်ထားမိတာကလည်း အကျုံးဝင်နေတာပဲလား။

ဒီတစ်ခါတော့ သူ တကယ်ပဲ ကံဆိုးမှုတွေနဲ့ ရင်ဆိုင်ရတော့မယ် ထင်တယ်။

All Chapters