← Chapters

ထိတ်လန့်စရာရုပ်ရှင်များထဲတွင် အလံထောင်ခြင်းမှာ အထိရောက်ဆုံးဖြစ်သည်

Vol. 2 Ch. 12

ထိတ်လန့်စရာရုပ်ရှင်များထဲတွင် အလံထောင်ခြင်းမှာ အထိရောက်ဆုံးဖြစ်သည်

Vol. 2 Ch. 12

“အားဟုန် ငါ ခဏလောက် အိမ်သာသွားဦးမယ်။ ပစ္စည်းတွေ ခဏကြည့်ထားပေးဦး။”

“မြန်မြန်ပြန်လာနော်။”

တန်ဝမ်ကျဲ ချက်ချင်းထွက်လာခဲ့၏။ သူသည် လူသူကင်းဝေးရာ ထောင့်တစ်ခုသို့ သွားကာ ဦးစွာ သူ၏အဝတ်အစားကို အပေါက်တစ်ခုဖြစ်အောင် ဆွဲဖြဲလိုက်ပြီး သစ်ကိုင်းတစ်ချောင်းဖြင့် မြေပြင်ပေါ်တွင် အင်းကွက်တစ်ခုကို အလျင်အမြန်ဆွဲလိုက်လေသည်။ ထို့နောက် လက်ချောင်းများကို ကျစ်ကျစ်ပါအောင် စုစည်းကာ အင်းကွက်ကို ခေါင်းပေါ်မြှောက်၍ သုံးကြိမ်တိုင်တိုင် အရိုအသေပြုလိုက်သည်။သို့သော်လည်း အရင်ကလို ဝိညာဉ်ရေးရာ ချိတ်ဆက်မိသည့် ခံစားချက်မျိုး ပေါ်မလာခဲ့ပေ။

“ဆက်သွယ်လို့ မရဘူး “

သူသည် အဝတ်စုတ်နှင့် မြေနင်းဂိုဏ်း၏ ဆရာဘိုးဘေးနှင့် ဆက်ဆံရေး တော်တော်လေး ကောင်းမွန်ခဲ့သော်လည်း ယခု ဆက်သွယ်၍မရခြင်းမှာ သူတို့သည် မတူညီသော ကမ္ဘာနှစ်ခုသို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။

တန်ဝမ်ကျဲသည် ချက်ချင်းပင် လက်လျှော့လိုက်ပြီး နောက်ထပ် အားကိုးရာအသစ်တစ်ခုကို ရှာဖွေရန် ဆုံးဖြတ်လိုက်လေသည်။

ထို့နောက် သူသည် ဘိုးဘွားရိပ်သာမှ တိုက်ရိုက်ထွက်လာခဲ့လိုက်၏။ ကားသော့မှာ အားဟုန်ဆီတွင် ရှိနေပြီး သူသည်လည်း ဤကမ္ဘာ၏ မြေပုံကို မကျွမ်းကျင်သဖြင့် ကားမောင်းရန်မှာ အဆင်မပြေလှပေ။ ထို့ကြောင့် လမ်းဘေးတွင် ကားတစ်စီးကို တားစီးလိုက်လေသည်။

“အနီးဆုံး ဘုရားကျောင်းကို မောင်းပေးပါ။”

ဘီး ဘီး

ထိုစဉ် သူ၏ဖုန်းမှ တုန်ခါလာခဲ့သည်။ တန်ဝမ်ကျဲ ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ အဟုန်ထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်နေ၏။

“ဟေး အားကျဲ မင်း ဘယ်ရောက်နေတာလဲ။”

“ငါ လုပ်စရာလေး ရှိလို့ အနီးဆုံး ဘုရားကျောင်းတစ်ခုကို သွားမလို့။”

“ဟမ် အာကျဲ... မင်း နောက်နေတာ မဟုတ်ဘူးမလား။ ငါတို့ သတင်းကြီးကြီးရဖို့ ခက်ခက်ခဲခဲ ခိုးဝင်ပြီး ရိုက်ကူးနေတာလေ။ ခုမှ ဘုရားကျောင်းသွားပြီး ဆုတောင်းမလို့လား။”

“ငါ မကောင်းတာတစ်ခုခုနဲ့ အနှောင့်အယှက် ခံလိုက်ရတယ် ထင်တယ်။”

“သောက်ကျိုးနည်း မင်း ဘာလို့ စောစောက မပြောတာလဲ။”

“ဘာကို စောစောပြောရမှာလဲ။”

“ဒါဆို ငါ မင်းကို ဗီဒီယို ရိုက်ထားလို့ ရတာပေါ့ဟ။”

“...”

“မင်း အခု ဘယ်မှာလဲ။”

“ငါ အခု...”

ထိုစဉ် တန်ဝမ်ကျဲ သူ၏စကားကို ရုတ်တရက် ရပ်တန့်လိုက်၏။

“မင်းက တကယ်ရော အားဟုန်ဟုတ်လို့လား။ ငါ့နေရာကို မင်းကို မပြောနိုင်ဘူး။”

“ဟာ... မင်း ဘာတွေ လျှောက်ပြောနေတာလဲ။”

“ဘုရားကျောင်းရောက်မှ ငါ ဖုန်းပြန်ဆက်လိုက်မယ်။”

၎င်းသည် အခြားအကြောင်းကြောင့် မဟုတ်ဘဲ အမြဲတမ်း သတိဝီရိယရှိတတ်သည့် သူ၏အကျင့်ကြောင့်သာ ဖြစ်သည်။

သို့သော် ဤကမ္ဘာရှိ နတ်ဆိုးများနှင့် ဝိညာဉ်များမှာ ကိုင်တွယ်ရ ခက်ခဲပုံပေါ်၏။ သူတို့သည် နေရောင်ကိုပင် မကြောက်ကြဘဲ နေ့ခင်းကြောင်တောင်မှာပင် သူ့ကို မျက်စိလှည့်စားနိုင်စွမ်း ရှိကြသည်။

တန်ဝမ်ကျဲ ကားပြတင်းပေါက်မှ အပြင်ဘက်ရှိ မြင်ကွင်းများကို ကြည့်ရင်း စိတ်မသက်မသာ ဖြစ်နေမိလေသည်။ ကံကောင်းထောက်မစွာပင် လမ်းတွင် ဘာပြဿနာမှ မတက်ခဲ့ပေ။

ကားခပေးပြီးနောက် တန်ဝမ်ကျဲသည် သူ့ရှေ့ရှိ ဘုရားကျောင်းလေးကို ကြည့်လိုက်၏။

သူ ထင်ထားသည့်အတိုင်းပင် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်လေသည်။

‘စစ်သူကြီး ကျိုးချန်း ဘုရားကျောင်း’

“ဇာတ်ကောင်နေရာမှ သရုပ်ဆောင်ရတာက လွတ်လွတ်လပ်လပ် စူးစမ်းရသလိုမျိုး ထင်ရပေမဲ့ တကယ်တမ်းတော့ ငါ့ရဲ့ လုပ်ဆောင်ချက်တွေက ကန့်သတ်ခံထားရသလိုပဲ။ တစ်ဖြောင့်တည်း သွားနေရသလိုမျိုးပေါ့။”

အကယ်၍ သူ့တွင် ရွေးချယ်ခွင့်သာရှိလျှင် သူသည် ‘ကွမ်းတိ’ ဘုရားကျောင်း သို့မဟုတ် ‘ပုထိုး’ ဘုရားကျောင်းများသို့သာ တိုက်ရိုက်သွားချင်မိ၏။ ၎င်းတို့သည် နာမည်ကြားရုံနှင့်တင် ပို၍ စိတ်ချရသည်ဟု ခံစားရပေသည်။

ဒါပေမဲ့ ရောက်လာမှတော့...

သူသည် ဘုရားကျောင်းထဲသို့ လှမ်းဝင်လိုက်ပြီး နတ်ရုပ်တုကို မော်ကြည့်လိုက်သည်။

ပထမဆုံးအနေဖြင့် သူ၏ စိတ်ရင်းစေတနာကို ပြသရန် ငွေအချို့ ထုတ်ယူလိုက်လေသည်။

အနီးတွင်ရှိနေသော ဆရာကြီးအားချင်းသည် အစပိုင်းတွင် တန်ဝမ်ကျဲကို ဂရုမထားမိသော်လည်း တန်ဝမ်ကျဲက သူ့အိတ်ကပ်ထဲ၌ ရှိသမျှ ငွေအားလုံးကို ပြောင်းပြန်လှန်ထုတ်ကာ အလှူခံပုံးထဲသို့ ထည့်လိုက်သည်ကို မြင်သောအခါမှ အံ့ဩသွားတော့သည်။

“လူငယ်လေး... နတ်မင်းကြီးဆီမှာ အကူအညီ တောင်းစရာတစ်ခုခု ရှိလို့လား။”

အားချင်းသည် သူ၏ သိချင်စိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်မိ၏။

“ဆရာကြီး...ဒီနေ့ ကျုပ်ရဲ့ ကံဇာတာက မကောင်းဘူးဖြစ်နေတယ်။ ကျုပ် အပြင်ထွက်တဲ့အချိန်မှာ မျက်စိလှည့်စားခံရပြီး စာအိတ်အနီတစ်အိတ်ကို ကောက်မိသွားတယ်။”

တန်ဝမ်ကျဲက အမှန်အတိုင်း ပြောပြလိုက်သည်။

“အဲဒီ မကောင်းတဲ့အရာက ကျုပ်နောက်ကို လိုက်နေပြီ ထင်လို့ အကူအညီတောင်းဖို့ ဘုရားကျောင်းကို အမြန်ပြေးလာခဲ့တာပါ။”

“ဟူး... ဒီခေတ်လူငယ်တွေက ဒီလိုကိစ္စမျိုးတွေကို အမြဲတမ်း လုပ်တတ်ကြတာပဲ။”

အားချင်းက သက်ပြင်းချရင်း ခေါင်းခါလိုက်လေသည်။

ဝိညာဉ်နှင့် လက်ထပ်ခြင်းဆိုသည်မှာ ကျေးလက်ယုံကြည်မှုအရ အမျိုးသမီးတစ်ဦးသည် အိမ်ထောင်မပြုမီ သေဆုံးသွားပါက လေလွင့်နေသော ဝိညာဉ်သာ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် သူမ၏ ဝိညာဉ်ကို ဘိုးဘေးစင်တွင် ထားရှိနိုင်ရန်အတွက် အသက်ရှင်နေသော အမျိုးသားတစ်ဦးနှင့် လက်ထပ်ပေးရလေ့ရှိသည်။

ဤသို့ လက်ထပ်ခြင်းတွင် ပုံစံနှစ်မျိုးရှိသည်။

မိမိအလိုအလျောက် လက်ထပ်ခြင်း။

၎င်းမှာ အချို့သော အမျိုးသားများသည် ဇနီးနှစ်ယောက်ရမည့် ကံဇာတာရှိသော်လည်း လက်ရှိဥပဒေအရ ခွင့်မပြုသဖြင့် ထိုကံကြမ္မာကို ကျေအေးစေရန်နှင့် အိမ်ထောင်ရေး သာယာစေရန် ဝိညာဉ်နှင့် လက်ထပ်ကြခြင်းဖြစ်သည်။

အလိုအလျောက်မဟုတ်ဘဲ လက်ထပ်ခြင်းမှာမူ တန်ဝမ်ကျဲ ယခု ကြုံတွေ့ခဲ့ရသည့် ကိစ္စမျိုးဖြစ်သည်။

သေဆုံးသွားသော မိသားစုဝင် အမျိုးသမီးကို အိမ်ထောင်ချပေးချင်ဇောဖြင့် သူမ၏ ဆံပင်နှင့် လက်သည်းများကို စာအိတ်အနီထဲထည့်ကာ ‘ကံပါသူ’ တစ်ဦးဦး ကောက်ယူမိစေရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

သို့သော် တန်ဝမ်ကျဲ၏ အခြေအနေမှာ လူလုပ်သည်ထက် သူ၏ ကံဆိုးမှုကြောင့် မျက်စိလှည့်စားခံရခြင်းနှင့် ပို၍ သက်ဆိုင်နေခဲ့သည်။

“ဒီကမ္ဘာက ငါထင်ထားတာထက် ပိုဆိုးနေတာပဲ။”

တစ်စုံတစ်ယောက်က အခက်တွေ့၍ အကူအညီတောင်းလာသဖြင့် အားချင်းသည်လည်း မပေါ့ဆရဲတော့ပေ။

ဘုရားကျောင်းမှ အားချင်း၏ ဇနီးဖြစ်သူ မဒမ်အားချင်းကလည်း ထွက်လာ၍ ကူညီပေးလေသည်။ သူတို့ ဇနီးမောင်နှံနှစ်ဦးသည် တန်ဝမ်ကျဲကို ဝန်းရံကာ ဂါထာမန္တန်များ ရွတ်ဖတ်ပေးကြတော့၏။

ဤလုပ်ထုံးလုပ်နည်းမှာ တန်ဝမ်ကျဲ၏ မြေနင်းပြီး နတ်ဖိတ်သည့် နည်းလမ်းနှင့် ကွဲပြားပေသည်။

တန်ဝမ်ကျဲ၏ နတ်ဖိတ်နည်းမှာ စစ်ကူတောင်းသကဲ့သို့ ဖြစ်ပြီး နတ်ဘုရားက သူ၏ကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ကာ ကူညီပေးခြင်း ဖြစ်သည်။ အားချင်းတို့မှာမူ နတ်ဘုရား၏ တန်ခိုးစွမ်းအားဖြင့် ကာကွယ်ပေးရန်သာ မျှော်လင့်ခြင်းဖြစ်သည်။

တစ်ဦးက လူရင်းဖြစ်ပြီး အခြားတစ်ဦးမှာမူ လူရင်းမဟုတ်သကဲ့သို့ပင်။

‘ကျိန်စာ’ ရုပ်ရှင်ထဲတွင် အားချင်းနှင့် သူ၏ ဇနီးတို့သည် မဟာအနက်ရောင်ဗုဒ္ဓမယ်တော်ကို တိုက်ခိုက်ရာ၌ ပါဝင်ကူညီခဲ့ကြသည်။ သူတို့သည် လီရူနန်ကို ကလေးငယ်အား ၇ ရက်တိုင်တိုင် အစာမကျွေးရန် မှာကြားခဲ့သော်လည်း လီရူနန်က စိတ်မခိုင်ဘဲ ကလေးကို အစာကျွေးခဲ့မိသည်။

သူမသည် ကလေးကို တကယ်ချစ်၍လော ဒါမှမဟုတ် ဝိညာဉ်ခြောက်လှန့်ခံထားရ၍လော ဆိုသည်က အရေးမကြီးပေ။ အရေးကြီးသည်မှာ သူမ၏ လုပ်ရပ်ကြောင့် အားချင်းတို့ ဇနီးမောင်နှံ၏ အစွမ်းများ ပျက်ပြယ်သွားပြီး သူတို့နှစ်ဦးလုံး သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။

သူတို့နှစ်ဦးစလုံးတွင် အမှန်တကယ်အစွမ်းရှိသော်လည်း ကံကြမ္မာကိုတော့ မကျော်လွှားနိုင်ခဲ့ကြပေ။

တကယ်တမ်းတွင် ဗုဒ္ဓမယ်တော်၏ ကျိန်စာမှ လွတ်မြောက်ရန်မှာ မခက်ခဲလှပေ။ ပထမအချက်မှာ ကျိန်စာပြန့်နှံ့စေသော ဗီဒီယိုကို မကြည့်ရန်နှင့် ဒုတိယအချက်မှာ မှာကြားချက်များကို တိတိကျကျ လိုက်နာရန် ဖြစ်သည်။ အကယ်၍ ၇ ရက် ၇ ညကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့လျှင် သင် သေချာပေါက် အနိုင်ရပေလိမ့်မည်။

“ဒီအဆောင်ကို သေချာဆောင်ထားပါ။”

အားချင်းက အနီရောင်ကြိုးဖြင့် ချည်ထားသော အဆောင်တစ်ခုကို တန်ဝမ်ကျဲအား ပေးလိုက်၏။

“မှတ်ထားပါ ဒါကို ရေနဲ့ မထိစေနဲ့။”

“ရေနဲ့ မထိရဘူးလား။ ဟုတ်ကဲ့ သိပါပြီ။”

တန်ဝမ်ကျဲက ခေါင်းငြိမ့်လိုက်သည်။ ဤသည်မှာ ရိုးရှင်းပါသည်။ သူသည် ဤကမ္ဘာမှ မထွက်မချင်း ရေမချိုးဘဲ နေမည်ဖြစ်ပြီး ရေသောက်လျှင်ပင် ပိုက်ဖြင့်သာ သောက်မည်ဖြစ်သည်။

မဟုတ်သေးဘူး... ဒါက မလုံလောက်သေးဘူး။

တန်ဝမ်ကျဲသည် အဆောင်စာရွက်ကို ယူလိုက်၏။

[နတ်ဘုရား ကောင်းချီးပေးထားသော အဆောင် - မကောင်းသော အရာများ အနားမကပ်နိုင်အောင် ကာကွယ်ပေးနိုင်သည်။]

ဒါက တကယ့်ကို အသုံးဝင်တဲ့ပစ္စည်းပဲ။

“ကျေးဇူးတင်ပါတယ် ဆရာကြီးအားချင်း။” ထ

တန်ဝမ်ကျဲသည် အဆောင်ကို ဝတ်ဆင်လိုက်ပြီးနောက် စိတ်မချသေးသဖြင့် အဒေါ်အားချင်းထံမှ ပလတ်စတစ်အိတ်တစ်အိတ်ကို ငှားကာ အဆောင်ကို သေချာပတ်လိုက်သည်။ ထိုလုပ်ရပ်ကြောင့် အားချင်းတို့ ဇနီးမောင်နှံမှာ ကြောင်ကြည့်နေမိကြလေသည်။

“အားကျဲ”

ခဏတာ စကားပြောပြီးနောက် သူတို့သည် လူငယ်လေး၏ အမည်ကို သိသွားကြပြီဖြစ်သည်။

“ဒီအဆောင်က အရေပြားနဲ့ ထိနေမှ ရမှာ။ အခုလို လုပ်ထားရင် အစွမ်းမပြနိုင်ဘူး။”

“အော်... အဲဒီလိုလား။”

တန်ဝမ်ကျဲ ခေါင်းညိတ်လိုက်ပြီးနောက် အဆောင်ကို အရေပြားနှင့် တိုက်ရိုက်ထိအောင် ထားလိုက်ပြီးမှ မေးလိုက်သည်။

“အဒေါ်အားချင်း... အစားအသောက်တွေ ပတ်တဲ့ ပလတ်စတစ်အလိပ်ရှိလားခင်ဗျ။”

“ဟမ်.. အင်း... ရှိပါတယ်။”

ထို့နောက် သူမသည် ပလတ်စတစ်အလိပ်ကို ယူလာပေးလိုက်၏။

တန်ဝမ်ကျဲသည် ထိုပလတ်စတစ်ဖြင့် အဆောင်ကို သူ၏ကိုယ်တွင် မြဲမြံအောင် ပတ်လိုက်လေသည်။ ဤသို့ဖြင့် အဆောင်မှာ အရေပြားနှင့်လည်း ထိနေမည်ဖြစ်သလို ရေစိုခြင်းမှလည်း ကာကွယ်ပြီးသား ဖြစ်သွားပေလိမ့်မည်။

လက်မောင်းတွင် ပတ်ထားခြင်းက အဆင်ပြေသော်လည်း ရင်ဘတ်တွင် ပတ်ထားပါက လှုပ်ရှားရ ခက်ခဲပေလိမ့်မည်။

အားချင်းနှင့် ဒေါ်အားချင်းမှာမူ သူ၏ လုပ်ရပ်များကို ကြည့်ပြီး ဆွံ့အလျက် ရှိကြသည်။

“ဒါက ထိတ်လန့်စရာ ရုပ်ရှင်တွေ ကြည့်ပြီး ရလာတဲ့ အတွေ့အကြုံတွေပါ။”

တန်ဝမ်ကျဲက ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်၏။

“အကယ်၍ ဘယ်သူမှ ‘ရေမထိစေနဲ့’ လို့ သတိမပေးထားရင် ကိစ္စမရှိဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က သတိပေးလိုက်ပြီဆိုရင် အဲဒီအဆောင်က သေချာပေါက် ရေစိုတော့မှာပဲ။”

ထိတ်လန့်စရာ ရုပ်ရှင်များထဲတွင် အချက်ပေးလက္ခဏာပြခြင်းမှာ အထိရောက်ဆုံး ဖြစ်သည်။

အားချင်းသည် စကားပြောရန် ပြင်လိုက်သော်လည်း ဘာမှ မပြောတော့ပေ။ သူသည် ဤလူငယ်လေးမှာ အလွန်အမင်း သတိကြီးလွန်းသည်ဟုသာ ခံစားလိုက်ရသည်။

ပြီးတော့ ရုပ်ရှင်ထဲက အတွေ့အကြုံတွေကို တကယ်ကြီး အတည်ယူလို့ ရလို့လား။ ဒါက ရုပ်ရှင်မှ မဟုတ်တာ။

သို့သော် မကြာမီမှာပင် သူသည် ဤလူငယ်လေးကို ကောင်းကောင်း နားမလည်သေးကြောင်း သိလိုက်ရလေသည်။

“ဆရာကြီး... ကျုပ် နတ်မင်းကြီးဆီက တန်ခိုးစွမ်းအားကို ခဏလောက် ငှားချင်ပါတယ်။ ဘယ်လို တောင်းခံရမလဲဆိုတာ ပြောပြလို့ရမလား။”

တန်ဝမ်ကျဲက မေးလိုက်သည်။

“တန်ခိုးငှားမလို့လား။”

အားချင်းသည် တန်ဝမ်ကျဲ တစ်ယောက် ဝတ္ထုတွေ ဒါမှမဟုတ် သိုင်းကားတွေ အကြည့်များသွားပြီလားဟု တွေးမိလိုက်၏။

သူကိုယ်တိုင်လည်း ထိုသို့ မလုပ်တတ်ပေ။

သို့သော်လည်း အားချင်းသည် ကံစမ်းသည့် ခွက်နှစ်ခုကို တန်ဝမ်ကျဲအား ပေးလိုက်လေသည်။

“အကယ်၍ နတ်မင်းကြီးက မင်းကို တကယ် ကူညီချင်တယ်ဆိုရင် သူ ခွင့်ပြုပေးပါလိမ့်မယ်။”

“မော်ရှန်းတပည့် တန်ဝမ်ကျဲ ဤနေရာသို့ ရောက်ရှိလာပြီး မကောင်းသော မိစ္ဆာတို့၏ နှောင့်ယှက်ခြင်းကိာ ခံနေရသဖြင့် နတ်မင်းကြီးမှ ကူညီစောင်မပါရန် တောင်းပန်အပ်ပါသည်။”

မော်ရှန်းတပည့်များမှာ စစ်မှန်သော တာအိုတပည့်များ ဖြစ်ကြပြီး တန်ဝမ်ကျဲသည်လည်း နတ်မင်းကြီးသုံးပါးကို ကိုးကွယ်သူ ဖြစ်သည်။ တာအိုဘာသာတွင် ကွမ်းတိသည် မိစ္ဆာနှိမ်နင်းရေး နတ်မင်းကြီးဖြစ်ပြီး ကျိုးချန်းသည် ကွမ်းတိအတွက် ဓားတော်ကို သယ်ဆောင်ပေးသူ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် တစ်ဖက်တည်းသားများ ဖြစ်ကြသည်။

ထို့နောက် သူ ထိုခွက်နှစ်ခုကို ပစ်လိုက်၏။

ရလဒ်မှာ ‘ယန်’ ခွက် ဖြစ်နေခဲ့လေသည်။

၎င်းမှာ နတ်မင်းကြီးသည် ခွင့်ပြုရန် ဝေခွဲမရဖြစ်နေခြင်း သို့မဟုတ် အကြောင်းစုံကို ထပ်မံရှင်းပြရန် လိုအပ်သည်ဟု အဓိပ္ပာယ်ရပေသည်။

တန်ဝမ်ကျဲက သူ၏ အစီအစဉ်ကို ဆက်လက် ရှင်းပြလိုက်၏။ သူသည် ‘ဝိညာဉ်နှင့် လက်ထပ်ခြင်း’ ပြဿနာကိုသာ ဖြေရှင်းချင်သည် မဟုတ်ဘဲ သူ၏ အဓိက ရည်မှန်းချက်မှာ ‘မဟာအနက်ရောင်ဗုဒ္ဓမယ်တော်’ ကို နှိမ်နင်းရန် ဖြစ်သည်။

“ယခုအခါ မိစ္ဆာဂိုဏ်းတစ်ခုက လှုပ်ရှားနေပါတယ်။ ကျွန်တော်မျိုးက သူတို့ရဲ့ ဘုရားကျောင်းနဲ့ ယဇ်ပလ္လင်ကို သွားရောက် ဖျက်ဆီးပါမယ်။ နတ်မင်းကြီးမှ မိစ္ဆာများကို နှိမ်နင်းနိုင်ရန် တန်ခိုးစွမ်းအားများ ငှားရမ်းပေးပါရန် တောင်းဆိုအပ်ပါတယ်။”

All Chapters