← Chapters

ပြိုင်ဘက်က ဦးလေးကျိုးကြီးဟ

Vol. 3 Ch. 26

ပြိုင်ဘက်က ဦးလေးကျိုးကြီးဟ

Vol. 3 Ch. 26

“ဆရာ... ကျုပ်ကိုလည်း သင်ပေး။ ကျုပ်ကိုလည်း သင်ပေးပါ။ ကျုပ်လည်း သင်ချင်တယ်။”

၎င်းကို မြင်သောအခါ ချူရှန်းက အလောတကြီး ပြောလိုက်သည်။ သို့သော် ဦးလေးကျိုးက ပြောလိုက်၏။

“ငါ မင်းကို နေ့တိုင်း‌‌ လေ့ကျင့်ဖို့ ပြောခဲ့သားပဲ။ မင်းသာ သေချာကျင့်ခဲ့ရင် ဒါမျိုးတွေကို တတ်နေတာ ကြာလှပြီ။”

“ဟုတ်လို့လား။”

ချူရှန်းက မယုံချေ။

လက်သီးကျင့်စဉ်များသည် ပျင်းစရာကောင်းလှပြီး တန်ဝမ်ကျဲသည် ယခုလေးတင် သင်ယူလိုက်ခြင်းဖြစ်ပါလျက်နှင့် သူက ဘာလို့ ချက်ချင်း တတ်သွားရသနည်း။ ဆရာက သူ့ကို ပညာအကုန်မသင်ပေးဘဲ ချန်ထားသည်မှာ သေချာသည်။

ဦးလေးကျိုးသည် နှာခေါင်းရှုံ့လိုက်ကာ ချူရှန်းကို ဂရုမစိုက်တော့ဘဲ တန်ဝမ်ကျဲကို “မီးထိန်းချုပ်ခြင်း” အတတ်ကို ဆက်လက် လမ်းညွှန်ပေးလိုက်သည်။ ဤတစ်ကြိမ် သင်ယူပြီးသွားသောအခါ တန်ဝမ်ကျဲပင်လျှင် စိတ်မဝင်စားတော့ပေ။

[လင်းဖုန်းကျောက်၏ စိတ်အားထက်သန်သော လမ်းညွှန်မှုအောက်တွင် သင်သည် ‘မီးထိန်းချုပ်ခြင်း’ ကို သင်ယူခဲ့သည်။ အတွေ့အကြုံရမှတ် +၂။ သင်သည် ‘မီးထိန်းချုပ်ခြင်း’ ကို တတ်မြောက်သွားပါပြီ။]

“မီးထိန်းချုပ်ခြင်း အဆင့် ၁ (၁/၂၀)၊ မန်နာ သုံးစွဲမှု - တစ်စက္ကန့်လျှင် ၅။”

ဤအချိန်ထိ သင်ယူပြီးသောအခါ သူသည် အချို့အချက်များကို ခန့်မှန်းမိလာခဲ့၏။ ဂါထာတစ်ခုသည် ပို၍ ရှားပါးပြီး အဆင့်မြင့်လေလေ အဆင့်တက်ရန် အတွေ့အကြုံ ပို၍လိုအပ်လေလေဖြစ်သည်။ အဆင့်နိမ့်သော ပညာရပ်များမှာမူ အတွေ့အကြုံ နည်းနည်းနှင့် အဆင့်တက်နိုင်ပေသည်။

၎င်းကို ဦးလေးကျိုး၏ သဘောထား၌လည်း တွေ့နိုင်ပေသည်။

ဦးလေးကျိုးသည် “ဓားလက်ချောင်း” နှင့် “လျှပ်စီးလက်ဝါး” ကို အလေးထားခဲ့သော်လည်း မီးထိန်းချုပ်ခြင်းကိုမူ သာမန်ကာလျှံကာသာ သဘောထားခဲ့သည်။

တန်ဝမ်ကျဲသည် ဖယောင်းတိုင်မီးကို သုံး၍ မီးတောက်တစ်ခုကို ပစ်လွှတ်လိုက်ရာ သူ၏ မန်နာအင်အားမှာ တစ်စက္ကန့်အတွင်း ကုန်ခမ်းသွားလေတော့သည်။

နောက်ဆုံးသုံးသပ်ချက်မှာ အစွမ်းသည် သာမန်သာရှိပြီး စွမ်းအင်သုံးစွဲမှုက အလွန်များပြားလွန်းပေသည်။

ချူရှန်းနှင့် ဝမ်ချိုင်တို့သည်လည်း ဘေးမှ လိုက်လုပ်ကြည့်လိုက်ကြ၏။ တန်ဝမ်ကျဲ လက်ကွက်ဖော်ခြင်းပြီး အောင်မြင်သွားသည်ကို မြင်သောအခါ သူတို့လည်း လိုက်လုပ်ကြသော်လည်း ချွေးများပြန်လာရုံသာရှိပြီး ဘာမှ ဖြစ်မလာခဲ့ပေ။

သူတို့ ဇဝေဇဝါ ဖြစ်သွားခဲ့ကြ၏။ တန်ဝမ်ကျဲသည် ရုပ်ချောပြီး ချမ်းသာရုံတင်မကဘဲ သင်ယူနိုင်စွမ်းပါ အရမ်းကောင်းနေရသည်လော။ ကောင်းကင်ဘုံက မတရားလွန်းလှပေသည်။ ချူရှန်းသည်မူ “ရုပ်ချောခြင်း” ဆိုသည့် ဂုဏ်ပုဒ်ကို ဝေမျှယူထားသဖြင့် ခံသာသေးသော်လည်း ဝမ်ချိုင်မှာမူ မတရားမှုကို အော်ဟစ်နေတော့လေသည်။ ထိုအားသာချက်များသည် တစ်ခုမှ သူနှင့် မသက်ဆိုင်ပေ။

ဦးလေးကျိုးသည်လည်း သူ၏ တပည့်များ ပညာသင်ချင်စိတ် ပေါက်လာသည်ကို မြင်သောအခါ သင်ကြားပေးရာတွင် အရှိန်ကို တမင်တကာ လျှော့ချလိုက်ပြီး အားစိုက်၍ သင်ပေးလိုက်၏။ သို့သော် တန်ဝမ်ကျဲကသာ ပို၍ တတ်မြောက်သွားပြီး သူ၏ တပည့်နှစ်ယောက်မှာတော့ မူလအတိုင်းပင် ဖြစ်နေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူ တပည့်အသစ် ပြောင်းချင်စိတ် ပေါက်သွားခဲ့သော်လည်း ကံမကောင်းစွာဖြင့် ပြောင်း၍ မရပေ။

ဦးလေးကျိုးသည် “အလောင်းထိန်းချုပ်ခြင်း” အခန်းကို လုံးဝ ကျော်သွားခဲ့ပြီး ၎င်းကို သင်ပေးရန် စိတ်ကူးမရှိကြောင်း ထင်ရှားလှပေသည်။

“မြေနင်းခြင်း”

ဦးလေးကျိုး၏ အကြည့်မှာ ဤကျင့်စဉ်ပေါ်၌ ရပ်တန့်သွားပြီး သူ၏ မျက်နှာပေးမှာ ပို၍ တည်ကြည်သွားခဲ့သည်။

“ဆရာ... ဒါကိုလည်း သိတာပဲလား။”

“နည်းနည်းတော့ သိတယ်။”

ဦးလေးကျိုးက ဆိုသည်။

ချူရှန်းနှင့် ဝမ်ချိုင်တို့သည်မူ စိတ်မဝင်စားတော့ဘဲ လှည့်ထွက်သွားကြသော်လည်းတထန်ဝမ်ကျဲ တစ်ဦးတည်းသာ အခြားအဓိပ္ပာယ်ကို ကြားလိုက်ရ၏။ “အနည်းငယ် သိသည်” ဆိုသည်မှာ ထိုပညာရပ်တွင် အထွတ်အထိပ် ရောက်နေသည်ဟု ဆိုလိုခြင်းပင်။

ဦးလေးကျိုးက တန်ဝမ်ကျဲကို ကြည့်ကာ ပြောလိုက်သည်။

“ငါ့ရဲ့ ဂိုဏ်းတူညီလေးကလည်း မြေနင်းခြင်းနဲ့ နတ်ပင့်ခြင်းကို သိတယ်။ သူ နောက်ရက်အနည်းငယ်အတွင်း ရောက်လာလိမ့်မယ်။ မင်းတို့ နှစ်ယောက် စကားပြောကြည့်ကြတာပေါ့။”

သူသည် စာအုပ်ကို ပိတ်လိုက်ပြီး ဆက်လက် သင်ကြားရန် စိတ်ကူးမရှိတော့ပေ။

“ကျေးဇူးတင်ပါတယ် ဦးလေးကျိုး။ အနောက်တိုင်းအစားအစာတွေ အဆင်သင့် ဖြစ်နေပြီဆိုတော့ ကျုပ်တို့ အရင်စားကြရအောင်။”

တန်ဝမ်ကျဲကလည်း ဇွတ်အတင်း မတောင်းဆိုပေ။ နောက်တစ်ကြိမ် ရှိဦးမည်ဖြစ်ရာ အလောတကြီး လုပ်ရန် မလိုအပ်ပါချေ။

နှစ်ဦးနှစ်ဖက် ပညာဖလှယ်မှုမှာ မိနစ် ၃၀ ခန့်သာ ကြာမြင့်ခဲ့လေသည်။

တန်ဝမ်ကျဲမှာ စိတ်အခြေအနေ ကောင်းနေခဲ့၏။ ဦးလေးကျိုးသည် ပညာအချို့ကို ရွေးချယ်သင်ကြားပေးခဲ့ခြင်းဖြစ်သော်လည်း တစ်ဦးတစ်ယောက်က အမှားပြင်ပေးပြီး လမ်းမှန်ပြပေးခြင်းက သူ၏ အနာဂတ်ကျင့်ကြံမှုများတွင် အပင်ပန်းသက်သာစေပြီး အကျိုးကျေးဇူး များစေမည်ဖြစ်သည်။

အချိန်ကိုတွက်ကြည့်လျှင် နျန်ယင်းတို့လည်း ပြန်လာပေတော့မည်။

မှန်ပါသည်။ နျန်ယင်းနှင့် ထင်ထင်တို့သည် ပစ္စည်းအိတ်များကိုယ်စီ ကိုင်ဆောင်လျက် လက်ချင်းချိတ်ကာ ပြန်ရောက်လာခဲ့ကြသည်။

ထယတန်ဝမ်ကျဲမှာ အမြဲတမ်း စေ့စပ်သူဖြစ်၏။ ဦးလေးကျိုးက သူ၏ “အချစ်ဦး” အကြောင်း သတင်းကို လိုချင်နေပြီး ၎င်းတို့ ပြန်ရောက်လာသည့် အချိန်မှာလည်း ကွက်တိပင် ဖြစ်သည်။

ညစာစားပွဲရှိ စကားဝိုင်းမှာ အလွန် သာယာချိုမြိန်လှပြီး ပျော်ရွှင်စရာ ကောင်းလှသည်။

နျန်ယင်း၏ ကလေးဆန်သော စိတ်နေစိတ်ထားကြောင့် ဦးလေးကျိုး မေးသမျှကို သူမက အကုန်ပြန်ဖြေပေးခဲ့၏။

သူ၏ “အချစ်ဦး” အကြောင်းများကို နားထောင်ရင်း ဦးလေးကျိုး၏ မျက်ဝန်းများမှာ စိုစွတ်လာပြီး သက်ပြင်းကိုသာ အကြိမ်ကြိမ် ချနေမိတော့လေသည်။

ချးရှန်းနှင့် ဝမ်ချိုင်တို့သည်မူ အစားအသောက်ထဲ ခေါင်းစိုက်နေကြသော်လည်း သူတို့၏ နားများကိုတော့ အစွမ်းကုန် စွင့်ထားကြ၏။

အရသာရှိသော အစားအစာနှင့် စိတ်ဝင်စားစရာ အတင်းအဖျင်းသတင်း... ဒါဟာ နှစ်ထပ်ကွမ်း ခံစားမှုပင်။

ထမင်းမြိန်လိုက်တာ။

ညစာစားပြီးနောက် ဦးလေးကျိုးနှင့် တပည့်နှစ်ယောက်မှာ နှုတ်ဆက်ကာ ပြန်သွားခဲ့ကြသည်။ တန်ဝမ်ကျဲက လိုက်လံ ပို့ဆောင်ပေးခဲ့ရာ ဦးလေးကျိုးက ခေါင်းငြိမ့်ပြလိုက်ပြီး သူသိချင်သည်များရှိပါက ရင်ခွဲရုံသို့ အချိန်မရွေး လာရောက် မေးမြန်းနိုင်ကြောင်း ပြောခဲ့လိုက်၏။

“ဝမ်ကျဲ... မနက်ဖြန်က ကျွန်မအဖိုးရဲ့ သင်္ချိုင်းပြောင်းရွှေ့မယ့်ရက်ဆိုတော့ ကျွန်မ ဒီကို လာနိုင်မှာ မဟုတ်ဘူး။”

ထင်ထင်က ခေါင်းငုံ့ကာ ပြောလိုက်သည်။

“ဒါဆို သဘက်ခါမှ တွေ့တာပေါ့။”

“အဲဒါကို ပြောတာ မဟုတ်ဘူးလေ။”

ထင်ထင် သက်ပြင်းချလိုက်မိ၏။

ဒီလူက ဘာလို့ သစ်သားတုံးလို ဒီလောက်အထိ တုံးအပြီး ခေါင်းမာနေရတာလဲ။

“မနက်ဖြန် မတွေ့ရရင် သဘက်ခါတော့ တွေ့ရမှာပေါ့။”

တန်ဝမ်ကျဲက သဘာဝကျကျ ပြန်ပြောလိုက်သည်။ ဝမ်ကျဲက သဘာဝကျကျ ပြန်ပြောလိုက်သည်။

“မင်းက ငါ့ကို လိုက်ခဲ့ဖို့ ဖိတ်နေတာလား။”

နင့်အဖိုးက သင်္ချိုင်းပြောင်းတာလေ။ မယားငယ်ယူတာမှ မဟုတ်တာဟ။ လူတိုင်း လိုက်ကြည့်ရအောင် ပျော်စရာ မဟုတ်ဘူးလေ။

“ကျွန်မ သွားပြီ။”

ထင်ထင်သည် လှည့်ထွက်သွားလိုက်သော်လည်း အနောက်မှ အသံတစ်သံမျှ မကြားရသဖြင့် သူမက ထပ်ပြောလိုက်သည်။

“ကျွန်မ တကယ် သွားပြီနော်။”

နျန်ယင်း : ဟေး... ဟေး... ငါလည်း ဒီမှာ ရှိနေပါသေးတယ်ဟဲ့။

တန်ဝမ်ကျဲသည် မိန်းကလေးများကို ချော့မြူတတ်သူ မဟုတ်သဖြင့် “သဘက်ခါ မနက်ကျရင် မင်းကို မနက်ခင်း လက်ဖက်ရည်လိုက်တိုက်မယ်။” ဟု လွယ်လွယ်ပင် ပြောလိုက်ရာ ထင်ထင်သည် ပြုံးရွှင်စွာဖြင့် ထွက်ခွာသွားတော့လေသည်။

သူမ၏ မျက်နှာပေးကို ကြည့်ပြီး တန်ဝမ်ကျဲက စိတ်ထဲမှ ညည်းတွားမိလိုက်၏။ သူ မှားသွားချေပြီ။ သူမကို သူ့နောက်ကို လိုက်ဖို့ အခွင့်အရေးတစ်ခု ထပ်မံပေးလိုက်မိပြန်ပြီ။

သူ၏ စိတ်မှာတော့ ဦးလေးကျိုးဆီတွင်သာ ရှိနေခဲ့ခြင်းဖြစ်သည်။

မိန်းကလေးတွေက ဘာကောင်းလို့လဲ။ မိန်းကလေးတွေက သူ့ကို ဂါထာတွေ သင်ပေးမှာလား။ သူတို့က အချိန် ဖြုန်းရောသက်သက်ပဲ...။

[သင်၏ ကြိုးစားအားထုတ်မှုကြောင့် သင်၏ ‘မော်ရှန်း ကျန်းမာရေး လက်သီးကျင့်စဉ်’ မှာ ထိုးထွင်းသိမြင်မှု ရရှိသွားပြီး လက်ရှိ အဆင့် ၂ သို့ ရောက်ရှိသွားပါပြီ။]

[စွမ်းရည် - မော်ရှန်း ကျန်းမာရေး လက်သီးကျင့်စဉ် အဆင့် ၂ (၁/၉၀)၊ အမြင့်ဆုံး မန်နာ +၄၊ အမြင့်ဆုံး ခွန်အား +၁]

တန်ဝမ်ကျဲ၏ သင်ယူမှုအရှိန်မှာ ပို၍ မြန်ဆန်လာပြီး အတွေ့အကြုံများမှာလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ တိုးတက်မှုမှာ မျှော်လင့်ထားသည်ထက်ပင် ပိုမြန်နေခဲ့ပြီး ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ် ပြောင်းလဲသွားသည်ကို သူ ခံစားလိုက်ရလေသည်။

သူ့သည် တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး ခြေလက်များမှာလည်း ပို၍ သွက်လက်လာခဲ့သည်။ အသိသာဆုံးမှာ သူ၏ အသက်ရှူနှုန်းမှာ ပို၍ ရှည်လျားနက်ရှိုင်းလာပြီး နှလုံးခုန်နှုန်းပင် အနည်းငယ် နှေးကွေးသွားခဲ့သည်။

နံရံတက်ခြင်း၊ ခေါင်မိုးပေါ်တက်ခြင်းများက အခုတော့ သူ့အတွက် ဘာမှ မဟုတ်တော့ပေ။ အိမ်တော်အတွင်းက မိန်းကလေးများတော့ ဒုက္ခရောက်ကုန်ကြတော့မည်။

ဒါပေမဲ့ စိတ်မပူပါနဲ့။ ဒီတန်ဝမ်ကျဲက လူကြီးလူကောင်းတစ်ယောက်ပါ။ အမြဲတမ်း ရှေ့ပေါက်ကပဲ ဝင်တယ်။

“ဝမ်ကျဲ... ကျွန်မ ကြားထားတာတော့ ထင်ထင်ရဲ့ အဖိုး ခေါင်းတလားကို တူးဖော်တော့ အနှစ်နှစ်ဆယ် ကြာနေပြီဖြစ်တဲ့ အလောင်းက အခုထိ မပုပ်သေးဘူးတဲ့။”

နျန်ယင်းက ခုန်ပေါက်ရင်း ပြေးလာကာ ပြောလာခဲ့သည်။

တန်ဝမ်ကျဲမှာ ခြံထဲ၌ လက်သီးကျင့်နေခြင်းဖြစ်သည်။ ပြိုင်ဘက်ဟု ခေါ်ဆိုနိုင်သော ထင်ထင်မှာ အဖိုးသင်္ချိုင်းပြောင်းသည့် ကိစ္စနှင့် အလုပ်များနေသဖြင့် နျန်ယင်းသည် ပျင်းရိကာ အပြင်သို့ တစ်ယောက်တည်း ထွက်လည်ခဲ့လေသည်။ ရန်ကျားမြို့မှာ စည်ကားလှသော်လည်း ပြည်နယ်မြို့တော်နှင့်စာလျှင် အများကြီး ကွာခြားလှပေသည်။ လမ်းလျှောက်ရသည်မှာ ပျင်းစရာကောင်းသော်လည်း ထူးဆန်းသော သတင်းကို ကြားလိုက်ရသဖြင့် သူမ အပြေးပြန်လာခဲ့ခြင်း ဖြစ်သည်။

“ဟုတ်လို့လား။”

တန်ဝမ်ကျဲက လက်ကို မြှောက်ပြီး သူမ၏ နဖူးကို အသာအယာ တောက်လိုက်၏။

“အို့... နာတယ်လို့...ဘာလုပ်တာလဲ။”

နျန်ယင်းသည် သူမ၏ နဖူးကို ပွတ်နေသော်လည်း မျက်နှာမှာမူ ပြုံးရွှင်နေ၏။ ဝမ်ကျဲ ကျင့်စဉ် လေ့ကျင့်နေသည်ကို ကြည့်ရသည်မှာ ပျင်းစရာကောင်းသော်လည်း ဝမ်ကျဲက သူမကို လာ၍စနောက်သောအခါ သူမ အလွန် ပျော်သွားခဲ့သည်။

“ငါ ရင်ခွဲရုံကို သွားမလို့။”

တန်ဝမ်ကျဲက ထိုသို့ဆိုကာ လက်ဆေးပြီး သူ၏အင်္ကျီကို ကောက်ယူလိုက်သည်။

သူ၏ ခန္ဓာကိုယ်မှာ ပို၍ သန်မာလာပြီဖြစ်သည်။ ကျင့်စဉ် လေ့ကျင့်ပြီးနောက် မောပန်းမည့်အစား စိတ်ဓာတ်မှာ ပို၍ပင် လန်းဆန်းလာခဲ့သည်။

“ဦးလေးကျိုးကို သွားရှာမလို့လား။”

နျန်ယင်းက မေးလိုက်သည်။

သူနှင့် အတူကြာကြာ နေသူများမှာ သူ၏ အဖြေကို ခန့်မှန်းရာတွင် အလွန်တော်လာကြလိမ့်မည်ဟု တန်ဝမ်ကျဲ အမှန်တကယ် မထင်ထားခဲ့ပေ။

သူက ခေါင်းခါပြလိုက်၏။

“ထင်ထင်ရဲ့ အဖိုးကို သွားရှာမလို့။ မင်းရော လိုက်ဦးမလား။”

“မလိုက်ပါဘူး။ ကျွန်မ ဒီည ရန်အိမ်တော်ကို သွားပြီး ထင်ထင်နဲ့ အတူအိပ်မလို့။”

နျန်ယင်းက နှုတ်ခမ်းစူလိုက်သည်။ သူ ထပ်လိမ်နေပြန်ပြီဟု သူမ စိတ်ထဲမှ တွေးလိုက်၏။

ထင်ထင်ရဲ့အဖိုး သေတာ အနှစ်နှစ်ဆယ် ရှိနေပြီလေ။

ထင်ထင်နှင့် ကျူးကျူးတို့က ဝမ်ကျဲအတွက် ပြိုင်ဆိုင်နေကြစဉ် သူမအစ်မ၏ ရည်းစားဟောင်းကြီး (ဦးလေးကျိုး) က ဘယ်ကနေ ဘယ်လို ပေါ်လာမှန်းမသိဘဲ ထင်ထင်တို့ ဆယ်ယောက်ပေါင်းတာထက်ပင် ပို၍ ခြိမ်းခြောက်မှုကြီး ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

အားနည်းသူတွေက စည်းလုံးရမည်။ ဒီည သူမ ထင်ထင်နှင့် တိုင်ပင်ပြီး နည်းဗျူဟာတစ်ခု ချမှတ်ရပေမည်။

အစစ်အမှန်ပြိုင်ဘက်က ဦးလေးကျိုးသာ ဖြစ်ပေသည်။

“ထင်ထင်ကို ဒီကိုပဲ လာနားခိုင်းလိုက်ပါ။”

တန်ဝမ်ကျဲက ဆိုသည်။ ဝမ်ကျဲက ဆိုသည်။

“မင်းရဲ့အစ်မ မင်းကို ကာကွယ်ဖို့ လွှတ်ထားတဲ့ စစ်သားတွေက ရန်အိမ်တော်ထဲကို ဝင်လို့ရမှာ မဟုတ်ဘူး။”

မိမိကိုယ်ကိုယ် ဗန်းတင်ပြီး လာပို့သည့်သူမျိုး သူ တစ်ခါမှ မမြင်ဖူးသေးပေ။ ရန်အိမ်တော်က အခုအချိန်မှာ ကျားရဲတွင်း ဖြစ်နေသည်မဟုတ်ပါလော။

ရန်ထင်ထင်ကို သေနတ်ကိုင် စစ်သားများ၏ အကာအကွယ်အောက်တွင် ထားခြင်းက ပို၍ ဘေးကင်းပေလိမ့်မည်။

“အခုပဲ သွားလိုက်မယ်။”

ထွက်ခွာသွားသော နျန်ယင်း၏ ကျောပြင်ကို ကြည့်ရင်း တန်ဝမ်ကျဲ ခေါင်းခါလိုက်မိ၏။ သူ ထင်ထင်၏အဖိုးကို သွားရှာမည်ဆိုသည်မှာ တကယ်ပင် ဖြစ်သည်။

“မိန်းကလေးတွေက သံသယ အရမ်းများတာပဲ။ အမှန်တရားကိုတောင် မယုံကြဘူး။”

ညကြီးသန်းခေါင် ဦးလေးကျိုးဆီ သွားနေစရာ မလိုချေ။

နေ့ခင်းဘက်မှာ အတူတူ စားသောက်ရင်း စကားပြောတာက ပိုမကောင်းဘူးလား။

ထို့နောက် သူ အခန်းထဲ ပြန်ဝင်ကာ အဝတ်အစားလဲပြီး ကွယ်လွန်သူ ဆရာကြီးချန်၏ ပစ္စည်းများဖြစ်သော ပါးကွမှန်နှင့် မက်မွန်သစ်သားဓားတို့ကို ယူဆောင်လိုက်သည်။ ထို့နောက် လက်ဖက်ရည်ဆိုင်သို့ သွားကာ ကြိုတင်မှာယူထားသော စားသောက်ဖွယ်ရာ သေတ္တာကို ယူလိုက်သည်။

လက်သမားများက ဆိုင်ကို စတင် ပြုပြင်နေကြပြီး စားပွဲပေါ်တွင် သံအချို့ တင်နေသည်ကို မြင်လိုက်ရသဖြင့် တန်ဝမ်ကျဲက သံနှစ်ချောင်းကို အမှတ်မထင် ကောက်ယူလိုက်၏။ ထို့နောက် လက်တစ်ဖက်က စက်ဘီးလက်ကိုင်ကို ကိုင်ကာ ကျန်လက်တစ်ဖက်က အစားအသောက် သေတ္တာကို ကိုင်လျက် ရင်ခွဲရုံဆီသို့ ဦးတည်ကာ ထွက်ခွာလာခဲ့သည်။

သူ ဒီည အတော်လေး အလုပ်များပေတော့မည်။

All Chapters