← Chapters

အခန်း (၈၂)

Vol. 9 Ch. 82

အခန်း (၈၂)

Vol. 9 Ch. 82

" ငါကြားတာကတော့ မင်းက ဟန်နိုင်ငံရဲ့ ဘဏ္ဍာတိုက်တစ်ခုလုံးကို ပြည်ပကို ရွှေ့ပြောင်းခဲ့တယ်။ ပြီးတော့ မင်းရဲ့ မှူးမတ်တွေနဲ့ သူတို့ရဲ့ သားသမီးတွေကိုလည်း ပြည်ပကို ပို့ခဲ့တယ်ဆို။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

" မင်းက အခုထိ နာကျည်းချက်တွေကို ဆုပ်ကိုင်ထားပြီး ငါတို့ ချင်နိုင်ငံရဲ့ ရန်သူအဖြစ် ဆက်ရှိနေချင်ပုံရတယ်။ "

ဟန်အန်းက ဦးရေပြားများ ံုကျဉ်သွားပြီး နဖူးမှ ချွေးအေးများ စီးကျလာသည်။ " ကျွန်တော် ကျွန်တော်မျိုး...."

သူက အလွန်ထိတ်လန့်နေ​ပြီး စကားတောင်ကောင်းကောင်း မပြောနိုင်တော့ပေ။ ၎င်းကို မြင်သောအခါ ချင်ဘုရင်များက လှောင်ပြောလိုသော အမူအရာများဖြင့် အေးစက်စွာ စိုက်ကြည့်နေကြသည်။

" ဒါက ဟန်ဘုရင်ပဲ။ သူက ငါတို့အရှင်မင်းကြီးနဲ့ နှိုင်းယှဉ်ဖို့တောင် မထိုက်တန်ဘူး။ " အရာရှိများက တွေးလိုက်ကြသည်။

သို့သော် လူတစ်ယောက်ကတော့ မကြည့်ရက်သဖြင့် မျက်နှာလွှဲထားသည်။ သူက ကျန်းကောပင် ဖြစ်၏။ ဟန်နိုင်ငံသားဟောင်းတစ်ယောက်အနေဖြင့် သူ၏ ဘုရင်ဟောင်း ထိုမျှအထိ အရှက်တကွဲ ဖြစ်နေသည်ကို မကြည့်ရက်ပေ။

" စိတ်အေးအေးထားပါ။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။ " ငါမင်းကို မသတ်ပါဘူး။ "

" မင်းလို သေမှာကြောက်တဲ့လူတစ်ယောက်ကို သတ်ရတာ ငါ့အတွက် ဘာအောင်မြင်မှုမှ ခံစားရမှာမဟုတ်ဘူး။ "

" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး ကျေးဇူးတင်ပါတယ်။ " ဟန်အန်းက စိတ်သက်သာရာ ရသွားပြီး ထပ်တလဲလဲ ပြောနေသည်။

" ဒါပေမယ့်..." ရင်ကျန့်၏ အသံက ထွက်အော်ပေါ်လာသည်။

" တကယ်လို့ မင်းရဲ့ အမတ်ဟောင်းတွေက ငါတို့ချင်ကို ပုန်ကန်ဖို့ ကြိုးစားရင် မင်းက ပထမဆုံး အသတ်ခံရမယ့်သူ ဖြစ်လာလိမ့်မယ်။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

ဟန်အန်း၏ အမူအရာက အေးခဲသွားသည်။ သူက စကားပြောချင်သော်လည်း ဘာပြောရမှန်းမသိဖြစ်နေသည်။ သူက ဘုရင်တစ်ပါးဖြစ်ခဲ့သော်လည်း သူ၏ မှူးမတ်များက သူတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးခဲ့ကြသူများဖြစ်ကြသည်။

" အစောင့်တွေ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။

နန်းတော်စောင့် စစ်သည်တစ်စုက ချက်ချင်း ပြေးဝင်လာကြသည်။

" ဟန်ဘုရင်ကို အကျဉ်းထောင်ထဲ ထည့်ထားလိုက်။ သူ့ကို သေချာစောင့်ရှောက်ထား။ ငါ့အမိန့်မရှိဘဲ သူ သေခွင့်မရှိဘူး။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။

စစ်သည်များက ဟန်ဘုရင်ကို ခေါ်ပြီး ထွက်သွားကြသည်။ ထိုအချိန်တွင် ဟန်ဘုရင်က ဘာမှမပြောရဲတော့ဘဲ ရင်ကျန့်က စိတ်ပြောင်းသွားပြီး သူ့ကို ထိုနေရာတွင် သတ်ပစ်လိုက်မည်ကို စိုးရိမ်နေပုံရသည်။

ရင်ကျန့်က ဝမ်ကျန့်ကို ကြည့်ပြီး လှေကားထစ်များအတိုင်း ဖြည်းညင်းစွာ ဆင်းလာခဲ့သည်။ ၎င်းကို မြင်သောအခါ နန်းတွင်းအရာရှိများ၏ အမူအရာများက ပြောင်းလဲသွားသည်။

" အရှင်မင်းကြီး ဒီလိုမလုပ်သင့်ပါဘူး။ " ဝမ်ကျန့်က ချက်ချင်း အော်ဟစ်လိုက်သည်။

ဘုရင်တစ်ပါးက သူ၏ လက်အောက်ငယ်သားကို ကြိုဆိုရန် လှေကားထစ်များမှ ဆင်းလာခြင်းက ကြီးမားသော ဂုဏ်ပြုမှုနှင့် မျက်နှာသာပေးမှုပင် ဖြစ်သည်။

သဘာဝအတိုင်း ဝမ်ကျန့်က ထိတ်လန့်သွားသော်လည်း ရင်ကျန့်က သူ့ကို ဂရုမစိုက်ပေ။ အရာရှိအားလုံး၏ အကြည့်များအောက်တွင် သူက လှေကားမှ ဆင်းလာပြီး ဝမ်ကျန့်၏ ရှေ့သို့ ရောက်လာပြီးနောက် သူ၏ လက်ကို ဆွဲကိုင်ကာ အပေါ်သို့ မြှောက်လိုက်သည်။

" အရင်တုန်းက လောက်အိုင်က ပုန်ကန်ခဲ့တယ်။ စစ်တပ်က ရှန်းယန်ကို တိုက်ခိုက်ပြီး နန်းတော် ကျရှုံးခဲ့တယ်။ ငါကတော့ အကူအညီမပေးနိုင်ဘဲ ယုံမြို့မှာ ရှိနေခဲ့တယ်။ အဲ့ဒီအချိန်မှာ စစ်သေနာပတိချုပ် ဝမ်ကျန့်က အဓိကဖြစ်လာခဲ့တယ်။ ငါ့ကို ကယ်ထုတ်ဖို့နဲ့ ချင်ကို ကာကွယ်ဖို့အတွက် စစ်သည်တစ်သိန်းကို ဦးဆောင်ပြီး နေ့ညမနားချီတက်ခဲ့တယ်။ ယုံမြို့က သူပုန်တွေကို ချေမှုန်းပြီး ငါတို့ ချင်နိုင်ငံကို ကယ်တင်ခဲ့တယ်။ "

" အခုလည်း စစ်သေနာပတိချုပ်က ဟန်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ စစ်တပ်ကို ဦးဆောင်ခဲ့တယ်။ ဝမ်ကျန့်ရှိနေသရွေ့ ချင်အတွက် စိုးရိမ်စရာမရှိဘူး။ " ရင်ကျန့်က ဝမ်ကျန့်အပေါ် ထားရှိသော လေးစားမှုကို ဖော်ပြပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

" ကျွန်တော်မျိုးက ချင်ရဲ့ အမတ်တစ်ယောက်ပါ။ အရှင်မင်းကြီးကို အမှုထမ်းဖို့က ကျွန်တော်မျိုးရဲ့ တာဝန်ပါ။ " ဝမ်ကျန့်က ပြောလိုက်သည်။

" စစ်သေနာပတိချုပ် ဝမ်ကျန့်က အမတ်အားလုံးအတွက် စံပြပုဂ္ဂိုလ်ပဲ။ " ရင်ကျန့်က ရယ်မောလိုက်သည်။ " ငါ သူ့ကို အပြည့်အဝ ယုံကြည်ထားတယ်။ "

ထို့နောက် ဝမ်ကျန့်၏ လက်ကိုကိုင်ကာ လှေကားအတိုင်း တက်သွားခဲ့သည်။ ထိပ်သို့ ရောက်သောအခါ ရင်ကျန့်က အားလုံးကို ကြည့်လိုက်သည်။

" စစ်သေနာပတိချုပ်က ဟန်ကို သိမ်းပိုက်ရာမှာ ကြီးမားတဲ့ စွမ်းဆောင်မှုကို ပြုခဲ့တယ်။ " ရင်ကျန့်က ကြေညာလိုက်သည်။

" သူ့ရဲ့ ဘွဲ့ထူးကို တစ်ဆင့်တိုးမြှင့်ပေးလိုက်မယ်။ ပြီးတော့ မြေဧကတစ်ထောင်၊ အမျိုးသမီးတစ်ရာ၊ အစေခံ တစ်ထောင်၊ ရွှေစတစ်ထောင်၊ ဒင်္ဂါးတစ်သိန်း၊ ကျောက်စိမ်းဓားတစ်ရာ၊ လေးနဲ့မြှားတွေ လှံရှည်တွေ ချီးမြှင့်လိုက်တယ်။ "

ဤတစ်ကြိမ်တွင် ရင်ကျန့်က ဝမ်ကျန့်ကို လက်အောက်ငယ်သားတစ်ယောက် ရရှိနိုင်သော အမြင့်ဆုံးဆုလာဘ်များကို ချီးမြှင့်ပေးခဲ့သည်။

" အရှင်မင်းကြီးရဲ့ ဆုလာဘ်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး အလွန်ပဲ ဝမ်းသာမိပါတယ်။ " ဝမ်ကျန့်က နှိမ့်ချစွာ ပြောလိုက်သည်။

သူက နန်းတွင်း၏ အခြေအနေများကို ကောင်းစွာ နားလည်ထားသည်။ ထူးချွန်လွန်းနေခြင်းကလည်း သေချာပေါက် ကောင်းသောအရာမဟုတ်ပေ။ ယခုအချိန်တွင် ဂုဏ်ပြုမှုများ ပိုမိုများပြားနေခြင်းက သူ့ကို မသက်မသာဖြစ်စေလေသည်။

" ငါ ကျောက်ဖုန်းကိစ္စကို လုံးဝ လျစ်လျူရှုလို့မရဘူး။ တကယ်လို့ ငါသာ စေ့စပ်ဖို့ အတင်းအကျပ် ခိုင်းစေခံရရင်တော့ ဒုက္ခပါပဲ။ "

" အရှင်မင်းကြီး " ဝမ်ဝမ်က ရှေ့သို့ ထွက်၍ ပြုံးပြီး ပြောလိုက်သည်။ " စစ်သေနာပတိချုပ်က အောင်ပွဲနဲ့ ပြန်လာတဲ့ အချိန်မှာ ဆုလာဘ်တွေအပြင် အရှင်မင်းကြီး အရင်က မိန့်ကြားခဲ့တဲ့ မင်းသမီးလျိုယန်ရဲ့ လက်ထပ်ပွဲကို အပြီးသတ်ဖို့ အချိန်ကျပြီထင်ပါတယ်။ "

အိမ်ရှေ့စံမင်းသား ဖုစုကို ထောက်ခံသူတစ်ယောက်အနေဖြင့် ဝမ်ဝမ်၏ အစီအစဉ်မှာ ဝမ်ပင်းနှင့် မင်းသမီးလျိုယန်တို့၏ လက်ထပ်ပွဲကို အသုံးချပြီး ဝမ်ကျန့်၏ သမီးနှင့် ဖုစုတို့၏ လက်ထပ်ပွဲကို တင်ပြရန်ဖြစ်သည်။

သူက မင်းသားများထဲတွင် အကြီးဆုံးဖြစ်ပြီး သဘာဝအလျောက် ဆက်ခံသူဖြစ်ရုံသာမက သူ၏ ဘက်တွင် စစ်သေနာပတိချုပ်တစ်ယောက်လည်း ရှိနေမည်ဖြစ်သည်။ ၎င်းက ဖုစုအတွက် အလွန်ကြီးမားသော အကျိုးကျေးဇူးတစ်ခု ဖြစ်ပေလိမ့်မည်။

ရင်ကျန့်က ထိုအချက်ကို သတိထားနေခဲ့သော်လည်း ကောလဟာလများ ပျံ့နှံ့လာချိန်တွင် သူက ဘာမှဝင်မပြောဘဲ နှုတ်ဆိတ်နေခဲ့သောကြောင့် သဘောတူညီမှုကို ပြသနေသည်။

" ဝန်ကြီးချုပ်ရဲ့ စကားတွေက တကယ်ထက်မြက်ပါတယ်။ " ရင်ကျန့်က ပြုံးလိုက်သည်။ "လျိုယန်က ငါ့ရဲ့ ဒုတိယသမီးဖြစ်သလို ငါအချစ်ဆုံး သမီးလည်း ဖြစ်တယ်။ ဝမ်ပင်းက ချင်ရဲ့ ရဲရင့်တဲ့ စသ်သူကြီးတစ်ယောက်ပဲ။ သူတို့က တကယ်နတ်ဖက်တဲ့ စုံတွဲပဲ။ "

မင်းသမီးလျိုယန်ကို ဝမ်ပင်းနှင့် လက်ဆက်ပေးခြင်းက သူယခင်က ပြောဖူးသည့်ကိစ္စဖြစ်ပြီး ယခုအချိန်တွင် သူ၏ စကားကို ဖြည့်ဆည်းပေးရုံသာဖြစ်သည်။

" အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားလှပါတယ်။ " ဝမ်ဝမ်က ကျယ်လောင်စွာ ပြောလိုက်သည်။

" မင်းသမီးလျိုယန်က ဒီနှစ်ဆို ၁၃နှစ် ရှိပါပြီ။ နောက်တစ်နှစ်ဆို မင်္ဂလာရက် သတ်မှတ်နိုင်ပါပြီ။ ဒါက ချင်အတွက် ပိုပြီး ပျော်စရာတွေဖြစ်လာမှာပါ။ "

" အရှင်မင်းကြီး " နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။ " မင်းသမီးလျိုယန်နဲ့ စစ်သူကြီးဝမ်ပင်းတို့ရဲ့ စေ့စပ်ပွဲက ပျော်ရွှင်စရာကိစ္စပါ။ ဒါပေမယ့် ကျွန်တော်မျိုးမှာ နောက်ထပ် ဝမ်းသာစရာ သတင်းတစ်ခု တင်ပြစရာရှိပါသေးတယ်။ " ထိုအချိန်တွင် ဟွိုက်ကျွမ်းက ပြုံး၍ ရှေ့သို့ ထွက်လာသည်။

" ဝန်ကြီးဟွိုက်မှာ ဘယ်လိုဝမ်းသာစရာသတင်းရှိလို့လဲ။ " ရင်ကျန့်က ဝမ်ကျန့်ပြန်လာမှုကြောင့် စိတ်အားတက်ကြွနေသည်။

" စစ်သေနာပတိချုပ်ဝမ်ကျန့်မှာ အရွယ်ရောက်ခါစ သမီးလေးတစ်ယောက်ရှိပါတယ်။ အိမ်ရှေ့စံမင်းသားဖုစုနဲ့လည်း အသက်တူပါတယ်။ " ဟွိုက်ကျွမ်းက ပြောလိုက်သည်။

" ဒါကြောင့် ဝမ်းသာစရာကိစ္စတွေကို ထပ်ဆင့်တိုးလိုက်ဖို့ အပြံပြုချင်ပါတယ်။ အရှင်မင်းကြီးအနေနဲ့ စစ်သေနာပတိချုပ်ရဲ့ သမီးနဲ့ မင်းသားဖုစုတို့ကို စေ့စပ်ပေးနိုင်ပါတယ်။ "

ဝန်ကြီးနှစ်ယောက်လုံးက ဖုစု၏ အမာခံ ထောက်ခံသူများဖြစ်ကြသည်။ ဖုစုက နိုင်ငံရေးတွင် မည်မျှနုနယ်သည်ဖြစ်စေ ဟွိုက်ကျွမ်းက သူ့အတွက် ထောက်ခံမှုများကို စုစည်းပေးနေသည်။ ထို့ကြောင့် ဖုစုကလည်း ထိုအဆိုပြုချက်ကို ငြင်းပယ်ခြင်းမရှိပေ။ ထိုအစား သူက မတ်တပ်ရပ်လိုက်သည်။

" သားတော်က အရွယ်ရောက်ပေါပြီ။ စစ်သေနာပတိချုပ်ရဲ့ သမီးနဲ့သာ လက်ထပ်ခွင့်ရရင် ဒါက သားတော်အတွက် ကံကာင်းခြင်းပါပဲ။ " ဖုစုက ဦးညွှတ်ပြီး လျှောက်တင်လိုက်သည်။

တော်ဝင်မိသားစုတွင် မွေးဖွားလာသူတစ်ယောက်ဖြစ်သောကြောင့် ဖုစုတွင် ရည်ရွယ်ချက်မရှိဘူးဟု ပြောလျှင် လိမ်ရာရောက်ပေလိမ့်မည်။ ထို့အပြင် သူ့တွင် ထောက်ခံသူများ ရှိနေသောကြောင့် သူမပြိုင်လိုလျှင်တောင် ပြိုင်ရမည်ဖြစ်သည်။

ဖုစု၏ စကားများကို ကြားသောအခါ ရင်ကျန့်၏ မျက်လုံးများထဲတွင် စိတ်ဝင်စားသော အရိပ်အယောင်တစ်ချို့ ဖြတ်သန်းသွားသည်။ သို့သော် သူက ဘာမှမပြောသေးဘဲ ဝမ်ကျန့်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် ဝမ်ကျန့်က တွန့်ဆုတ်မှုများ၊ ဝေခွဲမရဖြစ်မှုများဖြင့် ရောထွေးနေသည်။ သူက ထိုကိစ္စကို တွန်းအားပေးနေကြသော အရာရှိများကို သူက ဘာပြောရမှန်းမသိဖြစ်နေသည်။ အမှန်တကယ် ၎င်းက ရင်ကျန့်၏ မျက်နှာသာပေးမှုကို အပြည့်အဝ ရရှိမည့်အချိန်ဖြစ်သည်။

" ငါသာ အရှင်မင်းကြီးကို ငြင်းလိုက်ရင် အရှင်မင်းကြီးရဲ့ ဆန္ဒကို ဆန့်ကျင်ရာရောက်မယ့်အပြင် မင်းသားဖုစုကိုလည်း စိတ်ဆိုးအောင် လုပ်မိလိမ့်မယ်။ အနာဂတ်ဘုရင်ကို စိတ်ဆိုးအောင် လုပ်တာက ဝမ်မိသားစုအတွက် လုံးဝမကောင်းဘူး။ "

" ဒါပေမယ့် ကျောက်ဖုန်းရဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအားနဲ့ဆို သူက ယန်အာကို လာခိုးမှာ သေချာတယ်။ ဒါဆို သူက အခြားနိုင်ငံကို ထွက်ပြေးပြီး ချင်နိုင်ငံရဲ့ ကြောက်စရာအကောင်းဆုံး ရန်သူတစ်ယာက်ဖြစ်လာလိမ့်မယ်။ "

All Chapters