← Chapters

အခန်း (၈၃)

Vol. 9 Ch. 83

အခန်း (၈၃)

Vol. 9 Ch. 83

" အရှင်မင်းကြီး " ဝမ်ကျန့်က ရင်ကျန့်ဘက်သို့ လှည့်ပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။

" စစ်သေနာပတိချုပ် စိတ်ထဲရှိတာကို ပြောနိုင်ပါတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ ဝမ်ကျန့်၏ မျက်နှာပေါ်မှ တွန့်ဆုတ်မှုကို သူမြင်နိုင်လေသည်။

" မင်းသဘောတူသည်ဖြစ်စေ ငြင်းပယ်သည်ဖြစ်စေ ငါ အပြစ်မယူပါဘူး။ "

ထိုစကားများကြောင့် ဝမ်ကျန့်က ရင်ကျန့်ထံသို့ လျှောက်လာပြီး လေးနက်စွာ ဦးညွှတ်လိုက်သည်။

" ကျွန်တော်မျိုး အရှင်မင်းကြီးကို မလိမ်ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်မျိုးရဲ့ သမီးက အခြားတစ်ယောက်နဲ့ မေတ္တာမျှနေကြပါပြီ။ "

" စစ်သေနာပတိချုပ် အဲ့ဒါက ဖြေရှင်းလို့မရတဲ့ ကိစ္စမဟုတ်ပါဘူး။ " ဟွိုက်ကျွမ်းက ပြုံး၍ ​ပြောလိုက်သည်။

" ရှေးခေတ်ကတည်းက လက်ထပ်ထိမ်းမြားမှုဆိုတာ မိဘတွေနဲ့ အောင်သွယ်တွေရဲ့ စကားနဲ့ပဲ တည်ဆောက်ခဲ့ကြတာပါ။ မေတ္တာမျှနေတာက စေစပ်ထားတာမဟုတ်ပါဘူး။ စစ်သေနာပတိချုပ် သဘောတူရင် ဒီကိစ္စက ဖြစ်မြောက်နိုင်ပါတယ်။ "

" မင်းသားဖုစုရဲ့ ပထမဇနီးဖြစ်လာဖို့ အမျိုးသမီးတိုင်းက အဲ့ဒီအခွင့်အရေးကို လိုချင်ကြပါလိမ့်မယ်။ "

" မှန်ပါတယ်။ " ဝမ်ဝမ်ကလည်း ဝင်ပြောလိုက်သည်။ " မင်းသားဖုစုက ယဉ်ကျေးပြီး ထက်မြက်တယ်။ တစ်ကမ္ဘာလုံးမှာ ဘယ်ယောကျာ်းက မင်းသားဖုစုနဲ့ ယှညဘ်လို့ရမှာလဲ။ စစ်သေနာပတိချုပ်က ဒီလက်ထပ်ပွဲကို ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်။ "

ယခုအချိန်တွင် အရပ်ဘက်အရာရှိအများစုက ဖုစုကို ထောက်ခံနေကြပြီး စစ်ဘက်အရာရှိတစ်ယောက်သာ ပါဝင်လာလျှင် အနာဂတ်တွင် အမှားအယွင်းတစ်ခု ဖြစ်လာလျှင်တောင် သူတို့ ဖြေရှင်းနိုင်ပေလိမ့်မည်။

" မင်းသားဖုစုက တကယ်ထိုက်တန်တဲ့သူပါ။ " ဝမ်ကျန့်က စကားစလိုက်သည်။ " တကယ်လို့ ကျွန်တော်မျိုးရဲ့ သမီးသာ အခြားတစ်ယောက်ကို ကတိမပေထားဘူးဆိုရင် ကျွန်တော်မျိုး ဒီလက်ထပ်ပွဲကို သေချာပေါက် ထောက်ခံမှာပါ။ ဒါပေမယ့် ချစ်သူနှစ်ယောက်ကို အတင်းအကျပ် ခွဲပစ်ဖို့က ကျွန်တော်မျိုး တကယ်ပဲ မလုပ်ရက်ပါဘူး။ "

ဝမ်ကျန့်က ရင်ကျန့်ကို ကြည့်ပြီး ပြတ်သားစွာ လျှောက်တင်လိုက်သည်။ ထိုစကားများကြောင့် ဝမ်ကျန့်က ဖုစုနှင့် လက်ထပ်ပေးမည့်ကိစ္စအား ငြင်းဆန်နေသည့် အကြောင်းရင်းကို လူတိုင်း နားလည်သွားကြသည်။

ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့ကလည်း လာပြောရမှန်းမသိဖြစ်သွားကြသည်။ ဖုစုကလည်း ရှေ့တိုးရခက် နောက်ဆုတ်ရခက် အနေအထားသို့ ရောက်သွားသည်။

ရင်ကျန့်က မည်သည့်အမူအရာမှမပြဘဲ တည်ငြိမ်စွာ ရပ်နေသည်။ သို့သော် ချစ်သူများကို ခွဲခွာသည့်အကြောင်းကို ကြားသောအခါ သူ၏ စိတ်က တုန်လှုပ်သွားသည်။ နောက်ဆုံးဆုံးဖြတ်ချက်က ဘုရင်၏ လက်ထဲတွင်သာ ရှိသောကြောင့် ဝမ်ကျန့်အပါအဝင် လူတိုင်းက သူ့ကို ကြည့်နေကြသည်။

" ငါ့ဘဝမှာ ကံပါလာတဲ့ ချစ်သူနှစ်ယောက်ကို ခွဲပစ်တာလောက် ပိုပြီးမုန်းတာမရှိဘူး။ " ရင်ကျန့်က စကားပြောလိုက်ပြီး သူ၏ စကားလုံးများက ရွံရှာမှုများ ပါဝင်နေသကဲ့သို့ အောက်မှ အမတ်များကို သတိပေးသည့်အလား ဝေ့ကြည့်လိုက်သည်။

သူ၏ စကားများကို ကြားသောအခါ ဝမ်ဝမ်၊ ဟွိုက်ကျွမ်းနှင့် အတိတ်မှ ထိုကဲ့သို့သော ကိစ္စများကို ကြုံတွေ့ခဲ့ဖူးသော အမတ်အချို့က စိုးရိမ်ထိတ်လန့်သွားကြသည်။ ထိုစကားလုံးများ၏ အဓိပ္ပါယ်ကို သူတို့ကောင်းစွာ နားလည်ကြသည်။

" အရှင်မင်းကြီးက အဲ့ဒီတုန်းက အဖြစ်အပျက်တွေကို အခုထိ မမေ့သေးဘူးပဲ။ " ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ " ဝမ်ကျန့်က ရင်ကျန့်ကို လေးနက်စွာ ဦးညွှတ်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ထိုလက်ထပ်ပွဲအစီအစဉ်က ပယ်ဖျက်ခံရရန် မားနေပြီး သူစိုးရိမ်နေသည့် အရာများ ဖြစ်လာတော့မည်မဟုတ်ကြောင်း သူနားလည်လိုက်သည်။

" ငါ့ရဲ့ ဝမ်မိသားစုက နောက်ပိုင်းဖြစ်လာမယ့် ထီးနန်းအတွက် ယှဉ်ပြိုင်မှုတွေထဲမှာ မပါဝင်ဘဲ နေနိုင်တော့မယ်ထင်တယ်။ မင်းသားဖုစုက အနိုင်ရဖို့ အခွင့်အလမ်းများနေပေမယ့် ချင်နိုင်ငံက အကြီးဆုံးသားကိုပဲ နန်းတင်ရမယ်လို့ သတ်မှတ်ထားတာမဟုတ်ဘူး။ ပိုပြီး ထိုက်တန်တဲ့သူကိုလည်း ရွေးချယ်နိုင်တယ်။ "

" အရာအားလုံးက အရှင်မင်းကြီးအပေါ်မှာပဲ မူတည်တယ်။ ဒါပေမယ့် ဒီလက်ထပ်ပွဲသာ ဖြစ်မြောက်သွားရင် ဝမ်မိသားစုက မင်းသားဖုစုရဲ့ စစ်သင်္ဘောပေါ်ကို ရောက်သွားမှာပဲ။ ဒါက ပဋိပက္ခတွေကို ရှောင်ချင်တဲ့ ငါ့ရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေတယ်။ နောက်ဆုံး​တော့ ငါစိတ်အေးနိုင်ပြီထင်တယ်။ "

" ငါ တကယ်ပဲသိချင်မိတယ်။ " ရင်ကျန့်က ဝမ်ကျန့်ကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။ " စစ်သေနာပတိချုပ် သမီးရဲ့ နှလုံးသားကို သိမ်းပိုက်သွားတဲ့ အဲ့ဒီလူက ဘယ်သူများလဲ။ စစ်သေနာပတိချုပ်တောင် သဘောတူထားတယ်ဆိုတော့ သူက သာမန်လူတော့ မဖြစ်နိုင်ဘူး။ "

" အရှင်မင်းကြီး " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " သူ့ရဲ့ နာမည်ကို အရှင်မင်းကြီးလည်း ကြားဖူးမှာပါ။ "

" ငါကြားဖူးတယ်။ ငါ တကယ်ကို သိချင်သွားပြီ။ " ရင်ကျန့်က အံ့ဩစွာဖြင့် ပြောလိုက်သည်။

" ဟန်နိုင်ငံကို သိမ်းပိုက်နိုင်ခဲ့တဲ့ ချင်ရဲ့ စစ်ဆင်ရေးမှာ အရှင်မင်းကြီးကို တင်ပြခဲ့တဲ့ အစီရင်ခံစာတွေထဲမှာ ဘယ်သူနာမည်အများဆုံးပါခဲ့ပါသလဲ။ " ဝမ်ကျန့်က တိုက်ရိုက်မဖြေဘဲ စိတ်ဝင်စားစရာကောင်းအောင် မေးခွန်းထုတ်လိုက်သည်။

" ကျောက်ဖုန်းလား။ " ရင်ကျန့်က သူ့ကို ချက်ချင်း သတိရသွားသည်။

" အရှင်မင်းကြီးက ဉာဏ်ပညာကြီးမားလှပါတယ်။ " ဝမ်ကျန့်က ချက်ချင်း ထောက်ခံလိုက်သည်။ " မှန်ပါတယ်။ အဲ့ဒါ ကျောက်ဖုန်းပါ။ "

ထိုစကားများကြောင့် ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့က ပို၍ပင် အံ့အားသင့်သွားကြသည်။ သူတို့သာမက အခြားအရာရှိများကလည်း အံ့ဩသွားကြသည်။

" ကျောက်ဖုန်းက စစ်ထဲဝင်တာ တစ်နှစ်တောင်မပြည့်သေးဘူး။ သူက စစ်သေနာပတိချုပ်ရဲ့ သမီးနဲ့ ဘယ်လိုလုပ် သိကျွမ်းခဲ့တာလဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အရှင်မင်းကြီး " ဝမ်ကျန့်က ပြုံး၍ ရှင်းပြလိုက်သည်။ " ဒါကတော့ သူတို့အတွက် ကံကြမ္မာက ဖန်တီးပေးလိုက်တာလို့ပဲ ပြောရမှာပါ။ ယန်မြို့မှာ ပေါင်ယွမ်က ရုတ်တရက် တိုက်ခိုက်ခဲ့တာကို အရှင်မင်းကြီး မှတ်မိမှာပါ။ အဲ့ဒီအချိန်တုန်းက ကျွန်တော်မျိုးရဲ့ သမီးက လိုက်လံတိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။ "

" ဒါပေမယ့် သူမရဲ့ တပ်ဖွဲ့က လူအင်အား နည်းတာရယ် စစ်မြေပြင်အတွေ့အကြုံနည်းတာတို့ကြောင့် ပေါင်ယွမ်ရဲ့ တပ်ဖွဲ့တွေ ဝန်းရံတာခံခဲ့ရပါတယ်။ အဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာ ကျောက်ဖုန်းက ဝင်ရောက်ကူညီခဲ့ပြီး ကျွန်တော်မျိုးရဲ့ သမီးကို ကယ်တင်ခဲ့ပါတယ်။ ပြီးတော့ သူက ပေါင်းယွမ်ကို သတ်ပြီး ဟန်တပ်ဖွဲ့ကိုလည်း ချေမှုန်းနိုင်ခဲ့ပါတယ်။ "

၎င်းကို ကြားသော ရင်ကျန့်က ရုတ်တရက် နားလည်သွားပြီး ရယ်မောလိုက်သည်။ " ဒါဆို စစ်သေနာပတိချုပ်ရဲ့သမီးနဲ့ ကျောက်ဖုန်းတို့က အခက်အခဲတွေကြားမှာ ခိုင်မြဲတဲ့ သံယောဇဉ်တစ်ခုကို တည်ဆောက်ခဲ့ကြတာပေါ့။ "

" မှန်ပါတယ် အရှင်မင်းကြီး " ဝမ်ကျန့်က အခွင့်အရေးကို အရယူကာ ဆက်ပြောလိုက်သည်။ " တကယ်လို့ တခြားသူသာဆိုရင် ကျွန်တော်မျိုးက ဒီလောက်ထိ ထောက်ခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကျောက်ဖုန်းက ကျွန်တော်မျိုး သမီးရဲ့ အသက်ကို ကယ်ခဲ့ပြီး သူတို့ကလည်း တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်နေကြပါတယ်။ သူတို့ကို ခွဲပစ်ဖို့က ကျွန်တော်မျိုး တကယ်ပဲ မလုပ်ရက်ပါဘူး။ "

ထို့နောက် သူက ဖုစုရှိရာသို့ ကြည့်ပြီး လေးနက်စွာ ဦးညွှတ်လိုက်သည်။ " အရှင့်သား ကျွန်တော်မျိုးရဲ့ သမီးမှာ ချစ်ရတဲ့သူရှိနေပါပြီ။ ဒီလက်ထပ်ပွဲကို သဘောမတူနိုင်တဲ့အတွက် ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးပါ။ "

ထိုစကားများက ဖုစုကို အနေရခက်သော အခြေအနေမှ လွတ်မြောက်သွားစေခဲ့သည်။ သူက ပြုံး၍ ပြန်ပြောလိုက်သည်။ " ကျွန်တော်က ဒီကိစ္စကို မသိဘဲ စော်ကားသလိုဖြစ်သွားပါတယ်။ စစ်သေနာပတိချုပ် စိတ်မရှိပါနဲ့။ "

" ကျွန်တော်မျိုးက အရှင်သားကို ဘယ်လိုလုပ်အပစ်တင်နိုင်မှာလဲ။ " ဝမ်ကျန့်က ပြောလိုက်သည်။

" ခမည်းတော် " ဖုစုက ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။ " စစ်သေနာပတိချုပ်ရဲ့ သမီးမှာ ချစ်သူရှိနေတဲ့အပြင် သားတော်ကလည်း ချစ်သူနှစ်ယောက်ကို မခွဲချင်တဲ့အတွက် ဝန်ကြီးနှစ်ယောက်ရဲ့ အဆိုပြုချက်ကို ပယ်ဖျက်ပေးပါ။ "

" ဖုစု မင်းနားလည်ပေးနိုင်တာ ကောင်းပါတယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " ငါက အတင်းအကျပ် လက်ထပ်ပေးတာကို တကယ်သဘောမကျဘူး။ ဒါပေမယ့် မင်းလည်း အရွယ်ရောက်နေပြီဆိုတော့ စေစပ်လက်ထပ်သင့်တယ်။ "

" တရားရေးဝန်ကြီး " ရင်ကျန့်က တစ်နေရာသို့ ကြည့်လိုက်သည်။ " ငါမှတ်မိသလောက်ဆို မင်းရဲ့ သမီးကြီးက ဖုစုနဲ့ အသက်ချင်း မတိမ်းမယိမ်းပဲ မဟုတ်လား။ "

လီစီက ရုတ်တရက် ခေါ်ခံလိုက်ရသောကြောင့် ထိတ်လန့်သွားသည်။ ရင်ကျန့်၏ စကားကို ကြားသောအခါ သူက အမြန်ရှေ့တိုးလာသည်။

" အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ " လီစီက ပြန်ဖြေလိုက်သော်လည်း သူ၏ မျက်နှာတွင် ဝမ်းသာသော အရိပ်အယောင်မရှိပေ။

" ကျွန်တော်မျိုးရဲ့ သမီးက မင်းသားနဲ့ အသက်ချင်းအတူတူပါပဲ။ "

" ဒါဆိုရင်တော့..." ရင်ကျန့်က ပြုံးပြီး ပြောလိုက်သည်။ " ငါမင်းအတွက် ဆုံးဖြတ်ပေးလိုက်တော့မယ်။ မင်းရဲ့ သမီးကြီးကို ဖုစုနဲ့ စေ့စပ်ပေးမယ်။ ထိုက်ဖူကို ရက်ကောင်းရက်မြတ် ရွေးခိုင်းလိုက်။ "

" ဒါက..." လီစီ၏ အမူအရာက ပြောင်းလဲသွားသည်။

ဖုစု၏ အမူအရာက ပြောင်းလဲသွားပြီး ချက်ချင်း ထရပ်လိုက်သည်။ " ခမည်းတေည် သားတော်က အခုမှ ၁၄နှစ်ထဲကို ရောက်တာပါ။ သားတော်ရဲ့ လက်ထပ်ပွဲကို နောက်မှ ဆွေးနွေးလို့ရပါတယ်။ "

ဖုစု၏ လက်ထပ်ပွဲကို ထောက်ခံခဲ့ကြသော ဝမ်ဝမ်နှင့် ဟွိုက်ကျွမ်းတို့ကလည်း တိတ်ဆိတ်သွားကြပြီး သူတို့၏ အမူအရာများက စိတ်ပျက်သွားကြသည်။ နန်းတွင်း၌ အမတ်ဟောင်းများနှင့် အမတ်သစ်များကြား အားပြိုင်မှုမှာ ပြေလည်အောင် ဖြေရှင်း၍ မရနိုင်သော အဆင့်သို့ မရောက်သေးသော်လည်း ရောက်ရန် နီးစပ်နေပြီဖြစ်သည်။

အကယ်၍ လီစီ၏ သမီးနှင့် ဖုစုတို့ လက်ထပ်လိုက်လျှင် သူတို့အတွက် ကောင်းသောအရာမဟုတ်ပေ။ အလားတူ လီစီအတွက်လည်း မကောင်းပေ။ သူက ဥပဒေသမားတစ်ယောက်ဖြစ်ပြီး နိုင်ငံကို ဥပဒေနှင့် အုပ်ချုပ်ရန် ထောက်ခံသူဖြစ်ရာ ဖုစု၏ အယူအဆများနှင့် ဆန့်ကျင်နေသည်။

ထို့အပြင် လီစီက အမတ်သစ်များ၏ ခေါင်းဆောင်ဖြစ်ပြီး ဝမ်ဝမ်၏ အုပ်စုနှင့် အမြဲတစေ ထိပ်တိုက်ရင်ဆိုင်နေသူဖြစ်သည်။

All Chapters