← Chapters

အခန်း (၈၅)

Vol. 9 Ch. 85

အခန်း (၈၅)

Vol. 9 Ch. 85

" ကျောက်ဖုန်းက ရှောက်ချိုးခရိုင်၊ ရှကျေးရွာက ဖြစ်ပါတယ်။ မိသားစုသုံးယောက်ရှိပြီး အမေနဲ့ ညီမတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ ဖခင် ကျောက်တက ပထမအဆင့် ဘွဲ့ထူးကို ရခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ချင် ကျောက် နယ်စပ်တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပါတယ်။ ကျောက်ဖုန်းက သူ့ဖခင်က လယ်ယာတွေကို ဆက်ခံခဲ့ပါတယ်။ "

ရင်ကျန့်၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသော လှုပ်ရှားမှုလေးက ပျောက်ကွယ်သွားခဲ့သည်။ သွမ်လောက ကျောက်ဖုန်း၏ အချက်အလက်များကို ဆက်လက်တင်ပြနေသည်။

" ဒါကတော့ ကျောက်ဖုန်းရဲ့ အသေးစိတ်အချက်အလက်တွေပါ။ သူက တခြားနိုင်ငံက သူလျိုဖြစ်နိုင်ခြေ လုံးဝ မရှိပါဘူး။ သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ကြောက်စရာကောင်းပါတယ်။ သူက သူ့ရဲ့ စွမ်းရည်ကို ဖုံးကွယ်ပြီး ထောက်ပို့တပ်ဖွဲ့ကို ရောက်သွားခဲ့တာပါ။ "

" ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကတော့ သူနဲ့ သူ့ညီမက အမွှာတွေ ဖြစ်နေလို့ပါ။ သူတို့ မွေးဖွားချိန်မှာ သူတို့အမေကို ထိခိုက်စေခဲ့ပြီး ခဏခဏ ဖျားနာစေခဲ့ပါတယ်။ ကျော်ဖုန်းက သူမကို စောင့်ရှောက်ဖို့နဲ့ သားတစ်ယောက်ရဲ့ တာဝန်ကျေပွန်ဖို့အတွက် အိမ်ပြန်ချင်တာပါ။ "

ရင်ကျန့်က ကျောက်ဖုန်းကို အလေးအနက်ထားသောကြောင့် သွမ်လောက အမှန်တရားအားလုံးကို တင်ပြခဲ့သည်။

" ကျောက်ဖုန်းရဲ့ နောက်ခံနဲ့ ပက်သက်ပြီး စိုးရိမ်စရာမလိုတော့ဘူးထင်တယ်။ သူ့ကို ပိုကြီးတဲ့ တာဝန်တွေ ပေးလို့ရပြီ။ " ရင်ကျန့်က ပြောလိုက်သည်။

" အရှင်မင်းကြီး ကျောက်ဖုန်းကို စောင့်ကြည့်ဖို့ လူလွှတ်ထားရဦးမလား။ "

ရင်ကျန့်က ဘာမှမပြောဘဲ သွမ်လောကို တစ်ချက်ကြည့်လိုက်သည်။

" နားလည်ပါပြီ။ " သွမ်လောက နှိမ့်ချစွာ ဦးညွှတ်လိုက်သည်။

" မင်းသွားနိုင်ပြီ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ကောင်းပါပြီ။ " သွမ်လောက နောက်ဆုတ်သွားသည်။

" ကျောက်ကောင်း " ရင်ကျန့်က ခေါ်လိုက်ရာ နန်းတော်တံခါးများ ပွင့်သွားပြီး ကျောက်ကောင်းက ဝင်လာခဲ့သည်။

" လက်ထောက်စစ်သူကြီး ကျောက်ဖုန်းက နိုင်ငံတော်အတွက် ကြီးမားတဲ့အမှုထမ်းခဲ့တယ်။ သူ့ရဲ့ အမေက ကျေးရွာမှာ ပြုစုမယ့်သူမရှိဘဲ ဖြစ်နေတယ်။ သူမအတွက် အိမ်တော်တစ်ခုဆောက်ပေးဖို့ လက်သမားတွေ၊ အစေခံ ၅၀၊ ရွှေစ ၁၀၀၊ ငွေဒင်္ဂါး ၁၀၀၀၀၊ နှစ်ငါးဆယ် ဂျင်ဆင်းတစ်မြစ်ကို ချီးမြှင့်လိုက်တယ်။ ရှောက်ဖုကို ဒီလက်ဆောင်တွေ ချက်ချင်း ပို့ဖို့ အမိန့်ပေးလိုက်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။ ထိုနောက် သူက ကြိုတင်ရေးသားထားသော အမိန့်စာတစ်ခုကို ကျောက်ကောင်းထံ ပေးလိုက်သည်။

" အမိန့်အတိုင်းပါ အရှင်မင်းကြီး။ " ကျောက်ကောင်းက အမိန့်တော်ကို လက်ခံပြီး အမြန်ထွက်ခွာသွားသည်။

ကျန်းထိုင်နန်းဆောင်အတွင်း ရင်ကျန့်တစ်ယောက်တည်းသာ ကျန်နေခဲ့သည်။ " ဝမ်ကျန့် သူက တကယ်ထက်မြက်တဲ့သူပဲ။ ဖုစု၊ ဖုစု မင်းကတော့ ငါ့ရဲ့ မျှော်လင့်ချက်တွေကို ပျက်စီးစေခဲ့တာပဲ။ လီစီသမီးနဲ့ လက်ထပ်ပေးတာက မင်းကို ပြောင်းလဲပေးနိုင်ဖို့ ငါမျှော်လင့်ပါတယ်။ ဝမ်ဝမ်တို့ရဲ့ ဦးဆောင်မှုနောက်ကိုပဲ ဆက်လိုက်နေမယ်ဆိုရင် မင်းက ဘာမှအောင်မြင်လာမှာမဟုတ်ဘူး။ "

ဖုစု၏ အိမ်တော်တွင်...

" ဝန်ကြီးချုပ်ဝမ် ဒီအခြေအနေမှာ ကျုပ်တို့ဘာလုပ်သင့်လဲ။ " ဖုစုက မေးလိုက်သည်။

" လီစီက ကျုပ်ရဲ့ နိုင်ငံရေးအမြင်တွေနဲ့ အမြဲတမ်း ဆန့်ကျင်နေတယ်။ သူက ပြင်းထန်တဲ့ ဥပဒေတွေနဲ့ အုပ်ချုပ်တယ်။ ကျုပ်ကတော့ ကြင်နာမှုကို အလေးထားတယ်။ "

" အရှင်သား " ဝမ်ဝမ်က သက်ပြင်းချလိုက်သည်။ " အရှင်မင်းကြီးရဲ့ အမိန့်ကို ဆန့်ကျင်လို့မရပါဘူး။ ဝမ်ကျန့်က အရမ်းထက်မြက်တယ်။ တကယ်လို့ သူသာ အရှင်သားရဲ့လက်ထပ်ခွင့်တောင်းတာကို လက်ခံခဲ့ရင် အရှင်မင်းကြီးက လီစီရဲ့ သမီးနဲ့ အရှင်သားကို သတ်မှတ်ပေးမှာမဟုတ်ဘူး။ "

" ကျောက်ဖုန်းဆိုတာ ဝမ်ကျန့် ရည်ရွယ်ချက်ရှိရှိရှာထားတဲ့ အကြောင်းပြချက်တစ်ခု ဖြစ်နိုင်မလား။ " ချွန်းယွီယွဲ့က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ " ဝမ်ကျန့်က တကယ်လူမိုက်ပဲ။ အရှင်သားက အနာဂတ်အိမ်ရှေ့စံပဲ။ သူက အရှင်သားကို ငြင်းရဲတယ်ပေါ့။ "

" အဲ့ဒီကိစ္စက ပြီးသွားပြီ။ " ဝမ်ဝမ်က ပြောလိုက်သည်။ " သူက စစ်ရေးအောင်မြင်မှုကနေ ပြန်လာတဲ့အချိန်မှာ အရှင်မင်းကြီးက သူ့ကို ဘယ်လိုလုပ် အပြစ်တင်မှာလဲ။ ဒါ့အပြင် အရှင်မင်းကြီးက လွန်ခဲ့တဲ့ နှစ်တွေက ဖြစ်ရပ်တွေကို အခုထိ မမေ့သေးဘူး။ "

" အဲ့ဒီနှစ်တွေတုန်းက ဖြစ်ရပ်တွေလား။ " ဖုစုက နားမလည်နိုင်ဖြစ်သွားသည်။

" အဲ့ဒီအမျိုးသမီးလား။ " ချွန်းယွီယွဲ့က မျက်မှောင်ကြုတ်သွားသည်။

" အရှင်မင်းကြီးက ချစ်သူတွေကို ခွဲရတာထက် ပိုမုန်းတာမရှိဘူးလို့ ပြောခဲ့တယ်မဟုတ်လား။ " ဝမ်ဝမ်က မကျေမနပ်ဖြင့် ပြောလိုက်သည်။ " ဒါက အဲ့ဒီကိစ္စကို ကြုံတွေ့ဖူးတဲ့ ငါတို့တွေအတွက် သတိပေးချက်ပဲ။ "

" အဲ့ဒီတုန်းက ဘာဖြစ်ခဲ့လို့လဲ။ "

" အရှင်သားအနေနဲ့ မသိတာက ပိုကောင်းပါတယ်။ "

" ဝန်ကြီးချုပ်ဝမ် အခု ကျုပ်တို့ အစီအစဉ်ကဘာလဲ။ " ဖုစုက ထပ်မမေးတော့ဘဲ အဓိကအကြောင်းအရာကို မေးလိုက်သည်။

" လက်ထပ်ဖို့ပါပဲ။ " ဝမ်ဝမ်က ပြတ်သားစွာ ပြောလိုက်သည်။

" တခြားနည်းလမ်းမရှိတော့ဘူးလား။ " ဖုစုက ဝန်လေးနေဆဲဖြစ်သည်။

" အရှင်မင်းကြီးရဲ့ အမိန့်ကို ဆန့်ကျင်လို့မရဘူး။ ဒါပေမယ့် လီစီရဲ့ သမီးကို လက်ထပ်လိုက်တာက ဘာမှပြောင်းလဲသွားမှာမဟုတ်ပါဘူး။ အရှင်သား ဘာပဲလုပ်လုပ် လီစီက ဝင်စွက်ဖက်နိုင်မှာမဟုတ်လုး။ " ဝမ်ဝမ်က အေးစက်စွာ ပြုံးပြီး ပြောလိုက်သည်။ " မယားငယ်တစ်ယောက် ယူလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ။ "

ဖုစုက မတတ်သာသည့်အဆုံး ခေါင်းညိမ့်လိုက်ရသည်။

" အဲ့ဒီကျောက်ဖုန်းက အရှင်သားရဲ့ အစီအစဉ်တွေကို ဖျက်ဆီးလိုက်တာပ့ယ။ ဒါကို ဒီအတိုင်း လွှတ်ထားလို့မရဘူး။ " ချွန်းယွီယွဲ့က ဒေါသတကြီး ပြောလိုက်သည်။

" ဒါက ကျောက်ဖုန်းနဲ့ ဘာဆိုလို့လဲ။ " ဖုစုက ချွန်းယွီယွဲ့ကို အံ့ဩစွာ ကြည့်လိုက်သည်။ " နောက်ဆုံးမှာ သူတခု့က တစ်ယောက်ကိုတစ်ယောက် ​ချစ်နေကြတာပဲ။ ဒါကို ဘယ်လိုလုပ် ဖျက်ဆီးတယ်လို့ ပြောနိုင်မှာလဲ။ "

" အရှင်သား " ချွန်းယွီယွဲ့က မကျေမနပ်ဖြင့် ပြောလိုက်သည်။ " ကျောက်ဖုန်းသာ မရှိရင် ဝမ်ကျန့်နဲ့ လန်ထျန်းစခန်းက အရှင်သားရဲ့ ထောက်တိုင်ဖြစ်နေလောက်ပြီ။ အရှင်သား ဒါကို တကယ်ပဲ သည်းခံနိုင်လို့လား။ "

" ကျုပ်က အဲ့လောက်စိတ်သဘောထား မသေးသိမ်ဘူး။ ဒါ့အပြင် ဒါက မမျှော်လင့်ထားတဲ့အရာပဲ။ " ဖုစုက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ သူက အိမ်ရှေ့စံနေရာအတွက် ကြိုးစားနေသူဖြစ်သော်လည်း သူ့ကြောင့် ဖြစ်လာသော ပြဿနာအတွက် အခြားသူများကို အပြစ်တင်ရလောက်အောင် စိတ်သဘောထားကျဉ်းမြောင်းသူမဟုတ်ပေ။

" ဆရာချွန်း " ဝမ်ဝမ်က ဖြတ်ပြောလိုက်သည်။ " အရမ်းအဝေးထိ သွားနေဖို့ မလိုပါဘူး။ လောလောဆယ် လီစီကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ အာရုံစိုက်ရအောင် "

" အရှင်သား " ဝမ်ဝမ်က ပြောလိုက်သည်။ " ကျွန်တော်မျိုး အရှင့်သားအတွက် အကျိုးရှိစေမယ့်အရာတစ်ခု ကြားထားပါတယ်။ "

" ဝန်ကြီးချုပ်ဝမ်က ဘာများကြားခဲ့လို့လဲ။ " ဖုစုက ချက်ချင်း မေးလိုက်သည်။

" အရှင့်သား ဟန်ဖေးဆိုတဲ့ နာမည်ကို ကြားဖူးပါသလား။ " ဝမ်ဝမ်က ပြုံး၍ မေးလိုက်သည်။

" ဟန်ဖေးနာမည်က တစ်ကမ္ဘာလုံး ကျော်ကြားပြီးသားပဲ။ " ဖုစုက ချက်ချင်း ပြန်ဖြေလိုက်သည်။ " သူက တကယ်ကို ပါရမီရှင်တစ်ယောက်ပဲ။ လီစီလိုပဲ သူက ဆရာကြီးရွှင်ကျစ်ဆီမှာ ပညာသင်ခဲ့တာပဲ။ ပြီးတော့ ဥပဒေရေးရာကျွမ်းကျင်မှုက လီစီထက်တောင် သာတယ်လို့ပြောကြတယ်။ "

" ဟန်ဖေးက အခုအကျဉ်းကျနေတာပါ။ ဒါပေမယ့် သူက သာမန်ထောင်ထဲမှာ မဟုတ်ဘူး။ အရှင်မင်းကြီးကိုယ်တိုင် အမိန့်ထုတ်ပြီး သီးသန့်ဆောက်ထားတဲ့ထောင်မှာပါ။ " ဝမ်ဝမ်က ပြောလိုက်သည်။

" အရှင်မင်းကြီးက ဝမ်ကျန့်ကို ဟန်က ဖမ်းမိတဲ့ အရာရှိတွေထဲမှာ ဘယ်သူကိုမဆို သတ်နိုင်ပေမယ့် ဟန်ဖေးကိုတော့ အသက်ရှင်အောင်ထားရမယ်လို့ အမိန့်ပေးခဲ့တယ်။ ဒါကို ကြည့်ရင် အရှင်သားတစ်ခုခုမြင်နိုင်ပါလိမ့်မယ်။ "

" ခမည်းတော်က ဟန်ဖေးကို အရေးပါတဲ့နေရာမှာ ခန့်အပ်ဖို့ ရည်ရွယ်နေတာပဲ။ " ဖုစုက ချက်ချင်း နားလည်သွားသည်။

" အတိအကျပါပဲ။ " ဝမ်ဝမ်က ပြုံး၍ ပြောလိုက်သည်။ " တကယ်လို့ အရှင်မင်းကြီးကသာ သူ့ကို ကြီးမားတဲ့ အာဏာကို ပေးအပ်လိုက်ရင် နန်းတွင်းက မှူးမတ်အသစ်တွေရဲ့ ခေါင်းဆောင် လီစီ ဘာဖြစ်သွားမယ်ထင်လဲ။ "

" ပြီးတော့ ဟန်ဖေးကို အရှင်သားရဲ့ ဘက်တော်သားအဖြစ် ဆွဲဆောင်နိုင်ရင့ အနာဂတ်ရဲ့ နန်းတွင်းပုံစံက ဘာဖြစ်သွားမယ်ထင်လဲ။ "

ဖုစုက ခဏနှုတ်ဆိတ်သွားပြီး အတွေးနက်သွားသည်။ " ဝန်ကြီးချုပ်ဝမ် ပြောချင်တာက ဟန်ဖေးကို ကျုပ်ဘက်ပါအောင် သိမ်းသွင်းဖို့ပေါ့။ "

" မှန်ပါတယ်။ ဟန်ဖေးက တကယ်ကို ထူးချွန်တဲ့သူပဲ။ သူသာ အညံ့ခံဖို့အဆင်သင့်ဖြစ်ရင် အရှင်မင်းကြီးက သူ့ကို အရေးပါတဲ့ နေရာတစ်ခု ပေးမှာ သေချာပါတယ်။ ဝန်ကြီးကိုးယောက်ထဲမှာ နေရာတစ်ခုက သူ့အတွက် သေချာသလောက်ပါပဲ။ အရှင့်သားသာ ဒီလူကို သိမ်းသွင်းနိုင်ရင် အရှင်သားအတွက် လက်ရုံးတစ်ဆူ ရသလိုဖြစ်သွားလိမ့်မယ်။ " ဝမ်ဝမ်က ပြတ်သားစွာ ပြောလိုက်သည်။

ဖုစုက ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူတို့ စကားအနည်းငယ် ပြောပြီးနောက် ထွက်ခွာသွားကြသည်။

ချွန်းယွီယွဲ့၏ အိမ်တော်။

" ဆရာကြီး ဘာများညွှန်ကြားချင်ပါလဲ။ " လူရိပ်တစ်ခုက ချွန်းယွီယွဲ့ရှေ့တွင် ပေါ်လာပြီး မေးလိုက်သည်။

" ယင်ချွမ်းကို သွားပြီး မင်းသားကြီးအတွက် အလုပ်တစ်ခု သွားလုပ်ချေ။ "

ဝမ်အိမ်တော်....

" စစ်သေနာပတိချုပ်ကြီး ပြန်လာပြီ။ " အိမ်တော်ထိန်းက အော်ဟစ်လိုက်သည်။

အိမ်တော်တစ်ခုလုံးက လှုပ်ရှားသွားပြီး အစေခံအားလုံးက ဝမ်ကျန့်ကို ကြိုဆိုရန် အပြင်သို့ ထွက်လာကြသည်။ ဝမ်ကတော်၊ ဝမ်ယန်နှင့် ဝမ်ကျန့်၏ မြေး ဝမ်လီတို့ကလည်း ထွက်လာကြသည်။ မကြာမီ ဝမ်ကျန့်က ရထားလုံးပေါ်မှ ဖြည်းညင်းစွာ ဆင်းလာသည်။

" သခင်ကြီး "

" အဖေ "

" အဘိုး "

ဝမ်ကျန့်က ပြုံး၍လျှောက်လာသည်။ " လီအာ အဘိုးဆီကို လာပါဦး။ "

ဝမ်လီက ကြောက်ရွံ့ခြင်းမရှိဘဲ ဝမ်ကျန့်ထံသို့ ပြေးလာသည်။

" ဟားဟား မတွေ့တာ တစ်နှစ်နီးပါးရှိပြီ။ ငါမြေးက အရပ်တောင် ပိုရှည်လာတာပဲ။ " ဝမ်ကျန့်က ရယ်မောပြီး ဝမ်လီကို ပွေ့ချီလိုက်သည်။ ထို့နောက် သူက အိမ်တော်ထဲသို့ ဝက်လာပြီး ဝမ်ကတော်နှင့် ဝမ်ယန်တို့ကို ပြောလိုက်သည်။ " အထဲဝင်ရအောင်။ "

" သခင်ကြီး အစေခံတွေကို အစားအသောက်တွေ ပြင်ထားပါပြီ။ " ဝမ်ကတော်က ပြောလိုက်သည်။

" မလောပါနဲ့။ " ဝမ်ကျန့်က ပြုံး၍ ​ပြောလိုက်သည်။ " ငါ နန်းတော်မှာ အရှင်မင်းကြီးနဲ့ တော်တော်စားခဲ့ပြီးပြီ။ ပြီးမှ စားချတာပေါ့။ "

ဝမ်ကျန့်က အိမ်တော်ထဲသို့ လမ်းလျှောက်ဝင်လာပြီး အစေခံများက ဒူးထောက်ကြိိုဆိုလိုက်ကြသည်။ ဝမ်ကျန့်က လက်ဝှေ့ရမ်းလိုက်ပြီး သူတို့ကို ထခိုင်းလိုက်သည်။

All Chapters