← Chapters

အခန်း (၈၆)

Vol. 9 Ch. 86

အခန်း (၈၆)

Vol. 9 Ch. 86

ခန်းမထဲသို့ ရောက်သောအခါ ဝမ်ကျန့်က ဝမ်လီကို အောက်သို့ ချပေးလိုက်ပြီး သူ၏ အကြည့်က နောက်ဆုံးတွင် ဝမ်ယန်ဆီ၌ ရပ်တန့်သွားသည်။ သူ၏ ထူးဆန်းသော အကြည့်အောက်တွင် ဝမ်ယန်က အနည်းငယ် နေရခက်သွားသည်။

" ငါ့ကို ပြောပါဦး။ " ဝမ်ကျန့်က ပြောလိုက်သည်။

" ဘာ ဘာပြောရမှာလဲ။ " ဝမ်ယန်က စိုးရိမ်သွားသည်။

" မင်း စစ်တပ်ထဲမှာ နေခဲ့တဲ့အကြောင်း မင်းနဲ့ ကျောက်ဖုန်း အကြောင်း..." ဝမ်ကျန့်က ပြောလိုက်သည်။

" အဖေ အဖေဘယ်လိုလုပ်သိတာလဲ။ " ဝမ်ယန်၏ အမူအရာက ပြောင်းလဲသွားပြီး ဝမ်ကျန့်ကို အံ့ဩစွာ ကြည့်လိုက်သည်။

" မင်းက ငါ့ကို တစ်သက်လုံး ဖုံးကွယ်ထားဖို့ ကြံနေတာလား။ ကျောက်ဖုန်းသာ အဲ့ဒီလောက် မရဲရင့်ခဲ့ရင် ငါ ဘယ်တော့မှ သိမှာမဟုတ်ဘူး။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" သူ သူက အဖေကို အကုန်​ပြောပြလိုက်တာလား။ " ဝမ်ယန်က တုန်လှုပ်စွာ မေးလိုက်သည်။ ၎င်းက သူမ လုံးဝမမျှော်လင့်ထားသော အရာဖြစ်သည်။

" အဲ့ဒါကို ထားလိုက်ပါ။ အဲ့ဒီကောင်လေးက တကယ်ကို တာဝန်ယူတတ်တာပဲ။ ငါ့ကို ကြောက်ပြီးတော့လည်း နှုတ်ဆိတ်မနေခဲ့ဘူး။ " ဝမ်ကျန့်က ချီးကျူးသော လေသံနှင့် ပြောလိုက်သည်။

" ဒီနေ့ညီလာခံမှာ ဝမ်ဝမ်နဲ့အခြားသူတွေက သမီးကို မင်းသားဖုစုနဲ့ စေစပ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။ "

" အဲ့ဒီအချိန်က ရောက်လာတော့မယ်ဆိုတာ သမီးသိပါတယ်။ " ဝမ်ယန်က စိတ်ပျက်အားငယ်စွာ ပြောလိုက်သည်။

" ငါငြင်းလိုက်တယ်။ " ဝမ်ကျန့်က တိုက်ရိုက်ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ဝမ်ယန်က သူမ၏ ဖခင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ အနီးမှ ဝမ်ကတော်ကလည်း မှင်သက်သွားခဲ့သည်။

" သခင်ကြီးက အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ဆန့်ကျင်လိုက်တာတော့ မဟုတ်ပါဘူးနော်။ " ဝမ်ကတော်က စိုးရိမ်စွာ ပြောလိုက်သည်။

" ငါက အရှင်မင်းကြီးရဲ့ အမိန့်ကို ဘယ်လိုလုပ်ဆန့်ကျင်ဝံ့မှာလဲ။ " ဝမ်ကျန့်က ပြောလိုက်သည်။ " အရှင်မင်းကြီးက ငါ့ရဲ့ သဘောထားကို မေးတယ်။ အဲ့ဒါနဲ့ ငါငြင်းလိုက်တာပဲ။ "

" အကြောင်းကတော့ ယန်အာမှာ ချစ်တဲ့သူရှိနေလို့ပဲ။ " ဝမ်ကျန့်က ပြုံးပြီး ဝမ်ယန်ကို ကြည့်လိုက်သည်။ " ယန်အာ အဖေ သမီးကို အရင်ကပြောဖူးတယ်။ ဖြစ်နိုင်ရင် အတင်းအကျပ် လက်ထပ်ခိုင်တာထက် သမီးရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုကို ရှာခိုင်းမယ်လို့။ "

" ဒီနေ့တော့ အဖေ အဲ့ဒီအတိုင်း လုပ်ပေးနိုင်ခဲ့ပြီ။ တကယ်တော့ ကျောက်ဖုန်းကို ကျေးဇူးတင်ရမယ်။ သူသာ မပြောခဲ့ရင် ငါ အရှင်မင်းကြီးကို ငြင်းဖို့ အကြောင်းရင်းရှိမှာမဟုတ်ဘူး။ "

၎င်းကို ကြားရသောအခါ ဝမ်ယန်က သူမကို သူမ မထိန်းချုပ်ထားနိုင်တော့ပေ။ သူမ၏ မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်လျှံလာပြီး ဝမ်ကျန့်ရှေ့တွင် ဒူးထောက်လိုက်သည်။ " အဖေ ကျေးဇူးတင်ပါတယ်။ "

ဝမ်ကျန့်က ပြုံးပြီး သူမကို ထူပေးလိုက်သည်။ " သမီးက အဖေသမီးပဲ။ အဖေမှာသာ သမီးကို ရွေးချယ်ခွင့်ပေးနိုင်တဲ့ အစွမ်းရှိနေမှတော့ အဖေ ဘယ်လိုလုပ် မလုပ်ပေးဘဲ နေမှာလဲ။ "

" အရှင်မင်းကြီးက သခင်ကြီးကို အပြစ်မတင်ဘူးလား။ ပြီးတော့ ကျောက်ဖုန်းဆိုတာက ဘယ်သူလဲ။ " ဝမ်ကတော်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

" အရှင်မင်းကြီးက ကိုယ်ချင်းစာသွားတာဖြစ်နိုင်ပါတယ်။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " တစ်ချိန်က သူကိုယ်တိုင်လည်း ချစ်တဲ့သူနဲ့ အတင်းအကျပ်ခွဲတာ ခံခဲ့ရတာပဲ။ အခု ယန်အာက ကျောက်ဖုန်းနဲ့ ချစ်နေပြီဆိုမှတော့ အရှင်မင်းကြီးက သူတို့ကို ဘယ်လိုလုပ် ခွဲရက်တော့မှာလဲ။ "

" ယန်အာက မင်းသားဖုစုနဲ့ လက်ထပ်ဖို့ မလိုတော့ဘူး။ "

" တကယ်တော့ ကျွန်မက မင်းသားဖုစုကို အတော်လေး သဘောကျတယ်။ " ဝမ်ကတော်က ရယ်ပြီး ပြောလိုက်သည်။ " သူက နူးညံ့ပြီး ယဉ်ကျေးတယ်။ မင်းသားတွေထဲမှာလည်း အကြီးဆုံးဆိုတော့ အိမ်ရှေ့စံဖြစ်ဖို့ အခွင့်အရေးများတယ်။ "

" မိန်းမတွေရဲ့ အမြင်ပဲ။ " ဝမ်ကျန့်က သူမကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ " အပြင်ပိုင်းက ကြည့်ရင် မင်းသားဖုစုက အိမ်ရှေ့စံမင်းသားဖြစ်ဖို့ အခွင့်အရေးများတယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် အရှင်မင်းကြီးက သူ့ကို ဘာလို့အခုထိ အခန့်အပ်သေးတာလဲ။ "

" အဓိကအကြောင်းရင်းက မင်းသားဖုစုက အရည်အချင်းမပြည့်မီလို့ပဲ။ သူက အရှင်မင်းကြီးရဲ့ မျှော်လင့်ချက်တွေနဲ့ မကိုက်ညီသေးဘူး။ နောက်တစ်ချက်က မင်းသားဖုစုက ဝမ်ဝမ်တို့လို ကိုယ်ကျိုးစီးပွားကို ပိုကြည့်တဲ့သူတွေရဲ့ ကြိုးဆွဲရာခံနေရတယ်။ အဲ့ဒါကို အရှင်မင်းကြီးက အရမ်းမကျေမနပ်ဖြစ်နေတယ်။ "

" တကယ်လို့ ငါတို့ဝမ်မိသားစုက မင်းသားဖုစုနဲ့ လက်ထပ်လိုက်ရင် ငါတို့က သူ့ဘက်က ရပ်တည်ရလိမ့်မယ်။ တကယ်လို့ သူသာ အာဏာလုပွဲမှာ ရှုံးနိမ့်သွားရင် ငါတို့ ဝမ်မိသားစုလည်း နာလန်မထူနိုင်အောင် ပျက်စီးသွားလိမ့်မယ်။ ဒါကြောင့် ယန်အာက ငါတို့ကို ဒီပဋိပက္ခတွေထဲမှာ မပါအောင် လုပ်ပေးခဲ့တာပဲ။ "

ဝမ်ယန်က ၎င်းတို့ကို ကြားသော်လည်း ထိုအချိန်တွင် အခြားကိစ္စတစ်ခုက သူမ၏ အတွေးများကို ဖုံးလွှမ်းနေသည်။

" အဖေ " သူမက မျှော်လင့်ချက်အပြည့်ဖြင့် စကားစလိုက်သည်။ " အဖေက သမီးနဲ့ ကျောက်ဖုန်းကို တကယ်ပဲ သဘောတူတာလား။ "

" ငါက အရှင်မင်းကြီးရှေ့မှာ မင်းသားဖုစုကို ငြင်းပြီး သမီးမှာ ကျောက်ဖုန်းရှိနေပြီလို့ ပြောခဲ့ပြီးမှ အဲ့ဒီစကားကို ပြန်ရုတ်သိမ်းလို့ရပါ့မလား။ " ဝမ်ကျန့်က စနောက်သော လေသံဖြင့် ထပ်မေးလိုက်သည်။ " သမီးကို မေးစရာတစ်ခုပဲရှိတယ်။ သမီးကျောက်ဖုန်းကို တကယ်ပဲ ချစ်တာလား။ သမီးလက်ထပ်တဲ့သူက သူမဟုတ်ရင် အရှင်မင်းကြီးကို ဘယ်လိုရှင်းပြရမှာလဲ။ "

" ချစ်ပါတယ်။ သမီး သူ့ကို ချစ်ပါတယ်။ " ဝမ်ယန်က ချက်ချင်း ပြောလိုက်သည်။

" ဒါဆို အတည်ပဲ။ ကျောက်ဖုန်းက ငါဝမ်ကျန့်ရဲ့ အနာဂတ်သမက်ပဲ။ " ဝမ်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။

" ငါသာ အခွင့်အရေးရရင် သူ့အမေနဲ့ မင်္ဂလာကိစ္စကို ကိုယ်တိုင်သွားဆွေးနွေးမယ်။ "

ထိုအချိန်တွင် ဝမ်ယန်က တုန့်ဆိုင်းနေသည်။

" ယန်အာ " ဝမ်ကတော်က ပြောလိုက်သည်။ " သမီးအဖေက သမီးအတွက် ဒီလောက်ထိ လုပ်ပေးထားတာတောင် ဘာတွေတုန့်ဆိုင်းနေတာလဲ။ သမီးပြောစရာရှိရင် ပြောလိုက်လေ။ ပြီးတော့ ကျောက်ဖုန်းဆိုတာက ဘယ်သူလဲ။ "

" ကျောက်ဖုန်းက စစ်တပ်ထဲက လက်ထောက်စစ်သူကြီးတစ်ယောက်ပဲ။ သူက ယန်အာအသက်ကို ကယ်ခဲ့တာ။ " ဝမ်ကျန့်က ပြုံးပြီး ပြောလိုက်သည်။

" လက်ထောက်စစ်သူကြီးပဲလား။ " ဝမ်ကတော်က အနည်းငယ် အံ့ဩသွားသည်။

" ဘာစကားတုန်း။ မင်းက ကျောက်ဖုန်းရဲ့ အလားအလာကို မသိသေးလို့ပါ။ သူက စစ်တပ်ထဲကို ဝင်တာ တစ်နှစ်တောင်မပြည့်သေးဘူး။ သာမန်စစ်သားတစ်ယောက်ကနေ လက်ထောက်စစ်သူကြီးဖြစ်လာတာပဲ။ " ဝမ်ကျန့်က ကျောက်ဖုန်းကို အလွန်အထင်ကြီးလေးစားနေသည်မှာ ရှင်းလင်းလှသည်။

"အဖေ "ဝမ်ယန်က တုန့်ဆိုင်းစွာဖြင့် ပြောလိုက်သည်။ " သမီး... သမီးမှာ ကျောက်ဖုန်းရဲ့ ရင်သွေးရှိနေပြီထင်တယ်။ "

၎င်းကို ကြားသောအခါ ဝမ်ကျန့်၏ မျက်နှာပေါ်မှ အပြုံးက အေးခဲသွားသည်။ သူ၏ အကြည့်က ဝမ်ယန်၏ ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားသည်။ " သမီး ဘာပြောတယ်။ သမီးမှာ ကျောက်ဖုန်းရဲ့ ရင်သွေးရှိနေတာလား။ "

" သမီ ပျို့အန်နေတာ ရက်နည်းနည်းရှိသွားပြီ။ ပြီးတော့ ခဏခဏ အန်ချင်နေတယ်။ " ဝမ်ယန်က ကြောက်ရွံ့စွာ ပြန်ဖြေလိုက်သည်။

ဝမ်ကျန့်က ဝမ်ယန်၏ ထိတ်လန့်သော အမူအရာကို စိုက်ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။ " ကောင်းတယ်။ ငါ ဝမ်ကျန့်က နောက်ထပ် မြေးလေးတစ်ယောက် ရတော့မှာပဲ။ "

ဝမ်ကျန့်၏ အပြုံးကို မြင်သောအခါ ဝမ်ယန်က အံ့အားသင့်သွားသည်။ ဝမ်ကျန့်စိတ်ဆိုးလိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။

" အဖေ သမီးကို စိတ်မဆိုးဘူးလား။ " သူမက သိလိုစိတ်နှင့် မေးလိုက်သည်။ ထိုညတွင် သူမက ရှန်းယန်မှ ကိစ္စများကို ကြံရာမရသည့်အဆုံး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူမ ကိုယ်ဝန်ရသွားလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

" စိတ်ဆိုးတာပေါ့။ လက်တောင်မထပ်ရသေးဘဲ အဲ့ဒီကောင်က သမီးကို ကိုယ်ဝန်ရအောင် လုပ်ခဲ့တာပဲ။ တကယ်ရဲတင်းလွန်းတယ်။ ဒါပေမယ့် ဖြစ်ပြီးတာတွေက ဖြစ်ကုန်ပြီ။ အခု စိတ်ဆိုးနေလို့ ဘာထူးမှာလဲ။ ယန်အာ သမီပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်ဖို့က အရေးကြီးဆုံးပဲ။ ပြီးတော့ အဲ့ဒီကောင်လေးက တာဝန်မဲ့တဲ့သူမဟုတ်ဘူး။ "

၎င်းကို ကြားသောအခါ ဝမ်ယန်၏ နှလုံးသားက ကြည်နူးမှုများဖြင့် ပြည့်နှက်သွားသည်။ သူမက ထပ်မံ ဒူးထောက်လိုက်သည်။ " သမီး အဖေကို ကျေးဇူးတင်ပါတယ်။ "

" ဒေါ်လေးဗိုက်ထဲမှာ ညီမလေး ရှိနေတာလား။ " ဝမ်လီက ဝမ်ယန်၏ ဘေးသို့ လျှောက်လာပြီး ပြောလိုက်သည်။

" ဘာလဲ။ လီအာက ညီမလေး လိုချင်လို့လား။ " ဝမ်ကျန့်က ရယ်မောလိုက်သည်။

" ဟုတ်ကဲ့။ " ဝမ်လီက စဉ်းစားမနေဘဲ ပြန်ဖြေသည်။

" ဒါဆိုရင်တော့ နောက်ဆယ်လကြာတဲ့အခါ သားဒေါ်လေးက ညီလေးမွေးမလား ညီမလေးမွေးမလား စောင့်ကြည့်ကြတာပေါ့။ " ဝမ်ကျန့်က ပြုံးပြီး ပြောလိုက်သည်။

" သခင်ကြီး အခု ယန်အာက ကိုယ်ဝန်ရှိနေပြီဆိုတော့ ကျောက်ဖုန်းကို ပြန်ခေါ်ပြီး လက်ထပ်ပေးသင့်ပြီမဟုတ်လား။ " ဝမ်ကတော်က ပြောလိုက်သည်။

" ကျောက်ဖုန်းက အခုမှ လက်ထောက်စစ်သူကြီးဖြစ်လာပြီး အရေးပါတဲ့နေရာမှာ တပ်စွဲထားရတာပဲ။ ဒါ့အပြင် သူက စစ်မှုထမ်းသက် နှစ်နှစ်တောင် မပြည့်သေးတော့ သူ့ကို ပြန်ခေါ်ဖို့က မလွယ်ဘူး။ ပြီးတော့ ဒီကိစ္စနဲ့ ပက်သက်ပြီး ငါက မင်းကြီးကို တစ်ခါ ငြင်းဆန်ပြီးပြီ။ တကယ်လို့ နောက်ထပ်တစ်ခု တောင်းဆိုခဲ့ရင် အရှင်မင်းကြီးကို အမျက်ထွက်သွားစေနိုင်တယ်။ " ဝမ်ကျန့်က ဘေးနက်စွာ ပြောလိုက်သည်။

" ဒါဆို ယန်အာကိစ္စကို ဘယ်လိုလုပ်မလဲ။ " ဝမ်ကတော်က မေးလိုက်သည်။

" အတင်းအဖျင်းစကားတွေလား။ " ဝမ်ကျန့်က ပြုံး၍ အေးစက်စွာ ပြောလိုက်သည်။ " ဘယ်သူက ငါ့သမီးကို မကောင်းပြောရဲမှာလဲ။ ယန်အာ သမီး ကိုယ်ဝန်ကိုပဲ ဂရုစိုက်ပါ။ ရှင်မ မင်း ယန်အာကို သေချာဂရုစိုက်ပေးပါ။ သူမ စိတ်အနှောက်အယှက်ဖြစ်ပြီး ကလေးက်ု ထိခိုက်စေမယ့် အရာမျိုး ဘာမှမဖြစ်စေနဲ့။ "

" ကျောက်ဖုန်းအတွက်ကတော့ ငါသူဆီကို စာတစ်စောင် ရေးလိုက်မယ်။ သူက ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ငါသိချင်မိတယ်။ " ဝမ်ကျန့်က ပြောလိုက်သည်။

" အဖေ သဘောအတိုင်းပါပဲ။ " ဝမ်ယန်က ခေါင်းညိမ့်လိုက်သည်။ (နောက်တစ်ခန်းဆို ကျောက်ဖုန်းလာပါပြီ 😬😬)

All Chapters