← Chapters

အခန်း (၈၇)

Vol. 9 Ch. 87

အခန်း (၈၇)

Vol. 9 Ch. 87

ဝေမြို့၊ ဝေမြစ်ကမ်းခြေတွင် ကျောက်ဖုန်းက သူ၏ ကိုယ်ရံတော်မြင်းစစ်သည် တစ်ရာနှင့်အတူ မြင်းစီးလာသည်။ သူ၏ ရှေ့မှ အဆက်မပြတ် စီးဆင်းနေသော ဝေမြစ်ကို ကြည့်ပြီး သူ၏ စိတ်ထဲတွင် ခံစားချက်တစ်ခုပေါ်လာသည်။ ယခင်ဘဝတုန်းက ကျောက်ဖုန်းက တောင်ပိုင်းသားဖြစ်ပြီး မြောက်ပိုင်းသားမဟုတ်သောကြောင့် ၎င်းကို တစ်ခါမှမမြင်ဖူးခဲ့ပေ။

" ဒါက ဒဏ္ဍာရီလာဝေမြစ်ပေါ့။ တကယ်ကို သာယာတာပဲ။ " ကျောက်ဖုန်းက ရေရွတ်လိုက်သည်။

ထိုအချိန်တွင် ကျန်းဟန်နှင့် အခြားသူများက မြင်းများဖြင့် မြစ်ကမ်းဘေးသို့ ရောက်လာကြသည်။

" စစ်သူကြီး အားလုံးစီစဉ်ပြီးပါပြီ။ ဟန်ရှီက ဝေမြို့က လျို့ဝှက်နေရာတစ်ခုကို ရှာဖွေနိုင်ခဲ့ပါတယ်။ ဒီကနေဆိုရင် တစ်နာရီလောက်ပဲ သွားရပါတယ်။ စုဆောင်းထားတဲ့ လူအားလုံးကိုလည်း အဲ့ဒီလျို့ဝှက်နေရာကို ပြောင်းရွှေ့ထားပါပြီ။ စစ်သူကြီး အဲ့ဒီကို သွားကြမလား။ " ကျန်းဟန်က ရိုသေစွာ အစီရင်ခံလိုက်သည်။

" အဆင်သင့်ဖြစ်ပြီပေါ့။ ရှေ့ကသွားပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ သူက တပ်ဖွဲ့များကို ရှင်းကျန်းမှ ဝေမြို့သို့ ပြောင်းရွှေ့လာခဲ့သည်မှာ ဆယ်ရက်နီးပါး ရှိပြီဖြစ်သည်။ ထိုအချိန်အတွက်း သူက စစ်တပ်ကို လျင်မြန်စွာ ပေါင်းစည်းပြီး စခန်းချခဲ့သည်။

ယနေ့တွင် သူက သမိုင်းဝင် ဝေမြစ်သို့ လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။ အမှန်တော့ သူက မြို့ထဲမှ ထွက်လာရသည့် အဓိကရည်ရွယ်ချက်မှာ သူ၏ သေမင်းတမန် စစ်သည်များ၏ လေ့ကျင့်ရေးကွင်းကို စစ်ဆေးရန်ဖြစ်သည်။

ကျောက်ဖုန်းက ကျန်းဟန်၏ လမ်းပြမှုဖြင့် ဝေမြို့မှ မိုင်အနည်းငယ် ဝေးသော တောအုပ်ထဲသို့ ဝင်ရောက်လာကြသည်။ သူတို့ထဲမှ အချို့ကို မြင်းများ စောင့်ရှောက်ရန် တောအုပ်အပြင်ဘက်တွင် ထားခဲ့ပြီး ကျောက်ဖုန်းနှင့် ကျန်းဟန်တို့က ခြေလျင်ဆက်သွညးကြသည်။ တောအုပ်က ထူထပ်ပြီး မြေပြင်က ညီညာမှုမရှိသောကြောင့် မြင်းများဖြင့် ဆက်သွား၍ မရနိုင်ပေ။

" ဒီတောအုပ်က တော်တော်ကြီးပြီး ထူထပ်တာပဲ။ သာမန်လူတစ်ယောက်ဆိုရင် ဒီထဲမှာ အလွယ်တကူ လမ်းပျောက်သွားနိုဂ်တယ်။ ဟန်ရှီက နေရာကောင်းရွေးတတ်တာပဲ။ " ကျောက်ဖုန်းက ပတ်ဝန်းကျင်ကို ကြည့်ပြီး ပြောလိုက်သည်။

သစ်ပင်များက နေရောင်ခြည်မတိုးပေါက်နိုင်အောင် ထူထပ်လှပြီး တောအုပ်တစ်ခုလုံးက ကြောက်စရာကောင်းအောင် ​မှောင်မိုက်နေသည်။

" ဟန်ရှီပြောတာက ဒီနေရာကို တစ္ဆေတောအုပ်လို့ခေါ်တယ်တဲ့။ " ကျန်းဟန်က လမ်းလျှောက်ရင်း ရှင်းပြလိုက်သည်။ " ဒီထဲမှာ ရက်စက်ဆဲ့ သားရဲတွေ အများကြီးရှိတယ်။ အဲ့ဒါကြောင့် သာမန်လူတွေ မဝင်ရဲကြဘူး။ ဟန်ရှီက ဒီတောနက်ထဲကို ဝင်ဖို့ တောင်ပတ်လမ်းတစ်ခုကို ခက်ခက်ခဲခဲ ဖောက်လုပ်ခဲ့ရတာ။ "

" ဒီနေရာက တကယ်ကို လျို့ဝှက်ပါတယ်။ ဒါပေမယ့် သေမင်းတမန်စစ်သည်တွေကို လေ့ကျင့်ပေးပြီးတာနဲ့ ပတ်ပတ်လည်မှာ ကင်းစခန်းတွေ ချထားရမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " တကယ်လို့ တစ်ယောက်ယောက်က ကျူးကျော်ဝင်ရောက်လာရင် ဖြစ်နိုင်ရင် ပုန်းနေကြ။ တကယ်လို့ အတွေ့ခံလိုက်ရရင် နေရာတင် အပြတ်ရှင်းလိုက်ကြ။ "

" ဟန်ရှီက အဲ့ဒါကို နားလည်မှာပါ။ " ကျန်းဟန်က ပြုံး၍ ပြောလိုက်သည်။

သူတို့က စကားပြောရင်း လမ်းလျှောက်နေကြပြီး ခဏကြာသောအခါ သူတို့က တောနက်ထဲမှ မက်စောက်သော ချောက်ကမ်းပါးတစ်ခု၏ ခြေရင်းသို့ ရောက်လာကြသည်။

ထိုနေရာတွင် သစ်သားတဲလေးများ ​ဆောက်ထားကြပြီး ခြံစည်းရိုးများကာရံထားကာ ကင်းသမားများက ကင်းသမားများက စောင့်ကြပ်နေကြသည်။

" ရပ်လိုက် " သူတို့ရောက်လာသောအခါ ကင်းသမားတစ်ယောက်က အော်ဟစ်တားဆီးလိုက်သည်။

" ငါတို့အရှင် ရောက်လာတာပဲ။ လမ်းဖယ်ကြ။ " ကျန်းဟန်က ဟိန်းဟောက်လိုက်သည်။

ကျန်းဟန်ကို မှတ်မိသွားသောအခါ ကင်းသမားများက ချက်ချင်း ဒူးထောက်ပြီး ရိုသေလေးစားစွာ နှုတ်ဆက်လိုက်ကြသည်။ " အရှင်ကို အရိုအသေပေးပါတယ်။ "

ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး အထဲသို့ လျှောက်ဝင်သွားသည်။ အတွင်း၌ လူငယ်ပေါင်းရာချီရှိနေပြီး ဟန်အထူးတပ်ဖွဲ့ဝင်ဟောင်းများက သူတို့ကို လေ့ကျင့်ပေးနေကြသည်။ ဟန်ရှီက ကျောက်ဖုန်းရောက်လာသည်ကို မြင်သောအခါ ချက်ချင်း အော်ဟစ်လိုက်သည်။

" အရှင်ကို နှုတ်ဆက်ကြ။ "

ထိုစကားများကို ကြားသောအခါ လူငယ်သုံးရာက ချက်ချင်း ဒူးထောက်လိုက်ကြပြီး သူတို့၏ မျက်နှာများတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။

" ကျွန်တော်တို့ အရှင်ကို အရိုအသေပေးပါတယ်။ "

သူတို့က အသက်ငယ်ကြသော်လည်း အကြောင်းအရာတစ်ခုက ရှင်းလင်းနေသည်။ ဟန်ရှီက သူတို့တစ်ယောက်ချင်းစီကို သေခါနီးအချိန်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်တင်ခဲ့ခြင်းဖြစ်သည်။ ဟန်ရှီ၏ စကားအရ ကျောက်ဖုန်းက သူတို့ကို အသက်ရှင်ခွင့်ပေးထားသော ကျေးဇူးရှင်ဖြစ်သည်။

" ထပါ။ " ကျောက်ဖုန်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရှင်။ " လူငယ်သုံးရာက ထရပ်လိုက်ပြီး ကျောက်ဖုန်းကို ရိုသေစွာ ကြည့်လိုက်ကြသည်။

" အားလုံးနားထောင်ကြ။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ပြောလိုက်သည်။ " ငါ မင်းတို့ကို အသက်ရှင်ခွင့်ပေးခဲ့တယ်။ အဲ့ဒီအတွက် မင်းတို့ကလည်း ငါ့ရဲ့ ကိုယ်ပိုင်စစ်သည်တွေ ဖြစ်လာရမယ်။ "

" ဒီနေ့ကစပြီး မင်းတို့မှာ လွတ်လပ်ခွင့်မရှိတော့ဘူး။ မင်းတို့က အပြင်ထန်ဆုံး လေ့ကျင့်မှုတွေကို ခံယူရမှာဖြစ်ပြီး မင်းတို့ထဲက အများကြီး သေဆုံးသွားနိုင်တယ်။ ဒါပေမယ့် လေ့ကျင့်မှုပြီးဆုံးပြီး ထူးချွန်တဲ့သူတွေဖြစ်လာရင် ငါမင်းတို့ကို အကန့်အသတ်မရှိတဲ့ အနာဂတ်ကို အာမခံပေးနိုင်တယ်။ "

" ချမ်းသာကြွယ်ဝမှု၊ ဂုဏ်သိက္ခာ၊ အာဏာ အားလုံးကို မင်းတို့ ပိုင်ဆိုင်နိုင်တယ်။ ငါလိုချင်တာက မင်းတို့ရဲ့ သစ္စာရှိမှုပဲ။ ဒီလောကမှာ လူစိတ်ဆိုတာ ခန့်မှန်းရ အခက်ဆုံးပဲ။ သစ္စာမရှိတဲ့သူတွေက ငါ့ကို အမှုထမ်းဖို့ မထိုက်တန်သလို ငါ့ရဲ့ ကာကွယ်မှုအောက်မှာနေထိုင်ဖို့လည်း မထိုက်တန်ဘူး။ " ကျောက်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူက အင်အားစုကဏ္ဍကို ဖွင့်လိုက်သည်။

အင်အားစုခေါင်းဆောင် - ကျောက်ဖုန်း

အဖွဲ့ဝင် - ၅၁၅ ယောက်

ပင်မကျင့်စဉ် - ကျုံးကျိအတွင်းအားကျင့်စဉ်

အဆင့် - နှစ် ( စိတ်ဝိညာဉ်စွမ်းအားပါဝင်သော ပစ္စည်းများကို လောင်ကျွမ်းစေခြင်းဖြင့် ပင်မကျင့်စဉ်၏ ကျင့်ကြံမှုနှုန်းကို လျင်မြန်စေသည်။)

အောက်တွင် သူ၏ အင်အားစုအဖွဲ့ဝင်စာရင်းနှင့် သူတို့၏ သစ္စာရှိမှုများကို ဖော်ပြထားသည်။ တစ်ချက်ကြည့်ရုံနှင့် ကျောက်ဖုန်းက သစ္စာရှိမှုနည်းပါးသူအများအပြားကို တွေ့လိုက်ရသည်။ အချို့က အမှတ် ၄၀အောက်သာ ရှိကြပြီး အနိမ့်ဆုံး သတ်မှတ်ချက်ကိုပင် မမီကြပေ။ ထိုမျှနည်းသော သစ္စာရှိမှုနှုန်းက အမုန်းတရားနှင့် အတူတူပင်ဖြစ်သည်။

" ဝူလီ၊ ချောင်ချူး၊ ဟူယိ...." ကျောက်ဖုန်းက လူခုနှစ်ယောက်၏ နာမည်များကို ခေါ်လိုက်သည်။ " ရှေ့ကိုထွက်ခဲ့။ "

နာမည်ခေါ်ခံရသူများက စိတ်ထဲတွင် လေးလံသွားသော်လည်း နားမလည်နိုင်စွာဖြင့် ရှေ့သို့ ထွက်လာကြသည်။ သူတို့ထဲမှ လေးယောက်မှာ ကလေးများဖြစ်ကြပြီး ကျန်သုံးယောက်က ဟန်နန်းတွင်း ကိုယ်ရံတော်ဟောင်းများ ဖြစ်ကြသည်။

" မင်းတို့ ငါ့ကို မုန်းလား။ " ကျောက်ဖုန်းက ရုတ်တရက် မေးလိုက်သည်။ သူ၏ စကားကြောင့် လူခုနှစ်ယောက်၏ မျက်နှာများ ဖြူဖျော့သွားကြသည်။

သူတို့က ထိတ်လန့်တကြား ဒူးထောက်လိုက်ကြပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်ကြသည်။ " အရှင်ဆိုလိုတာကို ကျွန်တော်တို့ နားမလည်ပါဘူး။ "

" ဒါက ငါ မင်းတို့ကို ပထမဆုံး တွေ့ဖူးတာပဲ။ ဒါဆို ငါက မင်းတို့နာမည်တွေကို ဘယ်လိုလုပ်သိနေတာလဲ။ လူစိတ်ဆိုတာ သိဖို့ ခက်ပေမယ့် ငါကတော့ အကုန်မြင်နေရတယ်။ ငါမင်းတို့ရဲ့ အသက်ကို ကယ်ခဲ့ပေမယ့် မင်းတို့က ကျေးဇူးတင်ရမယ့်အစား အမုန်းတရားကို မွေးမြူနေကြတယ်။ " ကျောက်ဖုန်း၏ အသံက ခက်ထန်သွားသည်။

သူ၏ စကားအဆုံးတွင် သူ၏ လူယုံများက အမိန့်ကိုပင် မစောင့်တော့ဘဲ ရှေ့သို့ ပြေးထွက်လာကြသည်။ သူတို့က ထိုခုနှစ်ယောက်ကို ဖမ်းဆီးကာ မြေပြင်ပေါ်သို့ ဖိချလိုက်သည်။ ထိုအချိန်တွင် ထိုခုနှစ်ယောက်က ထိတ်လန့်သွားကြပြီး နားမလည်နိုင်ဖြစ်သွားကြသည်။

" အရှင် ဘာလို့လဲ။ " လူတစ်ယောက်က အော်ဟစ်လိုက်သည်။

" ကျွန်တော်တို့ ဘာမှမသိပါဘူး။ " သူတို့က ထိတ်လန့်တကြား အသနားခံနေကြသည်။

" ငါ လူစိတ်ကို မြင်နိုင်တယ်လို့ ငါပြောပြီးပြီလေ။ " ကျောက်ဖုန်း၏ အကြည့်က ဓားတစ်လက်ကဲ့သို့ သူတို့အပေါ်သို့ ကျရောက်လာသည်။

သူက လက်ဝှေ့ရမ်းလိုက်သည်နှင့် ကျန်းဟန်က ချက်ချင်း နားလည်သွားသည်။ သူက ဓားကို ဆွဲထုတ်ကာ လူတစ်ယောက်ဆီသို့ လျှောက်သွားပြီး တစ်ချက်တည်းဖြင့် ပိုင်းချလိုက်သည်။

ရွှပ်.....

ထိုလူမှာ နေရာတင် ခေါင်းပြတ်ပြီး သေဆုံးသွားသည်။ ကျန်ရှိသော ခြောက်ယောက်က ထိတ်လန့်သွားကြပြီး အထူးသဖြင့် လူငယ်လေးယောက်က မျက်နှာများ ပြာနှမ်းသွားသည်။

အခြားလူငယ်များကလည်း ထိတ်လန့်တုန်လှုပ်သော မျက်နှာများဖြင့် စောင့်ကြည့်နေကြသည်။ သို့သော် ကျန်းဟန်က သနားညှာတာမှုမရှိပေ။ ဓားကို နောက်တစ်ကြိမ် ဝှေ့ရမ်းလိုက်ရာ ဒုတိယမြောက် ခေါင်းတစ်လုံးက မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။

" ဟုတ်တယ်။ ကျုပ်ခင်ဗျားကို မုန်းတယ်။ " လူငယ်တစ်ယောက်က ဒေါသများ ပေါက်ကွဲလာပြီး ကျောက်ဖုန်းကို မုန်းတီးစွာ ကြည့်နေသည်။ " ခင်ဗျား ကျုပ်ကို ကယ်ပြီး ကျုပ်အဖေကို ဘာလို့မကယ်ခဲ့တာလဲ။ "

" ငါမင်းကို ကယ်ခဲ့တာက မင်းက ငါ့အတွက် အသုံးဝင်လို့ပဲ။ မင်းအဖေကရော ဘာအသုံးဝင်မှာလဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြန်ပြောလိုက်သည်။

" ငါမင်းတို့အားလုံးကို ကယ်ခဲ့တာက မင်းတို့က ငါ့အတွက် အသုံးဝင်လို့ပဲ။ ငါမင်းတို့ကို ကယ်တယ်။ မင်းတို့က ငါ့ကို အလုပ်လုပ်ပေးရမယ့။ ငါ သူတော်စင်တစ်ယောက်မဟုတ်ဘူး။ " ကျောက်ဖုန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

ကျန်းဟန်က ပြစ်ဒဏ်ကို ဆက်လက်ဆောင်ရွက်လိုက်ပြီး ဓားချက်အနည်းငယ်ဖြင့် ကျန်ရှိသူများကို အဆုံးသတ်လိုက်သည်။

ကျောက်ဖုန်းက ထိုလူများကို စုဆောင်းခြင်းမှာ သူ၏ ကိုယ်ပိုင်အာဏာကို တည်ဆောက်ရန်နှင့် အနာဂတ် အစီအစဉ်များအတွက်ဖြစ်သည်။ ချင်နိုင်ငံက ဟမ်ကို ယခုမှ သိမ်းပိုက်ပြီးစီးခြင်းဖြစ်ပြီး နောက်ထပ်နိုင်ငံငါးခု ကျန်နေသေးသည်။

သမိုင်းကြောင်းအရ ချင်က နိုင်ငံအားလုံးကို သိမ်းပိုက်ရန် ဆယ်နှစ်ကြာပေလိမ့်မည်။ နောက်ထပ်ဆယ်နှစ်ကျော် ကြာပြီးနောက်တွင် ချင်ခေတ်နှောင်းပိုင်းဟုခေါ်သော ကာလသို့ ရောက်လျှင် သူ၏ အင်အားစုကို တစ်ကမ္ဘာလုံးတွင် ကြီးမားသော အဖွဲ့အစည်းတစ်ခုအဖြစ် တည်ဆောက်နိုင်မည်ဟု ယုံကြည်မှုရှိနေသည်။

သူက အမှောင်ထဲတွင် ကိုယ်ပိုင်အဖွဲ့အစည်းတစ်ခု ရှိနေပြီး အပြင်ပန်းတွင်မူ စစ်အာဏာကို ချုပ်ကိုင်ထားမည်ဖြစ်သည်။

All Chapters