← Chapters

အခန်း (၈၈)

Vol. 9 Ch. 88

အခန်း (၈၈)

Vol. 9 Ch. 88

" ငါမင်းတို့ရဲ့ စိတ်ကို မြင်နိုင်တယ်လို့ ငါပြောခဲ့ပြီးပြီ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ " တကယ်လို့ မင်းတို့ ငါ့အပေါ် သစ္စာမရှိရင် ငါသိလိမ့်မယ်။ သစ္စာဖောက်မှုအတွက် တစ်ခုတည်းသော ရလဒ်က သေခြင်းတရားပဲ။ ပြီးတော့ သစ္စာဖောက်တစ်ယောက်က တစ်ယောက်တည်းသေရမှာမဟုတ်ဘူး။ သူတို့ရဲ့ မိသားစုကပါ အတူလိုက်သေရမယ်။ "

သူက အကြင်နာတရားလွန်ကဲနေသူမဟုတ်ပေ။ သစ္စာရှိမှုကို ရယူရန်အတွက် နည်းလမ်းများရှိရန် လိုအပ်သည်။

" ကျွန်တော်တို့ အရှင်ကို သေတဲ့အထိ အမှုထမ်းဖို့ ကျိန်ဆိုပါတယ်။ " ထိုအချိန်တွင် ပြတ်သားသော အမူအရာနှင့် လူငယ်တစ်ယောက်က အော်ဟစ်လိုက်သည်။

သူ၏ အော်ဟစ်သံနှင့်အတူ အခြားလူငယ်များအားလုံးကလည်း တညီတညွှတ်တည်း လိုက်လံအော်ဟစ်လိုက်ကြသည်။ " ကျွန်တော်တို့က အရှင်ကို သေတဲ့အထိ အမှုထမ်းဖို့ ကျိန်ဆိုပါတယ်။ "

ကျောက်ဖုန်း၏ အကြည့်က ထိုလူငယ်ပေါ်သို့ ကျရောက်သွားသည်။ " မင်းနာမည်ဘယ်သူလဲ။ "

" အရှင် ကျွန်တော်နာမည် ယင်ပုပါ။ " လူငယ်က ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။ သူ၏ အမူအရာက ပြတ်သားလှပြီး သူ၏ ရှေ့မှ အလောင်းများကို မြင်ရသော်လည်း ထိတ်လန့်သည့် အရိပ်အယောင်မရှိပေ။

" ယင်ပု ဒါက တကယ် အံ့အားသင့်စရာပဲ။ " ထိုနာမည်ကို ကြားသောအခါ ကျောက်ဖုန်းက အနည်းငယ် အံ့အားသင့်သွားသည်။ သမိုင်းမှတ်တမ်းတွေအရ သူက ရှန်းယုပြီးလျှင် ခွန်အားအကြီးဆုံးဟု ကျော်ကြားသော စစ်သူကြီးတစ်ယောက်ဖြစ်သည်။

" ဒါပေမယ့် သမိုင်းမှတ်တမ်းတွေအရ ယင်ပုက ဒီခေတ်မှာ ချူနိုင်ငံမှာ ဖြစ်ရမှာပါ။ အဲ့ဒါကို သူက ဘယ်လိုလုပ် ဟန်နယ်မြေထဲ ရောက်နေတာလဲ။ ငါ့ရှေ့က ကောင်လေးက အသက်ဆယ်နှစ်ဝန်းကျင်လောက် ရှိပုံပဲ။ ဒါက အချိန်ကာလနဲ့ ကိုက်ညီနေတယ်။ "

" မင်းက ချူနိုင်ငံက မဟုတ်လား။ " ကျောက်ဖုန်းက စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။

" အရှင်က ဒါကို ဘယ်လိုလုပ်သိတာလဲ။ " ယင်ပုက အံ့အားသင့်သွားသည်။ သူက ကျောက်ဖုန်းကို တုန်လှုပ်စွာ စိုက်ကြည့်လိုက်သည်။

နယ်မြေအသီးသီးမှ လူများက လူမျိုးစုချင်းတူညီနေကြသောကြောင့် ရုပ်ရည်ကို ကြည့်ရုံဖြင့် မည်သည့်နိုင်ငံမှဖြစ်သည်ကို ခွဲခြားရန် မဖြစ်နိုင်ပေ။

" မင်း ဘာလို့ဟန်နယ်မြေကို ရောက်လာတာလဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" ကျွန်တော် မိဘတွေ အသတ်ခံလိုက်ရလို့ပါ။ " ယင်ပုက အမှန်အတိုင်း ဖြေလိုက်သည်။ " အဲ့ဒါကြောင့် ကျွန်တော်က တရားခံကို ကိုယ်တိုင်သတ်ပြီး ဟန်ကို ထွက်ပြေးခဲ့တာပါ။ "

" စစ်ပွဲကြားမှာ ပိတ်မိသွားလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး။ ရှင်းကျန်းမြို့မှာ ကျွန်တော် သေခါနီးအချိန်မှာ အရှင်ရဲ့ လူတစ်ယောက်က ကယ်တင်ခဲ့တာပါ။ "

" အင်း " ကျောက်ဖုန်းက ပြုံးလိုက်သည်။ သူ၏ စနစ်မှ အချက်အလက်များအရ ယင်ပု၏ သစ္စာရှိနှုန်းက ၆၀ ကျော်သွားပြီကို တွေ့လိုက်ရသည်။

" မင်းက တကယ်ရိုးသားတာပဲ။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " ပြီးတော့ မင်းရဲ့ အလားအလာကိုလည်း ငါမြင်နေရတယ်။ ငါ့အပေါ် သစ္စာရှိရင် မင်းအလိုရှိသမျှကို ငါပေးမယ်။ "

" ဒီနေ့ကစပြီး မင်းက ဒီစစ်သည်သုံးရာရဲ့ ယာယီခေါင်းဆောင် ဖြစ်လိမ့်မယ်။ တကယ်လို့ မင်းက လေ့ကျင့်ရေးကို အောင်မြင်ပြီး သူတို့ထဲမှာ အတော်ဆုံးဖြစ်ကြောင်း သက်သေပြနိုင်ရင် ဒီတပ်ဖွဲ့ရဲ့ ခေါင်းဆောင်နေရာက မင်းအတွက်ပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ထိုကတိစကားက ယင်ပုအတွက် ဆုလာဘ်တစ်ခုပင် ဖြစ်သည်။ ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ သူ၏ မျက်ဝန်းများက စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်သွားသည်။ သူက ချက်ချင်း ဒူးထောက်လိုက်သည်။

" ကျွန်တော် အရှင်ကို လုံးဝ စိတ်မပျက်စေရပါဘူး။ "

ထိုအချိန်တွင် ယင်ပု၏ သစ္စာရှိမှုက ၇၀သို့ မြင့်တက်သွားသည်။ အခြားသူများက သူ့ကို အားကျမှု၊ မနာလိုမှုများဖြင့် ကြည့်နေကြသည်။ သူက ယခုမှ ရောက်လာသူဖြသ်သော်လည်း ကျောက်ဖုန်း၏ မျက်စိကျခြင်းကို ခံလိုက်ရသည်။

" ဟန်ရှီ " ကျောက်ဖုန်က တစ်ဖက်သို့ လှည့်လိုက်သည်။

" ကျွန်တော်မျိုး ရှိပါတယ်။ " ဟန်ရှီက ချက်ချင်း ပြန်ပြောလိုက်သည်။

" အခု သူတို့ကို ဘယ်သူလေ့ကျင့်ပေးနေတာလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" အရှင် သူ့နာမည်က ဟန်ရွှမ်းပါ။ " ဟန်ရှီက သူ၏ ဘေးမှလူကို ညွှန်ပြလိုက်သည်။ " သူက ဟန်ကိုယ်ရံတော် တပ်ဖွဲ့ရဲ့ ဒုတပ်မှူးဟောင်းဖြစ်ပြီးတော့ စစ်သည်တွေကို လေ့ကျင့်ပေးတဲ့နေရာမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါတယ်။ "

" ဟန်ရွှမ်းက အရှင်ကို ဂါရဝပြုပါတယ်။ " ဟန်ရွှမ်းက ဦးညွှတ်လိုက်သည်။

" မင်းက ကိုယ်ရံတော်တပ်ဖွဲ့ရဲ့ ဒုတပ်မှူးဖြစ်ပြီး ဟန်မြို့တော်ကို မသိမ်းပိုက်ခင် အနားယူခဲ့တယ်။ ဘာလို့ဒီလိုဝေးလံတဲ့ တောင်တန်းတွေဆီကို ငါနဲ့အတူ လိုက်လာချင်ရတာလဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" အသက်ရှင်ဖို့နဲ့ မိသားစုအတွက်ပါ။ " ဟန်ရွှမ်းက လေးနက်စွာ ပြန်ဖြေလိုက်သည်။ " ကျွန်တော်ရဲ့ တစ်ခုတည်းသော အရည်အချင်းက စစ်သည်တွေကို လေ့ကျင့်ပေးဖို့ပါပဲ။ အရှင်ဘက်က ချင်နိုင်ငံရဲ့ စစ်သည်တွေလို အားပေးမှုနဲ့ ဆုလာဘ်ပေးတဲ့ စနစ်မျိုးပေးမယ်ဆိုရင် ကျွန်တော်ကလည်း အစွမ်းထက်တဲ့ စစ်တပ်တစ်ခုကို တည်ဆောက်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ "

" မင်းကို လေ့ကျင့်ပေးခိုင်းတာက သာမန်စစ်သည်တွေမဟုတ်ဘူး။ " ကျောက်ဖုန်းက ပြတ်သားစွာ ပြောလိုက်သည်။

" ဒါဆို အရှင်က ဘာလိုချင်တာလဲ။ " ဟန်ရွှမ်းက မေးလိုက်သည်။

" ရှေ့တန်းကနေ တိုက်ခိုက်ဖို့ စစ်သည်တွေကို ငါမလိုဘူး။ ငါ့ရဲ့ လက်အောက်မှာရှိတဲ့ ချင်စစ်သည်တွေက အဲ့ဒါကို လုပ်နိုင်တယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" ငါ မင်းကို လေ့ကျင့်ပေးစေချင်တာက ငါ့ရဲ့ ကိုယ်ပိုင် သေမင်းတမန်စစ်သည်တွေပဲ။ သူတို့က အမှောင်ထဲမှာ သွားလာတဲ့ လုပ်ကြံသတ်ဖြတ်သူတွေဖြစ်ရမယ်။ သူတို့က ငါ့အမိန့်ကိုပဲ နာခံရမယ့။ ပြီးတော့ ဘယ်စစ်သည်ထက်မဆို အစွမ်းထက်ရမယ်။ "

" ကျွန်တော်မျိုး နားလည်ပါပြီ။ " ဟန်ရွှမ်းက ချက်ချင်း သဘောပေါက်လိုက်သည်။ " အရှင်က ကျွန်တော်မျိုးကို လုပ်ကြံသတ်ဖြတ်သူတွေ လေ့ကျင့်ပေးစေချင်တာပဲ။ "

" မင်းလုပ်နိုင်ပါ့မလား။ " ကျောက်ဖုန်းက ဟန်ရွှမ်းကို ကြည့်လိုက်သည်။

" လုပ်နိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်မှုက အရမ်းရက်စက်ပါလိမ့်မယ်။ " ဟန်ရွှမ်းက ပြတ်သားစွာ ပြောလိုက်သည်။

" မင်းဘယ်လိုလုပ်မလဲဆိုတာ ငါဂရုမစိုက်ဘူး။ ငါ ထိပ်တန်းစစ်သည်တွေပဲလိုချင်တယ်။ မင်းလူလိုရင် ငါလူပေးမယ်။ မင်းပိုက်ဆံလိုရင် ငါပိုက်ဆံပေးမယ်။ ဘယ်လောက်ပဲကုန်ကျပါစေ အောင်မြင်အောင်လုပ်ရမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ကျွန်တော်မျိုး အရှင်ကို စိတ်မပျက်စေရပါဘူး။ " ဟန်ရွှမ်းက ထပ်မပြောဘဲ ဒးထောက်လိုက်သည်။

ကျောက်ဖုန်းက တန်းစီနေသော လူငယ်များကို တစ်ချက်ကြည့်ပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ ဓားများနှင့် ဒူးလေးများစွာက ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းကို အရင်က မြင်ဖူးထားသော ကျန်းဟန်နှင့် အခြယးသူများက အံ့အားသင့်ခြင်းမရှိကြပေ။ သို့သော် အခြားသူအားလုံးက လုံးဝ မှင်သက်သွားကြသည်။

" အရှင်က လက်နက်တွေအများကြီးကို လေထဲကနေ ပေါ်လာအောင် လုပ်နိုင်တာပဲ။ အရှင်က နတ်ဘုရားလား။ "

" ငါတို့အရှင်က တကယ် နတ်ဘုရားပဲ။ ဒါကြောင့်လည်း သူက လူတွေရဲ့ စိတ်ကို မြင်နိုင်တာပေါ့။ "

အားလုံးက ကျောက်ဖုန်းကို အံ့ဩတုန်လှုပ်စွာ ကြည့်နေကြပြီး သူတို့၏ စိတ်ထဲတွင် နက်ရှိုင်းသော လေးစားမှုများ ပြည့်နှက်သွားကြသည်။ ထိုသို့သော လုပ်ရပ်မျိုးကို နတ်ဘုရားများ မလုပ်နိုင်လျှင် အခြားဘယ်သူလုပ်နိုင်မှာလဲ။

ကျောက်ဖုန်းက သူတို့ကို တည်ငြိမ်စွာဖြင့် တစ်ချက်ဝေ့ကြည့်လိုက်သည်။ ၎င်းက သူ၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ သူတို့၏ ရှေ့တွင် ကြီးမားသော စွမ်းအားကို ထုတ်ဖော်ပြမှာသာ သူ၏ အမိန့်ကို ဘယ်သူမှ မဆန့်ကျင်အောင် လုပ်နိုင်မည်ဖြစ်သည်။

" ဟန်ရွှမ်း ဒီလက်နက်တွေကို မင်းကို တာဝန်ပေးလိုက်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " နောက်သုံးလနေရင် မင်းရဲ့ လေ့ကျင့်မှုရဲ့ ကနဦးရလဒ်တွေကို ငါစစ်ဆေးမယ်။ "

" ဟုတ်ကဲ့ပါ အရှင် " ဟန်ရွှမ်းက ချက်ချင်း ပြောလိုက်သည်။ သူ၏ အကြည့်ကလည်း အခြားသူများကဲ့သို့ပင် အံ့ဩလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

ကျောက်ဖုန်းက ဘေးသို့ လျှောက်သွားသည်။ ဟန်ရှီက သူ၏ အရှင်တွင် ညွှန်ကြားစရာရှိသည်ကို သဘောပေါက်ပြီး နောက်မှ လိုက်ပါသွားသည်။ ဟန်ဘုရင်ကို နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သူဖြစ်သဖြင့် ဟန်ရှီက အခြေအနေကို ကောင်းစွာ အကဲခတ်တတ်လေသည်။

" ငါ့ဆီမှာ လျို့ဝှက်နည်းစနစ်နှစ်ခု ရှိတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။ " တစ်ခုက သံမဏိသွန်းလုပ်ခြင်းနည်းစနစ်ပဲ။ ဒါက စစ်တပ်မှာ သုံးနေတဲ့ ဓားတွေထက် ပိုကောင်းတဲ့ ဓားတွေကို သွန်းလုပ်နိုင်လိမ့်မယ်။ နောက်တစ်ခုက အရက်ချက်နည်းစနစ်ပဲ။ ဒါက တစ်ကမ္ဘာလုံးမှာ အပြင်းဆုံးအရက်ကို ထုတ်လုပ်နိုင်လိမ့်မယ်။ "

သူပြောနေစဉ် သူ၏ လက်ထဲတွင် စာရွက်နှစ်ရွက် ပေါ်လာသည်။

" အရှင်ကို မေးပါရစေ။ " ဟန်ရှီက မေးလိုက်သည်။ " ဒီသံမဏိသွန်းလုပ်ခြင်းနည်းစနစ်က တကယ် ထိပ်တန်းသံမဏိတွေကို သန့်စင်ပေးနိုင်တာလား။ "

" ဟုတ်တယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ " ဒါက ကမ္ဘာပေါ်က ဘယ်နည်းလမ်းထက်မဆို သာလွန်တဲ့ ထိပ်တန်းသံမဏိသွန်းလုပ်ခြင်းနည်းစနစ်ပဲ။ "

သူက ရတနာသေတ္တာမှ ရရှိထားသော ထိုနည်းစနစ်ကို လုံးဝ ယုံကြည်မှုရှိနေသည်။ ထိုနည်းစနစ်က ဤခေတ်ကာလထက် ကျော်လွန်နေသည်မှာ သေချာသည်။

" အရှင်က တကယ်နတ်ဘုရားပဲ။ " ဟန်ရှီက ရိုသေစွာ ပြောလိုက်သည်။

" ဒီနည်းစနစ်နှစ်ခုကို မင်းကိုယ်တိုင် စီမံခန့်ခွဲရမယ်။ မင်းကလွဲလို့ ဘယ်သူမှသိလို့မရဘူး။ တစ်ယောက်ယောက်က ငါ့လက်အောက်ကို ရောက်လာပြီဆိုရင် ထွက်သွားဖို့ အခွင့်အရေးမရှိဘူး။ ထွက်ပြေးဖို့ ကြိုးစားတဲ့ ဘယ်သူမဆို ဟန်ရွှမ်းကို ရှင်းခိုင်းလိုက်။ ငါ့လက်အောက်မှာ သစ္စာဖောက်တွေအတွက် အခွင့်အရေးမရှိဘူး။ " ကျောက်ဖုန်းက ပြတ်သားစွာ ပြောလိုက်သည်။

" စိတ်ချပါ အရှင် " ဟန်ရှီက ချက်ချင်း အာမခံလိုက်သည်။ " ကျွန်တော်မျိုး ဒီနည်းစနစ်နှစ်ခုကို ကိုယ်တိုင်စောင့်ကြပ်ပါမယ်။ တကယ်လို့ ဒီနည်းစနစ်တွေ ပျောက်ဆုံးသွားရင် ကျွန်တော်မျိုး အသက်ပေးပြီး အပြစ်ကို ခံယူပါမယ်။ "

" ထိပ်တန်းသံမဏိကို သန့်စင်ဖို့ သံရိုင်းတွေလိုတယ်။ ဒါကြောင့် မင်းဆီမှာ ရွှေစငါးထောင် ထားခဲ့လိုက်မယ်။ လိုအပ်သလို အသုံးချပါ။ ဒါ့အပြင် ယင်ချွမ်းတစ်ခွင်က မြို့အသီးသီးမှာရှိတဲ့ အရက်ဆိုင်အချို့ကို တိတ်တဆိတ် ဝယ်ခိုင်းလိုက်ပါ။ "

" နောက်တစ်ချိန်မှာ ငါတို့ ထုတ်လုပ်တဲ့ အရက်ပြင်းတွေက ငါတို့ အင်အားစုအတွက် အကြီးမားဆုံး ရန်ပုံငွေအရင်းအမြစ် ဖြစ်လာလိမ့်မယ်။ အရက်ချက်ဖို့ လိုအပ်တဲ့ ကောက်ပဲသီးနှံတွေကို တိုက်ရိုက်ဝယ်ယူဖို့ လူလွှတ်နိုင်တယ်။ " ကျောက်ဖုန်းက ညွှန်ကြားလိုက်သည်။

" ကျွန်တော်မျိုး နားလည်ပါပြီ။ " ဟန်ရှီက ခေါင်းညိမ့်လိုက်ပြီး ကျောက်ဖုန်း၏ စကားများကို မှတ်သားထားလိုက်သည်။

All Chapters