← Chapters

အကူအညီလေးတစ်ခု တောင်းဆိုခြင်း

Vol. 33 Ch. 359

အကူအညီလေးတစ်ခု တောင်းဆိုခြင်း

Vol. 33 Ch. 359

ထန်ထျန်း၏ အဖြေကို ကြားလိုက်ရသည့်အခါ မိုကျွင်းမှာ မျက်လုံးအဝိုင်းသား ဖြစ်သွားခဲ့၏။

"မင်းရဲ့ စီးပွားရေး အတွေးအခေါ်ကတော့ တကယ့်ကို ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်လိုက်သလိုပဲ၊ နတ်ဘုရားတွေကိုတောင် တုန်လှုပ်သွားစေနိုင်တယ်လို့ ငါ ဝန်ခံပါတယ်ကွာ"

"ဒါပေမဲ့ ဒါက နောက်စရာ မဟုတ်ဘူးနော်"

"ထျန်းရှထုန်က ဒီနေရာမှာ တိုးတက်ချင်တယ်ဆိုရင် အင်မော်တယ်အဆင့် ပစ္စည်းတွေနဲ့ မထိတွေ့လို့ လုံးဝ မဖြစ်ဘူး။"

" ဒါပေမဲ့ မင်းတို့က အပြင်လောကမှာပဲ အမြဲရှိနေခဲ့တာဆိုတော့ ထိတွေ့ခွင့်က သိပ်မရှိလောက်ဘူး"

မိုကျွင်းက ခဏမျှ စဉ်းစားပြီးနောက် "ဒီလိုလုပ်လေ... ငါ မင်းအတွက် ဆေးလုံးသန့်စင်ခြင်း အတတ်ပညာ၊ လက်နက်သွန်းလုပ်ခြင်း ၊ အဆောင် ဖန်တီးခြင်း နဲ့ အစီအရင်အတတ်ပညာ စတဲ့ နယ်ပယ်အသီးသီးမှာ နာမည်ကျော်တဲ့ ဆရာ တချို့နဲ့ ချိတ်ဆက်ပေးမယ်"

"ပြီးရင် မင်း သူတို့နဲ့ ဆွေးနွေးကြည့်ပေါ့၊ တတ်နိုင်သမျှ များများ စည်းရုံးနိုင်အောင် ကြိုးစားကြည့်။ "

"မင်းက အကုန်လုံးကို ရောင်းချင်တာဆိုတော့ ဆရာ တွေ များလေလေ၊ မင်းရဲ့ အိပ်မက်က တကယ်ဖြစ်လာဖို့ ပိုနီးစပ်လေလေပဲ မဟုတ်လား"

ထန်ထျန်း နားထောင်ပြီးနောက် သူမှာ နောက်နေခြင်း မဟုတ်ကြောင်းသာ ပြောချင်တော့သည်။

သူက တကယ်ကို ဤသို့လုပ်ရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

ဖြစ်နိုင်လျှင် ဝမ်ပေါင်ရေကန် တစ်ခုလုံးကိုပင် သိမ်းပိုက်လိုက်ချင်ပေသေးသည်။

သို့သော် မိုကျွင်းပြောသည့် ကိစ္စကလည်း လိုအပ်ချက် တစ်ခုပင် ဖြစ်၏။

ရေရှည်တည်တံ့သော ကုန်သွယ်ရေးအသင်းတစ်ခု တည်ဆောက်ရန်အတွက် ကိုယ်ပိုင် "ဆရာများ" ရှိနေခြင်းက မရှိမဖြစ် လိုအပ်သော အချက်ပင် ဖြစ်သည်။

ထန်ထျန်းအနေဖြင့်လည်း ထျန်းရှထုန်ကို တောက်လျှောက် အားကောင်းလာ စေချင်ပေသည်။

ဝမ်ကန်းအတွက် ကြိုတင်ပြီး အင်အားစုဆောင်းပေးထားသည်ဟုပဲ သဘောထားလိုက်မည်၊ မဟုတ်လျှင် ဆန်မရှိပဲ ထမင်းချက်မရ ဆိုသလိုပင် သူ၏ အရည်အချင်းကို ထုတ်ပြရန် ခက်ခဲနေပေလိမ့်မည်။

"ဒါဆိုရင်တော့ အစ်ကို မို ကို ကျေးဇူးတင်ပါတယ်"

ထန်ထျန်းက ထပ်မံ ကျေးဇူးတင် စကားဆိုလိုက်၏။

သို့သော် မိုကျွင်းက လက်ကာပြရင်း "ကျေးဇူးတင်ဖို့ လောမပါနဲ့ဦး၊ ဒီကိစ္စက ထင်သလောက် မလွယ်ဘူး"

"ဆေးလုံးသန့်စင် အတတ်ပညာနဲ့ ဆေးပင် ပိုင်းက ဆရာ တွေကိုတော့ ငါ ဖြေရှင်းပေးနိုင်တယ်။ "

"ဒါပေမဲ့ တခြားအပိုင်းတွေကိုတော့ ငါလည်း မတတ်နိုင်ဘူး"

"ဆရာ လို့ အခေါ်ခံရတဲ့သူတွေက ဝမ်ပေါင်ရေကန်မှာတော့ လူတိုင်း လိုချင်နေကြတဲ့ ရတနာတွေပဲ။"

" ဒါကြောင့် သူတို့က တော်တော်လေး မာနကြီးကြတယ်၊ တချို့ကဆိုရင် အင်မော်တယ်အရှင် ရဲ့ မျက်နှာကိုတောင် မထောက်ကြဘူး"

"ငါကတော့ မိတ်ဆက်ပေးရုံပဲ တတ်နိုင်မယ်၊ သူတို့ နေ ခဲ့မလား၊ ဘယ်နှစ်ယောက် နေ ခဲ့မလဲ ဆိုတာကတော့ မင်းရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်လိမ့်မယ်"

မိုကျွင်းက ပြော သည်။

သူ့ပုံစံအရ ဤကိစ္စအပေါ် သိပ်ပြီး အကောင်းမမြင်ပုံ ရ၏။

သို့သော် ထန်ထျန်းအတွက်မူ ပြဿနာ မရှိပေ။ ဤလောကရှိ အရာရာတိုင်းတွင် တန်ဖိုးတစ်ခု ရှိသည်ဟု သူ ယုံကြည်ထားသည်။

ရည်မှန်းချက် မအောင်မြင်ခြင်းမှာ ပေးသည့် တန်ဖိုးက မလုံလောက်သေးသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

"ရပါတယ်၊ ကျွန်တော် အကောင်းဆုံး ပြင်ဆင်ထားပါ့မယ်"

ထန်ထျန်းက ပြောလိုက်၏။

မိုကျွင်းက ခေါင်းညိတ်ကာ "ဒါဆိုရင် နောက် သုံးရက်အကြာပေါ့။ "

"သုံးရက်နေရင် ဒီနေရာမှာပဲ ပြန်ဆုံကြမယ်"

သူတို့နှစ်ဦး အချိန်ချိန်းလိုက်ကြသည်။

ထို့နောက် ဝမ်ပေါင်ရေကန်နှင့် ပတ်သက်သော အခြားကိစ္စများကိုလည်း အများကြီး ထပ်မံ စကားပြောဖြစ်ကြ၏။

မိုကျွင်း၏ ရှင်းပြချက်များကြောင့် ထန်ထျန်းက ထျန်းဖူနန်းတော် ၏ စီးပွားရေး အခြေအနေကို ပို၍ ရှင်းလင်းစွာ သိရှိသွားခဲ့သည်။

နောက်ပိုင်းတွင်မူ ချမှတ်ထားသော အစီအစဉ်အတိုင်း တစ်လှမ်းချင်း ဖြည်းဖြည်းချင်း သွားရန်သာ လိုတော့ပေသည်။

......

ဝမ်ပေါင်ရေကန်မှ ထွက်လာပြီးနောက် ထန်ထျန်းက ထုန်းရှန့်တောင် သို့ အရင် ပြန်လာခဲ့၏။

ချင်းရွှီခြံဝင်း သို့ ရောက်သည်နှင့် သူ၏ ထူးဆန်းသော ဥ နေရာလွတ် ထဲသို့ တန်း ဝင်လိုက်သည်။

ကြီးမားကာ ကြည်လင် သည့် အကာအကွယ်ကြီးတစ်ခုက နေရာလွတ် အတွင်းရှိ ဟာလာဟင်းလင်း ဖြစ်မှုကို ပိတ်ဆို့ထားပေသည်။

အကာအကွယ် အတွင်း၌မူ အမျိုးမျိုးသော အရင်းအမြစ်များမှာ တောင်ပုံရာပုံ ရှိနေ၏။ သေမျိုးအဆင့် ပစ္စည်းများရော၊ အင်မော်တယ်အဆင့် ပစ္စည်းများပါ တောင်ငယ်များအလား ဟိုတစ်စု ဒီတစ်စု ရှိနေကြသည်။

သို့သော် အာရုံအဖမ်းစားဆုံး အရာမှာ နေရာလွတ် ၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိနေသော ကြည်လင်တောက်ပသည့် ဖန်သားပြင်ကဲ့သို့ ရှောင်မောက်၏ "အရေ ခွံ" ပင် ဖြစ်၏။

၎င်းက ခရစ်စတယ် ရုပ်တုကြီးတစ်ခုနှင့်ပင် ဆင်တူနေပေသည်။

ထိုရုပ်တု၏ ခြေရင်းတွင်မူ ကျယ်ပြောလှသော မူလကုန်းမြေကြီးတစ်ခုက စုစည်း တည်ရှိနေခဲ့ပြီ ဖြစ်၏။

ကုန်းမြေနှင့် အပြင်ဘက်က သဲကန္တာရမှာ တစ်ထပ်တည်း ကျနေသလိုပင်။

သို့သော် ၎င်းမှာ ပုံစံချင်းသာ တူခြင်းဖြစ်ပြီး အတွင်းပိုင်း၌ မည်သည့် နိယာမ မှ မရှိသေးသဖြင့် မည်သည့် သက်ရှိမှ မမွေးဖွားနိုင်သလို အပင်စိုက်ပျိုးရန်ပင် မဖြစ်နိုင်သေးကြောင်း ထန်ထျန်း သိထားသည်။

စစ်မှန်သော ကုန်းမြေတစ်ခု ဖြစ်လာရန်မှာ လိုအပ်ချက်များစွာ ရှိနေသေးပေသည်။

ရုပ်တုကို ပတ်သွားပြီးနောက် ပျက်စီးနေသော အင်မော်တယ် လက်နက်ပုံကြီး၏ အလယ်၌ တစ်ရေးမှေးနေသော ရှောင်မောက်ကို ထန်ထျန်း တွေ့လိုက်ရ၏။

လအင်မောိတယ် နှင့် တွေ့ခဲ့သည့် နောက်ပိုင်းမှစ၍ ၎င်းက ဤနေရာလွတ် အတွင်း၌သာ နေခဲ့ပြီး တစ်လှမ်းမျှ အပြင်မထွက်ခဲ့ပေ။

ထန်ထျန်း ရောက်လာသည်ကို ၎င်းက ချက်ချင်း သတိပြုမိသွားခဲ့သည်။

"အယ်..."

"အဘိုးကြီးထန် ရောက်လာပြီပဲ"

"ငါ့အတွက် ဘာစားစရာ ကောင်းတာတွေ ယူလာပေးလဲ"

ရှောင်မောက်က ချက်ချင်း နိုးကြားသွားပြီး ထန်ထျန်း၏ ပုခုံးပေါ်သို့ ခုန်တက်ကာ ပြုံးစိစိဖြင့် မေးလိုက်၏။

၎င်း၏ ပျော်ရွှင်နေသော ပုံစံကို ကြည့်ပြီး ထန်ထျန်းက "ဒီမှာပဲ အမြဲနေနေရတာ မင်း မပျင်းဘူးလား။ "

"မင်း ကြောက်နေ တဲ့ အဲဒီ လူလည်း ထွက်သွားပြီဆိုတော့ အပြင်မှာ အခုလောလောဆယ် အန္တရာယ် မရှိတော့ပါဘူး"

တစ်ခါတစ်ရံတွင် သူက ဤကောင်လေးကို သနားမိ၏။

မွေးလာကတည်းက တာဝန်တစ်ခု ပါလာခဲ့ပြီး အသက်ရှင်ဖို့ ကြိုးစားရသည်မှာလည်း လူဆိုးတွေရဲ့ လက်နက် မဖြစ်စေဖို့နှင့် "တစ်စုံတစ်ယောက်" ရဲ့ လက်နက် ဖြစ်လာဖို့အတွက်သာ မဟုတ်လား။

ဤကဲ့သို့ ကံကြမ္မာမျိုးက လူကို သက်ပြင်းချမိစေပေသည်။

သို့သော် ရှောင်မောက်၏ စိတ်နေစိတ်ထားက ထန်ထျန်း ထင်ထားသည်ထက် အများကြီး ပိုကောင်းနေ၏။

"မပျင်းပါဘူး"

၎င်းက ထန်ထျန်း၏ ခေါင်းပေါ်သို့ ခုန်တက်ကာ ခြေသည်းလေးများကို လျက်ရင်း "လျူလီကမ္ဘာမှာ နှစ်ပေါင်းများစွာ ငါ ဒါမျိုး ဖြတ်သန်းခဲ့ရတာပဲ။ "

"ဒီမှာက နည်းနည်း ပျင်းစရာကောင်းတယ် ဆိုပေမဲ့ ငါ့အတွက်တော့ ပိုပြီး သက်သောင့်သက်သာ ရှိပါတယ်။"

" နောက်ပြီး..."

"ငါက ဒီနေရာလွတ် ကို ပိုပိုပြီး သဘောကျလာသလိုပဲ"

ထန်ထျန်း အနည်းငယ် မှင်တက်သွား၏။

"ဘယ်လိုမျိုးလဲ"

ရှောင်မောက်က ခဏမျှ ရပ်တန့်သွားပြီးနောက် ထန်ထျန်း၏ ခေါင်းပေါ်မှ ဆင်းကာ သူ အရင်က ချွတ်ထားခဲ့သော အရေ ခွံဟောင်းပေါ်သို့ ခုန်တက်လိုက်သည်။

အောက်ဘက်ရှိ မူလကုန်းမြေကို ကြည့်ရင်း ရှောင်မောက်က ဖြည်းဖြည်းချင်း ပြော ၏။"ခံစားချက်တစ်ခုပေါ့။"

" ငါ အရင်က နေခဲ့တဲ့ ကမ္ဘာငယ်လေးက စည်းမျဉ်းတွေ စုံလင်ပြီး သက်ရှိတွေလည်း စုံစုံလင်လင် ရှိပေမဲ့ အဲဒီကမ္ဘာက မပြည့်စုံသလို အစစ်အမှန် မဟုတ်သလိုမျိုး ငါ အမြဲ ခံစားရတယ်"

ပြောရင်းနှင့် ရှောင်မောက်က အရေ ခွံပေါ်မှ ခုန်ဆင်းကာ မြေပြင်ပေါ်သို့ နင်းလိုက်ရာ ဖုန်မှုန့်အချို့ လွင့်တက်သွားခဲ့သည်။

မျက်စိရှေ့တွင် လွင့်နေသော ဖုန်မှုန့်လေးများကို ကြည့်ရင်း ရှောင်မောက်က တိုးတိုးလေး ရေရွတ်လိုက်၏။ "ဒါပေမဲ့ ဒီမှာကျတော့ ဒီကမ္ဘာက တကယ် တည်ရှိနေတယ်ဆိုတာကို ငါ ရှင်းရှင်းလင်းလင်း ခံစားလို့ ရတယ်။ "

"အခုလောလောဆယ် ဘာမှမရှိဘဲ မူလ ဖုန်မှုန့်တွေပဲ ရှိနေဦးတော့၊ အဲဒါက ငါ့ကို အေးချမ်းမှု တစ်မျိုး ပေးတယ်။ "

"ဒီအေးချမ်းမှုက ငါ့ကို အရမ်း သက်သောင့်သက်သာ ဖြစ်စေတာ။"

" ဒါကြောင့် ငါက ကြောက်လို့ အပြင်မထွက်တာ မဟုတ်ဘူး"

" ဒီမှာပဲ တကယ် နေချင်လို့ ပါ"

ရှောင်မောက်၏ စကားကို နားထောင်ပြီး ထန်ထျန်း တိတ်ဆိတ်သွားမိ၏။

ရှောင်မောက် ဤကဲ့သို့ ဖြစ်နေသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

သို့သော် ဤနေရာမှာ သူ မွေးပေးလိုက်သည့် ထူးဆန်းသော ဥအတွင်းရှိ နေရာလွတ် သာ ဖြစ်သည် မဟုတ်လား။

စစ်မှန်သော ကမ္ဘာတစ်ခုနှင့် ယှဉ်လျှင် အများကြီး ကွာခြားလှပေသည်။

ရှောင်မောက်က ဘာကြောင့် ဤကဲ့သို့ ထူးဆန်းသော ခံစားချက်မျိုး ရှိနေရသနည်း။

ခဏမျှ စဉ်းစားပြီးနောက် ထန်ထျန်းက ကောင်းကင်တွင် လွင့်မျော နေသော ဖန်သားပြင် ရုပ်တုကြီးကို လှမ်းကြည့်လိုက်မိ၏။

ဖြစ်နိုင်သည်မှာ... ၎င်းနှင့် ပတ်သက်နေနိုင်ပေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ဤမူလကုန်းမြေမှာ ရှောင်မောက် ကိုယ်တိုင် ဖုန်မှုန့်တစ်စချင်းစီဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်သည် မဟုတ်လား။

"မင်း သဘောကျတယ်ဆိုရင်လည်း ဒီမှာပဲ နေပေါ့။ "

"ဘာပဲဖြစ်ဖြစ် ငါကတော့ မင်းကို နှင်ထုတ်မှာ မဟုတ်ဘူး"

ထန်ထျန်းက ပြောလိုက်သည်။

ရှောင်မောက်က ချက်ချင်း ပြုံးလိုက်ပြီး ထန်ထျန်း၏ ပုခုံးပေါ်သို့ ပြန်တက်လာ၏။

"ဒီနေ့ စားစရာ မပါဘူးဆိုတော့ ငါ့ကို အကူအညီ တောင်းစရာ ရှိလို့လား"

၎င်းက အတော်ပင် ဉာဏ်ကောင်းလှပေသည်။

ထန်ထျန်းက ခေါင်းညိတ်ကာ "လျူလီကမ္ဘာက အခု ဘယ်မှာ ရှိလဲဆိုတာ မင်း သိလား"

ရှောင်မောက်က အကျယ်ကြီး ရယ်လိုက်ပြီး "ဟာ..."

"မင်းကလည်း ဘာတွေ မေးနေတာလဲ။"

" ငါကိုယ်တိုင်က လျူလီကမ္ဘာပဲလေ၊ အဲဒါ ဘယ်မှာ ရှိလဲဆိုတာ ငါ မသိဘဲ နေမလား"

၎င်းက ထန်ထျန်းကို မျက်စောင်းထိုးရင်း လူသားတစ်ယောက်ရဲ့ ဉာဏ်ရည်ကို သံသယဝင်နေသည့် ပုံစံမျိုး လုပ်နေပေသည်။

ထန်ထျန်းက ၎င်း၏ အမူအရာကို လျစ်လျူရှုလိုက်ရင်း "ဒါဆိုရင် ရပြီ"

"ငါ့မှာ မင်းကို အကူအညီ တောင်းစရာ ကိစ္စတစ်ခု ရှိတယ်"

All Chapters