← Chapters

အခန်း (၈၉)

Vol. 9 Ch. 89

အခန်း (၈၉)

Vol. 9 Ch. 89

" နောက်တစ်ခု ရှိသေးတယ်။ " ကျောက်ဖုန်းက နောက်ထပ် စာရင်းတစ်ခုကို ထုတ်ပေးလိုက်သည်။ " ဒါက ဆေးနည်းတစ်ခုပဲ။ ဒီထဲမှာပါဝင်တဲ့ ဆေးဖက်ဝင်အပင်အားလုံးကို ရှာဖွေဝယ်ယူပါ။ ရသလောက် အကုန်ဝယ်ထားလိုက်။ "

သူက ဟန်ရှီထံသို့ အရိုးသန့်စင်ခြင်းဆေးမှုန့်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ စာရင်းကို ပေးလိုက်သည်။ ဟန်ရှီက စာရင်းကို လက်ခံလိုက်သည်။

ညဦးပိုင်းရောက်သောအခါ ကျောက်ဖုန်းက တောအုပ်အပြင်ဘက်တွင် ရပ်နေပြီး မှောင်ရိပ်များ ဖုံးလွှမ်းနေသော တောအုပ်ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်အမူအရာ ပေါ်လာသည်။

" ငါ့ရဲ့ အင်အားစုအခြေခံကိုတော့ တည်ဆောက်ပြီးသွားပြီ။ ရလဒ်ကို စောင့်ရုံပဲ ကျန်တော့တယ်။ "

" စခန်းကို ပြန်ကြမယ်။ " ကျောက်ဖုန်းက မြင်းပေါ်သို့ ခုန်တက်ပြီး အမိန့်ပေးလိုက်သည်။ သူ၏ လူယုံများက ချက်ချင်း မြင်းပေါ်သို့ တက်ပြီး ဝေမြို့ဆီသို့ ဦးတည်သွားကြသည်။

တစ်နာရီကျော်ကြာပြီးနောက် ကျောက်ဖုန်းက စခန်းသို့ ပြန်လည်ရောက်ရှိလာသည်။ စခန်းက စနစ်တကျနေရာချထားပြီး ဝေမြို့တွင် ကင်းလှည်နေသူများမှလွဲ၍ စစ်သည်အများစုက ထိုနေရာတွင် တပ်စွဲထားကြသည်။ ထို့အပြင် သူတို့က ဟန်လက်နက်ချစစ်သည်များကိုလည်း စောင့်ကြပ်နေရသည်။

" စစ်သူကြီးကျောက် " ကျောက်ထို့နှင့် အခြားတပ်မှူးများက ကျောက်ဖုန်းရှေ့တွင် ရိုသေစွာ ရပ်နေကြသည်။

" ငါးရက်အတွင်း ဟန်လက်နက်ချစစ်သည်တွေအားလုံး ဝေမြို့ကို ရောက်ပါလိမ့်မယ်။ သူတို့ကို ဘယ်လိုပြန်လည်ဖွဲ့စည်းရမလဲဆိုတာ စစ်သူကြီးကျောက်ရဲ့ ညွှန်ကြားချက်လိုပါတယ်။ "

" လက်နက်ချစစ်သည်တွေကို ပြန်လည်ဖွဲ့စည်းဖို့ ငါ့မှာ အစီအစဉ် ရှိပြီသားပါ။ " ကျောက်ဖုန်းက ပြုံး၍ ကျောက်ထို့ထံသို့ ဝါးချပ်စာလိပ်တစ်ခုကို ပေးလိုက်သည်။ " ဒါက ညွှန်ကြားချက်ပဲ။ ကြည့်လိုက်ပါဦး။ "

အခြားတပ်မှူးများကလည်း ချက်ချင်း ဝိုင်းကြည့်လိုက်ကြသည်။

" စစ်သူကြီးကျောက်က လက်နက်ချစစ်သည်တွေကို အကုန်ခွဲထုတ်ပြီး ကျွန်တော်တို့ တပ်ဖွဲ့တွေထဲကို ပေါင်းထည့်ဖို့ ရည်ရွယ်ထားတာလား။ " ကျောက်ထို့က အံ့ဩစွာ မေးလိုက်သည်။

" မှန်တယ်။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။

" ဒါပေမယ့် စစ်သူကြီး..." ကျောက်ထို့က ချက်ချင်း ပြန်ပြောလိုက်သည်။ " စစ်တပ်က လက်နက်ချစစ်သည်တွေကို ဒီလိုနည်းလမ်းနဲ့ တစ်ခါမှပြန်မဖွဲ့စည်းဖူးပါဘူး။ သူတို့ကို သီသန့်တပ်ဖွဲ့အနေနဲ့ ဖွဲ့စည်းပြီး ကျွန်တော်တို့ တပ်ဖွဲ့တွေနဲ့ မရောနှောခဲ့ပါဘူး။ "

" လက်နက်ချစစ်သည်တွေရဲ့ စိတ်ဓာတ်က နိမ့်ကျနေတယ်။ သူတို့ကို ရောနှောလိုက်တာက ကျွန်တော်တို့ စစ်တပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ "

" ငါတို့ရဲ့ နည်းလမ်းတွေကို မပြောင်းလဲဘူးဆိုရင် လက်နက်ချစစ်သည်တွေကို ချင်နိုင်ငံအတွက် တကယ်တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်အောင် ဘယ်လိုလုပ်မျှော်လင့်နိုင်မှာလဲ။ " ကျောက်ဖုန်းက သူ့ကို ပြတ်သားစွာကြည့်လိုက်သည်။

" ငါရေးထားတဲ့အတိုင်းပဲ အမိန့်ကို နာခံပါ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။ " မနက်ဖြန်ကစပြီး လက်နက်ချစစ်သည်တွေကို စစ်တပ်ထဲမှာ ပေါင်းစည်းဖို့ စတင်ပါ။ "

ကျောက်ထို့က ကန့်ကွက်လိုသော်လည်း ခေါင်းညိမ့်ရုံသာ တတ်နိုင်သည်။ ကျောက်ဖုန်းက ဝေမြို့ကို ကာကွယ်ရန် တာဝန်ပေးထားသော စစ်သူကြီးဖြစ်သောကြောင့် စခန်းတွင် အမြင့်ဆုံးအာဏာရှိသည်။ ထို့အပြင် ပြန်လည်ဖွဲ့စည်းခြင်းအမိန့်ကို စစ်သူကြီးလီထန်က ခွင့်ပြုထားခြင်းဖြစ်ပြီး အကျိုးဆက်အားလုံးကိုလည်း သူတာဝန်ယူမည်ဟု အာမခံခဲ့သူဖြစ်သည်။

" နောက်ထပ်တစ်ခုရှိသေးတယ်။ " ကျောက်ဖုန်းက ဆက်ပြောလိုက်သည်။ " အဲဒါက ဒီလက်နက်ချစစ်သည်တွေကို တိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်လာစေမယ့် အဓိကသော့ချက်ပဲ။ "

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ပြန်လည်ဖွဲ့စည်းပြီးတာနဲ့ တိုက်ပွဲမှာ ရန်သူကို သတ်နိုင်တဲ့ ဘယ်လက်နက်ချစစ်သည်မဆို ကျွန်ဘဝက လွတ်မြောက်ခွင့်ရမယ်။ တကယ်လို့ ရန်သူနှစ်ယောက်ကို သတ်နိုင်ရင် ချစ်စစ်တပ်ရဲ့ တရားဝင်စစ်သားဖြစ်လာပြီး ငါတို့ရဲ့ စစ်တပ်စွမ်းဆောင်မှုစနစ်နဲ့ ခံစားခွင့်တွေကို ရရှိမယ်။ " ကျောက်ဖုန်းက တပ်မှူးများကို နောက်ထပ်အမိန့်တစ်ခု ထုတ်ပြန်လိုက်သည်။

ထိုစကားကြောင့် တပ်မှူးငါးယောက်က နောက်တစ်ကြိမ် မှင်သက်သွားကြပြန်သည်။

" လက်နက်ချစစ်သည်တွေကို ငါတို့ အထူးစစ်သည်တွေလို ဂုဏ်ပြုရမှာလား။ ပြီးတော့ စစ်တပ်စွမ်းဆောင်မှုတွေကနေ ရာထူးတက်ခွင့်ပေးရမှာလား။ "

" စစ်သူကြီးကျောက် ဒီလုပ်ရပ်က ပိုပြီးတော့တောင် ယုတ္တိမရှိပါဘူး။ " ချန်တောက်က ပြောလိုက်သည်။ " ဒါက တကယ် ထပ်ပြီး စဉ်းစားဖို့လိုပါတယ်။ အနည်းဆုံးတော့ ဒါကို မလုပ်ခင် ချင်ဘုရင်ကြီးရဲ့ ခွင့်ပြုချက်လိုပါတယ်။ "

" ကျွန်တော် သဘောတူပါတယ်။ " ကျောက်ထို့က ထောက်ခံလိုက်သည်။ " အထက်က အမိန့်ကို စောင့်ရပါမယ်။ မဟုတ်ရင် ဒါက ချင်နိုင်ငံရဲ့ စစ်တပ်ဥပဒေကို ချိုးဖောက်ရာ ရောက်ပါလိမ့်မယ်။ "

ထိုစကားကို ကြားသောအခါ ကျန်းဟန်ကလည်း ကျောက်ဖုန်းကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

" ဒီကိစ္စကို ငါ စစ်သူကြီးလီဆီ အစီရင်ခံစာပို့ပြီးသွားပြီ။ သူက ရှန်းယန်ကို လူလွှတ်လိူက်လိမ့်မယ်။ ဒါပေမယ့် မင်းတို့ အားလုံး စိုးရိမ်နေကြတော့ မြို့တော်က အမိန့်ရောက်လာတာကို ငါတို့ စေညင့်နိုင်ပါတယ်။ " ကျောက်ဖုန်းက ချင်ဘုရင် သဘောတူလိမ့်မည်ဟု ယုံကြည်နေသည်။

ထိုသို့ ယုံကြည်ခြင်းမှာ တခြားကြောင့်မဟုတ်ဘဲ နောက်တစ်ချိန်တွင် ချင်ရှီဟွမ်ဖြစ်လာမည့် ကြီးမားသော ရည်မှန်းချက်နှင့် မဟာဗျူဟာရှိသော ဘုရင်တစ်ပါးဖြစ်သောကြောင့်ဖြစ်သည်။ လက်နက်ချစစ်သည်များကို ချင်နိုင်ငံအတွက် အသုံးချခြင်း၏ အကျိုးကျေးဇူးများကို သူမြင်နိုင်ပေလိမ့်မည်။

" နားလည်ပါပြီ။ " ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ တပ်မှူးများက ခေါင်းညိမ့်လိုက်ကြသည်။

" ကောင်းပြီ။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " အားလုံးသွားနားကြတော့။ မနက်ဖြန် ပြန်လည်ဖွဲ့စည်းမှု စတင်မယ်။ ဘာထူးခြားမှုရှိရှိ ငါဆီတိုက်ရိုက်အစီရင်ခံပါ။ "

" ကျွန်တော်တို့ကို ခွင့်ပြုပါဦး။ " တပ်မှူးငါးယောက်က ဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။

" အရာရှိကံကြမ္မာတံဆိပ် " အားလုံးထွက်သွားပြီးနောက် ကျောက်ဖုန်းက တွေးလိုက်သည်။ သူ၏ မျက်စိရှေ့တွင် အရာရှိကံကြမ္မာတံဆိပ်က အလင်းရောင်ဖျော့ဖျော့ တောက်ပလာသည်။

" စစ်သည်ငါးသောင်းကို ကွပ်ကဲခွင့်ရပြီး လက်ထောက်စစ်သူကြီးကံကြမ္မာကို အပ်နှင်းခံရပါတယ်။ အရာရှိကံကြမ္မာတံဆိပ်ကို အဆင့်မြှင့်တင်လိုပါလား။ "

" အဆင့်မြှင့်မယ်။ " ကျောက်ဖုန်းက ချက်ချင်း ပြောလိုက်သည်။

ရွှေရောင်အလင်းများ တောက်ပလာပြီး တံဆိပ်ပေါ်မှ တပ်မမှူးဟူသော စာလုံးများက လက်ထောက်စစ်သူကြီးအဖြစ် ပြောင်းလဲသွားသည်။ တံဆိပ်ကလည်း ကျားပုံသဏ္ဍန်သို့ ပြောင်းလဲသွားသည်။

" တံဆိပ်ကို အသုံးပြုမယ်။ " ကျောက်ဖုန်းက တံဆိပ်ကို အသုံးပြုလိုက်သည်နှင့် တံဆိပ်၏ စွမ်းရည်များက သူ၏ ရှေ့တွင် ပေါ်လာသည်။

လက်ထောက်စစ်သူကြီး စစ်သည်ငါးသောင်းကို ဦးဆောင်ရသည်။ ပိုင်ရှင်ကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ချိန်တွင် စစ်သည်များ၏ စိတ်ဓာတ်နှင့် တိုက်ခိုက်နိုင်စွမ်းကို နှစ်ဆ တိုးမြှင့်ပေးနိုင်သည်။ ပိုင်ရှင်က စစ်သည်များနှင့်အတူ ကျဆုံးသူများကို မြှုပ်နှံပေးလျှင် စုဆောင်းရရှိသည့် စွမ်းရည်များ၏ သုံးဆယ်ရာခိုက်နှုန်းကို ရရှိမည်ဖြစ်သည်။

တံဆိပ်၏ စွမ်းရည်များကို မြင်သောအခါ ကျောက်ဖုန်းက အနည်းငယ် စိတ်ပျက်သွား၏။

" စိတ်ဓာတ်ရော တိုက်ခိုက်နိုင်စွမ်းရော နှစ်ဆတိုးတာက တကယ် ကြောက်စရာကောင်းပါတယ်။ ဒါပေမယ့် ငါ့လူတွေစုဆောင်းထားတဲ့ စွမ်းရည်တွေကို ရဖို့ ငါက အလောင်းတွေကို ဘာလို့မြှုပ်နှံပေးရဦးမှာလဲ။ "

" ငါ့ရဲ့ စစ်သည်တွေ သတ်လိုက်တဲ့ ရန်သူတွေဆီက စွမ်းရည်တွေရအောင် သတ်မှတ်ပေးလို့မရဘူးလား။ တကယ်လို့ စစ်သည်တွေ သတ်လိုက်တဲ့ ရန်သူအရေအတွက်ပေါ် မူတည်ပြီး စွမ်းရည်တွေ ရာခိုင်နှုန်းနဲ့ ရမယ်ဆိုရင် ပိုပြီး အဆင်ပြေမှာပဲ။ ဒါက စစ်သည်တွေကို အလောင်းတွေ သယ်ခိုင်းတာထက် ပိုပြီး စိတ်လှုပ်ရှားစရာကောင်းမယ့်အပြင် စွမ်းရည်တွေလည်း အများကြီး ပိုရမှာ သေချာတယ်။ "

" နောက်တစ်ခါ ရာထူးတိုးရင် ဒီအရာရှိကံကြမ္မာတံဆိပ်ရဲ့ စွမ်းရည်တွေကို ပြောင်းလဲခွင့်ရဖို့ မျှော်လင့်ပါတယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။

ထို့နောက် သူက နေ့စဉ်ကျင့်ကြံခြင်းကို စတင်လိုက်သည်။ သူက အဆင့်နှစ် အင်အားစုခေါင်းဆောင်ဖြစ်လာပြီးနောက် သူ၏ ကျင့်ကြံမှုနှုန်းကလည်း နောက်တစ်ကြိမ် မြင့်တက်လာခဲ့သည်။ ယခုမှစ၍ ညစဉ်ကျင့်ကြံမှုများမှ ရရှိသော စွမ်းရည်များက ပိုမိုများပြားလာမည်ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ သူ၏ အစစ်အမှန်ချီကလည်း သိသိသာသာ တိုးတက်လာခဲ့သည်။

ကျောက်မြို့တော် ဟန်တန်။

" တောက်... ရင်ကျန့် အဲ့ဒီအောက်တန်းစား ရင်ကျန့်...." ကျောက်ဘုရင် ကျောက်ယန်က ဒေါသတကြီး အော်ဟစ်လိုက်ရာ သူ၏ အသံက လုံထိုင်နန်းတော်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

" သူက တကယ်ပဲ ဟန်ကို သိမ်းပိုက်နိုင်ခဲ့တာလား။ ဘယ်လောက်တောင်ရဲတင်းလိုက်လဲ။ "

" အရှင်မင်းကြီး ဒေါသကို ထိန်းတော်မူပါ။ " ကောခိုင်က ချက်ချင်း ပြောလိုက်သည်။

" အဲ့ဒီရင်ကျန့်က ကံကောင်းလို့ ဘုရင်ဖြစ်လာတဲ့ အရည်အချင်းမရှိတဲ့သူတစ်ယောက်ပါ။ သူက အရှင်မင်းကြီးနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ "

" သူက အရည်အချင်းမရှိတဲ့သူဆိုရင် နယ်မြေမချဲ့ထွင်နိုင်သေးတဲ့ ငါက ​ပိုပြီး အရည်အချင်းမရှိတဲ့သူ ဖြစ်မနေဘူးလား။ " ကျောက်ယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

" အရှင်မင်းကြီး စိတ်လျော့ပါ။ ကျွန်တော်မျိုးဆိုလိုတာက အဲ့လိုလုံးဝ မဟုတ်ပါဘူး။ "

" ရင်ကျန့်..." ကျောက်ယန်က ဟိန်းဟောက်လိုက်သည်။ " သူက ကလေးတုန်းက ငါ့ခြေဖဝါးအောက်မှာပဲ ရှိခဲ့တာ ကြီးလာတော့လည်း ငါခြေဖဝါးအောက်မှာပဲရှိဖို့ ကံပါလာပြီးသားပဲ။ သူ့လို အသုံးမကျတဲ့ကောင်က ဘယ်လိုလုပ် ဘုရင်ဖြစ်ထိုက်မှာလဲ။ "

" တစ်နေ့နေ့ကျရင် ငါ ချင်နိုင်ငံနဲ့ တခြားနိုင်ငံတွေကို ဖျက်ဆီးပြီး ကမ္ဘာကြီးကို ပေါင်းစည်းပစ်မယ်။ "

သူ၏ စိတ်ထဲတွင် ရင်ကျန့်က တစ်ခါမှခြိမ်းခြောက်မှုမဖြစ်ခဲ့ပေ။ ရင်ကျန့်က ကျောက်နိုင်ငံတွင် ဓားစာခံအဖြစ် ရှိနေစဉ်က သူနှင့် ကောခိုင်တို့က ရင်ကျန့်ကို အဆိုးရွားဆုံး နှိပ်စက်ခဲ့သူများဖြစ်ကြသည်။

" မှန်ပါတယ် အရှင်မင်းကြီး။ အရှင်မင်းကြီးတစ်ယောက်တည်းကသာ တစ်ကမ္ဘာလုံးကို ပေါင်းစည်းနိုင်မှာပါ။ " ကောခိုင်က ချက်ချင်း ဖားယားလိုက်သည်။

All Chapters