← Chapters

အခန်း (၉၀)

Vol. 9 Ch. 90

အခန်း (၉၀)

Vol. 9 Ch. 90

" ကောခိုင် " ကျောက်ယန်က ဝန်ကြီးချုပ်ကောခိုင်ကို ကြည့်လိုက်သည်။ " နန်းတွင်းထဲမှာရော အရပ်ထဲမှာပါ ငါ့အကြောင်းပြောနေကြတဲ့ စကားတွေကို မင်းကြားမှာပါ။ "

" ကျွန်တော်မျိုးမပြောရဲပါဘူးယ. " ကောခိုင်က မျက်နှာပျက်သွားပြီး ပြန်ပြောလိုက်သည်။

ကျောက်ယန်က လှောင်ပြုံးပြုံးလိုက်သည်။ " ငါက ထီးနန်းကို မတရားသိမ်းပိုက်ခဲ့တယ်။ ကျောက်ယိဆီက အခွင့်အရေးတွေကို လုယူခဲ့တယ်လို့ ပြောကြတယ်မဟုတ်လား။ ငါ့မှာ ဘုရင်တစ်ပါးဖြစ်ဖို့ ကိုယ်ကျင့်တရားနဲ့ အရည်အချင်းတွေ မရှိဘူးဆိုတာတွေရောပေါ့။ "

" ကျောက်ယိ တကယ်အကြံပက်သက်တဲ့ကောင်ပဲ။ သူပဲ ဒီသတင်းတွေကို လျှောက်ဖြန့်နေတာပဲ။ ကျောက်ယိက တကယ် ရွံစရာကောင်းတယ်။ မဟုတ်ဘူး ရင်ကျန့်က ရွံစရာအကောင်းဆုံးပဲ။ တကယ်လို့ သူသာ ကျောက်ယိကို ပြန်မပို့ခဲ့ဘူးဆိုရင် ငါ ဒါတွေကို ရင်ဆိုင်ရမှာမဟုတ်ဘူး။ "

" အရှင်မင်းကြီး အမိန့်သာ ထုတ်လိုက်ပါ။ ကျွန်တော်မျိုး အဲ့ဒီ လူယုတ်မာကျောက်ယိကို ချက်ချင်း ကွပ်မျက်လိုက်ပါမယ်။ " ကောခိုင်က ပြောလိုက်သည်။ " ကျောက်နိုင်ငံတစ်ခု အရှင်မင်းကြီးက စစ်မှန်တဲ့ ဘုရင်ဆိုတာ သိသွားအောင် လုပ်ပေးပါမယ်။ "

" ကျောက်ယိကို သတ်ရမှာလား။ " ကျောက်ယန်က နှာခေါင်းရှုံ့လိုက်သည်။ " ငါသာ သူ့ကို သတ်လိုက်ရင် တော်ဝင်မိသားစုတစ်ခုလုံးရဲ့ ဒေါသကို ရင်ဆိုင်ရမှာဖြစ်သလို ပြည်သူတွေကြားမှာလည်း မငြိမ်မသက်ဖြစ်သွားလိမ့်မယ်။ သူ့ကို ဒီလောက်လွယ်လွယ်နဲ့ သတ်လို့ရရင် ငါသတ်ပြီးတာ ကြာပြီပေါ့။ " ကျောက်ယန်က ပြောလိုက်သည်။

" အရှင်မင်းကြီးသာ ကျောက်နိုင်ငံရဲ့ နယ်မြေတွေကို ချဲ့ထွင်နိုင်ရင် နန်းတွင်းနဲ့ အရပ်ထဲက စကားသံတွေ တိတ်သွားပါလိမ့်မယ်။ " ကောခိုင်က အကြုပြုလိုက်သည်။ " အားလုံးက အရှင်မင်းကြီးကို အမြော်အမြင်ရှိတဲ့ အုပ်ချုပ်သူအဖြစ် ချီးကျူးကြပါလိမ့်မယ်။ "

ထိုစကားကြောင့် ကျောက်ယန်၏ မျက်လုံးများက တောက်ပသွားသည်။ အကယ်၍ သူကလည်း နိုင်ငံတစ်ခုကို သိမ်းပိုက်နိုင်လျှင် သူ၏ ဂုဏ်သတင်းက ရင်ကျန်းထက်ပင် သာလွန်သွားပေလိမ့်မည်။

" မင်းပြောတာမှန်တယ်။ " ကျောက်ယန်က သူ၏ မောက်မာမှုများက ပြန်လည်ပေါ်ပေါက်လာသည်။ " ငါသာ ကျောက်နိုင်ငံအတွက် နယ်မြေချဲ့ထွင်နိုင်ရင် ငါက အရည်အချင်းရှိတဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်လာလိမ့်မယ်။ "

" မှန်ပါတယ် အရှင်မင်းကြီး။ " ကောခိုင်က ဖားယားလိုက်သည်။ သူက ဝန်ကြီးချုပ်ရာထူးကို ရထားခြင်းမှာလည်း ငယ်စဉ်ကတည်းက ကျောက်ယန်နောက်သို့ လိုက်ပါခဲ့ပြီး ဖားယားသည့်အတတ်ပညာကို အသုံးချ၍ ထိုအဆင့်သို့ တက်လှမ်းခဲ့ခြင်းဖြစ်သည်။

" ယန်နိုင်ငံက ကျောက်နိုင်ငံရဲ့ ရန်သူ အမြဲတမ်းဖြစ်ခဲ့တာပဲ။ " ကျောက်ယန်က ပြေညလိုက်သည်။ " ငါသာ ယန်ကို တိုက်ခိုက်မယ်ဆိုရင် နန်းတွင်းအရာရှိတွေကိုလည်း တရားဝင်စည်းရုံးနိုင်လိမ့်မယ်။ "

" အရှင်မင်းကြီး " ကောခိုင်က သတ်ပေးလိုက်သည်။ " စစ်တိုက်တာက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ချင်နိုင်ငံကိုတော့ သတိထားရပါမယ်။ ကျွန်တော်မျိုးတို့ စစ်တပ်က အခြားနေရာမှာ ရောက်နေတုန်း ချင်က ကျွန်တော်တို့ကို တိုက်ခိုက်လာရင် ဒုက္ခရောက်နိုင်ပါတယ်။ "

" တကယ်လို့ ကျွန်တော်မျိုးတို့က ချင်နိုင်ငံနဲ့ မကျူးကျော်ရေးစာချုပ်ကို ချုပ်ဆိုနိုင်ရင် ကျောက်နိုင်ငံက ယန်နိုင်ငံကို သိမ်းပိုက်ဖို့ အချိန်အလုံအလောက်ရပါလိမ့်မယ်။ "

၎င်းကို ကြားသောအခါ ကျောက်ယန်၏ အမူအရာက လေးနက်သွားသည်။ အမှန်တကယ်ပင် ၎င်းက ထည့်သွင်းစဉ်းစားရမည့် စိုးရိမ်စရာ အချက်တစ်ချက် ဖြစ်သည်။

" ရင်ကျန့်က ငါ့ကို အရိုးထဲထိ မုန်းတီးနေတာပဲ။ သူက ဘယ်လိုလုပ်ငါနဲ့ စာချုပ်ချုပ်မှာလဲ။ " ကျောက်ယန်က လှောင်ပြောင်လိုက်သည်။

" အရှင်မင်းကြီး စုံစမ်းဖို့ လူတစ်ယောက်လွှတ်သင့်ပါတယ်။ " ကောခိုင်က အကြံပေးလိုက်သည်။ " ရင်ကျန့်ကို ခြိမ်းခြောက်နိုင်မယ့် အရာတစ်ခုခုရှိနေမလား။ သူ့ကို စာချုပ်ချုပ်အောင် ဖိအားပေးနိုင်မယ့် အရာမျိုးပေါ့။ "

ကျောက်ယန်က ခေါင်းညိမ့်ပြီး ခဏစဉ်းစားလိုက်သည်။ ထို့နောက် သူ၏ စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာသည်။

" မင်း ရင်ကျန့်ရဲ့အမေ ကျောက်ကိုယ်လုပ်တော်အကြောင်း ကြားဖူးလား။ " ကျောက်ယန်က ပြောလိုက်သည်။

" ကြားဖူးပါတယ်။ " ကောခိုင်က လှောင်ရယ်လိုက်သည်။ " ရင်ကျန့်ရဲ့ အမေက တခြားယောကျာ်းတစ်ယောက်နဲ့ ကလေးနှစ်ယောက်ရခဲ့တဲ့ အကျင့်ပျက်မိန်းမတစ်ယောက်ပဲ။ သူမက ရင်ကျန့်ကိုတောင် သစ္စာဖောက်ပြီး သူမရဲ့ ချစ်သူကို ပုန်ကန်ဖို့အထိ ကူညီခဲ့တာပဲ။ "

" တကယ်လို့ ငါတို့သာ ကျောက်ကိုယ်လုပ်တော်ကို ဖမ်းဆီးပြီး ဒီကို ခေါ်လာနိုင်မယ်ဆိုရင် ရင်ကျန့်က ငါတို့ လက်ခုပ်ထဲက ရေဖြစ်သွားမှာမဟုတ်လား။ " ကျောက်ယန်က အေးစက်စွာ ရယ်လိုက်သည်။

" အရှင်မင်းကြီး " ကောခိုင်က မှင်သက်သွားသည်။ " ရင်ကျန့်က သူ့အမေကို မုန်းနေရင်တောင် သူ့ကို မွေးခဲ့တဲ့သူပဲ။ ပြီးတော့ သူမက ချင်နိုင်ငံရဲ့ မယ်တော်ကြီးလည်းဖြစ်တယ်။ ချင်နိုင်ငံထဲကနေ ကျောက်ကိုယ်လုပ်တော်ကို ပြန်ပေးဆွဲဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ယုံမြို့က ချင်နိုင်ငံရဲ့ အရေးပါဆုံး ခံတပ်တွေထဲက တစ်ခုပါ။ "

" ဝန်ကြီးချုပ် မင်းက ငါ့အတွက်ဆို ဘာမဆိုလုပ်ပေးဖို့ အဆင်သင့်ပဲလား။ " ကျောက်ယန်က ကောခိုင်ကို လေးနက်စွာ ကြည့်လိုက်သည်။

ထိုအကြည့်ကြောင့် ကောခိုင်က စိုးရိမ်လာသည်။ သို့သော် သူ၏ ဝန်ကြီးချုပ်ရာထူးက ကျောက်ယန်ထံမှ ရရှိထားသော လက်ဆောင်သာ ဖြစ်သည်။ အကယ်၍ ကျောက်ယန်က သူ့ကို သဘောမကျလျှင် ရာထူးမှ ဖယ်ရှားပစ်နိုင်သည်။

" ကျွန်တော်မျိုး ပိုင်ဆိုင်သမျှက အရှင်မင်းကြီး ပေးထားတာပါ။ ကျွန်တော်မျိုး အရှင်မင်းကြီးအတွက်ဆို ဘာမဆို လုပ်ပေးဖို့ အဆင်သင့်ပါပဲ။ " ကောခိုက်က ဒူးထောက်ပြီး ပြောလိုက်သည်။

ကျောက်ယန်က စိတ်လှုပ်ရှားသွားပြီး ကောခိုင်အနားသို့ လျှောက်သွားကာ သူ၏ ပခုံးကို ပုတ်၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ " ကောင်းတယ် ကောင်းတယ်။ ကောခိုင် မင်းက တကယ် ငါ့ရဲ့ လူယုံပဲ။ မင်းရှိနေတာက လျန်ပိုနဲ့ လီမူတို့ ရှိနေတာထက် ပိုကောင်းတယ်။ "

" ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ " ကောခိုင်က ပြန်ပြောလိုက်သည်။

" ချင်နဲ့ စာချုပ်ချုပ်ဖို့က ခက်ခဲတဲ့အပိုင်းမဟုတ်ဘူး။ " ကျောက်ယန်က ပြောလိုက်သည်။ " အခက်အခဲက ရင်ကျန့်က ငါနဲ့ စာချုပ်ချုပ်ဖို့ သဘောတူခဲ့ရင်တောင် သူက တကယ်ရိုးသားရဲ့လားဆိုတာပဲ။ တကယ်လို့ စာချုပ်ချုပ်ပြီးတာနဲ့ ငါက ယန်နိုင်ငံကို စစ်ချီနေတဲ့အခါ ရင်ကျန့်က စာချုပ်ကို ဖျက်ပြီး ကျောက်နိုင်ငံကို တိုက်ခိုက်ခဲ့ရင် တကယ်ဒုက္ခဖြစ်လိမ့်မယ်။ "

" ဒါကြောင့် ငါတို့က ကျောက်ကိုယ်လုပ်တော်ကို ဖမ်းရမယ်။ သူမသာ ငါတို့ လက်ထဲမှာ ရှိနေရင် ရင်ကျန့်က မဆင်မခြင် လုပ်ရဲမှာမဟုတ်ဘူး။ တကယ်လို့ ရင်ကျန့်က စာချုပ်ကို ဖောက်ဖျက်ရဲရင် ငါကလည်း သူ့အမေကို ကွပ်မျက်လိုက်ရုံပဲ။ " ကျောက်ယန်က အေးစက်စွာ ပြောလိုက်သည်။

"အရှင်မင်းကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ " ကောခိုင်က ကျယ်လောင်စွာ ပြောလိုက်သည်။

" ဒါကြောင့် ဝန်ကြီးချုပ် မင်းက ဒီကိစ္စကို ငါ့အတွက် အဆုံးသတ်ပေးဖို့ လိုအပ်တယ်။ "

ကျောက်ယန်၏ စကားကြောင့် ကောခိုင်က ကြောင်တောင်တောင်ဖြစ်သွားသည်။ သူက အံ့အားသင့်သွားပြီး ချက်ချင်း ဒူးထောက်လိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးက သာမန်ပညာရှိလေးတစ်ယောက်ပါ။ ဒီလိုအလုပ်မျိုးကို ဘယ်လိုလုပ်ပြီး အောင်မြင်အောင် လုပ်နိုင်မှာလဲ။ အရှင်မင်းကြီး ဒီအလုပ်အတွက် အခြားတစ်ယောက်ကို ရှာလို့ရပါတယ်။ "

ကျောက်ယန်က ပြုံးလိုက်သည်။ " မင်းကိုယ်တိုင် လုပ်ရမယ်လို့ ငါဘယ်တုန်းက ပြောခဲ့လို့လဲ။ ငါပေးအပ်မယ့် ထိပ်တန်းတပ်ဖွဲ့ကို ဦးဆောင်ခိုင်းရုံပါပဲ။ ကျောက်နိုင်ငံရဲ့ အမြင့်ဆုံး နန်းတွင်းကိုယ်ရံတော်တွေပဲ။ "

" ငါမင်းကို လူငါးရာပေးမယ်။ ဒါအပြင် ယုံမြို့မှာ ပုန်းအောင်းနေတဲ့ သူလျိုတွေကိုလည်း မင်းအသုံးချနိုင်တယ်။ မင်း ချင်နိုင်ငံကို ကိုယ်တိုင်သွားပြီး အစီအစဉ်ဆွဲရမယ်။ ကျောက်ကိုယ်လုပ်တော်ကို ဖမ်းဆီးပြီး ငါ့ဆီကို ခေါ်လာပေးရမယ်။ " ကျောက်ယန်က ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်။

" အရှင်မင်းကြီး ကျွန် ကျွန်တော်မျိုး မလုပ်နိုင်မှာ စိုးရိမ်မိပါတယ်။ " ကောခိုင်က တုန်ရီသောအသံဖြင့် ပြောလိုက်သည်။

ချင်နိုင်ငံထဲကို ခိုးဝင်ပြီး ကျောက်ကိုယ်လုပ်တော်ကို ပြန်ပေးဆွဲရန် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အကယ်၍ ချင်နိုင်ငံက သိသွားလျှင် သူက သေချာပေါက် အသတ်ခံရပေလိမ့်မည်။

ကောခိုင်၏ ကြောက်ရွံ့နေသော အမူအရာကို မြင်သောအခါ ကျောက်ယန်က မျက်မှောင်ကြုတ်သွားသည်။ "ငါက မင်းကို ဒီလောက် ယုံကြည်နေတာတောင် မင်းက မလုပ်ချင်ဘူးလား။ "

" ကျွန်တော်မျိုးလုပ်ပါမယ်။ " ကောခိုင်က ကျောက်ယန်၏ အေးစက်သော အကြည့်ကို မြင်သောအခါ ချက်ချင်း ပြန်ပြောလိုက်သည်။ အကယ်၍ သူငြင်းဆန်နေလျှင် ဝန်ကြီးချုပ်ရာထူးကိုသာမက အသက်ပင် ဆုံးရှုံးနိုင်လေသည်။

" ကောင်းတယ်။ မင်းက ငါအယုံကြည်ရဆုံး ဝန်ကြီးဆိုတဲ့အတိုင်းပဲ။ " ကျောက်ယန်က ကျေနပ်စွာ ပြောလိုက်သည်။ " မင်းက ကျောက်ကိုယ်လုပ်တော်ကို ခေါ်လာနိုင်မယ်လို့ ငါယုံကြည်တယ်။ ဒီကိစ္စက မင်းနဲ့ငါ နှစ်ယောက်ပဲသိတယ်။ အပြင်ကို ပေါက်ကြားလို့မရဘူး။ "

" ချင်ရဲ့ သူလျိုကွန်ရက်က မသေးဘူး။ တကယ်လို့ ဒါကို အပြင်ကသိသွားရင် ဝန်ကြီးချုပ် မင်းအတွက် အန္တရာယ်ရှိနိုင်တယ်။ " ကျောက်ယန်က ကျေနပ်စွာ ရယ်မောနေသော်လည်း ကောခိုင်၏ စိတ်ထဲတွင်မူ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

All Chapters